သေသော်မှတည့် သြော် ကောင်း၏
မုန်တိုင်းသတင်း ကြေငြာထားသော်လည်း လူအများက ထူးခြားစွာ ပူပင်ကြောင့်ကြမှုမရှိ။ သိပ်မပြင်း ထန်သော သမရိုးကျ ကုန်းတွင်း မုန်တိုင်းတခု အဖြစ်သာ နားလည်ထားကြသည်။ လေတိုက်နှုန်း တနာရီမိုင် လေးဆယ် ဆိုသည်က စိုးရိမ်စရာမရှိလှ။ တကယ်မှာ တခြားနိုင်ငံတခု၏ မိုးလေဝသဌာနက အင်အားကြီးမားသော ဆိုင်ကလုန်းမုန်တိုင်း တခု ဖြစ်နိုင်ကြောင်းနှင့် အဖျက်စွမ်းအားကြီးမားနိုင်ကြောင်း ထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံ မိုးလေဝသ ဌာနသို့လည်း ပေးပို့ခဲ့သည်။ ထိုသတင်းပို့ချက် အကြောင်း မသိရသော ပြည်သူလူထုများမှာ ပြင်ဆင်မှုပြုရန် အခွင့်အလမ်းမရခဲ့။
- မြန်မာနိုင်ငံသို့ နာဂစ်ဆိုင်ကလုန်း ၀င်ရောက်မည့်အကြောင်းနှင့် ပြင်းအား မည်မျှရှိမည် ဖြစ်ကြောင်းကို မြန်မာသို့ ၄၈ နာရီ ကြိုတင် အကြောင်းကြားခဲ့ကြောင်း အိန္ဒိယ မိုးလေ၀သဌာနချုပ် (IMD) က ကြေငြာ သည်။ (The Voice Weekly, Vol.4, No. 29)
အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်လာသော လေက အိုးအိမ် အဆောက်အဦးများကို ဖြိုချဖျက် ဆီးခဲ့သလို လေနှင့် အတူ ပါလာသော လှိုင်းလုံးကြီးများက လူ၊ တိရိစ္ဆာန်နှင့် ရှိသမျှအရာ အားလုံးကို ပင်လယ်ထဲသို့ ဆွဲချသွားခဲ့ သည်။
- ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ကို တနာရီ မိုင်ပေါင်း ၁၂၀ ကျော်ဖြင့် မေ ၃ ရက်နံနက်ပိုင်းတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူအသေ အပျောက် နှင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ (7 Day News, Vol. 7, No. 7)
- နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့တော်တ၀ှမ်းရှိ အပင်ကြီး အားလုံးနီးပါလဲပြိုပြီး၊ လျှပ်စစ်ဓာတ်အားနှင့် လမ်းပန်းဆက်သွယ်ရေး ၁၀၀ရာခိုင်နှုန်း ပြတ်တောက်ကာ သတင်း အချက်အလက်များ ပြတ်တောက်ပြီး GSM ဖုန်းများပါ သုံးမရဟု သိရသည်။ (The Voice Weekly, Vol.4, No. 29)
- နအဖက ကြေညာချက် အမှတ် ၄/၂၀၀၈ ဖြင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့ကို သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ထုတ်ပြန် ကြေငြာသည်။ (The Voice Weekly, Vol.4, No. 29)
နောက်ဆုံး ကောက်ယူရရှိသော အချက်အလက်များအရ လူသိန်းချီသေဆုံးခဲ့ရပြီး သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
- မေလ(၂)ရက်နေ့က တိုက်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း(၂၈၄၅၈) သေဆုံးပြီး (၃၃၄၁၆) ပျောက်ဆုံးနေကြောင်းနှင့် (၁၄၀၃) ထိခိုက်ဒဏ်ရာ ရကြောင်း စစ်အစိုးရက သတင်းထုတ် ပြန်ထားသည်။ ကုလသမဂ္ဂက နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူပေါင်း (၁)သိန်း (၂)ထောင်နှင့် အိုးမဲ့အိမ်မဲ့ဒုက္ခသည်ပေါင်း (၂)သန်းခန့် ရှိသည်ဟု ပြောဆိုသည်။ (ဧရာဝတီသတင်း၊ ၂၀၀၈၊ မေ ၁၂)
- နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူနှုန်းသည်ယခင်ကခန့်မှန်းထားသည်ထက် တစ်ဆကျော် များကြောင်း ကုလသမဂ္ဂကပြောသည်။ သေဆုံးသူဦးရေ (၂၁၆၀၀၀) ကျော် သွားပြီဟု ကုလသမဂ္ဂက ခန့်မှန်းပြီး၊ အဆိုပါသေနှုန်းသည် (၂၀၀၄) ဆူနာမီငလျင် ရေလှိုင်း ဒဏ်ထက် ပိုများသည်ဟု ကုလသမဂ္ဂ အရာရှိများက ပြောသည်။ (DVB ၂၀၀၈၊ မေ ၁၃)
