12.18.2008

BURMA NEWS

How the Regime Punishes Political Prisoners’ Families

By SAW YAN NAING
The Burmese regime is being accused by human rights groups of punishing the families of political prisoners by confining the condemned activists in prisons scattered in remote parts of the country.

Htoo Comapny to take over Malikha Lodge

The tour company owned by the 'Htoo' family is taking over a private hotel at a major tourist spot in northern tip of Burma. The ownership of 'Malikha Lodge' of...

Reading letter sent to Than Shwe fetches prison term

A person was sentenced to six months in prison for just reading a letter sent to the junta supremo to his younger brother who is being held in Insein prison...

Burmese in Singapore find it difficult to get air tickets

With many Burmese in Singapore returning to Burma for the December holiday season, it has become very difficult to get air tickets in time.

World Press tells junta to stop repression of media

The World Association of Newspapers (WAN) condemned the Burmese military junta for cracking down on freedom of expression, called for the release of all jailed journalists and urged its neighbouring...

Mizzima.com - New Delhi,Delhi,India
by Than Htike Oo Chiang Mai (Mizzima) – Glaring discrimination in the army has compelled two Burmese soldiers to desert and seek refuge in an ethnic rebel ...
Christian Science Monitor
Report: Mekong region 'a biological treasure trove'
Christian Science Monitor - Boston,MA,USA
The river, the world's 12th longest, flows through Cambodia, Laos, Burma, Thailand, Vietnam, and the southern Chinese province of Yunnan. ...
MP attends reception to mark Burmese leader's birthday
WalesOnline - United Kingdom
CYNON VALLEY MP Ann Clwyd attended a reception at 10 Downing Street, along with female Burmese exiles, to mark the birthday of the democratically-elected ...
No Immediate Plans for Gambari to Visit Burma
The Irrawaddy News Magazine - Chiang Mai,Thailand
By LALIT K JHA NEW YORK — The United Nations said on Tuesday that there is no immediate plan for its special envoy to Burma, Ibrahim Gambari, ...
Regime Shrugs Off Effects on Burma of Global Economic Crisis
The Irrawaddy News Magazine - Chiang Mai,Thailand
Kyaw Ye Min's unrealistic assessment of the situation echoes a recent statement by Prime Minister Gen Thein Sein, who went even further and said Burma would ...
Cooler Approach, but Business as Usual with Junta
The Irrawaddy News Magazine - Chiang Mai,Thailand
Pro-democracy groups are hopeful that Abhisit will place the issue of human rights, particularly in neighboring Burma, higher up the agenda, ...
The state of human rights in Burma - 2008: A double disaster in ...
ReliefWeb (press release) - Geneva,Switzerland
Perhaps the two most significant features of the human rights landscape in Burma during 2008 were the morally bankrupt and blatantly repressive response of ...
WWF: More Than 1000 New Species Discovered in Southeast Asia
Voice of America - USA
... wetlands along the 5000-kilometer Mekong River, that flows through six Southeast Asian countries - China, Burma, Laos, Thailand, Cambodia and Vietnam. ...
Mekong a 'treasure trove' of 1000 newly discovered species
CNN - USA
War is always a threat in countries touched by the Mekong River, particularly Burma. Also known as Myanmar, the largest country by geographical area in ...
EarthRights International Special Commentary:
Earthrights.org - Washington,DC,USA
When asked what advice he would give to private businesses invested in Burma's (Myanmar's) energy sector, the UN Secretary General Ban Ki-moon firmly stated ...

Blogs Alert for: Burma news

ENGLISH DEYEA NEWS: Thailand to Host Postponed Asean Summit in ...
Military-ruled Burma strongly opposes giving the human rights body the power of even monitoring or investigating violations. Asean secretary-general Surin Pitsuwan maintains, however that the charter is not a "paper tiger. ...
Inya Net » Blog Archive » Two Burmese soldiers desert to Thai ...
admin | Daily News, Politics | December 17th, 2008. Chiang Mai (Mizzima) – Glaring discrimination in the army has compelled two Burmese soldiers to desert and seek refuge in an ethnic rebel controlled area in eastern Burma last week. ...
Afro-Asian organization demands release of Burmese political ...
A social consortium of Asian and African non-governmental organizations (NGOs) today collectively called for the release of all political prisoners in Burma,
Burma Bloggers' Network - http://www.burmabloggers.net/
'Momentous' day for Asean as charter comes into force -- Vietnam's ...
Intellasia News and Information Services provides Vietnam-wide access to finance, stock market, business, economy, legal and government policy, at your finger tips. Vietnam's largest English searchable database.
Journalista - the news weblog of The Comics Journal » Blog Archive ...
[Review] Burma Chronicles Link: Steve Duin. Duin calls Guy Delisle's latest travel book "a marvelous graphic memoir of a year in the life in a remote world that is beyond the ability of most readers to grasp." ...
Journalista - the news weblog... - http://www.tcj.com/journalista/

ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး အပိုင်း(၄)

ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူဇနီး ဒေါ်ခင်ကြည်သည် မိမိအတွက်သာမက တမျိုးသားလုံးအတွက်ပါ ကြေကွဲဖွယ်ရာဤ အဖြစ်ဆိုးကြီးနောက်ပိုင်း၌ သူမဘဝကို ပြန်လည်ပျိုးထောင်ရပါတော့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာန၊ ထို့နောက် လူမှုဝန်ထမ်းဌာနတို့၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်၏။ မအားမလပ် အလုပ် တာဝန်များအထဲ နစ်မြုပ်နေစဉ်ပင် ကံကြမ္မာ၏ဒဏ်ကို နောက်တဖန်ခံရပြန်၏။ ဒုတိယသားဖြစ်သူ အောင်ဆန်းလင်းခမျာ ရန်ကုန်နေအိမ်အတွင်းရှိ ရေကန်ဘောင်ရိုးပေါ် ကစားနေစဉ် လိမ့်ကျကာ ရေနစ်သေဆုံးသွားရှာသည်။ အောင်ဆန်းလင်းသည် “စု” အထူးချစ်မြတ်နိုး အားကိုးသောအကို ဖြစ်၍ “စု” အဖို့ထိုအ ဖြစ်ဆိုးကြီးကြောင့် စိတ်တုန်လှုပ်ထိခိုက်ခဲ့ရမှုသည် အတော်နှင့် ပျောက်ကွယ်သွားခြင်း မရှိနိုင်ခဲ့ပါ။ “စု” သည် သူမ၏ အကိုကို မည်သည့်အခါမျှ မမေ့နိုင်သကဲ့သို့သူမ၏ဖခင်ကိုလည်း မည်သည့်အခါမျှ မမေ့နိုင်ခဲ့ပါ။ ဖခင်၏ဘဝဇာတ်ကြောင်း၊ စာပေအရေးအသား၊တိုင်းသူပြည်သားများအား ဆော်ဩချက်များနှင့် ၃၂ နှစ်တာ သက်တမ်းအတွင်းဖြစ်ပျက်ခဲ့သော အံ့ဩဖွယ်ရာစွမ်းဆောင်ချက်များကိုလေ့လာခြင်းမှာ “စု” အတွက် အဆက်မပြတ် နိုင်သော စွဲလမ်းချက်တရပ် ဖြစ်ပါသည်။

