9.26.2009

ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ

ရဲဘော်ဖိုးသံချောင်း

၂၅ စက်တင်ဘာ ၂၀၀၉

ဗမာပြည်နဲ့ပတ်သက်တဲ့ နိုင်ငံတကာလေထုမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ပေါ်ပေါက်လာတော့မယ့် လက္ခဏာတွေ စပြီးမြင်တွေ့နေရပါပြီ။ နအဖစစ်အစိုးရကို နဂိုက ဆေးဖော်ကြောဖက်မလုပ်ခဲ့တဲ့ အမေရိကန်အပါ အနောက်နိုင်ငံတွေက အခုတော့ ဒီဗိုလ်ချုပ်တွေကို လူလူသူသူပြန်ဆက်ဆံမယ်လို့ ဖြစ်လာနေပါပြီ။

တကယ်က သေသေချာချာကြည့်တတ်ရင် နိုင်ငံတကာအခင်းအကျင်းမှာကိုပဲ အပြောင်းအလဲတွေ တွေ့နေရ ပါတယ်။ စစ်အေးစစ်ပွဲလွန် နိုင်ငံရေးအခင်းအကျင်းမှာ စစ်အေးစစ်ပွဲမှာ ထိပ်ကပါဝင်ခဲ့ကြတဲ့ နိုင်ငံကြီးတွေဟာ စစ်အေးစစ်ပွဲရဲ့ အထုပ်အပိုးတွေကို ပစ်ချခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ နဂိုရှိခဲ့တဲ့ မာန်တွေ၊ ဟန်တွေကို အိနြေ္ဒမပျက် ထိန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် ကာလတခုလွန်လာတော့ အခြေအနေ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ စီးပွားရေးအကျပ်အတည်းကြီးပါ။

ဒီနှစ်သြဂုတ်လ (၁၀-၁၇) ရက်ထုတ် ညူးစ်ဝိခ်ဂျာနယ်ထဲက မျက်နှာဖုံး ဆောင်းပါးမှာဆိုရင် ဒီတခါ စီးပွားရေးအကျပ်အတည်း ကြီးကြောင့် မဟာဗြိတိန် (Great Britain) တောင်မှ စူဠာဗြိတိန်။ ဒါမှမဟုတ် သာမန်ဗြိတိန်ဖြစ်သွားရပြီလို့ ရေးထားပါတယ်။ နိုင်ငံကြီးတွေအားလုံးကို ကြီးကြီးမားမား ထိခိုက်ခဲ့တယ် ဆိုတာကို ပြောချင်လို့ ကိုးကားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေ အောက်မှာ နိုင်ငံကြီးတွေဟာ ထိန်းညှိမှုအမျိုးမျိုး လုပ်ကြရပါတယ်။ အဲဒီလိုလုပ်တဲ့ ထိန်းညှိ မှုတွေထဲမှာ ဗမာပြည်နဲ့ဆိုင်တဲ့ ပေါ်လစီတွေလည်း ပါကုန်တော့တာပါပဲ။

ဒါတွေနဲ့တဆက်တည်း လူပြောများ၊ ဆွေးနွေးတာများလာတာကတော့ အမေရိကန်လိုနိုင်ငံကြီးက ပေါ်လစီသဘောထား ပြောင်းလဲတယ်ဆိုရင် ဗမာပြည်ရဲ့နိုင်ငံရေးကို ဘယ်လို ထိခိုက်နိုင်သလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတာဟာ အမေရိကန်အစိုးရက ဘာလုပ်သင့်သလဲလို့ ဆွေးနွေးတာထက် ပိုကောင်းပါတယ်။ ပိုလက်တွေ့ကျပါတယ်။

