10.17.2010

Burma's News World's News

Pope names first Australian saintAustralian pilgrims wave flags in St Peters Square at the Vatican (17 Oct 2010)

Pope Benedict XVI officially recognises Australia's first saint, Mary MacKillop, a Melbourne-born nun who worked with needy children.
Merkel: Multicultural society has failed

German attempts to build a multicultural society have "utterly failed", Chancellor Merkel says, telling immigrants to learn German to integrate.


NLD and Ethnic Leaders Tour Kachin State

By THE IRRAWADDY
Senior members of the National League for Democracy and a prominent ethnic leader are traveling in Kachin State to meet with local party members and lobby for a boycott of next month's election.

New Intelligence Chief Undertakes Major Overhaul

By THE IRRAWADDY
Maj-Gen Kyaw Swe, the new head of Burma's military intelligence agency, seeks to make it a more efficient tool of the ruling regime.

Suu Kyi: Reject 'Unfair' Elections

By THE ASSOCIATED PRESS
Burma's detained pro-democracy leader Aung San Suu Kyi has advised people to register their discontent at the upcoming elections, which her disbanded party is boycotting as unfair and undemocratic.

Farmers Fight for Their Land in Kachin State

By KO HTWE
600 farmers in Kachin State, who were displaced when their land was confiscated by the Yuzana Company, have vowed to fight through the courts to win back their farms.

Junta Calls KIA “Insurgents”

By WAI MOE
The junta is ratcheting up tension with the Kachin Independent Army by calling them “insurgents” in state-run media.

Cartoon Campaign Ridicules The Generals
By THE IRRAWADDY
Cartoons by Irawaddy cartoonist Harn Lay are reaching Burma's electorate through a special distribution campaign.

Who Cares if the Election is 'Free and Fair'?

By AUNG ZAW
Burma's rulers certainly don't, and the international community has given them little reason to feel otherwise.
wai-hnin-jump-4-freedom-s 
Special feature series: What is a ‘free and fair’ election?assk-0ct15s(Special Report) In one of its opening salvoes against the Burmese junta’s elections this year, the country...
Independents on foot after TV, radio access denied
phone-win-sIndependent candidates are being forced to settle for distributing leaflets in their campaigning amid a ban ...

Kachin armed ceasefire group embarks on drug offensive
kio_thumb(Interview) The main ethnic Kachin ceasefire group is set to crack down on drug users and traffickers after ...

Young voters ill-informed of choices for election day
Minimal canvassing and leafleting by political parties, as well as a lack of media coverage on ...

USDP signboards vandalised with red paint in Pegu town
usdp-signboard-painted-sSignboards belonging to Burma’s main junta-backed political party were vandalised with red paint in Pegu ..
New initiative reignites Burma tourism debate thumbnail

New initiative reignites Burma tourism debate

Burma, Cambodia, Vietnam and Laos to join hands in promoting 'Four Countries: One Destination' but the pro-boycott lobby stands strong
Burma has ‘one doctor for every 8000 prisoners’ thumbnail

 

Burma has ‘one doctor for every 8000 prisoners’

Prison department official says that only 109 medical staff are assigned to the country's 43 prisons and 100-odd labour camps
Indonesia urged to back war crimes probe thumbnail Indonesia urged to back war crimes probe
Southeast Asia's largest democracy hailed as model for Burma's transition and possible trend-setter if it backs UN inquiry

“ကွဲကုန်ပြီ … ကွဲကုန်ပြီ”

Wednesday, October 13, 2010 ထွေရာလေးပါး

မြန်မာတပြည်လုံး တခွမ်းခွမ်းနှင့် ကွဲသံများ လှိုင်နေသည် ...။ ကွဲသံများ အတော်ကျယ်သောကြောင့် မြန်မာပြည်မှ နေ၍ ဦးရုက္ခစိုး စံမြန်းရာ ချင်းမိုင်အထိပင် နားကွဲမတတ် ကြားနေရသည်။

