5.11.2009

Burma's News World's News



Undated photo released by the family of imprisoned Iranian-American shows journalist Roxana Saberi in Tehran, Iran
US-Iranian reporter Roxana Saberi is to be freed after her sentence for spying for the US is cut on appeal, her lawyer says.

Pope Benedict XVI, on a Middle East tour, arrives in Israel amid simmering tensions between the Vatican and the Jewish state.

The UN says heavy civilian casualties in northern Sri Lanka at the weekend bear out its warnings of a "bloodbath".




Pope Benedict XVI speaks as an Israeli honor guard is seen after arriving at the official welcoming ceremony at Ben Gurion Airport in Tel Aviv, Israel, 11 May 2009
Mon. 11 May 2009 1005 UTC

Pope Visits Israel

Pope Benedict called anti-Semitism 'totally unacceptable,' and he pledged to 'honor the memory' of the six million victims of the Holocaust

Full Story »

Pakistani paramedics give treatment to an injured woman at a hospital following a suicide blast in Darra Adam Khel, 11 May 2009

Suicide Bombing Kills 10 in NW Pakistan

Officials say the attack occurred between the North West Frontier Province's main city of Peshawar and the town of Darra Adam Khel

Sri Lankan ethnic Tamil civilians are seen waiting for treatment at a makeshift hospital in the Tamil Tiger controlled no fire zone in Mullivaaykaal, Sri Lanka, 07 May 2009

UN Calls Killings in Sri Lanka a 'Bloodbath' Audio Clip Available

UN has condemned the killing of hundreds of Sri Lanka's ethnic Tamil civilians in fighting between government and Tamil rebels in recent days

" border="0" width="60" height="60">

China Confirms First Swine Flu H1N1 Case Audio Clip Available

The carrier is a 30 year old Chinese man, who had returned to China from the United States, where he was pursuing university studies

Afghanistan President Hamid Karzai, left, World Bank President Robert Zoellick,center, and Pakistan President Asif Ali Zardari, in Washington, 08 May 2009

Top Obama Administration Officials Speak Out On Pakistan, Afghanistan Audio Clip Available

Head of US Central Command says there is a growing awareness throughout Pakistan that Taliban militants must be stopped


NLD Requests Treatment for Suu Kyi

By SAW YAN NAING
The condition of Suu Kyi’s health is still unknown after reports that she has difficulty eating and is suffering from low blood pressure and dehydration.

NEWS ANALYSIS

Generals Call the Ceasefire Groups’ Hands

By WAI MOE
In their longstanding game of political poker with the Burmese junta, the ethnic leaders should think long and hard before they put their cards on the table.

Political Prisoners Suffering Ill Health: AAPP

By MIN LWIN
A report by the AAPP says that at least 127 political prisoners in Burma are in poor health and 19 require urgent medical attention.

Mystery Deepens around ‘Swimmer’s’ Arrest

By WAI MOE
The Burmese regime detains Aung San Suu Kyi’s doctor, and she receives treatment for dehydration and low blood pressure, following the arrest of an American who secretly entered her house on Sunday night.

Story of 'Suu Kyi' Swimmer Widely Questioned

By WAI MOE
Average citizens question the truth of the Burmese regime’s account of a US citizen who was arrested swimming away from Aung San Suu Kyi’s compound.

Burma's Most Respected Writer Turns 90

By ARKAR MOE
Dagon Taya, a writer known for his novels, poems, short stories and social commentary, created an enduring body of literature based on his philosophy of art for the people’s sake.

KNLA commander lashes out at ‘rumour mongers’

Rumours that two other sons of the late Karen National Union stalwart General Bo Mya, Nerdah and Tu Lu, are about to engage in talks with Burma’s ruling military junta...

US journalists question motives for deportation

May 11, 2009 (DVB)–Two American journalists deported from Burma last week after delivering workshops on photography and feature writing say reasons for their arrest may lie in their meeting with a local Burmese business owner. - more


Senior KNU member ‘damages dignity’ of group

May 11, 2009 (DVB)–A senior member of Burma’s main armed opposition group has been issued with a warning after he broke rank by giving out false information and damaging the group’s reputation, says a spokesperson. - more


‘False votes and intimidation’ ratified Burma’s constitution

May 11, 2009 (DVB)–Measures taken to ensure ratification of Burma’s constitution last year included intimidation of voters and falsifying results in favour of the military junta, claims a report released to mark the one-year anniversary of the constitution. - more


Firearms stolen from military armoury used in robbery

May 11, 2009 (DVB)–An armed robbery on a gold shop in Mandalay division that left one dead and two injured was carried out using firearms stolen from a government armoury, according to Burmese military intelligence. - more


Doctor detained after visiting ill Suu Kyi

May 11, 2009 (DVB)–Imprisoned opposition leader Aung San Suu Kyi’s doctor has been detained after visiting Suu Kyi, who is reportedly in poor health following the arrest of an American citizen who broke into her compound last week. - more

