12.16.2008

BURMA NEWS

Mizzima.com - New Delhi,Delhi,India
"I also made a point to him that, as a neighbor, Burma's political problems impact on Thailand," Nyo Ohn Myint added. Nyo Ohn Myint said that while it is ...
Promotions Seen as Part of 2010 Election Plan
The Irrawaddy News Magazine - Chiang Mai,Thailand
By MIN LWIN Burma's military government, the State Peace and Development Council, has promoted a number of senior officers and created new positions in what ...
Isolation or Engagement? It's Than Shwe's Choice
The Irrawaddy News Magazine - Chiang Mai,Thailand
By AUNG ZAW Since Gen Ne Win seized power in 1962, Burma has proudly proclaimed its neutrality in international affairs. Under Snr-Gen Than Shwe, ...
Burmese Defense Lawyer Flees to Thailand, Blasts Regime
The Irrawaddy News Magazine - Chiang Mai,Thailand
"There are no fair trials in Burma. Defense lawyers are denied the right to defend their clients. The Burmese authority is using the courts to pressure ...
BBC News
South East Asia to launch charter
BBC News - UK
When it was finally signed a year ago, one of its members - Burma - had just made headlines by brutally suppressing pro-democracy demonstrations. ...
5 held for extortion
Calcutta Telegraph - Calcutta,India
Bijay Burma had lodged a complaint with Muchipara police station alleging that a group of youths had demanded Rs 5 lakh from him because he was building a ...

Blogs Alert for: Burma news

Illegal Migrant Workers Arrested; Others Hide in Jungle
By moderator(moderator)
Mae Sot, a border town opposite Myawaddy, Burma, is home to an estimated 100000 Burmese migrant workers, most of them illegal. About 40000 are legally registered, according to the Yaung Chi Oo Workers Association. ...
Burmese Defense Lawyer Flees to Thailand, Blasts Regime
By admin
Irrawaddy News : A young Burmese lawyer sentenced to six months imprisonment for questioning court proceedings against his dissident clients has fled to Thailand after a hazardous journey from Rangoon. Saw Kyaw Kyaw Min, 29, ...
Inya Net - http://arpwar.burmabloggers.net/
Breaking News: Democrat Party leader Abhisit Vejjajiva as 27th ...
By BURMA DEMOCRACY & DEVELOPMENT(BURMA DEMOCRACY & DEVELOPMENT)
BDD Khun Abhisit Vejjajiva is being chosen 27th Prime Minister of Thailand. He secured 234 votes to 197 against government party's nominee. He is the most famous person after short term PM Somchai stepped down from the various pressure ...
BURMA DEMOCRACY & DEVELOPMENT - http://burmadd.blogspot.com/
Burma working on Aung San Suu Kyi detention appeal: party
Burma's military government is working on pro-democracy leader Aung San Suu Kyi's appeal against her detention but has rejected her lawyer's request to meet her, her party said Friday.
Faculty academic in first ASEAN-Australia-New Zealand Dialogue
By admin
... contributions made by Australia and New Zealand to the region, the causes and regional implications of the current global economic crisis, the Australian proposal for an Asia-Pacific Community, and the deep traumas of Myanmar/Burma. ...
News from the Faculty of Asian Studies - http://asianstudies.anu.edu.au/blog/


Today's Newsletter
News

NEWS ANALYSIS

Sandar Win Walks Free After 6 Years

By AUNG ZAW
Former dictator Ne Win’s favourite daughter has been freed following six years of house arrest. But is it a meaningless gesture?

Promotions Seen as Part of 2010 Election Plan

By MIN LWIN
Burma’s military government has promoted a number of senior officers and created new positions in what observers see as part of preparations for the political structure that will follow the 2010 general election.

Burmese Defense Lawyer Flees to Thailand, Blasts Regime

By SAW YAN NAING
A young Burmese lawyer sentenced to six months imprisonment for questioning court proceedings against his dissident clients has fled to Thailand after a hazardous journey from Rangoon.


