10.23.2008

Wanted monk flees to Thailand border

A Buddhist monk featuring in the wanted list of the Burmese military regime fled to the Thai-Burma border yesterday.

U Ein Thariya (33) a monk of 14 years standing changed into civilian clothes, temporarily, while fleeing to a neighbouring country. He was under surveillance of Burmese intelligence agencies.

He was wanted by the Burmese military junta for his involvement in street demonstrations against the regime in Pakkoku Township.

He had written vehement protest letters under the pen name "Min Thonenya" against the junta's atrocities and sent it to foreign news broadcasting radio stations.

"They didn't know me directly. They knew only my pen name and they had no idea whose name it actually was. They made inquires but my relatives and friends kept it a secret. I was not arrested because they did not know who exactly I was," he told Mizzima over telephone.

U Ein Thariya was a student monk (studying Buddha's sermon) in Kyilin monastery, Chanmyatharzi Township, Mandalay.

On October 15, 2007, military junta officials arrested and beat up some monks who took part in the monk-led march spreading their love to countrymen by singing sermons. Although monks had demanded the regime apologize to them for the assault, the junta ignored the demand in what is a Buddhist majority country.

၂၀၁၀သို့မျှော်ကြည့်ခြင်း(D-Wave)

နိဒါန်းမဟုတ်သောအမှာမဟုတ်သောရှင်းလင်းချက်

ကျွန်တော်ဆောင်းပါးရေးလျှင်နိဒါန်းတွေ၊အမှာတွေမရေးချင်ပါ။စကားလုံး
ရွေးချယ်လျှင်ပင်စာဖတ်နိုင်သောတွေးတတ်သောလူအားလုံးနားလည်ရန်
သာကြိုးစားရေးခဲ့ပါသည်။သာမန်လူတန်းစားအားလုံးဖတ်နိုင်ရန်မိတ်ဆွေ
တယောက်ကိုဆွေးနွေးနေသလိုသာရေးလေ့ရေးထရှိသည်။ယခုဆောင်းပါး
အတွက်ရှင်းလင်းချက်အနည်းငယ်ပေးရခြင်းမှာလဲဤဆောင်းပါး၏ခေါင်းစဉ်
ကြောင့်ဖြစ်သည်။အကြောင်းအရာကကြီးမား၍ကျယ်ပြန့်လွန်းလှပါသည်။

ငွေတပဲနှင့်ငါးကြင်းခေါင်းတက်ကိုင်ရသည့်အဖြစ်မျိုးရောက်မည်ကိုတကယ်
ပင်ပူပန်မိသည်။ဒါဆိုလျှင်ဘာ့ကြောင့်ရေးနေရလဲဟုမေးစရာရှိသည်။တ
ကယ်ကိုလိုအပ်၍ရေးရပါသည်ဟုသာဖြေစရာရှိပါတော့သည်။ကျွန်တော်ရေး
သောဆောင်းပါးမှအချက်အလက်တစုံတရာ(သို့)အတွေးအခေါ်တခုခုသည်
ဘာဆက်လုပ်ရမှန်းမသိတော့ပဲလမ်းပျောက်နေသူတချို့ကိုလမ်းတခုခုပြပေး
နိုင်လျှင်၊ကျွန်တော်တို့တိုက်ပွဲဝင်နေကြသောဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
အတွက်တစုံတရာအကျိုးဖြစ်ထွန်းမည်ဆိုလျှင်ကျွန်တော်ကျေနပ်ပြီဖြစ်သည်။

၂၀၁၀တွင်ဘာဖြစ်လာမည်လဲ

အများသိပြီးဖြစ်သည့်အတိုင်း၂၀၁၀တွင်ရွေးကောက်ပွဲလုပ်ရန်နအဖကတရား
ဝင်ကြေညာထားပြီးဖြစ်သည်။ကျွန်တော့်အမြင်တော့ဖြစ်အောင်ကျင်းပ၍နိုင်
အောင်လဲလုပ်ပေလိမ့်မည်။ထိုသို့ဆိုလျှင်ဘာဖြစ်လာပါမည်လဲ။လွယ်လွယ်
်ပြောလျှင်စစ်ကျွန်တခေတ်ဆန်းသစ်လာပါမည်။သတင်းစာဆရာကြီး
ဦးဝင်းတင်၏စကားနှင့်ပြောလျှင်ငရဲသို့ရောက်ရတော့မည်။ဒီပုံအတိုင်းသာ
ဆက်သွားနေမည်ဆိုလျှင်ဒီပုံမျိုးနှင့်မိုးချုပ်ပါတော့မည်။

၂၀၁၀ မတိုင်ခင်သူတို့ဘာလုပ်လေမလဲ

အခြေအနေတရပ်ရပ်ကြောင့်ရွေးကောက်ပွဲလုပ်တော့မည်ဆိုလျှင်လက်ရှိ
အာဏာရယူထားသူများအနေဖြင့်
(၁)ဖမ်းဆီးချုပ်နှောင်ထားသောနိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရခြင်း၊

(၂)လက်နက်ကိုင်အတိုက်အခံအဖွဲ့အစည်းများရှိလျှင်လွတ်ငြိမ်းချမ်းသာ
ခွင့်ကြေငြာပေးရခြင်း၊
(၃)ရွေးကောက်ပွဲဝင်မည့်ပါတီများအတွက်လုံလောက်သည့်မဲဆွယ်စည်းရုံးခွင့်
နှင့်ပြင်ဆင်ခွင့်ပေးရခြင်း၊
(၄)တဖက်စောင်းနင်းအာဏာဖြင့်လွှမ်းမိုးသည်ဟုမယူဆစေရန်နိုင်ငံတကာ
အကဲခတ်များကိုစောင့်ကြည့်လေ့လာခွင့်ပေးရခြင်း စသည်တို့ပြုလုပ်ပေးရ
ပါသည်။

နအဖတို့ထိုသို့လုပ်မည်မလုပ်မည်ကိုဗေဒင်မေးလျှင်ဆန်ကုန်နေပေဦးမည်။
နဂိုထဲကမှမလွှဲပေးချင်၍အချိန်ဆွဲလာခဲ့သည်မှာ၁၉၉၀ထဲကခုထိဖြစ်သည်။
ဒီလိုချည်ပြီးတုပ်ပြီးလုပ်ထားသည်ကိုပင်ဆုတ်သာတက်သာဖြစ်ရအောင်သူတို့
တပ်ချုပ်ကြီးကခုထိရွေးကောက်ပွဲပြုလုပ်မည့်ဥပဒေကိုလက်မှတ်မထိုးသေး။
လုပ်ရမည်ဆိုလျှင်ကောဘယ်လိုလုပ်မည်နည်း။

နိုင်ငံရေးအကျဉ်းသားအနည်းငယ်မျှကိုရာဇဝတ်အကျဉ်းသားမြောက်များစွာ
နှင့်ရော၍အလွှတ်ထပ်ပြပေးမည်။အကြိုက်ပေး၍အတင်းဆွဲငြိမ်းချမ်းရေးလုပ်
ထားသောလူမျိုးစုအဖွဲ့များကိုရွေးကောက်ပွဲဝင်နိုင်ရန်လမ်းဖွင့်ပေးမည်
(နိုင်ခွင့်တော့ဘယ်တော့မှမပေးပါ)။လက်ရှိစစ်ခေါင်းဆောင်များသည်လူမျိုးစု
လက်နက်ကိုင်အဖွဲ့များကိုဘယ်တော့မှမယုံပါ။သူတို့အချင်းချင်းပင်မယုံကြည်
၍တယောက်နှင့်တယောက်မျက်စိဒေါက်ထောက်ကြည့်နေရသည်။တချိန်က
သူတို့သူပုန်သောင်းကျန်းသူအဖျက်သမားများဟုခေါ်၍အပြင်းအထန်တိုက်
ခိုက်ခဲ့ဘူးသည့်လူမျိုးစုအဖွဲ့များကိုတရားမျှတစွာယှဉ်ပြိုင်အနိုင်ယူခွင့်ပေးလို
သောသဘောထားသာရှိလျှင်ကျွန်တော်တို့အခုအချိန်အထိတိုက်ပွဲဝင်နေရန်
ပင်မလိုတော့။

ကျန်အချက်များကိုရှေ့ဆက်တွေးနေရန်အကြောင်းမရှိ။ရှုံ့ချည်နှပ်ချည်လုပ်
၍ပေးသောမဲဆွယ်စည်းရုံးခွင့်တချို့ကံကောင်းလျှင်ရချင်ရမည်။သူတို့ကြိုးဆွဲ
သလိုကမည်ဟုယူဆသောပုဂ္ဂိုလ်တချို့စောင့်ကြည့်လေ့လာခွင့်ရချင်ရမည်။
ဒါသည်လည်းသူတို့အကျိုးစီးပွါးကိုထိခိုက်လာပြီဟုယူဆလျှင်ချက်ချင်းပြန်ရုပ်
သိမ်းလိမ့်မည်။နအဖတို့စတင်ပေါ်ပေါက်လာသောအချိန်မှယခုအထိလူကြီး
လူကောင်းပီသစွာဂတိတည်ခဲ့သည့်လုပ်ရပ်တခုမှမရှိခဲ့သေးသည်ကိုမမေ့သင့်။

