11.20.2009

Burma's News World's News



Catherine Ashton, 19 November in Brussels
The new EU foreign affairs chief rejects criticism of her lack of experience, saying she is the "the best person for the job".

Police clash with angry football fans outside the Algerian embassy in Cairo, amid tensions over Egypt's World Cup exit.

Automatic captions for YouTube videos are to roll out across its channels, says parent company Google.

QUOTE OF THE DAY
One of the best steps that they (Burmese generals) could take to show that they are willing to open up their system is to release political prisoners.
— Ian Kelly, spokesman for US State Department

UN Passes Resolutions on Burma Human Rights

By ARKAR MOE
Expressing deep concern over the human rights situations in Burma, the UN General Assembly's Third Committee adopts tough resolutions.

Children’s Rights Celebrated in Naypyidaw

By WAI MOE
The Burmese junta celebrates the Universal Convention on Children’s Rights, in a move that surprised many observers.

US Calls for Dialogue between Suu Kyi and Junta

By LALIT K JHA
The US calls for a dialogue between the Burmese junta and Suu Kyi that will lead to her release from house arrest.

Myint Swe: The Tatmadaw’s Next Top Dog?

By MIN LWIN
Lt-Gen Myint Swe is being widely tipped to succeed Than Shwe as the Burmese army's next commander in chief.

Handcuffed Statue Has the Experts Talking

By ARKAR MOE
A handcuffed statue of a revered woman who exists only in Burma’s spirit world is at the center of debate and speculation among even the country’s intellectual elite.

Obama leaves Asia empty-handed but raises hopes

(Analysis) The United States President, Barack Obama’s has left Asia empty-handed on all the key issues facing the White House. There was little movement on the intractable...

Spirit of Panglong in Kolkata Court

(Commentary) For the lawyers practicing at the city sessions court in Kolkata, the capital of West Bengal Thursday, November 12th, 2009 was just another busy day. They passed by......

Three year tax holiday for Burmese soccer players, coaches and clubs

Burma’s Ministry of Finance and Revenue has exempted players, coaches and clubs of the Myanmar National League (MNL), the first ever professional soccer league of the country,...
Burma to open private schools and hospitals

Nov 20, 2009 (DVB)–Private schools and hospitals abolished under the former Ne Win regime in Burma are to reopen in an attempt to generate more revenue in the country and improve the struggling sectors. - more


An ASEAN database state?

Joseph Allchin

Nov 20, 2009 (DVB)–Plans for a regional Southeast Asian immigration database are to be tabled in Manila next week, but questions are already being asked as to how it will accommodate ‘rogue’ states like Burma. - more


Special UN committee condemns Burma

Nov 20, 2009 (DVB)–A special committee of the United Nations General Assembly yesterday received a sharp rebuke from the Burmese government after passing a resolution condemning its human rights record. - more


Jailed cameraman wins top media award

Nov 20, 2009 (DVB)–Two Burmese cameramen who filmed an acclaimed documentary on the aftermath of Burma’s cyclone Nargis have received a top media award, although it is revealed that one of them is now in prison. - more


Burmese migrants to remit half of salaries

Nov 20, 2009 (DVB)–Burmese nationals working abroad have been instructed by the ruling junta to send up to 50 percent of their salary home in remittances, via a state-owned bank. - more

