နေအိမ် အကျယ်ချုပ်ကျခံနေရသူ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သော စာထဲတွင် တိုင်းပြည်၏ အကျိုးစီးပွါးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခွင့် ပြုပါရန်နှင့် တိုင်းပြည်၏ အကြပ်အတည်းများကို ပူးပေါင်းဆွေးနွေး ဖြေရှာကြရန် တောင်းဆို ထားခဲ့ပါသည်။
သူမ၏ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းကပြောပြရာတွင် ယနေ့ တွေ့ဆုံဆွေးနွေးမှုသည် ပြီးခဲ့သော နိုဝင်ဘာ ၁၃ ရက်နေ့က ဗဟိုတရားရုံးချုပ်တွင် တင်ထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာနှင့် ပါတ်သက်၍ လျှောက်လဲချက်ပေးရန် ဆွေးနွေးခဲ့ကြပြီး သူ့အနေဖြင့် ရှေ့အပါတ်ထဲလောက်တွင် လျှောက်လဲချက်ပေးရမည့် ရက်ကို ထုတ်ပြန်မည်ဟု မျှော်လင့်ကြောင်း ပြောပြသွားခဲ့ပါသည်။
အကယ်၍ ဗဟိုတရားရုံချုပ်မှ လက်ခံခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အယူခံကို ကြားနာသင့်ကြောင်း ပဏာမ အနေဖြင့် လျှောက်ရမည် ဖြစ်ကြောင်းလဲ ဦးဥာဏ်ဝင်းမှ ဆက်လက်ပြောပြ ခဲ့ပါသည်။
ဦးဥာဏ်ဝင်းသည် ထိုတွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဂျပန်သံရုံး၏ ပထမ အတွင်းဝန် Mr. Yoshinori Yakabe နှင့် သွားရောက် တွေ့ဆုံခဲ့သည်ဟု သိရသော်လည်း နောက်ဆက်တွဲ သတင်းများ မရရှိသေးပါ။





မဒမ်တေက ပွစိပွစိ ရေရွတ်နေသည်။ ဒီနေ့ ကမ္ဘာ့ အကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့ ဆိုတော့ သူ့ ပွစိပွစိကို လွှတ်ပေး ထားလိုက်သည်။ တော်ကြာ ပြန်ပြောမိတာကို စကားလုံးဖြင့် အကြမ်းဖက်သည်ဟု စွပ်စွဲနေမှဖြင့်။


ဒုက္ခသည် အများစုက မြန်မာပြည်ရှိအိမ်သို့ တနေ့ ပြန်နိုင်ကြလိမ့်မည်ဟု မျှော်လင့်နေကြဆဲ ဖြစ်သည်။ အသက် ၆၀ အရွယ်ရှိပြီဖြစ်သူ အဖွားအို ဘီးမဲက သူ၏မြေးများအနက်မှ အငယ်ဆုံးမြေးကို ချီ၍ “ငြိမ်းချမ်းရေး ရလို့ကတော့









