8.18.2010

လိင်အလုပ်သမငယ် ၃ဦးအား ထိုင်းအထူးရဲတပ်ဖွဲ့က ကယ်တင်

Photobucket

သြဂုတ် ၁၈
ထိုင်းဘာသာပြန် ကိုတီ(ရခိုင့်တံခွန်ဂျာနယ်)
ထိုင်း/မလေးရှားနယ်စပ်စုံခါခရိုင်၊ စဒေါင်မြို့ရှိ Chalalaကာရာအိုကေဆိုင်တွင် လိင်လုပ်ငန်း အလုပ်သင် အဖြစ် လုပ်ကိုင်နေရသည့် မြန်မာအမျိုးသမီးငယ် ၃ဦးတို့အား ထိုင်းအထူးရဲတပ်ဖွဲ့ ကကယ်တင်နိုင်ခဲ့ကြောင်း ယနေ့ ထုတ်ထိုင်းရပ်သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။
စုံခါခရိုင်၊ စဒေါင်မြို့၊စွေးထိုင်းကျန်လု အမှတ်(၇)ရပ်ကွက်တွင် အသက်၃၀အရွယ် မလေးရှားနိုင်ငံသား နိုင်အာကျန်(ခေါ်) TEY BOON TIONG ဖွင့်လှစ်ထားသော Chalala ကာရာအိုကေ ဆိုင်အား တိုင်းခရိုင် နယ်မြေအမှတ်(၉)မှ ရဲဗိုလ်ချုပ် ထမန်နွန် ပယွန်းရုန်းနှင့်အဖွဲ့ တို့ က၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါမလေးရှားနိုင်ငံသား ကာရာအိုကေဆိုင်ပိုင်ရှင်မှာ ၀င်ရောက်ဖမ်းဆီးသည့်ထိုင်းအထူးရဲတပ်ဖွဲ့ဝင်များ
အား အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့သည်။
ရဲဗိုလ်ချုပ်က “စုန်ခါခရိုင်နာထ၀ီ တရားရုံးက ဖမ်းဝရမ်းယူပြီး ဖမ်းဆီးခဲ့တာပါ။ အသက်၂၀အရွယ် သင်းသင်းစန်းနဲ့ အခြားမြန်မာမလေး၂ယောက်ပါ။ ခု သူတို့ ကို မိသားစုတွေလက်ထဲ ပြန်အပ်လိုက်ပါပြီ။ ဆိုင်ပိုင်ရှင်ကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားပါမယ်”ဟု ပြောသည်။
အဆိုပါ မြန်မာမိန်းကလေး ၃ဦးတို့အား မေးမြန်းစစ်ဆေးချက်အရ ကာရာအိုကေဆိုင်သို့ ရောက်ရှိလာသော
ဧည့်သည်များအား ကြိုဆိုဧည့်ခံပုံများ စနစ်မကျပါက ရိုက်နှက်ကန်ကျောက်ပြီး ခိုင်းစေကြောင်း၊ အဆိုပါနေရာတွင် လေ့ကျင့်သင်ကြားပြီး ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပါက မလေးရှားနိုင်ငံသို့ ဆက်လက် ရောင်းချမည်မည်ကြောင်း၊ ထွက်ဆိုသွားကြသည်။
ဆိုင်ပိုင်ရှင် မလေးရှားနိုင်ငံသားသည် အလုပ်ချိန်အပြင် အခြားအချိန်များတွင်လည်း စိတ်မထင်လျှင် မထင်သကဲ့သို့ မြန်မာလိင် အလုပ်သမများအား ကြမ်းတမ်းစွာ ဆက်ဆံတတ်ခြင်းကြောင့် မခံမရပ်နိုင်ဖြစ်ပြီး ရင်းနှီးသည့် မိတ်ဆွေများထံသို့ ဆက်သွယ်အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။