9.04.2008

Journalist’s Arrest Triggers Regime Warning to Editors စစ်အစိုးရက ပြည်တွင်း သတင်းသမားများကို ပိုမိုတင်းကျပ်

Bookshop workers arrange newspapers at a market. The authorities visited the offices of at least six Rangoon journals and warned editors to avoid contacts with the exiled media and international news organizations. (Photo: AFP)
---------------------------

Editors of at least six Rangoon publications have been visited by the authorities and warned to avoid contacts with the Burmese media in exile and international news organizations in what is being seen as a new crackdown on the Burmese media.

The warning follows the arrest of the chief reporter of Flower News Journal, Saw Myint Than, who was reportedly charged with at least three offences, including an infringement of a section of the Electronics Act which bans contacts with unlawful organizations.

Saw Myint Than was interrogated by the police last week after he had reported on a Rangoon murder case. Burmese exiled media, including The Irrawaddy, reported on his interrogation, during which the journalist was reportedly accused of spreading rumors.

On Monday, nearly a week after his initial interrogation, he was arrested. The authorities also visited the offices of at least six Rangoon journals, including 7 Days and The Voice, and warned editors to avoid contacts with the exiled media and international news organizations.

The Irrawaddy’s editor, Aung Zaw, said Saw Myint Than did not work for his publication.

"The regime is nervous and deeply concern about the anniversary of last September’s demonstrations," Aung Zaw said. "It knows very well that bloggers and reporters played a very important role in the September uprising. That's why it is now monitoring media groups in Burma very closely."

Aung Zaw also condemned the arrest of Saw Myint Than, saying it was a “great threat to freedom of expression in Burma.”

