2.28.2010

သင်ရိုးညွှန်းတမ်း ထိမ်းညှိရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

သင်ရိုးညွှန်းတမ်း ထိမ်းညှိရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

၂၇ ၊ ဖေဖေါ်ဝါရီ၊ ၂၀၁၀။
MMWEC (Burmese Migrant worker Education Committee) ၏ Migrant Curriculum Team (MCT) နှင့် Burmese Migrant Teacher’s Association တို့ ပူးပေါင်း၍ သင်ရိုးညွှန်းတမ်း ထိမ်းညှိရေး ဆိုင်ရာ အစည်းအဝေးကို  Children Development Center (CDC) တွင် ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအစည်းအဝေးသို့ မဲဆောက် တပ်ခ် ခရိုင်ရှိ မိုက်ဂရန့်ကျောင်း ၃၃ ကျောင်းမှ ကျောင်း ဒါရိုက်တာများ တာဝန်ခံများ ကျောင်းအုပ်များ တက်ရောက်ကြပြီး၊ BMWEC , MCT နှင့် BMTA တို့မှ တာဝန်ရှိသူများနှင့် World Education မှ Mr.Antos (Saya Gerg) တို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် BMTA ဥက္ကဌနှင့် MCT ၏ အဖွဲ့ခေါင်းဆောင် ဆရာမန်းရွှေနှင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး MCT ၏ Coordinator Naw Sweet မှ MCT ၏ ရည်မှန်းချက် လုပ်ဆောင်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စများကို ရှင်း လင်း တင်ပြသွားခဲ့ သလို BMWEC ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာကျော်ဝင်းအောင်မှ BMWEC ၏ သဘောထား အမြင်များကို တင်ပြသွားခဲ့ပါသည်။
ထို့နောက် ကျောင်းအသီးသီးမှ ကျောင်းတာဝန်ခံများက သူတို့၏ သဘောထား အမြင်များကို ထုတ်ဖေါ်ဆွေးနွေးကြပြီး မနှစ်က နွေရာသီကျောင်းပိတ်ရက်တွင် TTBT မှ Dr သိန်းလွင်၏ အကူအညီဖြင့် ရေးဆွဲခဲ့ကြသော အခြေခံ သင်ရိုးညွှန်းတမ်း၏ သင်ရိုးမာတိကာများနှင့် ပါတ်သက်ပြီး ဖြည့်စွက် အကြံပြုခဲ့ကြပါသည်။
ထိုနောက် လာမည့် မတ်လ ၁၃ရက်နေ့တွင် ပြုလုပ်မည့် English နှင့် Biology Subject အတွက် သင်ရိုးညွှန်းတမ်းညှိနှိုင်းရေး အစည်းအဝေးနှင့် လာမည့် မေလ ၃ရက်နေ့မှ ရ၇က်နေ့အထိ ဆရာမ Rose ( Ph.D. Candidate in Education at Connerl University .USA) မှ ဦးဆောင်ဆွေးနွေးမည့် သမိုင်းသင်ကြားရေးဆိုင်ရာ သင်တန်းသို့ တက်ရောက်နိုင်မည့် ဆရာ ဆရာမများစာရင်းကို ကျောင်းတာဝန်ခံများက ပေးအပ်ခဲ့ ကြပါသည်။
World Education မှ တာဝန်ရှိသူ တဥိးဖြစ်သူ Saya Gerg မှ ဆရာဆရာမများအား ဂုဏ်ပြု ချီးကျူးစကား နှင့် နိဂုံးချုပ် အမှာ စကားကို ပြောကြားပေးခဲ့ပြီး နေ့လည် ၂နာရီတွင် အစည်းအဝေးတက်ရောက် လာသူအားလုံး လက်တွဲ၍ We are here because you are here အမည်ရှိ သီချင်းကို သီဆိုရင်း အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
Migrant Curriculum Team တွင် BMWEC မှ တာဝန်ပေးထားသော ကျောင်း အသီးသီးမှ ဆရာ၊ဆရာမများနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံ ဆရာ ၊ ဆရာမများဖြင့် ဖွဲစည်းထားပြီး၊ အဓိက တာဝန်များမှာ မိုက်ဂရန့်နယ်မြေရှိ သင်ရိုးညွှန်းတမ်းများ စံချိန်ကိုက် တပြေးညီ အဆင့်အတန်း မြင့်လာစေရန် ထိန်းညှိဆောင်ရွက်ပေးရန်၊ WE မှ ရေးဆွဲပေးထားသော ၁တန်းမှ ၆တန်းအထိ သင်ရိုးညွှန်းတမ်း၏ အားနည်းချက် အားသာချက်များကို လေ့လာ၍ ပြန်လည် တင်ပြပေးရန်၊ ရွှေ့ပြောင်း ဒေသ ကျောင်းများအတွက် သမိုင်းဘာသာရပ် သင်ရိုးကို ပြုစုပေးရန်နှင့် သမိုင်း သင်ကြားမှု ဆိုင်ရာ နည်းစနစ်များကို ကျွမ်းကျင် ပညာရှင်များ အကူအညီဖြင့် လေ့ကျင့် သင်ကြား ပေးရန်တို့ ဖြစ်ပါသည်။
ထိုလုပ်ဆောင်မှုအတွက် World Education မှ ကူညီပုံပိုးပေးပါသည်။
bmta05.wordpress.com မှ

