3.12.2010

ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း.... ဟေ့.. ပြန်ရှုပ်ပြီးမှ... ဒို့ပြန်ရှင်း


 
၁၂/ မတ် ၂၀၁၀
ရွှေဂျိုးတယောက် သံစုံမြည် စက်ဘီးစုတ်ကလေးပေါ်မှနေ၍ သွားကျဲများကို ဖြဲပြရုံရှိသေး လေအိုးက ထိုင်ရာမှ ထအော်ကာ အလကားရထားသည့် ဂျာနယ်လိပ်နှင့် စားပွဲကို တဖျန်းဖျန်း ရိုက်နေသည်။

လေအိုး ။ ။ လာနော်၊ လာနော်၊ သတင်းထူးတွေ ရမယ်၊ သတင်းထူးတွေ ရမယ် ‘ဖျန်း ဖျန်း ဖျန်း’ … ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်)။

လေအိုးအော်သံကို ကြားပြီး အဖျော်ဆရာလေး ပိုက်ထွေးက လက်ဖက်ရည်ဖျော်နေရာမှ ပြုံးစိစိနှင့် လှမ်းပြောသည်။

ပိုက်ထွေး ။ ။ ဘာလဲ အစ်ကိုလေအိုး၊ ဗမာတွေ ရဲဖမ်းတဲ့ သတင်းလားဗျ။

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ ဗမာတွေကို ရဲဖမ်းတာ သတင်းထူးဖြစ်ရမလား။ ရဲမဖမ်းတာက သတင်းကွ။ သတင်းသမားတွေက သတင်းမဟုတ်တာကို သတင်းလျှောက်ရေးနေကြတာ မင်းက အဟုတ်မှတ်နေလား။ ဒါလေးတောင် မသိဘဲ လျှောက်မပြောစမ်းနဲ့။ ကိုယ့်ဘာသာ လက်ဖက်ရည်ဖျော်မှာ ဖျော်။ ဟိုမှာ ကိုရွှေဂျိုးနဲ့ ငါနဲ့ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တော့မယ့်အချိန်မှာ အဖျော်ဆရာ ကန့်လန့် ကန့်လန့် လာမလုပ်စမ်းနဲ့။

ပိုက်ထွေး ။ ။ အတင်းအဖျင်း ဖလှယ်ရာ အဖျော်ဆရာ ကန့်လန့် ကန့်လန့်ဆို တော်ပါသေး အစ်ကိုလေအိုးရာ ဟား ဟား ဟား။

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး တိတ်စမ်း၊ ဘယ်ကလာ အတင်းအဖျင်းရမလဲ။ သတင်းပလင်းကွ သတင်းပလင်း။ ဒါ အရေးကြီးတယ်။ ငါ … ထလုပ်လိုက်ရရင် နှစ်ယောက်စလုံး နှစ်ထပ်အချုပ် ရောက်ကုန်တော့မယ်။ စောစောစီးစီးကွာ … လိုက်ရွေးမယ့်သူ မရှိမှဖြင့် ဟင်း …။

လေအိုးတယောက် ပိုက်ထွေးဘက်သို့ လှည့်ပြီး မျက်နှာတည်နှင့် ပြောဆိုရာ ရယ်ကျဲကျဲလုပ်နေသည့် ပိုက်ထွေး အသံတိတ်သွားသည်။ ထို့နောက် ရွှေဂျိုးဘက်သို့ ပြန်လှည့်ကာ လေသေနတ် စပစ်တော့သည်။

လေအိုး ။ ။ ဟာ … ကိုရွှေဂျိုး ခင်ဗျားစက်ဘီးကလည်းဗျာ ဒေါက်လေးထောက်ဖို့အရေး ဒီလောက်တောင် နေရာရွေးနေရလား။ မီးသာရှို့ပစ်ပြီး အသစ်တစီး ၀ယ်စီးလိုက်စမ်းပါဗျာ။ ခင်ဗျားတို့လင်မယား ဘတ်ငွေလေးတွေ ရွှင်နေတာ ကျုပ်မသိဘူးများ အောက်မေ့နေလား။ တော်လှန်ရေးနယ်မှာ နေတယ်ဆိုပြီး ဆင်းရဲချင်ယောင်မဆောင်စမ်းပါနဲ့ဗျ။ ပိုက်ဆံရှိတာ ရှက်စရာမဟုတ်ပါဘူးဗျာ။ သူများတွေဆို ကားတောင် ၀ယ်စီးနေကြတာပဲဟာ။ ခိုး (အဲ …) ရှိ ရှိတယ်ပေါ့ဗျာ။ ဘာဖြစ်လဲ ပြောင်ပြောင်ပေါ့ဗျ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်နေပြန်)။