နအဖ၏ခြေလှမ်းနှင့်အလားအလာများ
တကမ္ဘာလုံးကမည်သို့ဆိုနေစေကာမူနအဖတို့သည်သူတို့အာဏာကိုလွဲပြောင်း
ပေးရမည့်လမ်းကြောင်းဆီသွားမှဖြစ်မည်ဆိုလျှင်လက်ရှိအချိန်အထိခိုင်မာသည်
ဟုသူတို့ယူဆထားသောRoadMapဆီမှတဆံခြည်မှပင်သွေဖီလိမ့်မည်မဟုတ်။
ထိုလမ်းကြောင်းအတိုင်းသွားသည့်အခါသူတို့လမ်းကြောင်းတွင်ရှိသမျှ၊ပိတ်ဆို့
တားဆီးသည်ဟုယူဆသည့်အရာမှန်သမျှကိုဖျက်ဆီးခြေမွသွားလိမ့်မည်။

သူတို့၏လမ်းကြောင်းတွင်လက်ရှိထင်ထင်ရှားရှားရှိနေသည်မှာNLDဖြစ်သည်။
ရွေးကောက်ပွဲမဝင်နိုင်ဟုNLDကတရားဝင်ကြေညာထားသည်။ထို့သို့ဆိုလျှင်
NLD၏ရှေ့အလားအလာမည်သို့ဖြစ်လာမည်နည်း။ကျွန်တော့်အနေနှင့်နှစ်လမ်း
ဖြစ်လာစရာအကြောင်းရှိမည်ဟုယူဆသည်။

ပထမတလမ်းမှာNLDကိုဖဲ့ထုတ်ဖြိုခွဲသည့်နည်းလမ်းဖြစ်သည်။ထိုလမ်းသည်
နအဖတို့လုပ်နေကျနည်းလမ်းဖြစ်သည်။အကယ်၍NLDတွင်အက်ကြောင်းတခု
ရှိခဲ့လျှင်ထိုအက်ကြောင်းမှမဖြစ်မနေသပ်လျှိုပေလိမ့်မည်။ရွေးကောက်ပွဲဝင်လို
သည့်ဆန္ဒရှိသူများကိုသာရခဲ့လျှင်အတိုင်းထက်အလွန်ပင်ဖြစ်တော့မည်။

ကျွန်တော့်အယူအဆကိုပြောရလျှင်၂၀၁၀သူတို့သဘောကျရွေးကောက်ပွဲကို
အံတုရင်ဆိုင်နိုင်ရန်NLD၏ပါတီတွင်းစည်းလုံးညီညွတ်မှုသည်လွန်စွာအရေး
ကြီးသောအချက်တချက်ဖြစ်သည်။ထိုအချက်ပေါ်တွင်မြန်မာနိုင်ငံ၏ကံကြမ္မာ
သည်ရာနှုန်းတော်တော်များများမှီတည်နေသည်။ယခုအချိန်တွင်ပေါ်ပင်စကား
များကိုပြောလျှင်စကားလုံးများဖြင့်ရဲရင့်ပြောင်မြောက်ပြလျှင်တချို့ကသူရဲ
ကောင်းထင်ကြပေလိမ့်မည်။လက်တွေ့တွင်စကားလုံးများသည်အလုပ်မဖြစ်။
ပကတိအခြေအနေကိုမှန်ကန်
စွာသုံးသပ်နိုင်ရန်လွန်စွာအရေးကြီးပေသည်။

ဒုတိယလမ်းကတော့မတရားသင်းကြေငြာသည့်နည်းဖြစ်သည်ထိုနည်းသည်
သိပ်ဗြောင်ကျလွန်းသဖြင့်မလွှဲသာမှသုံးချင်သုံးပေလိမ့်မည်။သို့သော်လုံးဝမ
သုံးဟုတော့ပုံသေမယူမှတ်စေလို။စစ်အာဏာရှင်များမလုပ်ရဲသောအလုပ်
်သည်မရှိ။

စုလွှတ်တွေ့နှင့်ရံသုံးရံကိုဘယ်လိုဝန်းရံမလဲ

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရေး၊လွှတ်တော်ခေါ်ယူရေးနှင့်တွေ့ဆုံ
ဆွေးနွေးရေးစသည့်ခက်မသုံးသွယ်ကိုဝန်းရံကြဆိုသည့်အချက်ပေါ်အတိုက်
အခံအင်အားစုများအားလုံးလိုလိုလက်ခံသည့်လုပ်ငန်းစဉ်ဖြစ်သည်။ဖြစ်သင့်
ဖြစ်ထိုက်သည့်အချက်လည်းဖြစ်သည်။ထိုအချက်များအပေါ်နအဖတို့လိုက်နာ
လိုက်လျောလာအောင်မည်ကဲ့သို့ဖိအားပေးမည်နည်း။ထိုသို့ဖြစ်ပေါ်လာစေမည့်
အဓိကမောင်းနှင်အားသည်မည်သူနည်း။

ကုလသမဂ္ဂလော

ကုလသမဂ္ဂ၏လုပ်ပိုင်ခွင့်သည်အကန့်အသတ်ရှိသည်။အရေးယူဆောင်ရွက်နိုင်
သည့်အမြင့်ဆုံးအဖွဲ့အစည်းသည်လုံခြုံရေးကောင်စီဖြစ်၏။လုံခြုံရေးကောင်စီမှ
အရေးယူဆောင်ရွက်လာနိုင်အောင်ကျွန်တော်တို့လုပ်ဆောင်နိုင်မည်လား။
လတ်တလောတွင်မဖြစ်နိုင်သေးပါ။ထိုသို့ဆိုလျှင်လက်ရှိကုလသမဂ္ဂအတွင်း
ရေးမှုးချုပ်၏အမြင့်ဆုံးလုပ်ဆောင်နိုင်မှုမှာပြစ်တင်ရှုံ့ချခြင်း၊ဖိအားပေးတောင်း
ဆိုခြင်း၊အခြားနိုင်ငံများပါဝင်လာအောင်ဆွေးနွေးပြောဆိုခြင်းသည်အမြင့်ဆုံး
ဖြစ်သည်။ဘက်နှစ်ဘက်လုံးနှင့်ပူးပေါင်းဆောင်ရွက်မှုအလွန်နည်းသေးသည်။

အာစီယံနှင့်တရုတ်နိုင်ငံလော

အာစီယံနှင့်တရုတ်နိုင်ငံတို့ကိုချဉ်းကပ်၍နအဖသဘောထားပြောင်းလဲလာ
အောင်ကြိုးစားဆောင်ရွက်နိုင်ပါမည်လား။အာစီယံနှင့်တရုတ်တို့အတွက်
လက်ရှိအခြေအနေသည်သူတို့အတွက်အကျိုးအမြတ်ပိုရရှိစေသည်။မြန်မာ
ပြည်ဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲသွားလျှင်လက်ရှိသူတို့လက်သိပ်ထိုးရ
ရှိထားသည့်အခွင့်အရေးတော်တော်များများဆုံးရှုံးရပေမည်။အကယ်၍သူ
တို့သဘောထားပြောင်းခဲ့သည်ဆိုဦးတော့နအဖသည်ထိုနိုင်ငံများကိုသူတို့
အားကျောသပ်နေသဖြင့်လက်ခံနေခြင်းသာဖြစ်ပြီးအပြောင်းအလဲပြုလုပ်
ပေးရန်ဖိအားပေးလာလျှင်လက်ခံမည်လက်မခံမည်မသေချာ။

အမေရိကန်နှင့်ဒီမိုကရေစီမဟာမိတ်များ၏ပိတ်ဆို့
ဖိအားပေးမှုများလော


အမေရိကန်နှင့်အခြားဒီမိုကရေစီနိုင်ငံများ၏စီးပွားရေးပိတ်ဆို့မှုအဆက်အ
သွယ်ဖြတ်တောက်မှုဖိအားပေးမှုများသည်နအဖအားချိနဲ့စေသည်မှာမှန်ပါ
၏။သို့သော်နှစ်ရှည်ကြာလာပြီဖြစ်သောထိုဖိအားပေးမှုများသည်အချိန်ကာ
လနှင့်စာလျှင်အကျိုးသက်ရောက်မှုလွန်စွာနည်းနေပေသေးသည်။ပိုမိုထိ
ရောက်အကျိုးရှိမည့်နည်းလမ်းများရှာဖွေရန်လိုနေပါသေးသည်။နအဖ
ထိပ်သီးပုဂ္ဂိုလ်များသည်သူတို့နှင့်သူတို့ပါတ်သက်ရာအသိုင်းအဝိုင်းများကို
တိုက်ရိုက်မထိခိုက်သရွေ့ပြည်သူလူထုများ၏ငတ်မွတ်သေကြေပျက်စီးမှု
များကိုမည်သည့်အခါမှဂရုမပြုခဲ့။နာဂစ်ဘေးဒဏ်ခံစားခဲ့ရသောပြည်သူများ
အတွက်အကူအညီများကိုငြင်းပယ်ခဲ့ခြင်းကရှင်းလင်းသောသက်သေပင်။

ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းများ၏လှုပ်ရှား
ဆောင်ရွက်မှုများပေလော


ကျွန်တော့်အနေနှင့်ပြောရလျှင်ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းများ၏
လှုပ်ရှားဆောင်ရွက်မှုများသည်အတော်ပင်အကျိုးသက်ရောက်မှုရှိသောဖြစ်
စဉ်များရှိခဲ့သည်ကိုတွေ့ရသည်ဟုပြောရပေမည်။သို့သော်အမြင့်ဆုံးအဆင့်
အထိမအောင်မြင်။

အဓိကလိုအပ်ချက်မှာပြည်ပရောက်အဖွဲ့အစည်းများ၏ဆောင်ရွက်ကြမှုများ
သည်သီးခြားစီဖြစ်နေကြသည်။ဥပမာပြည်ပရောက်MPများ၏ခရီရန်ရှယ်
ကမ်ပိန်းလိုကိစ္စမျိုးတွင်အခြားအဖွဲ့အစည်းများ၏ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း။
ယခုလက်ရှိထွက်ပေါ်လာသောအာစီယံ၏နာဂစ်ဆိုင်ရာReportကိုတုန့်ပြန်
ထွက်ပေါ်လာသောအစီရင်ခံစာကိုအဖွဲ့သုံးဖွဲ့သာပါဝင်ခဲ့ခြင်းမျိုးဖြစ်သည်။ဆို
လိုသည်မှာပြည်ပရောက်အဖွဲ့အစည်းများသည်သူတို့၏လှုပ်ရှားဆောင်ရွက်မှု
များပိုမိုထိရောက်အောင်မြင်ရန်မှာဒီထက်ပိုညီညွတ်သောစုစည်းမှုမဖြစ်မနေ
လိုပါသည်။လတ်တလောတွင်(လက်ရှိဆောင်ရွက်နေမှုများသည်)နအဖ၏သ
ဘောထားကိုပြောင်းလဲအောင်ဆောင်ရွက်နိုင်သည့်အခြေအနေမရှိသေးဟု
ပင်ဆိုရပါလိမ့်မည်။

ပြည်တွင်းလှုပ်ရှားမှုများကဖိအားပေးနိုင်မည်လော

လှုပ်ရှားမှုအားလုံးတွင်အန္တရာယ်အများဆုံးသော၊အကျပ်တည်းဆုံးသောနေရာ
ဖြစ်သည်။နအဖ၏လက်တံအောက်တွင်ရှိနေသဖြင့်အချိန်မရွေးဖမ်းဆီးနှိပ်စက်
ခြင်းထောင်ချအရေးယူခြင်းကိုခံရနိုင်သည်။လိုအပ်လာလျှင်ထိုထက်ဆိုးသော
ဖိနှိပ်မှုမျိုးကိုခံရမည်။လုပ်လဲလုပ်ခဲ့ဘူးသည်။ဆန္ဒပြတောင်းဆိုမှုများကိုရက်
စက်စွာပစ်ခတ်နှိမ်နင်းခံရခြင်း။ထောင်ထဲတွင်မတရားညှင်းပန်းနှိပ်စက်ခြင်းများ
ကြောင့်အသက်ဆုံးရှုံးကြရသည်။သို့ရာတွင်အနီးကပ်ဆုံးအင်အားသည်အထိ
ရောက်ဆုံးသောထိုးနှက်တိုက်ခိုက်မှုကိုဖြစ်စေနိုင်သည်။လက်ရှိအခြေအနေကို
အပြောင်းအလဲဖြစ်စေနိုင်သောချိန်ခွင်လျှာသည်ပြည်တွင်းရှိNLDအပါအဝင်အ
တိုက်အခံအင်အားစုများပေါ်တည်မှီနေသည်။ထို့ကြောင့်ထင်ရှားသည့်စာရေး
ဆရာကြီးဖြစ်သောလူထုဦးစိန်ဝင်းကလူထုအင်အား၊လူထုတိုက်ပွဲသည်သာအ
ရာရာကိုအဆုံးအဖြတ်ပေးလိမ့်မည်ဟုဆိုခဲ့သည်။ကြီးမားသောလူထုလှုပ်ရှားမှု
တွေဖြစ်ခဲ့ပါလျှက်အဆုံးသတ်ဆီမရောက်သေး။

အချုပ်ဆိုရလျှင်ဘက်ပေါင်းစုံတွင်အားနည်းချက်များရှိနေသေးသည်။အဓိကအ
ကြီးမားဆုံးလိုအပ်ချက်မှာလှုပ်ရှားမှုအားလုံးတွင်ခိုင်မာစွာစုစည်းနိုင်မှု၊ဘက်
ပေါင်းစုံအချိုးညီဆောင်ရွက်မှုအရေးတကြီးလိုအပ်နေသည်။

လူထုတိုက်ပွဲဘယ်လိုဆင်နွဲကြမလဲ

လတ်တလောတွင်ကျွန်တော်တို့အခြေအနေကိုဥပမာပြရလျှင်ကိုယ့်ထက်လက်
ရည်သာသောလက်ဝှေ့သမားကိုသက်လုံနှင့်ခံနိုင်ရည်အားကိုးဖြင့်သာယှဉ်ထိုး
နေရသလိုဖြစ်နေသည်။ကိုယ့်မှာကခံနိုင်ရည်ရှိသည်။သက်လုံလည်းကောင်း
သည်ပရိတ်သတ်ကလည်းကိုယ့်ကိုတခဲနက်အားပေးနေသည်။သို့သော်လက်
တွေ့တွင်တော့သူကချည်းဖိထိုးနေခြင်းဖြစ်သည်။ထိုအခြေအနေတွင်တဖက်ပြိုင်
ဘက်ကိုသရေပွဲလုပ်ရန်တောင်းဆို၍မဖြစ်(တွေ့ဆုံဆွေးနွေးပါဟုတွင်တွင်
်ပြောသော်လည်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းများကိုလွှတ်ပေး
ဟုတွင်တွင်အော်သော်လည်းဖြစ်လာမည်မဟုတ်)။ကံမကောင်းလျှင်ဒိုင်ပွဲပင်
ရပ်သွားနိုင်သည်(UNဒိုင်ကြီးကလဲဒိုင်ပွဲရပ်ရန်ချောင်းနေသည်။UNကNLDကို
နည်းလမ်းရှာ၍ရွေးကောက်ပွဲဝင်စေလိုသည်။၉၀ရွေးကောက်ပွဲ၏ရလာဒ်ကို
ဆုပ်ကိုင်ထားခြင်းအားလက်လျော့စေလိုသည်။)

သူ့ဘက်မှသရေပွဲကိုလက်ခံလာအောင်နည်းလမ်းတခုသာရှိသည်။သက်လုံမ
ကောင်းသောပြိုင်ဘက်ကိုအနာခံ၍အရှိုက်ကိုတချက်နှစ်ချက်အမိအရထိုးရန်
သာရှိသည်။သို့မှသာအမောမစေ့သောရန်သူသည်သရေပွဲကိုလက်ခံပေလိမ့်
မည်။သူ့၏အားနည်းချက်ကိုအမိအရဆုပ်ကိုင်နိုင်မှကိုယ်ဖြစ်စေချင်သည့်တွေ့
ဆုံဆွေးနွေးညှိနိုင်းအဖြေရှာမှုသည်ဖြစ်ပေါ်လာပေမည်။

သူ့၏အားနည်းချက်ဆိုသည်မှာဘယ်အရာဖြစ်ပါမည်လဲ

သူတို့သည်လက်နက်အားကိုးကာအုပ်ချုပ်သူဖြစ်၍တပ်ကိုအလွန်အားကိုးသည်။
စစ်အင်အားကိုအလွန်အကျွံတိုးချဲ့သည်။စစ်တပ်တွင်းသဘောထားကွဲမှုဖြစ်မည်
ကိုအလွန်စိုးရိမ်သည်။ထို့ကြောင့်ဘေးပြောတာကိုမယုံနှင့်ဟူသောစကားမျိုး၊
တပ်မတော်သာအမိအဖဟူသောစကားကိုတွင်တွင်သုံးသည်။သွေးကွဲမည်ဆန့်
ကျင်မည်ကိုစိုးသဖြင့်တပ်မှူးအဆင့်ဆင့်၏အာဏာအလွဲသုံးမှုများကိုလျှစ်လျူရှု
ထားသည်။ကြီးမားသောတပ်အင်အားကိုကျွေးမွေးရန်၊လစာပေးရန်၊စစ်လက်
နက်တပ်ဆင်ပေးရန်ငွေကြေးမြောက်များစွာလိုအပ်သည်။ထိုငွေကြေးကိုပြည်သူ
တို့ပေးသောအခွန်ဘဏ္ဍာများမှသုံးစွဲသည်။သဘာဝသယံဇာတအရင်းမြစ်များ
ကိုသူခိုးဈေးနှင့်ရောင်း၍တပ်ကိုကျွေးသည်။ကိုယ့်အိတ်ထဲလဲထည့်သည်။