ဒေါ်ခင်ကြည်သည် သားသမီးများအား ငယ်စဉ်ကပင် သူတို့၏ ဖခင်ပေးခဲ့သော အမွေအနှစ်ကို အမြဲသတိရနေစေရန် ကြိုးပမ်းခဲ့၏။ ဗိုလ်ချုပ်၏ ရဲဘော်ရဲဖက်များနှင့် သူထူထောင်ခဲ့သော တပ်မတော်မှအဖွဲ့ဝင်များက ဗိုလ်ချုပ်၏ မိသားစုအပေါ် ထားရှိသော သံယောဇဉ်မှာ ပျက်ကွက်သွားခြင်းမရှိခဲ့ပါ။ ထို့ ကြောင့် “စု” က တပ်မတော်သားများလက်ပေါ် ကြီးပြင်းလာခဲ့ သည်ဟု ပကတိရှိရင်းအတိုင်း ပြောနိုင်ပါသည်။ အရည်အချင်းကြွယ်ဝ၊ အတွေ့အကြုံများပြား၊ ရာထူးရာခံမြင့်မားသော မြန်မာ လူကြီးလူကောင်းအများအပြား ဒေါ်ခင်ကြည်နှင့် ရင်းနှီးခင်မင်စွာဆက်ဆံခြင်းသည်လည်း သားသမီးများအပေါ် ဩဇာသက် ရောက်မှုရှိခဲ့၏။

နှစ်ပေါင်းများစွာ နိုင်ငံတော်ဝန်ထမ်းတဦးအဖြစ် ပြောင်မြောက်စွာ တာဝန်ထမ်းရွက်ခဲ့သော တရားသူကြီးချုပ်ဦးမြင့်သိန်းဆိုလျှင် တသက်တာ ရင်းနှီးခင်မင်သော မိတ်ဆွေကောင်းတဦးဖြစ်ပါသည်။ ရိုသေလေးစားမှု၊ ကြည်ညိုမှု၊ ချစ်ခင်မှု စသောအရှိန်အဝါ များက သူနှင့်သူမ၏ မိသားစုတို့အပေါ် လွှမ်းခံထားပါသည်။ ဒေါ်ခင်ကြည်သည် မိမိ၏ သားသမီးများအား မြန်မာ့လူမှုရေးနှင့် ကိုယ်ကျင့်သီလ၏ တန်ဖိုးကိုအလေးထားပြီး၊ ဗုဒ္ဓဘာသာတရားကို ယုံကြည်ကိုင်ရှိုင်းရန် သွန်သင်ဆုံးမခဲ့၏။ ကျမ၏ အမြင်အရ ဝတ်စား၊ သွားလာ၊ နေထိုင်မှုအရပ်ရပ်နှင့် စပ်လျဉ်း၍ လူအများမြင်ကွင်းတွင်လည်းကောင်း၊ အိမ်တွင်းအသိုင်းအဝိုင်းတွင် လည်းကောင်း၊ “စု” သည် မြန်မာ့ယဉ်ကျေးမှုအရ စံတင်လောက်ပါသည်။ ဥပမာတခု ပေးရမည်ဆိုလျှင် မိမိထက် တနှစ်၊ တရက်၊ တမနက်ကြီးသူမှန်သမျှကို ကိုယ်အမူအယာ၊ နှုတ်အမူအယာအရ ရိုသေလေးစားသမှုပြုခြင်းဖြစ်သော လူကြီးများရှေ့မှ ဖြတ်သန်းသွားသောအခါ ခါးညွှတ်ခြင်း၊ လူကြီးများထံပါးတွင် ကျုံ့ကျုံ့ယုံ့ယုံ့နေထိုင်ခြင်း၊ ယဉ်ကျေးလေးစားသော အသံနေ အသံထားနှင့် စကားလုံးများကို ရွေးချယ်သုံးခြင်း၊ စသည်တို့မှာ “စု” အတွက် အရိုးစွဲနေသော အမူအကျင့်များဖြစ်ပါသည်။ ဤကဲ့သို့  ထင်ရှားလှသော မြန်မာဆန်မှုတို့ကြောင့် “စု” ကိုမြန်မာများက ချစ်မြတ်နိုးကြပြီး နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်သော်လည်း “စု” ၏ မြန်မာပီသမှုမှာ မှေးမှိန်ယိမ်းယိုင်သွားသည်ဟူ၍ မရှိခဲ့ပါ။ မြန်မာနိုင်ငံလူထုကြီးအား စွဲဆောင်၍ ၎င်းတို့ ၏ အတက်ကြွဆုံး၊ အူလှိုက်သည်းလှိုက် ထောက်ခံမှုကို “စု” ရယူနိုင်ခြင်း၏ အဓိကအကြောင်းရင်း တချက်မှာ သူမ၏ မြန်မာပီသမှုပင်ဖြစ်ပါသည်။

၁၉၆၀ ခုနှစ်တွင် ဦးနုအစိုးရသည် ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပါသည်။ ထိုရာထူးနေရာတွင် ၁၉၆၂ ခု ဦးနေဝင်းက စစ်အာဏာသိမ်းပိုက်ပြီးနောက်ပိုင်း၌ပင် ဒေါ်ခင်ကြည် ဆက်လက်တာဝန်ထမ်း ဆောင်နိုင်ခြင်းသည် သူမအားရိုသေလေးစားမှုအတိုင်းအတာမည်မျှ ကြီးမားကြောင်းကိုပြသပါသည်။ အလုပ်သက်တမ်းပြီးဆုံး၍ အငြိမ်းစားယူသောအခါ ဒေါ်ခင်ကြည်သည် အင်းလျားကန်ဘောင်ရှိ မိမိအိမ်၌ ပြန်လည်နေထိုင်ပါသည်။ အင်းလျားကန်ဘောင် တလျောက်တွင် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးလောကမှ အထင်ကရပုဂ္ဂိုလ်အများအပြား နေထိုင်ကြပါသည်။ ယခု “စု” လည်းထို အင်းလျားကန် နေအိမ်တွင်ပင် အကျယ်ချုပ် ဘဝနှင့် အထိန်းသိမ်းခံ နေရပါသည်။