ရွှေဂျိုး ။ ။ တိုးတိုးလုပ်စမ်းပါ ကိုလေအိုးရာ၊ ခင်ဗျားလုပ်တာနဲ့ ဘေးဝိုင်းက လူတွေ ကျုပ်ကို သူခိုး (အဲ …) အလကား အထင်ကြီးနေကြပါဦးမယ်။ အိမ်က မိန်းမက ပိုက်ဆံရတဲ့အလုပ်ထက် ယောင်တောင်ပေါင်တောင် လုပ်တာက များနေလို့ဆိုပြီး ပွစိပွစိ လုပ်ရတဲ့အထဲ ခင်ဗျားက တမှောင့်ဗျာ။ ကဲ ကဲ … ဆိုစမ်းပါဦး ဘာသတင်းတွေ ထူးလို့ အော်ကြီးဟစ်ကျယ် လုပ်နေရတာလဲဗျ။ ပြောစမ်းပါဦး ကိုလေအိုး။

လေအိုး ။ ။ ထူးတာပေါ့ဗျာ ထူးတာပေါ့။ မထူးဘဲနဲ့ လေကုန်ခံပြီး အော်နေပါ့မလား။ မနေ့ညနေက သန်းရွှေတို့တီဗွီ (အဲ …) မြန်မာ့ရုပ်မြင်သံကြားက ရွေးကောက်ပွဲဥပဒေတွေ ထုတ်တဲ့အကြောင်း ကြေညာသွားတာ သတင်းထူးမဟုတ်ပေးဘူးလား ကိုရွှေဂျိုးရ။

ရွှေဂျိုး ။ ။ အင်း ဟုတ်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲဥပဒေကို သန်းရွှေက ထုတ်ချင်လို့ ထုတ်တာမဟုတ်ဘူးဗျ။ ဟိုတလောက ကိုလေအိုး ပြောလိုက်တဲ့ စကားကို ကြားသွားပြီး မခံချင်လို့ ထုတ်တာဖြစ်မယ်။ ကိုလေအိုးပဲ ပြောတယ်မဟုတ်လား “သန်းရွှေ အားအားယားယား လျှောက်ပြောနေတာပါဗျာ။ ခင်ဗျားတို့မို့ သန်းရွှေပြောတာကို အဟုတ်မှတ်နေတယ်” လို့လေ။ အေး … အဲ့ဒီကိုလေအိုးပြောတဲ့စကားကို သန်းရွှေ ကြားသွားပြီး မခံချင်စိတ်နဲ့ ထုတ်လိုက်တာဖြစ်မယ်ဗျ။ နောက်ဆိုရင် ခင်ဗျားစိတ်ထဲ ဖြစ်ချင်တာနဲ့ ပြောင်းပြန်သာ ပြောပေတော့။ အဲဒါမှ သန်းရွှေကြီး မခံချင်စိတ်ဖြစ်ပြီး အတည့်တွေ ထထလုပ်မှာ ဟား ဟား ဟား။

လေအိုး ။ ။ တော်စမ်းပါဗျာ။ လက်ဖက်ရည်ဖိုး မပါရင် ကျုပ် တိုက်ပါ့မယ်။ ဒီအရူးနဲ့တော့ ကျုပ်ကို အမှုမတွဲစမ်းပါနဲ့။ တော်ကြာ ကျုပ်ပါ မခံချင်စိတ်တွေ ဖြစ်လာလို့ဆိုပြီး ချင်းမိုင်က မမမျိုးကြီးက ကျုပ်ကို ဘော်ဘော်အဖြစ်ကနေ စွန့်လွှတ်နေပါဦးမယ်။ မမမျိုးကြီး ငြိုငြင်မှာတော့ များကကြောက်တယ် အာ .. ကို့ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုး ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်ပြန်)။

ရွှေဂျိုး ။ ။ ကဲ … ကဲ စကားအတည်ပြောရအောင်ဗျာ။ ခင်ဗျားလုပ်တာနဲ့ ရွေးကောက်ပွဲကနေ မမမျိုးဆီ ရောက်ကုန်ပြီ။ တော်ကြာ ရွာသစ်ရွာဟောင်းတွေဆီပါ အလည်ရောက်ကုန်လို့ ‘အသုံးလုံး’ ၀င်သင်ရင်း ရွာသူတွေနဲ့ ညားပြီး နှစ်ယောက်သား မောင်ကြီးမပြန်နိုင် ဖြစ်ကုန်ပါဦးမယ် ဟား ဟား ဟား။

လေအိုး ။ ။ မပြန်နိုင်တော့လည်း ညအိပ် (အဲ …) ခင်ဗျားလုပ်တာနဲ့ လေအိုး စိတ်ပါလာပြီနော။ လေအိုးစိတ်ကို မဆွနဲ့ မဆွနဲ့။ ဒီက စိတ်ကြီးတယ် ဘာမှတ်လဲ။

ရွှေဂျိုး ။ ။ ကဲပါဗျာ စိတ်ကြီးရင်လည်း နောက်မှ ကြီးပါတော့။ ဒီလိုဗျ အခု သန်းရွှေကြီးက စိတ်ရူးပေါက်ပြီး ရွေးကောက်ပွဲဥပဒေ ထုတ်လိုက်တော့ ရွှေဂုံတိုင်ကို ကိုင်ပြီး ငိုင် (အဲ …) တွေ့ဆုံဆွေးနွေးရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မျှော်နေတဲ့ အန်အယ်လ်ဒီကြီး အကျပ်ဆိုက်နေပြီလို့ သတင်းဆရာတွေ ဖွနေကြတယ်ဗျ။