Regional

Asean Charter Comes into Force

By NINIEK KARMINI / AP WRITER
The Association of Southeast Asian Nations moved to forge an EU-style community Monday, signing a charter that makes the bloc a legal entity for the first time.

New Cambodia Laws May Curb NGO Activity

By ANDREW NETTE / IPS WRITER
Cambodia could be the latest Asian country to adopt tighter laws governing the activities of local and international non-governmental organizations.

Abhisit Elected Thai PM

By AMBIKA AHUJA / AP WRITER
Lawmakers chose an opposition leader as Thailand's prime minister Monday in a bid to end months of political chaos, as supporters of the previous government unsuccessfully tried to halt the result by blockading Parliament.

Opinion

COMMENTARY

Isolation or Engagement? It’s Than Shwe’s Choice

By AUNG ZAW
Burma’s current rulers are regarded as pariahs in the West, but that hasn’t stopped them from trying to make friends in the rest of the world.

LETTER

Letters to the Editor — December, 2008


Activists urge Canada to assign special envoy to Burma

Burmese activists based in Canada and their supporters have called on the Canadian government to assign a special representative to pressure Burma's military regime to implement reforms.

U.N. to commemorate former Secretary General U Thant

The United Nation's Postal Administration (UNPA) will early next year release three postal stamps in commemoration of the 100th anniversary of the birth of former U.N. Secretary General, and Burmese...

- UN chief visit would help Myanmar: EU envoy click
- 8 killed in Thai road accident click
- urgent needs still to be met for the cyclone affected people click
- Still no prosecution in tragic death of 54 Myanmar migrants click

ကျောင်းသားနဲ့ နိုင်ငံရေး



မောင်စွမ်းရည် (၁၅-၁၂-၀၈)

line


ကျောင်းသားတွေ နိုင်ငံရေး “လုပ်ရ”၊ “မလုပ်ရ” ဆိုတဲ့ ပြဿနာဟာ သံဃာတွေ နိုင်ငံရေး လုပ်ရ၊ မလုပ်ရဆိုတဲ့ ပြဿနာလိုပဲ မြန်မာ့ခေတ်သစ်သမိုင်းတလျှောက် ဆွေးနွေးခဲ့ကြဖူးပါတယ်။ ခုလည်း ဆွေးနွေးဆဲပါပဲ။ ဗမာပြည်မှာ ဒီအကြောင်းအရာကို လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ထင်ပါရဲ့။ ဆောင်းပါးရှင်တဦးက တင်ပြဖူးတယ်။ ခေါင်းစဉ်ကတော့ “ကျောင်းသား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” လို့ တိုက်ရိုက် တပ်မထားပါဘူး။ ဆောင်းပါးထဲမှာ ထည့်သွင်းဆွေးနွေးထားတာက မျိုးဆက်သစ်တွေ တိုးတက်ရစ်ချင်ရင် ကျောင်းသားဘ၀မှာ နိုင်ငံရေးမလုပ်ဖို့ပါပဲ။ ဒီအချက်တခု ငြိနေပေမယ့် “ကျောင်းသားနိုင်ငံရေး လုပ်သင့်တာပေါ့” လို့ ဘယ်သူမှ ပြန်မရေးကြပါဘူး။ ရေးရင် ဖမ်းမှာကိုး။

“စစ်သား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” ဆိုတာတော့ စဉ်းစားခွင့်ကို ပေးမှာမဟုတ်ဘူး။ “လုပ်သင့်တယ်” ဆိုရင် အောက်ခြေစစ်သားတွေက နိုင်ငံရေးထလုပ်ရင် ဒုက္ခ။ “မလုပ်သင့်ဘူး” ဆိုရင်လည်း သူတို့ စစ်တပ်အကြီးအကဲတွေက လုပ်နေပြန်တော့ ဒုက္ခ။ သူတို့က နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ကယ်တင်နေတာတဲ့။ ဒါလည်း ဟုတ်သလိုပဲ။ သူတို့က နိုင်ငံရေးမလုပ်ဘူး၊ စီးပွားရေးပဲလုပ်တာကိုး။ ကယ်တင်တာကတော့ ဗိုလ်ချုပ်တွေကိုပဲ ကယ်တင်နေတာလေ။ နိုင်ငံရေးမလုပ်ပါ “နိုင်ငံရေးလုပ်စား” ကြတာပါ။

