1.07.2010

Burma's News World's News

Anwar al-Awlaki
The alleged US plane bomber met a radical Muslim cleric in Yemen and was recruited in London, Yemeni officials say.

Sudan ethnic clashes kill 140
Dozens die in ethnic clashes in Southern Sudan, as aid agencies warn that the country faces a return to civil war.

Contracts for Galileo sat-nav
Contracts worth one billion euros are awarded to build an operational satellite-navigation system for Europe.
QUOTE OF THE DAY
I have urged them [Burmese military leaders] to first of all make it clear about all the electoral systems, and there should be clearly set deadlines for the election.
— UN Secretary-General Ban Ki-moon

NEWS ANALYSIS

Regime Privatizing to Retain Control of Resources

By WAI MOE
A recent wave of privatization ahead of this year's election is putting ownership of state-owned corporations into the hands of the Burmese junta's cronies.

Two Receive Death Sentence for Information Leak

By THE IRRAWADDY
A former military officer and a foreign affairs official were sentenced to death and another foreign affairs official was sentenced to long-term imprisonment in a special court in Insein Prison.
NEWS ANALYSIS

Looking for an Election in Burma's Political Fog

By BA KAUNG
Although Burma's election year has dawned, the country's political scene is still swathed in gloom.

Mon National Day Billboard Censored

By LAWI WENG
Authorities have ordered that the Burmese language text be removed from billboards in Mon State commemorating the 63rd anniversary of Mon National Day.

Ban Notes No Election Date Set by Than Shwe

By LALIT K JHA
UN Secretary-General Ban Ki-moon says Burmese Snr-Gen Than Shwe should set clear dates for the 2010 election.
Thai Detention Extended for Alleged Arms Smugglers
By JOCELYN GECKER
The crew of a cargo plane that left North Korea with 35 tons of weapons last month will remain in Thai prison another 12 days so police can continue investigating the flight that violated UN sanctions.

Fund raising Burmese film on Cyclone Nargis victims
To raise funds for Cyclone Nargis hit victims some Burmese nationals residing ...
Prison officials foil observing Independence Day
Prison authorities foiled a plan by political prisoners in Myitkyina prison to observe ...
Our attitude and demands on regional demarcation and transformation of our armies
(Research) We hereby present our attitude and demands on regional ...
WFP to continue assistance to Chin State
The World Food Program (WFP) has pledged to offer further help to Chin state in western Burma plagued by rat infestation and ...

DVB NEWS
Women selling hair ‘to restore livelihoods’

Jan 7, 2010 (DVB)–Trade in women’s hair in Burma has boomed in the last five years as people look for a new way to make ends meet, particularly in the wake of the devastation wrought by cyclone Nargis. - more


Shan party eye 2010 elections

Jan 7, 2009 (DVB)–A Shan political party that came second in the 1990 elections in Burma has requested a meeting with its imprisoned party leaders prior to elections this year, apparently with an eye to participating. - more


ILO to be ‘more proactive, not reactive’ in Burma

Jan 7, 2010 (DVB)–The International Labour Organisation is looking to change its approach to dealing with issues of child soldiers and forced labour in Burma, with a top-level ILO official to visit the country next week. - more


Farmers sell livestock to repay loans

Jan 6, 2010 (DVB)–Farmers in central Burma forced to repay loans months in advance of their deadline have reportedly been selling off livestock, following threats of arrest. - more


US senator Webb gives election backing

Jan 6, 2010 (DVB)–US senator Jim Webb, the only senior-level US official to have met Burmese junta chief Than Shwe, has said that he supports the junta’s controversial planned elections, to be held this year. - more


Burma will struggle for attention in 2010

Francis Wade

Jan 6, 2010 (DVB)–The extent of Burma’s “boutique” attraction for the international community will be tested this year as the opposition vies for attention amidst a horde of other, equally controversial, elections. - more


Burmese reporter receives 20-year sentence

Jan 6, 2010 (DVB)–A Burmese reporter who contributed video material to the Democratic Voice of Burma has been handed a 20-year prison sentence, bringing to 13 the number of imprisoned journalists in Burma. - more

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး၏ အဖြေမဟုတ်

ဇင်လင်း

၇ ဇန်န၀ါရီ ၂၀၁၀

၂၀၁၀ ခုနှစ်ဆန်းပေပြီ။ မြန်မာ့နိုင်ငံရေးမြင်ကွင်းကား အမှောင်ဖုံးနေဆဲ။ “အာဃာတကင်းစင်သော အထွေထွေ သဟဇာတ ဖြစ်ရေးမူ” ကို တာဝန်ရှိ နိုင်ငံခေါင်းဆောင်အသီးသီး လေးနက်စွာ နှလုံးမသွင်းသရွေ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အလှမ်းဝေးနေပေဦးမည်။ တိုင်းပြည်လူထု ဆင်းရဲဒုက္ခနွံအတွင်းမှ လွတ်မြောက်ရေး လည်း မျှော်တိုင်းဝေးနေကြရဦးမည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအား သွေးမြေကျအောင် လူ့အခွင့်အရေးချိုးဖောက်၊ အကြမ်းဖက် နှိမ်နင်းခြင်း၏ အကျိုးဆက်အဖြစ် နအဖစစ်အုပ်စုသည်လည်း နိုင်ငံရေးအကျဉ်းအကျပ်အတွင်း၌ ချောင်ပိတ်မိ နေသည်။ (၁၄) နှစ်ကြာ စည်းမျဉ်းစည်းကမ်း တိတိကျကျမရှိဘဲ အချိန်ဆွဲကျင်းပခဲ့သည့် ညောင်နှစ်ပင် အမျိုးသား ညီလာခံကို တက်သုတ်ရိုက် နိဂုံးသတ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) ဆိုသည်ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေချိန် ၂၀၀၈ ခုနှစ် မေလတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ မည်ကာမတ္တ လူထုဆန္ဒခံယူပွဲဖြင့် ညောင်နှစ်ပင် ဖွဲ့စည်းပုံ အခြေခံ မူကြမ်းကို မျက်နှာပြောင်တိုက် အတည်ပြုခဲ့သည်။ (၉၂) ရာခိုင်နှုန်းကျော် လူထုဆန္ဒမဲ ထောက်ခံမှုအရ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုလိုက်ကြောင်း အရှက်ကင်းမဲ့စွာ ကြေညာခဲ့သည်။ ဆက်လက်၍ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟုလည်း အခြေအမြစ်မဲ့စွာ ကြေညာခဲ့သည်။