လေအိုး ။ ။ ဒါကတော့ဗျာ ကျုပ်တို့ အန်အယ်လ်ဒီကြီးကလည်း တချိန်လုံး နွဲ့နေခဲ့တာကိုးဗျ။ ဒီမိုကရေစီတိုက်ပွဲဆိုတာကို မသိချင်ယောင်ဆောင်ပြီး ဒီမိုကရေစီတောင်းပွဲပဲ လုပ်နေခဲ့တော့ နောက်ဆုံးတော့ အားလုံးသူတောင်းစား (အဲလေ …) သန်းရွှေတို့က ဟောက်စားတော့တာပေါ့ဗျ။ ကဲ … ကိုရွှေဂျိုးပဲ စဉ်းစားကြည့်ဦး။ အနှစ် (၂၀) လုံးလုံး ကျုပ်တို့ အန်အယ်လ်ဒီကြီး နအဖကို ဘာတွေတိုက်ခဲ့တုန်း။ တောင်းရင်းပြုရင်း ကြေညာချက်ပဲ သင်္ဘောသုံးစီးတိုက်လောက် ထွက်ခဲ့တာမဟုတ်လား။ ကြေညာချက်မှာမှ ရိုးရိုးကော၊ ရှယ်ရော၊ ရှယ်တကာ့ရှယ်ကော၊ ထူးရှယ်ရော စုံလို့ပဲမဟုတ်လား။ တကယ်ဆိုဗျာ ဂန္ဒီခန်းမမှာထဲက ပွဲကပြတ်ရမှာ။ ကျုပ်တို့ကိုက မှားပါတယ်လေ။ မဲပေးခဲ့မိတာကိုးဗျ မဲပေးခဲ့မိတာကိုး။ ပြောပြန်ရင်လည်း လေအိုးကို စိတ်ဆိုးကြဦးမယ် ကိုရွှေဂျိုး။ တော်သေးတယ် လက်ဖက်ရည်ဆိုင် လူရှင်းတုန်း ပြောရတာမို့ ဟား ဟား ဟား ဟား (အမြှုပ်တစီစီ ထွက်မတတ် ပြောဆိုပြီးနောက် ပါးစပ်ကို လက်နှင့်အုပ်ကာ လေအိုး ရယ်ပြန်)။

ရွှေဂျိုး ။ ။ ဒါကတော့ဗျာ။ ကျုပ်တို့ ပြည်သူတွေ အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကလည်း နှစ်ရှည်လများ အထိန်းသိမ်းခံနေခဲ့ရတာမဟုတ်လားဗျ။ အဲဒီတော့ အပြင်ဘက်မှာ ကျန်ခဲ့တဲ့ စီအီးစီတွေလည်း အားငယ်စိတ်တွေ ၀င်ပြီး မတိုက်ရဲမပြုရဲ ဖြစ်ကုန်တာနေမှာပေါ့ ကိုလေအိုးရ။

လေအိုး ။ ။ ဟ … ကိုရွှေဂျိုး။ ကျုပ်တို့ အန်အယ်လ်ဒီကြီးက ကြံ့ဖွံ့အဖွဲ့လို လူထုချဉ်ဖတ်အဖွဲ့ မဟုတ်ဘူးဗျ။ လူထုက ချစ်လွန်းလို့ကို မဲတွေပုံအောပေးပြီး ကြိုက်ရာလုပ်တော့ဆိုတဲ့ မန်းဒိတ်ကြီးပါ အပ်နှင်းခံထားရတဲ့ အဖွဲ့ဗျ။ ဒီ့ထက်ကြီးတဲ့ ၀ိတ် ဘာရှိသေးလဲပြော။ အဲဒီဝိတ်ကြီးရှိနေတာကိုဗျာ မတိုက်ရဲဘဲ တောင်းနေခဲ့တော့ အခုအခြေဆိုက်တာပေါ့။ တကယ်ဆို ကိုယ်မတိုက်ရဲရင်လည်း တိုက်ရဲတဲ့သူ တင်ရမှာပေါ့ဗျ။ အခုတော့ အဲလိုမဟုတ်ဘဲ ရွှေဝါရောင်မှာလည်း အိမ်တွင်းပုန်းလုပ်နေ၊ ကိုးဆယ်တ၀ိုက်အထိလည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာကို ကုတ်ကတ်ဖက်တွယ်နေတော့ မခက်လားဗျာ။ တကယ်တော့ ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်မလုပ်ခဲ့တဲ့အချိန်မှာ သန်းရွှေတို့က သူတို့လုပ်စရာရှိတာကို သူတို့လုပ်သွားခဲ့တာပဲဗျ။ ခိုးတယ်၊ ၀ှက်တယ်၊ လေးခွဝယ်တယ်၊ ကြောက်ချေးပါ (အဲ …) လိုဏ်ခေါင်းတူးတယ်ပေါ့ဗျာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ကိုလေအိုးပြောပုံက မရှင်းမရှင်းပါလားဗျာ။ ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်မလုပ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲဗျ။ ဥက္ကဋ္ဌတို့ အတွင်းရေးမှူးတို့လည်း သူတို့လုပ်စရာရှိတာကို လုပ်ခဲ့လို့ ကိုးဆယ်တ၀ိုက်အထိတောင် အသက်ရှည်နေကြတာ မဟုတ်လား။

