11.19.2009

Burma's News World's News


U.S. President Barack Obama speaks to U.S. troops at a U.S. military airbase in Osan, south of Seoul, 19 Nov 2009
Thu. 19 Nov 2009 1011 UTC

Obama Calls on N. Korea to Return to Talks

After meeting with South Korean President Lee Myung-bak, the US president ended his Asian tour with a visit to American troops at the Osan air base

Full Story » | Listen Audio clip available

Afghanistan's President Hamid Karzai (L) takes the presidential oath besides Afghanistan's Chief Justice Abdul Salam Azimi during his inauguration at the Presidential Palace in Kabul, 19 Nov 2009

Karzai Sworn in for Second Term as Afghan President

Addressing hundreds of foreign dignitaries and Afghan leaders at the ceremony, Hamid Karzai vowed to tackle government corruption, calling it a 'dangerous enemy of the state'

" width="60" border="0" height="60">

At Least 19 Reported Dead in Pakistan Blast

Officials say the attacker blew himself up when guards were trying to search him outside a court building in Peshawar

A pedestrian crosses a footbridge over early afternoon traffic on a smoggy day in Beijing, 17 Sep 2009

Climate Change, Political Experts Say Obama Made Progress on China Trip

China agreed to work with the United States on a technology called carbon capture and sequestration

Iraqi Vice President Tareq al-Hashemi (File)

Iraq January Election on Hold

Tariq al-Hashemi says he wants more representation for Iraqis living abroad, many of whom are Sunni Arabs


Hamid Karzai's inauguration in Kabul, 19 Nov
Hamid Karzai says he wants Afghan forces in charge within five years, as he is sworn in for a second term as president.

Growth and recovery are expected in 2010 in most world regions, but the upturn will be modest, the OECD says.

Drinking alcohol every day cuts the risk of coronary heart disease in men sharply, a study suggests, but experts remain critical.

QUOTE OF THE DAY
These prosecutions fly in the face of Indonesia's commitments to free expression
— Elaine Pearson, the deputy Asia director of Human Rights Watch, commenting on three men imprisoned for three years in Indonesia for raising a banned separatist flag

Rice Shortage Scares: Would The Real Culprits Please Step Forward?

By WILLIAM BOOT
Alarms about a possible new Asian rice crisis may be nothing more than scaremongering, while key producers are hoarding.

NEWS ANALYSIS

Assessing the US-Asean Summit

By SIMON ROUGHNEEN
The US-Asean Summit was generally well received, and US President's public demand for Suu Kyi’s release was a dramatic repudiation of the regime's oppressive ways.

Coco Islands to Open for Tourism

By WAI MOE
A former penal colony and a secretive naval base, the Coco islanders will host their first official tourists this weekend.

Global Fund Returns to Burma with Large Grant

By LAWI WENG
The Global Fund, after a four-year absence, donates US $110 million to Burma to fight HIV/AIDS, malaria and tuberculosis.

Mystery of the Handcuffed Statues

By KYI WAI
Rangoon’s rumor mill is at work again over reports that statues of a well known nat, or spirit, in two local temples are being handcuffed at night.
Photobucket

‘Burma VJ’ shortlisted for 2009 Oscars

A documentary film on the brutal crackdown on Buddhist monk-led protests in September 2007 by Burma’s ruling military junta, has been shortlisted among the nominations...

Private schools shifted under Ministry of Education

For the first time, the Burmese ministry of Education has allowed a school in Rangoon to operate as a private school on November 9, a Deputy Director of the Basic...

NLD-LA to uphold Shwegondaing Declaration

At its recently held conference on the Thai-Burma border, the National League for Democracy (Liberated Area) (NLD-LA) adopted a resolution to uphold the Shwegondaing...
Jail term extended for 2007 activist

Nov 19, 2009 (DVB)–An activist whose group played a key role in sparking the September 2007 monk-led uprising in Burma has had his 10-year prison sentence extended by eight years, sources close to his family said. - more


Burmese hit by Japan job ‘scam’

Nov 19, 2009 (DVB)–A Rangoon-based Japanese employment agency is facing charges after more than 100 customers failed to receive job offers or visas to Japan a year after first paying for its services. - more


Burma to ‘double output’ of gas by 2020

Nov 19, 2009 (DVB)–Burma is to double its output of natural gas in the next 10 years, the country’s sole operator of oil and gas production told a regional trade fair in Bangkok yesterday. - more


Nearly 200 drug cases in past month

Nov 19, 2009 (DVB)–More than 270 people were arrested in Burma in October on drugs charges while police exposed 199 drug-related cases, state-media said today. - more


Private oil wells seized for Chinese company

Nov 19, 2009 (DVB)–Private oil wells and farmland in western Burma have been seized by government authorities to ready for exploration by a Chinese oil company, locals said. - more


Suu Kyi’s letter goes public

Nov 18, 2009 (DVB)–Burma’s main opposition party has released the contents of a letter sent last week by Aung San Suu Kyi to the country’s ruling general in which she requests a meeting between the two. - more


Newspaper typo leads to journalist arrest

Nov 18, 2009 (DVB)–A glaring typo in one of Burma’s leading newspapers has landed a journalist in detention and temporarily delayed the printing run of the publication. - more


Burma among world’s ‘most corrupt’ states

Nov 18, 2009 (DVB)–Burma has been ranked third from bottom in an international report examining corruption in 180 countries around the world, with only the war-ravaged Somalia and Afghanistan ranking lower. - more


50 percent rise in Burma forced labour

Nov 18, 2009 (DVB)–Complaints of forced labour in Burma have risen by nearly 50 percent in the past five months, with more than half of these stemming from the recruitment of youths into the army. - more