သမိုင်းသင်ကြားချက်တွေထဲက သတိပြုစရာတခု

ရဲဘော်ဖိုးသံချောင်း

၂၀ နိုဝင်ဘာ ၂၀၀၉

တလောလေးကပဲ ပထမကမ္ဘာစစ်ပြီးဆုံးတာ အနှစ် (၉ဝ) မြောက်တဲ့ အခမ်းအနားများကို ဥရောပအနှံ့အပြားမှာ ခမ်းခမ်းနားနား ကျင်းပခဲ့ကြတာတွေ့ရပါတယ်။ ဗြိတိသျှဘုရင်မကြီးအပါအဝင် နိုင်ငံအများအပြားက ထိပ်သီးတွေ တက်ရောက်ကြပါတယ်။ ဒါပေမယ့် လူ့အသက်ပေါင်း (၈၇) သိန်းကျော် ချုပ်ငြိမ်းစေခဲ့တဲ့ ဒီစစ်ပွဲကြီး ပြီးသွားတာ ကြာပြီ ဖြစ်လို့လားမသိ၊ ဒီအခမ်းအနားမှာရော၊ ဒီကာလအတွင်း မီဒီယာတွေမှာရော ဒီစစ်ကြီးပေါက်ဖွားလာပုံ၊ အဆုံးသတ် သွားပုံတွေနဲ့ပတ်သက်လို့ သိပ်မပြောကြတော့ပါဘူး။ ပြောရတာများလို့ မောသွားကြတာလား၊ သဗ္ဗေသတ္တာ အဝေရာဟောန္တုပဲ လုပ်လိုက်ကြတာလား မပြောတတ်ပါ။ ဒီနေရာမှာတော့ အဲဒီအထဲက မမေ့သင့်တဲ့ သင်ခန်းစာတခုကို ပြန်ထောက်ပြချင်ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့ ပထမကမ္ဘာစစ်တို့ဆက်နေပုံကို မှတ်မိကြလိမ့်အုန်းမယ်လို့ ထင်ပါတယ်။ ကမ္ဘာစစ်ကြီးတခုပြီးလို့ အနှစ် (၂ဝ) မရှိခင်မှာဘဲ နောက်ကမ္ဘာ စစ်ကြီးတခုအတွက် ပြင်ဆင်ကြတာ၊ ခြေပုန်းခုတ်ကြတာ၊ တကယ်လည်း ပေါက်ကွဲ ထွက်လာတာ စတဲ့ကိစ္စတွေဟာ မတော်တဆ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကြီးမှာ စတင်စစ်ခင်းသူဟာ ပထမ ကမ္ဘာစစ်ကြီးတုန်းက စစ်ရှုံးခဲ့သူဖြစ်တယ် ဆိုတဲ့အချက်ဟာ သတိမပြုဘဲ မနေသင့် ပါဘူး။

ပထမကမ္ဘာစစ် ဘယ်လိုအဆုံးသတ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။ စစ်ရှုံးသူဂျာမဏီအပေါ်မှာ ဗာဆိုင်းစာချုပ်- The Treaty of Versailles (၂၈-၆-၁၉) ၊ လော်ဇန်းစာချုပ် The Treaty of Lausanne (၂၄-၇-၂၃ ခု)၊ စိန့်ဂျာမိန်းစာချုပ် The Treaty of St. Germain (၁ဝ-၉-၁၉) စတဲ့စာချုပ်တွေ အများကြီးချုပ်ဆိုပြီး စစ်ရှုံးသူတွေကို ဖိထားခဲ့တာဖြစ်ပါတယ်။ ဗာဆိုင်း စာချုပ်ကိုဆိုရင် ဗြိတိန်နိုင်ငံကတောင်မှ ဂျာမဏီအပေါ်မှာတောင်းဆိုတာ သိပ်ပြင်းထန်လွန်းတယ်လို့ ပြောခဲ့ပါတယ်။ ဒီစာချုပ် ကြောင့်မို့ ဂျာမဏီနိုင်ငံဟာ စစ်မဖြစ်မီကရှိခဲ့တဲ့ သူ့နယ်မြေဧရိယာရဲ့ (၁၃.၅) ရာခိုင်နှုန်း (လူဦးရေ ၇ သန်း) ကို ဆုံးရှုံးသွားခဲ့ပါတယ်။ နောက်ပြီး ပြည်ပမှာရှိတဲ့ သူတို့ကိုလိုနီတွေ အားလုံးကိုလည်း လက်လွှတ်လိုက်ရပါတယ်။ တခါ တူရကီဟာဆိုရင်လည်း လော်ဇန်းစာချုပ်ကြောင့် သူ့ရဲ့ အော်တိုမန်အင်ပါယာဆိုတာကို လုံးဝလက်လွှတ် လိုက်ရပြီး နယ်မြေတွေ အများကြီးဆုံးရှုံးသွားပါတယ်။ ဟက်ဘ်စဘဂ်အင်ပါယာ (Habsburg empire) ကို ဆုံးရှုံး လက်လွှတ်လိုက်ရတဲ့ သြစထရီးယားနိုင်ငံဟာလည်း သူ့နဂိုဒေသတွေ ခွဲထုတ်ပေးပစ်ရ၊ သူ့တပ်ကို (၃) သောင်းအထိ လျှော့ချရ စသဖြင့် တသက် အခဲမကျေစရာတွေ ခံစားခဲ့ရပါတယ်။