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Rescue workers pull out of the rubble an earthquake survivor in Concepcion, southern Chile, Saturday, Feb. 27, 2010-AP

ချီလီနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင် လှုပ်ခတ်ခဲ့လို့ ကြီးမားတဲ့ အပျက်အဆီးတွေ ကြုံခဲ့ရပြီး နောက်တရက်ဖြစ်တဲ့ ဒီကနေ့မှာတော့ အသက်မသေ ရှင်ကျန်ရစ်သူတွေကို ရှာဖွေတဲ့ လုပ်ငန်းတွေကို အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက လုပ်ဆောင်နေကြပါတယ်။
A resident removes the rubble of a destroyed house in Talca, Chile, 27 Feb. 2010-AP
A Thai Explosive Ordinance Disposal officer inspects a branch of the Bangkok Bank in Bangkok on Saturday Feb 27. 2010-AP

ယာယီနိုင်ငံကူးလက်မှတ်လုပ်သူများကို မဖမ်းဟု ပြည်ထဲရေးဝန်ကြီး ပြော

မြန်မာ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် ယနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက် မြို့အနီးရှိ မဟာချိုင်ဒေသသို့ လာရောက်၍ ယာယီနိုင်ငံကူး လက်မှတ်(ပတ်စ်ပို့)ပြုလုပ်သည့် အလုပ်သမားများကို ဖမ်းဆီးမှုမပြုလုပ်ကြောင်း

ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ

ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊
ဆက်ဖတ်ရန် ...
ငါးထောင်တန် ငွေစက္ကူ သုံးစွဲရခြင်းကို လာဘ်မကောင်းဟု ယူဆနေကြ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀
အပြည့်အစုံသို့ ...
 

ချီလီငလျင်အလွန် မြင်ကွင်းများ
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀
ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ဆူနာမီ လှိုင်းလုံးကြီးများ ဆိုက်ရောက်လာဖွယ်ရှိသည်ဟု တပ်လှန့်ထားသည့် ဂျပန်နိုင်ငံ မြောက်ပိုင်း Shichigahama ဒေသမှ ဒေသခံများ ယနေ့ ပင်လယ်ကို စောင့်ကြည့်နေကြပုံ။ ဆူနာမီလှိုင်းလုံးတချို့ ဂျပန်သို့ ယနေ့ ရောက်လာသော်လည်း ပျက်စီးထိခိုက်မှု မရှိဟု သိရသည်။ (ဓာတ်ပုံများ - AP)
အပြည့်အစုံသို့ ...
 