၂၀၁၀၊ အရာရှိငယ်နှင့် အသိဂလိုဘယ်


၁၁ မေ ၂၀၀၉

ရွေးကောက်ပွဲလုပ်မယ်လို့ နအဖ ကြေညာထားတဲ့ ၂ဝ၁ဝ ပြည့်နှစ် ထဲဝင်ဖို့ (၈) လပဲလိုပါတော့တယ်။ ဒါပေမယ့် စစ်အစိုးရဟာ ရွေးကောက်ပွဲဥပဒေ၊ ပါတီ မှတ်ပုံတင် ဥပဒေတွေ ဘာတခုမှ မထုတ်ပြန်သေးသလို ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့တာလည်း မရှိသေးပါဘူး။ ၁၉၉ဝ မေလရွေးကောက်ပွဲအတွက် ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေကို ၁၉၈၈ စက်တင်ဘာမှာ ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲဥပဒေကို ၁၉၈၉ မေလမှာ ထုတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲရက်ကို (၇) လအလို ၁၉၈၉ နိုဝင်ဘာမှာကြေညာပြီး စည်းရုံး မဲဆွယ်ခွင့်ကိုတော့ (၃) လအလို ၁၉၉ဝ ဖေဖော်ဝါရီ လကျမှ ပေးခဲ့ပါတယ်။ ဒါပေမယ့် ၈လေးလုံး အရေးတော်ပုံကြီးရဲ့အရှိန်နဲ့ နိုင်ငံရေး ပါတီတွေ ရပ်တည်လှုပ်ရှားခွင့် အတော်အတန် ရထားတဲ့အတွက် ၉ဝ ဖေဖော်ဝါရီ မတိုင်ခင်ကတည်းက စည်းရုံးထားနိုင်လို့ ရွေးကောက်ပွဲကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။


အခုလည်း နအဖဟာ ရွေးကောက်ပွဲရက်နဲ့အတူ ရွေးကောက်ပွဲဥပဒေ၊ ပါတီဥပဒေတွေကို (၄-၅) လအလိုမှာ ကြေညာ၊ မဲဆွယ်ခွင့်ကို တလ နှစ်လလောက်ပဲပေးမယ့် လက္ခဏာ တွေ့နေရပါတယ်။ တဖက်မှာတော့ ကြံ့ဖွံ့နဲ့ လက်ကိုင်တုတ် သို့မဟုတ် နောက်လိုက်ခွေးအဖွဲ့တွေကတော့ ခုကတည်းက စည်းရုံးလှုပ်ရှားခွင့်ရနေပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ၊ (၁၄) နှစ်ကြာ အမျိုးသားညီလာခံနဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲအတွေ့အကြုံတွေ ရထားတဲ့ စစ်အုပ်စု ဟာ ၂ဝ၁ဝ ပွဲမှာတော့ အတိုက်အခံတွေ ဘယ်လိုမှနေရာမရအောင် လုပ်ဖို့ စီစဉ်ပြင်ဆင်ထားမှာ မြေကြီးလက်ခတ် မလွဲပါဘဲ။ နောင်မှာ ယောင်းမမြင်းစီးထွက်လို့ ပွဲပျက်နိုင်တဲ့ ရူးကြောင်မူးကြောင် လက်ကိုင်တုတ်တွေကိုတောင် နေရာပေးမယ့်အလားအလာ မရှိပါဘူး။ အချိန်တခု အသုံးချ လူမိုက်မွေးတာလောက်ပဲလုပ်ပြီး ဘုရားပြီး ငြမ်းဖျက်ခံရမှာ မြင်ယောင်ပါသေးတယ်။

စစ်အုပ်စုဆိုတာ ကိုယ့်လူရင်း ကိုယ့်စက်ရုပ်ကလွဲပြီး တခြားဘယ်သူ့ကိုမဆို ဦး ၄* စာရင်းထဲထည့်တဲ့ အစွန်းရောက် စစ်အာဏာ မူရင်းစွဲဝါဒီ Military Fundamentalist ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ ဗိုလ်လက်ျာ၊ ဗိုလ်တင်ထွဋ်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်စမစ်ဒွန်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ကြည်မောင်၊ ဗိုလ်စောမြင့်၊ ဗိုလ်တင်ဖေ၊ ဗိုလ်စိန်မြ၊ ဗိုလ်မောင်ရွှေ၊ ဗိုလ်တင်ဦး (ယခု အန်အယ်လ်ဒီ)၊ ဗိုလ်ထွန်းလင်းနဲ့ မဆလအတွင်းရေးမှူးအဖွဲ့၊ ဗိုလ်တင်ဦး (မျက်မှန်)၊ ဗိုလ်စောမောင်၊ ဗိုလ်ထွန်းကြည်-ဗိုလ်ကျော်ဘနဲ့ နဝတတိုင်းမှူး တပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်တင်ဦး (တွင်း-၂)၊ ဗိုလ်နေဝင်းနဲ့ မဆလ-တစညတပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်ခင်ညွန့် စသဖြင့် အထင်အရှား ရှိပါတယ်။