ဒီလိုမတရားတဖက်သတ်ကျတဲ့ စစ်ပြေငြိမ်းစာချုပ်တွေကြောင့်မို့ ဒုတိယကမ္ဘာစစ်ကြီး ပေါ်ပေါက်တယ်ဆိုတာကို ကမ္ဘာ့သမိုင်း ပညာရှင်တွေနဲ့ စွယ်စုံကျမ်းအတော်များများကပဲ အသိအမှတ်ပြုကြပါတယ်။ မတရား အချုပ်ချယ် ခံခဲ့ရတဲ့ နိုင်ငံတွေမှာ အမျိုးသားရေးစိတ်ဓာတ်နဲ့ လူထုကို စည်းရုံးလို့အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီး တပွဲပြီးတယ် ဆိုတိုင်း ငြိမ်းချမ်းရေးအတွက် အာမခံချက် ရတာမဟုတ်ကြောင်း ဒီခေတ်လူသားတွေကို ဒီသမိုင်းက ဖော်ပြနေပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို တဖက်သတ်ဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းလို့ မရကြောင်းလည်း သင်ခန်းစာယူသင့်ပါတယ်။

ဒါနဲ့တဆက်တည်း၊ မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ စစ်အေးစစ်ပွဲကိစ္စကိုလည်း ပြန်စဉ်းစားစရာသင့်ပါတယ်။ စစ်အေးစစ်ပွဲ ဆိုတာကြီးဟာ သေနတ်သံတချက်မကြားရဘဲ ပြီးသွားတယ်လို့ ပြောရင်ရပါတယ်။ ဘယ်လို စစ်ပြေငြိမ်းစာချုပ်၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတာတွေမရှိဘဲ သိန်းနဲ့ချီတဲ့ ဝါဆောစာချုပ် တပ်ဖွဲ့ဆိုတဲ့ ဧရာမစစ်တပ်တွေလည်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်သွားတဲ့အတွက် အဲဒီဒေသ တွေမှာ တကယ်တမ်းငြိမ်းချမ်းရေးရခဲ့ပါသလား။ မနည်းလှတဲ့ နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက် အကြီးမားဆုံးပြိုကွဲမှုတွေနဲ့ ပထမဆုံးသေနတ်သံတွေ ပြန်ကြားလာရတယ် မဟုတ်ပါလား။ ပြောရရင် ဝါဆောစစ်အုပ်စု မရှိတော့တဲ့အတွက် နေတိုးစစ်အုပ်ရဲ့ တည်ရှိမှုဟာလည်း အဓိပ္ပာယ်မရှိတော့ပါဘူး။ တရားအရဆိုရင် သူလည်း တဖြည်းဖြည်း ပျောက်ကွယ်ရတော့မှာပါ။ ဒါပေမယ့် အခုတော့ အဲဒီလိုမဟုတ်ဘဲ နေတိုးကိုတိုးချဲ့လာလိုက်တာ ရုရှားနဲ့နယ်စပ်ချင်း ကပ်နေတဲ့ နိုင်ငံတွေကိုတောင် ရောက်လာပါပြီ။ ဒီလိုနဲ့ ပူတင်တို့ဘက်ကလည်း အခုအခါ အမျိုးသားရေးကြွေးကြော်သံတွေကိုတင်ပြီး စစ်အင်အားတိုးချဲ့တာ၊ ဖြည့်ဆည်းတာတွေ လုပ်လာလို့ ဒုတိယစစ်အေးစစ်ပွဲကို ပြန်ရောက်လာအုန်းမှာလားလို့ တွေးစရာ၊ မေးစရာ ဖြစ်လာနေပါတယ်။ တပါတည်း ဗမာပြည်နိုင်ငံရေးရဲ့ အခုနောက်ဆုံးဖြစ်ပေါ်မှုတွေဟာ အဲဒီမပေါ်ပေါက်သေးတဲ့ ဒုတိယစစ်အေးစစ်ပွဲနဲ့များ ဆက်နေသလားလို့တောင် တွေးစရာဖြစ်လာနေတယ်မဟုတ်ပါလား။

ကမ္ဘာစစ်တခုပြီးတော့ နောက်ကမ္ဘာစစ်တခု။ စစ်အေးစစ်ပွဲတခုပြီးတော့ နောက်စစ်အေးစစ်ပွဲတခု။