နယူးဒေလီမြို့ သို့  မိခင်နှင့်အတူ ရောက်လာစဉ်က “စု” သည် ကျစ်ဆံမြီး တုတ်တုတ်ရှည်ရှည်ကြီးများနှင့် ၁၅ နှစ်အရွယ် ကလေးမလေး ဖြစ်ပါသည်။ ယေရှုနှင့်မေရီ ကွန်ဘင့်ကျောင်း (Convent of Jesus and Mary)နှင့် လေဒီရှယ်ရီရမ်ကောလိပ် (Lady Shri Ram College) တို့ ၌ ဆက်လက်ပညာသင်ပါသည်။ သူမ၏ အိန္ဒိယမိတ်ဆွေအသိုင်းအဝိုင်းမှာ ကျယ်ပြန့်် လာပါသည်။ မဟတ္တမဂန္ဒီနှင့် ဂျဝါဟာလာနေရူးတို့၏ တိုင်းပြည်ကို စူးစမ်းလေ့လာ နားလည်နိုင်ရန် “စု” အဖို့အခွင့်ကောင်း ဖြစ်ပါသည်။ “စု” ၏ ဖခင်လည်း ဤတိုင်းပြည်ကို ရောက်ဖူးပြီးနေရူးနှင့် တွေ့ ဆုံဆွေးနွေးကာ ရင်းနှီးခင်မင်သော နားလည်မှု ရရှိခဲ့ပါသည်။ “စု” ၏ မိခင်သံအမတ်အဖြစ် ခန့်အပ်ခြင်းခံရချိန်တွင် နေရူးက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပါသည်။

“စု” ဗဟုသုတ အတွေ့အကြုံ ကျယ်ပြန့််စေရန် သူမ၏မိခင် စီစဉ်ပေးသော ကိစ္စများအနက် ဂျပန်ပန်းအလှပြင်နည်း၊ အနုပညာ သင်ခြင်းနှင့် မြင်းစီးသင်ခြင်းတို့ ပါဝင်ပါသည်။ အိန္ဒိယနိုင်ငံ သမ္မတကြီး၏ကိုယ်ရံတော်တပ်ဖွဲ့ လေ့ကျင့်ရာ မြင်းစီးကွင်း၌ အိန္ဒိယအရာရှိကြီးများ၏ သားသမီးများ၊ နိုင်ငံတကာ သံအမတ်များ၏ သားသမီးများနှင့် ပန်ဒစ်နေရူး၏ မြေး၊ အင်ဒီရာဂန္ဒီ၏ သား ဖြစ်သူ ဆန်ဂျေးတို့ နှင့် “စု” တွေ့ဆုံလေ့ရှိပါသည်။ နံပါတ် ၂၄ အက္ကဘာလမ်း (24 Akbar Road) ရှိ နေအိမ်တွင် စန္ဒယား ဆက်သင်ရပါသည်။ ထိုသံအမတ်နေအိမ်သည် ကြီးမား၍ အလွန်ခန့်ညားတင့်တယ်သော ပန်းဥယျဉ်ပျိုးထားသည့် (24 Akbar Road) ခြံဝင်းကျယ်ကြီးအတွင်း တည်ရှိပါသည်။ အဆင့်အမြင့်ဆုံး အိန္ဒိယအရာရှိကြီးများအတွက် သတ်မှတ်ထားသော အိမ်မျိုး ဖြစ်ပြီးအစိုးရက ဗြိတိသျှလက်ထက်ကကဲ့သို့ပင် လှပကောင်းမွန်စွာ ထိန်းသိမ်းထားပါသည်။ ဒေါ်ခင်ကြည်ကို အထူးလေးစား သောအားဖြင့်ထိုနေအိမ်ကို ပေးထားခြင်း ဖြစ်ပါသည်။

“စု” အထူးနှစ်သက်မက်မောသော ဝါသနာမှာ စာဖတ်ခြင်းပင်။ သူမ၏ စာအုပ်စာပေမြတ်နိုးမှုကို အားပေးခဲ့သော ဦးအုန်းကို “စု” အစဉ် ချစ်ခင်ကျေးဇူးတင်စွာ သတိရလေ့ရှိပါသည်။ သတင်းစာဆရာတဦးဖြစ်ခဲ့သော ဦးအုန်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အကျွမ်းဝင်ခဲ့သူတဦးဖြစ်ပြီးစစ်ပြီးခေတ်၌ လန်ဒန်တွင် ဖဆပလအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ တာဝန်ထမ်းဆောင်ပါသည်။ နောင်တွင် မော်စကိုမြို့တော်သို့  မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအ ဖြစ် ခန့်အပ်ခြင်းခံရပါသည်။ သူသည် “စု” အား ဖတ်သင့်



ပန်ဒစ်နေရူးနှင့် ဒေါ်ခင်ကြည်

ဒေါ်ခင်ကြည်နှင့် “စု” ဒေလီမြို့တွင်

ဖတ်ထိုက်သည့် မြန်မာနှင့် အင်္ဂလိပ်စာအုပ် စာရှင်းရှည်ကြီးများ ပေးသူများအနက် တဦးအပါအဝင် ဖြစ်ပါသည်။ “စု” ၏ အသိ ပညာ အတွေးအခေါ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို ပို၍သတိပြုမိပြီး စိတ်ဝင်စားခဲ့သူမှာ အလွန်နာမည်ကြီးခဲ့သော ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၏ တချိန်က အယ်ဒီတာ ဖြစ်ခဲ့ပြီး “စု” ၏ ဖခင်နှင့်အတူ တက္ကသိုလ်တွင်ရှိခဲ့သော ဦးညိုမြပင် ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဦးညိုမြ ကို စာနယ်ဇင်းသမားတဦးနှင့် အလွန်နာမည်ရသော စာအုပ်များစွာကို ရေးသားသည့် စာရေးဆရာ တဦးအဖြစ် လူသိများလာပါသည်။ သူက တခြားသူများထက်ပင်ပိုပြီး “စု” ဖတ်ရန် အင်္ဂလိပ်နှင့် မြန်မာစာအုပ်ပေါင်းများစွာကို လမ်းညွှန်ပေးခဲ့ပါသည်။ ဦးညှိုမြ လက်ဆောင်ပေးခဲ့သော အလွန်အဖိုးတန်သည့် ဟားဗက်ဂန္တဝင် စာအုပ်တွဲ တစုံလုံး (Harvard Classics) ကို အလွန်တန်ဖိုးထားပြီး မကြာခဏ ဖတ်ခဲ့ကြောင်းလည်း “စု” က ယခုထိ သတိရနေပါသည်။ ဤစာအုပ်များက “စု” ကို စာပေလောကတံခါး ဖွင့်ပေးခဲ့ပါသည်။ “စု” ၏ စာဖတ်ဝါသနာမှာ အိန္ဒိယမရောက်မီကပင် အမြစ်တွယ်ပြီးဖြစ်ပါသည်။