Rangoon-based correspondents Aung Thet Wine and Moe Aung Tin also contributed to this report.
စစ်အစိုးရက ပြည်တွင်း သတင်းသမားများကို ပိုမိုတင်းကျပ်
စစ်အစိုးရက မြန်မာပြည်တွင်း သတင်းမီဒီယာသမားများကို ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သည်ဟူသော အကြောင်း ပြချက်ဖြင့် ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သတင်းမီဒီယာ အသိုင်းအ၀န်းက ပြောသည်။
ယင်းသို့ ဖမ်းဆီးအရေးယူမှုများအပြင် သတင်းဂျာနယ်များကို ခေါ်ယူသတိပေး ကြိမ်းမောင်းခြင်း၊ ဂျာနယ်တိုက်များသို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်ရှာဖွေစစ်ဆေးခြင်း၊ သတင်းအယ်ဒီတာများကို တဦးချင်း ခေါ်ယူစစ်ဆေးခြင်း၊ အစိုးရဌာန ဆိုင်ရာများမှ ပုဂ္ဂလိက သတင်းမီဒီယာသမားများကို သတင်းထုတ်ပြန်မှုများ မပြုလုပ်ခြင်းနှင့် သတင်းသမားများက အစိုးရ ဌာနဆိုင်ရာများသို့ ၀င်ထွက်သွားလာရာတွင်လည်း အသေးစိတ် စုံစမ်းမေးမြန်းခြင်းတို့ကို အာဏာပိုင်များက ပြုလုပ်ကြောင်း လည်း ရန်ကုန်မြို့ရှိ မီဒီယာသမားများက ပြောဆိုသည်။
ရန်ကုန်မီဒီယာ အဖွဲ့မှ ထုတ်ဝေသော ဖလားဝါးနယူးစ်ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို တနင်္လာနေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က ဂျာနယ်တိုက်များသို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်၍ သတင်း အယ်ဒီတာ တဦးကိုလည်း ရဲစခန်းသို့ ခေါ်ယူစစ်ဆေးသည် ဟု ရန်ကုန်မြို့မှ ၀ါရင့်သတင်းထောက်တဦးက ပြောသည်။
“ဟုတ်တယ် … ရဲတွေ ဖလားဝါးနယူးစ် ဂျာနယ်ရုံးကိုလာတယ်၊ နောက်ပြီး ဗွိုက်စ်က တယောက်ကိုလည်း မနေ့ကလာရှာ တယ်၊ ရန်ကုန်မီဒီယာက အယ်ဒီတာ တယောက်ကိုလည်း ရဲစခန်းက ခေါ်စစ်သေးတယ်”ဟု ၎င်းက ပြောဆိုသည်။
သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား သြဂုတ်လကုန်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်မှ လင်မယား၂ ဦး အသတ်ခံရမှုကို ဖလားဝါးနယူးစ် ဂျာနယ်တွင် ရေးသားဖော်ပြခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ခေါ်ယူကြိမ်းမောင်းခဲ့သည်။ ယင်းသို့ ရဲတပ်ဖွဲ့က ခေါ်ယူကြိမ်းမောင်းသည့် သတင်းကို ဧရာဝတီ သတင်းဌာနတွင် ပါရှိသည့်အတွက် ကိုစောမြင့်သန်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး လက်ရှိ ဖလားဝါးနယူးစ် ဂျာနယ်တွင် လုပ်ကိုင်သူများနှင့် ပတ်သက်ဆက်သွယ်မှု မရှိကြောင်း ဧရာဝတီ တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားထားသည်။
