8.22.2010

Burma's News World's News

Thousands flee S Pakistan floodsPakistani familes reaching Hyderabad - 22/08/2010

Tens of thousands of people in southern Pakistan are fleeing a threatened flood-surge, three weeks after heavy monsoon rains first hit the country.

Australia PM seeks coalition rule

Australian Prime Minister Julia Gillard contacts independent candidates as she begins trying to form a government after an inconclusive vote.

Iran unveils first bomber drone

Iranian President Mahmoud Ahmadinejad unveils his country's first domestically built, unmanned bomber plane.

Sweden justifies Assange warrant New

Swedish prosecutors defend their decision to issue then withdraw a warrant against Wikileaks founder Julian Assange on rape charges.

A Good Move by Washington

The US decision to begin consultations with key international and regional partners to support the establishment of a UN Commission of Inquiry into the Burmese junta's alleged crimes is a good move but it must be more than just symbolic.


Junta Rebuffs UWSA Again

By WAI MOE
The Burmese regime has reaffirmed that it will not recognize the United Wa State Army's claims to three townships that it wants to be part of its self-administered territory.

Mangrove Forest Under Threat in Post-Nargis Delta

By THE IRRAWADDY
Still deprived of their livelihoods more than two years after Cyclone Nargis, many in the Irrawaddy delta are turning to the region's mangrove forests for a readily exploitable resource.

Weekly Business Roundup (August 21, 2010)

By WILLIAM BOOT
The privatization of Burma’s state-owned assets ahead of the election is a hurried asset-stripping exercise reminiscent of Russia disposing of communism, says The Economist.

Cyberactivists Unblock Wikileaks for Thai Netizens

By GRANT PECK
A group of anonymous Internet activists has set up a website to display information about Thailand that comes from the whistle-blower site Wikileaks.
NEWS ANALYSIS

A Big Break for US in Case of Reputed Arms Dealer

By THE ASSOCIATED PRESS
Victor Bout, the man accused of supplying the weapons for civil wars on three continents, could raise the roof in both Moscow and Washington.
Remembering Burma’s humanitarian workers
ocha(Interview) In a social atmosphere often held hostage to competing political agendas, Burma’s ...
Political prisoner denied surgery for 1½ years
Political prisoner Myo Win Wai, who voluntarily worked to collect the dead after ...
Burmese at Thai prawn plant strike against overtime change
Burmese migrant workers held a demonstration this morning at a prawn-processing ...
Burmese cuisine popular but ‘envoys lacked junta support’
shan_tohuBurmese traditional foods were a hit at a recent world food festival held by the Vietnamese government ...
USDP conducts nationwide office-opening ceremonies
open-ceremony-usdpssThe main junta-backed political party conducted an office-opening ceremony at party headquarters ...
NLD officially boycotts polls after strategic talks

မြန်မာ့သတင်း ကမ္ဘာ့သတင်း


မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း။
ဓာတ်ပုံ AP
မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း။ ဇူလိုင် ၂၁၊ ၂၀၁၀။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး အရှေ့တီမော ခရီးစဉ် ဆန္ဒပြမှုတွေနဲ့ ကြုံ

အရှေ့တီမောနိုင်ငံကို ရောက်နေတဲ့ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို မြန်မာ့အရေး ထောက်ခံသူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
ရုပ်သံ လိုင်းသစ်များ ပုဂ္ဂလိက လုပ်ကိုင်ခွင့်ရ

ရုပ်သံ လိုင်းသစ်များ ပုဂ္ဂလိက လုပ်ကိုင်ခွင့်ရ

မြန်မာနိုင်ငံတွင်း ထုတ်လွှင့်မည့် ရုပ်မြင်သံကြား လိုင်းသစ်များကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ၂ ဦးက လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။ ယင်းစီးပွားရေး လုပ်ငန်းရှင် ၂ ဦးမှာ ဒု ဗိုလ်ချုပ်မှူးကြီး
ရှမ်း နိုင်ငံရေးခေါင်းဆောင် ဦးရွှေအုံး ကွယ်လွန်