လေအိုး ။ ။ ဟာဗျာ ဒုံးဝေးလိုက်တာ ကိုရွှေဂျိုးရာ။ တည့်တည့်ပဲ ပြောရမလိုဖြစ်နေပြီ။ လူရှင်းလား ကြည့်ဦးမှ (ပြောရင်းဆိုရင်း လေအိုး ဘေးဝိုင်းများဘက်သို့ လှည့်ကြည့်ကာ ရယ်ဖြဲဖြဲလုပ်)။

ရွှေဂျိုး ။ ။ ဟဲ ဟဲ ရှင်းပါတယ်ဗျာ။ ဟိုမှာ ပိုက်ထွေးကို ကြည့်ပါလား၊ ညက ဘာကားတွေကြည့်ပြီး အိပ်ငိုက်နေလဲမသိဘူး ဟား ဟား ဟား။

အမှန်တကယ်တွင်မူ ပိုက်ထွေး အိပ်ငိုက်နေခြင်းမဟုတ်။ ဘေးဝိုင်းတွင် ထိုင်ရင်း သူ၏ မိုဘိုင်းလ်ဖုန်းမှ ထွက်ပေါ်နေသည့် သီချင်းသံကို ဇိမ်ခံနေခြင်းဖြစ်သည်။

“ရန်ဖြစ်ပြီးမှ ဒို့ပြန်ချစ် xxx ရန်ဖြစ်ပြီးမှ ဒို့ပြန်ချစ်”

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး။ ဟိုမှာ သောက်မယ့်လူ ၀င်လာပြီ။ မင်း ဘယ်ကကောင်မနဲ့ ရန်ဖြစ်ခဲ့လို့လဲကွာ။ ကျေးဇူးပြု၍ သီချင်းလေးကို ခဏပိတ်ပြီး လေအိုးကို ပြောပြစမ်းပါ။ ကူညီပါရစေ (အဲ …) ဒီမှာ မင်းသီချင်းသံကြားရတာ စကားပြောပျက်တယ်ကွ။

လေအိုးအော်လိုက်သည့် အသံကြောင့် ပိုက်ထွေး မျက်လုံးမှေးစင်းနေရာမှ ပြန်ကျယ်လာပြီး အဖျော်ကောင်တာဆီ လျှောက်သွားသည်။

ရွှေဂျိုး ။ ။ ကဲ လုပ်ပါဦး ကိုလေအိုး၊ ကျုပ်က ဘာတွေ ဒုံးဝေးနေလို့တုန်း၊ ပြောစမ်းပါဦး။

လေအိုး ။ ။ ဟ ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်မလုပ်ခဲ့ဘူးဆိုတာလေဗျာ။ ကျုပ်တို့ အန်အယ်လ်ဒီကြီးက နိုင်ငံရေးပါတီ မဟုတ်လားဗျ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးလှုပ်ရှားမှု ရှိရမယ်မဟုတ်လား။ အဲ … ကျုပ်တို့ အန်အယ်လ်ဒီကြီးက နိုင်ငံရေးလှုပ်ရှားမှုထက် သာရေးနာရေးတွေပဲ လျှောက်လုပ်နေလို့ ဟိုတလောလေးကတောင် ဆရာကြီး လူထုဦးစိန်ဝင်းက ပြောတယ်မဟုတ်လားဗျ။ အန်အယ်လ်ဒီကြီးက နိုင်ငံရေးပါတီနဲ့ မတူဘဲ ဆွံ့အနားမကြားကျောင်းနဲ့ တူနေတယ်လို့ ပြောတယ်မဟုတ်လား။

ရွှေဂျိုး ။ ။ နိုင်ငံရေးလှုပ်ရှားမှုဆိုတာက ကျယ်ပြန့်တယ်လေဗျာ။ ကိုလေအိုးက ဘာကိုလုပ်စေချင်တာလဲ တည့်တည့်ပြောမှပေါ့ဗျ။