အခု ၂ဝ၁ဝ အတွက် ပြဿနာက အတိုက်အခံအဖြစ် ပြည်တွင်းပြည်ပက သိထားကြတဲ့ အန်အယ်လ်ဒီတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ မဟုတ်ပါဘူး။ ဒါတွေကို ဗိုလ်သန်းရွှေရဲ့ကိုယ်ပိုင် အထူးသီးသန့် ကြပ်ပြေး မြို့တော်သစ်ကြီးက မဟာ လွှတ်တော် သစ်ကြီးမှာ စတိသဘောတောင် ခြေချခွင့်မပေးဖို့ အငြိုးတကြီးနဲ့ ပြတ်ပြတ် သားသား ဆုံးဖြတ် စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုတော့ ဒီ့ထက်ဆိုးတဲ့ပြဿနာကို ဗိုလ်သန်းရွှေ တယောက် မရှောင်နိုင်မလွှဲနိုင် ရင်ဆိုင်နေရပါပြီ။


အဲဒါကတော့ တမတ်သားပြဿနာ သို့မဟုတ် (၂၅) ရာခိုင်နှုန်း ကိစ္စဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်မှာ ထည့်ရမယ့် စစ်သား ကိုယ်စားလှယ် အရေအတွက်က (၁၆၆) ယောက် (၅၆ + ၁၁ဝ)၊ ဒေသကြီး-ပြည်နယ် လွှတ်တော် (၁၄) ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဦးစီးအဖွဲ့ (၆) ခုတို့မှာ ထည့်ရမယ့် စစ်သားကိုယ်စားလှယ် အရေအတွက် ကလည်း အနည်းဆုံး (၃ဝဝ) လောက်၊ ဗဟိုအစိုးရ အဖွဲ့ထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေက (၃) နေရာ၊ ဒေသကြီး-ပြည်နယ်အစိုးရ (၁၄) ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဦးစီးအဖွဲ့ (၆) ခုတို့မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး (၂) နေရာစီက အယောက် (၄ဝ) ဆိုတော့ စစ်သားအလုပ်မဟုတ်တဲ့ အရပ်သား အလုပ်ကို ယူနီဖောင်းမချွတ်ဘဲ ဝင်လုပ်ရမယ့် စစ်ဗိုလ်တွေက အနည်းဆုံး (၅ဝဝ) လောက်ရှိနေပါတယ်။ နအဖဟာ ဒီလိုနေရာ တွေကို အခြားအဆင့်ဖြစ်တဲ့ တပ်သားတွေ အကြပ်တွေကို တာဝန်ပေးမှာမဟုတ်ဘဲ အရာရှိတွေကိုသာ ထားမှာ လည်းဖြစ်ပါတယ်။ အခြားအဆင့်တွေကတော့ ထုံးစံအတိုင်း ဖက်တိတ်** နဲ့ လုပ်အားပေးပဲ ရွေးစရာရှိပါတယ်။


ဒါ့အပြင် ကြံ့ဖွံ့ပါတီ သို့မဟုတ် တခြားနအဖပါတီ တခုခုထဲပါပြီး ဗဟိုအစိုးရဝန်ကြီး၊ ပြည်နယ်-ဒေသကြီး အစိုးရ ဝန်ကြီး၊ ပြည်နယ်-ဒေသကြီးဝန်ကြီးချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးဥက္ကဋ္ဌ စသဖြင့် လုပ်ဖို့ ယူနီဖောင်းချွတ်ရ မယ့် စစ်ဗိုလ်တွေလည်း လိုပါသေးတယ်။


မဆလခေတ်က ပြည်သူ့လွှတ်တော်တွေမှာလည်း တိုင်းမှူး၊ တပ်မမှူး စသဖြင့် တပ်ဖက်က အရာရှိကြီးတွေ ပါဝင်ခဲ့ ကြဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဗြောင်အတိအလင်း တပါတီ အာဏာရှင်စနစ် ကျင့်သုံးတဲ့အချိန်ဆိုတော့ လွှတ်တော်ဆိုတာ တနှစ်လုံးမှ နှစ်ခါပဲထိုင်ပြီး တခါထိုင်ရင်လည်း အလွန်ဆုံး တပတ်လောက်ပဲကြာတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ဗိုလ်တွေဟာ မူလတပ်တာဝန်ကို မစွန့်လွှတ်ဘဲ လွှတ်တော်မှာပါလို့ရခဲ့ပါတယ်။ အခုတော့ အများအမြင် မှာ ပါတီစုံ ဒီမိုကရေစီလွှတ်တော်အဖြစ် ပြရမှာဆိုတော့ တနှစ်ကို နှစ်ခါလောက် (၄-၅) ရက် စတိသဘောထိုင်ပြလို့ မဖြစ်တော့ပါဘူး။ ဒီမိုကရေစီနိုင်ငံက လွှတ်တော်တွေလို အချိန်ပြည့် အလုပ်လုပ်ပြရမှာ ဖြစ်ပါတယ်။
လူဦးရေ သန်း (၂ဝဝ) ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက အရင်ဆူဟာတို အာဏာရှင်ခေတ်လွှတ်တော်မှာ ရွေးကောက်မခံရ တဲ့ စစ်ဗိုလ် အများဆုံး (၁ဝဝ) ပဲပါလို့ စစ်ယူနီဖောင်းမချွတ်ဘဲ တပ်ကထုတ် အမတ်လုပ်ရတဲ့ အရေအတွက်က ဗိုလ်သန်းရွှေမျှော်မှန်းထားတဲ့ ဗမာပြည်နဲ့ယှဉ်ရင် မပြောပ လောက်ပါဘူး။