“အခု ဖမ်းဆီးခံရတဲ့ ကိုစောမြင့်သန်းဟာ ကျနော်တို့ ဧရာဝတီရဲ့ ပြည်တွင်း သတင်းထောက် မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့နှစ် သံဃာ့လှုပ်ရှားမှုနဲ့ ဒီနှစ် နာဂစ်မုန်တိုင်း သတင်းတွေကို နိုင်ငံတကာကသိအောင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ မြန်မာသတင်း ထောက်တွေရဲ့ လှုပ်ရှားမှုကို စစ်အစိုးရက အနီးကပ် စောင့်ကြည့်နေတယ်ဆိုတာ ထင်ရှားပါတယ်၊ အခုမတရားဖမ်းဆီးမှုဟာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို အကြီးအကျယ် ခြိမ်းခြောက်လိုက်တာပဲ ဖြစ်တယ်”ဟု ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က ပြောဆိုသည်။
အဆိုပါ လူသတ်မှု သတင်းသည် စစ်အစိုးရ စာပေစိစစ်ရေး၏ ခွင့်ပြုချက်ဖြင့် သြဂုတ်လကုန်ပိုင်း၌ ထုတ်ဝေသော ဖလားဝါး နယူးစ် ဂျာနယ် အပါအ၀င် ၀ိကလီး အလဲဗင်း ဂျာနယ်နှင့် သည်ဗွိုက်စ် ဂျာနယ်များတွင် ပါ ဖော်ပြ ပါရှိခဲ့ သည်။
ယင်းကိစ္စ ဖြစ်ပွားပြီးနောက် လွန်ခဲ့သည့် ၄ ရက်ခန့်က အစိုးရနှင့်သက်ဆိုင်သော သတင်းများ ပြည်ပသတင်းဌာန များတွင် ပါရှိခြင်းနှင့်ပတ်သက်ပြီး ဆဲဗင်းဒေး ဂျာနယ်၊ သည်ဗွိုက်စ် ဂျာနယ်များ အပါအ၀င် ပုဂ္ဂလိက ဂျာနယ် ၆ စောင်ကို အာဏာပိုင် များက ခေါ်ယူကြိမ်းမောင်း သတိပေးခဲ့ကြောင်း သတင်းထောက်များက ပြောသည်။
လတ်တလောတွင် ကိုစောမြင့်သန်းအား အီလက်ထရွန်းနစ် ပုဒ်မ၊ ပြည်ပ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်သည့် ပုဒ်မ၊ အစိုးရကို အကြည်ညိုပျက်စေသည့် ပုဒ်မ များတပ်၍ ကျောက်တံတား မြို့နယ် ရဲ စခန်းတွင်ဖမ်းဆီး ချုပ်နှောင် ထားကြောင်းသိရသည်။
ယင်း လူသတ်မှု သတင်းအား ကိုစောမြင့်သန်းနှင့်အတူ ရေးသားခဲ့သော ဖလားဝါးနယူးစ် ဂျာနယ်မှ သတင်းထောက်တဦး ကိုလည်း ရဲက ဖမ်းဆီးရန်ပြုလုပ်သောကြောင့် လတ်တလော ရှောင်တိမ်းနေရသည်ဟု သတင်းသမားတဦးက ပြောသည်။
“သူနဲ့ စောမြင့်သန်း အဲဒီ သတင်းရေးကြတာ၊ အင်္ဂါနေ့က စခန်းမှာသွားတွေ့တော့ သူ့ကိုပါ ခေါ်ထားဖို့လုပ်နေလို့ သူရှောင် ပြေးခဲ့ရတယ်”ဟု ၎င်းက ပြောဆိုသည်။
လွန်ခဲ့သည့် အပတ်အတွင်းကပင် ဖော်အဲဗားစပေ့ မီဒီယာမှ ကိုဇေယျာဦး ဆိုသူကိုလည်း ပြင်ပမီဒီယာနှင့် ဆက်သွယ်မှုဖြင့် လှိုင်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း အထက်ပါ ၀ါရင့်သတင်းထောက်က ပြောသည်။
ထိုသို့ မီဒီယာသမားများအား လတ်တလော ဖမ်းဆီးအရေးယူမှုများသည် ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ ညွှန်ကြား ချက်ဖြင့် ရဲ တပ်ဖွဲ့က လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းကလည်း ၎င်းနှင့် သက်ဆိုင်သည့် သတင်းများ ဧရာဝတီ အင်တာနက် စာမျက်နှာတွင် ပါရှိမှုနှင့် ပတ်သက်ပြီး အပတ်စဉ် တွေ့ဆုံသည့် သတင်းစာ ရှင်းလင်းပွဲကို ရပ်နားထားကြောင်း သတင်းမီဒီယာအသိုင်း အ၀န်းက ပြောဆိုသည်။
သတင်းစာရှင်းလင်းပွဲတွင် ၎င်းနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် လုံခြုံရေးကိစ္စများပြောဆိုမှုကို သတင်းဌာန များတွင် ဖော်ပြပါရှိမှုနှင့် ပတ်သက်ပြီး နအဖ စစ်ဗိုလ်ချုပ်ကြီးများက ဗိုလ်မှူးချုပ် အောင်သိန်းလင်းအား ဆူပူကြိမ်းမောင်းကြောင်း လည်း သိရသည်။
