9.07.2008

ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့်စီဒီစီကျောင်းပွင့်သစ်နံရံကပ်စာစောင်အယ်ဒီတာအဖွဲ့၏သဝဏ်လွှာ


Read this document on Scribd: Pwint thit 1

ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့်CDCကျောင်းနံရံကပ်စာစောင်ပြိုင်ပွဲဆုရဝထ္တုတို

Read this document on Scribd: Pwinthit

စက်တင်ဘာတနှစ်ပြည့်အတွက်အကြိမ်(၅၀)မြောက်ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲ50th time worship ceremony of all religious for peace and democracy of BURMA

50th time worship ceremony of all religious for peace and democracy of BURMA celebrated that morning at Maetoo clinic (Mae sod , Thailand ) lead by CDC new generation students. They did special worship for not only 50th time worship ceremony but also one year memorial day of BURMA saffron revolution of September 2007 monks and people upraising .
















စက်တင်ဘာတနှစ်ပြည့်အတွက်အကြိမ်(၅၀)မြောက်ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲကိုမယ်တော်ဆေးခန်း
တွင်ယနေ့နံနက်၈နာရီ၃၀က ပြုလုပ်ခဲ့ပါသည်။
၂၀၀၇ခုနှစ်စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးကိုစစ်အုပ်စုမှ
အကြမ်းဖက်ရက်စက်ကြမ်းကြုတ်စွာဖြိုခွဲခဲ့ပြီး
နောက်ပိုင်းမှစ၍CDCကျောင်းမှမျိုးဆက်သစ်ကျောင်းသားလူငယ်များမှ
ဦးဆောင်၍အပတ်စဉ်တနင်္ဂနွေနေ့တိုင်းဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲကို
ဆောင်ရွက်ခဲ့သည်မှာယခုအကြီမ်သည်အကြိမ်(၅၀)မြောက်ဖြစ်
ပါသည်။
ယခုအကြိမ်သည်စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီး၏တနှစ်ပြည့်သောကာလနှင့်လည်းတိုက်ဆိုင်နေပါ
သည်။ထိုကြောင့်ထူးခြားစွာကျောင်းသားများ၏နံရံကပ်စာစောင်ပြိုင်ပွဲများ၊အထူးပြုဆုတောင်းပွဲများ၊ဘေးမဲ့လွတ်
ပွဲများကိုပါထည့်သွင်းကျင်းပခဲ့ပါသည်။အခမ်းအနားသို့ကျောင်းသားလူငယ်များ၊ဘာသာရေးခေါင်းဆောင်များ၊
အဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များ၊သတင်းဌာနများမှစုံညီစွာတက်ရောက်ကြကြောင်းသိရှိရပါသည်။










ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူတဦး ဆေးရုံတင်ထားရ

အကျယ်ချုပ်ကျခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် အတူနေ၍ ကူညီလုပ်ကိုင်ပေးနေသည့် ဒေါ်ခင်ခင်ဝင်း၏ သမီးဖြစ်သူသည် ယနေ့တွင် အရေးပေါ်ဆေးကုသမှု ခံယူရ
ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)က ပြောသည်။
ဒေါ်ခင်ခင်ဝင်းမှာ ၎င်း၏ သမီးဖြစ်သူကို ဆေးရုံတွင် လိုက်ပါပြုစုနေရကြောင်းနှင့် ဆေးကုသမှုခံယူ ရသည့် အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်း က ပြောသည်။
“ဒီနေ့ ဒေါ်ခင်ခင်ဝင်းရဲ့သမီး ဆေးရုံတက်ရတယ်လို့ သိရပါတယ်၊ ဒေါ်ခင်ခင်ဝင်းလည်း ဆေးရုံမှာပါ၊ အသေး
စိတ် အခြေအနေကိုတော့ အသေအချာ မသိရသေးပါဘူး၊ ကျနော်တို့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဒေါ်ခင်ခင်ဝင်းတို့ သားအမိမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စတင်ကျသည့် အချိန်ကပင် အတူနေထိုင်လျှက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ပြုတ်ကျွေးမွေးနေသူများဖြစ်
သည်ဟုလည်း ၎င်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား နေ့စဉ်ပုံမှန်ပေးပို့နေသော ဈေးခြင်းကို လက်မခံခဲ့သည်မှာ ၃ ပတ်ခန့် ရှိပြီ ဖြစ်၍ အထူးစိုးရိမ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေး
တို့အတွက် ဖမ်းဆီး ထိန်းသိမ်းထားသည့် စစ်အစိုးရတွင် တာဝန်ရှိကြောင်း ယမန်နေ့တွင် အန်အယ်လ်ဒီက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ရကြောင်း ကျနော်တို့ ကြေညာချက်ထုတ်ခဲ့ တာပါ၊ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာဖြစ်နေတယ်ဆိုတာကို အာဏာပိုင်တွေအပါအ၀င် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး၊ ဒါ ဟာ ကျနော်တို့အတွက် အလွန် စိုးရိမ်စရာ ဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း ကဆိုသည်။
ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်အနေဖြင့် ၎င်းအားနေ့စဉ်ပုံမှန်ပေးပို့နေသောဈေးခြင်းကို လက်မခံခြင်းဖြစ် သည်ဟုလည်း ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။