လွှတ်တော်တွေ၊ အစိုးရတွေထဲမှာ ကိုယ့်အတွက် အပိုင်ဖြစ်အောင် စိတ်ချရတဲ့ တပ်မတော် အရာရှိကြီးတွေ၊ အရာရှိလတ်တွေ ထည့်မှဖြစ်မှာဆိုတော့ တပ်တွင်းအရေးကြီးနေရာတွေကို အောက်ဆင့်က အရာရှိငယ်တွေ တင်ရတော့မှာ ဖြစ်ပါတယ်။ အဲသလိုမလုပ်ရင်လည်း အရာရှိငယ်တွေကို လွှတ်တော်တွေနဲ့ အစိုးရတွေထဲ ထည့်ရပါလိမ့်မယ်။ စိတ်ချရတဲ့ တပ်မတော် အရာရှိကြီးတွေ၊ အရာရှိလတ်တွေဆိုတာက ဗိုလ်သန်းရွှေ ကောင်းကောင်းသိထားတဲ့လူတွေ၊ ကိုယ် ရင်းမှူးဖြစ်ချိန်မှာ အနိမ့်ဆုံး တပ်စိတ်မှူးလောက် ဖြစ်ခဲ့ဖူးလို့ သစ္စာရှိနိုင်မရှိနိုင် တစုံတရာအဆင့်အထိ အနီးကပ်တွက်ချက် အကဲခတ်နိုင်သူတွေ ဖြစ်ပါတယ်။
ဒါကြောင့် အရေးကြီးစစ်ဘက်ရာထူးတွေကို ကိုယ်နဲ့ တပ်တွင်းမှာ မဆုံဖူးသူတွေ၊ အပတ်စဉ်ချင်း တအားကွာတဲ့ အရာရှိတွေ၊ သစ္စာရှိမှုကို ကြားအဆင့်တွေ အများကြီးခံပြီးမှ အကဲဖြတ် နိုင်သူတွေကို ပေးရတော့မယ့် အခြေအနေ ဆိုက်နေပါပြီ။ အဲဒီတော့ ဒီအရာရှိငယ်တွေမှာ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ၏တပ်မတော်အတွက်” ဆိုပြီး “အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်” ဖို့ “သစ္စာကို စောင့်သိရိုသေ” မယ့် သစ္စာလေးချက် ခံယူမှုဟာ ဗိုလ်သန်းရွှေရဲ့ အနီးကပ်အရာရှိကြီးတွေနဲ့ တထပ်တည်း ကျနိုင်ပါ့မလား။ ဒါဟာ ဒီကနေ့ ၂ဝ၁ဝ အကြိုမှာ ဗိုလ်သန်းရွှေအတွက် အကြီးအကျယ် ခေါင်းခဲစရာ ဧရာမပြဿနာကြီး ဖြစ်နေပါပြီ။


ဒီနေရာမှာ ကနေ့တပ်မတော်တွင်းက အရာရှိငယ်တွေရဲ့ အသိအမြင်ကို အတိုင်းအတာ တခုအထိ ရိုက်ခတ် သြဇာ သက်ရောက်နေတဲ့ အတွေးအခေါ် သို့မဟုတ် အသိအမြင်တခုကို အလေးထားဖို့ လိုလာပါတယ်။ အဲဒါကတော့ ဂလိုဘယ်လိုက်ဇေးရှင်းအသိအမြင်ပါပဲ။ ဗိုလ်သန်းရွှေနဲ့ ထိပ်သီးဗိုလ်ချုပ်တွေက ၂၁ ရာစုကမ္ဘာကြီးနဲ့ အဆက်ဖြတ်ပြီး ဈေးကွက်စီးပွားရေး နာမည်ခံ ဈေးဖျက်စီးပွားရေးနဲ့ တံခါးဖွင့်စီးပွားရေးနာမည်ခံ ကိုယ့်အိမ်တံခါးဖွင့် ကိုယ်ကျိုးရှာ စီးပွားရေး စနစ်တွေ ကျင့်သုံးနေချိန်မှာ သူပုန်လူထွက်စာရေးဆရာတဦးရဲ့ ကျွမ်းကျွမ်းကျင်ကျင် ဝါဒဖြန့် ပညာပေးမှု ကြောင့် အရာရှိငယ်တွေမှာတော့ ဒီနေ့ကမ္ဘာမှာ တိုင်းပြည်စီးပွားရေးကို တိုးတက်စေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လစ်ဘရယ်လိုက်ဇေးရှင်း စီးပွားရေးဘဝတွေကို ယုံကြည်စိတ် အားကျစိတ်တွေ တဖွားဖွားပေါ်ပေါက်နေတာကို တွေ့နေရပါတယ်။