တကယ်တော့ မြန်မာ့ခေတ်သစ်သမိုင်းဟာ ကျောင်းသားသမိုင်းပဲ။ ကျောင်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းပဲ။ မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုက ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်ပဲ။ ဒါဟာ ပထမဆုံး ပညာရေးတိုက်ပွဲ၊ ကျောင်းသားအခွင့်အရေးတိုက်ပွဲဖြစ်တဲ့အပြင် ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့ ပထမဆုံး ဒီမိုကရေစီရေး တိုက်ပွဲလည်း ဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်တ၀ိုက်မှာ သခင်ဗသောင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂန္တလောက မဂ္ဂဇင်း အယ်ဒီတာ၊ ဘာသာပြန်ဆရာ လုပ်နေရာက ထွက်ပြီး ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်တော့လည်း သခင်လေးမောင်၊ သခင်သိမ်းမောင်၊ သခင်ဗစိန် စတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ထဲမှာ ဒို့ဗမာသီချင်းဆိုရင်း စတင်ခဲ့တာပဲမဟုတ်လား။

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ ခေါင်းဆောင် “လူကြီးလူကောင်း” တွေ ဒူးညွှတ်ကုန်ကြတော့ ဒို့ဗမာသခင်ကျောင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲအလံကို ဆက်လက်သယ်ဆောင်ခဲ့ကြရတယ်။ ၁၉၃၆ ခုနှစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်၊ မအုန်း၊ မအမာတို့ရဲ့ ဒုတိယကောလိပ်သပိတ်၊ ၁၉၃၈ ခုနှစ် ဗိုလ်အောင်ကျော်တို့ရဲ့ တတိယကောလိပ်သပိတ်တို့ဟာလည်း ကျောင်းသားတွေ အသက်ပေးမြှင့်တင်ခဲ့ကြတဲ့ လွတ်လပ်ရေးတိုက်ပွဲပဲမဟုတ်ပါလား။

ကိုနု၊ ကိုလှဖေ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ စတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်အပြီးမှာ သခင်တွေ ဖြစ်လာကြတယ်။ ဒို့ဗမာအစည်းအရုံးကို သခင်အောင်ဆန်းတို့ ဆက်လက်ဦးဆောင်တယ်။ ၁၉၂၀ ခုနှစ်ကတည်းက “ထီမထင်ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းပေါ်ဖျားမှာ၊ မင်းတို့ဆရာကို စာရင်းတို့ကာသာ ထားလိုက်ပေတော့” လို့ ကြွေးကြော်ပါဝင်လာခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှာ ကျောင်းသားတွေက ဆက်လက်ပြီး ဦးဆောင်မှုကို ခံယူခဲ့ကြတယ်။

ဗမာ့တပ်မတော်သမိုင်းဆိုပြီး ရေးကြရင်လည်း ဗိုလ်နေ၀င်းတို့၊ ဗိုလ်အောင်ကြီးတို့ စစ်အာဏာရှင်သားအဖ မိုင်းဗုံးနဲ့ ဖြိုခွဲခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံက စတင်ရမှာပဲ ဖြစ်ပါတယ်။ ဗိုလ်လက်ျာ (သခင်လှဖေ)၊ ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ (တကသဥက္ကဋ္ဌ ကိုလှမောင်)၊ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်) တို့ဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်ကြဖို့ကို သမဂ္ဂအဆောက်အအုံမှာပဲ ဆွေးနွေးစတင်ခဲ့ကြတာဟာ သမိုင်းပါပဲ။ ဒါကြောင့် “တပ်မတော်အစ ကျောင်းသားသမဂ္ဂ” လို့ ဆောင်ပုဒ်လုပ်ပြီး ကျောင်းတွေမှာ သင်ရပါအုံးမယ်။ ဒီဆောင်ပုဒ်မှာ ကန့်ကွက်ငြင်းဆို ပြင်ဆင်စရာ ဘာမှ မရှိပါဘူး။

လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အထူးအရေးကြီးတယ်။ ဒါလည်း ကျောင်းသားတွေက ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ “မှိုင်းရာပြည့်” တို့၊ “ဦးသန့်အရေးအခင်း”တို့၊ “ရှစ်လေးလုံး အရေးတော်ပုံ” တို့ဟာ ကျောင်းသားခေါင်းဆောင်မှုတွေပါပဲ။ ပေါ်ပေါက်ရတဲ့အကြောင်းရင်းက စစ်အစိုးရရဲ့ အာဏာရှင် လုပ်ရပ်တွေကြောင့်ဆိုတာ ငြင်းမရပါဘူး။ ရှစ်လေးလုံးဆိုတာ တနိုင်ငံလုံးက မခံမရပ်နိုင်ဖြစ်နေတဲ့ ငွေစက္ကူကိစ္စ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ လတ်တလောကိစ္စတွေကြောင့် ပေါ်ပေါက်လာခဲ့ရတာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ဖရိုဖရဲဖြစ်ရတာတွေဟာ အရင်းခံပါပဲ။ ဒါတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ရတာကို ဗကပယူဂျီတွေကြောင့်လို့ တရားခံရှာရင် ဗကပပဲ ဂုဏ်တက်မှာပါ။ ဒီနေ့လည်း “မျိုးဆက်သစ်” လူငယ်လေးတွေဟာ ကျောင်းသားလေးတွေပါ။ သူတို့ရဲ့ ဘ၀အသိနဲ့ သူတို့ ထွက်လာခဲ့ကြတာပါ။

အထက်မှာ ကျနော်ဖော်ပြခဲ့တဲ့ ကျောင်းသား နိုင်ငံရေးမလုပ်သင့်ကြောင်း ဆောင်းပါးရှင်ကို ကျောင်သားတယောက်က “လုပ်ရင် ဘာဖြစ်မလဲ” ဆိုတော့ “လုပ်စမ်းကြည့်ပေါ့၊ မင့်ဘ၀အညွန့်ကျိုးမှာပဲ” တဲ့။ ခုခေတ်မှာ ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြလို့ တဦးချင်းအရ ပြောရရင် ထောင်ကျ၊ နှိပ်စက်ခံ၊ အသတ်ခံရတဲ့အထိ နစ်နာကြရပါတယ်။ တရားခံက စစ်အစိုးရပါ။ ဒါကို ကျောင်းသားတွေ “အညွန့်ကျိုးတယ်” ဆိုတော့ ထမေးတဲ့ ကျောင်းသားက ကျနော့်ကို ဒီကိစ္စ ပြန်ပြောတယ်။ ဆောင်းပါးရှင် ကျောင်းဆရာ သူပြောတာ စေတနာနဲ့ပဲ ထားပါတော့ကွာ။ ဒါပေမယ့် “ကိုအောင်ဆန်းတို့လို ကျောင်းသားတွေ နိုင်ငံရေး မလုပ်ခဲ့ရင် ငါတို့မှာ ကျိုးစရာ အညွန့်တောင် ရှိမှာမဟုတ်ဘူး” လို့ ပြောလိုက်ရပါတယ်။

ပီနန်ဆရာတော်ကြီးက “အိမ်” ထဲမှာ နေသူတိုင်းဟာ “အိမ်” မိုးယိုတာ၊ ကြမ်းပေါက်တာတွေအတွက် တာဝန်ရှိသလိုပဲ “နိုင်ငံ” ထဲမှာ နေကြတဲ့ နိုင်ငံသားတိုင်းဟာလည်း “နိုင်ငံ” နင်းကျိုးနင်းကျွံဖြစ်နေတာတွေ အတွက် တာဝန်ရှိကြပါတယ်။ နိုင်ငံတော်အတွင်းမှာ အများပြည်သူတွေနဲ့ အတူနေကြရတဲ့ ငါတို့ ရဟန်းသံဃာတွေမှာလည်း တာဝန်ရှိတာပဲဆိုတဲ့ သဘောထားကို အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ ဒီသဘောနဲ့ ထပ်တူပဲ အမေလူထု ဒေါ်အမာက ကျောင်းသားနဲ့ နိုင်ငံရေးကိစ္စကို အဖြေပေးခဲ့ဖူးပါတယ်။