အမှန်တရားဂျာနယ် အတွဲ ၁ အမှတ် ၉ ကို ထုတ်ဝေ

Thursday, November 19, 2009

အမှန်တရားဂျာနယ် အယ်ဒီတာ့ အာဘော်
တွေ့ဆုံဆွေးနွေး အဖြေရှာရေး နီးပြီလား
၂၀၀၉ ခုနှစ်၏ နိုင်ငံရေး အချိုးအကွေ့များက အပြောင်းအလဲများစွာ ရှိခဲ့သည်။မြန်မာ စစ်အုပ်စု၏ ဆောင်ရွက် ချက် သတင်းများကို မြန်မာနိုင်ငံသားများသာမက တကမ္ဘာလုံးကပါ စောင့်ကြည့် နေခဲ့ကြရသည်။
ဂျွန်ယက်တောကိစ္စနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချခြင်း၊ ဆီနိတ်တာ ဂျင်ဝက်နှင့် ဂျွန်ယက်တောကို ပြန်ထည့်ပေးလိုက်ခြင်း၊ နောက်ထပ် မြန်မာ နိုင်ငံဖွား အမေရိကန် နိုင်ငံသားတဦးကို တရား စွဲဆို ထားခြင်း၊ အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီ အပြောင်းအလဲ ၊ ၅၀၀၀ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စီးပွါးရေး ပိတ်ဆို့ မှုအတွက် ဝိုင်းဝန်း အဖြေရှာရန် ကမ်းလှမ်းခြင်း စသည့် သတင်းများကို တကမ္ဘာလုံးက စောင့်ကြည့် စိတ်ဝင်စားခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက် အရ တွေ့ဆုံဆွေးနွေးများ အပြီးတွင် NLD ၏ CEC များနှင့် တွေ့ဆုံခွင့် ပေးခဲ့သလို အမေရိကန် နိုင်ငံခြားရေးဌာနမှ မစ္စတာ ကင်းဘဲ နှင့် တွေ့ဆုံ ခွင့်ပြုခဲ့ပြန်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နေအိမ် အကျယ်ချုပ် ကျခံနေရသော NLD ဒုဥက္ကဌ သူရဦးတင်ဦးကိုမူ ချန်လှပ် ထားခဲ့ ပြန်ပါသည်။
ယခုတဖန် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးရန် အလားအလာရှိကြောင်းနအဖ အစိုးရရဲ့ နိုင်ငံခြားရေးဌာန ညွှန်ချုပ် တဦးဖြစ်သူ ဦးမင်းလွင်က ဖိလစ်ပိုင် နိုင်ငံတွင် “ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးဖို့ အစီအစဉ် ရှိတယ်၊ လာမယ့် ရွေးကောက်ပွဲ မှာလည်း ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင် နိုင်မယ်” ဟု ပြောဆိုခဲ့သည်။ သို့ရာတွင် ထိုသူများသည် အပြီးသတ် ဆုံးဖြတ်ချက်ပေးနိုင်သူများ မဟုတ်။
စစ်အုပ်စု၏ လုပ်ရပ်များသည် မီးစတဖက်ရေမှုတ် တဖက်ဖြင့် လိုသလို အလျှော့ အတင်း လုပ်နေခြင်းသာ ဖြစ်သည်ဟုယူဆရန် အခြေအနေများရှိနေသေးသည်။
တွေ့ဆုံဆွေးနွေးရေး အတွက် လမ်းစများ ထွက်ပေါ်လာခြင်းသည် တိုင်းပြည်၏ အနာဂါတ် အတွက် မျှော်လင့် ချက် ရောင်နီသမ်းလာခြင်းဖြစ်၍ မည်သို့ပင်ဖြစ်စေ သတိကြီးစွာဖြင့် ကြိုဆိုရမည် ဖြစ်သည်။
သို့ရာတွင် ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများ အနေဖြင့် မိမိတို့ လက်ရှိ ဆောင် ရွက် နေမှုများကို ရပ်တန့်လိုက်ရမည် မဟုတ်ပဲ ပို၍ တိုးမြှင့် အားစိုက်ရန်ပင် လိုအပ်နေပါ သေးသည်။
နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ သင့်လျှော်သော ဒီမိုကရေစီ အခြေခံများ ပေါ်ထွန်းရေးနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည် ဒီိမိုကရေစီရေး ဆောင် ရွက်သူများ၏ အပေါ်တွင်သာ ဆက်လက် တည်မှီနေပါ သေးသည်ဟု လေးနက်စွာ ယုံကြည် ပါသည်။
D-Wave

CAC Volume1 NO 9.PDF.reading

“စစ်အစိုးရ အဘိဓာန်မှာ လုံးဝမပါသည့်စကားလုံးနှင့် အမြင်သွေလွဲခြင်း”

စိုးနေလင်း
Wednesday, November 18, 2009


မြန်မာနိုင်ငံအကြောင်း စဉ်းစားလိုက်တိုင်း ကိုယ် ကိုယ်တိုင် အပါအ၀င်ဖြစ်တဲ့ ပြည်သူလူထုကြီး တရပ်လုံးဟာ တခြားဒီ ထက်ပိုပြီး အခြေအနေ ဆိုးဝါးတဲ့ နိုင်ငံအနည်းအကျဉ်းက လွဲရင် အတော် ကြီး ကံအကြောင်းမလှခဲ့ဖြစ်ခဲ့ရ၊ ဖြစ်နေရ တယ် လို့ ပြောရမှာပါပဲ။ လွတ်လပ်ရေးဆိုတဲ့အရသာကို အ မြည်းသဘောလောက်ပဲ ခံစားခွင့် ရခဲ့ကြ သူတွေ ဖြစ်ခဲ့ကြ ပါတယ်။ တကယ်တန်းပြောရရင် မြန်မာနိုင်ငံရဲ့ အင်အာ အများဆုံး လူတန်းစား ဖြစ်တဲ့ လယ်သမားနဲ့ အလုပ်သမား လူတန်းစား ဆင်းရဲသားကျောမွဲ ပြည်သူလူထုအများစုဟာ ဘယ်တုံးကမှ လွတ်လပ်ရေးအရသာကို မခံစားကြရသေးပါဘူး။ နယ်ချဲ့အင်္ဂလိပ် ဖက်ဆစ်ဂျပန် နယ်ချဲ့အင်္ဂလိပ် အုပ်စိုးမင်းမူမှုတွေက လွတ်မြောက်ပြီး ဒီမိုကရေစီ အညှောက် ကလေး ထွက်ပေါက်လာကာစမှာပဲ စစ်အာဏာရှင်တွေရဲ့ ကျေးကျွန်ပြန်ဖြစ်ခဲ့ကြရတာပါ။ စကားလုံး ရွေးချယ် သုံးနှုန်းရရင်တော့ အမျိုးသား စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်အောက်မှာ ကျွန်သဘောက်တွေ ဖြစ်ခဲ့ကြ ရတာပါ။ ခုချိန်မထိလည်း စစ်အာဏာ ရှင်စနစ်အောက်က ကျေးကျွန်တွေဖြစ်နေဆဲပါပဲ။ နှစ်နဲ့ တွက်ချက် ရရင်တော့ ဗိုလ်နေ၀င်းရဲ့ အိမ်စောင့်အစိုးရသက်တမ်းကိုပါ ထည့်ပြီး ရေတွက်မယ်ဆိုရင် ရာစုနှစ်ဝက် အနှစ် ၅၀ ပြည့်လုလု ဖြစ်နေပါပြီ။