အဲဒီစာရေးဆရာဟာ နိုင်ငံခြားတက္ကသိုလ်တခုသွားရင်း စာတမ်းတင်ရာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ မှတပါး အခြား မရှိလို့ အာဘော်အယူအဆ လွှင့်ပြခဲ့ပေမယ့် သူရေးတဲ့စာအုပ်တွေ ဆောင်းပါးတွေ ဖတ်မိတဲ့ တပ်မတော်အရာရှိငယ် တွေသာမက အလယ်အလတ်ဆင့် တပ်မှူးတွေထဲမှာပါ ဗိုလ်သန်းရွှေရဲ့ နအဖစစ်အာဏာရှင်ပုံစံဟောင်းနဲ့ ၂ဝ၁ဝ ပုံစံသစ် အောက်မှာ တိုင်းပြည်တိုးတက်စေမယ့် ဂလိုဘယ်လိုက်ဇေးရှင်းလမ်းစ ဘယ်လိုမှမရှိနိုင်တာကို ကောင်းကောင်း သဘောပေါက်၊ အာဏာရှင်ချင်းတူတူ တရုတ်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားတို့က တိုင်းပြည်စီးပွားနဲ့ လူထုလူနေမှုဘဝ မြင့်တက်နေတာကို အားကျစိတ်နဲ့ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြပါတယ်။ လက်ရွေးစင် ရွေးလွှတ်လိုက်တဲ့ ရုရှား ပညာတော်သင်တွေတောင် နိုင်ငံတကာအသိအမြင်တွေအပြင် တပါတီ အာဏာရှင် စနစ်မဟုတ်တော့တဲ့ ရုရှားနိုင်ငံ ပူတင်ခေတ်မှာ တိုးတက်လာပြီး အမေရိကန်ကို ပခုံးချင်း ပြန်ယှဉ်လာနိုင်တဲ့ အကြောင်းတရားတွေကို အသိကြွယ်နေပြီ မဟုတ်ပါလား။


နဝတ-နအဖစစ်အုပ်စုကို တလျှောက်လုံး ထောက်ခံအားပေးခဲ့တဲ့ သြဇာကြီးလှတဲ့ ဝါရင့် နိုင်ငံခေါင်းဆောင် စင်ကာပူ ဝန်ကြီးချုပ် လီကွမ်ယူကိုယ်တိုင် စိတ်ပျက်နှာခေါင်းရှုံ့ပြီး စင်ကာပူစီးပွားရေးသမားတွေ၊ စင်ကာပူကုမ္ပဏီတွေကို ဗမာပြည်သွား စီးပွားရေးမလုပ်ဖို့ တိုက်တွန်းရတော့တဲ့အခြေအနေက စာအုပ်တွေမှာဖတ်ရတဲ့ ခေတ်မီတိုးတက်သော အပြားကမ္ဘာကြီးနဲ့ သန်းရွှေခေတ် မြန်မာပြည်တို့ ဓမ္မာသောက အင်းဝရာဇာ ဖြစ်နေတာကို ပြနေပြီး တပ်မတော်အရာ ရှိငယ်တွေရဲ့ ခံစားချက်အပေါ် ဂယက်ကြီးခဲ့ပါတယ်။


ဗိုလ်ချုပ်မှူးကြီးတို့ခေတ်တုန်းက အထက်ကရိုက်သွင်းသမျှကိုသာ လက်ခံယုံကြည်ခဲ့ရပြီး မျိုးချစ်စိတ်တို့၊ တိုင်းချစ် ပြည်ချစ်စိတ်တို့ဆိုတဲ့ တွင်းနက်ကြီးထဲမှာ ခုနစ်ဆွေးရှစ်ဆွေး တဝဲလည်လည်နေခဲ့ရလို့ ဘိန်းစားချင်းတူတူ တမူးပိုရှူနိုင်တဲ့ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေ တို့ကို ကျန်တဲ့လူတွေက သစ္စာစောင့်ခဲ့ ရပါတယ်။ အခု ၂ဝ၁ဝ ကာလမှာတော့ ဂလိုဘယ်လိုက်ဇေးရှင်း မိတ်ဆက်ပညာပေးစာအုပ်တွေနဲ့ နိုင်ငံခြားခရီး အပေါက်အရောက်များလာကြလို့ တိုင်းပြည်နဲ့လူမျိုးအတွက် မျိုးချစ်စိတ်ဆိုတာထက် ပိုအလုပ်ဖြစ်မယ့် အတွေးအခေါ်အသိအမြင်တွေ အရာရှိငယ်တွေကြား ပျံ့နှံ့အားကောင်း နေတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးတို့ ငယ်ငယ်တုန်းကလို သစ္စာရှိပုံချင်း တူနိုင်ပါတော့မလား။