ရုက္ခစိုး။     ။ ကွဲပြန်ပြီဟေ့ ...။
cmnat-may-20-09ဖိုးရှုပ်။     ။ အဲဒါပဲ။ ဦးရုက္ခစိုးက နတ်ဖြစ်ပြီး လောင်းကစားလုပ်တာကိုး။ ဒီ နှစ်လုံးထီကို မထိုးပါနဲ့လို့ ခဏခဏ ပြောနေရဲ့သားနဲ့။ အခုတော့ ကွဲပြီပေါ့။ တော်တော်မှ ပါသွားရဲ့လား။
ရုက္ခစိုး။     ။ ပါသွားတာကတော့ မင်းကြီးတော်ကြီး ၂ ယောက်လုံးပဲ။ ဘယ့်နှယ်ကွာ သတင်းထောက်လုပ်နေပြီး ဘာပြောတာလဲဆိုတာ သေချာ မမေးဘူး။ ထင်ရာမြင်ရာတွေ လျှောက်ပြောနေတယ်။
ကြွက်စုတ်။     ။ ပြောမနေနဲ့ ဦးရုက္ခစိုးရေ။ ဒီကောင်က သူထင်ရာ သူပြောနေကျပဲဟာ။ ဒါနဲ့ ဦးရုက္ခစိုးက သစ်ပင်ပေါ် ထိုင်နေတာဆိုတော့ ငှက်နဲ့ မှားပြီး လေးခွနဲ့ဆော်သွားတာထင်တယ် … ပြပါဦး နဖူးကွဲသွားတာမဟုတ်လား။ တော်တော်များလား။
ရုက္ခစိုး။     ။ မင်းလုပ်မှ ပိုဆိုးပြီ ကြွက်စုတ်ရာ ...။ ငါ့လည်း နတ်စင်စစ်က ငှက်လို ပကျိ ပကျိနဲ့ အော်ရမလို ဖြစ်နေပြီ။ ငါပြောချင်တာက ...။
ဖိုးရှုပ်။     ။ သြော် သိပြီ ...။ ဗုံးကွဲတဲ့ကိစ္စလား။
ရုက္ခစိုး။     ။ အင်း … နည်းနည်းတော့ နီးစပ်လာပြီ။ ဗုံးကတော့ စ ကွဲနေပြီတဲ့ ...။ ကြံ့ဖွံ့တွေ မဲဆွယ်သွားတဲ့ ကားထဲကို ဗုံးတလုံး ပစ်သွင်းလိုက်တယ် ကြားတာပဲ။
ကြွက်စုတ်။     ။ ချစ်လို့ နေမှာပေါ့ ဦးရုက္ခစိုးရယ်။ ကြံ့ဖွံ့က ချစ်စရာ အရမ်းကောင်းနေတာကိုး။
ဖိုးရှုပ်။     ။ ဗုံးနဲ့ပေါက်ပြီး ကြည်စားတာ ဖြစ်မှာပေါ့။
ရုက္ခစိုး။     ။ တော်ကြစမ်းပါကွယ် ...။ မင်းတို့ ပြောနေကြတာနဲ့ ငါ ဘာပြောနေတယ် ဆိုတာတောင် မေ့သွားပြီ။
ကြွက်စုတ်။     ။ ကွဲတဲ့ အကြောင်းလေ … ဦးရုက္ခစိုး။
ရုက္ခစိုး။     ။ ဟုတ်သားပဲ ...။ ဒီလိုလေ ... မြန်မာပြည်မှာ ပါတီတွေ အခုပဲ မဟာမိတ်၊ အခုပဲကွဲ ဆိုတဲ့သတင်း မင်းတို့ မကြားဘူးလား။
ဖိုးရှုပ်။     ။ သြော် … ဒါလား။ ဒါကတော့ ရိုးရာမဖျက်တဲ့ သဘောလေ ဦးရုက္ခစိုးရဲ့ ...။ ၃ ယောက်ရှိရင် ၄ ဖွဲ့ကွဲမှ မြန်မာ ပီသမယ် မဟုတ်လား။
ကြွက်စုတ်။     ။ ဟုတ်ပြီ ဟုတ်ပြီ … ကျနော်လည်း တခုကြားတယ်။ ရခိုင်ပြည်ဘက်မှာ ရခိုင် တိုင်းရင်းသားတွေ ကွဲကြတယ်တဲ့။
ဖိုးရှုပ်။     ။ ဟား ဟုတ်လား၊ ငါလို သတင်းသမားတောင် ဒီသတင်း မကြားပါလား။ မင်းက ဘယ်က ကြားလာတာလဲ။
ကြွက်စုတ်က သူ့အင်္ကျီကော်လံကို ဟန်ပါပါထောင်ရင်း “အဲဒါပြောတာပေါ့ … မသိရင် မှတ်ထား။ ကြံ့ဖွံ့က မဲဆွယ်ရင်း အရက်တိုက်တာ အားနာနာနဲ့ သောက်ရလို့ အကုန်ကွဲကုန်တာ။ တချို့ဆို မှောက်ပါမှောက်သွားလို့ အိမ်ကို ထမ်းပြီး ပြန်ပို့ရတယ်တဲ့” ဟု ပြောလိုက်သည်။
ဖိုးရှုပ်။     ။ ပေါက်တတ်ကရကွာ ...။ 
ကြွက်စုတ်။     ။ တကယ်ပြောတာကွ ...။ ရခိုင် တိုင်းရင်းသားတွေက ကွဲရုံ တင်ကွဲတာ ကြံ့ဖွံ့တွေက သူတို့တိုက်တဲ့အရက်ကို သူတို့ဘာသာ နွားငတ်ရေကျ ပြန်သောက်ရင်း မှောက်ကုန်တာတဲ့။
ရုက္ခစိုး။     ။ ကြံ့ဖွံ့ကိုတော့ ဂင်းနစ် စံချိန်စာအုပ်ထဲ ထည့်သင့်နေပြီ။ ကမ္ဘာပေါ်မှာ ပထမဆုံး အရက်တိုက် မဲဆွယ်တဲ့ ပါတီ ဆိုပြီးတော့။
ဖိုးရှုပ်။     ။ ဒါကတော့ နေ့ကော ညကော သောက်ပြီး ကွဲနေတဲ့ ချိုကုပ်ကြီး မောင်ကွေးရဲ့ အကြံပဲဖြစ်မယ်။ ကဲပါ ...။ ဦးရုက္ခစိုးရဲ့ အကွဲဇာတ်လမ်း ဆက်ပါဦး။