တကယ်ကျတော့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲတွေက အခုမှစကာစရှိပါသေးတယ်။ နောင်မှာ ပိုပြီးကြားလာရ ဦးမှာပါ။ ဗိုလ်သိန်းစိန်တို့နဲ့တွေ့ပြီးရင်၊ သူတို့ရဲ့အထူးတမန်ဆိုတာချင်း တွေ့ဆုံစကားပြောကြပြီးရင် ဘာတွေ တဆင့်တက်လာမယ် မသိနိုင်ဘူး။ လောလောဆယ်မှာ နအဖစစ်ဗိုလ်တွေအဖို့တော့ လက်မထောင် စရာဖြစ်ချင်ဖြစ်မှာပါ။

ဗမာပြည် ပြည်သူလူထုအနေနဲ့ ပြောရရင် ဒီကိစ္စကြောင့် သူတို့မှာ အတွေးအခေါ်အရတော့ ဘာမှရှုပ်ထွေးစရာ မရှိပါဘူး။ အမေရိကန်ကနေ အသိအမှတ်ပြုလိုက်တဲ့အတွက် နအဖစစ်ဗိုလ်ချုပ်တွေဟာ အာဏာရှင်ကနေ သူတော်စင်အဖြစ် တဖြစ်လဲသွားမှာမဟုတ်ဘူးဆိုတာ သူတို့ဘ၀အသိအရ ရှင်းနေပါတယ်။ ဗိုလ်နေ၀င်း တုန်းကဆိုရင် အမေရိကန်၊ ရုရှား၊ တရုတ် အားလုံးက အသိအမှတ်ပြုတာ ခံခဲ့ရပြီးပါပြီ။ ဒါပေမယ့် အာဏာရှင် ဟာ အာဏာရှင်ပါပဲ။ ဂျပန်၊ အိုအီးစီဒီ၊ ကမ္ဘာ့ဘဏ် စတာတွေရဲ့ အကူအညီတွေရနေတဲ့ အကြားကပဲ တိုင်းပြည်ကြီး ချွတ်ခြုံကျသွားခဲ့တာကို ပြည်သူတွေ မမေ့ပါဘူး။ ပြည်သူလူထုက ဘာမှ မျက်စိမလည်ပါဘူး။

ဒါပေမယ့် ဒါဟာ နအဖစစ်အစိုးရကို ကြံဖန်အမွှန်းတင်ချင်နေတဲ့ လူတွေအတွက်တော့ ပြောစရာ၊ ရေးစရာ အချက်အလက် နည်းနည်းပါးပါး ရကောင်းရသွားနိုင်တာပေါ့။ သူတို့အနေနဲ့ ဒီအချက်အပေါ် အခြေခံပြီး ပြည်သူလူထုကို မျက်စိလည်အောင်၊ အမြင်မှားအောင် လုပ်ကြမယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဗိုလ်စကားကိုသုံးရင် အဆင့်ရှိတယ်လို့ ယူဆနေသူတွေကတော့ ဒေါ်ကလင်တန်ရဲ့ ဘယ်စကားလုံးကြီးတွေကို ကိုးကားလာမယ် ဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

သူတို့ရဲ့ ပြောဆိုရေးသားမှုတွေကြောင့် တချို့ ရိုးသားတဲ့ နိုင်ငံရေးလိုက်စားသူတွေမှာ စိတ်ဓာတ်အရ ထိခိုက်တာ နည်းနည်းပါးပါး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ယာယီ၊ နောက်ပြီး အနည်းအပါး လည်းဖြစ်၊ စိတ်ဓာတ်ပိုင်းလောက်ပဲ ဖြစ်ပါတယ်။ လက်တွေ့ ရုပ်သဘောအရ ဘာမှမထိခိုက်နိုင်ပါဘူး။