စစ်အာဏာရှင်စနစ်ကတော့ သူ့ရဲ့စရိုက်သဘာဝအတိုင်း ပြည်သူလူထုကိုဖိနှိပ်မယ်၊ ညှင်းပမ်းနှိပ်စက်မယ်၊ ပြည်သူလူထုတွေပိုင်ဆိုင် တဲ့ တိုင်းပြည်ရဲ့သဘာဝ သယံဇာတပစ္စည်းတွေကို ကိုယ်ကျိုးစီးပွားအဖြစ် သုံးစွဲမယ် ရယူစုဆောင်းမယ်။ သူတို့ရဲ့ အာဏာနဲ့ကိုယ် ကျိုးစီးပွားကို ထိပါးလာမယ်ဆိုရင် ဘယ်သူကိုမဆို ခြေမှုန်း နှိမ်နှင်းမယ်၊ လိုအပ်ရင် သတ်ဖြတ်အပြတ်ရှင်းပစ်မယ်။ အဲဒီသဘာဝဟာ ခု ထိလည်း မပြောင်းမလဲ ဒီအတိုင်းပါပဲ။ ပြည်သူလူထုကြီး တရပ်လုံးဟာလည်း ဆင်းရဲတွင်း ငရဲတွင်းထဲမှာ နစ်မွန်းနေဆဲပါပဲ။ ကမ္ဘာကြီး တခုလုံးရဲ့ ဖွံဖြိုးတိုးတက်လာတဲ့ သိပ္ပံနဲ့နည်းပညာ ဆက်သွယ်ရေးနည်းပညာတွေရဲ့ ဝေစုရှယ်ယာအရ အနည်းအကျဉ်း ပြောင်းလဲတိုး တက်လာတာမျိုးကလွဲရင် နှိင်းယှဉ်မှုအရ အိမ်နီးချင်းနိုင်ငံ အများစုအပါအ၀င် တခြား ကမ္ဘာ့နိုင်ငံ တွေနဲ့ ဘာမှမဆိုင်အောင် အောက်တန်းကျနေဆဲ ဖြစ်ပါတယ်။ တရားခံကိုတခြားရှည်ရှည်ဝေးဝေး ရှာနေစရာ မလိုဘူးဆိုတာကိုသာမန်အသိတရား အဆင့်ရှိကြသူတိုင်း နားလည်သဘောပေါက်ပြီး ဖြစ်ကြပါလိမ့်မယ်။ တိုင်းပြည်နဲ့ပြည်သူလူထုကြီးတရပ်လုံး ဆင်းရဲမွဲပြာ အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ အခြေအနေကနေ လွတ် မြောက်ဖို့ ဆိုရင် ကျနော်တို့တိုင်းပြည်မှာ စိုးမိုးအုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရှင်းလင်း ပစ်မှ သာ ဖြစ်နိုင်မယ်ဆိုတာကို သူ့ရဲ့လုပ်ရပ်တွေကပြသခဲ့ ပြသနေဆဲဖြစ်ပါတယ်။

စစ်အစိုးရက အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရဲ့ လုပ်ရပ်ကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ်ရွေး ကောက်ပွဲလွန်ကာလအထိ အကျဉ်းချထားရေးကြိုးပမ်းအားထုတ်မှု နောက်ပိုင်းကစပြီး လိပ်ခဲ တင်းတင်း ရှေ့တိုးမရဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေဟာ မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှ နိုင်ငံတွေ အပေါ်ထားရှိတဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲ ကြောင့် နည်းနည်းစပြီးလှုပ်လာတာကို သတိပြုမိကြမယ်ထင်ပါတယ်။ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မြန်မာနိုင်ငံ အပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးရေးမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပြီး တဲ့ နောက်မှာ စစ်အစိုးရက သူမရဲ့တောင်းဆိုမှုတချို့ကို လိုက်လျှောခွင့်ပြုခဲ့လို့ စစ်အစိုးရ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ သူမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား ဆက်ဆံရေးဟာ အေးခဲနေရာကစပြီး အရည်ပျော်စ ပြုလာပုံရတယ်လို့ အကဲခတ်လာကြတာ ကိုလည်း သတိပြုမိကြပြီးဖြစ်ပါလိမ့်မယ်။