သို့သော် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် လူထုဆန္ဒမဲ (၈၂) ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါလီမန်တွင် စစ်ဗိုလ်တမတ်သား အလိုအလျောက်ပါဝင်မည့် နအဖ၏ ၂၀၀၈ ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပေဒေသည် ဒီမိုကရေစီနည်းမကျသဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်ရန် လိုသည်ဟု ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ၌ ဝေဖန် ထောက်ပြခဲ့သည်။ ထိုအချက်ကို နအဖက လက်ခံမှသာ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည် ဟုလည်း တောင်းဆိုခဲ့သည်။ အန်အယ်လ်ဒီ၏ ‘ရွှေဂုံတိုင်ကြေညာ စာတမ်း’ ကို ပြည်တွင်းပြည်ပရှိ အတိုက်အခံ အင်အားစုများကလည်း သဘောတူထောက်ခံခဲ့ကြသည်။ စင်စစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာသည် ရွေးကောက်ပွဲကျင်းပ အဖြေထုတ်ယူရမည့် အဆင့်အထိ မရောက်သေးပေ။ လက်ငင်းရှာရမည့် အဖြေမှာ တိုင်းရင်းသား ပြည်သူလူထုအများစုကြီးက သဘောတူလက်ခံနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တရပ် ပေါ်ထွန်းရေးဖြစ်သည်။ ထို့ကြောင့်လည်း အန်အယ်လ်ဒီနှင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများက ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲဟု ဆိုလိုက်သည်နှင့် နိုင်ငံသားတဦးချင်းစီ၏ ရွေးချယ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးသည့် အစီအစဉ် ဖြစ်သဖြင့် ကောင်းသည်ဟု ယေဘုယျဆိုကြသော်လည်း လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတု အယောင် ရွေးကောက်ပွဲလား၊ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာ အကဲခတ် သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ်ကျင်းပသည့် ရွေးကောက်ပွဲလား စသည်ဖြင့် မဆန်းစစ်ဘဲ ‘ကောင်းသည်’ ဟု မျက်စိမှိတ်မဆိုနိုင်ပေ။ ဒီမိုကရေစီဖြစ်စဉ်တွင် ‘ရွေးကောက်ပွဲ’ သည် ပဓာနကျသော်လည်း၊ ပြည်သူလူထု၏ လိုအင်ဆန္ဒကို အကောင်အထည် ဖော်ဆောင် မပေးနိုင်လျှင် ယင်းရွေးကောက်ပွဲကား အချည်းနှီးသာ ဖြစ်လိမ့်မည်။

ပြည်သူလူထု၏ အခြေခံရပိုင်ခွင့်တို့ကို အာမခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆိုသည်မှာ လူထု၏ အခွင့်အာဏာ (Mandate) ကို ရယူကျင့်သုံးမည့် အစိုးရနှင့် ပြည်သူလူထုတို့အကြား သဘောတူချုပ်ဆိုထားသော လူမှု အခွင့် အရေး ဆိုင်ရာ သဘောတူစာချုပ် (Social Contract) ဖြစ်သည်။ ယနေ့ (နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ တိုက်ရိုက် ဆင်းသက် စေရမည်) ဆိုသောအချက်ကို အစိုးရအာဏာ ရယူကျင့်သုံး နေသူ များက နည်းအမျိုးမျိုးဖြင့် မှေးမှိန်အောင် ပြုလုပ်ထားကြသည်။ မြန်မာ စစ်အာဏာရှင် တို့ကမူ နိုင်ငံသားများက ပိုင်ဆိုင်သည့် အချုပ်အခြာအာဏာကို သူတို့၏ ဘိုးဘွားမိဘပိုင်ပစ္စည်းသဖွယ် ထင်ရာစိုင်း ကျင့်သုံး နေကြသဖြင့် ပို၍ဆိုးပေသည်။ ဥပမာအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လျက် အာဏာဆက်သိမ်းထားသည်မှာ ပြည်သူလူထုနှင့်တကွ ဒီမိုကရေစီ ကျင့်စဉ်ကို သရော်မော်ကား လုပ်ခြင်းဖြစ်သည်။

စင်စစ် ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီကျင့်စဉ်၏ အစိတ်အပိုင်းဖြစ်ရုံမျှမက လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်လည်းဖြစ်သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ အပိုဒ် (၂၁) တွင် ယခုကဲ့သို့ ဖော်ပြထားသည်။

(၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှတဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။

(၂) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ညီမျှစွာ ရယူခံစား ပိုင်ခွင့် ရှိစေရမည်။

(၃) ပြည်သူအများ၏ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်။ ဤဆန္ဒများကို ပုံမှန်အချိန် အပိုင်းအခြားအလိုက် ကျင်းပသော၊ ‘စစ်မှန်သော ရွေးကောက်ပွဲများ’ ဖြင့် ဖော်ပြရမည်ဖြစ်ပြီး ဤရွေးကောက်ပွဲများတွင် လူတိုင်း မခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။

‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ သည် လူ့အခွင့်အရေးဆိုင်ရာ စံပြုသတ်မှတ်ထားသော အခြေခံ ကတိက၀တ်များလည်း ဖြစ်သည်။ ထို့ပြင် “ကုလသမဂ္ဂ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများ ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်” (UN International Convenant on Civil and Political Rights - ICCPR) ၏ အပိုဒ် (၂၅) တွင်လည်း နိုင်ငံသားတိုင်းအား ခွဲခြားကန့်သတ်မှု မရှိစေရဘဲ၊ ‘မဲပေးခွင့် အခွင့်အရေးနှင့် အခွင့်အလမ်း’ ရှိစေရမည်ဖြစ်ပြီး ‘ရွေးချယ်ခံပိုင်ခွင့်’ လည်း ရှိစေရမည်ဟု ဖော်ပြ ထားသည်။

ဤနေရာ၌ ‘ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့’ (The Organization for Security and Co-operation in Europe – OSCE) ၏ သဘောတူညီချက် မှတ်တမ်းများအား ကိုးကားလျက် ရွေးကောက်ပွဲ ကျင့်ဝတ်များနှင့် စပ်လျဉ်း၍ နိုင်ငံအများ လိုက်နာရမည့် အချက်အလက်အနှစ်ချုပ်ကို ဖော်ပြလိုသည်။

● သင့်လျော်သော ကာလအပိုင်းအခြားတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရမည်။

● ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာအားလုံးကို လူထုအများစု၏ ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက် ရမည်။

● လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှု၊ လိင် အစရှိသော အကြောင်းပြချက်များဖြင့် ခွဲခြားဆက်ဆံခံရခြင်း မရှိစေဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ မဲပေးနိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခွင့်အရေးများရရှိရန် အာမခံရမည်။

● ဆန္ဒမဲများကို လျှို့ဝှက်စနစ်ဖြင့် ပေးနိုင်အောင် စီမံဆောင်ရွက်ပေးရမည်။

● ရိုးသားဖြောင့်မတ်စွာ မဲရေတွက်၍ အစီရင်ခံတင်ပြရမည်။ ရလဒ်ကို အများပြည်သူသိရှိနိုင်ရန်လည်း ကြေညာ ပေး ရမည်။

● အစိုးရအာဏာပိုင်များ၊ တာဝန်ရှိသူများက နိုင်ငံသားများ၏ ရွေးချယ်ခံပိုင်ခွင့်ကို လေးစား အသိအမှတ်ပြု ရမည်။

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူ ဆက်ဆံရမည်။

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေး ပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့ နေရသည့် အခြေအနေများ မရှိစေရ။

● သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်ပေးရမည်။

● မဲအရေအတွက် ပြည့်မီသည့် အနိုင်ရ ကိုယ်စားလှယ်များအား သက်ဆိုင်သည့် အခွင့်အာဏာကို အပ်နှင်း ရမည်။

● နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်စာတမ်းများတွင် တိုင်းရင်းသားလူနည်းစုအုပ်စုများကို ကာကွယ်စောင့်ရှောက်ရေးနှင့် ထိုအုပ်စုဝင် လူသားတိုင်းအား တန်းတူနိုင်ငံရေးရပိုင်ခွင့်များပေးရန် ဖော်ပြ ထားပြီး ဖြစ်သည်။ ‘ကုလသမဂ္ဂ၏ လူမျိုးရေးခွဲခြားဖိနှိပ်မှု ပုံသဏ္ဌာန်အားလုံး ဖျက်သိမ်းဖယ်ရှားရေး နိုင်ငံတကာ သဘောတူညီချက်’ (UN Convention on the Elimination of All Forms of Racial Discrimination) နှင့် (OSCE) ၏ ‘၁၉၉၁ ခုနှစ် ရှုထောင့်ဆိုင်ရာ မော်စကိုမှတ်တမ်းများ’ (1991 Moscow Document on the Human Dimension) တွင် တိုင်းရင်းသား လူနည်းစုများအား တန်းတူနိုင်ငံရေး ရပိုင်ခွင့်များပေးရန် ဖော်ပြထားကြောင်း တွေ့နိုင်သည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲသည် လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် ဖြစ်သည့်အလျောက် တိုင်းရင်းသားလူနည်းစုများအားလည်း တန်းတူနိုင်ငံရေးရပိုင်ခွင့်များ ပေးရမည်။

● နောက်ထပ် အရေးကြီးသော ကိစ္စတရပ်မှာ အစိုးရနှင့် ပြည်သူ့လုပ်ငန်းဆောင်တာများတွင် ‘အမျိုးသမီးများ’ ပိုမိုတိုးတက် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးဖြစ်သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ နှင့် အခြား နိုင်ငံတကာ စာချုပ်စာတမ်းများတွင် လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှု၊ လိင် အစရှိသော အကြောင်း ပြချက် များဖြင့် ခွဲခြားဆက်ဆံခံရံခြင်း မရှိစေဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ မဲပေးနိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခွင့်အရေးများ ရရှိစေရမည်ဟု ဖော်ပြထားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ‘ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေး ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်’ (UN Convention for the Elimination of Discrimination Against Women – CEDAW) နှင့် (OSCE) ၏ ‘၁၉၉၁ ခုနှစ် ရှုထောင့်ဆိုင်ရာ မော်စကို မှတ်တမ်းများ’ (1991 Moscow Document on the Human Dimension) တွင် တွေ့နိုင်သည်။

ဤသဘောတူညီချက် မှတ်တမ်းများအရ ‘ရွေးကောက်ပွဲ’ သည် ‘လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်’ တွင် အကျုံး ၀င်သဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအသီးသီးအနေဖြင့် ‘နိုင်ငံတကာ စံချိန်စံညွှန်းများ’ ကို လိုက်နာရန် တာဝန်ရှိ သည်။ ‘နိုင်ငံတကာ စံချိန်စံညွှန်းများ’ ၏ သဘောသည် ကျယ်ပြန့်၍ ယေဘုယျဆန်ကာ နိုင်ငံအများ လိုက်နာ အကောင်အထည်ဖော် နိုင်စေမည့် မူဘောင်များဟု ဆိုနိုင်သည်။ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရွေးကောက် ပွဲများ ကျင်းပကြရာတွင် ထိုစံချိန်စံညွှန်းများကို လိုက်နာကျင့်ကြံရန် လိုအပ်ပေသည်။