ဘာပဲပြောပြော ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုအမြင်ရှင်း၊ သဘောပေါက်ဖို့အတွက် ရှင်းပြတာတွေတော့ လုပ်ရပါလိမ့်မယ်။ နအဖကလည်း ဒါကိုပဲ ပိတ်ပင်မှာဖြစ်ပါတယ်။ နအဖနဲ့ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သူတို့ရဲ့ ရွေးကောက်ပွဲအပေါ် သံယောဇဉ်ဖြစ်ဖို့ဆိုတာကို လူထုကို ဆက်ပြီးရှင်းပြ၊ ပြောပြနေရဦးမှာဖြစ်ပါတယ်။ တပါတည်း ဘယ်လိုနည်းနဲ့ဆန့်ကျင်မယ်၊ ဖြစ်ပေါ်လာတဲ့နောက်အကျိုးဆက်ကို ဘယ်လိုရင်ဆိုင်ကြမယ် ဆိုတာတွေလည်း စဉ်းစားပြင်ဆင်ပြီးဖြစ်သင့်ပါပြီ။

တည့်တည့်ပြောရရင် ပိတ်ဆို့မှုဆိုတာတွေလုပ်ခဲ့လို့ နအဖစစ်အုပ်စုရဲ့ သံဃာတွေကိုပါသတ်တဲ့ အကျင့်စရိုက်ကို ပြောင်းလဲမသွားစေခဲ့ပါဘူး။ ပြည်ပဖိအားဆိုတာဟာ အာဏာရှင်ဗိုလ်ချုပ်တွေအနေနဲ့ ပြည်ပဘက်ကို မျက်နှာ လှည့်တဲ့အခါမှာ ပြုံးဖြဲဖြဲအသွင်ဆောင်အောင် လုပ်နိုင်ပေမယ့် ကိုယ့်ပြည်သူလူထုဘက်ကို လှည့်တဲ့အခါမှာတော့ ဘီလူးရုပ်သက်သက်ပါပဲ။ တကယ်တော့ ပြည်ပက ဖိအားပေးတယ်၊ ထောက်ခံတယ်ဆိုတာတွေဟာ အရန် အခန်းလောက်သာရှိတာပါ။ အဲဒါတွေ မရှိတော့ရင်လည်း ပြည်သူလူထုမှာ ပြောပလောက်အောင် ဘာမှ မဆုံးရှုံးပါဘူး။ အားပျက်စရာ ဘာမှမရှိဘူး။ အဲ-ဗမာပြည်နိုင်ငံရေးမှာ သူများနိုင်ငံ၊ သူများအစိုးရကို မှန်းမျှော် တတ်တဲ့ အလေ့အကျင့်တခုတော့ ပျောက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။

ဒါကြောင့် ဒီတကွေ့မှာ ရှေ့ကိုချီတက်ရင်း တဖက်ကိုလှည့်လှည့်ကြည့်နေရတဲ့ အတွေးအခေါ် ၀န်ထုပ်ဝန်ပိုး တခုကို ပစ်ချလိုက်နိုင်ပြီလို့ပဲ ကောင်းတဲ့ဘက်က လှည့်တွေးရပါတော့မယ်။

Burma's News World's News

BREAKING NEWS
"Aung San Suu Kyi today sent a personal letter to Senior General Than Shwe, in which she expressed her willingness to cooperate with the regime in order to work together to ensure that sanctions imposed by western countries are ended for the benefit of the nation and it's people. It is also known that, since as far back as 2007, she has also made other attempts to cooperate with the regime to end sanctions."
(Internal Reporter -Saffron Mail Letter)
QUOTE OF THE DAY
I accept that [U.S engagement with Burma], but it must be the right engagement with both sides—the junta and the opposition.
—Aung San Suu Kyi

New 5,000 Kyat Note Sparks Inflation Fears

By SAW YAN NAING
The Burmese regime is to issue a new 5,000 kyat currency note on October 1, raising fears of an increase in consumer prices as more paper money goes into circulation.

Weekly Business Roundup (September 26, 2009)

By WILLIAM BOOT
The change of US government policy to permit talks with the Burmese government while maintaining economic sanctions could be a “positive step forward,” says the human rights group that recently exposed how the regime siphons off billions of dollars from gas income.

Campbell to Lead US Burma Engagement

By LALIT K JHA
The US Department of State announced that Assistant Secretary of State for East Asian and Pacific Affairs Kurt Campbell would lead US policy talks with the Burmese government.