လေအိုး ။ ။ ကဲပါဗျာ … ခင်ဗျားက ဒီလောက် ဒုံးဝေးနေမှတော့ တည့်တည့်ပဲ ပြောရတော့မှာပေါ့။ ဒီလိုလေဗျာ။ ကျုပ်တို့ အန်အယ်လ်ဒီကြီးက လူထုဆီက မန်းဒိတ်ရပြီးသားမဟုတ်လားဗျာ။ လူထုက ကြိုက်ရာလုပ်ပါတော့ဆိုပြီး အာဏာကုန် လွှဲအပ်ထားပြီပဲဥစ္စာ။ အစိုးရအဖွဲ့ ကြေညာဖို့ပဲရှိတာပေါ့ဗျ။ လူထုကလည်း ဒါကိုပဲ စောင့်နေတာပဲဟာ၊ ကြေညာရဲရမှာပေါ့။

ရွှေဂျိုး ။ ။ ဟာ တိုးတိုးလုပ်ပါ ကိုလေအိုးရာ။ ခင်ဗျားပြောတာနဲ့ သန်းရွှေကြီးက အန်အယ်လ်ဒီ စီးအီးစီတွေကို ထောင်ထဲပြန်ထည့်ပစ်ပါဦးမယ်။ ဦးတင်ဦးတောင် အခုမှ လွှတ်ကာစရှိသေး။

လေအိုး ။ ။ ဟ ကိုရွှေဂျိုး၊ အခုလည်း ဒီအရူးတွေက သူတို့ဖမ်းချင်ရင် ကလေကချေပုဒ်မတွေတပ်ပြီး ဖမ်းချင်သလို ဖမ်းနေတာပဲမဟုတ်လား။ ဘာထူးလဲ ကလေကချေ တံဆိပ်ကပ်ခံရပြီး အဖမ်းခံရမယ့်အတူတူ ကမ္ဘာသိ အစိုးရအဖွဲ့ကြေညာပြီးမှ အဖမ်းခံရတာက ဂုဏ်သိက္ခာ ပိုရှိတယ်မဟုတ်လားဗျ။ အွန်ပေပါပဲဖြစ်ဖြစ် ကိုင်ပစ်ရမယ်ဗျ။ ဒါမှ နအဖ ခြေသလုံးပြန်ဖက်လာမှာ။ ဒါမှ နအဖ လေကျယ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ မြောင်းထဲရောက်မှာ။ ကျုပ်တို့ပွဲက နအဖ ရှုပ်ထားတာကို ကိုယ်က ပြန်ရှုပ်ပစ်ပြီးမှ ပြန်ရှင်းရမှာဗျ။ ရှင်းရှင်းလေးနဲ့ ရှင်းချင်လို့ မရဘူး။ အဲဒါကို ခင်ဗျားသိရဲ့လား … သိရဲ့လား။

ရွှေဂျိုး ။ ။ ဟာ … အချွန်နဲ့ မနေတာလား ကိုလေအိုးရာ။ တော်ကြာ အန်အယ်လ်ဒီ စီအီးစီတွေ အကုန်ထောင်ထဲ ပြန်ရောက်ကုန်လို့ ကျုပ်တို့တိုက်ပွဲကို ခေါင်းဆောင်မယ့်သူမရှိ ဖြစ်ကုန်ပါဦးမယ်။

လေအိုး ။ ။ အေး … ခင်ဗျားလို ဒုံးဝေးတဲ့သူကို ကျုပ်က အပြတ်ပဲ ပြောလိုက်တော့မယ် ကိုရွှေဂျိုး။ အကုန်ထောင်ထဲ ရောက်တာက ဂုဏ်သိက္ခာရှိသေးတယ်ဗျ။ ကျုပ်တို့ ကိုမြတ်ထက်ကြီး စပ်တဲ့ သင်္ကြန်သံချပ်တောင် ရှိသေးတယ်မဟုတ်လား။ “အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့” ဆိုတာလေဗျာ။ ဒါအမှန်ပဲဗျ။ မဟုတ်ရင် ကျုပ်တို့ အန်အယ်လ်ဒီကြီးတွေ အကုန်မြောင်းထဲ ရောက်တော့မယ့်ကိန်း ဆိုက်နေပြီဗျ။ သူတို့တင်မကဘူး ကျုပ်တို့ ပြည်သူတွေပါ စစ်ဖိနပ်အောက် အကုန်ရောက်ကုန်တော့မယ့် ကိန်းဗျ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ဘယ်လောက်အတုယူဖို့ ကောင်းလဲဗျာ။ ပြည်သူ့မန်းဒိတ်ရ ပါတီလည်းမဟုတ်ပါဘဲနဲ့ သူတို့လုပ်စရာရှိတာ၊ လုပ်နိုင်တာကို မကြောက်မရွံ့ တဗိုလ်ဆင်း တဗိုလ်တက် လုပ်သွားကြတယ် မဟုတ်လား။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ ကိုယ်က မန်းဒိတ်ရှိတဲ့ ပါတီကြီးပဲ ၈၈ ခေါင်းဆောင်တွေထက်ကို ပိုလုပ်နိုင် ပိုလုပ်ရဲရမှာပေါ့ဗျ။ အန်အယ်လ်ဒီကြီးတွေ လုပ်စရာရှိတာလုပ်ပြီး အကုန်ထောင်ထဲ ၀င်သွားရင် သူတို့ကို မဲပေးထားတဲ့ လူထုက နေမတဲ့လား။ နိုင်ငံတကာက လက်ပိုက်ကြည့်နေမတဲ့လား။ ဒါမှလည်း ပွဲက မြန်မြန်ပြီးတော့မှာပေါ့။ ကဲ … အဲဒီတော့ ကိုင်မလား မကိုင်ဘူးလား ခင်ဗျား အရင်ပြော။