နိုင်ငံများသည် ယင်းရွေးကောက်ပွဲ စံချိန်များကို မည်၍မည်မျှ လိုက်နာကြသနည်းဆိုသည်ကို သိရှိနိုင်ရန် လေ့လာစောင့်ကြည့် သူများ ထားရှိဖို့လည်း လိုအပ်ပြန်သည်။ ၁၉၉၀ ခုနှစ်က ‘ကိုပင်ဟေဂင်’ ၌ ကျင်းပသော (The Organization for Security and Co-operation in Europe) OSCE ညီလာခံတွင် ‘ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ’ ၏ အခန်းကဏ္ဍကို ထည့်သွင်း ဖေါ်ပြခဲ့သည်။ နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းမှ ‘ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ’ ရှိနေခြင်းအားဖြင့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှု ဆိုင်ရာ ယုံကြည်ကိုးစားနိုင်မှု အခြေအနေ နှုန်းစံများကို ပိုမိုမြင့်မားစေမည်ဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်မှု လုပ်ငန်းစဉ်သည် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ခြင်းနှင့်လည်း တိုက်ရိုက်ဆက်စပ် နေသည်။

ပြည်တွင်း၌ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များ ရှိခြင်းအားဖြင့် ဥပဒေ ချိုးဖောက်မှုများကို ထိန်းကျောင်းပေးနိုင်၍ ရွေးကောက်ပွဲ ရလဒ်အပေါ် လူထု၏ ယုံကြည်အလေးထားမှုကို ရရှိစေသည်။ ရွေးကောက်ပွဲတွင် လူထု၏ ပူးပေါင်း ပါဝင်မှုကိုလည်း ပိုမိုအားပေးရာ ရောက်သည်။ ၁၉၉၀ မေ (၂၇) ရွေးကောက်ပွဲ တွင် ‘အစိုးရမဟုတ်သော ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့’ မျိုးကို စောင့်ကြည့်ခွင့် မပြုခဲ့။ ထူးခြားချက်မှာ လူထုက စည်းလုံးညီညွတ်စွာ ရွေးကောက်ပွဲ စောင့်ကြည့် တာဝန်ကို ယူခဲ့ကြခြင်းဖြစ်သည်။ အခြားအခြေအနေတခုမှာ စစ်အာဏာရှင်တို့၏ ဥပဒေမဲ့ ဖိနှိပ်မှုများ အဆမတန် များခြင်းမှာလည်း လူထု၏ နိုင်ငံရေးအသိနှင့် ဆုံးဖြတ်ချက်တို့ကို ပိုမိုခိုင်မာပြတ်သား လာစေသည့် အကြောင်းဟု ဆိုနိုင်သည်။ ထိုအချက်ကြောင့်ပင် လူထုက ရွေးကောက်ပွဲ၌ မည်သူအား ဆန္ဒမဲပေးရမည်ဆိုခြင်းကို တွေဝေမှုမရှိဘဲ ဆုံးဖြတ်နိုင်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ပုံအော မဲထည့်ခဲ့ကြသည်။

အထူးအလေးအနက် ပြောစရာကိစ္စအချို့ ရှိသေးသည်။ နိုင်ငံတကာသဘောတူစာချုပ်များတွင် အောက်ပါ အချက်တို့ကို အထပ်ထပ် အဖန်ဖန် လိုက်နာရန် တိုက်တွန်းထားသည်ကို တည်ဆဲအစိုးရများအနေဖြင့် လေးစား လိုက်နာ စောင့်ထိန်းကြရမည့် ၀တ္တရားရှိသည်။

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံ ရမည်။

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေး ပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့ နေရသည့် အခြေအနေများ မရှိစေရ။

သို့သော် ယင်းကတိက၀တ်တို့ကို မြန်မာစစ်အစိုးရက မသိကျိုးကျွန်ပြုလျက်ရှိကြောင်း သက်သေသာဓကများ တွေ့ခဲ့ရပြီး တွေ့နေရဆဲဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ကြည့်လျှင်လည်း စစ်အစိုးရက ကျောထောက် နောက်ခံ ပေးထားသော ‘တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)’ က ငွေကြေး အင်အား တောင့်တင်းစွာဖြင့် မဲနိုင်ရေး အားထုတ်ခဲ့သည်။ တစညပါတီ၏ အဓိကအမှားမှာ မဆလ၏ ငွေကြေးနှင့် ပစ္စည်းပစ္စယ အမြောက်အမြားကို အမွေခံယူခဲ့ခြင်း ဖြစ်သည်။ ထိုအမွေများသည် နိုင်ငံပိုင် ပြည်သူ့ ဘဏ္ဍာများဖြစ်သည်။ ယင်းဘဏ္ဍာငွေကြေးတို့ကို အသုံးပြု၍ ပါတီအမာခံများ မွေးခြင်း၊ ကျွေးမွေးဧည့်ခံပွဲများဖြင့် မဲဆွယ်ဟောပြောပွဲများ ပြုလုပ်ခြင်း၊ အတိုက်အခံပါတီခေါင်းဆောင်များအား အပုပ်ချသည့် စာရွက်စာတမ်းများ ဖြန့်ဝေခြင်း အစရှိသော မရိုးမဖြောင့်၊ ဥပဒေနှင့်မညီသည့် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ခဲ့ ရသည်။ တစည၏ အဆိုးဆုံးအမှားမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအပုပ်ချ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရလဒ်မှာ လူထုက တစညပါတီကို ပိုမိုရွံရှာလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ပိုမိုထောက်ခံလာခဲ့သည်။