Confusion Surrounds Burmese Migrant ‘Passport’

By LAWI WENG
Confusion over how much it costs and how to apply surround the national identification paper, or “passport,” for Burmese migrant workers.

Burmese-American Tortured in Prison: AI

By KO HTWE
The detention of a Burmese-American in Rangoon is followed by torture in Insein Prison, says Amnesty International.

US policy shift: The generals are dancing well

(Commentary) Many observers, political activists and interested parties are wondering why the United States has finally decided to engage with Burma’s military regime. Obviously,...

More Korean textile units keen to invest in Burma

More Korean textile industries are keen to invest in Burma with the general elections due in 2010 in the military ruled country. Speaking to Mizzima, Mr. Lee Seung Woo,......

NUP to contest election with fresh blood

The National Unity Party (NUP) will contest the 2010 election with new blood rather than elders, party Joint Secretary Khin Maung Gyi said at a press conference...

ICRC should revisit Burmese jails: AHRC

The Asian Human Rights Commission (AHRC) has urged the international community to mount pressure on Burma’s ruling junta to allow the International Committee of...
AFP
US protests to Myanmar over detained American: embassy
AFP
"Subsequently the embassy submitted an official message to the government of Burma protesting this alleged mistreatment of an American citizen," he said, ...
See all stories on this topic
Confusion Surrounds Burmese Migrant 'Passport'
The Irrawaddy News Magazine
The new nationality identification paper allows Burmese migrants to work in Thailand and have access to the same social welfare benefits as Thai workers, ...
See all stories on this topic
Kachin rebels deny helping ULFA shift to Burma
Mizzima.com
... state in Northern Burma. A report in the Indian newspaper 'The Telegraph' quoting Indian army intelligence on Thursday said, India's northeast rebels, ...

မြန်မာ့သတင်း ကမ္ဘာ့သတင်း

သတင်းဝဘ်ဆိုက် အသစ်တခုပေါ်ထွက်လာ

ယခင်က နာမည်ကျော်ကြားခဲ့ပြီး ထင်ရှားသည့် သတင်းစာ ဟံသာဝတီ အမည်ဖြင့် သတင်းဌာန တခု ပေါ်ထွက်လာသည်ကို တွေ့ရပါသည်။
သတင်းဖတ်လိုသူနှင့် ရေးသားဆက်သွယ်လိုသူများကို အောက်ပါအတိုင်းရေးသားဖိတ်ခေါ်ထားပါ သဖြင့် စိတ်ပါဝင်စားသူများ သွားရောက်လေ့လာနိုင်ရန် တင်ပြလိုက်ပါသည်။
သို့
နယ်ပယ်အသီးသီးမှ မိတ်ဆွေများရှင့်
၂ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟံသာဝတီသတင်းဌာန ကို ဖွင့်လှစ်လိုက်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ကျွန်မတို့ ဟံသာဝတီသတင်းဌာနသို့ အယ်ဒီတာထံ ပေးစာအပါအ၀င် သတင်း၊ ဆောင်းပါး (ဝေဖန်ချက်၊ ထင်မြင်ချက်) ကဗျာ၊ ဓါတ်ပုံ၊ ဗွီဒီယို ၊ ဟာသ ကာတွန်းများ ပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ပေးပို့သူများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

ဆက်သွယ်ရန်

[ဟံသာဝတီသတင်းများ)
ဗထူးကွင်းက ဘောလုံး ပရိတ်သတ်တွေရဲ့ ရန်ပွဲ

သံဃာအဖွဲ့ချုပ် နှင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီ မှ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးသုဝေ ထံသို့ အိပ်ဖွင့် ပေးစာ ပေးပို့

တစ်လ (၂)သောင်းနဲ့ ကလေးထိန်း အလုပ် ရမည်ဟု ဆိုကာ ပွဲစား များက လူကုန်ကူးမှုများ ရှိနေ