နယူးဒေလီမြို့ ဆင်ခြေဖုံးအစွန်အဖျားရှိ မေရော်လီ (Mehrauli) ရပ်ကွက်တွင် ဂရုတစိုက်ထိန်းသိမ်းထားနိုင်ခြင်း မရှိသည်မှာ ကြာပြီဖြစ်၍ ပျက်စီးယိုယွင်းနေသည့် အာသောကဝိဟာရအမည်တွင်သော ဗုဒ္ဓဘာသာဌာနတခုရှိပါသည်။ ထိုဌာန ပြန်လည်ရှင် သန်လာနိုင်စေရန် ဒေလီရှိ ဗုဒ္ဓဘာသာဝင်များ အထူးသဖြင့်ဗုဒ္ဓဘာသာကိုးကွယ်သောနိုင်ငံများမှ သံအမတ်များ၏ အကူအညီကို ဒေါ်ခင်ကြည် ရယူခဲ့ပါသည်။ ဤလုပ်ဆောင်မှုကြောင့် ဒေလီရှိ ဗုဒ္ဓဘာသာဝင်များနှင့် အိန္ဒိယနိုင်ငံအခြားဒေသများမှ ဗုဒ္ဓဘာသာ ဝင်အချို့အတွက် ပြန်လည်အသက်ဝင်လာပြီဖြစ်သော အာသောကဝိဟာရသည် နှစ်စဉ်ကျရောက်သော ဗုဒ္ဓဘာသာပွဲတော်ကြီး များ ကျင်းပရာ၊ ဘုရားဝတ်ပြုရာ ကမ္မဋ္ဌာန်း ဘာဝနာစီးဖြန်းရာဌာန ဖြစ်လာပါသည်။

အမျိုးသားရေးကိစ္စများဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာကိစ္စများဆိုင်ရာ အခမ်းအနားကြီးငယ်အများအပြားတို့တွင် “စု” ပါဝင်ကူညီ ခဲ့၏။ ဒေါ်ခင်ကြည်သည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံသား ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအား မှန်မှန်ပင့်ဖိတ် ဆွမ်းကပ် တရားနာလေ့ရှိ၏။ “စု” ၏ အကိုလည်း ကျောင်းပိတ်ရက်များအတွင်း အင်္ဂလန်မှ ရောက်လာသောအခါ ဤကိစ္စများတွင် ပါဝင်ဆောင်ရွက်ပါသည်။ အမေနှင့်သမီးကို မြန်မာများ ချစ်ခင်လေးစားသည့်အတိုင်း ဒေါ်ခင်ကြည်၏ လုပ်ဖော်ကိုင်ဖက် သံတမန် များနှင့် ပန်ဒစ်နေရူးမှအစချီ၍ အိန္ဒိယအစိုးရအဖွဲ့ ဝင်အပေါင်းတို့ကလည်း ချစ်ခင်လေးစားကြပါသည်။ အိန္ဒိယတွင် ရရှိခဲ့သော

အတွေ့အကြုံများသည် “စု” အတွက် အင်မတန် အရေးပါစိတ်အားထက်သန်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။ ယခုတိုင် သူမ အိန္ဒိယနိုင်ငံ အပေါ် ထားရှိသောမေတ္တာနှင့် သံယောဇဉ်တို့မှာ ခိုင်မာလျက်ရှိပါသည်။ ထိုအချိန်က ဒေလီရှိ ဗြိတိသျှမဟာမင်းကြီးမှာ ဆာပေါလ်ဂိုးဘုသ်(Sir Paul Gore-Booth) နောင်အခါ လောဒ်ဂိုးဘုသ်၊ (Lord Gore-Booth) ဖြစ်ပါသည်။ ယခင် မြန်မာနိုင်ငံတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က သူနှင့်သူ၏ ဇနီး ပက်တြီရှာ (Patricia) တို့ သည် ဒေါ်ခင်ကြည်နှင့်

ကောင်းစွာသိကျွမ်းခဲ့၏။ ထိုခင်မင်ရင်းနှီးမှုမှာ အိန္ဒိယ၌ ပြန်လည်ဆန်းသစ်ရှင်သန်လာပါသည်။ သိုံနှင့် “စု” အောက်စဖို့ဒ် တက္ကသိုလ်သို့  ပညာသင်ရန် သွားသောအခါ ပေါလ်နှင့် ပက်တြီရှာတို့ က မိဘကိုယ်စား ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ယူခဲ့၏။ “စု” သည် သူတို့၏ မိသားစုဝင်တဦးကဲ့သို့၊ သူတို့သားနှစ်ယောက်နှင့်သမီးနှစ်ယောက်တို့၏ ညီအမရင်းချာတဦးကဲ့သို့ ဖြစ်လာပါသည်။ ထိုမိသားစုအိမ်တွင်ပင် ၎င်းတို့၏မိတ်ဆွေများအပြင်၎င်းတို့ ဖိတ်ကြားဧည့်ခံသော နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများကို “စု” သိကျွမ်းခွင့်ရခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များ၏ အသွင်အပြင်၊ အမူအကျင့်၊ အပြောအဆိုနှင့် ထူးခြားသော

ဓလေ့စရိုက်ကလေးများကို “စု” စိတ်ဝင်စားစွာ လေ့လာခဲ့၏။ ထိုပုဂ္ဂိုလ်များမှာ သူမ ဝင်ရတော့လုဆဲဖြစ်သည့် ကျယ်ဝန်းလှသော ကမ္ဘာလောကမှ ပုဂ္ဂိုလ်များပင် မဟုတ်ပါလား။