ကျနော်တို့သတိထားရမှာကတော့ ဘယ်သူတွေဘာပြောပြော အပြောထက် အလုပ်ကိုကြည့်တတ်ဖို့ပါပဲ။ အမေရိကန် အစိုးရက မြန်မာ နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုလုပ်တဲ့နည်းဟာ အလုပ်မဖြစ်ဘူးလို့ ယုံကြည်တဲ့ အတွက် ပြန်လည်သုံးသပ်ပြောင်းလဲခဲ့တယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် မြန်မာနိင်ငံအစိုးရက ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက် ဘာမှတိုးတက်အောင်လုပ်မပြပဲ အရေးယူပိတ်ဆို့ မှုတွေကို ရုတ်သိမ်းမပေးနိုင်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည် နဲ့နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ဆောင်ရွက်ခွင့်ရရှိအောင် အခြေအနေကောင်းတွေ ဖန်တည်းပေးဖို့တွေကို တောင်းဆိုထား ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေနဲ့ တွေ့ဆုံပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေငြာချက်မှာ တောင်းဆိုထားတဲ့အချက်တွေအတိုင်း တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုရေး၊ ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး လွှတ်ပေးရေး၊ တပြည်လုံးမှာ အပိတ်ခံထားရဆဲဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုဖို့ဆက်လက်တောင်းဆိုနေပါတယ်။ နောက်ဆုံးအမေရိကန်အစိုးရရဲ့ ကိုယ်စ လှယ်တွေ ကိုလည်း အဲဒီတောင်းဆိုချက်တွေ ရရှိရေးအတွက်ပဲ အဓိကထားဆွေးနွေးခဲ့ပါတယ်။

စစ်အစိုးရကထုံးစံအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဘာတခုမှ တုန့်ပြန်ပြောကြား မလုပ်ခဲ့ပါဘူး၊ မသိချင်ယောင်အဖက်မတန်သယောင် လုပ်ထားခဲ့ပါတယ်။ အမေရိကန် အစိုးရ ကိုတော့ နိုင်ငံရေးအကျဉ်းသားအနည်းစုလေးနဲ့ တ ခြားရာဇ၀တ် အကျဉ်းသားအများစုကြီးကို လွှတ်ပြပြီးသူတို့ရဲ့ နည်းဟောင်းကြီး ဖြစ်တဲ့ ဖမ်းလွှတ်ဖမ်းကစားနည်းကို ကစားပြလိုက်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တခြားအရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လှုပ်ရှားသူတွေကိုလွှတ်မပေးဘဲ ဆက် လက်ထိမ်းသိမ်းထားဆဲ ဖြစ်ပါတယ်။ သူတို့အာဏာတည်မြဲရေးကို ထိပါးမလာနိုင်လောက်သေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချို့ တောင်းဆိုချက်တွေကို လိုက်လျှောခွင့်ပြုပေးခဲ့ပါတယ်။ တခြားဘာတောင်းဆိုချက်ကိုမှ ခုချိန်ထိ လိုက်လျှော ခွင့်ပြုတာ မရှိခဲ့သေးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တက်ကြွလှုပ်ရှားသူ လူကြီးလူငယ်တွေ တခြား ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေ ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး နည်းနည်းမသင်ကာတာနဲ့ ဖမ်းဆီးစစ်ဆေး အရေးယူအပြစ်ပေးမှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။ သူတို့မွေးမြူထားတဲ့ လူထု သစ္စာဖောက် တွေကို လူထုအုံကြွမှုခြေမှုန်းတိုက်ဖျက်ရေးသင်တန်းတွေ လက်သိပ်ထိုး ပေးလာတာ မျိုးတွေ တွေ့လာရပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ရှေ့ရှုတဲ့ ခြေခြေမြစ်မြစ် လမ်းဖွင့်ပြုပြင် ပြောင်းလဲ ပေးတာမျိုးတွေကို လုံးဝမတွေ့ရသေးပါဘူး။ ဒါဟာလောလောဆယ် အမေရိကန်နဲ့နိုင်ငံတကာက ဖိအားပေး တောင်းဆိုနေတာတွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတောင်းဆို လုပ်ဆောင်နေတာတွေနဲ့ စစ်အစိုးရရဲ့ အပြော၊ အပြ၊ အလုပ်တွေပဲဖြစ်ပါတယ်။

အဲဒီအခြေအနေမှာ အမေရိကန် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားလုံး လွှတ်ပေးရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုနေတဲ့ ရွှေဂုံတိုင် ကြေငြာချက်ပါတောင်းဆိုချက်တွေကို စစ်အစိုးရက လိုက် လျှောခွင့်ပြုလာနိုင်ခြေ ရှိပါသလား။ စစ်အစိုးရဖက်က အခြေအနေအ၀န်းအ၀ိုင်းအားလုံးကို အသာစီးအခြေအနေနဲ့ စီးနင်းပြီး ဒေါ် အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို လှုပ်လို့မရအောင်လုပ်၊ နိုင်ငံတကာကိုလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်လပ်တရား မျှတအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါတယ်လို့ ဟန်ပြသဘောလုပ်ထားတွေနဲ့ လှည့်စား အယုံသွင်းပြီးတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးလိုက်နိုင်တယ်လို့ပဲထား။ မြန်မာနိုင်ငံ ပြည်သူလူထုကြီးတ ရပ်လုံး လိုလားတောင့်တနေတဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာ အာမခံတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်နိုင်ဖို့ကို တ ကယ်တန်းလိုက်လျှောခွင့်ပြုနိုင်ခြေ ရှိပါ့မလား။

အဲဒီစဉ်းစားချက်တွေကို ကြောင်းကျိုးယုတ္တိရှိရှိ ချဉ်းကပ်စဉ်းစားသုံးသပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ အလွန့်အလွန် နည်းပါးတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွေ့ကြုံရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေအားလုံးဟာ လုံးဝ အောင်အောင်မြင်မြင် ဖြတ်သန်းကျော်လွှားလို့ မရနိုင်စရာ မရှိပါဘူး။ အားလုံးကိုအောင်အောင်မြင်မြင် ဖြတ်သန်းကျော်လွှားနိုင်ပါတယ်။