ရှမ်း နိုင်ငံရေးခေါင်းဆောင် ဦးရွှေအုံး ကွယ်လွန်

ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ နာယက တဦးဖြစ်သူ ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင် ဦးရွှေအုံး (၈၉ နှစ်) သည် ယမန်နေ့ ညနေ ၆ နာရီခွဲတွင် အသည်းရောဂါဖြင့် နေအိမ်၌ပင် ကွယ်လွန် သွားကြောင်း

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်နှင့် ဓာတ်ပုံများ ဖြန့်ဝေ

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ် နှင့် ဓာတ်ပုံများကို တက်ကြွလှုပ်ရှားသူ လူငယ်တစုက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်တချို့တွင် ယမန်နေ့ညက ဖြန့်ဝေကြောင်း သတင်းရ

ထိုင်းတွင် တရားမ၀င်နေသူ ၂ သိန်း ခန့်ကို အမြဲတမ်းနေခွင့်ပေးရန် စီစဉ်

ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ် နှင့်ချီ၍ နေထိုင်ခဲ့သော တရားမ၀င် ရွှေ့ ပြောင်း နေထိုင်သူ နိုင်ငံခြားသား ၂ သိန်း ခန့်ကို အမြဲတမ်း နေထိုင်ခွင့်ပြုရန် ထိုင်းအာဏာပိုင်များက စီစဉ်နေကြောင်း သိရသည်။

သီတဂူ ဆရာတော်ကြီး၏ မတည် မှုဖြင့် ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် မျက်စိ ကုသဆောင် ဖွင့်လှစ်မည်


သီတဂူ ဆရာတော်ကြီး ၏ မတည်မှုဖြင့် ရန်ကင်း မြို့နယ်ရှိ ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်း တွင် မျက်စိ ကုသ ဆောင်ကို ယခုနှစ် အမျိုးသားနေ့ တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ရွှေပြည်ဟိန်း ဆရာ တော်ကြီး၏ မယ်တော် ဒေါ်အမာက ပြောဆိုသည်။ ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်းတွင် အထွေ ထွေ ရောဂါ များနှင့် မျက်စိ ဝေဒနာ များကို အခမဲ့ ကုသ ပေးလျက် ရှိရာ မျက်စိ ကုသ လိုသူ

ဝနှင့် မိုင်းလားထိပ်ပိုင်း ခေါင်းဆောင်များအား နအဖထပ်ဆင့်ခေါ်

ဝနှင့် မိုင်းလားထိပ်ပိုင်း ခေါင်းဆောင်များအား နအဖထပ်ဆင့်ခေါ်နအဖဘက်မှ ထပ်မံဆင့်ခေါ်ချက်အရ UWSA ၀ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့မှ အရာရှိများ ယနေ့နံနက်၌ သွားရောက် တွေ့ဆုံကြောင်း စုံစမ်းသိရှိရပါသည်။

နယ်ခြားစောင့်တပ်နယ်မြေတွင် အထူးတိုက်ခိုက်ရေးရဲ ထပ်ဖွဲ့မည်လော

ကချင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်ရင်း နယ်မြေများတွင် အထူးတိုက်ခိုက်ရေးရဲများ ဖွဲ့စည်းထားခြင်း ရှိမရှိကို မြစ်ကြီးနား အခြေဆိုက် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ယခုရက်ပိုင်းအတွင်း စာရင်းကောက်ယူနေကြောင်း စစ်ဘက်သတင်းရပ်ကွက် မှတဆင့် သိရသည်။

ရွေးကောက်ပွဲ ဝင်မည့် ရခိုင်ပါတီ ရုံးကို အာဏာပိုင်များက ၀င်ရောက်စစ်ဆေး

စစ်တွေရှိ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရုံးကို သြဂတ်စ်လ ၂၁ ရက်နေ့က ရဲတပ်ဖွဲ့ ပေါင်းစုံမှ ၀င်ရောက် စစ်ဆေးမေးမြန်းမူများ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
ဝါရင့် ရှမ်းခေါင်းဆောင် ဦးရွှေအုံး အသည်း ရောဂါနှင့် ကွယ်လွန်
u-shwe-ohn-sဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်တဦး ဖြစ်သူ ဦးရွှေအုံး ယမန်နေ့ ညနေ  ၆ နာရီကျော် ...