နွေရာသီကျောင်းပိတ်ရက်များအတွင်း “စု” သည် မိခင်ရှိရာ နယူးဒေလီသို့ပြန်လေ့ရှိ၏။ သို့သော် တနှစ်တွင် ကျမနှင့် အဲလ်ဂျီး ယားစမြို့  (Algiers) တွင် လာနေပါသည်။ ကျမသည် နယူးဒေလီ ကုလသမဂ္ဂပြန်ကြားရေးဌာနမှ အယ်လ်ဂျီးရီးယားနိုင်ငံ (Algeria) ၏ မြို့တော်သို့ပြောင်းရွှေ့ကာ အလားတူဌာနတခုဖွင့်ရန် တာဝန်ပေးခြင်း ခံရပါသည်။ အယ်လ်ဂျီးရီးယားသည် ၁၉၆၂ ခုနှစ်တွင် ချားလ်ဒီဂိုးလ် (Charles de Gaulle) အစိုးရနှင့် အေဗီယန်စာချုပ် (Treaty of Evian) ကို လက်မှတ်ထိုးပြီး လွတ်လပ်ရေးရခဲ့သည်မှာ မကြာသေးပါ။ ပြင်သစ်ထံမှ လွတ်လပ်ရေးရရန် ရှစ်နှစ်ကြာရုန်းကန်မှုနောက်ပိုင်း တဖြည်းဖြည်းနာလန် ထူဆဲနိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် အယ်လ်ဂျီးယားစမြို့တွင် နေရာထိုင်ခင်း အလွန်ရှားပါးနေခြင်း၊ ပျက်စီးယိုယွင်းနေသော ရပ်ကွက်ဒေသများ ပေါများနေခြင်း၊ အခြေအနေကောင်းမွန်သော ဟိုတယ်များနည်းပါးနေခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လွန်စွာမှ ကန့်သတ်ထားခြင်းတို့မှာ အံ့ဩဖွယ်ရာမဟုတ်ပါ။ ဖွင့်လှစ်စရုံးများ၊ ကုလသမဂ္ဂရုံးများနှင့် ဝင်ရောက်လာဆဲ စီးပွားရေးလုပ်ငန်းများသာမက အဲလ်ဂျီးရီးယန်းလူမျိုးများကပါ အိမ်နေရာများနှင့် လုပ်ငန်းခွင်နေရာများရရှိရန် သဲသဲမဲမဲ လုံးပမ်းရှာဖွေနေရပါသည်။ အဲလ်ဂျီးရီးယားတွင် ကြာမြင့်စွာအခြေချနေထိုင်ခဲ့သောပြင်သစ်လူမျိုး မြောက်မြားစွာမှာ ဤတိုင်းပြည် မှ ထွက်ခွာသွားကြပြီးဖြစ်သော်လည်း အခြားလူသစ်များမှာ ဝင်လာမစဲ ဖြစ်ပါသည်။ ထိုသူများမှာ စစ်မှုထမ်းမည့်အစား၊ ပရဟိတလုပ်ငန်းအမျိုးမျိုးတို့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ရွေးချယ်သောပြင်သစ်အမျိုးသားလူငယ်များ၊ကျောင်းဆရာ၊ ဆရာမများ၊ ထောက်ပံ့ရေး စီမံကိန်းအလုပ်သမားများနှင့် အလည်အပတ်သက်သက်လာသူများ ဖြစ်ကြပါသည်။

စု ရောက်လာချိန်မှာ ဟွာရီဘူမီဒီယန် (Houari Boumedienne) က အာမက်ဘင်ဘဲလား(Ahmed Ben Bella) အား

စုနှင့် ဒေါ်သန်းအေးအယ်လ်ဂျီးရီးယားရောက်ရှိနေစဉ်


စံနမူနာထားလောက်အောင် သွေးထွက်သံယိုမှုကင်းမဲ့သော အာဏာသိမ်းပွဲပြုလုပ်ကာ ဖြုတ်ချအပြီး ရက်အနည်းငယ် အတွင်း ဖြစ်ပါသည်။ ဖိတ်ကြားခံရသော ဧည့်ခံပွဲများစွာသို့ သွားရမည်ထက် “စု” က အဲလ်ဂျီးရီးယန်း လူမျိုးများနှင့် တွေ့ဆုံကာ ၎င်းတို့ တိုင်းပြည်အတွင်း ဖြစ်ပျက်နေသမျှကို လေ့လာရန် ပိုမို၍ စိတ်ထက်သန်ပါသည်။

သတင်းပဒေသာ

လူငယ်နှင့်အနာဂတ် ဆွေးနွေးပွဲမှ
ဦးဝင်းတင်၏ ဟောပြောချက်များ
မြင့်မိုးဇော် / ၁၈ ဒီဇင်ဘာ ၂၀၀၈
ဟောပြောပွဲလို့ပဲ ပြောပြော၊ ဆွေးနွေးပွဲလို့ပဲပြောပြော နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လှုပ်ရှားမှုဆိုတာ အရေး ကြီးပါတယ်။ သက်ဝင်နေရမယ်လှုပ်ရှားနေရမယ်။ ဒီလိုမှ သာလျှင် ကျနော်တို့ နိုင်ငံရေးလုပ်လို့ရမယ်။ နိုင်ငံရေး အဖွဲ့တခုဟာ လူထုကို စည်းရုံးနိုင်ရမယ်၊ လူထုကို ခေါင်းဆောင်နိုင်ရမယ်။ ...အပြည့်အစုံသို့
စစ်တိုင်းမှူး (၃) ဦးကို ပြည်နယ်တိုင်း
ဝန်ကြီးများအဖြစ် ထူးထူးခြားခြားခန့်

NEJ/ ၁၇ ဒီဇင်ဘာ ၂၀၀၈ မြန်မာစစ်အစိုးရသည် စစ်တိုင်းမှူး (၃) ဦးအား ၎င်းတို့နယ်မြေများ၌ စီးပွားရေး၊ လူမှုရေး စသည့် လုပ်ငန်းများကို စစ်အစိုးရကိုယ်စား စီမံခန့်ခွဲအုပ်ချုပ် နိုင်ရန်အတွက် ဆိုပြီး ...အပြည့်အစုံသို့
စင်ပြိုင်အစိုးရနဲ့ တပ်ပေါင်းစု
ဇာနည်ဝင်း
ဒီဇင်ဘာ ၁၈၊ ၂၀၀၈