အဲဒီအတွက် အရေးအကြီးဆုံးလိုအပ်ချက်ကတော့ စစ်အစိုးရရဲ့ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်ထားတဲ့ စေတနာပါပဲ။ အဲဒီ စေတနာသာ စစ်အစိုးရမှာတကယ်တန်းရှိခဲ့ရင် ဘယ်ကုလသမဂ္ဂရဲ့အထူးကိုယ်စလှယ် ဘယ်နိုင်ငံရဲ့ ကိုယ်စလှယ်တွေမှ ကြားဝင်ဆွေးနွေး ပေးစရာ၊ ကိုယ့်ဘာသာစကားနဲ့ကိုယ် လွတ်လွတ်လပ်လပ် တိုက်ရိုက်တွေ့ဆုံပြောဆိုလို့ရရဲ့နဲ့ ဆက်ဆံရေးဝန်ကြီးဆိုတဲ့ ဘာလုပ်ပိုင် ခွင့်မှမရှိတဲ့ ၀န်ကြီးတယောက်ကိုလည်း ရုပ်ပြခန့်ထားဖို့မလိုပါဘူး။ ကျနော်တို့ တိုင်းပြည်ကို ဖွံဖြိုးတိုးတက်တဲ့ဒီမိုကရေစီ နိုင်ငံတခု အဖြစ် အချိန်မရွေး ပြောင်းလဲသွားအောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီအဓိက အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့ “တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာ” ဆိုတာ စစ်အစိုးရဆီမှာ စကတည်းကိုက လုံးဝမရှိခဲ့တဲ့အရာတခု ဖြစ်ပါတယ်။ ဒါကိုကြောင်း ကျိုးမဲ့ အခြေအမြစ်မဲ့ ပြောနေတာမဟုတ်ပါဘူး။ စစ်အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ စာမျက်နှာအထပ်ထပ်ပေါ်မှာ အထင်အရှားမြင်သာထင်ရှား ရှိနေခဲ့ပြီးဖြစ်ပါတယ်။ အထူးသက်သေ ပြနေစရာ မလိုအောင်ကိုအခိုင်အမာရှိနေပါတယ်။

မရှိတဲ့အရာတခုကိုတောင်းနေရင် ရဖို့မျှော်လင့်နေတယ်ဆိုရင် မှန်၏ မမှန်၏ ဖြစ်သင့်၏ မဖြစ်သင့်၏ ဆိုတာ ကတော့ ကလေးတ ယောက်ကိုမေးခွန်းထုတ်ရင်တောင် အလွယ်တကူအဖြေပေးနိုင်ပါလိမ့်မယ်။

စစ်အစိုးရကတော့ သူ့မှာရှိတဲ့ ဥာဏ်နီ ဥာဏ်နက်မျိုးစုံ ကောက်ကျစ်စဉ်းလဲမှု ကလိန်ကညစ်ကျမှု ယုတ်မာ ရိုင်းစိုင်းမှု ရက်စက်မှုတွေ အားလုံးကို အရှက်မဲ့ အသုံးချပြီး နိုင်ငံတကာကို အယုံသွင်း မျက်လှည့်ပြ နေအုံးမှာဖြစ်သလို မြန်မာနိုင်ငံက ပြည်သူလူထုကိုလည်း လူသားတွေအဖြစ် သဘောမထားပဲ ဆက်ပြီး ဖိနှိပ် ညှင်းပမ်း ကျွန်ပြုအုပ်ချုပ်သွားဖို့ ကြိုးစားနေအုံးမှာပဲ ဖြစ်ပါတယ်။

ကျနော်တို့က ကျနော်တို့ပြည်သူလူထုကြီးရဲ့ လိုလားတောင့်တမှုကို ရယူပေးဖို့ကိုပဲ အလေးဂရု ပြုကြရ ပါလိမ့်မယ်။ မဝေးတော့တဲ့ အချိန်မှာ အဓမ္မစစ်ဝါဒီတွေကို ကျနော်တို့ ခြေမှုန်းအနိုင်ယူနိုင်တော့မှာပါ။

ဒေးဗစ်နဲ့ ဂေါလိယက် ကို ပြန်အမှတ်ရကြည့်လိုက်ပါ။ ။

စိုးနေလင်း

မြန်မာ့သတင်း ကမ္ဘာ့သတင်း

President Barack Obama (L)walks with S. Korean Foreign Minister Yu Myung-hwan(R)after arriving at US military airbase in Osan, 18 Nov 2009

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ကြာသပတေးနေ့မှာ တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်ခ်နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတွေ အတွက် ဆွေးနွေးခဲ့ကြပါတယ်။

US President Barack Obama speaks during joint statement to media with Chinese President Hu Jintao at Great Hall of the People in Beijing, 17 Nov 2009

၂၀၁၀ ရွေးကောက်ပွဲကို ကူကီး တိုင်းရင်းသားများ ကန့်ကွက်

၂၀၁၀ ရွေးကောက်ပွဲကို ကူကီး တိုင်းရင်းသားများ ကန့်ကွက်

၂၀၁၀ တွင်ပြုလုပ်မည့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းနှင့် တိုင်းရင်းသားပြည်သူ တရပ်လုံး ကိုလည်း ကန့်ကွက်ရန် တိုက်တွန်းကြောင်း ၄၂ နှစ်မြောက် ခါတော်မီ စစ်ဆင်ရေး နှစ်ပတ်လည်နေ့တွင်

ရခိုင်ပြည်နယ် စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်းပြန်လည်စတင်

စစ်အစိုးရက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ်ရှိ စိုင်းဒင်ရေအား လျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

Global Fund အဖွဲ့က မြန်မာကို ပြန်လည် အကူအညီပေးမည်

မြန်မာနိုင်ငံကို အိတ်ခ်ျအိုင်ဗီ၊ ငှက်ဖျား ရောဂါ နှင့် အဆုတ်ရောဂါ တိုက်ဖျက်ရေးအတွက် Global Fund အဖွဲ့က လာမည့် တနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၁၀ အကူအညီပေးမည် ဟုသိရသည်။
Photobucket

ဦးပဉ္ဇင်းကျော်ဟိန်း၏ “ကျော်ဟိန်းများ” စာအုပ်ကို စိတ်ဝင်စားသူများပြား

အနုပညာလောကမှ အနားယူ၍ ဦးကိတ္တိသာရ ဟူသော ဘွဲ့အမည်ဖြင့် သာသနာ့ဘောင်ဝင်ခဲ့သည့် အနုပညာရှင် ကျော်ဟိန်းကိုယ်တိုင် ရေးသော “ကျော်ဟိန်းများ” အမည်ရ စာအုပ်ကို လူအများ စိတ်ဝင်စား
အစိုးရထုတ် သတင်းစာ (၂) စောင်မှ အယ်ဒီတာအဖွဲ့များ နေပြည်တော်သို့ ပြောင်းရွှေ့ရ