နိုင်ငံတဝှမ်း ကြံ့ဖွံ့ရုံးများ ဖွင့်လှစ်
usdpofficeopensssနိုင်ငံအဝှမ်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရုံးများ ယနေ့ တပြိုင်နက် ဖွင့်ချိန်တွင် ပါတီရုံးချုပ်ကို ...

ဝိတိုရိယပြည်နယ် ကိုယ်စားပြုမယ့် ချင်း ဘောလုံးသမားလေး
Jerryသြစတြေးလျသို့ လွန်ခဲ့သည့် ၄ နှစ်က အခြေချ နေထိုင်ခဲ့သူ ၁၂ အရွယ် ချင်းအမျိုးသား ...


more | audio

 

more

 

more

 

more

 

more
2010-08-21

ရွေးကောက်ပွဲနီးလေ ပါတီတွေ အခက်အခဲ ပိုတွေ့လာကြောင်း NLD ဝေဖန်

2010-08-21
စစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ကြောင့် ရွေးကောက်ပွဲ နီးလာလေ နိုင်ငံရေးပါတီတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ပိုပြီး ကြီးမားလာတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုပါတယ်။
2010-08-21

သြဂုတ်လ ၂၁ ရက်နေ့ ထုတ်ပြန်တဲ့ စစ်အစိုးရအမိန့်နဲ့ ပတ်သက်ပြီး သုံးသပ်ချက်

ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည် ပြီးတဲ့နောက်မှ ထုတ်ပြန်ရမယ့် အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ရွေးကောက်ပွဲ မတိုင်ခင်ထဲက စစ်အစိုးရက အမိန့်နဲ့ ထုတ်ပြန်ထားပါ တယ်။ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး လက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ယှဉ်ပြီး ဦးစိန်ကျော်လှိုင်က သုံးသပ်တင်ပြထား ပါတယ်။
2010-08-21

ရွေးကောက်ပွဲဆန့်ကျင်ဖို့ လှုံ့ဆော်စာတွေ ထွက်ပေါ်

၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးဘဲ ဆန့်ကျင်သွားကြဖို့ တိုက်တွန်း နှိုးဆော်ထားတဲ့ စာရွက်စာတမ်းတွေကို သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဆွမ်းခံကြွတဲ့ သံဃာတော်တွေက ဒကာ ဒကာမတွေရဲ့ နေအိမ်တွေမှာ ဖြန့်ဝေပေးခဲ့ကြတယ်လို့ သိရပါတယ်။
2010-08-21

ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်း ကွယ်လွန်

၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ရဲ့ နာယက ရှမ်းအမျိုးသား ဦးရွှေအုန်း ဟာ သြဂုတ်လ ၂၀ ရက် ညနေ ၆ နာရီ ၀န်းကျင်က ရန်ကုန်မြို့ မှာ ကွယ်လွန်သွားပါတယ်။
2010-08-21

အပစ်ရပ် အဖွဲ့နှစ်ဖွဲ့နဲ့ စစ်အစိုးရတိုင်းမှူး တွေ့ဆုံ

စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပေမယ့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို လက်မခံတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ဝ နဲ့ မိုင်းလားအဖွဲ့တွေကို သြဂုတ်လ ၂၀ ရက်နေ့မှာ တြိဂံဒေသတိုင်း တိုင်းမှူးက သီးခြားစီ ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဦးသုဝေ ခေါင်းဆောင်သော ဒီမိုကရက်တစ်ပါတီက ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်


