7.24.2008

NLD ထုတ်ပြန်ကြေငြာချက်နှင့်UNသို့အိတ်ဖွင့်ပေးစာ





အမျီုးသမီးနိုဘယ်ဆုရှင်များမဲဆောက်သို့လာရောက်



အမျိုးသမီးနိုဘယ်(လ်)ငြိမ်းချမ်းရေးဆုရှင်ဂျူဒီဝီလျှံဦးဆောင်သည့်အဖွဲ့သည်၂၃ရက်နေ့ကမဲဆောက်သို့
ရောက်ရှိလာခဲ့ပြီးနိုင်ငံရေးအဖွဲ့အစည်းများ၊ရွှေ့ပြောင်းအလုပ်သမားများကျောင်းသားကျောင်းသူများ၊
မယ်တော်ဆေးခန်းမှကျမ်းမာရေးဝန်ထမ်းများ၊CDCကျောင်းမှကျောင်းသားကျောင်းသူများနှင့်
ရင်းနှီးစွာတွေ့ဆုံခဲ့သည်။
အဖွဲ့ခေါင်းဆောင်ဂျူဒီဝီလျှံနှင့်ရုပ်ရှင်မင်းသမီးမီယာဖဲလိုးတို့ကUnited Nationမှ
မြန်မာနိုင်ငံအရေးနှေးကွေးစွာဆောင်ရွက်နေမှူများကိုဝေဖန်ပြောကြားသွားပြီး၊
နာဂစ်လေဘေးသင့်သူများအတွက်နိုင်ငံတကာမှကူညီထောက်ပံ့မှူများကို
ကာယကံရှင်များထံရောက်ရှိရန်မသေချာကြောင်းကိုလည်းဝေဖန်ပြောကြားသွားသည်။
အခမ်းအနားပြီးဆုံးချိန်တွင်ကျောင်းသားကျောင်းသူများ၊ဆေးဝန်ထမ်းများနှင့်ရင်းနှီးစွာတွေ့
ဆုံခဲ့ကြောင်းသိရသည်။