ရုက္ခစိုး။     ။ လင်က တပါတီ၊ မယားက တပါတီ ထောင်မိလို့ လင်မယားကွဲတယ်၊ ယောက္ခမက တပါတီ၊ သားမက်က တပါတီ ထောင်မိလို့ သားမက်နဲ့ ယောက္ခမ ကွဲတယ်ဆိုတဲ့ သတင်းတွေလည်း နားနဲ့တောင် မဆံ့ဘူး ကြားနေရတာ။
ထိုစဉ် “ကွဲကုန်ပြီ … ကွဲကုန်ပြီ” ဟု အော်လာသည့် လူတဦး သူတို့နားသို့ ရောက်လာသည်။
ရုက္ခစိုး။     ။ ဟာ … ဝန်ကြီးချုပ် ဦးသိန်းဂိန်ပါလား။ ဘာတွေ ကွဲလာပြန်ပလဲ။ ပုဆိုးလား။
သိန်းဂိန်။     ။ အာ … ပုဆိုးကွဲရင် ဘောင်းဘီပြန်ပြောင်း ဝတ်မှာပေါ့ဗျ။ အခုကွဲတာက ကျုပ် ပါတီထဲမှာ ကွဲကုန်တာ။
ဖိုးရှုပ်။     ။ တော်တော် အသောက်ကြမ်းကြတယ် ထင်တယ်။ အင်းလေ … ဦးသိန်းဂိန်ရဲ့ ကြံ့ဖွံ့ပါတီထဲမှာလည်း အရက်သမားတွေ ချည်းပဲကိုး။
သိန်းဂိန်။     ။ အဲဒီလို ကွဲတာမဟုတ်ဘူး။ အခုဟာက ဟိုလိုကွဲတာ၊ အဲ … ပါတီထဲမှာ ကွဲကုန်ကြတာကို ပြောတာ။
ကြွက်စုတ်။     ။ တော်တော် ဆိုးလို့လား။
သိန်းဂိန်။     ။ ဆိုးတယ်လေ ...။ ဆိုးလို့ ကျုပ်လည်း မနိုင်တော့တာနဲ့ ချင်းမိုင်ဘက် စိတ်ပြေလက်ပျောက် ထွက်လာတာပေါ့။ အခုဟာက … ကြံ့ဖွံ့အသင်းကတည်းကပါခဲ့တဲ့ လူတွေက ပါတီမှာ အမတ် ဖြစ်ကုန်တဲ့သူတွေကို မကျေနပ်ကြဘူးဗျ။
ရုက္ခစိုး။     ။ ဒါလည်း ဟုတ်တာပဲလေ ...။ ဘုန်းကြီးလည်းရိုက်ပေးခဲ့ရ၊ ကျောင်းသားလည်း ဝင်ဆော်ပေးခဲ့ရတဲ့ သူတွေက အမတ် ဖြစ်ချင်မှာပေါ့ဗျ။
ဖိုးရှုပ်က လေသံဖြင့် “ဦးရုက္ခစိုးရေ … ကြည့်ပြောဦးနော်။ ဦးရုက္ခစိုး သွေးထိုးနေသည် ဆိုပြီး သတင်းစာထဲမှာ ပါလာဦးမယ်” ဟု သတိပေးလိုက်သည်။ ဦးသိန်းဂိန်က မကြားလိုက် ...။
သိန်းဂိန်။     ။ ကြံ့ဖွံ့ အသင်းတုန်းကတော့ ဟုတ်တာပေါ့ ဦးရုက္ခစိုးရယ်။ အဲဒီတုန်းက ကျနော်တို့က လက်ရုံးရည်ကို အဓိကထားပြီး အသင်းဝင်အဖြစ် ရွေးခဲ့တာကိုး။ ဘုန်းကြီးတွေ့လည်း ရိုက်ရဲရမယ်၊ အပြစ်မရှိတဲ့သူကိုလည်း ဆော်ရဲ၊ နှက်ရဲ ရမယ် အဲဒီလိုပေါ့လေ။ အခုပါတီအဖြစ် အသွင်ပြောင်းလိုက်တော့ နှလုံးရည်ကို အဓိကထား ရွေးတာဗျ။
ရုက္ခစိုး။     ။ ဘယ်လိုမျိုး နှလုံးရည်ပါလိမ့် ...။ ဘယ်လောက်ထိ ကလိန်ကကျစ်ကျတတ်လဲ၊ လွှတ်တော်ထဲ ရောက်ရင် ဘယ်လို ပြောင်ညာတတ်မလဲ ဆိုတာလား။
သိန်းဂိန်။     ။ ကျန်သေးတယ်။ အခုလို မဲဆွယ်ကာလမှာ ကျန်တဲ့ ပါတီတွေ ခေါင်းထောင်မထနိုင်အောင် ဖိထားဖို့က နှလုံးရည်နဲ့ ပြည့်စုံမှ မဟုတ်လား။ အနည်းဆုံးတော့ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တယောက်ဟာ ခပ်တည်တည်နဲ့ မျက်နှာပြောင် တိုက်ရဲရမယ်။ ဒီလို နှလုံးရည်နဲ့ ပြည့်စုံတဲ့သူတွေမှ ပါတီခေါင်းဆောင် ဖြစ်ခွင့်ရှိမှာကိုး။
ကြွက်စုတ်။     ။ အဲဒီတော့ အရင်က အသင်းဝင်တွေက သူတို့လည်း မျက်နှာပြောင်တိုက်ရဲပါတယ်၊ ပါတီခေါင်းဆောင် လုပ်ပါရစေလို့ မပြောဘူးလား။
သိန်းဂိန်။     ။ ပြောတယ်လေ။ ဒါပေမယ့် မျက်နှာပြောင်တိုက်ရဲရုံနဲ့လည်း မရသေးဘူး။ ဂုဏ်သရည်ရှိ လူကြီးမင်းလည်း ဖြစ်ဦးမှ။
ရုက္ခစိုး။     ။ ဘယ်လို ဂုဏ်သရည်ရှိတာလဲဗျ။
သိန်းဂိန်။     ။ အကောင်သေးလို့မရဘူးလေ ...။ အသင်းဝင်တွေတုန်းက သူခိုးဆိုလည်း သူခိုးလေးတွေ …၊ လူမိုက်ဆိုလည်း ရပ်ကွက် လူမိုက်ခေါင်း အဆင့်လောက်ပဲ ရှိတာမဟုတ်လား။ အခု ပါတီခေါင်းဆောင်တွေ ကျတော့ သူခိုးဆိုလည်း သူခိုးကြီး အဆင့်၊ လူမိုက်ဆိုလည်း အနည်းဆုံးတော့ ဘာသာရေး အဓိကရုဏ်းလောက် ဖန်တီးနိုင်တဲ့သူတွေ၊ ဥပမာ - အောင်သိန်းပျင်း လိုပေါ့ဗျာ။ ဒီလိုမျိုး ဂုဏ်သရေရှိမှ ဖြစ်မှာကိုး။