ထပ်စင်ပိုင်ဆိုင်တဲ့ပစ္စည်းတန်ဖိုး ဘတ်ငွေ ၄၆ဘီလျံကို တရားရုံးက သိမ်းယူ
Sunday, February 28, 2010 ...
အပြည့်အစုံသို့

မျှတမှုမရှိတဲ့ တရားစီရင်ချက်ကို ထပ်စင် ရင်ဆိုင်ဖြေရှင်းမယ်
Sunday, February 28, 2010 ...
အပြည့်အစုံသို့

( ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၆)၊ အမှတ် (၄)၊ အချုပ်ပို (A) မှ ဆောင်းပါးရှင် ကိုကိုလှိုင်၏ ဆောင်းပါး ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံရေး လှုပ်ရှားသူများ၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ သိထားသင့်တဲ့ ဗိုလ်ချုပ်ရဲ့ အယူအဆ များ ပါဝင်နေလို့ မျှဝေ ပေးလိုက် ပါတယ်။ )
“အများအားဖြင့် စင်မြင့်ပေါ်တက် အသံ ကျယ်ကျယ်အော်၊ ဟိုဆဲဒီဆဲ ဆိုလျှင် နိုင်ငံရေးဟု ထင်၏။ ဤအရာမျိုးကား နိုင်ငံရေး မဟုတ်။ ဓမင်ဂေါ်ဂီ (Demagogy) ခေါ် လူပြိန်းကြိုက် လူပေါစား အလုပ်မျိုး ဖြစ်၏။
အချို့နိုင်ငံရေး သမားများနှင့် လူငယ်များသည် ဒီလိုအပေါစား အလုပ်ကိုပင် တကယ့် တကယ်ကြီး ထင်ကာ ဟစ်တလာ ယောင်ယောင်၊ မူဆိုလီနီ ယောင်ယောင်ဝါး ကြသည်ကို တွေ့ရပေ၏။ ဒီလို ဝါးကြသူများမှာ ကြာရှည် မခံတတ်။ အချိန်တန်လျှင် သူ့နဂို ပေါ်လာသဖြင့် လူအများ အထင်ကြီးသလောက် မဟုတ်၍ တိမ်မြုပ်၍ သွားကြသည်သာ များလေသည်။ အချို့ကလည်း ဤခေတ်သစ်တွင် ပေါ်လာသော ဝါဒများကို ကြားရပြီး မဟုတ် တမ်းတရမ်း ပြောလိုပြော၊ ရေးလိုရေး၊ သီချင်းစပ် လိုစပ် တွေ့ရပေသည်”