ဒီလိုပါပဲ။ သမိုင်းမှာ တဖက်စီးနင်းဆုံးဖြတ်ခဲ့၊ လုပ်ကိုင်ခဲ့တာတွေဟာ တကယ်တမ်းပြီးပြတ်သွားတာ မဟုတ် ပါဘူး။ တန်ပြန်တဲ့ အကျိုးဆက်တွေနဲ့ ကြုံရတတ်ပါတယ်။ ဒီကနေ့ ဗမာနိုင်ငံမှာ ဒီနေ့ဖြစ်ပျက် နေတာတွေကို ကြည့်ပြီး အရာရာကို နအဖစစ်အုပ်စုက ထင်သလို ခြယ်လှယ်လုပ်ကိုင်နိုင်နေပြီ၊ နအဖစစ်အစိုးရဟာ သင်္ခါရ တရားနဲ့ ကင်းလွတ်နေသူတွေဖြစ်တယ်၊ ကျန်တဲ့တနိုင်ငံလုံး၊ ပြည်သူတရပ်လုံးဟာ သူတို့ပေးသနားတဲ့ စပေ့စ်လေးထဲမှာပဲ လှုပ်ရှားကြပေတော့လို့ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို တခုတည်းသော တလမ်းသွား လမ်းကြောင်းလို ပြောသူတွေက ပြောနေကြပါတယ်။ ဒီလိုအနေအထား အောက်မှာ နအဖဗိုလ်ချုပ်တွေ ဟာလည်း နေမြင့်လေအရူးရင့်လေဆိုသလို အဲဒီလိုမြှောက်ပြောတာတွေကို နားထောင်ရင်း စိတ်ကြီးဝင် သထက်ဝင်၊ အတိုက်အခံတွေကို ရှိတယ်လို့တောင်မှ သဘောမထားဘဲ လုပ်ချင်တာလုပ်နေကြပါတယ်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက်မဲပေးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရန်ကုန်မှာသာ တမြို့တည်းမှာသာ ဆိုင်းဘုတ်တင်ခွင့်ပေး၊ သူတို့ကိုဖားနေတဲ့ “ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်” ဆိုတဲ့ အဖွဲ့လိုဟာတွေကိုတော့ တိတ်တိတ်ထောက်ပံ့ကြေးတွေပေးပြီး တပြည်လုံးမှာ လှုပ်ရှားခိုင်းထားပါတယ်။ ဒီလိုပဲ ဗမာပြည်နိုင်ငံရေးမှာ ဘုရားကားအောက် မျောက်ကားအထက် ဖြစ်နေတာ ကြာပါပြီ။

စစ်အာဏာရှင်တွေရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့နီးလာလေလေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ မဝင်ရင် ဖျက်သိမ်းပစ်မယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ကျပြီးပြီ စတဲ့ ကောလာဟလတွေ အကျယ် အပြန့် ကြားလာရပါတယ်။ ဘယ်သူကလွှင့်တယ်ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် ကြက်တူရွေးထက်ကဲနေတဲ့ မယ်ဘော်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ် ခံချင်သလားလို့တောင် မောက်မောက်မာမာ၊ မိုက်မိုက်ရိုင်းရိုင်းတွေ ရေးနေကြပါတယ်။ သူတို့အနေနဲ့ ဒီလိုရေးလိုက်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း မခြောက်လှန့်နိုင်ဘူး၊ ပြည်သူလူထုကိုလည်း မျက်စိလည်အောင်မလုပ်နိုင်ဘူးဆိုတာ သူတို့သိပါတယ်။ တကယ်က ဆရာလုပ်တာအကျင့်ပါနေတဲ့ သူတို့ဟာ နအဖစစ်ဗိုလ်ချုပ်တွေကို “ချလိုက်ပါတော့လား” ဆိုတာမျိုး အကြံပေးတိုက်တွန်းနေတာသာ ဖြစ်ပါတယ်။

အထက်မှရေးခဲ့သလိုပဲ သမိုင်းဆိုတာ အသာစီးရနေတုန်း တဖက်သတ်လုပ်ခဲ့တာတွေနဲ့ချည်း ပြီးသွားတာ မဟုတ်ပါဘူး။ တန်ပြန်ကိစ္စတွေ ပေါ်ထွက်လာနိုင်ပါတယ်။ တန်ပြန်တယ်ဆိုရင် ပိုတောင်ပြင်းထန်၊ ပိုတောင် သဲသန်တတ်တယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။

မြန်မာ့သတင်း ကမ္ဘာ့သတင်း


UN-Assembly-Burma.jpg

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အချေအတင် ပြောဆိုခဲ့ကြပြီးတဲ့နောက် အခုနောက်ဆုံး ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲ၊ ကြားနေမဲ ၆၅ နဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။

Myanmar detained opposition leader Aung San Suu Kyi smiles while exiting the Inya Lake Hotel after meeting with U.S. Assistant Secretary of State Kurt Campbell in Yangon, Myanmar, Wednesday, Nov. 4, 2009.AP

