8.29.2009

အိမ်ဖေါ်အမျိုးသမီး အခွင့်အရေး ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပ

Photobucket
Photobucket

သြဂုတ် ၂၉
ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် မက်ဖေါင်ဒေးရှင်း (ခေါ်) အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အင်ဂျီအိုအဖွဲ့ က ယမန်နေ့ နေ့လည်ပိုင်းတွင် ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ်၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကျင်းပခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကိုလာပြီး အလုပ် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ အနက် အိမ်ဖေါ် အလုပ်သမားများ၏ အခြေအနေများကို ထိုင်းအစိုးရအနေဖြင့် ဝိုင်းဝန်းဖြေရှင်း ကူညီပေးရန် မက် ဖေါင်ဒေးရှင်းက တိုက်တွန်း ပြောဆိုသည်။
“လုပ်အားခ အပြည့်အဝမရရှိနိုင်သလို ကာအိနြေ္ဒ အကာအကွယ်မဲ့တဲ့ အပြင် အိမ်ရှင်အသတ်ခံရတာလည်း မကြာခဏဆိုသလို ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်တတ်တွေ သိရပါတယ်၊ ထိုင်းအလုပ်သမားတွေကို ထိုင်းလူမှု ကယ်ဆယ်ရေးအဖွဲ့ တွေဆီက အကူအညီတွေ ရရှိသလိုမျိုး မြန်မာအိမ်တွင်း အလုပ်သမားတွေကိုလည်း ပေးသင့်ပါတယ်၊ ပြီးတော့သူတို့ တွေကိုနားခွင့် နားရက် ပေးသင့်ပါတယ်”ဟု မက်ဖေါင်ဒေးရှင်း ဒါရိုက်တာ မစ္စက် Jackie Pullot ကပြောသည်။
ဘန်ကောက်အခြေစိုက်ကမ္ဘာ့အလုပ်သမားများအဖွဲ့ ILO အာရှ အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး အထူးကိုယ်စားလှယ် Tim De Meyer က“လာမယ့် အိုင်အယ်အို အစည်းအဝေးမှာ တင်ပြသွားမယ်လို့ ဆိုပါတယ်၊ သူတို့် တွေဟာ အချိန်အများကြီး လုပ်ရပြီးတော့ အရမ်းပင်ပန်းပါတယ်၊ နားရက်တွေမှာ သူတို့တွေကို အနားပေးခြင်းဟာ စိတ်ကျမ္မာ ရေးရော ကိုယ်ကျမ္မာရေး အတွက်ပါ အထောက်အပံ့ဖြစ်စေပါတယ်၊ သူတို့ဖြစ်ရပ်တွေဟာ တော်တော် စိတ်မကောင်းစရာ ဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာအိမ်ဖေါ် အလုပ်သမားလေးတွေ အကာအကွယ်မဲ့တာနဲ့ ပတ်သက်ပြီးတော့ မက်ဖေါင်ဒေးရှင်းက
အိမ်ဖေါ်အမျိုးသမီး အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဌာနခေါင်းဆောင် မြန်မာရှမ်းအမျိုးသမီး ပင် က “အချိန်ပြည့် အလုပ်လုပ်ရတဲ့ အိမ်အလုပ်သမားတွေရဲ့ အခြေနေတွေကို သိရအောင်လို့ ကျမတို့ မက်ဖေါင်ဒေး ရှင်းက ပြီးခဲ့တဲ့လပိုင်းက ပို့စ်ကဒ်ကန်ပိန်း လုပ်ခဲ့ပါတယ်၊ လက်မှတ်ထိုးထားတဲ့ ပို့စ်ကဒ်ပေါင်း ၆၁၂ဝ ရရှိခဲ့ပါတယ်၊ပိုစတာမှာ အိမ်အလုပ်လုပ်တဲ့ အိမ်ဖေါ်အလုပ်သမ တစ်ယေက် လက်တွေ ခြေတွေမအားလပ်အောင် အလုပ်များတယ်ဆိုတဲ့ ပန်းချီပုံကိုေ၇းဆွဲထားပါတယ်၊ အိမ်ဖေါ်ကိစ္စရပ် တစ်ခုခု ပေါ်ပေါက်လာရင် ကျမကို ဆက်သွယ်ပေးကြပါ၊ ကျမတို့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးပါမယ်” ဟု ပြောသည်။
မက်ဖေါင်ဒေးရှင်း ယာယီ သုတေသနမှူး ပအို့ဝ်အမျိုးသားကိုခွန်အောင်က “ထိုင်းနိုင်ငံကို ရောက်ရှိလာကြတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ မိမိတို့ အခွင့်အရေး ဆိုင်ရာကိစ္စတွေ ပညာရေးနဲ့ ကျမ္မာရေး ဆိုင်ရာ အခွင့်အရေးတွေကို သိရှိအောင် လေ့လာရမယ်၊ ပြီးတော့ အလုပ်သမား အရေးဆောင်ရွက်တဲ့ အဖွဲ့တွေ၊ အင်ဂျီအိုတွေရဲ့ ဖုန်းနံပါတ်တွေကို သိရှိအောင် စုံစမ်းထားသင့်တယ်”ဟု ပြောသည်။
နောက်သုသေတနမှူး တစ်ဦးဖြစ်သူ ကိုစိုးလင်းအောင်က “ကျနောတို့ အဓိက သုသေတနလုပ်တဲ့ မဲဆောက်နဲ့  ချင်းမိုင်မှ အိမ်အလုပ်သမားတွေ ဖြစ်ပါတယ်၊ ထိုင်းနိုင်ငံမှာ စီးပွားရေးတွေ ကျဆင်းလာတာကြောင့် အလုပ်ဖြုတ်ခံရတာတွေ ရှိပါတယ်၊ ဒါပေမယ့် မြန်မာအလုပ်သမားတွေဟာ နေရပ်ရင်းကို မပြန်လိုကြဘူး၊ ဖြစ်သလို နေထိုင်စားသောက်ပြီး အလုပ်အကိုင်ပြန်ရအောင် စောင့်ဆိုင်းနေကြသလို ရရာအလုပ်တွေကို ရသလောက် လုပ်အားခနဲ့ ဝင်လုပ်နေတာတွေ ရှိပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသော စစ်အာဏာရှင်များက တိုင်းပြည်၏ စီးပွားရေးကို တိုးတက်အောင် စီမံခန့် ခွဲနိုင်ခြင်းမရှိခြင်းတို့  ကြောင့် ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း မရှိသလောက် ဖြစ်လာခဲ့သည် မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့  မြန်မာများ နေ့စဉ်ဝင်ရောက် အလုပ်လုပ်ကိုင် နေကြဆဲဖြစ်သည်။ အင်ဂျီအိုများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမား ၂သန်းနီးပါး ရှိကြောင်းပြောကြပြီး အိမ်ဖေါ် အလုပ် လုပ်ကိုင်နေသူပေါင်း ၂သိန်းထက်မနည်း ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။