ရွှေဂျိုး ဘာဖြေရမှန်းမသိဘဲ ငိုင်တွေနေစဉ် လေအိုးက ပိုက်ထွေးဆီ အော်ပြောလေသည်။

လေအိုး ။ ။ ဟေ့ ပိုက်ထွေးရေ မင်းခုနက ဖွင့်နေတဲ့သီချင်း “ရန်ဖြစ်ပြီးမှ ဒို့ပြန်ချစ်” ကို ဒီလိုပြောင်းဆိုလိုက်ကွာ။ “ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း” သွားတော့မယ် ကိုရွှေဂျိုးရေ ခင်ဗျားကို ရှင်းပြနေရတာ ပါးစပ်က အမြှုပ်ပါ ထွက်တယ်။ အဲဒါတောင်မှ ခင်ဗျား မရှင်းသေးရင်လည်း ကျုပ်ပဲ အိမ်ပြန်ပြီး သန့်ရှင်းရေးလုပ်တော့မယ်ဗျာ။ တော်ကြာ မိန်းမဆူ (အဲ …) အချစ်တွေ လျော့ကုန်လိမ့်မယ် ဟား ဟား ဟား ဟား။

ပြောပြောဆိုဆို “ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း” ဟု ပါးစပ်က ရွတ်ဆိုပြီးသကာလ လေအိုးတယောက် စက်ဘီးကိုနင်း၍ ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးလည်း ငိုင်တွေစွာဖြင့် အောက်ရေစွန့်ရန် ဆိုင်နောက်ဖေးသို့ လဒလျှောက် လျှောက်ခဲ့လေသည်တကား။ ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Assistant Secretary of State for East Asian Affairs Kurt Campbell at Press in Malaysia.

မြန်မာစစ်အစိုးရ ကျင်းပမယ့်ရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပြုတဲ့အတွက် စစ်အစိုးရအပေါ်ထားတဲ့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒဟာ အောင်မြင်မှုမရှိဘူးလို့ အမေရိကန် အဆင့်မြင့်အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။
CPIMAGE:106208|Philippine Foreign Affairs Secretary Alberto Romulo gestures as he listens to questions during a press conference after the closing session of the 4th Meeting of the 40th ASEAN Standing Committee Saturday, July 28, 2007, in Manila, Philippines.
EU flag outside European Commission's Berlaymont building
ရွေးကောက်ပွဲ သတင်းများ ဆင်ဆာထိ

ရွေးကောက်ပွဲ သတင်းများ ဆင်ဆာထိ

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းနှင့် သုံးသပ်ချက်များကို ပုဂ္ဂလိကပိုင် သတင်းမီဒီယာ များတွင် လွတ်လပ်စွာ ရေးသား ဖော်ပြခွင့် မရှိကြောင်း ရန်ကုန် အခြေစိုက် ဂျာနယ် သတင်း
တိုက်ပွဲဝင်ရန် ဦးဝင်းတင် မွေးနေ့စကားပါး

တိုက်ပွဲဝင်ရန် ဦးဝင်းတင် မွေးနေ့စကားပါး

ဒီမိုကရေစီ အင်အားစုများ အနေဖြင့် စစ်အစိုးရ၏ ဖိနှိပ်မှုများကို တုံ့ပြန် ဆန့်ကျင် တိုက်ပွဲဝင်ကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ၎င်း၏ အသက် ၈၀ ပြည့်

NLD ရုံးခန်းများ ပြန်ဖွင့်

တိုင်းနှင့် ပြည်နယ်များရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးပေါင်း ၃၀၀ ခန့်ကို ပြန်လည် ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ၎င်းပါတီ မှ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခွဲများ ပြန်လည်ဖွင့်ခွင့် ရပြီးနောက် လတ်တလောတွင် အချက် ၂ ချက်ကို အဓိကထား လုပ်ဆောင်ကြရန် ဒေါ်အောင်ဆန်း စုကြည်က ညွှန်ကြားကြောင်း

အလုပ်သမား သပိတ်များကို စစ်အစိုးရ စောင့်ကြည့်နေ

ရန်ကုန်မြို့ စက်ရုံ အလုပ်သမား တို့၏ ဆန္ဒပြမှု များသည် ပြီးခဲ့သည့် ၂ လ အတွင်း ၁၄ ကြိမ် ဖြစ်ပွားခဲ့ သော်လည်း နိုင်ငံရေး လှုပ်ရှားမှုနှင့် ပတ်သက်ခြင်း မရှိသဖြင့် အင်အားသုံး ဖြိုခွင်းခြင်း မပြုခဲ့ကြောင်း အမှတ်