ဖိုးရှုပ်။     ။ ကြံ့ဖွံ့ အသင်းဝင်တွေက လူမှုရေးလုပ်ငန်းတွေလည်း လုပ်ချင်ယောင် ဆောင်ခဲ့ပါသေးတယ် ဦးသိန်းဂိန်ရယ်။ ကြက်ဆူပင် စိုက်တာတို့၊ မရှိတဲ့ အမှိုက်ကို လှည်းတာတို့လေ ...။ ဒါတွေကိုလည်း သူတို့က ထည့်စဉ်းစားစေချင်မှာပေါ့။
သိန်းဂိန်။     ။ မှန်ပါတယ်။ လူမှုရေး လုပ်တယ်ဆိုတာလည်း ပိုက်ဆံ သုံးနိုင်မှ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာလေ။ အသင်းဝင်တွေရဲ့ အဆင့်က နိုင်ငံတော်ပိုက်ဆံကို ခိုးသုံးနိုင်တဲ့ … အဲ … ယူပြီး စီမံခန့်ခွဲနိုင်တဲ့ အဆင့်မှ မရှိဘဲ။ အမှိုက်လေး ကောက်လိုက်၊ ကြက်ဆူပင်လေး စိုတ်လိုက်နဲ့တော့ ဘယ်ဖြစ်မလဲဗျ။
ကြွက်စုတ်။     ။ ဒါနဲ့ … မတ္တရာ ရေဘေးမှာ ကြံ့ဖွံ့က တော်တော်လေး သွားလုပ်ပေးတယ် ကြားတယ်။
သိန်းဂိန်။     ။ အဲဒါလည်း ချိုကုပ်ဒူးကြီး ကျေးဇူးပါ။ သူက ကျုပ်တို့ ကြံ့ဖွံ့ လူမှုရေး လုပ်ပါစေတော့ဆိုပြီး ဆည်တွေကို ဖောက်ချခိုင်းတာလေ။ အဲဒီမှာလည်း ကျုပ်တို့ ပါတီ တော်တော်လေး လုပ်ကြပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေက စေတနာနဲ့ မတန်ဘူးဗျာ။ ကျုပ်တို့က ကြံ့ဖွံ့တံဆိပ်ပါတဲ့ အင်္ကျီတွေ ဝေပေးတာကို ထမင်းထုပ်ပဲ လိုချင်တယ်တဲ့။ တော်တော် ငတ်ကြီး ကျတဲ့ဟာတွေ။
ဖိုးရှုပ်။     ။ ကဲပါဗျာ ကြံ့ဖွံ့အသင်းထဲမှာ ကွဲတဲ့အကြောင်း ဆက်ပြောစမ်းပါ ပျော်ချင်လွန်းလို့။
သိန်းဂိန်။     ။ အခုတော့ အရင် အသင်းဝင်ဟောင်းတွေက ပါတီခေါင်းဆောင်တွေကို ကလန့်တိုက် ချင်နေပြီလေ။ ကျုပ်လည်း မနိုင်တော့ဘူး။ တော်တော်လေးကို စိတ်ညစ်တယ်။ သေချင်တယ်ဗျာ။ သေလိုက်ချင်တယ်။
ရုက္ခစိုး။     ။ ကြည့်ရတာ ဦးဌေးပြူးပြောသွားသလို နိုင်ငံသားတွေအတွက်ဆို လိုအပ်ရင် ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တွေ အသက်စွန့်မယ် ဆိုတဲ့စကားအတိုင်း သေပြတော့မယ်ထင်တယ်။ ဟုတ်လား ဦးသိန်းဂိန်။
ကြွက်စုတ်။     ။ ဟာ … ဒါဆို အတော်ပဲ … ချင်းမိုင်ရောက်တုန်း ချင်းမိုင်ကျုံးထဲ ခုန်ချပြီး သေလိုက်ပါလားဗျ။ နိုင်ငံသားတွေကလည်း ဝမ်းသာကြမှာပါ။
ဖိုးရှုပ်။     ။ ဟာ မကောင်းဘူး … ကျုံးရေ ညစ်ပတ်မယ်။ အဲဒီတော့ အဆိပ်သောက်ပြီး သေဗျာ။
“ကျုံးထဲ ခုန်ချဗျာ”
“အဆိပ်သောက် သေ”
“ကျုံးထဲခုန်ချရမှာကွ”
“မဟုတ်ဘူး … အဆိပ်သောက် သေရမှာ”
သိန်းဂိန်။     ။ အာ … အဲဒါ ဌေးပြူးက မူးပြီး လျှောက်ပြောထားတာ။ ကျုပ်က စကားအဖြစ်သာပြောတာ မသေရဲသေးပါဘူး။ သမ္မတ လုပ်ရဦးမှာဗျ။ ကဲ ပြန်လိုက်ဦးမယ်ဗျို့။
ဦးသိန်းဂိန်၏ စကားကို မကြားဘဲ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဆက်ငြင်းခုန်နေကြဆဲဖြစ်သည်။
ရုက္ခစိုး။     ။ ဟေ့ မင်းတို့ ဒီလိုငြင်းနေရင် … ဒီစကားဝိုင်းက ငါထွက်တယ်ကွာ။
ဦးရုက္ခစိုးပြောသည်ကိုလည်း နားမထောင်ဘဲ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ငြင်းရင်းခုန်ရင်း ကျုံးဘေးမှ ခဲများဖြင့် အချင်းချင်း ကောက်ထုကြသောကြောင့် ဖိုးရှုပ် နဖူးကွဲသွားပြီး ကြွက်စုတ်က မေးစေ့ ကွဲသွားသည်ဆိုသောသတင်းကို နောက်ဆုံး စက်ရပ်သတင်းအဖြစ် ကြားသိလိုက်ရလေတော့သည်။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