တိုင်းပြည်တကယ်တိုးတက်စေတဲ့ လစ်ဘရယ်လိုက်ဇေးရှင်း လူမှု-စီးပွားအသိကို ကျောက်ခေတ်မှာ ကျောက်ချ နေမယ့် နိုင်တီးဂွမ်တီးက မျိုးချစ်စိတ်တို့ သစ္စာရှိမှုတို့က ရေရှည် လွှမ်းမိုးနိုင်ပါ့မလား။ ကြိုက်သလိုသာလုပ်ပါ ဦးသန်းရွှေ၊ ဘယ်လမ်းမှ အာလူးဘူးသီးကြီး*** အတွက် မချောင်ပါဘူး။


အောက်ခြေမှတ်စု။
*ဦး ၄ = တပ်မတော် စစ်ဦးစီးရေးရာဖိုင်တွဲအမျိုးအစားခွဲခြားမှုမှာ ရန်ဘက်အင်အားစုများ သတင်း
**ဖက်တိတ် = Fatigue အောက်ခြေရဲဘော်များအတွက် တပ်တွင်းအလုပ်ကြမ်းလုပ်အားပေး
***အာလူးဘူးသီးကြီး = အဘကြီး (ဗိုလ်သန်းရွှေကို တပ်တွင်းမှ ခေါ်ရသည့်နာမည်)


မြန်မာ့သတင်း ကမ္ဘာ့သတင်း

Injured local resident sits in hospital compound after receiving initial treatment in Mingora, Swat Valley, 09 May 2009

ပါကစ္စတန် နိုင်ငံမှာ တာလီဘန်တွေကို အစိုးရတပ်တွေ တိုက်ခိုက်နေတဲ့ အနောက်မြောက်ဒေသက ထောင်ပေါင်းများစွာသော အရပ်သားတွေကို ဘေးလွှတ်ရာ သွားနိုင်ဖို့ ပါကစ္စတန် အာဏာပိုင်တွေက ခွင့်ပြုခဲ့ပါတယ်။



NEJ / ၁၁ မေ ၂၀၀၉


“ထိုင်းဆားတွေကို အခုလို အလုံးအရင်းနဲ့ နေ့တိုင်းသွင်းတာ (၃) လ လောက်ရှိသွားပြီ။ ဧရာဝတီတိုင်းက ဆားထွက်များတဲ့ ဒေသတွေမှာ နာဂစ်ကြောင့် ဆားကျင်းတွေပျက်ပြီး ဒီနေ့ထိ နာလန်ပြန်မထူနိုင် သေးဘူး။ ဒါကြောင့် ပြည်တွင်းဝယ်လိုအားကြောင့် ဆားသွင်းရတာဖြစ်...”....အပြည့်အစုံသို့
ဝေဘာဂီအထူးကုဆေးရုံကြီးမှ လူနာများ မင်္ဂလာဒုံ ဆေးရုံသစ်ကြီးသို့ ရှေ့လအတွင်း ရွှေ့ရမည်
အောင်ထက်/ ၁၁ မေ ၂၀၀၉ “ဝေဘာဂီ ဆေးရုံကြီးမှာ တနေ့ကို လူနာအယောက် (၃၀) လောက် နေ့စဉ် အသက်ဆုံးရှုံးနေကြတယ်။ ဆေးရုံတခုလုံးမှာ ဆို လူနာပေါင်း ပျမ်းမျှခြင်း (၁၅၀) လောက်ရှိတယ်၊ တနေ့တနေ့ကို (၃၀) လောက်သေလိုက်၊ နောက်ထပ် (၃၀) (၄၀) လောက်တက်လာလိုက်။ တခါတခါကျ ကုတင်တွေ အစားထိုးလိုက်နဲ့ မြန်မာတနိုင်ငံလုံးက...” .....အပြည့်အစုံသို့
ဒေါက်တာတင်မျိုးဝင်းအား ထိန်းသိမ်းထားသည့်နေရာ မသိရသေး
မင်းနိုင်သူ / ၁၁ မေ ၂၀၀၉
“လစဉ် ပထမပတ် ကြာသပတေးနေ့ တိုင်း ဒေါ်အောင်ဆန်းစုကြည်အား ဆေးစစ်ပေးနေရသော ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက ထိန်းသိမ်းလိုက်ပြီးနောက် တွဲဖက်ဆရာဝန်တဦးဖြစ်သူ ဒေါက်တာဒေါ်ပြုံးမိုအိက....” ..အပြည့်အစုံသို့
ငါးလုပ်ငန်းက ချပေးသည့်ချောင်းလေလံကြောင့် ချောင်းနားကရွာများ ချောင်းငါးမစားနိုင်
NEJ / ၁၁ မေ ၂၀၀၉ “ဥက္ကဋ္ဌကလည်း လေလံရထား သူဘက်ကဆိုတော့ ဒီလိုကွန်ပစ် ငါးဖမ်းလုပ်မိသူတွေက နစ်နာတာ ချည်းပဲ။ ထောင်မကျရင်တော့ လျော်ကြေးပေးရတယ်။ ကျနော်ဆို လျော်ကြေး ကျပ် (၈) သောင်းလောက် ပေးလိုက်ရဖူး....”...အပြည့်အစုံသို့
ဂျောက်ဂျက် သီချင်းဆိုခွင့် ရပြီ