“အမေကတော့ ကျောင်းသားလည်း နိုင်ငံရေးလုပ်သင့်တယ်လို့ မြင်တာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ကျောင်းသားလည်း တိုင်းသူပြည်သားတယောက်ပဲမဟုတ်လား။ သူတနေ့ လူကြီးဖြစ်လာအုံးမှာပဲ။ အဲဒီတော့ နိုင်ငံရေးမလုပ်ရင် “အ”တယ်။ ပြည်သူလူထုနဲ့အတူရောပြီး တက်ကြွရမှာပဲ၊ လှုပ်ရှားရမှာပဲလို့ မြင်တာပဲကွဲ့။ ကျောင်းသားတွေကို အကုန်လုံး ဟိုရွှေ့ဒီရွှေ့ တခါတည်း ဖရိုဖရဲဖြစ်အောင် အစွမ်းကုန် သူတို့ဘက်က လုပ်တော့တာပဲ။ ကျောင်းသားကို သူတို့က သိပ်ကြောက်နေတာ။ အဲဒါပဲ အမေမြင်တာ” တဲ့။ (လူထုဒေါ်အမာ)

ဒါကြောင့် မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ အညွန့်တလူလူထွက်ဖို့ရာမှာ ကျောင်းသားတွေ နိုင်ငံရေးမလုပ်လို့ ဖြစ်ကို မဖြစ်ပါဘူး။ ဒီသံသရာ ဘယ်တော့ ဆုံးမှာလဲဆိုရင် စစ်တပ်က နိုင်ငံရေးမလုပ်တော့တဲ့အခါ ဆုံးမှာပါပဲ။ ဖိရင်တော့ ကြွမှာပဲ။ ကျောင်းသားရော၊ သံဃာရော၊ သီလရှင်ရော၊ အိမ်ရှင်မတွေရော နိုင်ငံရေးထဲပါအုံးမှာပဲဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ ရှောင်လို့မရဘူး။

သတင်းပဒေသာ


အဖိဆစ်၂၇ ဦးမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာ

ထိုင်းနိုင်ငံ၏ ဒီမိုကရက် ပါတီခေါင်းဆောင် အဖိဆစ် ဝေ့ခ်ျချချီဝ သည် ပြိုင်ဘက် ဖို့ဖန်တင် (Puea Pandin) ခေါင်းဆောင်...

ဝရမ်း ထုတ်ခံရသူ နိုင်ငံရေး ရှေ့နေ ထိုင်းနယ်စပ်သို့ တိမ်းရှောင်

နိုင်ငံရေးဆိုင်ရာ အမှုများကို လိုက်ပါဆောင်ရွက်ပေးရင်းက စစ်အစိုးရ၏ ဖမ်းဝရမ်းထုတ်ခံခဲ့ရသူ လူငယ် ရှေ့နေ စောကျော်ကျော်မင်းသည် ထိုင်း - မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာ ......

ဒေါ်ခင်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီ

ဒေါ်ခင်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီ

မြန်မာပြည်၏ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ သမီး ဒေါ်ခင်စန္ဒာဝင်းကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည့် သတင်းက မြန်မာ အသိုင်းအဝန်း အတွက် အံ့သြတကြီး မဖြစ်ခဲ့ကြောင်း

အပြောင်းရွှေ့ခံ နိုင်ငံရေးအကျဉ်းသား မိသားစုများ အခက်အခဲဒုက္ခဖြစ်နေ

ဝေးလံသည့် နယ်စွန်နယ်ဖျား ထောင်များသို့ အပြောင်းရွှေ့ ခံရသော နိုင်ငံရေး အကျဉ်းသားများကို မိသားစုဝင်များက လိုက်ပါ တွေ့ဆုံရာတွင် ခရီးလမ်း အခက်အခဲများနှင့်