ရန်ကုန် ၊ သြဂုတ် ၂၂ ၊ ၂၀၁၀။
ဒီမိုကရက်တစ်ပါတီက သူတို့၏ ရွေးကောက်ပွဲ အပေါ်တွင် ထားရှိသော သဘောထားနှင့် ပါတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ယနေ့ နံနက်ပိုင်းက ရန်ကုန်ရှိ ပါတီ ဌာနချုပ် တွင် ပြုလုပ်ခဲ့သည်ဟု သတင်းရ ရှိပါသည်။
ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒီမိုကရက်တစ်ပါတီက ၂၀၀၈ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်များသည် ၇၅ ရာခိုင်နှုန်းသာ ပါဝင်ခွင့် ရပြီး စစ်တပ်မှ အလိုအလျှောက် ၂၅ ရာခိုင်နှုန်းကို ရရှိမည် ဖြစ်သဖြင့် တစိတ်တပိုင်း ဒီမိုကရေစီ စနစ်ဟု ဆိုရမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
ရွေးကောက်ပွဲဆိုင်ရာ ပေါ်လစီများက တစိတ်တပိုင်း ဒီမိုကရေစီ စနစ်ကိုသာ ဖေါ်ညွှန်းသော်လည်း ဒီမိုကရက်တစ် ပါတီအနေနှင့် ဆက်လက် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု လည်း ဆိုပါသည်။
သူတို့၏ သဘောထားများကို ကြေငြာပြီးနောက်တွင် ပါတီ ဥက္ကဌ ဦးသုဝေက သူတို့ပါတီ အနေဖြင့် ကိုယ်စားလှယ် ၁၀၀ ခန့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တင်သွင်းသွားမည်ဟု ဆိုပါသည်။
ရွေးကောက်ပွဲ ဥပဒေအရ  များပြားလှသော ပါတီ မှတ်ပုံတင်ကြေးနှင့် ကိုယ်စားလှယ်လောင်းများ အတွက် တင်သွင်းရမည့် ငွေကြေးများနှင့် ပါတ်သက်ပြီး ထောက်ပြ ပြောဆိုခဲ့သလို ရံပုံငွေကိစ္စနှင့် ပြည်သူ လူထုများကို ကြောက်ရွံ့အောင် ခြိမ်းခြောက်နေသည့် ကိစ္စသည် ရွေးကောက်ပွဲဝင်မည့် ပါတီများအတွက် အကြီးဆုံး စိန်ခေါ်မှု ဖြစ်ပါသည်ဟုလည်း ပြောပြသွားပါသည်။
သူတို့ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်တစ်ဦးခြင်းစီ အတွက် တင်သွင်းရမည့် ငွေ ငါးသိန်းကို မိမိတို့ဘာသာ ကျခံရန် ပြောဆိုထားသည်ဟု ဦးသုဝေက ဆက်လက်ပြောပြခဲ့ပါသည်။
သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ရာတွင် သူတို့ပါတီ အနေနှင့် မြန်မာနိုင်ငံ တဝှမ်းတွင် နေရာ နှစ်ဆယ်ခန့်တွင် ရုံးခွဲများ ဖွင့်လှစ်သွားမည်ဟု ဆိုပါသည်။
စစ်အုပ်စုမှ ကျောထောက်နောက်ခံ ပေးထားသော ကြံ့ဖွံ့ပါတီကမူ မနေ့က နေပြည်တော်ရှိ ပါတီ ဌာနချုပ် အပါအဝင် နိုင်ငံတဝှမ်းလုံးတွင် ပါတီရုံးများ ဖွင့်လှစ်ခဲ့ပါသည်။
လက်ရှိ စစ်တပ် ဝန်ကြီးချုပ် သိန်းစိန်ကမူ မနေ့ကျင်းပသော နေပြည်တော်ရှိ ပါတီဌာနချုပ်ဖွင့်ပွဲကို ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပြီး ၊ ပါတီဦးဆောင်သူများဖြစ်သော ဝန်ကြီးချုပ် သိန်းစိန် အပါအဝင် စစ်တပ် ဝန်ကြီးများ ဒုဝန်ကြီးများသည် ယခုအခါ မိမိတို့ ရာထူးများမှ နှုတ်ထွက် ခဲ့ကြပြီး ဖြစ်သည်ဟု သိရပါသည်။
ရနကုန်မြို့ရှိ ကြံဖွံ့ပါတီရုံးဖွင့်ပွဲကို ရန်ကုန် မြို့တော်ဝန်ဟောင်း ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သလို မန္တလေးမြို့ရှိ ပါတီရုံးဖွင့်ပွဲကို မန္တလေး မြို့တော်ဝန်ဟောင်း ဗိုလ်မှူးချုပ် ဖုန်းဇော်လွင် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါသည်။
ယခုအခါတွင် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီပေါင်း ၄၇ပါတီ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခဲ့ သော်လည်း ပါတီ ၄၁ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပါသည်။ လက်ရှိသွားနေသော အခြေအနေအရ ကျန်ပါတီများသည် မှတ်ပုံတင်ခွင့် ရခဲ့လျှင်သော်မှ ကိုယ်စားလှယ်လောင်း တင်သွင်းခြင်း မဲဆွယ် စည်းရုံးခြင်းများ ပြုလုပ်ရန် အချိန်နှင့် အခွင့်အလမ်းများ အလွန် နည်းပါးနေသော အခြေအနေတွင် ရောက်ရှိ နေပါသည်။