စစ်တပ်သည်တကယ်တမ်းပြောရလျှင်စစ်တိုက်သည်မှလွဲ၍ဘာမှမလုပ်တတ်။
သူတို့၏အုပ်ချုပ်ရေးယန္တရားကြီးလည်ပါတ်စေရန်သာမန်အရပ်သားအမှုထမ်း
များကိုမဝရေစာလစာလေးပေး၍ခိုင်းသည်။မလောက်သဖြင့်လာဒ်စားခြင်း၊
ခြစားခြင်းများကိုမသိကျိုးကြင်ပြုထားသည်။ထိုအရပ်သားဝန်ထမ်းများကိုပင်
စိတ်မချ၍အရပ်ဘက်ရာထူးကြီးများကိုသူတို့လူများကိုတပ်မှထွက်ခိုင်း၍ချုပ်
ကိုင်ထားစေသည်။ဤအချက်များသည်သူတို့၏လက်ရှိလုပ်ဆောင်နေမှုများ
ပင်ဖြစ်၍သူတို့၏အားနည်းချက်များလည်းဖြစ်ပါသည်ဟုကျွန်တော်ပြောလို
ပါသည်။

(၁)သူတို့ကွဲမှာကြောက်သောစစ်တပ်ကိုကွဲစေနိုင်မည်လား

စစ်တပ်ထဲတွင်တကယ်တိုင်းပြည်ကိုချစ်သူများစွာရှိပါလိမ့်မည်။မတတ်သာ၍
သံဃာတော်များကိုသတ်ဖြတ်နှိပ်စက်နေသည်ကိုကြည့်နေရသော်လည်း။မ
လိုလားသူများစွာရှိပါသည်။အောက်ခြေအဆင့်သာမန်ရဲဘော်များသည်ပြည်
သူလူထုများနှင့်မခြားငတ်မွတ်ဆင်းရဲမှုကိုခံစားနေကြရသည်။ရှေ့တန်းထွက်
နေသည့်ရဲဘော်များ၏အချို့ဇနီးမယားတို့သည်မိသားစုများစားဝတ်နေနေ
ရေးအတွက်အဆင်ပြေသောတပ်ရေး၊တပ်ထောက်အရာရှိများနှင့်ဖေါက်ပြန်
ကြသည်။

သူတို့တွင်လည်းအက်ကြောင်းရှိပါသည်။ဘယ်သူတာဝန်ယူ၍ထိုကိစ္စကို
ဆောင်ရွက်မလဲ၊ဘက်ပြောင်းရန်ရှိသောထိုရဲဘော်များကိုတာဝန်ယူမလဲ
ဆိုသည်ကပိုအရေးကြီးပါသည်။

(၂)တပ်ကိုကျွေးမွေးလခပေးနေရသောတာဝန်ကို
မည်သူထမ်းနေသလဲ


ပြည်သူလူထုများသာထမ်းကြရပါသည်။နှစ်စဉ်လူထုများပေးဆောင်နေရသော
အခွန်အခများသည်စစ်အင်အားကိုကြီးမားစေသော၊စစ်အာဏာရှင်တို့
သက်တမ်းကိုရှည်စေသောအချက်ဖြစ်သည်။အကယ်၍များအခွန်ထမ်း
ပြည်သူတရပ်လုံးကညီညွတ်စွာအခွန်မဆောင်ကြလျှင်ထိုစစ်စားရိတ်သည်
သူတို့အတွက်ကြီးစွာသောပြသနာဖြစ်လာလိမ့်မည်။ဥပဒေအရအခွန်ချက်
ချင်းမဆောင်လျှင်လည်းချက်ချင်းအရေးယူဆောင်ရွက်၍မရပေ။

(၃)နအဖ၏အုပ်ချုပ်ရေးယန္တယားကြီးကို
မည်သူမောင်းနှင်ပေးနေသနည်း


ရှေးစကားတခုရှိပါသည်။
“သစ်ပင်များမှအရိုးမလုပ်လျှင်သစ်တောကိုဘယ်ပုဆိန်မှခုတ်၍မရ”။

ပြည်သူလူထုတရပ်လုံးကိုဖိစီးနှိပ်စက်နေသောစစ်အာဏာရှင်ယန္တယားကြီး
ကိုမောင်းနှင်ပေးနေရသူအများစုမှာအရပ်သားဝန်ထမ်းများဖြစ်ပါသည်။ကိုယ့်
အားဖိနှိပ်သည့်တံပိုးကိုကိုယ့်ဘာသာထမ်းနေရခြင်းဖြစ်သည်။အကယ်၍ထို
ဝန်ထမ်းများ၏ပူးပေါင်းဆောင်ရွက်မှုမရှိလျှင်ထိုယန္တယားမလည်ပတ်နိုင်။ယ
နေ့ကိုယ်နဲ့မဆိုင်ဘူးဆိုကာလျှစ်လျူရှုလိုက်သည့်ကိစ္စသည်မနက်ဖြန်တွင်
ကိုယ့်ထံတပတ်ပြန်မလည်လာဟုမည်သူအာမခံနိုင်ပါသနည်း။

အထက်ပါအချက်အားလံုးကိုကျွန်တော့်အနေဖြင့်အကျဉ်းမျှသာဖေါ်ပြ
ပေးခြင်းဖြစ်ပါသည်။

ပြည်သူလူထုများသည်မိမိတို့ကိုမတရားဖိနှိပ်ချုပ်ချယ်သောအုပ်ချုပ်သူများကို
အံတုရင်ဆိုင်ရာတွင်လမ်းပေါ်ထွက်ဆန္ဒပြခြင်းသည်သာတခုတည်းသောနည်း
လမ်းမဟုတ်ပါ။လမ်းပေါ်တက်၍ဆန္ဒပြခြင်းသည်လူထုတိုက်ပွဲ၏အမြင့်ဆုံးအဆင့်
ဖြစ်၍ထိုအဆင့်နောက်တွင်လူထုအားဖြင့်အရပ်ဘက်အုပ်ချုပ်ရေးတည်ဆောက်
ရန်သာရှိပါတော့သည်။အာဏာရှင်စနစ်များကိုရင်ဆိုင်ရာတွင်ဆန္ဒပြခြင်းတခု
ုကိုသာရှေ့တန်းတင်လျှင်ပစ်ခတ်နှိမ်နင်းခံရခြင်းနှင့်ဖမ်းဆီးနှိပ်စက်ခံရခြင်း
သည်မလွဲမသွေလာပါလိမ့်မည်။

ဒီမိုကရေစီနိုင်ငံအချို့တွင်ဆန္ဒပြတိုက်ပွဲတခုတည်းဖြင့်အုပ်ချုပ်ရေးအာဏာကို
အပြောင်းအလဲလုပ်နိုင်ခြင်းကိုအမြဲပုံတူမကူးသင့်ပါ။မိမိတို့ရင်ဆိုင်နေရသည်မှာ
နာဂစ်ကဲ့သို့လူသိန်းချီသေရသည့်သူများ၏ရက်လည်သောနေ့တွင်အလောင်းပုံ
ပေါ်မှာထိုင်၍လူထုဆန္ဒခံယူပွဲလုပ်သူများဖြစ်သည်။သံဃာတော်များကိုပင်သူတို့
အာဏာထိပါးလာလျှင်သတ်ဝံ့သူများဖြစ်သည်။

ထို့ကြောင့်သူတို့အားထိုးနှက်ရန်အထိရောက်ဆုံးနည်းသည်သူတို့ကြောက်
သောအခြေအနေများဖြစ်ပေါ်လာစေရန်လုပ်ဆောင်ခြင်းသာဖြစ်သည်။မိမိ
အင်အားစုများကောင်းစွာပြင်ဆင်မှုရပြီးအံတုနိုင်သောအခြေအနေရရှိရန်
ကြိုတင်ဆောင်ရွက်ထားပြီးမှနောက်ဆုံးတိုက်ပွဲကိုဆင်သင့်ပါသည်။

ဤနေရာတွင်ကျွန်တော့်အနေဖြင့်ရှင်းလင်းတင်ပြရန်ရှိပါသည်။ကျွန်တော်သည်
နိုင်ငံရေးကျွမ်းကျင်သူတဦးမဟုတ်သလိုစစ်ရေးကျွမ်းကျင်သူတဦးလည်းမဟုတ်
ပါ။မြန်မာနိုင်ငံသားတဦးအနေဖြင့်မိမိနိုင်ငံအရေးအတွက်ဖြစ်နိုင်ချေရှိသည်များ
ကိုတွေး၍စာရေးတင်ပြနေခြင်းသာဖြစ်ပါသည်။

ထိုကြောင့်ကျွန်တော်တင်ပြချက်များသည်အလုံးစုံပြီးပြည့်စုံသည်ဟုမဆိုလိုပါ။
လိုသည်ကိုသုံး၍မလိုသည်ကိုချန်လှပ်ခဲ့ရန်သာဖြစ်ပါသည်။ယခုကဲ့သို့အရေး
ကြီးနေချိန်တွင်တိုင်းပြည်အရေးနှင့်မည်သူမှဝေးမနေသင့်တော့ပါဟုတင်ပြ
လိုက်ရပါသည်။

D_Wave

Privatecam Virous အတွက်ဖြေရှင်းနည်းတခု

Some Solution ဖြေရှင်းနည်းတခု - PrivateCam Virus




# ခုနကပြောခဲ့တဲ့ ဗိုင်းရပ်စ် တော်တော်များများကို ဒုက္ခပေးနေပါပြီး... သူငယ်ချင်းတွေကလည်း ထိတဲ့သူထိသွားကြပြီး... အခုလေးတင်ပဲ... Myanmar Muslim Student and Youth Group မှ ရခဲ့တဲ့ မေးလ်မှာ အဲဒါကို ဖြေရှင်းမဲ့ နည်းလမ်းပါတာနဲ့ အားလုံးကို မျှပေးလိုက်ပါတယ်... ဖြေရှင်းလို့ နိုင်မနိုင်တော့ ကျနော် မသိပါ.. စမ်းလည်းမစမ်းကြည့်ရသေးပါ.. ဘာပဲဖြစ်ဖြစ် အနည်းနဲ့အများ အထောက်အကူရမယ်လို့ ယုံကြည်ပါတယ်... ဖြေရှင်းနည်းကို အောက်ဆုံးမှာ ဖေါ်ပြထားပေးပါတယ်.. အားလုံး အဆင်ပြေကြပါစေ...