“သတင်းထောက်တွေထဲမှာကို ပြည်ပကိုသတင်းပို့တဲ့သူတွေရှိတယ် ဆိုပြီးမြို့တော်ဝန်က ပြောဖူးတယ်။ သူက တော့ ဘယ်လိုယူဆပြီးပြောသလဲ မသိဘူး။ ကျမ အမြင်ကတော့ သတင်းထောက်ဆိုတာက ဘယ် သတင်းဌာန မှာပဲရေးရေး သူ့အလုပ်က သတင်းရေးဖို့နဲ့ မှန်ကန်တိကျတဲ့ အချက်အလက်တွေပေးဖို့ပဲ”ဟု ၀ါရင့် သတင်း အယ်ဒီတာ အမျိုးသမီးတဦး က ပြောသည်။
ရန်ကုန်စာနယ်ဇင်းလောကတွင် ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်နေသည့် စာရေးဆရာ၊ သတင်းထောက် များနှင့် စာပေစာနယ်ဇင်းသမားများကို ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ထုတ်ဖမ်းဆီးမည် ဆိုသောသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း လည်း သိရသည်။စစ်အစိုးရက၂၀၀၇ ခု စက်တင်ဘာလတွင် သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေး သတင်းနှင့် ဓာတ်ပုံ များ နိုင်ငံတကာ မီဒီယာများတွင် ပျံ့နှံ့ခဲ့ခြင်းမှစ၍ သတင်းလောကကို ထိန်းချူပ် တင်းကျပ်ပြုမှုများ ပိုမိုပြုလုပ်လာခဲ့ပြီး သတင်းထောက်နှင့် စာရေးဆရာများကို ဖမ်းဆီး အရေးယူမှုများ ဆက်တိုက်ပြုလုပ်လာခြင်း ဖြစ်ကြောင်း စာနယ်ဇင်းအသိုင်း အ၀ိုင်းက ပြောသည်။
ဖလားဝါးနယူးစ် သတင်းထောက်ချုပ် ဖမ်းဆီးခံရ
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သင်္ဃန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သြဂုတ်လကုန်ပိုင်းတွင် ခေါ်ယူကြိမ်း မောင်းခဲ့သည့် ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို တနင်္လာနေ့ ညက ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း ရန်ကုန် သတင်းမီဒီယာ အသိုင်းအ၀န်းက ပြောသည်။
အဆိုပါ သတင်းထောက်ချုပ် ကြိမ်းမောင်းခံရသည့် သတင်းအား ပြည်ပအခြေစိုက် ဧရာဝတီ သတင်းမီဒီယာတွင် ဖော်ပြပါ ရှိမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ဂျာနယ်သတင်းထောက် တဦးက ပြော သည်။
“ဧရာဝတီမှာ ရဲက ခေါ်ကြိမ်းတယ်ဆိုတဲ့ သတင်းတက်တဲ့ ညနေက စတာ၊ စိစစ်ရေးက ဖလားဝါးနယူးစ်က အမှုဆောင် အရာရှိချုပ် ဦးကိုကို ကို ခေါ်တယ်တဲ့၊ ဘာပြောလဲတော့ မသိဘူး၊ နောက်တနေ့မှာ သူတို့ကို မဖိတ် တော့ ဘူး၊ တခြား ဂျာနယ် ၆ စောင်ကို ခေါ်ပြီး သတိပေးတယ်၊ အဲဒီလိုမျိုးတွေ လုပ်ရင် အရေးယူမယ်ပေါ့၊ နောက်တခု က ကိုစောမြင့်သန်း ကို အရေးယူမယ်လို့လဲ ရှင်းလင်းတယ်တဲ့၊ ရဲက သူတို့ကို ဘယ်လို ကြိမ်းမောင်းတယ်ဆိုတာ အကြည်ညိုပျက်အောင် ပြည်ပ မီဒီယာကို ပြောတယ်ဆိုပြီးတော့တဲ့၊ ညက သူ့အမေနဲ့ သွားတွေ့တော့ အခြေ အနေတော့ သိပ်မကောင်းဘူး၊ ထောင်ကျဖို့ များတယ်လို့ သိရတယ်”ဟု ၎င်းက ပြောဆိုသည်။
ကိုစောမြင့်သန်းဖမ်းဆီးမခံဘဲ ရှောင်တိမ်းမည်ဆိုပါက ဂျာနယ်ကို လိုင်စင်ပိတ်သိမ်းမည်ဖြစ်သည့် အတွက် ယခု ကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ဖမ်းမယ်လို့ ပြောတာ ၃ ရက်လောက် ရှိပြီ၊ တကယ်လို့ သူအဖမ်းမခံလို့ ရှောင်တယ် ဆိုရင် ဂျာနယ်ကို လိုင်စင် ပိတ်မယ် ပေါ့၊ အဲဒါနဲ့ သူ့ ဆရာက မင်းအဖမ်းခံလိုက် မိသားစုကို တာဝန်ယူမယ်ပေါ့၊ သူ့မိသားစုက အမေအိုကြီး တယောက်တော့ ရှိတယ်၊ သူ့ကို အားကိုးပြီး ရန်ကုန် အင်းစိန်မှာ လာနေတာ ၆ လ လောက်ပဲ ရှိသေးတယ်၊ သူက လူလွတ်ပါ”ဟု ရန်ကုန် ဂျာနယ် သတင်းထောက်ကပြောသည်။