အထီးကျန် သို့ မဟုတ် -အကသ၏ ကြယ်တစ်ပွင့်
    သားထူး
    အောက်တိုဘာ ၁၇၊ ၂၀၁၀

    အပြည့်အစုံသို့ ...
     

    မစ်ရှီဂန်မှပေးသောစာ(၂၉)
    အောင်ဝေး
    အောက်တိုဘာ ၁၇၊ ၂၀၁၀
     “---တစ်မျိုးသားလုံး အထွတ်အမြတ် ထားတဲ့၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့  အမျိုးသား ခေါင်းဆောင်ကြီးတွေ လဲလျောင်းရာ၊ သမိုင်းဝင် အာဇာနည်ဗိမာန်ကြီး လုံးဝ ပြိုလဲပျက်စီးခဲ့ရပြီးပြီ---”
    အပြည့်အစုံသို့ ...
     

    နိုဝင်ဘာရွေးကောက်ပွဲဝင် ပါတီများ ဂျာနယ်တွေထဲမှာ ကြော်ငြာထည်ြ့ပီ၊ ပါတီကို ထောက်ပံ့သူများအကြောင်း အသံထွက်
    မိုးမခအထောက်တော် ရန်ကုန်
    အောက်တိုဘာ ၁၆၊ ၂၀၁၀
    ရွေးကောက်ပွဲဝင်ဖို့ ရက်ပေါင်း ၂၀ ကျော်ပဲ လိုတော့တဲ့ အချိန်မှာ အရွေးခံမယ့် နိုင်ငံရေးပါတီတွေက ပြည်တွင်းဂျာနယ်တွေထဲမှာ မဲဆွယ်ကြော်ငြာတွေ ထည့်သွင်းလာကြပါတယ်။ ယခင်အပတ်ကမှ ရန်ကုန်မြို့လယ်ခေါင်မှာ ပေါ်ပေါ်တင်တင်နဲ့ ပါတီရဲ့ မဲဆွယ် လက်ကမ်းစာရွက်ဝေတာတွေ၊ အော်လံနဲ့ အော်တာတွေ တွေ့လာကြရအပြီး တပြိုင်နက်တည်း၊ ယခင်အပတ်က ဂျာနယ်တွေမှာ မဲဆွယ်ကြော်ငြာထည့်လာတာ ဖြစ်ပါတယ်။
    အပြည့်အစုံသို့ ...
     

    မစ်ရှီဂန်မှပေးသောစာ အမှတ်(၂ဂ)
    အောင်ဝေး
    အောက်တိုဘာ ၁၇၊ ၂၀၁၀
    "---သံဃာ သတ်ထားတဲ့၊ သွေးစွန်းနေတဲ့ လက်ကိုမှ အိန္ဒိယအစိုးရက ကြည်ကြည် ဖြူဖြူ ဆွဲယူ နှုတ်ဆက်လိုက်ပြန်တဲ့ အချက်ကတော့ စိတ်ထဲ မခံစားနိုင်ဘူးဗျာ---"
    အပြည့်အစုံသို့ ...
    မိမိတို့သည် နိုင်ငံရေးပေါင်းစည်းမှုအင်အားအဖြစ် ဆက်လက်ရပ်တည်သွားမည်
    ဦးဝင်းတင်နဲ့ မေးခွန်းများ
    မိုးမခ
    အောက်တိုဘာ ၁၆၊ ၂၀၁၀
    ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲကာလ နီးလာချိန်အတွင်းတွင် စစ်အစိုးရ၏ ကြံ့ဖွံ့နိုင်ငံရေးပါတီ၏ တဖက်သတ် အသာစီးယူထားသော မဲဆန္ဒနယ်များအားလုံးတွင် မဲပေးရေး၊ မပေးရေး အငြင်းပွားနေကြဆဲဖြစ်ရာ၊ အချို့ကလည်း ကြံ့ဖွံ့နိုင်ငံရေးပါတီကလွဲ မည်သည်ပါတီဖြစ်စေ မဲထည့်မည်ဟု ပြောဆိုနေကြသံများလည်း ထွက်ပေါ်နေသည်ကို တွေ့ရသည်။
    အပြည့်အစုံသို့ ...
     