ရွေးကောက်ပွဲ ကော်မရှင်ကို ဗိုလ်ချုပ်ဟောင်း ဦးဆောင်

၂၀၁၀ ရွေးကောက်ပွဲကို စီစဉ် ကျင်းပရန် အငြိမ်းစား ဗိုလ်ချုပ် ဦးသိန်းစိုး ခေါင်းဆောင်သည့် ရွေးကောက်ပွဲ ကော်မရှင်ကို ကြာသပတေးနေ့ ရက်စွဲဖြင့် ဖွဲ့စည်း လိုက်ကြောင်း စစ်အစိုးရက

နယ်ခြားစောင့်တပ် အရေး မတ်လ ၁၅ ရက် နောက်ဆုံး အကြောင်းပြန်ရမည်

စစ်အစိုးရ တာဝန် ရှိသူများနှင့် KIO အဖွဲ့ ခေါင်းဆောင် တချို့တို့က မြစ်ကြီးနား မြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေး နေကြောင်း အပစ် အခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့်

စစ်ရာဇ၀တ်မှုများ စုံစမ်းရန် ကင်တာနာပြော

ကမ္ဘာ့ကုလ သမဂ္ဂ အနေနှင့် မြန်မာ နိုင်ငံတွင် ဖြစ်ပွား နေသော စစ်ရာဇ၀တ်မှု များနှင့် လူသား မျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု များအတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် တခု ဖွဲ့စည်းရန်
သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချီ

မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား

ဝီရ/ ၁၂ မတ် ၂၀၁၀
“အခု လတ်တလော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက ကျနော်တို့ပါတီရဲ့ သဘောထားကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ လက်ရှိ ပါတီရဲ့ ...” အပြည့်အစုံသို့
နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို

NEJ/ ၁၂ မတ် ၂၀၁၀
“မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် လူသားများ အပေါ် ....” အပြည့်အစုံသို့
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ

ခိုင်လင်း/၁၂ မတ် ၂ဝ၁ဝ
“ဆုံးဖြတ်တဲ့ အဖြေကတော့ နိုင်ငံတော်အစိုးရ ပြောတဲ့ အတိုင်း နယ်ခြားစောင့်ကို လက်မခံနိုင်ဘူး။ ကချင်လူထုက လက်မခံလို့ဖြစ်တယ်။ ကေအိုင်အိုကတော့ ...” အပြည့်အစုံသို့
ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး

စိုးမိုး/ ၁၂ မတ် ၂၀၁၀
“ဒီလိုကာလမျိုး ဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက်သုံးမျိုးသာ ကျနော်တို့မှာ ရှိပါတော့တယ်။ မကြောက်တရား လက်နက်၊ သွေးစည်း ..” အပြည့်အစုံသို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှနအဖ၏
၂၀၁၀ခုနှစ်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းအပါအဝင်ရွေး
ကောက်ပွဲဆိုင်ရာဥပဒေများကိုသဘောထားထုန်ပြန်

Statement March 12



သတင်းအပြည့်အစုံဖတ်ရန်..♥

မတ်လ(၁၂)ရက်နေ့ တွင်ကျရောက်သော ဘဘဦးတင်ဦးအသက်(၈၃)ပြည့်နှစ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပပြုလုပ်။။



ယနေ့  12.3.2010 တွေ တွင် ကျရောက် သော ဘဘဦးတင်ဦး ၏ အသက် 83 ပြည့်မွေး နေ့အခမ်းအနား အား အဖွဲ့ ချုပ် အမျိုါ်သမီးများ မှဦးဆောင်၍ ကန် တော့  ပွဲ ကို အဖွဲ့ချုပ်ရုံးတွင်ကျင်းပရာ ရန်ကုန်တိုင်း အတွင်းရှိ မြို့  နယ် အသီးသီး မှ အမျိုးသမီး အဖွဲ့ ၀င်များတက်ရောက် ခဲ့ကြသည် ။တက်ရောက်လာကြသူ အမျိုးသမီးအဖွဲ့ ၀င်များအား မုန့် ဟင်းခါးဖြင့် ပြန် လည် ဧည်ခံ ခဲ့သည် ။


သတင်းအပြည့်အစုံဖတ်ရန်..♥
စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်ဖွဲ့ရန် ကွင်တားနား အကြံပြု
စစ်အစိုးရက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ အတွက် ကော်မရှင်တခုဖွဲ့၍ စုံစမ်းစစ်ဆေးသွားရန် ...
အန်အယ်ဒီအတွက် ထောင်ချောက်သတိ
(အင်တာဗျူး) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးများကို ပြန်လည် ဖွင့်ခွင့်ပေးသည်မှာ ထောင်ချောက်
ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ
စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော ...
မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော
စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ...