တခြားသော အမျိုးသမီး သတင်းထောက်တဦးကလည်း သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား သက်ဆိုင်ရာက ဖမ်းဆီးပြီးနောက် ယခုကိစ္စကို မည်သူ့ကို ပြောဆိုခြင်း နှင့် ဧရာဝတီ သတင်းဌာနအတွက် အလုပ်လုပ်နေခြင်း ဟုတ်မဟုတ် မေးမြန်းကြောင်း ပြောပြသည်။
“ရဲက ဘယ်သူ့ကို ပြောလိုက်သလဲပေါ့၊ ပြောလိုက်တဲ့လူကို ပြောပါပေါ့၊ သူက မပြောနိုင်တော့ ဒီကိစ္စကို သူ့ကို တာဝန်ယူခိုင်း သလို ဖြစ်နေတယ်”ဟု အထက်ပါ အမျိုးသမီး သတင်းထောက်က ဆိုသည်။
ယင်းသတင်း ထောက်ချုပ် ကိုစောမြင့်သန်းသည် ဧရာဝတီသတင်းဌာနနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် ၎င်းအား ရဲတပ်ဖွဲ့က ခေါ်ယူကြိမ်းမောင်းသည့် သတင်းဖော်ပြရာတွင်လည်း ကိုစောမြင့်သန်းနှင့် တိုက်ရိုက် ဆက်သွယ်၍ သတင်းရ ယူမှု မရှိကြောင်း ဧရာဝတီ တာဝန်ရှိသူများက ပြောကြားသည်။
လတ်တလောတွင် ကိုစောမြင့်သန်းအား အီလက်ထရွန်းနစ် ပုဒ်မ၊ ပြည်ပ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်သည့် ပုဒ်မ၊ အစိုးရကို အကြည်ညိုပျက်စေသည့် ပုဒ်မ များတပ်၍ ကျောက်တံတား ရဲ စခန်းတွင်ဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရသည်။
“သူတို့ (အာဏာပိုင်) က ဒီလိုဟာမျိုးကို သည်းမခံဘူး၊ နောက်တခုက စံပြ သဘောလည်း ဖြစ်လိမ့်မယ် ထင်တယ်၊ စိစစ် ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ အထူးသဖြင့် ပြည်တွင်းက သတင်းတွေ နာရီပိုင်းနဲ့ ၀က်ဘ်ဆိုက်မှာတက် သွားတာကို၊ အပြင်ရော အတွင်းရော လုပ်နေတာကို အရေးယူပြရမယ်ဆိုတဲ့ သဘောမျိုး လို့ထင်တယ်”ဟု သတင်း အယ်ဒီတာ တဦးက ပြောဆိုသည်။
ကိုစောမြင့်သန်းသည် စစ်အစိုးရ စာပေစိစစ်ရေး ခွင့်ပြုချက်ဖြင့် သြဂုတ်လကုန်ပိုင်း၌ ထုတ်ဝေသော ဖလားဝါး နယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်းမြို့ နယ် မှ လင်မယား ၂ ဦး အသတ်ခံရမှု သတင်းအား ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့က ၎င်းအား ခေါ်ယူ စစ်ဆေးကြိမ်းမောင်းခဲ့သော်လည်း ယင်းသတင်းသည် ၀ိကလီး အလဲဗင်း ဂျာနယ်နှင့် သည်ဗွိုက်စ် ဂျာနယ်များတွင် ပါ ဖော်ပြ ပါရှိခဲ့သည်။ နောက်ဆုံးရရှိသည့် သတင်းများအရ စစ်အစိုးရ ၀န်ကြီးဌာနများက ပြင်ပ ပုဂ္ဂလိက မီဒီယာများသို့ သတင်းထုတ် ပြန်မှုများ မပြုလုပ်တော့ကြောင်းနှင့် မီဒီယာသမားများ ယင်းဌာနများသို့ လာရောက်ပါက မည်သည့် အကြောင်း ဖြင့်လာသည် ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းမှုများပြုလုပ်၍ မှတ်တမ်းပြုစုထားရန် တနင်္လာနေ့က စတင် ညွှန်ကြား ထားကြောင်း သိရှိရသည်။