    မစ်ရှီဂန်မှပေးသောစာ အမှတ်(၂၇)
    အောင်ဝေး
    အောက်တိုဘာ ၁၇၊ ၂၀၁၀
    “---ပမညတတွေက ခေတ်ပြောင်းတော်လှန်ရေးအတွက် ဆိုရင် ကော်ပဲ ကျိုရကျိုရ၊ ပိုစတာပဲ  ကပ်ရကပ်ရ၊ ခွေးကတက်မှာပဲ အိပ်ရအိပ်ရ ဆိုပြီးတော့တောင် ဟစ်ခဲ့ကြသေးတာမဟုတ်လား---”
    အပြည့်အစုံသို့ ...
     

    လွတ်ရက်စေ့ အကျဉ်းသားများထံမှ ကြိုတင်မဲ ကောက်မည်

    လွတ်ရက်စေ့ အကျဉ်းသားများထံမှ ကြိုတင်မဲ ကောက်မည်

    ရွေးကောက်ပွဲ မတိုင်မီ အကျဉ်းသားများအား လွှတ်ပေး၍ ကြိုတင်မဲ ကောက်ယူနိုင်ရန် အကျဉ်းဦးစီးဌာနနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့  ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။“ပြစ်ဒဏ်
    သစ်တော မထိန်းသိမ်းလျှင် စားနပ်ရိက္ခာ မဖူလုံနိုင်

    သစ်တော မထိန်းသိမ်းလျှင် စားနပ်ရိက္ခာ မဖူလုံနိုင်

    မြန်မာနိုင်ငံ အတွင်းရှိ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ မလုပ်ဆောင်ပါက အနာဂတ် စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်ဖွယ်ရှိကြောင်း မြန်မာ ပညာရှင်များက

    ဆန္ဒပြ မြန်မာအလုပ်သမား ၃၀၀ ကျော် မဲဆောက်သို့ ရောက်

    ထိုင်း-လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် အလုပ်ရှင်၏ မတရားမှုကို မကျေနပ်သဖြင့် ၁ လကျော် ဆန္ဒပြနေ ခဲ့ကြသော မြန်မာ အလုပ်သမားထဲမှ ၃၆၉ ဦးသည် ယနေ့

    ပြည်ပရောက် မြန်မာများထံမှ ကြိုတင်မဲကောက်

    ပြည်ပရောက် မြန်မာများအတွက် ကြိုတင်မဲကောက်ခံခြင်းကို ဖိလစ်ပိုင်နိုင်ငံတွင် ယနေ့ပြုလုပ်ပြီး ဂျပန်နိုင်ငံတွင် ၁၉ ရက်နေ့ပြုလုပ်ရန် ညွှန်ကြား ထားကြောင်း သတင်းရရှိသည်။ဖိလစ်ပိုင်နိုင်ငံ
    အန်အယ်လ်ဒီ တရားဝင် ရပ်တည်လျက်ရှိကြောင်း ကြေညာချက် ထုတ်ပြန်

    အန်အယ်လ်ဒီ တရားဝင် ရပ်တည်လျက်ရှိကြောင်း ကြေညာချက် ထုတ်ပြန်

    အန်အယ်လ်ဒီဟာ ဥပဒေအရ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက် ရပ်တည်နေတယ်ဆိုတာ ဥပဒေအချက်အလက်များပေါ်မှာ အခြေခံပြီး တရားစွဲတင်ထားတာပါ။ စစ်အစိုးရကို ကျနော်တို့ပါတီ အဲဒီလို

    အနာဂတ် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ရွေးချယ်ပြီး

    ရွှေ့ပြောင်း အလုပ်သမားများထံမှ ငွေထပ်မံ ကောက်ဦးမည်

    ကြံ့ဖွံ့ဆိုင်းဘုတ်များ ဆေးနီပက်ခံရ
    သာယာဝတီမြို့တွင် ဆန့်ကျင်သူများက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဆိုင်းဘုတ်များကို ယမန်နေ့ နံနက် ...
    ၂ဝ၁ဝ ရွေးကောက်ပွဲ ကျောင်းသားလူငယ်များ အသံ
    (အင်တာဗျူး) စီးပွားရေးတက္ကသိုလ် တတိယနှစ် ကျောင်းသားတဦးက ဤသို့ ညည်းတွားသည်။ ...
    NDF မဲဆွယ်မှု ရပ်ကွက်ကော်မရှင် နှောင့်ယှက်
    ရွေးကောက်ပွဲမဲဆွယ်မှုများတွင် ဒေသအာဏာပိုင်များနှင့် ဒေသခံ ရွေးကောက်ပွဲ ကော်မရှင်များ ... ရပ်ကွက်ဆင်းနေကြတဲ့ တကိုယ်တော် အမတ်လောင်းများ
    တသီးပုဂ္ဂလ အမတ်လောင်းများ ရုပ်သံနှင့် ရေဒီယိုမှ ဟောပြောခွင့်မရသဖြင့် စာရွက် စာတမ်းကို ...
    ကချင်ပြည်နယ်တွင်း ဘိန်းအန္တရာယ်
    (အင်တာဗျူး) နယ်ခြားစောင့်တပ် လက်မခံသော ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ ...
    ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်တို့ရဲ့ အသံ
    recabeccaဆယ်စုနှစ် နှစ်ခုအကြာတွင် ပထမဆုံး ဖြစ်လာမည့် ရွေးကောက်ပွဲအပေါ် မဲ ...



    more




    more




    more




    more




    more




    more




    more
    2010-10-16

    ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ပြစ်တင်ဝေဖန်

    2010-10-16
    မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးဖို့ စစ်အစိုးရက ငြင်းဆိုနေတာကို သူ့အနေနဲ့ အထူး စိုးရိမ်မကင်း ဖြစ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ပြောဆိုပါတယ်။
    2010-10-16