ယနေ့ မြန်မာ့နိုင်ငံရေး မြင်ကွင်း
ကာတွန်း ဘိရုမာ
မတ် ၁၂၊ ၂၀၁၀
NLD ရုံးများ ကမန်းကတန်း ဖွင့်ခိုင်း
ဓာတ်ပုံသတင်း
မတ် ၁၂၊ ၂၀၁၀နှစ်ပေါင်းများစွာ ချိတ်ပိတ်ထားသည့် မြို့အသီးသီးမှ NLD ရုံးများကို ပြန်လည် ဖွင့်နိုင်ရေးအတွက် စစ်အစိုးရက ကမန်းကတန်း ဆောင်ရွက်နေသည်ဟု ရန်ကုန်မှ လာသည့် သတင်းများက ဆိုသည်။ အောက်ဖော်ပြပါ ပုံအများစုမှာ ရန်ကုန်တိုင်း NLD ရုံး မြင်ကွင်းများ ဖြစ်သည်။ (ဓာတ်ပုံများ - AP)
အပြည့်အစုံသို့ ...




more




more




more

ေ႟ွးကောက်ပွဲ ဥပဒေသစ် ရှက်ဖွယ်ကောင်းကြောင်း ဒေၞအောင်ဆန်းစုကြည် ဝေဖန်

စစ်အစိုးရ လူႛအခွင့်အရေး ချိုးဖောက်ဆဲလိုႛ အမေရိကန်အစိုးရ ထုတ်ပြန်

ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ပြည့် နှုတ်ခွန်းဆက် စကားနှင့် တိုက်တွန်းစကား

Photobucket
ဦးဝင်တင်၏ပြောကြားချက် ဗီဒီယိုဖိုင်ကြည့်ရန် ဤနေရာမှာနှိပ်ပါ။
NLD ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ပြည့် မွေးနေ့ပွဲနှင့် သူကိုယ်တိုင် အင်းစိန်ထောင်ထဲတွင် ရက်ပေါင်း ၇၀၀၀ကျော် နေထိုင်ခဲ့စဉ်က တွေ့မြင်ကြုံတွေ့ ခံစားခဲ့ရသည်များကို ရေးသားထားသည့် “ဘာလဲဟဲ့ လူ့ငရဲ ” အမည်ရှိ စာအုပ်ထုတ်ဝေပွဲကို ထိုင်းနိုင်ငံနယ်စပ်ရှိ အေအေပီပီ ရုံးတွင် ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြ ပါသည်။
အခမ်းအနားတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ခံကိုယ်စားလှယ်နှင့် နိုင်ငံရေးနိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြသော NLD မှ ဒေါ်စမ်းစမ်းနှင့်၊ ဦးခွန်မြင့်ထွန်းက မွေးနေ့ ဆုတောင်းစကားများ ပြောကြားပေးခဲ့ပြီး DVB မှ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ကြီးက စာအုပ်ထုတ်ဝေရသည့် ရည်ရွယ်ချက်ကိုရှင်းပြခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဌေးအောင်က ဦးဝင်းတင်၏ကိုယ်ရေးရာဇဝင်ကို ဖတ်ကြားခဲ့ပါသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုငွေလင်းက ဦးဝင်းတင်၏ ကြွေးကြော်သံများနှင့် တိုက်တွန်းချက်များ အပေါ် ထောက်ခံဆွေးနွေးသွားခဲ့ပြီး၊ အေအေပီပီမှ ကိုတိတ်နိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့ပါသည်။ ထို့နောက် ဦးဝင်းတင်ကိုယ်တိုင် ပြောကြားချက် ဗီဒီယိုဖိုင်ကို ပြသပေးခဲ့ပြီး အခမ်းအနားကို နေ့လည် ၁၁နာရီခန့်တွင် ရုတ်သိမ်းခဲ့ပါသည်။
“ဘာလဲဟဲ့ လူ့ငရဲ ”စာအုပ်ကို DVB မှ တာဝန်ယူ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အေအေပီပီမှ တာဝန်ယူ ဖြန့်ချီသွားမည်ဟု သိရပါသည်။ စာအုပ်တန်ဘိုးမှာ ထိုင်းဘတ်ငွေဖြင့် တအုပ်၂၀၀ ဘတ်ဖြစ်ပြီး၊ နိုင်ငံခြားမှ မှာယူလျှင် ၁၅ဒေါ်လာ ကျသင့်မည်ဟု သိရပါသည်။ ရရှိသောငွေများကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကိစ္စတွင် အသုံးမည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီမှ တာဝန်ရှိသူ တဦးကပြောပြခဲ့ပါသည်။

မဲဆောက်မြို့ AAPP-B ရုံး၌ ကျင်းပပြုလုပ်သည့် သတင်းစာဆရာကြီး ဟံသာဝ တီ ဦးဝင်းတင် (၈၀) ပြည့်မွေးနေ့အထိမ်းမှတ် ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်မိတ် ဆက်ပွဲအခမ်းအနား ဓါတ်ပုံမှတ်တမ်း(ဒေါက်တာလွဏ်းဆွေ ဘလော့မှ)

ဓာတ်ပုံသတင်း - ကိုလတ် (၁၂-၃-၂၀၁၀)