ဇင်ယော်၁၃

# Thanks to Myanmar Muslim Student n Youth groups and Friend who share this
# Thanks to အဝေးကသန့်စင်ခန်း Blog for help to solve our worries..

(အဝေးကသန့်စင်ခန်း blog ၏ လိပ်စာကိုတော့ ကျနော်မသိသောကြောင့် မထည့်ပေးလိုက်ပါဘူး)

+ + + + + + + + + + + +

# ကျနော့်ဆီကို အောက်မှာပြထားတဲ့အတိုင်း ဗိုင်းရပ်စ်သတိပေးတဲ့ မေးလ်ေ၇ာက်လာပါတယ်... အဲဒီမှာ ပြထားတဲ့လင့်ခ်ကို သွားကြည့်တော့.. ဖိုင်တစ်ဖိုင်ကို ဒေါင်းလုတ်လုပ်ခိုင်းပါတယ်.. PrivateCam v0.1.exe ဆိုတဲ့ မသင်္ကာစရာကောင်းတဲ့ application ဖိုင်ပါ... အဲဒါကို ကျနော် မဖွင့်မိအောင် သတိထားပြီး ဒေါင်းလုတ်လုပ်ကြည့်တော့.. အမှန်တကယ်ဒုက္ခပေးနိုင်တဲ့ ဗိုင်းရပ်စ်ဖြစ်နိုင်တာကို သတိထားမိပါတယ်.. ဘာလို့လဲဆိုတော့ အဲဒီဖိုင်ရဲ့ icon ပုံကို folder icon ပုံလေးအတိုင်းပြထားပါတယ်.. သတိမထားမိပါက ဖိုလ်ဒါတခုဟု အထင်မှားကာ ဖွင့်မိစေချင်တဲ့ သဘောနဲ့ဆိုတာ သိသာပါတယ်... ကျနော် ကွန်ပျုတာမှာ ရှိတဲ့ Symantec Anti Virus version 10 နဲ့ အဲဒီဖိုင်ကို စစ်ဆေးကြည့်တဲ့အခါ ဗိုင်းရပ်စ်ဟု မပြပါ.. တခြား Anti Virus Software များလည်း မရှိသောကြောင့် ထပ်မစမ်းကြည့်နိုင်ပါ.. သို့သော်လည်း အထက်တွင် ကျနော်ပြောခဲ့သလို... ဖိုလ်ဒါတခုကဲ့သို့ ထင်ယောင်ထင်မှားဖြစ်ပြီ မှားဖွင့်စေရန် ပြုလုပ်ထားသည့် အချက်နဲ့တင် လုံးဝ မသင်္ကာစရာကောင်းပါတယ်... ဟိုအရင်က ကျနော်တို့တော်တော်လေး ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ Flashy Virus ကို မှတ်မိကြမယ်ထင်ပါတယ်.. အဲဒီ Flashy ကလည်း ဖိုလ်ဒါပုံနဲ့ ပြပြီး ထင်ယောင်ထင်မှားဖြစ်ကာ မှားဖွင့်ရာမှာ ဗိုင်းရပ်စ်အလုပ်လုပ်စေခဲ့တာ သတိထားမိကြမယ် ထင်ပါတယ်.. အဲဒီအတွက်.. အောက်မှာ ဖေါ်ပြထားသလို ကြုံတွေ့ခဲ့ရလျှင် .. ကိုယ်မသိသူဖြစ်စေ သိသူဖြစ်စေ.. ကိုယ်မသိသော Link တခုခု ပေးလာပါက သတိထား၍ ဖွင့်သင့် မဖွင့်သင့်.. သူငယ်ချင်းက တကယ်ပို့လိုက်တာ ဟုတ်မဟုတ် သေချာအောင် စဉ်းစားချင့်ချိန်ဖို့ ပြောလိုပါတယ်...

အောက်မှ ပြောထားသလိုတော့ ကျနော်ဆီမှာ မကြုံရသေးပါဘူး... သူပြောထားတာ ဟုတ်မဟုတ် စမ်းကြည့်တဲ့အခါ တကယ်ကို မသင်္ကာစရာကောင်းသောကြောင့် အားလုံးကို ဖြည့်စွက် အသိပေးလိုက်တာပါ..
နက်ထဲမှာ သိသလောက် လိုက်ရှာကြည့်သော်လည်း အဲဒါနဲ့ပက်သက်၍ အတိအကျမတွေ့ရသေးပါ.. တနေရာတွင်တော့ အောက်မှာပြောထားသကဲ့သို့ သတိပေးထားတာလေးတခုသာ တွေ့ရပါတယ်...
ဘာပဲဖြစ်ဖြစ် သတိလို ပိုတယ်မရှိ ပေါ့... အားလုံး သတိလေးထားဖို့ ပဲ ကျနော်ပြောလိုပါတယ်..

ဇင်ယော်၁၃


သူငယ်ချင်း အားလုံးပဲ အဲ့ဒီ site နဲ့စာလုံးတွေ gtalk မှာ auto တက်လာခဲ့ရင် လုံးဝ သွားမဖွင့်မိပါစေနဲ့...ဖွင့်လိုက်တာနဲ့ ကိုယ် gtalk မှာပါ အဲ့ဒီ virus ကူးသွားပြီးတော့...ကိုယ့် gtalk ဖွင့်လိုက်တာနဲ့..ကိုယ့်ဆီမှာရှိတဲ့ fri တွေဆီ ကိုက စာမရိုက်ပဲ သူဖာသာသူ...ရောက်ကုန်ရော...

အဝေးကသန့်စင်ခန်း's Blog!

၁။ Yahoo Massenger ကို အော်တိုမက်တစ် ထထပြီးတော့ RUN မယ်။

၂။ ပြီးရင် google talk ဒါမှမဟုတ် gmail ကို သုံးလိုက်တာနဲ့ အော်တက်မက်တပ် စာတွေလိုက်ပို့နေမယ် ။

၃။ ၀င်းဒိုးစန်စကတော့ ကျီးဘောင်နည်းနည်းထိသွားမယ် ။ အဲ system 32 ထဲမှာ chrome.exe ကို run မယ် ( google ရဲ့ chrome browser သုံးနေရင်တော့ ဘာတွေဖြစ်မလဲဆိုတာ ကိုယ့်ဘာသာကိုယ်လေ့လာလိုက်။

၎။ ထုံးစံမပျက် Tesk Manager, Folder option , regedit တွေကို လုံးဝကိုင်တွယ်လို့ရမှာမဟုတ်ပါ။

၅။ system Restore လုပ်မယ် မကြံနဲ့ မျိုးပါကန်းသွားမယ်။

ကျနော်ကတော့ ရှည်ရှည်ဝေးဝေး သိပ်ပြီးမစမ်းသေးဘူး။ ပရောဂျက်တွေရိလို့ မီးလာတဲ့ အချိန်လေးမှာ အချိန်ရှိခိုက်လုံ့လစိုက်ရတာမို
့ပါ။

ဒါ တောင် သူငယ်ချင်းဖြစ်တဲ့ စည်တို .. အဲ ..ချစ်ကေ ရဲ့ (KLK) အင်ကြာနက်ဆိုင်မှာ ဘေသုံးရင်း ဟောဒီရွှေဘုန်းလူကစမ်းသပ်ခဲ့တာကို ဖေါက်သည်ချပါတယ်။



------------------------------------------------------------------------------------------------------------------------------

ဘယ်လိုရှင်းမလဲ

လွယ်ပါတယ်။ သိပ်မခက်ပါဘူး ထုံးစံအတိုင်းပါပဲ။

၁။ စက်ထဲမှာရှိနေတဲ့ privateCam_vo.1.exe ဆိုတာကို မရမချင်းရှာ။ ပြီးတော့ SHIFT+ DeL လုပ်ပြစ်လိုက်

( သို့သော် လုံးဝဖျက်မရပါ)