    မန္တလေးထောင်က အကျဉ်းသား ၅ ထောင်ကျော် သီတဂူဆရာတော်ကြီး အလှူပေး

    မန္တလေးတောင်ခြေ အိုးဘို အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၅ ထောင့် ၅ ရာ နီးပါးကို သီတဂူ ဆရာတော် ဦးဥာဏိဿရ ဦးဆောင်တဲ့ တပည့် ဒါယကာ ဒါယိကာမတွေ စုပေါင်းပြီး အစားအသောက်နဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
    2010-10-16

    မိတ္ထိလာမှာလည်း ဆည်ဖောက်လို့ ရေကြီးနေ

    မန္တလေးတိုင်း မိတ္ထိလာမြို့နယ်အတွင်းမှာ အောက်တိုဘာလ ၁၀ ရက်နေ့က စတင်ပြီး ရေတက်လာပါတယ်။ အဲဒီနောက် မိုး အဆက်မပြတ် ရွာခဲ့တဲ့အတွက် မုန်တိုင်ဆည်မှာ ရေမထိန်းနိုင်တော့လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖောက်ချလိုက်တဲ့အတွက် ဆည်အောက်မှာရှိတဲ့ ရွာတွေ ရေလွှမ်းခဲ့တယ်လို့ သိရပါတယ်။
    2010-10-16

    ကြံ့ခိုင်ရေးပါတီ ထောက်ခံကြောင်း အပြောကြောင့် မြို့တော်ဝန် ဈေးဖွင့်ခွင့်ပေး

    မေလ ၂၄ရက်က မီးလောင်ကျွမ်းလို့ ပိတ်ထားခဲ့တဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို အခု ရက်ပိုင်းအတွင်း ပြန်ဖွင့်လိုက်ပြီလို့ သိရပါတယ်။
    2010-10-16

    မြန်မာအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေးကိစ္စ ထောက်ခံဖို့ အင်ဒိုနီးရှားကို HRW တိုက်တွန်း

    မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကိစ္စကို အင်ဒိုနီးရှား အစိုးရ အနေနဲ့ လူသိရှင်ကြား ထောက်ခံသင့်ကြောင်း Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
    2010-10-15

    ရွေးကောက်ပွဲသာ တခုတည်းသောလမ်းကြောင်းဟု ဒေါ်အောင်ဆန်းစုကြည်လက်မခံ

    နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အကျိုးဆောင် ရှေ့နေတွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ စစ်အစိုးရ တဖက်သတ် စီစဉ်ထားတဲ့ ရွေးကောက်ပွဲကသာ တခုတည်းသော လမ်းကြောင်းဖြစ်တယ် ဆိုတာကို သူ့အနေနဲ့ လက်မခံနိုင်ကြောင်း ပြောဆိုလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
    2010-10-15

    စစ်အစိုးရကို စစ်ဆေးရေး ဂျပန်ထောက်ခံဖို့ မေတ္တာရပ်ခံစာပို့

    မြန်မာစစ်အစိုးရရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပေါ် အမေရိကန် ဦးဆောင်ပြီး နိုင်ငံတကာအနေနဲ့ ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးရေးမှာ ဂျပန်နိုင်ငံ ပါဝင်ထောက်ခံဖို့ စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မတီက ဂျပန်အစိုးရထံကို ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ စာတစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
    2010-10-15

    KIO ကို သောင်းကျန်းသူအဖြစ် စစ်အစိုးရ ပြန်သုံးနှုန်း

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နွားလပို့တောင်မှာ KIA ကချင် သောင်းကျန်းသူတွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးသွားတယ်ဆိုပြီး KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို သောင်းကျန်းသူအဖွဲ့အဖြစ် စစ်အစိုးရသတင်းစာက အောက်တိုဘာ ၁၅ ရက် ဒီကနေ့ ပြန်လည်သုံးစွဲ ဖော်ပြလိုက်ပါတယ်။
    2010-10-15

    NLD ခေါင်းဆောင်များကို ရှေ့နေဦးအေးမြင့် စွပ်စွဲ ဝေဖန်

    လမ်းပြကြယ် ဦးအေးမြင့်လို့ လူသိများတဲ့ ပဲခူးမြို့မှာ နေထိုင်သူ ရှေ့နေဦးအေးမြင့်က NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကို ဒီရက်ပိုင်းတွေအတွင်း အဆက်မပြတ် ဝေဖန်စွပ်စွဲမှုတွေ ပြုလုပ်နေပြီး ၊ ရွေးကောက်ပွဲ ကိုသပိတ်မှောက်ဖို့ တကယ် ပြောတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မှားယွင်းတယ်လို့လည်း သူက ပြောပါတယ်။
    2010-10-15

    နိုင်ငံတော်အလံသစ် တသိန်းခွဲ အမြန်ချုပ်လုပ်ရန် ညွှန်ကြား

    မြန်မာစစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော နိုင်ငံတော်အလံသစ်ကို ပြောင်းလဲအသုံးပြုမယ်ဆိုပြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာနက ရန်ကုန် အထည်ချုပ် စက်ရုံတွေကို နိုင်ငံတော် အလံသစ်တွေကို အမြန် ချုပ်ခိုင်းနေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ထံမှ သိရပါတယ်။