မြန်မာပြည်သတင်းတွေမှာ NCGUB နဲ့ NCUB ဆိုတဲ့ အဖွဲ့ ၂ ခု နာမည်မကြာခဏ ကြားရမှာပါ။ ဒီ ၂ ဖွဲ့က အတူတူပဲမဟုတ်ဘူးလား လို့ မေးတတ်သူများရှိလို့ ဒီဆောင်းပါးကို ရေးပါတယ်။

မြန်မာနိုင်ငံမှာ ၁၀ နှစ် အနှစ် ၂၀ နိုင်ငံရေးလုပ်ခဲ့ပြီး ပြည်ပကို တိမ်းရှောင်လာသူတွေကလည်း ဒီမေးခွန်း မေးတတ်တယ်။ နိုင်ငံရေးမလုပ်ပေမယ့် သတင်းတွေစောင့်ဖတ်သူတချို့ကလည်း မေးတယ်။

ဒီ ၂ ဖွဲ့က မြန်မာပြည်ပြင်ပမှာ အခြေစိုက်တယ်။ ဆက်စပ်မှု ရှိတယ်။ နာမည် တူတယ်။ အတိုကောက်နာမည်တွေက ပိုတူတယ်။ ကြည့်ပါဦး -


မဵက်မြောက်ရေးရာ - သတင်းဆောင်းပၝး


ပိန်းပိတ်အမှောင်၊ ချောအိသိမ်း နဲ့ …

မေငြိမ်း

ဒီဇင်ဘာ ၁၅၊ ၂၀၀၈

အဲဒီညမှာ ကျမကိုယ်တိုင် ပိန်းပိတ်နေတဲ့ အမှောင်တိုက်ထဲ ပြန်ရောက်သွားပါတယ်။ အဲဒီ အမှောင်တိုက်ထဲကနေ.. ကျမ ကိုယ်လွတ်ရုန်းခဲ့တာ ခုဆို ၄နှစ်တောင် ကျော်ခဲ့ပြီ။ ဒါဖြင့် အဲဒီ အမှောင်တိုက်ထဲက လွတ်ပြီတဲ့လား..။

ချောအိသိမ်းရဲ့ အမှောင်ထဲက လှမ်းနေတဲ့ လက်တွေက ကျမရဲ့ လွတ်မြောက်တယ်လို့ ထင်ယောင်မှုကို ပုတ်နှိုးပါတယ်။ ပြီးတော့ အ၀ကျဉ်း အိုးတလုံးထဲက ပြွတ်သိပ်နေတဲ့ အသက်မဲ့ မျက်နှာတွေ.. ဒါပေမဲ့ မျက်လုံးတွေကတော့ ကြောက်စရာကောင်းလောက်အောင် ရှင်သန်လို့။

အဴပည့္အစုံသိုႛ ...


Cartoon Maung Yit - Enemy of the Enemy is ....
December 15th, 2008

မိုးမခ က ယူနီကုတ် ၅.၁ စနစ်သုံး မြန်မာစာလုံးနှင့် စမ်းသပ် ဆိုက်တခု ထုတ်လွှင့်

မိုးမခ

ဒီဇင်ဘာ ၁၇၊ ၂၀၀၈

၂၀၀၈ နှစ်ကုန်ခါနီးတွင် မိုးမခက ၀က်ဆိုက်တခု တိုးချဲ့ပြီး ယူနီကုတ် ၅.၁ စနစ်သုံး မြန်မာစာလုံးနှင့် သတင်း ဆောင်းပါးများကို တင်ဆက်မည် ဖြစ်သည်။ လက်ရှိ ဆိုက်များ၊ ဘလောက်များတွင် ပုံမှန် ဆက်လက်တင်ဆက်နေမည့်အပြင် ထို ဆိုက်အသစ်တွင် စာမူများကို စာလုံးစနစ်အသစ်နှင့် ကူးယူ တင်ပြထားမည်။

၂၀၀၇ နှစ်ဆန်းက စတင်ပြီး မိုးမခ၀က်ဆိုက်တွင် ယူနီကုတ် မြန်မာစာလုံးစနစ် စတင်သုံးစွဲခဲ့ရာ မြန်မာအိုင်အက်စ်ပီအဖွဲ့၏ ဘီအိုင်တီဖောင့်ကို သုံးခဲ့သည်။ ၎င်းနောက် ၂၀၀၇ စက်တင်ဘာနောက်ပိုင်း ပြည်တွင်းနှင့် ဘလော့ဂါများအကြား လူကြိုက်များသော ဇော်ဂျီဖောင့်ကိုပါ ပူးတွဲ အသုံးပြုခဲ့သည်။ ယခု ၂၀၀၉ အတွက် ကြိုတင်ပြင်ဆင်သည့်အနေနှင့် ယခုပေါ်လာသည့် စနစ်သစ်ဖောင့်ကို စမ်းသပ်ဆိုက်တွင် ပူးတွဲ တင်ဆက်ရန် စီစဉ်ခြင်းဖြစ်သည်။