နိုင်ငံရေး အကျဉ်းသားများ အမှုလိုက်ရှေ့နေ ထိုင်းနိုင်ငံသို့ ရှောင်တိမ်း

နိုင်ငံရေး အကျဉ်းသားများ၏ အမှုလိုက်ရှေ့နေ ကိုစောကျော်ကျော်မင်းသည် စစ်အာဏာပိုင်များ၏ မတရားဖမ်းဆီး အရေးယူမှု မခံရရန် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း

ထိုင်းအတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်ဖြစ်ပြီ

ထိုင်းပါလီမန်က အတိုက်အခံ ခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝကို ၀န်ကြီးချုပ်သစ် အဖြစ် ယနေ့ ရွေးချယ် လိုက်ရာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ နောက်လိုက် များက ပါလီမန်

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၄)

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၄) အတိုက်အခံ အင်အားစုများ အတွက် အဓိကအမှား ဖြစ်နိုင်သည်မှာ စစ်တပ်ကို ဖြိုခွဲသိမ်းသွင်းရန် စနစ်တကျ စုစည်း ဆောင်ရွက်မှု မရှိခဲ့ခြင်းဟု ဆိုနိုင်ပါသည်။ ဤအချက်မှာ အကယ်၍
ဆက်ဖတ်ရန် ...

မဲမှောင်နေသော ကမ္ဘာကြီး

ကောင်းကင်သည် ကြည်လင်ပြီး ၀င်းပနေသည်။ ပြာလဲ့သော ကောင်းကင်နှင့် နွေးထွေးသော နေခြည်နုအောက်တွင် "ဘုံဘေ" သည် သက်ဝင်ကာ ရှင်သန်နိုးထနေပြီ။...

ကျောက်ပိုခေတ်နှင့်
ထိုင်းနိုင်ငံရေး

မြလူ/ ၁၅ ဒီဇင်ဘာ ၂၀၀၈ new
ထိုင်းအတိုက်အခံခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဇာဇီဝ ၀န်ကြီးချုပ်ဖြစ် လာသော်လည်း ပေးဆပ်ခဲ့ရသည့် တန်ဖိုးက မနည်းပေ။ ထိုင်းဝန်ကြီး ချုပ်ရွေးပွဲမတိုင်မီ တပ်ဆင်ပါတီအပေါ် နှစ်ပေါင်းများစွာ သစ္စာခံခဲ့သည့် နေ၀င်းချစ်ချော့အုပ်စုက ...အပြည့်အစုံသို့
မြန်မာအစိုးရပိတ်ထားသည့် ထိုင်းကုန်စည်များ
လစဉ် ဘတ်သန်း (၃,၀၀၀) ဖိုး ခိုးသွင်း
NEJ/ ၁၅ ဒီဇင်ဘာ ၂၀၀၈
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ် စပ်ကုန်သွယ်ရေးတွင် မြန်မာနှင့်ထိုင်း သဘောတူ ညီထားသည့် တနိုင်ငံမှ တနိုင်ငံသို့ တင်သွင်းခွင့်မပြုသော ကန့်သတ်ကုန် များအား နှစ်ဘက်ကုန်သည်များက ...အပြည့်အစုံသို့

ရန်ကုန်မြို့မှ ယုဇနပလာဇာ မီးလောင်၊
(၄၅) သိန်းဖိုးဆုံးရှုံး
NEJ/ ၁၅ ဒီဇင်ဘာ ၂၀၀၈
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်ရှိ အကြီးဆုံး၊ အစည်ကားဆုံး ယုဇနပလာဇာတွင် ယမန်နေ့ (၆) နာရီ (၁၅) မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း မျက်မြင်သက်သေများက ပြောသည်။ရန်ကုန်တိုင်း မီးသတ်ဦးစီးရုံးများက (၆) နာရီ (၂၅)မိနစ်ခန့်တွင် မီးသတ်ကားများလွှတ်ပေးပြီး တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ၊ စမ်းချောင်း၊...အပြည့်အစုံသို့
ဘန်ကီမွန်း မြန်မာနိုင်ငံသွားသင့်ဟု
အီးယူကိုယ်စားလှယ်ယူဆ
NEJ/ ၁၅ ဒီဇင်ဘာ ၂၀၀၈
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် နအဖစစ်အစိုးရနှင့် အတိုက်အခံများ အကြား ဆွေးနွေးနိုင်ရေးအတွက် တွန်းအားဖြစ်နိုင်သဖြင့် အကျိုးရှိမည့်ရလဒ်ပေါ်ထွက် လာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယို ..အပြည့်အစုံသို့