ယခုလည်း နအဖစစ်အစိုးရသည် ထို ‘ကရွတ်ကင်းလျှောက် အမှားသံသရာ’ အတွင်း ဆက်လက်လျှောက်လှမ်း နေဆဲဖြစ်သည်။ ဒီပဲယင်း နိုင်ငံရေးလုပ်ကြံမှုမှာ အလွန်ထင်ရှားသည်။ နိုင်ငံပိုင်သတင်းစာနှင့် မီဒီယာများကို တဖက်သတ် အလွဲသုံးစားပြုလျက် အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအပုပ်ချ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်မြဲ ပြုလုပ်နေသည်။ ထို့ပြင် နအဖသည် ‘ရွေးကောက်ပွဲဥပဒေ’ နှင့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ များကို မထုတ်ပြန်သေးဘဲ လက်ဝေခံများ၊ ကြံ့ဖွံ့နှင့် တစည ကိုယ်စားပြု သူများကို မဲဆွယ်လှုပ်ရှားမှုများ လုပ်ခွင့်ပေးထားပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုမူ အမှုမရှိ အမှုရှာ ချုပ်နှောင်ထားဆဲရှိသည်။ ယင်းလုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကတိက၀တ် များကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဖြစ်သည်။

ပြည်သူလူထု အထူးသတိပြု မှတ်သားသင့်သည့်အချက်မှာ န၀တ၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အမှတ် (၁၄/ ၈၉) ကို ၁၉၈၉ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ မေ (၂၇) ရွေးကောက်ပွဲမတိုင်မီ (၁) နှစ်တိတိ ဖြစ်သည်။ ယင်းဥပမာအရဆိုလျှင် ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရေးကိစ္စကို ဆက်လက်ဆောင်ရွက်ခြင်း မပြုသင့်ချေ။ ‘ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ’ နှင့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ များကို ယခုထိ မထုတ်ပြန်သေးဘဲ ၂၀၁၀ တွင် ရွေးကောက်ပွဲ လုပ်မည် ဆိုပါက အတိုက်အခံပါတီများအား လုံလောက်သည့် ပြင်ဆင်စည်းရုံးချိန် မပေးလိုသော သဘော ဖြစ်ပေမည်။ ထိုလုပ်ရပ်သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက် များကို လိုက်နာရန် ပျက်ကွက်ခြင်းဖြစ်သည်။ လက်ငင်း မြန်မာ့နိုင်ငံရေးပြဿနာမှာ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကို အာမခံမည့် ဖွဲ့စည်းပုံဖြစ်ပေါ်ရေးဖြစ်သည်။ သို့မှသာ လူထုဆန္ဒကို မှန်ကန်စွာ ကိုယ်စားပြုမည့် ပြည်သူ့ လွှတ်တော်တရပ်ကို ထူထောင်နိုင်မည်ဖြစ်သည်။

လက်ရှိနိုင်ငံရေးရာသီဥတုအခြေအနေမှာ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’၊ ‘အပိုဒ်၂၁’ ကို ဖော်ဆောင်နိုင်မည့် အနေအထားမရှိ။ ၂၀၀၈ ဖွဲ့စည်းပုံသည် အဆိုပါ လူ့အခွင့်အရေးရပိုင်ခွင့်နှင့် ဆန့်ကျင်ဘက် အရပ်သို့ ဦးတည်နေသည်။ ထို့ကြောင့် လူ့အခွင့်အရေး ကြေညာစာတမ်း ‘အပိုဒ်-၂၁’ နှင့် ဆီလျော်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ပြင်ဆင်ရမည်။ အတိုက်အခံပါတီများအပါအ၀င် နိုင်ငံရေးပါတီအသီးသီးအား လုံလောက်သည့် ပြင်ဆင်စည်းရုံးချိန် ပေးရမည်။ ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များ အပေါ်၌ ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။ ယင်းသို့သော နိုင်ငံရေး ရေခံမြေခံမျိုး ဖန်တီးပြီးနောက်မှ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပေးရမည်။ ထို့နောက် အနည်းဆုံး တနှစ်အချိန်ပေးမှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်စရာ ရှိသည်။ နိဂုံးချုပ်ရလျှင် ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပရန်မသင့်။ လက်ရှိအခြေအနေနှင့် အချိန်ကာလအောက်တွင် လူ့အခွင့်အရေး အာမခံချက်မရှိသော ၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသားပြည်သူတရပ်လုံးက သွေးစည်းညီညွတ်စွာ ၀ိုင်းဝန်း ဆန့်ကျင်ကြရန် တာဝန်ရှိပေသည်။

ကိုးကား ။ ။
(၁) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - မြန်မာ့အလင်း အောင်သန်း
(၂) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - ဦးခင်ကျော်ဟန် (ရေနံချောင်းမြို့နယ် အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၃) ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက် လက်စွဲ။ OSCE ၏ ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာရုံး ODIHR မှ ထုတ်ဝေဖြန့်ချိသည်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း


Ivan Lewis, MP-UK-ivanlewis.org

စစ်အစိုးရက ဒီနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေချိန် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအရေးဟာ ဗြိတိန်အစိုးရ နိုင်ငံခြားမူဝါဒ ရေးရာတွေမှာ ဦးစားပေးနေရာမှာ ရှိတယ်လို့ ဗြိတိန်အစိုးရက ပြောလိုက်ပါတယ်။

President Barack Obama speaks at the White House about plans to thwart future terrorist attacks, 05 Jan 2010.AP

Entrance to Insein prison.AP

သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ

သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။
မွန်အမျိုးသားနေ့ ကြော်ငြာများ ဆင်ဆာထိ