လူငယ်များအင်အားစုများ၏ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အကြိုလှုပ်ရှားမှု

20.8.2010 ရက်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသော ကျောင်းသား၊ လူငယ်များ အင်အားစုများက ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အကြို လှုပ်ရှားမှုအဖြစ် စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စ်ကတ်ဒ်နှင့် ဓါတ်ပုံများကို ရန်ကုန်တိုင်း အတွင်းတွင် ရှိသော ဘုန်းတော်ကြီး စာသင်တိုက်များကို အဓိကထား၍ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။ ၄င်းလှုပ်ရှားမှုကို အဆိုပါ ကျောင်းသား အင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နေသော သံဃာတော် အရှင်သူမြတ် အချို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသား လူငယ်တစ်ဦးက ပြောကြားခဲ့သည်။ "ရန်ကုန်တိုင်းအတွင်းမှာ ပါဝင်တဲ့ လှိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့နယ်နှင့် သန်လျင်မြို့နယ် တို့မှာရှိတဲ့ စာသင်တိုက်တွေကို အဓိကထားပြီး ဖြန့်ဝေခဲ့ပါတယ်။ စာသင်တိုက်တွေကို အဓိကထားဖြန့် ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့  2010 ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ချောက်ကမ်းပါးကို တွန်းပို့မယ့် ကိစ္စတစ်ခုပါ ဆိုတဲ့ messageကို စာသင်သား သံဃာတော်တွေက တစ်ဆင့် သူတို့ ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကို ရောက်အောင်လို့ ပြုလုပ်ရတာဖြစ်ပါတယ်။ ဖြန့်ဝေတဲ့ ပို့စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်း စစ်ဖြစ်အောင် ပြုလုပ်မယ့် 2010ရွေးကောက်ပွဲကို ဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ တရားဝင် စစ်ကျွန်ဖြစ်စေမယ့် 2010ရွေးကောက်ပွဲကို ဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ ရွေးကောက်ပွဲမှာ မဲမထည့်ပဲ နေတာဟာလဲ ပြည်သူတွေရဲ့ ကိုယ်ပိုင် အခွင့်အရေးပဲ ဆိုတဲ့ စာသားတွေရယ် ရေးထားပါတယ်" ဟု အဆိုပါ ကျောင်းသားလူငယ်မှ ပြောကြားသွားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း တက်ကြွ လှုပ်ရှားနေသော ကျောင်းသားလူငယ်များ
အီမေးမှ ပေးပို့လာခြင်း ဖြစ်ပါသည်။ 

သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၏ ABMA ဂျာနယ် အတွဲ၁ အမှတ် ၁၄

ABMA Journal Volume 1 No 14

အိမ်ဖေါ်အမျိုးသမီးက အိမ်ရှင်ထိုင်းအမျိုးသမီးကြီးအားသတ်ပြီး ထွက်ပြေးဟု ထိုင်းရဲကစွတ်စွဲ