ဗိုလ်ချုပ်အောင်ဆန်း
(နိုင်ငံရေးအမျိုးမျိုး)
ခေတ်အပြောင်းအလဲ ကာလ နီးကပ်လာချိန်တွင် လွတ်လပ်ရေး မရမီက ဗိုလ်ချုပ် ပြောခဲ့သော အခြင်းအရာမျိုး ပြန်တွေ့ လာရသည်ဟု ခံစားမိပါသည်။
အင်တာနက် ဝက်ဘ်ဆိုက်များ၊ ပုံနှိပ် စာမျက်နှာများ အပေါ်တွင်တက်၍ ခွပ်ကြ၊ ထိုးကြ၊ နှက်ကြနှင့် ကြိုးဝိုင်းမဲ့ စိန်ခေါ်ပွဲ များကို တွေ့မြင်လာရသည်။ လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားခွင့် ပိုမိုရရှိ လာမှုနှင့်အတူ ဤလှိုင်းတံပိုး မည်မျှ ပြင်းထန် ဆိုးရွား လာမည်ကို မှန်းမျှော်ကြည့်ရင်း သက်ပြင်းချမိပါသည်။
ဗုဒ္ဓဘာသာ ထွန်းကားလှပါသည် ဆိုသော မြန်မာနိုင်ငံတွင် မေတ္တာဖြင့် ယှဉ်၍ ပြောဆိုနိုင်မှု နည်းပါးလှပြီး အာဃာတနှင့် ဝီဘစ္ဆရသ၊ ရုဒ္ဒရသ လွှမ်းသော အပြောအဆိုများသာ တွင်ကျယ်နေခြင်း အပေါ် လူအများ လေးစားခြင်း ခံရသော ပညာရှင်ကြီး တစ်ဦးက မချင့်မရဲ ထောက်ပြဝေဖန် ခဲ့သည်ကိုလည်း မကြာမီက ဖတ်ရှုခဲ့ရ ပြန်ပါ၏။
နိုင်ငံသစ် ထူထောင်ဖို့အတွက် ဘယ်နေရာမှာ ဘာတွေ လိုနေသေးသည်။ ဘယ်စိန်ခေါ်မှုတွေကို ဘယ်လို စုပေါင်း ရင်ဆိုင် ကျော်လွှား ကြမည်။ တိုင်းပြည်ကောင်းစားဖို့ ဘာတွေ ဝိုင်းလုပ်ကြမည် ဆိုသော တွက်ဆ မြော်မြင် ပြောဆိုမှု များကား ကြားခဲ ရလှပါသည်။
မီဒီယာ အမျိုးမျိုး အပေါ်၌ ‘လူ’ နှင့် ‘နေရာ’တို့နှင့် စပ်လျဉ်း၍သာ နားမဆံ့အောင် ကြားနေရသည်။ အသက်အရွယ်၊ အတွေးအခေါ်၊ ရပ်တည်ချက်၊ ရည်မှန်းချက်၊ အသွေးအရောင် မတူသော ပုဂ္ဂိုလ်အမျိုးမျိုး ပေါင်းစုလှုပ်ရှား လာကြသည် ကိုလည်း သတိထားမိသည်။ ထိုသို့ အသွေးအဆင် စုံလှသော အစုအဖွဲ့တို့ မည်သို့သော ဘုံရပ်တည်ချက် ပလက်ဖောင်း ကို ရှာကြမည်နည်း။ ထိုဘုံရပ်တည်ချက် ဆိုသည်တို့မှာလည်း အမှန်တကယ် ရည်ရွယ်ရင်းလော၊ ဗိုလ်ချုပ်ပြောသည့် ‘လူပြိုင်းကြိုက်’ ကျော်အောင် ညာသည့် ကြော်ငြာများ ဖြစ်မည်လော၊ မသေချာလှသေးပါ။
အပြောမျှနှင့်ပင် အားရစရာ မရှိသေးလျှင် အပြောထက် များစွာခက်သော အလုပ်အတွက်မှာမူ ဆိုစရာပင် မရှိပါ။
အထက်ပါ “နိုင်ငံရေးအမျိုးမျိုး” သူသည့် ဆောင်းပါး၌ပင် ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဖူးသည်။ “တိုင်းပြည် ကောင်းစား အောင် အပြောကားလွယ်၏။ အလုပ်ကား ခက်၏။ ဥပမာ- ဆင်းရဲသားတွေ လယ်မဲ့နေတယ်၊ လယ်ရအောင် လုပ်ပေးမယ် ဆိုလျှင် ပထမ ဗမာပြည်မှာ ဘယ်နှယောက် လယ်မဲ့နေတာကို သိရမည်။ ဒုတိယ သိသလောက် လူတွေကိုပေးစရာ မြေ ရှိ၊ မရှိ။ ရှိပြန်လျှင်လည်း ဘယ်လိုလုပ်၍ ဘယ်လောက်စီ ပေးဝေရမည် ကို သိရမည်။