မွန်အမျိုးသားနေ့ ကြော်ငြာများ ဆင်ဆာထိ

မွန်ပြည်နယ်အတွင်း ဆိုက်ထူထားသည့် လာမည့် ဇန်န၀ါရီ ၃၀ ရက်နေ့တွင် ကျရောက်သော ၆၃ ကြိမ် မြောက် မွန် အမျိုးသားနေ့ ကြော်ငြာဆိုင်းဘုတ်များ၌ ပါရှိသည့် မြန်မာဘာသာကို စစ်အစိုးရအာဏာပိုင်များက ပယ်ဖျက်ပေးရန် အမိန့်ပေး ညွှန်ကြားမှုပြုလုပ် သည်ဟု မွန်အသိုင်းအ၀ိုင်းက ပြောသည်။

ရွေးကောက်ပွဲအကြို မည်သို့ လှုပ်ရှားနေကြသလဲ

စစ်အစိုးရက ယခုနှစ်အတွင်း ကျင်းပပေးမည်ဟု ထုတ်ပြန်ကြေညာထားသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရန်ကုန်နိုင်ငံရေး လောကတွင် သဘောထားအမြင်များ ကွဲလွဲနေပြီး ရွေးကောက်ပွဲအကြို လှုပ်ရှားမှုများလည်း ပြုလုပ်နေကြကြောင်း သိရသည်။

သတင်းထောက် မလှလှဝင်းကို ပြစ်ဒဏ်ချမှတ်မှု ၂၀၁၀ ရွေးကောက်ပွဲ သတင်းရယူခွင့်ကို ခြိမ်းခြောက်
စိုးမိုး/ ၇ ဇန်န၀ါရီ ၂၀၁၀

“သတင်းထောက် တယောက်ကို ဒီနှစ်ထဲမှာပဲ၊ ဒီလို အချိန်အခါမျိုးမှာပဲ၊ သူတို့ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောနေတဲ့ အချိန်အခါ မှာပဲ ဒီလောက်ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြလိုက်တာဟာ လာမယ့်တနှစ်လုံး ဒီရွေးကောက်ပွဲ ကာလတလျှောက်လုံးမှာ ဒီလွတ်လပ်စွာ သတင်းရယူခွင့်တို့၊ လွတ်လပ်စွာ သတင်းရေးသားခွင့်တို့၊ သတင်းဖော်ပြခွင့်တို့ လုံးဝကို ပိတ်ဆို့ ...”အပြည့်အစုံသို့
ဒုက္ခသည်အမျိုးသမီးများအပေါ် နှိပ်စက်မှုများ ထိုင်းဥပဒေအရ အရေးယူနိုင်ရန် အိုင်အာစီ ကူညီ

ဝီရ/ ၇ ဇန်န၀ါရီ ၂၀၁၀ “ထိုင်းဥပဒေဟာ ဒုက္ခသည်တွေအတွက်လည်း သက်ဝင် လှုပ်ရှားနေတယ်ဆိုတာ ဒုက္ခသည်တွေရဲ့ စစ်တမ်းအရဆို အရင်က သူတို့ မသိကြ ....” အပြည့်အစုံသို့
မိုဘိုင်းလ်ဖုန်းများ ဈေးပြုတ်ကျ


စိုးမိုး/ ၇ ဇန်န၀ါရီ ၂၀၁၀ “အငှားက တလ ကျပ် (၃) သောင်း ၀န်းကျင်၊ အရောင်းက ကျပ် (၁၈) သိန်းဝန်းကျင် ...”အပြည့်အစုံသို့
ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် လုံခြုံရေးတင်းကျပ်

ခိုင်လင်း/ ၇ ဇန်န၀ါရီ ၂၀၁၀
“ပွဲခင်းက နှစ်ခြမ်းရှိတယ်။ အရှေ့ဘက်ခြမ်းနဲ့ အနောက် ဘက်ခြမ်း၊ အဲဒီမှာ လမ်းနဲ့ အဆောက်အဦ ခြားထားတာပေါ့။ အရှေ့ဘက်ခြမ်းမှာ မနောတိုင်တွေ ....”အပြည့်အစုံသို့
မယ်လစခန်းမှ ပထမအသုတ်ဒုက္ခသည်များ ဂျပန်သို့သွားရန် လူတွေ့စစ်ဆေးမည်

ရဲရင့် / ၇ ဇန်န၀ါရီ ၂၀၁၀
“ဂျပန်က ခေါ်တာနည်းတဲ့အပြင် ကန့်သတ်ချက်တွေကလည်း များတော့ ....”အပြည့်အစုံသို့
မဇ္ဈိမကို မြန်မာပြည်တွင်း ဖတ်ရှုရ
မြန်မာပြည်တွင်း အင်တာနက် အသုံးပြုသူများ ဖတ်ရှု၍ မရအောင် စစ်အစိုးရက တင်းကျပ် ...
ထောင်တွင်း လွတ်လပ်ရေး အခမ်းအနား ပျက်ပြားသွား
မြစ်ကြီးနားထောင်တွင်း လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရန် နိုင်ငံရေး အကျဉ်းသားများ ...
မီးရထားက ဆင်ဆာ သီးသန့် ထပ်ဆောင်း
မီးရထားနှင့် ပတ်သက်သော နေရာများတွင် ရိုက်ကူးသော ရုပ်ရှင်၊ ဗီဒိယိုများကို မြန်မာ ...
ဘင်္ဂလားတွင် တရားမဝင် မြန်မာများ ဖမ်းဆီး
ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ကော့စ်ဘာဇာ တွင် တရားမဝင် နေထိုင်လျက် ...
၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်သွားမည် စစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲကို ပြင်ဆင်မှုမရှိပဲ တဖက်သတ်လုပ်ဆောင်သွားပါက ပြတ်ပြတ်သားသားဆန့်ကျင်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) နိုင်ငံခြား...
အသက်မပြည့်သူကို စစ်သားအဖြစ် စုဆောင်းခြင်းကို မိဘများက (ILO) သို့ တိုင်ကြား အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးကို ကျောင်းဆင်းချိန်တွင် ခေါ်သွားကာ စစ်သားစုဆောင်းရေးသို့ ပို့လိုက်သဖြင့် မိဘများက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ( ILO) သို့တိုင်ကြားထားသည်။
ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်အဖွဲ့ပေါင်းစုံမှ တက်ရောက်မည်
- သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇန္နဝါရီလ ၆ ရက်၊ ၂ဝ၁ဝ ခုနှစ်။
ဘယ်နေ့ ဘယ်အဖွဲ့ ကျမယ်ဆိုတာ မသိသေးဘူး။ ဦးဆခုံတိန့်ယိန်းတို့အဖွဲ လဆန် အောင်ဝါအဖွဲ ဒေါက်တာ တူးဂျာတို့ရဲ ပါတီအဖွဲတွေကော ကကြမှာ။ တလှည့်စီ ဦးဆောင်ကရမှာ ........(အပြည့်အစုံ)
တာချီလိတ်တွင် မြေကွက်ဈေးနှုန်း သုံးဆကျော်မြှင့်တက
- သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။ ဇန္န၀ါရီလ ၆ ရက်၊ ၂၀၁၀ ခုနှစ်။
မြေကွက်တွေက အရင်က တစ်သိန်းနှစ်သောင်း ဆိုတဲ့ဟာ အခုက သုံးသိန်းခွဲလေး သိန်းတောင်ပေါက်သွားတယ် .........(အပြည့်အစုံ)