မုံတဝဂူ အတွင်းသို့ သွားရောက် လေ့လာသော လူငယ်(၈)ဦး ဂူအတွင်း တောင်ကျရေများ စီးဝင်၍ ပိတ်မိ

ခွင့်ပြုချက်မရှိဘဲ ကားအပိုပစ္စည်းတင်သွင်းသည့် အကောက်ခွန်အေဂျင်စီ လိုင်စင် ဖျက်သိမ်းခံရ

မန္တလေးမဟာမုနိဘုရား မြို့မိမြို့ဖများမပါဝင်သည့် ယာယီဂေါပကဖြင့်ဆောင်ရွက်


US Congress

မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒသစ် အသေးစိတ် ထုတ်ပြန်ဖို့ အစီအစဉ်ကို ရှေ့တပတ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။


အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
NEJ / ၂၅ စက်တင်ဘာ ၂၀၀၉

“ဒေါ်အောင်ဆန်းစုကြည်က direct engagement က ကောင်းတာပေါ့တဲ့။ အရင်ကတည်းကလည်း သူလည်းကြုံကြိုက်တဲ့အခါတိုင်း ပြောနေတာပဲတဲ့။ direct engagement လုပ်တဲ့နေရာမှာတော့ အစိုးရနဲ့ချည်းပဲမဟုတ်ဘဲ အတိုက်အခံတွေ၊ ဒီမိုကရေစီရေးသမားတွေနဲ့ပါ...”အပြည့်အစုံသို့
ကျပ် (၅,ဝဝဝ) တန် ဂယက်ကြောင့် ရွှေဈေးကွက်ရပ်ဆိုင်း
အောင်ကျော်မိုး / ၂၅ စက်တင်ဘာ ၂၀၀၉ “ဒီနေ့ ဘယ်ဈေးပေါက်နေလဲ ဈေးမဖွင့်ပေးရဲသေးဘူး။ ဈေးကို ပုံမှန်အတိုင်း ဖွင့်ပေးလိုက်ရင် အာဏာပိုင်တွေ ရန်ရှာမှာစိုးလို့ ဘယ်သူမှ မလုပ်ရဲဘူး။ ရွှေဈေးဟာ မနေ့က....”အပြည့်အစုံသို့
ရွှေဝါရောင် ၂ နှစ်ပြည့်တွင် သာသနာ့ဥသျှောင်က ဆန္ဒပြ
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၅၊ ၂၀၀၉
ယမန်နေ့က သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (IBMO) မှ အဖွဲ့ဝင် သံဃာများ အမေရိကန်ပြည်ထောင်စု ပစ်စဘတ်ဂ်မြို့ (Pittsburgh) တွင် ဆန္ဒပြနေပုံ။ ၂၀၀၇ သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်ကာလတွင် မြန်မာစစ်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒပြကြခြင်း ဖြစ်သည်။ ၎င်းတို့ ဆန္ဒပြရာ မြို့တွင် G20 ခေါ် ကမ္ဘာ့ခေါင်းဆောင်များ၏ အစည်းအဝေး ၂ ရက်ကြာ ကျင်းပလျက် ရှိသည်။ (ဓာတ်ပုံ-AP)

Kyats1s

၅၀၀၀ ကျပ်တန် သတင်းနှင့်အတူ ငွေတန်ဖိုးကျဆင်း၊ ဈေးနှုန်းအချို့ မြင့်တက်

ဗဟိုဘဏ်က ၅၀၀၀ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေမည့်သတင်း ကြေညာသဖြင့် ယနေ့နံနက်တွင် မြန်မာငွေတန်ဖိုး သိသာစွာ ကျဆင်းသွားပြီး ကုန်ပစ္စည်းအချို့ ဈေနှုန်းမြင့်တက်သွား ...

ထမင်းစားတိုင်း သတိရတယ်

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှ ယခုလ ၁၇ ရက်နေ့တွင် ပြန်လွတ်လာသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တဦးက...

ပါတီ လူငယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို

ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး စီစဉ်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ကိုယ်စားလှယ်များက ဗဟို...