သစ်တောထွင်း၍ မြေရအောင်လုပ်မလား။ ချစ်တီးတွေ လက်ထဲကပဲ အတင်းလုမလား လုပ်ပြီးတဲ့ ချစ်တီးတွေ မရှိလို့ လယ်သမားတွေ လယ်စိုက်ဖို့၊ ပျိုးနုတ်ဖို့ လယ်စရိတ်တွေ မရှိလျှင် ဘယ်သူက ပေးမလဲ။ လယ်တွေ ဖွံ့ဖြိုး အောင် ခေတ်သစ် နည်းတွေနဲ့ လုပ်ဖို့ ဘယ်သူတွေက ဘာသင်ပေးမလဲ။ ဘယ်လိုကိရိယာမျိုး ဘယ်ကကူမလဲ၊ ဝယ်ယူမလား၊ နိုင်ငံခြားက လယ်ယာ စိုက်ပျိုးရေး အတတ် ကျွမ်းကျင်တဲ့ လူတွေခေါ်ယူမလား။
ဒီလိုဆိုရင် ငွေတွေ တက်တက်စင် ကုန်မည်။ ကုန်လျှင် ဘယ်ကရမလဲ။ တိုင်းပြည်ကရတဲ့ အခွန်တွေက များလွန်းလို့ မလောက်ဘူး တဲ့။ ဘယ်ကချေးမလဲ၊ ဗမာတွေ ဆီကလား။ နိုင်ငံခြား အစိုးရတွေနဲ့ မဟာမိတ် လုပ်ပြီး သူတို့ဆီက ချေးမလား။ ချေးတယ်ဆိုရင်ပဲ အလကား ရမှာမဟုတ်ဘူး။ ဒီက သူတို့လိုချင်တဲ့ စီးပွားရေး၊ နိုင်ငံရေး အချက်လက်တွေ ပေးရလိမ့်မယ်။ ဤကဲ့သို့ တစ်မျှော် တစ်ခေါ်ကြီး စဉ်းစားရ၏။ ငှက်ပျောသီး နွှာစားသလို မလွယ်။”
မကြာသေးမီက နိုဘယ် စီးပွားရေးဆုရ ကမ္ဘာကျော် စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ် မြန်မာနိုင်ငံသို့ လာသွား၏။ မြန်မာနိုင်ငံတွင် လယ်ယာစီးပွားရေး၏ အဓိကကျပုံကို ထောက်ပြသွား၏။
မြန်မာနိုင်ငံသည် စနစ်တကျ ဆောင်ရွက်နိုင်ပါက ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည့် အလားအလာ ရှိကြောင်း သုံးသပ်ပြသွား၏။ သို့သော် ထိုအလားအလာကို အမှန်တကယ် ဖော်ဆောင် နိုင်အောင် မည်သို့ ဆောင်ရွက်ကြမည်နည်း တရားဝင် စာရင်းဇယားများ အရ ၂၀၀၈- ၂၀၀၉ ခုနှစ်၌ မြန်မာနိုင်ငံတွင် လူဦးရေ ၅၈ ဒသမ ၄သန်း ရှိ၏။ အိမ်နီးချင်း ထိုင်းနိုင်ငံ၌ ၆၈ ဒသမ၄ သန်း ရှိ၏။ ဆန်စပါး ထွက်ရှိမှု၌ မြန်မာနိုင်ငံမှ ထိုနှစ်တွင် စပါးမက်ထရစ် တန်ချိန် ၃၅ ဒသမ၈သန်း ထွက်၏။ထိုင်းနိုင်ငံ၌ ၃၅သန်းသာ ထွက်၏။ သို့သော် ထိုင်းနိုင်ငံက ၂၀၀၇ ခုနှစ်တွင် ဆန်တန်ချိန် ၈ဒသမ၅သန်း တင်ပို့နိုင်ချိန်၌ မြန်မာနိုင်ငံက တန်ချိန် ၃၅၀၀၀၀ သာ တင်ပို့နိုင်သေးသည်။ ၂၀၀၈ -၂၀၀၉၌ မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သန်းခန့် တင်ပို့နိုင်ခဲ့ချိန်တွင် ထိုင်းနိုင်ငံက ဆန်တန်ချိန် ရှစ်သန်းမှ ၁၀သန်းအကြား တင်ပို့နိုင်ဖွယ် ရှိသည် ဆို၏။ စားသုံးသူဦးရေ ပိုများပြီး ဆန်ထွက်ပမာဏ ပိုနည်းသည့် ထိုင်းနိုင်ငံက ဆန်တင်ပို့ရာ၌ မြန်မာနိုင်ငံထက် ရှစ်ဆခန့် ပိုများနေသည် ဆိုခြင်းမှာ အဘယ်ကြောင့်နည်း။ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုး၊ ထုတ်လုပ်တင်ပို့မှု လုပ်ငန်းတွင် မည်သို့ပြုပြင် ဖော်ဆောင် သွားသင့်သနည်း။ အရင်းအနှီး၊ နည်းပညာ၊ အခြေခံ အဆောက်အအုံ၊ စက်ကိရိယာ၊ မျိုးကောင်းမျိုးသနု့်၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီရရှိရေး၊ ရိတ်သိမ်းချိန်လွန် သိုလှောင် ကြိတ်ခွဲမှုစနစ်၊ ဈေးကွက်ရှာဖွေမှု၊ ဈေးနှုန်းထိန်းသိမ်းရေး၊ စိုက်ပျိုး ထုတ်လုပ်များ အတွက် မက်လုံး၊ ပို့ကုန် သွင်းကုန် စည်းမျဉ်းများနှင့် လုပ်ထုံး လုပ်နည်းများ၊ သင်္ဘောတင်စနစ်၊ နိုင်ငံခြားငွေ လဲလှယ်မှု စသည် စသည် စဉ်းစားစရာ တွေက တစ်ပုံတစ်ပင်ကြီး ရှိသည်။
နိုင်ငံခြားသား ပညာရှင်တွေက မနေနိုင်၊ မထိုင်နိုင် လာကူပြီး စဉ်းစားပေးသွားသည်။ မြန်မာနိုင်ငံရေး သမားများ ထိုသို့ မည်မျှ စဉ်းစား ထားပြီး ကြပါပြီနည်း။
နိုင်ငံရေးဟူသည် အပြောကား လွယ်၏။ အလုပ်ကားခက်၏။ ဒီမိုကရေစီ ရပြီဆိုသည်နှင့် ပဒေသာပင်မြေက ပေါက်လာမည် မဟုတ်။ အာဏာရရုံ မျှသာ စိတ်ကူးနေသော နိုင်ငံရေးသမားများ၊ လူပြိုန်းကြိုက် အပြော သက်သက် နိုင်ငံရေးသမားများထက် အမြင်ကျယ်သော စဉ်းစားတွေးခေါ်နိုင်သော၊ သဘောထားကြီးသော၊ လုပ်ရည်ကိုင်ရည် အမှန်တကယ် ရှိသော၊ အပြောထက် အလုပ်ဖြင့် သက်သေပြနိုင် သော နိုင်ငံရေး ခေါင်းဆောင်များကိုသာ ပြည်သူတို့က မျှော်လင့် နေကြပါသည်။


***ကိုကိုလှိုင်***


Read More...



more



more



more



more



more
အယူခံပယ်ချမှု အဝေးရောက်အစိုးရ ဝေဖန်ရှုတ်ချ
ရွှေပြည်သာစက်႟ုံ နောက်ထပ်တ႟ုံက အလုပ်သမားတွေ ထပ်မံဆန္ဒပြ
အဓမ္မခိုင်းစေမှု ပညာပေးလုပ်ငန်း ရခိုင်ပြည်နယ်မှာ လှုပ်ရှား
ယာယီ နိုင်ငံကူးလက်မှတ်ကိစ္စ မြန်မာ ပြည်ထဲရေးဝန်ကြီး ရှင်းလင်း
ဒေၞအောင်ဆန်းစုကြည် အယူခံကို ပယ်ချတဲ့အတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ႓ဗိတိန္နဲႛ ကေနဒၝ အစိုးရေတြက ႟ႈတ္ခ်