Security guards walk past the Supreme Court building during the verdict on the killing of the country independence leader Sheikh Mujibur Rahman, in Dhaka, Bangladesh, Nov. 19, 2009.AP
အလေးအနက် စဉ်းစားသင့်သော ရွှေ့ပြောင်းအလုပ်သမားအရေး
ထိုင်းအစိုးရက နိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တရားဝင် သတ်မှတ် ပေးနိုင်ရေးဆိုင်ရာ မူဝါဒတရပ်ကို ထုတ်ပြန် ကြေညာခဲ့သည်။ အလုပ်သမားများ အနေနှင့် မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်ရေး အစီအစဉ်ကို
ဆက်ဖတ်ရန် ...
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး အမေရိကန် မျှော်လင့်

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး အမေရိကန် မျှော်လင့်

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တွေ့ဆုံခွင့်ရရန် တောင်းဆိုမှုနှင့် ပတ်သက်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လမ်းစတခုအဖြစ် မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး

ကလေးသူငယ် အခွင့်အရေး မြန်မာတွင် နိမ့်ကျနေဆဲ

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူညီချက် ချူပ်ဆိုခဲ့သည်မှာ ယနေ့တွင်နှစ် (၂၀) ပြည့်မြောက်သည့် အတွက် စစ်အစိုးရက နေပြည်တော်တွင် အခမ်းအနား

မြ၀တီ စီးပွားရေးဇုန် ညွှန်ကြားရေးမှူး လာဘ်စားမှုဖြင့် ခုံရုံးဖွဲ့စစ်ဆေးခံနေရ

ကရင်ပြည်နယ် မြ၀တီ စီးပွားရေး အထူးဇုန်မှ ညွှန်ကြားရေးမှူး ဦးအောင်စိုးသိန်းကို ပြည်ပမှ တရားမ၀င် သွင်းလာသော မြေတူးကားများနှင့် ပတ်သက်ပြီး အာဏာပိုင်များက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှ

ကချင် နိုင်ငံရေးပါတီရုံး မြစ်ကြီးနားတွင်ဖွင့်

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ခွဲထွက်ပြီး နိုင်ငံရေး ပါတီတည်ထောင် ထားသည့် ဒေါက်တာ မနန်တူးဂျာ ဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ရုံးသစ်ကို မြစ်ကြီးနားမြို့တွင်

ဗိုလ်ချုပ်လမ်းကို အမှိုက်ရွေးကွင်းအဖြစ် အသုံးချနေ
အောင်ကျော်မိုး / ၂၀ နိုဝင်ဘာ ၂၀၀၉

“အမှိုက်ကားတွေဟာ ရုပ်ရှင်ရုံတွေရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ အမှိုက်တွေကို လာသွန်ချတယ်။ နောက် အမှိုက်သိမ်းသမားတွေက အမှိုက်ထဲကနေ ပလတ်စတစ်တွေ၊ စက္ကူတွေ၊ ရေသန့်ဘူး၊ ပုလင်းခွံတွေ စတာတွေကို လမ်းပေါ်မှာ ရွေးကြတယ်။ ရွေးလို့ပြီးတော့မှ အမှိုက်တွေကို ကားပေါ်ပြန်တင်ကြတယ်။ အဲဒီအတိုင်း....”အပြည့်အစုံသို့

ပန်ဝါ နယ်ခြားစောင့်တပ်မှ နအဖစစ်သားများ ဆက်ကြေးတောင်း ငွေကောက်
ပေါက်ပေါက် / ၂၀ နိုဝင်ဘာ ၂၀၀၉ “လုပီက နယ်ခြားစောင့်တပ်မှာ တာဝန်ကျမယ့် စစ်သားတွေ ရောက်ရောက်ချင်းပဲ ငွေကောက်နေကြပြီ။ အန်ဒီအေကေတွေ တော့ မပါဘူး။ သူတို့စစ်တပ်ကတွေချည်းပဲ....”အပြည့်အစုံသို့
၂၀၁၀ အမီ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်နိုင်ဟု အိုင်တီလောက သုံးသပ်
မေကျော် / ၂၀ နိုဝင်ဘာ ၂၀၀၉ “ပြည်တွင်း Bandwith ဆိုရင်တော့ အင်ထရာနက် သဘောမျိုးလုပ်တာပဲ။ အင်ထရာလို့ပဲ ...”အပြည့်အစုံသို့
ရာဘာဈေး ကျနေသော်လည်း ရောင်းသူ များပြား