ရှပ်နီတွေစုဝေးတာ ဆူလာယုဒ် စိုးရိမ် Thursday, January 07, 2010

“ရှပ်နီတွေနဲ့ အဲဒီဒေသက ဒေသခံ လူထုတွေအကြား အကြမ်းဖက်ထိပ်တိုက်တွေ့မှုတွေ ဖြစ်မှာ ကို ဗိုလ်ချုပ်ကြီး ဆူလာယုဒ် စိုးရိမ်နေတယ်” လို့ ဗိုလ်ချုပ်ကြီး Ninnart က ဆိုပါတယ်။ ဗိုလ် ချုပ်ကြီး ဆူလာယုဒ်က အထူးညွန်ကြားချက်တွေတော့ မပေးပါဘူး... အပြည့်အစုံသို့

ရှေးအကျဆုံး အဆင့်မြင့်ဆုံး နို့တိုက်သတ္တ၀ါ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ Thursday, January 07, 2010

“ဒီရုပ်ကြွင်းတွေဟာ အခုထိ ကျနော်တို့တိုင်းပြည်ထဲမှာတွေ့တဲ့ နို့တိုက်သတ္တ၀ါ ကျောက်ဖြစ် ရုပ်ကြွင်းတွေထဲက အကောင်းဆုံးနဲ့အပြည့်စုံဆုံး အစိတ်အပိုင်းတွေ ဖြစ်တယ်” လို့ သူမက ဆို ပါတယ်။ ဒီ ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာမှုကို... အပြည့်အစုံသို့


January 7, 2010 – 4:09 am | No Comment

ဒီဇင်ဘာလ ၇ရက်။ ။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ဘုရားသုံးဆူဂွင်၌ ယခုနှစ်ဆန်းပိုင်းတွင် ရော်ဘာကုန်ကြမ်းဈေးနှုန်း ဆက်တိုက် မြင့်တက် လာသည်ဟု ထိုနယ်မြေဒေသရှိ ရော်ဘာစိုက်ပျိုးသူများ၏ ပြောပြချက်အရ သိရသည်။

နအဖ တပ်ကြပ်ကြီး တဦး အထက်အရာရှိနှင့် စကားများရာမှ မိမိကိုယ်ကို သတ်သေ

၁၊၇၊၂၀၁၀

မင်းအောင်(နိရဉ္စရာ) အိန္ဒိယ- မြန်မာနယ်စပ်တွင် လှုပ်ရှားနေသည့် စစ်ကြောင်း တကြောင်းမှ နအဖ စစ်သား တဦးသည် အထက် အရာရှိနှင့် စကား အချေအတင်များရာမှ နောက်ပိုင်းတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည် ဒေသခံများက ပြောသည်။ အပြည့်အစုံသို့


သျှမ်း/အရှေ့ထွက် ကျောက်မီးသွေးစွမ်းအင် လျှပ်စစ်စက်ရုံဆောက်ရန် မြန်မာ့ စီးပွားရေး ဦးပိုင် ကွင်းဆင်း

သျှမ်း/အရှေ့ထွက် ကျောက်မီးသွေးစွမ်းအင် လျှပ်စစ်စက်ရုံဆောက်ရန် မြန်မာ့စီးပွားရေးဦးပိုင်ကွင်းဆင်းသျှမ်းပြည်အရှေ့ပိုင်းထွက် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်မီးထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရန် မြန်မာ့ စီးပွားရေးဦး ပိုင်က ထိုင်းအမျိုးသားများနှင့်အတူ ဒီဇင်ဘာလနှောင်းပိုင်း၌ ကွင်းဆင်းကြည့်ရှုခဲ့သည်ဟုထိုင်းနယ်စပ် သတင်းရပ်ကွက် က ဆိုသည်။

မူဆယ် ကြံ့ဖွံ့အတွင်းရေးမှူး ရုတ်တရက် သေဆုံး

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး စိုင်းအိုက်အေးသည် ၆၂ နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားတက်နေစဉ် ရုတ်တရက် သေဆုံး သွားကြောင်း သိရသည်။