မင်းနိုင်သူ / ၁၉ နိုဝင်ဘာ ၂၀၀၉

“ဟုတ်တယ်ဗျ။ မရှိတော့ဘူး။ အယ်ဒီတာချုပ်အပါအ၀င် အယ်ဒီတာအဖွဲ့တွေအားလုံး ပြောင်းရတယ်။ အင်္ဂလိပ်ပိုင်း၊ မြန်မာပိုင်း အားလုံးပါ။ ဒီမှာက ကြော်ငြာလက်ခံအဖွဲ့လောက်ပဲ ထားခဲ့တော့တာပါ။ ကျနော်တို့ သတင်းထောက်တွေလည်း .....”အပြည့်အစုံသို့

အခွန်ဦးစီးဌာန လာဘ်စားငွေ တနှစ် ကျပ်ဘီလီယံ (၂ဝဝ) ကျော်ရှိ
NEJ / ၁၉ နိုဝင်ဘာ ၂၀၀၉ “ကျနော်တို့ ပြည်တွင်းအခွန်ဦးစီးဌာနအနေနဲ့ ပြည်သူတွေ ဆီကနေ တနှစ် လာဘ်ငွေ ဘယ်လောက်ယူတယ်ဆိုတာ တိတိကျကျ တွက်ထားတာတော့ ......”အပြည့်အစုံသို့
ကျပ် (၅) ထောင်တန်များ ရွေးကောက်ပွဲကာလအတွက် လျာထား
ရဲရင့် / ၁၉ နိုဝင်ဘာ ၂၀၀၉ “ဗဟိုဘဏ်က အရာရှိတွေဆီကနေ တဆင့်သိရတာက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကျရင် ...”အပြည့်အစုံသို့


လယ်မြေသိမ်း၊ လူဖမ်း၊ သီးနှံသိမ်းရုံမက လယ်ထွန်စက်ပါ သိမ်းရန် ဒေသခံအာဏာပိုင်များ ကြံစည်နေ
အောင်ထက် / ၁၉ နိုဝင်ဘာ ၂၀၀၉ “အဲလိုအခြေအနေကို လယ်ယာမြေအသိမ်းခံရတဲ့ ကိုမြင့်သိန်းနဲ့ တခြားမြေပိုင်ရှင်တွေက အိုယ်အယ်လ်အိုကို တိုင်တော့ အိုင်အယ်လ်အိုနဲ့ တာဝန်ရှိ.....”အပြည့်အစုံသို့
ရေတိုက်စားမှုကြောင့် ဘီလူးကျွန်းကမ်းရိုးတန်း မြေယာဧက (၁၀၀) ဝန်းကျင် နှစ်စဉ်ဆုံးရှုံး
ဝီရ / ၁၉ နိုဝင်ဘာ ၂၀၀၉ “ကမ်းရိုးတန်းတလျှောက်က လယ်တွေဆိုရင် တနှစ်ကို လယ်တကွက်စာ ရေထဲပါတတ်တယ်။ ဒီနှစ်မှာလည်း ရေကြီးထားတော့ ဆုံးရှုံးသွားတဲ့ဧက ....”အပြည့်အစုံသို့
၂၀၁၀ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိရန် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ တောင်းဆို

- သတင်းနှင့် မီဒီယာကွန်ယက်။ နွယ်လေး။
နိုဝင်ဘာလ ၁၈ ရက်၊၂၀၀၉ ခုနှစ်။
သတင်းထောက်ကလွတ်လပ်စွာ တင်ပြပိုင်ခွင့်ရှိတယ်။ ဒါကိုအစိုးရက ဖြတ်တောက် ဆင်ဆာလုပ်မယ် ဆို မဲပေးမယ့်လူထုအတွက် အခွင့်အရေးကို ချိုးဖောက်တာဖြစ်

(အပြည့်အစုံ)

မီးပုံးပျံပြုတ်ကျသဖြင့် ဒဏ်ရာရသူနှစ်ဦး ထိုင်းနိုင်ငံသို့ပို့ဆောင်ဆေးကုသ
- သတင်းနှင့် မီဒီယာကွန်ယက်၊ နွယ်လေး။
နိုဝင်ဘာလ ၁၈ ရက်၊၂၀၀၉ ခုနှစ်။
ရှမ်းစက္ကူက အပေါ်မှာ မခံနိုင် ဘဲ ပျက်ပြီး မီးကျည်ရော ယမ်းခွေရော ပွဲဈေးထဲ ပြုတ်ကျတာပေါ့။ အောက်မှာရှိတဲ့လူတွေ အကုန် .......

(အပြည့်အစုံ)



စစ်အစိုးရကတော့ သူ့မှာရှိတဲ့ ဥာဏ်နီ ဥာဏ်နက်မျိုးစုံ ကောက်ကျစ်စဉ်းလဲမှု ကလိန်ကညစ်ကျမှု ယုတ်မာရိုင်းစိုင်းမှု ရက်စက်မှုတွေအားလုံးကို အရှက်မဲ့အသုံးချပြီး နိုင်ငံတကာကို အယုံသွင်းမျက်လှည့်ပြနေအုံးမှာဖြစ်သလို မြန်မာနိုင်ငံ က ပြည်သူလူထုကိုလည်း လူသားတွေအဖြစ်သဘောမထားပဲ ဆက်ပြီး ... အပြည့်အစုံသို့

“သူရာထောင်ချောက်” ခင်ငြိမ်းသစ်-Tuesday, November 17, 2009

နအဖ ဟာ ပြည်သူတွေရဲ့ဘဝကို အစီအစဉ်တကျ ဖျက်ဆီးနေတာပါ။ ပြည်သူတွေ ဆင်း ရဲမွဲတေလေ၊ ပြည်သူတွေရဲ့ ကျန်းမာရေး အဖက်ဖက်က ပျက်စီးနေလေ၊ သူတို့ရဲ့ အုပ်ချုပ် ရေးမဏ္ဍိုင်ခိုင်မြဲစေဖို့ ကျကျနန လုပ်ဆောင်နေတာက သေချာပါတယ် ... အပြည့်အစုံသို့


ပြင်းထန်သည့် ဂတ်စ်ပေါက်ကွဲမှု ထပ်မံဖြစ်ပွား
Thu 19 Nov 2009, IMNA, ရိုင်မရော့
မွန်ပြည်နယ်ကို ဖြတ်သန်းသွားသည့် ကန်ဘောက်-မြိုင်ကလေး ဂတ်စ်ပိုက်လိုင်းသည် နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်အတွင်း ပြင်းထန်သည့်...