ဝီရ / ၂၀ နိုဝင်ဘာ ၂၀၀၉ “လုပ်သားငှားတဲ့အပိုင်းမှာဆိုရင် တပင်ကို ဘယ်လောက်
ဆိုပြီး ငှားရတာ။ အခုလို ရာဘာဈေး ဆက်ကျနေရင် လုပ်အားငှားရမ်းခတွေ၊ မြေသြဇာဖိုးတွေကို....”အပြည့်အစုံသို့
အပစ်ရပ်အသွင်ပြောင်း ပြည်သူ့စစ်တပ်ဖွဲ့များအား သုံးမျိုးသုံးစား ဖွဲ့ပေးမည်
ခိုင်လင်း / ၂၀ နိုဝင်ဘာ ၂၀၀၉ “ကချင် ကာကွယ်ရေးတပ်မတော် တို့ကျတော့ ပြည်သူ့စစ်အဖွဲ့ကြီးတွေ ဖွဲ့ခိုင်းနေတာပေါ့....”အပြည့်အစုံသို့

ရွေးကောက်ပွဲအတွက် ပြည်သူ့စစ် သင်တန်းများ ဆက်လက် ပို့ချ

၁၁၊၂၀၊၂၀၀၉

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် အနှံ့အပြားတွင် နအဖ စစ်အာဏာပိုင်များက ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ပြည်သူ့စစ် သင်တန်းများ တခုပြီး တခုဖွင့်လှစ်နေရာ လွန်ခဲ့သော အပတ်က ဘူးသီးတောင်မြို့နယ်တွင် လူပေါင်း ၁၂၀ ပါဝင်သည့် ပြည်သူ့စစ် သင်တန်း တခုကို လွန်ခဲ့သော အပတ်က ဖွင့်လှစ်ပို့ချခဲ့သည်။ အပြည့်အစုံသို့


“နယူးယောက် ကျောက်ကပ်ဆေးရုံသို့”

မောင်စွမ်းရည်

နိုဝင်ဘာ ၁၉၊ ၂ဝဝ၉
အောက်တိုဘာ ၁၁ ရက်၊ ဆေးရုံကို တက်ရတယ်
အရင်တခါ တက်ရတာက၊ ရန်ကုန်မှာ “ကျောက်ကပ်ဆေးရုံ”
အခုတခါ တက်ရတာက၊ နယူးယောက်မှာ “ကျောက်ကပ်ဆေးရုံ”
နယူးယောက်မှာ၊ “ကျောက်ကပ်ဆေးရုံ” မခေါ်
“ယူရိုလော်ဂျီ” တဲ့။
အျပည့္အစုံသိုႛ ...

ဗီယက်နမ်-မြန်မာ နိုင်ငံတကာ ကုန်စည်ပြပွဲ ရန်ကုန်တွင် ပြုလုပ်
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၁၉၊ ၂ဝဝ၉

ရန်ကုန်မြို့တွင် ယနေ့ စတင် ပြုလုပ်သည့် ၂ဝဝ၉ ခုနှစ် ဗီယက်နမ်-မြန်မာ နိုင်ငံတကာ ကုန်စည်ပြပွဲ မြင်ကွင်းတခု။ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် ပြပွဲတွင် နှစ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၆ဝ ပါဝင်သည်။ ၂၂ ရက်နေ့အထိ သွားရောက် လေ့လာနိုင်မည်ဟု ဆိုသည်။ ပြပွဲအတွင်း ထုတ်ပြန်ချက်တခုအရ ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ

၂ဝဝ၆ ခုနှစ် တွင် ၈၁ သန်း
၂ဝဝ၇ ခုနှစ် တွင် ၉၇ သန်း
၂ဝဝ၈ ခုနှစ်တွင် ၁ဝ၈ သန်း ရှိသည်။ (ဓာတ်ပုံများ - AP)

အျပည့္အစုံသိုႛ ...


ဆန္ဒနှင့် ဖြစ်တည်မှု
ဒေါင်းနီ
နိုဝင်ဘာ ၁၉၊ ၂၀၀၉
သမိုင်း ...
ထပ်တူ ပြုစရာ ဘာဆိုဘာမှမရှိ
အကြိမ်ကြိမ်သာ တသဂုဏ်ပြုရ
ဘဝက တခါသာ ကခွင့်ပေးပေမယ့်
မျက်ရည်မခန်း လွမ်းခဲ့နှစ်တာရှည်ခဲ့။
အျပည့္အစုံသိုႛ ...


more


more


more


more


more

စစ်အစိုးရထံ ဒေၞအောင်ဆန်းစုကြည်၏ပေးစာကို ပြည်တွင်း မြေအောက်အဖွဲ့များ ထောက်ခံ

ကချင်ပြည်နယ် တိုးတက်ရေးပၝတီ မြစ်ကြီးနားမှာ ရုံးဖွှင့်လှစ်

အာဆီယံဗီဇာကိစ္စ အဖွဲႚဝင်နိုင်ငံများ ဆွေးနွေးမည်


ငါးသေတ္တာအလုပ်ရုံ ထိုင်းလူဝင်မှုကြီးကြပ်ရေးမှဝင်ဖမ်း ဆယ်နှစ်ရွယ် ကလေးနှစ်ဦးနှင့် လူအချို့ ဖမ်းဆီးခံရ

Photobucket

နိုဝင်ဘာ ၂၀

ဘန်ကောက်မြို့ ဘန်ဘော် ငါးသေတ္တာရုံ အလုပ်သမားအချို့ အားယနေ့နံနက် စောစောက ထိုင်းလူဝင်မှု ကြီးကြပ် ရေးမှ ၀င်ရောက် ကာ မြန်မာ အလုပ်သမားအချို့နှင့် အတူ ဆယ်နှစ်ဝန်းကျင်အရွယ် မြန်မာငယ်နှစ်ဦးလည်း အိုင်ဒီစီ အချုပ်သို့ပို့ ဆောင်ခြင်း ခံလိုက်ရသည်။

ဘန်ကောက်မြို့ ဖလန်ဆောင်လမ်းမကြီး ဘန်ဘော် မီးရထား ဘူတာရုံအနီးတွင် ရှိသော ငါးသေတ္တာ (ပါကပေါင်) စက်ရုံဝင်း အတွင်းသို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့ဝင် သုံးဆယ်ကျော်ခန့် ကားဆယ်စီးကျော်ဖြင့် လာရောက်ပြီး စီနင်းဖမ်းဆီးခဲ့သည်။ နံနက် ၆နာရီအချိန် မြန်မာအလုပ်သမားများ အိပ်ရာနိုးထစနှင့် အချို့ အိပ်နေတုန်း အချိန်တွင် ထိုင်းအာဏာပိုင်များက အခန်းများကို တစ်ခန်းချင်း ဖွင့်စေပြီး နေထိုင် အလုပ်လုပ်ကိုင်ခွင့် (ဘတ်)ရှိ/မရှိ စစ်ဆေးခဲ့သည်။

အစပိုင်းတွင် မြန်မာအလုပ်သမားများနေထိုင်ရာ အေ.ဘီ.စီ အဆောင် သုံးဆောင်မှ ရာပေါင်းများစွာသော မြန်မာ အလုပ်သမားများကို ကားပေါ်သို့ တင်ဆောင်ခဲ့သည်။ ငါးသေတ္တာ စက်ရုံမန်နေဂျာတို့က စက်ရုံမှ အလုပ်သမားများကို စာရွက်စာတမ်းများ တစ်ဦးချင်းပြ၍ ရွေးထုတ်ခဲ့သဖြင့် အားလုံးနီးပါး ပြန်လွတ်ခဲ့သည်။

နေထိုင်အလုပ်လုပ်ကိုင်ခွင့် (ဘတ်)ရှိသော်လည်း နယ်ကျော်သည်ဟု အကြောင်းပြပြီး မြန်မာ အလုပ်သမား ၃ဦးနှင့်အတူ ဆယ်နှစ်အရွယ် မြန်မာကလေးငယ်နှစ်ဦးကို အိုင်ဒီစီ (ဗဟိုအချုပ်ကြီး)သို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ဆယ့်နှစ်နှစ်အရွယ် မောင်ဇော်လင်းမှာ ဘန်ကောက်မြို့ တစ်နေရာမှ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားနေစဉ် ဖျားနာသဖြင့် မိခင်ဖြစ်သူထံသို့ လာရောက် နားနေစဉ် အတွင်း ဖမ်းဆီးခံခဲ့ရသည်။

မိခင်ဖြစ်သူ ဒေါ်ဇော်ထန်းက “အရင် ကျမ မကြုံဖူးဘူးလေ၊ သားကို ပုလိပ်ဖမ်းထားတယ်လို့ သူများတွေပြောလို့ အလုပ်က ပြန်လာပြီး ကြည့်တော့ သားက ကားပေါ်မှာ ရောက်နေပြီ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး” ဟု ပြောသည်။

မောင်ဇော်လင်း၏ အစ်ကိုကြီးဖြစ်သူ ကိုညီညီက“ ကျနော့် ညီလေးကို ဖမ်းသွားလို့ ကျနော် နောက်က လိုက်သွားတယ်။ အိုင်ဒီစီဲ (ထိုင်းဗဟို) အချုပ်ကြီးကို ရောက်တော့ အရာရှိက ဘာပြောလဲဆိုရင် ဗမာတွေ တော်တော် ပြောရခက်တယ်၊ ကမ္ဘောဒီယားနဲ့ လာအိုတို့ ပတ်စပို့ လုပ်တာ ဘာမှမဖြစ်ဘူး၊ လာမယ့် နှစ်အကုန်မှာ ပတ်စပို့ မလုပ်လို့ကတော့ ဒီထက် ဖမ်းရအုံးမှာပဲ ဆိုပြီး ပြောတယ်။ ခု ကျနော်တို့ကို ယာယီပတ်စပို့ လုပ်အောင် ဖိအားပေး လုပ်စေတဲ့သဘောလို့ ကျနော် နားလည်မိတယ်”ဟု ပြောသည်။