NEJ / ၁၁ မေ ၂၀၀၉
ကျနော် အခု အမြင်မှန်ရသွားပါပြီ။ ပရိသတ်ကြီးအတွက် အရင်ကလို အရိုင်းအစိုင်းတွေ မပါတော့တဲ့ ဂျောက်ဂျက် သီချင်းလေးတွေ တင်ဆက်မှာပါ။ ဂျောက်ဂျက် လိမ္မာသွား ပါပြီ။ ဟာသတွေ၊ ဘ၀တွေပါမယ်။ ကျနော့်သီချင်းကို ကြားရရင် ပျော်ရွှင်ရယ်မောရပါစေမယ်၊ အမိုက်စားလေးတွေ လုပ်ထားတယ် ...အပြည့်အစုံသို့
အနာဂတ်လှချင်ရင် သမိုင်းမှန်အောင် ရေးပါ

မောင်သြ / ၁၁ မေ ၂၀၀၉

မသေချာ မရေရာ ခိုင်မာတိကျမှုမရှိဘဲ ငါ့စကားနွားရ တဖက်သတ်အမြင်မျိုးနဲ့ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးအုပ်ဖို့ ကြိုးစားတာဟာ ပြည်သူတွေရဲ့ အသည်းပန်းကို အဆိပ်ရေနဲ့ ဖျန်းပက်တာပဲဖြစ်တယ်။ မောင်မှတ်တို့လို ဆောင်းပါး ကလိန်စေ့ငြမ်းဆင်တွေ အစိုးရသတင်းစာကနေ မရေးတော့ ဘဲ ပုဂ္ဂလိကဂျာနယ်တွေမှာ ဖော်ပြနေတာကိုက အစိုးရ အာဘော်မဖြစ်ချင်လို့ လှည့်လိမ်လိုက်တာ...အပြည့်အစုံသို့

နာလန်မထူနိုင်သေးသူများအတွက် အထက်ကလာတဲ့လက်ဆောင်

ညွန့်ထွေး
သြဂုတ် ၉၊ ၂၀၀၈

နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဟူသောစကားက ကွမ်းခြံကုန်းမြို့နယ်တွင်းရှိ ဆိပ်ကြီးကျေးရွာတွင် သွေးထွက်အောင် မှန်နေသည်။ စစ်တပ်က ရွာသားများကို လုပ်အားပေးဆင့်ကာ ရဟတ်ယာဉ်ကွင်းတခု တည်ဆောက်နေခြင်းကြောင့်ပင်။ ယင်းဒေသမှာ ရန်ကုန်တိုင်းအတွင်း လေဘေးသင့်မြို့နယ်များကြားတွင် အခြေအနေ အဆိုးဝါးဆုံးရပ်ဝန်း ဖြစ်ခဲ့သည်။

အပြည့်အစုံသို့ ...

ကာတွန်း စောငို - သတင်းစာ မှားတယ်

မေ ၁၁၊ ၂၀၀၉



အမေနေ့
မောင်စွမ်းရည်
မေ ၁၀၊ ၂၀၀၉

ဒီနေ့

အမေနေ့။

ဗမာ့အမေနေ့

အာရှ အမေနေ့

အာဖရိက အမေနေ့

ကမ္ဘာ့ အမေနေ့

အားလုံးရဲ့ အမေနေ့။

အပြည့်အစုံသို့ ...

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လက်နက်မချနိုင်ဟု ဆို
မိုးမခ အထောက်တော် ၀၀၅
မေ ၁၀၊ ၂၀၀၉ KIA ကချင် စစ်သားများ (ဓာတ်ပုံ - Thomas Fuller)

အပစ်ရပ်အဖွဲ့ကြီးတခု ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လက်နက်ချမည်မဟုတ် ဟု နယူးယောက်တိုင်းမ်စ် သတင်းစာကို ပြောလိုက်သည်။

အပြည့်အစုံသို့ ...

Yangon Airport Departure Lounge

နအဖ အစိုးရက အမေရိကန် ဧည့်သည်များနှင့် ပတ်သက်၍ စိစစ်နေ

မိုးမခ အထောက်တော် ၀၀၃

မေ ၁၀၊ ၂၀၀၉

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် လျက်ရှိသည့် အမေရိကန် နိုင်ငံသား အချို့အပေါ် နအဖ အစိုးရက စိစစ် ပြန်ပို့မှုများ ရှိနေသည် ဟုရန်ကုန်မှ ပြန်ရောက်လာသော မြန်မာနိုင်ငံသား တဦး၏ ပြောဆိုချက်အရ သိရသည်။

ရန်ကုန်သို့ အလည်အပတ် ဗီဇာဖြင့် ရောက်ရှိ နေထိုင်လျက်ရှိသည့် အမေရိကန် နိုင်ငံသား နှစ်ဦးကို မြန်မာ ထောက်လှမ်းရေးများက ပြန်လွှတ် (deport) ခဲ့ကြောင်း အဆိုပါ အမေရိကန်နိုင်ငံသား နှစ်ဦးနှင့် လေယာဉ်တစီးထည်း စီးပြီး ဘန်ကောက်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသား တဦးက ပြောဆိုသည်။

အပြည့်အစုံသို့ ...