မြန်မာ့အရေး ကျွမ်းကျင်သူများ ပါဝင်မည့် ဝက်ဘ်၏ ကြားနာမှု

မြန်မာပြည်နှင့် ဆက်ဆံရန် ပြင်းပြစွာ ထောက်ခံသူ အမေရိကန် ဆီးနိတ်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ဦးစီးသော ယခုလ ၃၀...

လွတ်မြောက် နိုင်ငံရေးအကျဉ်းသား တယောက် နယ်စပ်ကို ရောက်ရှိ

တရုတ်နိုင်ငံသားတွေ ပြန်လည်ထွက်ခွာဖိုႛ ညွှန်ကြား

မြန်မာကြက်ခြေနီအသင်း အနာဂတ် ဘေးဒဏ် ကယ်ဆယ်ရေး အစီအစဉ် ချမှတ်

ညောင်ဦး္ဘမိုႚက ကျူရှင်ဆရာတယောက်ကို ဖမ်းဆီးသွား

ကဵပ် ၅ ထောင်တန် ကြေညာ ဒေၞလာဈေး ထိုးတက်သွား

ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် အမေရိကန်သံရုံးက ကန်ႛကွက်စာပိုႛ

ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုစာကို ယနေ့နံနက်က ပေးပို့လိုက်ပြီဟု ဦးဥာဏ်ဝင်းပြော

ယနေ့နံနက် ဆယ်နာရီ သုံးဆယ်မိနစ်ခန့်က သူကိုယ်တိုင် စာတိုက်တွင် Register လုပ်၍ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါသည်။
အရေးကြီးသော စာဖြစ်၍ လျှင်မြန်ချောမော သေချာစွာ ရောက်ရှိနိုင်ရေးအတွက် ကိုယ်တိုင်ပင် သွားရောက် ပေးပို့ရခြင်းဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။ ထိုအကြံပြုချက် ပေးစာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမနေဖြင့် ထိုစီးပွားရေး ပိတ်ဆို့ခံရမှုကို စစ်အာဏာပိုင်များနှင့် အတူ ပူးပေါင်းညှိနှိုင်း အဖြေရှာကြရန် ၂၀၀၇ ခုနှစ်ကတည်းက ပြောဆိုခဲ့ဘူးကြောင်း ပြောဆိုထားပါသည်။
ထိုအကြံပြုစာ၏ ရည်ရွယ်ချက်မှာ စီးပွားရေးပိတ်ဆို့မှု အကြပ်အတည်းများမှ ရုန်းထွက်နိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်သင့်သည် ဆိုသော အချက်ကို ဒေါ်အောင်ဆန်းစုကြည်မှ ဦးတည်ဖေါ်ပြ ထားသလို ထို အကျိုးဆက်များကြောင့် မြန်မာနိုင်ငံသားများ မည်ကဲ့သို့နစ်နာရသည် ဆိုသော အချက်ကိုလဲ ထည့်သွင်းဖေါ်ပြခဲ့ ပြီး မြန်မာနိုင်ငံအား အခြားနိုင်ငံများမှ အဘယ့်ကြောင့် စီးပွားရေး ပိတ်ဆို့ခဲ့ကြသည် ဆိုသည့် အချက်ကို အထူးပြုဖေါ်ပြခဲ့သည်ဟု ဦးဥာဏ်ဝင်းမှ ပြောပြ သွားခဲ့ ပါသည်။
အရေးအကြီးဆုံး အချက်တချက် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ ထိုစီးပွားရေး ပိတ်ဆို့မှုများမှ လွတ်မြောက်စေရေး အတွက် တိုင်းပြည် အကျိုးစီးပွားကို ရှေ့ရှု၍ အတူတကွ ပူးပေါင်းဆောင်ရွက် အဖြေရှာသွားကြရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကမ်းလှမ်းခဲ့ပြီး၊ ဖြစ်နိုင်သမျှ အမြန်ဆုံး အကြောင်းပြန်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)