ထိုအချက်ပေါ်တွင် မည်သူတို့တွင် တာဝန်ရှိသည်ကို အထူးဖေါ်ထုတ်ပြရန်မလိုတော့။ ပို၍ ဆိုးယုတ်မှုတခုမှာ အရေးပေါ်အကူအညီ အပူတပြင်း လိုအပ်နေသော ထိုဒုက္ခသည်များမှာ ထိရောက်လျှင်မြန်သော ကူညီ စောင့်ရှောက်မှုကို မရရှိခဲ့ခြင်းပင်။
- နအဖက နိုင်ငံတကာမှ အကူအညီသာလာနိုင်ပြီး လူအင်အား ခွင့်မပြုကြောင်း ပြောသည်။ (The Voice Weekly, Vol.4, No. 29)
- ကွန်းခြံကုန်းမြို့နယ် အတွင်းရှိ ကွန်းခြံကုန်းမြို့နှင့် (၃)မိုင်ဝေးသည့် ကျွန်းချောင်း၊ ခရမ်း၊ တောကြီး၊ တော်ခရမ်း (အရှေ့၊အနောက်) သုံးခွစသည့် တိုးမြစ်နဘေးရှိ ရွာများမှ လေမုန်တိုင်းသင့်သူများသည် အပျက်အစီး အစား အသောက် မည်သည့်အကူအညီ အထောက်အပံ့မျှမရသေးကြောင်း ယမန်နေ့ ကသွားရောက် အကူအညီ ပေးသည့် ပုဂ္ဂလိက စုပေါင်း စေတနာရှင်အဖွဲ့မှ မျက်မြင်တစ်ဦးက ပြောသည်။ (ခေတ်ပြိုင် သတင်း၊ ၂၀၀၈၊ မေ ၁၂)
- နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ဧရာဝတီတိုင်း သွားလာခွင့်ကို စစ်အစိုးရက ငြင်းဆန်နေဆဲ ဖြစ်ပြီး၊ မုန်တိုင်းဒါဏ်သင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်သွယ်ရန် လွယ်ကူသည့် ပုသိမ်လေဆိပ်ကို နိုင်ငံတကာ ကူညီမည့် လေယာဉ်များ ဆင်းခွင့် ပိတ်ထားသည်။ (UNJLC, ၂၀၀၈၊ မေ ၁၂)
- နာဂစ်မုန်တိုင်းဒါဏ်ခံရသော ပြည်သူများအား ကူညီထောက်ပံ့နေသော နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ သာမက ပြည်တွင်းပုဂ္ဂလိက အလှူရှင်များကို နေပြည်တော်၏ ခွင့်ပြုချက်ရယူပြီးမှ လှူဒါန်းရန်နှင့် ထောက်ပံ့ရေး ပစ္စည်းများကို ကြံ့ဖွံ့အဖွဲ့များသို့ အပ်နှံရန် အတင်းဖိအားပေးမှုများ ပြုလုပ်နေသည်။ (ဧရာဝတီသတင်းဌာန၊ ၂၀၀၈၊ မေ ၁၃)
- မြန်မာမုန်တိုင်း ဒုက္ခသည်များကို ကူညီလိုသူ အမေရိကန်နိုင်ငံသား၊ဗြိတိန်နိုင်ငံသား၊ ဂျပန်နိုင်ငံသား စသည်တို့ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးရန် သက်ဆိုင်ရာ နိုင်ငံခြား မြန်မာသံရုံးများကို နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနက လွန်ခဲ့သည့် သီတင်းပတ်ကစပြီး နှုတ်မိန့်ဖြင့် ညွှန်ကြားထားသည်ဟု နေပြည်တော် အရာရှိ တဦးက ပြောသည်။ (ခေတ်ပြိုင် ၊ ၂၀၀၈ မေ ၁၄)
ထို့ထက်ပိုမို အဆုံးစွန် ဆိုးယုတ်မှုမှာ လူအများ သောကပင်လယ်ဝေနေချိန် တနည်း မေလ ၃ရက်နေ့မှ စတင် သေဆုံးခဲ့သူများ၏ တပါတ်ပြည့် ရက်လည်သော မေလ၁၀ရက်နေ့တွင် သူတို့အလိုကျ အာဏာ ဆက်လက် ချုပ်ကိုင်ရေးအတွက် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိမ်ညာအတည်ပြု၍ အာဏာမှလွဲ၍ မည်သည့် အရာကိုမှ တန်ဘိုးထားခြင်း မရှိကြောင်း အာဏာရှင် ဘီလူးရုပ်ကို ဖေါ်ထုတ်ပြခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် လာရောက်ထည့်ဝင်သမျှ မဲများကို နည်းမျိုးစုံသုံး၍ လိမ်ညာပြီး ထောက်ခံမဲအဖြစ် မဲလိမ်ကာ သူတို့ အလိုကျ စစ်ကျွန်သက်ရှည်ရေး အခြေခံဥပဒေကို အတည်ပြုခဲ့သည်။