- အာဆီယံ ဥပဒေရေးရာအဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို click
- စီးပွားရေးနိုးထစေဖို့ ဗဟိုဘဏ် အတိုးနှုန်းလျှော့ချ click
- ရေနံဈေးနှုန်း ဆက်မကျရေး OPEC အဖွဲ့ ထုတ်လုပ်မှု လျော့ချ click
- ဘန်ကီမွန်း မြန်မာနိုင်ငံသွားဖို့ အစီအစဉ်မရှိသေး click
- ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ မြန်မာ့အရေး click
- မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ ကြားနာပွဲ ဥရောပပါလီမန်ရုံးမှာ ကျင်းပ click
- ဖရဲစိုက်တောင်သူများကို ဒဏ်ငွေချမှတ် click
- ထိုင်းတရားရုံးက မြန်မာ ၁၅ ဦးကို ထောင်ဒဏ် ၄ နှစ်ကျော်စီ ချမှတ် click
- မန္ထလေးထောင်မှ နိုင်ငံရေးအကျဉ်းသား လေဖြတ်ပြီး ကိုယ်တခြမ်းသေ click
- မွန်နိုင်ငံရေးအကျဉ်းသားကို သာယာဝတီထောင်ပို့ click
- ဘီးလင်းမြို့ အ၀င်ဂိတ်ကို ၀င်တိုက်ခိုက်၍ လူလေးဦး သေဆုံး click
- အိုင်အယ်လ်အို တိုင်တန်းသူများကို နေပြည်တော်အရာရှိကြီး ကြိမ်းမောင်း click
- နိုင်ငံရေးအကျဉ်းသားများကို ဝေးလံနယ်ထောင်များသို့ ပြောင်းရွှေ့ခြင်း click
- ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်မှာလား (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ၀တပ်ဖွဲ့ လက်နက်ထုတ်လုပ် click
- ဥပဒေအဖွဲ့ မြန်မာကိုလွှတ်ဖို့ HRW တောင်းဆို click
- မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပုံမှန်မရတာ ဘာ့ကြောင့်လဲ (ဆွေးနွေးခန်း) click
- နော်ေ၀၀န်ကြီးချုပ်ဟောင်းနှင့် တွေ့ဆုံခြင်း (ဒုတိယပိုင်း) click
- နော်ေ၀၀န်ကြီးချုပ်ဟောင်းနှင့် တွေ့ဆုံခြင်း (နောက်ဆုံးပိုင်း) click
- မိုးမခက ယူနီကုတ် ၅.၁ စနစ်သုံး မြန်မာစာလုံးနှင့် စမ်းသပ်ဆိုက်တခု ထုတ်လွှင့် click
- သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့်အဖွဲ့ အမေရိကန်ပြည် ပထမဦးဆုံးပွဲအဖြစ် အယ်လ်အေမှာ ကပြမည် click
- ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ မရံစတောင်ဘုရားပွဲတော် (ဓာတ်ပုံသတင်း) click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက လူငယ်နဲ့ အနာဂတ်ဟောပြောပွဲ click
- ရခိုင်ပြည်နယ်မှ သတင်းများ click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - အမေရိကား)ရဲ့ ဖိတ်ခေါ်စည်းရုံးမှု click
- စစ်ခေါင်းဆောင်ထံ တင်ပြသော စာကို ဖတ်မှုဖြင့် ထောင်ချခံရ click
- ထူးကုမ္ပဏီက မလိခတည်းခိုခန်းကို လွှဲယူဦးမည် click
- အဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲ ကျင်းပ click
- ဘန်ကီမွန်း မြန်မာပြည် မသွား click
- လူ့အခွင့်အရေးသမား ဦးမြင့်အေးကို ထောင်ပြောင်း click
- ရင်ဝယ်မချိသော ဆုံးဖြတ်ချက်များစွာ (ဆောင်းပါး) click
- ကေအန်ယူနှင့် ဗမာစစ်တပ်တို့ တိုက်ခိုက်မှုအပြီး ဒေသခံများ ထိန်းသိမ်းခံရ click
- မွန်ပြည်သစ်ပါတီမှ ထိုင်း-မြန်မာနယ်စပ်အတွင်း စိတ်ကြွဆေး ၁၂၀၀ လုံး ဖမ်းဆီးရ click
- ၀ဒေသတွင် AK-47 ထုတ်နေပြီ click
- စစ်တိုင်းမှူး (၃) ဦးကို ပြည်နယ်တိုင်း ၀န်ကြီးများအဖြစ် ထူးထူးခြားခြားခန့် click
- အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဖြန့်ဖြူးရေးလုပ်ငန်း ဦးတေဇအား ပေးတော့မည် click
- ကားဈေးကွက် အရောင်းအဝယ် မရှိ click
- အမေရိကန်သမ္မတအား ပေါက်သည့် ရှူးဖိနပ်ကို ဒေါ်လာ (၁၀) သန်းပေး click
- စင်္ကာပူရောက် မြန်မာများ ပြည်တော်ပြန်ရေး လေယာဉ်လက်မှတ် အခက်အခဲဖြစ် click
- Gandhi, My Father (အိန္ဒိယ ရုပ်ရှင်ဇာတ်ကား) click
- အပြုံးနှုတ်သိမ်းခံထားရသော မိုနာလီဇာ ပန်းချီကား (ခရီးသွားဆောင်းပါး) click
- အချစ်မှာ မျက်စိမရှိပါ (ထွေရာလေးပါး) click
- ထိုင်းဝန်ကြီးချုပ်သစ်နဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ မျှော်လင့်ချက် click
- လူငယ်နဲ့ အနာဂတ်အကြောင်း ဦးဝင်းတင်နဲ့ အဖွဲ့ချုပ်လူငယ် ဆွေးနွေး click
- မော်လမြိုင် မီးလောင်ဈေးနေရာမှာ ကိုယ်ထူကိုယ်ထ ယာယီဈေး ဆောက်မည် click
- ကုန်စည်ပြပွဲ၌ တရုတ် - ဗမာ အာဏာပိုင်များကို ကြိုဆိုရန် တိုင်းရင်းသားစာပေ/ယဉ်အဖွဲ့ ဆင့်ခေါ်ခံရ click
- စစ်တပ်မှ အတင်းဆွဲစည်းရုံးခံရသော လူငယ်တဦးကို မိဘဖြစ်သူများက ကျပ်ငွေ ၉ သိန်းပေး၍ ပြန်ရွေး ထုတ်ခဲ့ရ click
နေပြည်တော် စီမံကိန်းဝန်ကြီးဌာန မီးလောင်
NEJ/ ၁၇ ဒီဇင်ဘာ ၂၀၀၈
နေပြည်တော် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုး တိုးတက်မှုဝန်ကြီးဌာန ဧည့်ခန်းဆောင်ကြီး မကြာခင်က မီးလောင်ရာ ကျပ်ငွေ (၅) သိန်းဖိုး ဆုံးရှုံးသွားသည်။ မည်သည့်အတွက် မီးစတင်လောင်သည်ကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးပေ။
ဘန်ကောက်မြန်မာသံရုံး သံအမတ်သစ်ခန့်
NEJ/ ၁၇ ဒီဇင်ဘာ ၂၀၀၈
လစ်လပ်နေသည့် ဘန်ကောက် မြန်မာသံရုံး သံအမတ်ကြီးအဖြစ် ဗိုလ်မှူးချုပ် အောင်သိန်းကို ခန့်အပ်လိုက်ပြီ ဖြစ်သည်။ ဗိုလ်မှူးချုပ် အောင်သိန်းသည် ယခင်က ဗီယက်နမ်နိုင်ငံတွင် မြန်မာစစ်သံမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်ဟု စုံစမ်းသိရသည်။