နောက်ကလေးငယ် တစ်ဦးမှာ ကော့သောင်းမြို့ လင်းမချန်ရပ်ကွက်မှ အသက်သုံးဆယ်ကျော်အရွယ်ရှိ ကိုမောင်နီနှင့် မ၀ါစမ်းတို့၏ တစ်ဦးတည်းသောသား မောင်ကျော်စိုးမင်း ဖြစ်သည်။

“ကျမတို့ သားကို ရွာက အမေတို့ဆီမှာ ထားပါတယ်၊ မိဘနှစ်ပါးလုံးက ဒီမှာဆိုတော့ ကလေးလည်း အောက်မေ့တယ်။ ကျမတို့ လည်း အောက်မေ့လိုလေ ဘန်ကောက်ကို ခေါ်တင်လိုက်တာ၊ ရောက်တာ ၂လလောက်ပဲ ရှိသေးတယ်။ ကျမသားလေး ထမင်းဝအောင် စားရပါ့မလား၊ စောင်ခြုံရပါ့မလား၊ တွေးပြီး ကျမစိတ်ပူနေတယ်”ဟု ၀မ်းနည်းစွာ ငိုကြွေးရင်း ပြောသည်။

ဖခင်ဖြစ်သူ ကိုမောင်နီက“ကျနော်နဲ့ ကျနော့်မိန်းမတို့မှာ ဘတ်ရှိပါတယ်။ ကလေးက အိပ်နေတာ၊ ပုလိပ်တွေ ၀င်လာတော့ ထွက်ပြေးသေးတယ်။ ကျနော်တို့ အလုပ်သမားတွေ နေထိုင်တဲ့ တန်းလျားကို ပုလိပ်တွေ ၀ိုင်းထားတာ။ အကူအညီ ပေးနိုင်တဲ့ လူတွေကို ဆက်သွယ်ပြီးတော့ သားလွတ်မြောက်လာအောင် ကြိုးစားကြည့်ပါ့မယ်။ သားအတွက် မနက်ဖြန် အနွေးထည် ယူသွားမယ်၊ အစောကြီးသွားတွေ့မယ်၊ ၀ိုင်းဝန်းကူညီပေးကြပါ”ဟု ပြောသည်။

မြန်မာအလုပ်သမားများ ထောင်ပေါင်းများစွာ နေထိုင် အလုပ်လုပ်ကိုင်နေကြသော ပါကပေါင် စက်ရုံးဝင်း အနီးတွင် နှစ်ဆယ်ချီ နေထိုင်နေသည့် ကိုအရှည်ကြီးက သူ၏ ထင်မြင်ချက်ကို ပြောရာတွင် “ အယင်တုန်းက လုပ်ငန်းပိုင်ရှင်တွေက သက်ဆိုင်ရာတွေနဲ့ အဆင်ပြေအောင် ပေါင်းထားတယ်။ ဒီနှစ်က လူသစ်တွေကိုပါ ဘတ်အသစ် လုပ်ပေးလိုက်တော့ မပေးတော့ဘူး။ နောက်လူအသစ် ၂၀၀ ထပ်ခေါ်မယ်လို့ သတင်းလွှင့် ထားတယ်။ အဲဒါကြောင့်လို့ ကျနော်ထင်တယ်။ အတိအကျတော့ မသိရဘူး။ လမ်းထိပ်မှာ ကားတွေဆို တစ်လမ်းလုံး ပြည့်နေတာပဲ၊ မြန်မာ အလုပ်သမားတွေရဲ့ ဘ၀ကကျီးလန့် စာစား ဘ၀ပါပဲ”ဟု ပြောသည်။

မြန်မာအလုပ်သမားများအား နှစ်နိုင်ငံအစိုးရမှ ယာယီပတ်စ်ပို့ လုပ်ငန်းစဉ်မှာ အောင်မြင်ချောမွေ့မှု မရှိပဲ ဖြစ်နေသည်။ ထိုင်းနိုင်ငံအတွင်း မြန်မာ အလုပ်သမားများ နေထိုင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းမှာလည်း လာမည့် ၂၀၁၀ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။