၂။ user permission တွေကိုထိတဲ့အတွက် ဒါနဲ့ပါတ်သက်ရင်လက်နဲ့ကိုင်ဖို့တောင်မစဉ်းစားနဲ့

၃။ Ccleanerသုံးတယ် ပြီးတော့ startupထဲက program တွေဖြစ်တဲ့
(့ Yahoo Messengger ...... C:\Windows\system32\chrome.exe)
(Yahoo!Pager ..................."C:\Program Files\Yahoo!\Messenger\YahooMessenger.exe"-quiet)
(Alcmtr ..................................ALCMTR.EXE) တွေကိုဖျက်ပစ်လိုက်

၎။ သင့်ဆီမှာ Not32 ရဲ့ Flashy fix အတွဲလိုက်ကိုထုတ်သုံး။ ကပ်စပါတွေ ဘာတွေညာတွေလာမမေးနဲ့ လျှာတောင်ထုတ်ပြသွားအုံးမယ်။

၅။ Restart လုပ်ပြီးပြန်သုံးလိုက်။



RM/ Deep Freezeသုံးထားတဲ့စက်ဆိုရင်တော့ ဘာတွေမှမလုပ်နဲ့ restart ကိုသာမြန်မြန်ချလိုက်။ ပြီးရင် user policy ကိုပြန်ရအောင်ခေါ်လိုက်ဖို့ပဲလိုတယ်။


+ + + + + + + + + + + + +

--
Your sincerely

Wizard

Mobile------
Office ---------
Website- http://symposium.22web.net
www.---------
http://-----------

လူသေတွေကိုတံဆိပ်ကပ်ပေးနေတဲ့နအဖ (သားကြီး)

Forward news from Razah Ag
မနေ့ က နေ့ စွဲနဲ့  ထုတ်ဝေခဲ့တဲ့ နအဖ သတင်းစာမှာ ဗုံးဆင်နေရင်း
သေဆုံးသွားသူတစ်ဦးဆိုပြီး အောက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့တာ
တွေရှိရပါတယ်။

အတိုက်အခံအင်အားစုတွေနဲ့  ရဟန်းသံဃာတော်တွေကို သိက္ခာချချင်နေတာ
နဲ့ ထောင်ထွက်တစ်ဦးက (နအဖက မကြာခင်က လွှတ်ပေးလိုက်သော ၉၀၀၂
ယောက်ထဲကအများစုဖြစ်တဲ့ ရာဇ၀တ်မှုနဲ့  ထောင်ကျခဲ့သူတစ်ဦး) အကြံ
အစီတစ်ခုနဲ့  (သို့) နအဖဘက်က ညွန်ကြားချက်နဲ့  ဘာတွေဆင်လို့ 
ဘာတွေပေါက်ကွဲပြီးသေရတာလည်းဆိုတာ မသိရဘဲ နအဖက
သေတဲ့သူအပေါ်ထုံးစံအတိုင်းခုတုံးလုပ်လိုက်ပြန်ပြီ။

နအဖက လုပ်ကြံပြီး ဘုန်းကြီးဝတ်ခဲ့တဲ့သူဆိုပြီး သတင်းညာထုတ်တယ်။
နောက်ပြီးအခြားနိုင်ငံနယ်စပ်ဘက်ကို တရားမ၀င်သွားခဲ့တယ်ဆိုပြီး
နယ်စပ်ဒေသမှာ ရှိတဲ့အဖွဲ့ အစည်းတွေနဲ့  ပတ်သက်သလိုလို
ဖန်တီးလိုက်ပြန်တယ်။

တကယ်တော့ အဆိုပါ သေဆုံးသွားသူဟာ ထောင်ထွက်ဖြစ်ပါတယ်။ နယ်စပ်က
ပြန်လာတာလဲမဟုတ်ပါဘူး။ ထောင်က လွတ်လာတာတောင် မကြာသေးပါ။
ထောင်က လွတ်လာကတည်းကဘယ်ကရလာမှန်းမသိတဲ့ ဟာတွေ အိမ်ထဲ
တကုပ်ကုပ်နဲ့ တပ်ဆင်နေခြင်းဖြစ်ပါတယ်။
အဆင့် (၁၀) ဆင့်လောက်ထိကို ဆင်ရမယ့် အညွှန်းလိုလိုလည်း ပါပါတယ်။ ဒါနဲ့
ဖြစ်ချင်တော့ ဗုံးက အဆင့်၆-၇ လောက်မှာတင် ပေါက်သွားခြင်း ဖြစ်ပါတယ်လို့ 
အနီးကပ်သိရှိကြသူတွေက ပြောဆိုပြပါတယ်။

သူ့ဘာသာသူ အေးအေးဆေးဆေးကိုဆင်နေတာတဲ့။
ခုလိုပေါက်သွားတော့မှသာနအဖပြောတဲ့ ဗုံးဆိုတာကို ဒီလိုပဲ
ပေါ်တင်ကြီးဆင်ရသလားလို့အံ့သြနေကြရပါတယ်လို့ 
အဆိုပါ ပြောပြသူတွေက ဆက်လက်ပြောပါတယ်။

အခုလိုသတင်းညာတွေဖန်တီးပေါ်ထွက်နေတာကြည့်ရင်
နအဖခေါင်းဆောင်ကြီးတွေတော်ကောက်ထားတဲ့ သတင်းထုတ်ညာရေး
ဝံကြီး ကျော်ဆန်းတို့ လက်ထက် သတင်းစာ(ညာ)တွေကတော့အတော့်ကို
အောက်တန်းကျကျ လုပ်ကြံဖန်တီးတာနိုင်တာမို့ ကျော်ဆန်းကတော့
အရင့်အရင် သတင်းဝံကြီးတွေထက် သာပါပေတယ်။
1
2

advice from U Tettoe Aung

Dear Editor of Saffron People News Letter,

I got your news letter from my son in Canada. In your news letter you said you welcome ideas and advice. My suggestion simply is that instead of your news letter carrying news available from other news outlets like Irrawaddy or Mizzima you should concentrate on area other news do not cover. For example, no one write about the situation in the military; no one write or carry news about the SPDC selling or at least leasing land to grow grains and other food for countries other than our own.

I suggest that you should start educating people about the values of a democratic system. The people in Burma have lost contact with those values since 1962. Our education system is in a mess and like China we should make use of the internet to educate our younger generation.

I'm Kyaw Kyaw's dad and I'm already retired. I can do the research for you and also write some pieces. Even though I can type in Burmese it's too time consuming for me. I can write and scan the document if someone is eager to type. Let me know your thoughts and get back to me. I wish you luck with your news letter.

Regards,


Tettoe Aung

"13 years is too long: Free Daw Suu now." by Altsean-Burma

"13 years is too long:Free Daw Suu now."

On 24 October, Daw Aung San Suu Kyi will mark her 13th year in
detention. Yet, she remains committed to a peaceful, political
solution that is needed now more than ever for the people of Burma. It
is imperative that Burma's neighbors and allies such China, India and
ASEAN renew and strengthen efforts to secure the immediate and
unconditional release of Daw Aung San Suu Kyi and her colleagues. As
the Burmese military junta's gross mismanagement and oppression
further entrenches Burma as a failed state, it is in the region's
interests that durable solutions are achieved.

This briefer profiles the experiences of Daw Aung San Suu Kyi and some
of the 178 other women prisoners of conscience known to be
incarcerated in intolerable conditions in Burma's prisons for their
political activities and leadership.

The briefer is available at:

http://www.altsean.org/Reports/13years.php

You have been placed on this mailing list because you have been
identified as an interested party or a recipient of previous Altsean
publications. If you would like to unsubscribe to this mailing list,
please reply to this message with "Remove" as the subject.

If you are not on this mailing list, but would like to be, you can sign up at

http://www.altsean.org/Signup.php

Yours, in solidarity,
Altsean-Burma


နအဖ စစ်အစိုးရရဲ့သတင်းစာမျက်နှာတွင် ရေးသားထားသောမဟုတ်မှန် သည့်သတင်းလိမ်များ







အများသူငှာတို့ ကြားသိပြီးဖြစ်တဲ့ အောက်တိုဘာလ (၁၃) ရက်နေ့ က
ဖြစ်ပွားခဲ့တဲ့ တိုက်ကြီး-ရန်ကုန် ပြေးဆွဲနေခဲ့တဲ့ ခရီသည်တင်
ဟိုင်းလတ်ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ကားပေါ်ပါသူ
ကားမောင်းသမားအပါအ၀င် လူ (၇) ဦး သေဆုံးခဲ့တဲ့ကိစ္စကို နအဖက
ဖြစ်ပွားရတဲ့အကြောင်းရင်းကို အမှန်အတိုင်း မထုတ်ဖေါ်ဘဲ သတင်းလိမ်ခဲ့
တာနဲ့  နအဖပိုင်သတင်းစာတွေကလည်း ဒီသတင်းကို လိမ်ညာဖန်တီးပြီး
ရေးသားခဲ့တာကိုထုတ်ဖေါ်ပြလိုပါတယ်။