Photobucket

သြဂုတ် ၂၂
ထိုင်းဘာသာပြန်။ ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)
ဘန်ကောက်မြို့ ဖနခေါနယ်မြေ၊ ဘူဖာအဖိလုမ်းရပ်ကွက်၊ ကျလွန်ကုန်လမ်း၊ ၃ထပ်၊ အိမ်အမှတ် ၂၁ /၄တွင် နေထိုင်သည့် အသက် ၇၂ နှစ်အရွယ် မာလီ ဆိုသည့် ထိုင်းအဖွားကြီးအား ခြေလက်တို့ကို ကြိုးတုတ်ပြီး အသက်ရှု မွန်းကြပ်မှုဖြင့် သေဆုံးနေခြင်းမှာ မြန်မာအိမ်ဖေါ်အလုပ်သမ မရီ၏ လက်ချက်ကြောင့် ဖြစ်နိုင်ကြောင်း ယမန်နေ့ ညနေပိုင်းထုတ် ထိုင်းသတင်းစာများတွင် ရေးသားထားသည်။
အသက်၇၂ အရွယ် ထိုင်းအမျိုးကြီးအား လုပ်ကြံပြီး ပစ္စည်းအချို့ လုယူထွက်ပြေးသွားသည်ဟု စွတ်စွဲ ခံရသည့် မြန်မာအိမ်ဖေါ် အလုပ်သမ အသက်၂၃နှစ်အရွယ်ရှိ အရီမှာ ထွက်ပြေးနေကြောင်း ဖလချဝမ် ရဲစခန်း တာဝန်ရှိသူများက ပြောသည်။ ထိုင်းအိမ်ရှင်အမျိုးသမီးကြီးမှာ ၂၁ ရက်နေ့ နံနက်ပိုင်းက သေဆုံးနေပြီး ရဲများမရောက်ခင် ၆နာရီခန့် အကွာက သေဆုံးနေကြောင်း ရေးသားထားသည်။
INN၊ ခေါင်လတ်နှင့် ထိုင်းရပ်သတင်းစာ ၃စောင်တို့တွင် သေဆုံးနေသည့် အလောင်းတွင် ရိုက်နှက် ထုထောင်းထားသည့် ဒဏ်ရာတစ်ခုမှမရှိသဖြင့် အသက်ရှုမွန်းကြပ် သေဆုံးခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်း ရေးသား ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမများ အိမ်ဖေါ်လုပ်ငန်းတွင် အမြောက်အများ လုပ်ကိုင်လျှက်ရှိကြသည်။
ထိုင်းအိမ်ရှင်အချို့က အိမ်ဖေါ် အလုပ်သမငယ်များအား သေနတ်ဖြင့် ပစ်သတ်ခြင်း၊ လည်ပင်း ညှစ်သတ်ခြင်း၊ အဆိပ်ခပ်သတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လုပ်အားခမပေးပဲ ထားခြင်းနှင့် အဓ္ဓမ ပြုကျင့်ခြင်းများ ရှိကြသည်။ အလားတူ အချို့ အိမ်ဖေါ်အလုပ်သမ အချို့လည်း အိမ်ရှင်၏ ပစ္စည်းများကို လုယက်ခိုးယူ ထွက်ပြေးခြင်း၊ သတ်ဖြတ်ပြီး ထွက်ပြေးခြင်းမျိုးလည်း ရှိတတ်သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်နယ် ကော်မရှင်သို့ ကန့်ကွက်စာပေးပို့

၂၂၊သြဂုတ် ၊၂၀၁၀
မိမိတို့ပါတီဝင်များကို ခေါ်ယူမေးမြန်း နှောက်ယှက်မှုများ ပြုလုပ်နေသဖြင့် တာဆီးပေးပါရန် အတွက် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာတစောင်ကို ပေးပို့ခဲ့ကြောင်းသိရပါသည်။
ပေးပို့ခဲ့သည့် ကန်ကွက်စာကို ဓါတ်ပုံဖြင့်ဖေါ်ပြထားပါသည်။

Photobucket
Photobucket