November 19, 2009 – 4:38 am | Comments Off

နိုဝင်ဘာလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(ယူအဲန်အိပ်ခ်ျစီအာရ်)က အိန္ဒိယနိုင်ငံကလကတ္တား အကျဉ်းထောင်တွင် နှစ် ရှည် ထိန်းသိမ်းခံရသည့် မြန်မာလက်နက်ကိုင်အဖွဲ့ဝင် ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံရန် စဉ်းစားခဲ့သည့် အပေါ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ကြိုဆိုလိုက်သည်။

မြေယာ သိမ်းပိုက်မူ သတင်းတွင် တပ်ရင်း နံပတ် မှားလွင့်၍ ရွာသားများ စစ်ဆေး မေးမြန်းခံရ

၁၁၊၁၈၊၂၀၀၉

မောင်အေး(နိရဉ္စရာ) ပြည်ပအခြေစိုက် မြန်မာ အသံလွင့် သတင်းဌာန တခုမှ ရခိုင်ပြည်နယ်တွင် နအဖ စစ်တပ် တပ်ရင်းတခုက ကျေးရွာ တရွာမှ လယ်မြေ သိမ်းပိုက်မူ သတင်းတပုဒ်ကို ထုတ်လွင့်ရာတွင် စစ်တပ် တပ်ရင်းအမည်ကို မှားယွင်းစွာ ထုတ်လွှင့်ခဲ့သဖြင့် ကျေးရွာသားများကို စစ်တပ်က ခေါ်ယူမေးမြန်း စစ်ဆေးခဲ့သည်။ အပြည့်အစုံသို့


တော်လှန်ရေးသမား ၃၄ ယောက်အတွက် ဒီမိုကရေစီခေါင်းဆောင်များ ကာကွယ်ထွက်ဆို (ရုပ်သံသတင်း)

တော်လှန်ရေးသမား ၃၄ ယောက်အတွက် ဒီမိုကရေစီခေါင်းဆောင်များ ကာကွယ်ထွက်ဆို (ရုပ်သံသတင်း)...
  • တော်လှန်ရေးသမား ၃၄ ယောက်အတွက် ဒီမိုကရေစီခေါင်းဆောင်များ ကာကွယ်ထွက်ဆို (ရုပ်သံသတင်း)
  • ချင်းလူမျိုးများ ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံအတွက် စုရုံးရောက်ရှိ
    ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း - ၄ဝ
    မိုက်ကယ်လန်းစ် တေးဂီတအဖွဲ့ မြန်မာပြည် လာမည်

    ဝန်ကြီးဌာန လက်အောက်ခံ အလွတ်သင်ကျောင်းစနစ် စမ်းသပ်

    ပညာရေးဝန်ကြီးဌာန လက်အောက်တွင် တိုက်ရိုက်ထားရှိမည့် အလွတ်သင်ကျောင်း အမည်ဖြင့် ယခုလ ၉ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန်...

    ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ရန် အန်အယ်ဒီ-အယ်အေ ဆုံးဖြတ်

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ၏ ညီလာခံကို ထိုင်း-မြန်မာနယ်စပ် တနေရာ၌ မကြာ သေးမီက ကျင်းပပြီးစီးပြီး ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက်ဆုပ်ကိုင်သွားမည်ဟု...

    ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း - ၄ဝ

    စစ်အုပ်စုမှ ဦးစီးပြီး အမျိုးသားညီလာခံ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ၏။ စစ်အုပ်စုက ဖွဲ့စည်းပေးထားသည့် အမျိုးသားညီလာခံ ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ဦးဆောင်ကျင်းပရေး...


    နယ်စပ်လမ်းက ဝမ်းတထွာ - ၅

    ခိုင်မာကျော်ဇော

    နိုဝင်ဘာ ၁၉၊ ၂၀၀၉

    လွန်ခဲ့တဲ့(၁ဝ)နှစ်ကျော်က ရွာကြီးတရွာ အရွယ်လောက်သာရှိတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့လေးဟာ ယနေ့အခါမှာတော့ ကုန်တိုက်ကြီးတွေ၊ အရောင်းဆိုင်ကြီးတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကာရာအို ကေဆိုင်တွေ၊ အနှိပ်ခန်းတွေနဲ့ စည်ကားတဲ့ မြို့တမြို့ဖြစ်လာနေပါပြီ။
    အျပည့္အစုံသိုႛ ...