ပထမဦးဆုံးအနေနဲ့  ပေါက်ကွဲမှုနဲ့  ပတ်သက်ပြီး နအဖကနေ ဘယ်လို
သတင်းထုတ်ပြန်ခဲ့သလည်းဆိုရင် အဆိုပါ ဟိုင်းလတ်ကားမောင်းတဲ့သူဟာ
ကားကိုအရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ
ကားမှောက်ပြီး ကားပေါ်ပါ ဂက်စ်အိုးများ အချင်းချင်းရိုက်ခတ်မိလို့ 
ပေါက်ကွဲမှုဖြစ်ရတာပါဆိုပြီး အဓိက အကြောင်းရင်းက ကားမှောက်တာပါ၊
ကားမှောက်လို့ သာ ဂက်စ်အိုးပေါက်ကွဲရတာပါလို့  အကြောင်းပြခဲ့ပါတယ်။

အဖြစ်မှန်ဖြစ်တဲ့ ဂက်စ်အိုးပေါက်ကွဲတဲ့ အဓိက အကြောင်းရင်းကို
လိမ်ညာခဲ့ခြင်းဖြစ်ပါတယ်။ စစချင်း ဂက်စ်အိုးပေါက်ကွဲတာ မဟုတ်ဘဲ
ကားမှောက်တာ အရင်ဖြစ်လို့  ကားမှောက်တဲ့အရှိန်ကြောင့်သာ
ဂက်စ်အိုးကွဲရတာပါလို့  လှည့်ဖြားပြောဆိုထုတ်ပြန်ခဲ့ပါတယ်။

ဘာလို့  ဒီလို လှည့်ဖြားပြောဆိုရတာလည်းဆိုတာကတော့ နအဖအနေနဲ့ 
သူတို့ နဲ့ ပတ်သက်နေတဲ့ ပေါ့ဆမှုတွေ၊ လာဘ်စားမှုတွေ၊ ပြည်သူတွေ
အပေါ်မှာတာဝန်ကင်းမဲ့သူတွေ၊ သူတို့ ရဲ့ ညံ့ဖျင်းမှုတွေကို အပြစ်ပြောခံရ
မှာစိုးလိုဒီလိုဖုံးကွယ်ပြောဆိုခဲ့တာဘဲ ဖြစ်ပါတယ်။

ဂက်စ်အိုးတပ်ဆင်မှုတွေကို စစ်ဆေးမှု မရှိတာတွေ၊ အလွယ်တကူဈေးနဲ့ 
ဈေးရောင်းကောင်းအောင်လောက်ဘဲ ကြည့်ပြီး လုပ်ခဲ့တာတွေ၊ ပြည်သူတွေရဲ့ 
အသက်အိုးအိမ်စည်းစိမ်ထက် နအဖဘက်တော်သား စီးပွားရေးသမားကြီးတွေ
ကြီးပွားရေးအတွက်သာ ကြည့်နေတာတွေ၊ နိုင်ငံတော်ဝါဒဖြန့် ချီရေးတွေမှာ
မော်တော်ယာဉ်တွေ ဂက်စ်သုံးစွဲမှုနဲ့  တိုးတက်နေပါတယ်လို့ 
ဟန်ပြပြောဆိုနေတာတွေကို ထိခိုက်မှာစိုးလို့  ပေါက်ကွဲမှု အဓိက
အကြောင်းရင်းက ဂက်စ်အိုးပေါက်လို့  ဖြစ်ရတာပါဆိုတာကို မပြောရဲတာဘဲ
ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ နအဖက သတင်းထုတ်ပြန်ခဲ့တာ အောက်တိုဘာလ (၁ရ) ရက်နေ့ 
ကျမှသတင်းထုတ်ပြန်ခဲ့ပြီး၊ အောက်တိုဘာလ (၁၈) ရက်နေ့  သတင်းစာထဲမှာ
ဖေါ်ပြခဲ့ပါတယ်။ အမှူဖြစ်ပွားပြီး (၃) ရက်မြောက်နေ့ ကျမှသာလျှင် သတင်းကို
ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းစာထဲမှာ သတင်းကိုလှည့်ဖြားပြီး
ရေးသားထားရုံတင်မကဖူး ပေါက်ကွဲမှုဖြစ်ပွားတာကိုအခင်းဖြစ်မှုမြေပုံအကြမ်းနဲ့ 
ဖေါ်ပြထားပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ဖြစ်ပွားမှုသတင်းကို
သေသေချာချာ စနစ်တကျနဲ့ စုံစမ်းဖေါ်ထုတ်ထားသလိုလိုနဲ့တကယ်တမ်းကျတော့
ပေါက်ကွဲမှုကြောင့် သေဆုံးရသူတွေရဲ့ ဓါတ်ပုံတွေကိုတော့ အမှန်အတိုင်း ဖေါ်ထုတ်
မပြရဲခဲ့ပါဖူး။ (စကားချပ်-သေဆုံးမှု ဆိုးရွားတဲ့ပုံတွေ ဖြစ်နေတာကြောင့် အမြင်မသင့်
တော်လို့ သတင်းစာထဲ မထည့်တာလို့ တော့ အကြောင်းမပြပါနဲ့ ။ တစ်နေ့ ကဘဲ ရှေ
ွပြည်သာမှာ ဗုံးထောင်ရင်း သေဆုံးခဲံရပါတယ်ဆိုပြီးခေါင်းပြတ်ခြေပြတ်လက်ပြတ်ပုံကျ
တာ့ သတင်းစာထဲမှာ သတင်းညာပြီး ၀ါဒဖြန်ချီလိုလို့  ထည့်ခဲ့တာရှိနေပါတယ်)။

ဂက်စ်အိုးပေါက်ကွဲလို့ သေဆုံးသူတွေရဲ့  ပုံတွေကို အမှန်အတိုင်းသတင်းစာထဲ
မထည့်ရဲတာကတော့ဂက်စ်အိုးပေါက်ကွဲတာ အရင်လား၊ ကားမှောက်ပြီးမှ ဂက်စ်အိုးက
ပေါက်ကွဲရတာလားဆိုတာ အသိသာကြီး မြင်မှာစိုးလို့ ပါ။

စီအင်(န်)ဂျီပြောင်းလဲတပ်ဆင်ခွင့်ရတဲ့ ကုမ္ပဏီတော်တော်များများဟာ
နအဖဗိုလ်ချုပ်ကြီးများနဲ့ မကင်းရာမကင်းကြောင်းဖြစ်နေခြင်း
စစ်ဆေးရန်တာဝန်ရှိသူများဟာ မိမိတို့ရဲ့ တာဝန်များကို ထမ်းဆောင်ရန်ထက်
ပိုက်ဆံများများ ဘယ်လိုရမလဲဆိုတာကိုသာပိုမိုစိတ်ဝင်စားနေကြခြင်းတွေကြောင့် - ဒီဟိုင်းလပ်ကားဖြစ်ပွားမှုမှာဂက်စ်အိုးပေါက်ကွဲကြောင့် ဖြစ်ရတာပါလို့ 
အမှန်အတိုင်းမပြောရဲကြတာဖြစ်ပါတယ်။

နအဖပြောသလို မဆင်မခြင်မောင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ
ကားမှောက်တာလို့  ပြောထားပေမယ့် ဓါတ်ပုံတွေမှာ ကြည့်ရင် ကားဟာ
မှောက်သွားပြီး ဘေးစောင်းလိမ့်နေတာ၊ ဒါမှမဟုတ် ကားပက်လက်လန်နေတာ
မရှိပါဖူး။

နောက်တစ်ချက်ကတော့ နအဖ ပြောတာက - ကားမှောက်တာကြောင့်
ကားပေါ်ကနေဘယ်ဘက်နဲ့ညာဘက်ကို လွင့်ကျပြီး လူသုံးဦးဟာ လမ်းပေါ်မှာ
သေဆုံးသွားတာဖြစ်တယ်လို့ ဆိုထားပါတယ်။ နအဖတွေ ဘယ်သောအခါမှ
ဟိုင်းလတ်ကား မစီးဘူးဖူးနဲ့ တူပါတယ်။ဟိုင်းလတ်ကားရဲ့ ဘေးဘယ်ညာမှာ
ကာထားတဲ့ သံတိုင်အကာတွေ ရှိပါတယ်။ဒီသံတိုင်တွေကြားထဲကနေ လူတစ်
ယောက်ခန္ဒာကိုယ်အရ လွင့်ထွက်ကျဖို့ ဆိုတာလုံးဝမဖြစ်နိုင်ပါ။

နောက်တစ်ချက်ကတော့ နအဖရဲ့  လိမ်ညာပြောဆိုချက်အရ - ကားပေါ်မှာ
ဂက်စ်အိုးလေးလုံးပါလာတယ်၊ အဲ့ဒီဂက်စ်အိုးလေးလုံးအချင်းချင်းရိုက်ခတ်မိလို့ 
ရိုက်ခတ်မှုအပြင်းဆုံးတစ်လုံးကပေါက်ကွဲရတာလို့ ပြောတာကြည့်ရင်
အချင်းချင်းရိုက်ခတ်ရလောက်အောင် နေရာအကျယ်လည်းမရှိနိုင်ပါ။