အမှုလိုက် ရှေ့နေငှားရမ်းခ ကျပ်သိန်း ၂၄၀ လိမ်လည်မှု စတင် စစ်ဆေး

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့နယ် အထက်တန်းရှေ့နေ ရွှေလီမောင်မောင် (ခ) ဦးတင်ထွန်းသည်အမှုသည် ထံမှ ကျပ်သိန်း ၂၄၀ လိမ်ယူခဲ့သည့် တိုင်ကြားချက်ကို မူဆယ် ခရိုင်တရားရုံး၌ ဇန်န၀ါရီလဆန်းပိုင်းက စတင် စစ်ဆေး နေကြောင်း သိရသည်။


လူတွေပြောတဲ့လူ့အကြောင်းလေးတွေပါ

၂၀၁၀ကိုရောက်လာပြီ။ န-အ-ဖ ကရွေးကောက်ပွဲတကယ်လုပ်တော့မှာလား။ ကျနော်တို့ လူငယ်တွေကတော့ န-အ-ဖရဲ့ အမည်ခံရွေးကောက်ပွဲကို အယုံအကြည်ရှိဖို့ နေနေသာသာ စကားထဲတောင်ထည့်မပြောပါ။ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များ...

ယနေ့ခေတ်လူငယ်များ၏ (2010)ရွေးကောက်ပွဲအပေါ်သုံးသပ်ချက်

(၁) ၁၉၉၀ ပြည့်နှစ် မေလ(၂၇) ရက်နေ့ တွင်ကျင်းပ ခဲ့သော ပါတီစုံ ဒီမိုက ရေစီ အထွေထွေ ရွေးကောက်ပွဲ ကို ကျင်းပပြုလုပ်ခဲ့ရာတွင် (က) ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ နေ့ စွဲပါ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေး...
ဆက်ဖတ်ရန်.

မြန်မာ့အရေးဆွေးနွေးပွဲ ကော်မတီ အဖွဲ့ ဝင်များအကြောင်း

မြန်မာ့အရေးဆွေးနွေးပွဲ ကော်မတီ အဖွဲ့ ဝင်များအကြောင်း ဖြိုးမင်းသိန်း။ ။ ၈၈ -သံလျှင် လူ့ဘောင်။ဗကသ။ အတွင်းရေးမှူးအဖွဲ့ ဝင်။ ၉၀- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ ချုပ်(အောက်ဗ)...

၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အတိုက်အခံများက ကြေငြာချက်ထုတ်
မိုးမခအထောက်တော် ၀၀၃
ဇန်န၀ါရီ ၇၊ ၂၀၀၉
ဇန်န၀ါရီ ၄၊ ၂၀၀၉ က ၆၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်ရှိ အတိုက်အခံနိုင်ငံရေးအင်အားစုများက အခမ်းအနားများ ကျင်းပခဲ့ကြပြီး အင်န်အယ်ဒီပါတီနှင့် ၀ါရင့်နိုင်ငံရေးသမားလုပ်ဖော်ကိုင်ဖက်များက ကြေငြာချက်အသီးသီး ထုတ်ပြန်ခဲ့ကြသည်။ သည်နေရာမှာ ရယူနိုင်ပါပြီ။ http://www.scribd.com/doc/24891690/NLD62IndStatement

မမခင်ဦးစံပယ်သို့ တမ်းချင်း - ၇

အောင်ဝေး

ဇန်န၀ါရီ ၇၊ ၂၀၀၉

ချီကာဂိုရောက်မှ

နေရောင်က ပိုတောက်ပ။

မစ်ရှီဂန်မဲဇာမှာတော့

ကျနော်က ခေတ်သစ်လက်ဝဲသုန္ဓရပေါ့။
အပြည့်အစုံသို့ ...

လွတ်လပ်ရေးနေ့နဲ့ စာပေ

မောင်စွမ်းရည်

ဇန်န၀ါရီ ၇၊ ၂၀၀၉

”မွေးပါခွင့်ရေး၊ လွတ်လပ်ရေး”လို့
ဆိုရေးရှိတိုင်း၊ ဆိုခဲ့ပြီ။
ဒို့အမျိုးသား၊ ဒို့ဘိုးဘွားတို့
သွားရင်း လာရင်း၊ ထွန်ယက်ရင်းက
နေရင်း ထိုင်ရင်း၊ ပွဲကြည့်ရင်းက
ကျွန်တွင်း ကျွံကျ သွားခဲ့ပြီ။
အပြည့်အစုံသို့ ...


ကျောက်ရုပ်ကျောက်ဖျက် …

မေဓါဝီ

ဇန်န၀ါရီ ၆၊ ၂၀၀၉

ငယ်ငယ်တုန်းက ကစားကြသော စိန်ပြေးတမ်း ကစားနည်းထဲမှာ ကျောက်ရုပ် ကျောက်ဖျက် ကစားနည်းလည်း တမျိုးအပါအ၀င် ဖြစ်သည်။ ထုံးစံအတိုင်း လိုက်သူက တယောက် ပြေးသူက အများ။ ပြေးသူ တယောက်ယောက်အနီး လိုက်သူက ရောက်လာလျှင် ကိုယ့်ကို မိမှာစိုး၍ကျောက်ရုပ်ဟု အော်ပြီး ကျောက်ရုပ်ကြီးပမာ ငြိမ်သက် ရပ်တန့်လိုက်ရသည်။ လှုပ်၍ မရ၊ စကားပြော၍ မရ၊ လှုပ်မိလျှင် ရှုံးသည်။ ကိုယ်က ပြန်လိုက်ရမည်။
အပြည့်အစုံသို့ ...


more


more


more


more


more


more


more


more


more


more

လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ဖိုႛ လုပ်ဆောင်မှု မတွေ့သေးကြောင်း အမေရိကန်ပြောကြား
တာချီလိတ်မှာ ခြံမြေဈေးများ အဆမတန်ခုန်တက်
မြန်မာ ဘလော့ဂ်များ ပြည်တွင်းမှာ လေးငၝးရက်ပွင့်္ဘပီးမှ ပြန်ပိတ်ဆိုႛခံရ