    မောင်စွမ်းရည် ကျန်းမာရေးကြောင့် အယ်လ်အေမြန်မာများရဲ့ အမျိုးသားနေ့စာပေဟောပြောပွဲ မတက်ရောက်နိုင်

    မိုးမခ ရွာဆော်ကြီး

    နိုဝင်ဘာ ၁၉၊ ၂၀၀၉

    လာမည် နိုဝင်ဘာ ၂၂ တနင်္ဂနွေနေ့ နေ့ခင်း ၂ နာရီမှ ၆ နာရီအထိ ကျင်းပမည့် အယ်အေရောက် မြန်မာမိသားစုများ၏ ၈၉ ကြိမ်မြောက်အမျိုးသားနေ့ ဂုဏ်ပြု စာပေဟောပြောပွဲသို့ လာရောက် ဟောပြောမည့် ကဗျာဆရာ၊ ဝေဖန်ရေးဆရာကြီး မောင်စွမ်းရည်သည် ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရန် အခြေအနေကြောင့် တက်ရောက်နိုင်လိမ့်မည် မဟုတ်ဟု ကြားသိရပါသည်။

    ဆရာ မောင်စွမ်းရည်၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်စရာ မလိုကြောင်း၊ ဆရာဝန်နှင့် ဆေးရုံများ၏ ညွှန်ကြားချက်များအရ တွေ့ဆုံစစ်ဆေးမှုများ ရယူရန် စောင့်ဆိုင်းရမည် အချိန်ဇယားများကြောင့် စာပေဟောပြောပွဲသို့ သွားရောက်ရမည့် အစီအစဉ်ကို ၀မ်းနည်းစွာဖြင့် ရုတ်သိမ်းလိုက်ရသည် ဖြစ်ကြောင်း သိရှိရသည်။

    သို့ရာတွင် ပွဲစီစဉ်ထားသည့်အတိုင်း ဂီတပညာရှင်ကြီး (ဒေါ်) မာမာအေး၊ ကဗျာဆရာ အောင်ဝေး နှင့် စာရေးဆရာမ မေငြိမ်း တို့ဖြင့် အမျိုးသားနေ့အထိမ်းအမှတ်စာပေဟောပြောပွဲကို ကျင်းပကြမည် ဖြစ်သည်။

    ပွဲကြော်ငြာကို ဒီနေရာမှာ သွားကြည့်နိုင်သည်။ အယ်လ်မြို့ မြန်မာများ၏ဂုဏ်ဆောင် အယ်လ်အေသြဂနိုက်ဇာဖော်ဘားမား အဖွဲ့နှင့် ရတနာပုံနေပြည်တော်သတင်းစာ (မန္တလေးဂေဇက်) တို့က ကမကထလုပ်ကြပြီး ၀င်ကြေး “အခမဲ့” ဖြစ်သည့်အပြင် လဘက်ရည်နှင့် မုန့်များဖြင့်လည်း ဧည့်ခံမည် ဆိုသည်။ ဆန်ဖရန်စစ္စကိုအခြေစိုက် မိုးမခစာနယ်ဇင်းဝိုင်းတော်သားများကလည်း သွားရောက် အားပေးကြမည် ဖြစ်သည်။ (ဒါက ကြော်ငြာ)


    ပြုံး ၂၀၀၉

    မောင်စွမ်းရည်

    နိုဝင်ဘာ ၁၉၊ ၂၀၀၉

    အမေရိကန်ရဲ့ အရှင်၊ သခင်၊ ဘုရင်

    အရင်းရှင် သမ္မတ

    တက်ကြွပြီး ထက်လှတဲ့ ကိုလူမည်းကို

    လူမွဲအများစုနဲ့ လူမဲအများစုနဲ့

    ပညာတတ်အများစုနဲ့ ပညာမဲ့အများစုက

    သူ့ကို စေတနာထား

    အိုဘားမား၊ ဒို့ အိုဘားမား တဲ့

    အများစုမဲကို ဆွဲ စု ခဲ့တယ်။
    အျပည့္အစုံသိုႛ ...

    နိုင်ငံတကာပွင့်လင်းမှုမှတ်ကျောက်အဖွဲ့က မြန်မာပြည်ကို တတိယခြအစားဆုံး နိုင်ငံအဖြစ် သတ်မှတ်

    မိုးမခအထောက်တော် ၀၀၃

    နိုဝင်ဘာ၊ ၁၉၊ ၂၀၀၉

    ဥရောပ၊ ဂျာမနီအခြေစိုက် Transparency International အမည်ရတဲ့ ကမ္ဘာနိုင်ငံများရဲ့ အကျင့်ပျက် ခြစားမှုများကို စောင့်ကြည့်တဲ့ အဖွဲ့ကြီးက ၂၀၀၉ ခုနှစ်အတွက် အကျင့်ပျက်ခြစားသူ နိုင်ငံများ စာရင်းကို ထုတ်ပြန်လိုက်ရာမှာ မြန်မာပြည်က အဆင့် ၁၈၀ အနက် ရမှတ် ၁၇၈ နဲ့ တတိယ ခြအစားဆုံး၊ အကျင့်ပျက်ဆုံး နိုင်ငံအဖြစ် နံမယ်ပျက်စာရင်း ၀င်သွားပါတယ်။

    အံသြဖို့ကောင်းတာကတော့ အခြား အဆိုးဆုံးနိုင်ငံတွေ ဖြစ်တဲ့ နံပါတ် ၁၈၀ - ဆိုမာလီ၊ ၁၇၉ -- အာဖဂန်နစ္စတန်၊ ၁၇၆ - ဆူဒန် နဲ့ ၁၇၆ - အီရတ်နိုင်ငံတွေ ဆိုတာက ပြည်တွင်းစစ်တွေ၊ အကြမ်းဖက်အစွန်းရောက်တွေနဲ့ တတိုင်းပြည်လုံး ကပ်ဆိုက်နေကြတဲ့ တိုင်းပြည်တွေ ဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက သူတို့လောက် ပြည်တွင်းစစ်မီးကြီးတွေ၊ နေ့စဉ် သွေးချောင်းစီး သတ်ဖြတ်မှုတွေ မရှိပါဘဲနဲ့ အကျင့်ပျက်ဆုံး၊ ခြအစားဆုံး နိုင်ငံတခုအဖြစ် ကြေးတံဆိပ် သွားစွဲနေတာ ဖြစ်ပါတယ်။

    အျပည့္အစုံသိုႛ ...


    more


    more


    more


    more


    more


    more


    more

    မြန်မာနိုင်ငံကို အဂတိလိုက်စားမှု တတိယအများဆုံးအဖြစ် ဖော်ပြ

    NLD LA ဗဟို ကော်မတီ အပြောင်းအလဲ

    အာဏာပိုင်များ၏ မတရားပြုမှုများ ILO ပြန်လည်သုံးသပ်