ထိုသို့ အာဏာရူးပင်ရူးသော်လည်း ပြည်သူလူထုများအရေးကိုတော့ မည်သည့်အခါမျှ ဥိးစားပေး ဆောင်ရွက်ခြင်း မရှိခဲ့။ နာဂစ်ဒါဏ်ခံဒေသများတွင် နောက်ဆက်တွဲ ဆိုးကျိုးများကို ယခုတိုင်အောင် မဖြေရှင်း ပေးနိုင်ခဲ့။ ပြည်သူများ၏ ဘဝ ပြန်လည်ထူထောင်ရေး၊ စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ရေး၊ သောက်ရေသုံးရေ မလုံလောက်မှုများ ကို ဖြေရှင်းရေး စသည့် များစွာသော လိုအပ်ချက်များကိုမူ ယခုတိုင် မဖြေရှင်းပေးသည့် အတွက် ဒုက္ခပင်လယ်ဝေနေသည့် အသက်ရှင် ကျန်ရစ်ခဲ့သူများမှာ သေသွားသူများက တို့ထက်ပို ကံကောင်းတယ်ဟု ငြီးငြူ ရသည့် အထိပင်ဖြစ်သည်။
ဆီးဘန်းနီ ဆရာတော်ကြီး စပ်ဆိုခဲ့သလို “သေသော်မှတည့် သြော် ကောင်း၏” ဆိုသည့် အဖြစ်မျိုးပင်။ မှန်ပါသည်။ ဤမျှဆိုးယုတ်သော အာဏာရှုး စစ်အာဏာရှင်များ၏ လက်အောက်တွင် နေရသည့် ဘဝက တိရိစ္ဆာန်ဘဝထက်ပင် ဆိုးနေရပြီ။ သတ်စားရန် မွေးထားခံရသော တိရိစ္ဆာန်များကမှ ရောင်းပန်းလှရန် မသေခင် အစာဝဝ စားရသေးသည်။
ကျွန်တော်တို့၏ ပြည်သူလူထုများ ဘဝက အသက်ရှင်နေတော့လည်း မသေရုံစားနိုင်ရန် ရုန်းကန်ရှာဖွေရ၊ အခုလို သဘာဝဘေး အန္တရာယ်များ ကြုံရပြန်တော့ ကိုယ်ဘာသာ ကိုယ် ဖြေရှင်းရ။ သူတို့စည်းစိမ်ခံဖို့ မတရား အခွန်အတုပ်များထမ်းရ၊ အမျိုးမျိုး ဖိနှိပ်ခံရ ထို အခြေအနေမျိုးနှင့် နောင်နှစ်ပေါင်းများစွာ စစ်ကျွန်ဆက်ခံ သွားရမည်ဆိုလျှင် လူပီသစွာ နေထိုင်နိုင်ခွင့် အတွက် တော်လှန်ရင်းဖြင့် “သေသော်မှတည့် သြော်ကောင်း၏” ဟု ဆိုရ ပါတော့မည်။
ဆိုသည်ကို ရွေးချယ်ကြရန် အချိန်ကျပါပြီဟု တင်ပြလိုက်ရပါသည်။
D-Wave
ဖိုင်ဒေါင်းလုပ်ရယူရန်
ဤနေရာတွင်နှိပ်ပါ
Truth Journal Volume 1 No 3 Read File








Dhaka: Australia has agreed to provide AUD 700,000 to construct shelters for two Rohingya refugee camps in Cox's Bazar in Bangladesh.
Dhaka: Twenty one Nargis volunteer have been serving their jail term from 2 to 35 years several prison in Burma as they were working for Nargis victim and its rehabilitation after of the Nargis cyclone in Burma, said a press release of AAPP. 




အောင်ဘာလေထီ အက္ခရာနံပါတ် များ ထပ်မံတိုးမြင့်ကြောင်း အောင်ဘာလေထီလုပ်ငန်းဌာနမှ ညွှန်ကြားရေးမှူး ဦးတင်နိုင်ရွှေက ယနေ့ ပြုလုပ်သော (၂၄၄) ကြိမ်မြောက် အောင်ဘာလေထီ ဖွင့်ပွဲတွင် ပြောသည်။ (၂၄၄) ကြိမ်မြောက်တွင်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က ၀က်တုပ်ကွေးကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေကို အဆင့် (၄) မှ အဆင့် (၅) သို့ တိုးမြှင့်သတ်မှတ်လိုက်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ အလျင်အမြန် ကူးစက်ပျံ့နှံ့
ဒေသတွင်း၌ အဖမ်းအဆီးများ ကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ကျင်းပ သည့် (၁၁၉) ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားနေ့ (မေဒေး) အခမ်းအနားများသို့ တက်ရောက်သည့် မြန်မာအလုပ်သမားများ 