ဂက်စ်အိုးအချင်းချင်းရိုက်တဲ့အရှိန်နဲ့ ဂက်စ်အိုးတစ်လုံးပေါက်ကွဲရတာဆိုရင်
ကျန်တဲ့ဂက်စ်အိုးတွေကရောကားပြင်းထန်စွာမှောက်သွားတဲ့အရှိန်နဲ့ ရော
ဘာလို့ မပေါက်ကွဲဘဲ နေရာတွေအတော်ခြားပြီး လမ်းပေါ်မှာ ဒီအတိုင်းဘဲ
ရှိနေရတာလည်း။နအဖဖေါ်ပြထားတဲ့ပုံတွေအရကြည့်ရင် အင်မတန်
ယုတ္တိမရှိတဲ့  လိမ်ဆင်ကြီးဆိုတာသိသာလွန်းပါတယ်။

ဒီ ဟိုင်းလတ်ကား ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတွေ
သေဆုံးရတာကို အမှန်အတိုင်းမပြောရဲဘဲ လှည့်ဖြားပြောဆိုထားတဲ့ နအဖရဲ့ 
လိမ်ညာမှုနဲ့  သတင်းညာရေးပြီး ပြုပြင်ဖန်တီးထားတဲ့ သတင်းစာပါအချက်တွေ
ဓါတ်ပုံတွေကို အမှန်တကယ်ဖြစ်ပျက်မှုကို သိရှိရအောင် ပေးပို့ လာတဲ့
တာဝန်သိပြည်သူတစ်ဦးရဲ့  ဖြစ်ပွားမှုဓါတ်ပုံအမှန်တွေကို နှိုင်းယှဉ်ပြီး
ကြည့်ကြည့်ရအောင်ဒီpostရဲ့အရှေ့မှာတင်ပြထားပါတယ်။

ဒီဟိုင်းလတ်ကားပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် (၃) ရက်နေမှ
သတင်းထုတ်ပြန်တဲ့ နအဖရဲ့  လုပ်ရပ်ဟာ ဖြစ်ပျက်မှုအမှန်ကို လိမ်ညာဖို
့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှ သတင်းထုတ်ပြန်ခဲ့တာပါ။

နအဖသတင်းစာမှာ ဖေါ်ပြထားတဲ့  ဟိုင်းလတ်ကား တည်ရှိရာနေရာနဲ့ 
အမှန်တည်ရှိတဲ့နေရာဟာ လွဲချော်နေပါတယ်။ ပျက်စီးနေတဲ့ကားဘော်ဒီ
ဟာ အချို့ နေရာတွေမှာပြောင်းလဲနေပါတယ်။ လူတစ်ဦးကားရှေ့ မှန်ကနေ
တစ်ပိုင်းတစ်စထွက်ပြီးသေဆုံးနေတဲ့ပုံနဲ့  နအဖသတင်းစာပါ ကားပုံက
လွဲချော်နေပါတယ်။နအဖသတင်းစာပါ ဟိုင်းလတ်ကားရဲ့ အမိုးနဲ့ 
အမှန်တကယ်ပျက်စီးနေတဲ့ ဟိုင်းလတ်ကားရဲ့ အမိုးတွေဟာ ပုံစံခြင်း
မတူတာ မြင်ရပါတယ်။

ဒီအချက်တွေအရနအဖဟာ ဟိုင်းလတ်ကားကို သတင်းညာဖို့ အတွက်
ပြန်လည်ပြင်ဆင်ဖန်တီးထားတာ(သို့) အခြားသော ဟိုင်းလတ်ကားကို
ပုံစံတူဖန်တီးပြထားတာ ဖြစ်ပါတယ်။နအဖသတင်းစာပါ ဟိုင်းလတ်ကားရဲ့ 
နံပါတ်ကို မြက်တွေနဲ့ ကွယ်ပြီးဖုန်းအုပ်ပြသထားပါတယ်။ ဘေးဘက်က
နံပါတ်ပြားကိုလည်း ၀ိုးတစ်ဝါးနဲ့ မသဲမကွဲ ပြုလုပ်ထားပါတယ်။

တာဝန်ရှိပြည်သူတစ်ဦးကနေ ပေးပို့ လာတဲ့ အဖြစ်မှန်ပြ ဓါတ်ပုံတွေကို
ကြည့်ရင် အဓိက အချက်တွေ သိစေလိုတာကတော့ ဒီဟိုင်းလတ်ကားဟာ
ဂက်စ်အိုးကနေဂက်စ်တွေယိုစိမ့်ထွက်ပြီး မီးလောင်တာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး
လူတွေသေဆုံးရတာဆိုတာကိုပါ။

လမ်းပေါ်မှာ ပြုတ်ကျပြီးသေဆုံးသူတွေဟာ ကားရိုးရိုးမှောက်လို့  ပြုတ်ကျပြီး
သေဆုံးကုန်တာ မဟုတ်ပါ။ ဂက်အိုးပေါက်ကွဲပြီးမှ ပေါက်ကွဲမှုကြောင့်
အမိုးပွင့်ပြီး ပြတ်ထွက်ကုန်တဲ့ ကားအစိတ်အပိုင်းတွေနဲ့ အတူ လမ်းမပေါ်ကို
လွင့်စင်ကျလာတာပါ။ နအဖပုံမှာ လိမ်ပြီးရေးဆွဲပြထားတာက ဂက်စ်အိုးက
နောက်ဆုံးနေရာကျမှ ပေါက်ကွဲတာပါလို့ ပြောထားပါတယ်။ ဟိုင်းလတ်ကား
ပျက်စီးမှုပုံ၊ လမ်းပေါ်ကသေဆုံးသူတွေရဲ့ ပုံတွေ၊ ကားနောက်ခမ်းအတွင်းနဲ့ 
ရှေ့ ခန်းကပုံတွေကို ကြည့်ရင် ရိုးရိုးကားမှောက်လို့ သေတာမျိုး
မဟုတ်ဖူးဆိုတာ သူတို့ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေအရ ကြည့်ရင်
သိသာထင်ရှားပါတယ်။

အပြစ်မဲ့ ပြည်သူတွေ သေဆုံးကြရတာကို နအဖအနေနဲ့ 
သတင်းအမှန်မရေးရဲတာလွန်းလွန်ပါတယ်။ ဒီဟိုင်းလတ်ကားဖြစ်ပွားမှုမှ
မဟုတ်ပါ၊ မြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ ပြည်သူတွေသေကြေပျက်စီးရမှုမှန်သမျှ
အခြားသူတွေကိုမဟုတ်မမှန် စွပ်စွဲပြီး အပြစ်ဖို့လေ့ရှိတဲ့ နအဖဟာ
တော်တော့ကို ယုတ်မာတဲ့ကမ္ဘာကျော်လူလိမ်ကြီးများလို့  ခေါ်ခံတာ
နည်းတောင်နည်းပါသေးတယ်။

ဖြစ်ပျက်မှုတွေရဲ့  အကြောင်းရင်းအမှန်တွေကို ဖုန်းကွယ်ထားမှုဟာ
ပိုပြီးဆိုးရွားပါတယ်။ ပြည်သူတွေအနေနဲ့  သတင်းအမှန်မသိရတဲ့အတွက်
နောက်နောင်အလားတူ သေကြေပျက်စီးမှုဖြစ်နိုင်တာတွေကို
ကြိုတင်ကာကွယ်နိုင်မှာ မဟုတ်ပါဖူး။ နအဖက ပြည်သူတွေ ဒီလိုအလားတူ
ဆိုးရွားမှုတွေ ထပ်ဖြစ်လည်း ဂရုမစိုက်တဲ့ စိတ်ယုတ်မာကို ပြတာပါ။
ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ နေနေသာ
ဘေးအန္တရယ်တွေကျရောက်ခဲ့တာတွေကို အကြောင်းရင်းအမှန် မဖေါ်ပြရဲဘဲ၊
နအဖအာဏာတည်မြဲဖို့  အကျိုးမထိခိုက်ဖို့ အတွက်လောက်သာ ကြည့်တာဟာ ယခုလို
သတင်းလိမ်ညာမှုတွေက သက်သေပါ။ ဒီ့အတွက် နအဖဟာ လူမဟုတ်တော့တဲ့
တိရိစ္ဆာန်အဆင့်တောင်မရှိတဲ့ ဘီလူးသရဲသဘက်သာသာ ဖြစ်နေပါပြီ။

ပြည်သူတွေအနေနဲ့  ကိုယ်ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်ပေးတဲ့အပြင်၊
အသက်အိုးအိမ်စည်းစိမ် ပျက်စီးအောင် တိုက်ရိုက်ရော သွယ်ဝိုက်လို့ ရော
လုပ်နေတဲ့ နအဖတွေကို ဖယ်ရှားပြစ်ဖို့  ရဲရဲဝန့် ဝန့်  လုပ်ရတော့မှာ
ဖြစ်ပါတယ်။

သတင်းနှင့်ဓါတ်ပုံကိုသားကြီး(ယခုသတင်းအားအီးမေးဖြင့်ဖေါ်ဝပ်လုပ်
ပို့ပေးသူRAzah Agကိုကျေးဇူးအထူးတင်ရှိပါသည်။)