အကျပ်အတည်းများနှင့်ရင်ဆိုင်နေရသောမြန်မာစာနယ်ဇင်း

December 17, 2008

myanmar-journalဘာလေးဘာဟု မြန်မာ စာနယ်ဇင်းသမားတို့ ခေါ်တွင်သော စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ဂျာနယ် မဂ္ဂဇင်း ရောင်းအားမှာ ကျဆင်းလျှက်ရှိပြီး နာမည်ကျော် ဂျာနယ်များပင်လျှင် စောင်နှစ်ထောင် မပြည့်ကြောင်း ပြည်တွင်း မီဒီယာ အသိုင်းအ၀ိုင်းမှ ကြားသိရသည်။

နိုင်ငံရေးအကျဉ်းသားများကျန်းမာရေးချို.ယွင်း

December 17, 2008

myo-min-zaw

၁၉၉၈ ခုနှစ်ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်ကိုမျိုးမင်းဇော်

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဆောင်းရာသီ အအေးဒဏ်၏ ရာသီဥတုဆိုးရွားမှုကြောင့် အပူချိန်မှာ ရေခဲမှတ်အောက် ရောက်နေပြီး ယမန်နေ့ က ၄၈ဒီဂရီ ဖာရင်ဟိုက်သာ ရှိသည်ဟု သိရသည်။ ပူတာအို ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား များမှာလည်း ဆိုးရွားသည့် အအေးဒဏ်ကြောင့် ကျန်းမာရေး အခြေနေချို့ယွင်း လျှက်ရှိကြောင်း သိရသည်။ ပူတာအို ထောင်တွင် ထောက်ဒဏ် ၅၆ နှစ် ကျခံ နေရသော ၁၉၉၈ ခုနှစ် ကျောင်းသား ခေါင်းဆောင် ကိုမျိုးမင်းဇော်နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ရှိသည်။ ယခင်လက ထောင်ဒဏ် ၆၅ နှစ် ချမှတ် ခံရ သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုအောင်သူ မှာလည်း ပူတာအိုထောင်သို့ ပြောင်းရွေ့ ခံထား ရပြီးဖြစ်သည်။ ရွှေဘို ထောင်တွင်းရှိ မဇင်မာအောင်၏ ကျန်းမာရေး မှာလည်း ဆိုးရွား လျှက်ရှိသည်။

လုပ်ငန်းရှင်က မြန်မာအလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်(ဘတ်) အတုလုပ်ထား၍ အလုပ်သမားများ ထောင်ဒဏ်ချမှတ်ခံရ


ထောင်ချ ခံရသော မြန်မာ အလုပ်သမားများ

ဒီဇင်ဘာ ၁၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဖလန်ဆောင် နယ်မြေအတွင်း ပိုက်ဆံအိပ် အမျိုးမျိုး ချုပ်လုပ်သော စက်ရုံတစ်ရုံမှ မြန်မာ အလုပ်သမားများအား ယမန်နေ့က ဘတ်အတု ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ် နှစ်ရှည် ချမှတ်လိုက်သည် အသက် ၁၅နှစ်မှ ၁၈နှစ်အတွင်း မြန်မာအလုပ်သမ ၁၃ ဦးနှင့် ယောက်ျား အလုပ်သမား ၂ ဦးတို့အား ဘန်ကောက်မြို့  အယ်ကရှိုင်လမ်းရှိ ၀ပ်စင် ဘုန်းကြီးကျောင်းအနီး စံထော်ဘူလီ တရားရုံးက ယမန်နေ့ နေ့လည်က ထောင်ဒဏ် ၄နှစ်နှင့်၆ လ ချမှတ်လိုက်သည်။

သမီးငယ် ထောင်ချခံလိုက်ရသော မိခင် ဒေါ်အေးခိုင်က “မနေ့ကထောင် ၄နှစ်ခွဲချလိုက်ပါတယ်။ ကျမတို့လည်းဘယ်သူ့ကို အကူအညီ တောင်းရမယ်မှန်း မသိဘူးလေ။ သူဌေးတော့ ဘာမှမဖြစ်ပါဘူး ဘန်ဘော်စံ ထောင်မှာလို့တော့ ကြားတယ်။ သူဌေးကို ကျမတို့ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်လုပ်ခ တစ်ယောက်ကို ၆၀၀၀ ဘတ် ပေးရတယ်။ ပုလိပ်ဖမ်းတော့လည်း ရှင်းမပေးဘူး ခုတော့ ကျမ သမီးတို့ ထောင်ကျခံနေရပြီ”ပြော သည်။ ဇနီးဖြစ်သူ ထောင်ကျခံလိုက်ရသော ကိုအောင်အောင်က ”ကျနော်တို့လည်း သူ့ဆီမှာ ဘတ်လုပ် ထားတယ်။ ခုမှ ကျနော်တို့ အလိမ်ခံရမှန်း သိတော့တာ။ ဒုက္ခပါပဲ နေရင်းထိုင်ရင်း ဘတ်အတုနဲ့ မလုံမခြုံ ဖြစ်သွားရပြီ၊ လေးနှစ်ခွဲဆိုတာ နည်းတဲ့ အချိန်မှ မဟုတ်တာ၊ အတုလုပ်ပေးတဲ့ သူဌေး ဘာမှမဖြစ်ပဲ ကျနော်တို့ အလုပ်သမားတွေပဲ ထောင်ကျခံရတယ်၊ ကူညီနိုင်တဲ့လူတွေကို ဆက်သွယ်ပေးကြပါဗျာ”ဟု ပြောသည်။

အဆိုပါ ပိုက်ဆံအိပ် အလုပ်ရုံသို့ ပြီးခဲ့သည့် ၂၈.၁၀.၂၀၀ဂ နေ့က ထိုင်းလူဝင်မှု ကြီးကြပ်ရေးနှင့် ထိုင်းပုလိပ်များ စီးနင်း ၀င်ရောက်၍ တရားမ၀င် အလုပ်သမား ၄၀ ကျော်တို့အား ဖမ်းဆီးခဲ့သည်။ ထိုအထဲတွင် မြန်မာ၁၅ ယောက်နှင့် ကျန်လူများမှာ လာအိုလူမျိုးတို့ ဖြစ်ကြသည်။

ထောင်ချ ခံနေရသော မြန်မာ အလုပ်သမားများ အားလုံးမှာ ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများ ဖြစ်ကြ သည်။ ယခုအခါ ၄င်းအလုပ်ရုံတွင် မြန်မာ အလုပ်သမားများကို လက်မခံတော့ကြောင်း သိရှိရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။