    ကြံ့ နိုင်ရင် မြန်မာပြည် ဖွတ်တက်တော့မည်


    ရန်ကုန် အောက်တိုဘာ ၁၆ ။
    ရွေးကောက်ပွဲကျင်းပရန် ၃ပါတ်ခန့်သာလိုတော့သည့် အချိန်တွင် စစ်တပ် ကျောထောက်နောက်ခံ ပြုထားသော ကြံဖွံ့ပါတီက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အစရှိသော မြို့ကြီးများတွင် သူတို့၏ ကိုယ်စားလှယ်လောင်းများပုံပါ ပိုစတာကြီးများ စိုက်ထှူု၍ မဲဆွယ်နေကြပါသည်။
    ကြံဖွံ့ပါတီမှ တာဝန်ရှိသူတစ်ဦးက ထိုသို့ဆိုင်းဘုတ်ကြီးများ စိုက်ထူနိုင်ရန်အတွက် မြို့တော် စည်ပင် သာယာရေး ကော်မတီကို ဆိုင်းဘုတ်တစ်ခုအတွက် ကျပ်ငွေသုံးသိန်း ပေးဆောင်ထားသည်ဟု ဆိုပါသည်။
    အခြားပါတီများမှ ခေါင်းဆောင်များကမူ သူတို့၏ ဘတ်ဂျက် အခြေအနေအရ ထိုကဲ့သို့ ဆိုင်းဘုတ်ကြီးများ ထောင်၍ မဲဆွယ်ရန် မတတ်နိုင်ကြောင်း ပြောကြပါသည်။
    ထိုဆိုင်းဘုတ်ကြီးများပေါ်တွင် သူတို့ကိုယ်စားလှယ်လောင်း ပုံကိုသာမကပဲ ထိုကိုယ်စားလှယ်၏ လူမှုရေး လုပ်ဆောင်ချက်များနှင့် အနာဂါတ်တွင် ဘာတွေလုပ်ဆောင်ပေးမည်ဆိုသော စကားလုံးများကို စာလုံးမဲကြီးများဖြင့် ဖေါ်ပြထားပါသည်။
    ထိုဆိုင်ဘုတ်များထဲတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြီုင်မည့် လက်ရှိအလုပ်သမားဝန်ကြီး ဦးအောင်ကြည်၏ ဆိုင်ဘုတ်လည်း အပါအဝင်ဖြစ်ပါသည်။
    စစ်တပ်ကျောထောက်နောက်ခံအပြင် တိုင်းပြည်ဘဏ္ဍာများကို မတရား နည်းလမ်းပေါင်းစုံဖြင့် ရယူထားသော ကြံဖွံ့နှင့် အခြားပါတီများ အခြေအနေမှာ အလွန်ပင်ကွာခြားလှပါသည်။ ကြံဖွံ့က ထိုသို့ လုပ်ဆောင်နေချိန်တွင် အခြားပါတီများမှာ လူထူထပ်သော နေရာများသို့သွား၍ လက်ကမ်းစာစောင်များ ဖြန့်ဝေကာ သူတို့ကို မဲကြကြရန် စည်းရုံးရုံသာ တတ်နိုင်ကြပါသည်။

    ကြံဖွံပါတီကလည်း ထိုနည်းလမ်းကိုပါ သုံးစွဲကာမဲဆွယ်နေပါသည်။ အခြားပါတီအချို့က သူတို့၏ ကိုယ်ပိုင်ကားများပေါ်တွင် သူတို့ကြော်ငြာဆိုင်းဘုတ်များကို တင်ဆောင်လှည့်လည်ခြင်းနည်းလမ်းကို သုံးစွဲပါကြသည်။
    ရွေးကောက်ပွဲကော်မရှင်က အမတ်လောင်းတစ်ဦးလျှင် ကျပ်ငွေ ဆယ်သန်းအထိ သုံးစွဲခွင့်ပြုထားရာ ကြံဖွံ့ကဲ့သို့ ငွေကြေးသုံးစွဲနိုင်သော ပါတီဟူ၍ လုံးဝမရှိရာ တမင်တကာ ထိုသို့သောရည်ရွယ်ချက်ဖြင့် အာမခံကြေးငွေများကို မြှင်တင်တောင်းဆိုထားသည်မှာ ထင်ရှားနေပါသည်။
    ကြံဖွံ့အသင်း ဘဝကပင် နိုင်ငံတော်၏ ဘဏ္ဍာများကို ရယူ၍ လမ်းဖေါက်သယောင်၊ ရေကန်တူး သယောင်ဖြင့် ကိုယ်ကျိုးစီးပွါးရှာကာ ရသမျှ အခွင့်အလန်းအားလုံးကို ရယူခဲ့ကြသည်မှာ အထင်အရှား ပင်ဖြစ်ရာ သူတို့အာဏာရလာလျှင် ထိုကုန်ကျငွေများကို မသမာနည်းလမ်းပေါင်းစုံဖြင့် ပြန်လည် ရယူကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။
    ငွေရေးကြေးရေး အခြေအနေအရ ကိုယ်စားလှယ်လောင်း အရေအတွက်မှာလည်း လွန်စွာမှပင် ကွာခြား နေရာကြံဖွံ့သည် မပြိုင်ခင်ကပင် နိုင်ပြီးသာဖြစ်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။  ထိုရွေးကောက်ပွဲသည် တရားမျှတမှုလုံးဝ မရှိကြောင်း အတိုက်အခံများက ပြောဆိုနေကြပါသည်။ သို့ရာတွင် ရွေးကောက်ပွဲ ဆန်ကျင်မှု လှုပ်ရှာမှုများက အားနည်းလျှက် ရှိနေသေးရာ  ကြံ့နိုင်လျှင်တော့ မြန်မာပြည် ဖွတ်တက် တော့မည်မှာ အသေအခြာပင် ဖြစ်ပါသည်။
    ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)