အမေရိကန်သမ္မတကြီး
အီရတ်တွင် ရှူးဖိနပ်ဖြင့် အပေါက်ခံရ

NEJ/ ၁၅ ဒီဇင်ဘာ ၂၀၀၈

အီရတ်နိုင်ငံ၌ ယမန်နေ့က ကျင်းပခဲ့သော သတင်းစာရှင်း ပွဲတခုတွင် အမေရိကန်သမ္မတ ဂျော့ဘုရှ်အား အီရတ်သတင်း ထောက်တဦးက စီးထားသည့် ရှူးဖိနပ်ဖြင့် ပစ်ပေါက်ပြီး အော်အစ်ဆဲဆိုခဲ့သောကြောင့် အမေရိကန် သမ္မတကြီး ရှူးဖိနပ်ဒဏ်မှ လွတ်ရန် ငုံ့ရှောင်ရင်းမှ ဟာသလုပ် လိုက်ရသည်။

အီရတ်ဝန်ကြီးချုပ် နိုရီ အယ်-မာလီကီးနှင့် ပူးတွဲသတင်း စာရှင်းပွဲ၌ အဆိုပါ အီရတ်သတင်းထောက်က သမ္မတဘုရှ် အား အာရေဘစ်ဘာသာစကားဖြင့် “ခွေး” နှင့် ခိုင်းနှိုင်း အော်ဟစ်လိုက်ပြီးမှ ရှူးဖိနပ်ဖြင့် ...အပြည့်အစုံသို့

- အီရတ်ခရီးစဉ်အတွင်း သမ္မတဘုရှ် ဖိနပ်နဲ့ အပေါက်ခံရ click
- ထိုင်းဒီမိုကရက်တစ် ခေါင်းဆောင် အဘီဆစ် ၀န်ကြီးချုပ်ဖြစ်ပြီ click
- လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်း ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိ click
- မြန်မာအလုပ်သမား ၇ ဦး ထိုင်းတောင်ပိုင်းတွင် ကားမှောက်သေဆုံး click
- သမ္မတဘုရှ် အာဖဂန်နစ္စတန်နိုင်ငံ ရောက်ရှိ click
- မြန်မာ့အရေး ကနေဒါ အထူးကိုယ်စားလှယ် ခန့်အပ်ရေး တောင်းဆို click
- အဘီဆစ် ထိုင်းဝန်ကြီးချုပ်သစ်ဖြစ် ရွေးကောက်တင်မြောက်ခံရ (ဗွီဒီယိုသတင်း) click
- ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်သွားရေး အီးယူသံတမန် ပြောကြား click
- ရှမ်းပြည်နယ် ဘိန်းစိုက်ပျိုးမှု တိုးတက်လာ click
- ထိုင်းတွင် ကားမှောက်ပြီး မြန်မာ ၇ ဦး သေဆုံး click
- ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကိုင်တွယ်ဖို့ ကနေဒါအဖွဲ့အစည်းများ တိုက်တွန်း click
- ဖမ်းဝရမ်းအထုတ်ခံ လူငယ်ရှေ့နေ ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိ click
- ဂျာနယ်ကျော် မမလေး၏ 'သူလိုလူ'ကို အင်္ဂလိပ်ဘာသာပြန် ထုတ်ဝေမည် click
- ထိုင်းဝန်ကြီးချုပ်သစ် အတိုက်အခံဘက်က ရရှိ click
- ကုလအတွင်းရေးမှူးချုပ် ဦးသန့်တံဆိပ်ခေါင်း ထွက်မည် click
- ရှေ့နေ စောကျော်ကျော်မင်း ထိုင်းနယ်စပ်မှာ သတင်းစာရှုင်းလင်း click
- မာမာအေးဖောင်ဒေးရှင်း၏ ပထမဆုံး ရန်ပုံငွေပွဲ ပြုလုပ်ပြီးစီး click
- ပိန်းပိတ်အမှောင်၊ ချောအိသိမ်း နဲ့ … (ဆောင်းပါး) click
- အမေရိကန်သမ္မတကို အီရတ်က ဖိနပ်နှင့်ပစ် click
- လက်နက်ကိုင်အဖွဲ့အစည်းတခု စစ်တကောင်းတောင်တန်းနယ်မှ အရပ်လူကြီး ၃ ဦး ပြန်ပေးဆွဲပြီး ကျပ်ငွေ ၇ သိန်းတောင်းခံ click
- အစိုးရ၀န်ထမ်းများ လစာမလုံလောက်သဖြင့် လူထံမှ အကောက်ဂိတ်များ ဖွင့်လှစ်ပြီး ငွေကောက်ခံ click
- သုံးဆူနယ်စပ်ဒေသမှ မြန်မာအလုပ်သမား ၇ ဦး ကားမှောက်သေဆုံး click

နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူများအား တင်ဆောင်သော ကားတစ်စီး တိမ်းမှောက်သဖြင့် ခရီးသည်များသေဆုံး

ထိုင်းနိုင်ငံထုတ် သတင်းစာတစောင်တွင် ဖေါ်ပြထားသည့်ပုံ

ဒီဇင်လာ ၁၅

ယနေ့နံနက်က ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနဘူရီ အန်ဖေ စိုင်ယုတ်အနီးတွင် အလုပ်သမား ခရီးသည် များ တင် ဆောင်လာသော ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် မြန်မာများ သေဆုံးခဲ့ပြီး တချို့ကို ဆေးရုံ တင်ထား ရကြောင်း သိရသည်။

ယနေ့နံနက် (၆)နာရီ ကျော်ခန့်က မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ မောင်းနှင်လာသော ကားတစ်စီးအား ထိုင်း လူဝင်မှု ကြီးကြပ်ရေးအဖွဲ့မှ လိုက်လံတား ဆီးစဉ် ကားကို ရပ်မပေးဘဲ မောင်းပြေးခဲ့သဖြင့် ကားမောင်း သမား ထိုင်းလူမျိုး တစ်ဦးနှင့် မြန်မာ(၇)ဦး ပေါင်း လူ(၈)ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

မျက်မြင်သက်သေ ထိုင်းစစ်သား ဖိပန်ယာ က “လူ၈ယောက်သေဆုံးတယ် လမ်းဘေး ချောက်ထဲ ကျသွားပြီး မှောက်တာပါ၊ အခြားခရီးသည် (၈)ဦးမှာလည်း အတွင်းလူနာအဖြစ် ကန်ချနဘူရီခရိုင် စိုင်ယုတ်ဆေးရုံမှာ ဆေးဝါး ကုသမှု ခံနေရပါတယ်” ဟု ပြောသည်။

ခရီးသွားလုပ်ငန်း အပန်းဖြေစခန်းတွင် အလုပ်လုပ်သော ဒေသအခြေစိုက် မဖြိုးဖြိုးက “တောမောတွေက ကားကိုလိုက်တားတယ်။ ကားကို မောင်းပြေးလို့ အရှိန်လွန်ပြီး မှောက်သွားတယ်ဟု ပြောပါတယ်။ ယောက်ျား ဘယ်လောက် မိန်းမဘယ်လောက် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး”ဟု ပြောသည်။

ကားမောင်းသူမှာ ဗမာဟုပြောသဖြင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေးအဖွဲ့က သေချာ စီစစ် မေးမြန်းနေကြောင်း သိရသည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။