ဘာတွေဖြစ်နေသလဲ လာကြည့်စေချင်တယ်

( ၁ နှစ်အကြာ - နာဂစ်မုန်တိုင်းက ကျန်ရစ်သူတဦးရဲ့ အသံ)

ဝင်းမြတ်

ဘိုကလေး ၊ မေ ၉ - နာဂစ်မုန်တိုင်း မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခတ်ခဲ့တာ တစ်နှစ် ပြည့်လွန်ခဲ့ပေမယ့် မုန်တိုင်းဒဏ်သင့် ဒေသမှာ နေထိုင်သူတွေမှာ အခက် အခဲများနဲ့ ရင်ဆိုင် နေရဆဲပါ။ နာဂစ်မုန်တိုင်း ဖြစ်ပြီးခါစမှာ ကယ်ဆယ်ရေး ကူညီ ထောက်ပံ့ရေး လုပ်ငန်းတွေ နှေးကွေးခဲ့သလို ယနေ့အချိန် အထိလည်း အကူအညီ ရရှိမှုတွေ နည်းပါး နေသေးတာ တွေ့ရပါတယ်။

အပြည့်အစုံသို့ ...

၂ဝ၁ဝ စိန်ခေါ်မှုများနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
မောင်ရွှေ
မေ ၁ဝ၊ ၂ဝဝ၉

“- - သူနဲ့ ဒေါ်စုတို့ သက်ရှိ ထင်ရှား ရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူတဲ့ ညီညွတ်မှုတစ်ခုကို အရယူနိုင်တယ် - - ”

၂ဝဝ၉ခုနှစ်ရဲ့ ရက်တွေလတွေ တရွေ့ရွေ့ တိုက်စားလို့ ခရစ်နှစ် ၂ဝ၁ဝ ဆိုတာကို ချဉ်းကပ်လို့နေပါပြီ၊ မြန်မာ့နိုင်ငံရေး ၂ဝ၁ဝ ပန်းချီကားလည်း တဖြည်းဖြည်း ပီပီပြင်ပြင်ဖြစ်လို့လာနေပါပြီ၊ အချို့ နိုင်ငံရေး အကဲခပ်သမားများကတော့ နိုင်ငံအရေး ဆွေးနွေးစရာ အခင်းအကျင်း အသစ်တွေ ပေါ်ထွက်လာတော့မယ်၊ နိုင်ငံရေးပါတီများ အတွက် ပြောရေး ဆိုခွင့်တွေ ပိုမို ရရှိလာတော့မယ် စသည်ဖြင့် အကောင်းမြင် အတွေးများလည်း ရှိနေသလို အချို့ကလည်း ပေါ်ထွက်လာမယ့် နိုင်ငံရေးစနစ်သစ်ဟာ မြန်မာပြည်အတွက် စစ်အုပ်ချုပ်ရေးကို တရားဝင် အသက်သွင်းတဲ့ စနစ်ပါလို့ ဆိုကြ ပြန်ပါတယ်။ ဒီတော့ ၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်းအကျင်းအသစ်က ယူဆောင်လာနိုင်တဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ပတ်သက်လို့ Scenario လေးတစ်ခု ဖန်တီးပြီး တွေးကြည့်ကြရအောင်။

Xxx - - - - xxX

အပြည့်အစုံသို့ ...

အင်တာဗျူး

စစ်ခေါင်းဆောင်များကို ခုံရုံးတင်ဖို့ အထောက်အထားတွေ ရှိနေပြီ

(BLC ဥက္ကဋ္ဌနှင့် ဆက်သွယ် မေးမြန်းချက်) ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ - (BLC )က ...


၇ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့အပိုင် ကျောက်လဲကျေးရွာမှ ၇ နှစ်သမီးအရွယ် မိန်းကလေးတဦး ယခုလ ၇ ရက်နေ့က အဓမ္မ ပြုကျင့်ခံခဲ့ရသည်။ မောင်တောမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ...

လူထုဒေါ်ဒေါ်၊ လူထုအမေ၊ လူထုအဘွားအတွက် ဂုဏ်ပြုလိုက်တဲ့စာ

ကျမတို့ မန္တလေးမြို့သူမြို့သားတွေ စစ်မီးကြီး မြို့ပေါ်လောင်ကျွမ်းလာတော့ နီးစပ်ရာ၊ ဆက်နွှယ်ရာ၊ အားကိုးရာ နေရာတွေကို အိုးပစ်အိမ်ပစ်နဲ့ ထွက်ပြေးကြရတယ်။ မန္တလေးနဲ့နီးတဲ့...

မေမေ့အတွက်

(ဆောင်းပါး) သားသမီး ၁၁ ယောက်ကို ကိုယ်လက်အင်္ဂါ အစုံအလင်နဲ့ ကျန်းမာသန့်စင်စွာ မွေးဖွားပေးခဲ့တဲ့ မေမေ့ အကြောင်းကို စဉ်းစားတိုင်း...



more