8.04.2009

Burma's News World's News

Kim Jong-il and Bill Clinton
Former US President Bill Clinton meets North Korea's Kim Jong-il during a surprise visit to Pyongyang, state media report.

Iranian police are questioning three Americans being held for illegally entering the country, state media report.

Police fire tear gas at supporters of a Sudanese woman charged with wearing "indecent clothing", after her trial was postponed.


Photo released by Korean Central News Agency shows Bill Clinton shortly after arriving in Pyongyang, 4 Aug 2009
Tue. 04 Aug 2009 1308 UTC

Bill Clinton Meets With N. Korean Leader

North Korean media say former US president passed verbal message from President Barack Obama to Kim Jong Il during Tuesday's meeting in Pyongyang; White House denies report

Full Story »

Man walks past poster of Kurdish leader Massoud Barzani, right, and Iraqi President Jalal Talabani, ahead of regional elections, 22 Jul 2009

Analysts: Iraq's Arab-Kurd Dispute Could Be Greatest Stability Threat

Analysts say even though both sides are feeling politically and militarily stronger these days, they need to work toward political compromise

Secretary of State Hillary Clinton

Hillary Clinton Begins Africa Tour

US secretary of state begins seven-country tour in Kenya where she is attending trade, economic forum

Defeated Iranian presidential candidate Mehdi Karroubi at Ghoba mosque in Tehran, Iran, 28 Jun 2009

Iranian Reformists Call for More Protests

Former presidential candidate Mehdi Karroubi says protests will continue as President Mahmoud Ahmadinejad prepares to take office for second term

Iran

Americans Detained by Iran Face Interrogation

Three detained Friday on charges of entering Iran from Iraq without permission


OPINION

Burma Must Make Clear its Nuclear Ambitions

By AUNG ZAW
Reports of Burma’s shady nuclear ambitions have resurfaced to take their place alongside warnings by US Secretary of State Hillary Clinton of secret military ties and possible technology transfers between Burma and North Korea.


Broken Dreams

By KO HTWE
Burmese migrant domestic workers face low wages and abuse when they come to work in Thailand.

KNU Asks Thai Government to Pull out of Salween Dam Project

By SAW YAN NAING
Burma’s Karen National Union has appealed to the Thai government to halt its involvement in the construction of the Hat Gyi Dam on the Salween River, warning that the project would cause “huge” environmental damage and human rights abuses.

US Voices Concern over Burma, N Korea Nuclear Nexus

By LALIT K JHA
The United States expresses concern over news reports that North Korea may be helping the Burmese military regime to achieve its nuclear ambitions.

Total Chief: Critics Can ‘Go to Hell’

By THE IRRAWADDY
The CEO of French energy giant Total dismissed rights activists calling on the company to pull out of Burma, saying they “can go to hell.”

Plane Hits Control Tower at Thai Airport

By AMBIKA AHUJA
A plane skidded off the runway and crashed into an air traffic control tower after landing on the Thai resort island of Samui on Tuesday, killing the pilot.

Su Su Nway Put in Solitary

By LAWI WENG
Burmese labor rights activist Su Su Nway was placed in solitary confinement for three days after singing a song in prison to mark the 62nd anniversary of Martyrs’ Day.

US reiterates concern over Burma-N. Korea tie-up

The United States on Monday reiterated its concern over military cooperation between Burma and North Korea, but did not elaborate on the kind of cooperation the two countries...

Burmese sailors of bankrupt ship await remuneration

Twenty three Burmese sailors on board a Liberian-flagged ship, Annapurna, suddenly found themselves unemployed and stranded at a port in Auckland, New Zealand, after creditors...

Editorial, Opinion and Analysis

Body count in battle zone

(Analysis) It was just another day for the surgeons at Mae Sot General Hospital, in Thailand's north. Overnight, on July 18, a dozen Democratic Karen Buddhist A...


Yettaw suffers seizure, hospitalized: US Embassy

The American, John William Yettaw, on trial in Burma for swimming across to Aung San Suu Kyi’s home in early May, was hospitalized on Monday night, after having convulsions......

Friend of Burma - India’s Marxist leader dies

Subhas Chakraborty, a prominent leader of India’s Communist Party of India (Marxists), who had come out in strong support of the Burmese cause in the struggle against the military.......

Burmese activist honoured with Asia’s highest award

A Burmese human rights activist, who exposed the ruling junta’s human rights violations and destruction of the environment, has been named one of the recipients of this year’s...

Court verdict will test constitution, judiciary: Suu Kyi

Detained Burmese opposition leader Aung San Suu Kyi has said the verdict on her trial and three other defendants will test the “Rule of Law” and the judicial system of......

မျှတမှုနှင့် ဂုဏ်ကြက်သရေ

E-mail Print
၂၀၀၃ ခုနှစ်က နောက်ဆုံးအကြိမ် ကျနော် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရစဉ်က စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည် စီးနင်းလာသည့် ယာဉ်တန်းကို တိုက်ခိုက်ရန်အတွက် အမိန့်မပေးမီ ကာလ ဖြစ်သည်။

ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အများအပြား သေဆုံး ခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် စကားပြော လေရာ နိုင်ငံနေရာ အနှံ့အပြားတွင် လူထောင် သောင်း ချီ၍ စုဝေးလာသည့်အတွက်ကြောင့်လည်း အစိုးရက ရက်ရက်စက်စက် တခုခု ပြုမူ လာတော့မည် ဖြစ်ကြောင်း ခြိမ်းခြောက်သတိပေးမှုများ များပြားလာနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားခဲ့သေးသည်။ လူမြင်ကွင်းမှပျောက်ကွယ်နေ၍ တဦးတည်း ထိန်းချုပ်ထားသည့်တိုင် လူထုအကြား ဒေါ်အောင် ဆန်း စုကြည်အပေါ် ထောက်ခံနေမှုမှာ လျော့ကျမသွားခဲ့ပါ။ အန္တရာယ်တိုးများလာနေသော်လည်း မလျှော့တန်း ဆက် လက် လုပ်ကိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းအားနှင့် ဇွဲစိတ်သန်မှုမှာ လေးစားအားကျဖွယ်ပင် ဖြစ်ပါသည်။

ယခု ရင်ဆိုင်နေရသည့် ဟန်ပြခုံရုံးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့တွင်ရှိနေသည့် ရှားရှားပါးပါး အရည်အသွေး များကို အသုံးချ၍ ကျော်ဖြတ်သွားမည်ဆိုသည်ကို သိနေပါသည်။ မည်သို့ဖြစ်စေ ဤဖြစ်ရပ် ကြောင့် ဒေါ်အောင်ဆန်း စုကြည်ကို အင်အားတိုး၍ တက်ကြွစေမည်ဖြစ်ပြီး ပို၍ပင် ထောက်ခံမှုအား ကောင်းလာမည်သာ ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များက အဖြစ်အပျက်များတွင်လည်း မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကလေးကလား ဆန်ဆန် ညစ်ပတ်ကွက်ကို ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံခေါင်းဆောင်တဦးအလား တည်ကြည်စွာ တုံ့ပြန် ပြုမူခဲ့ပုံ နောက်တကြိမ်ကို မြင်ခဲ့ကြရပြန်သည်။ နိုင်ငံတကာ သတင်းမီဒီယာများကလည်း ဤသတင်းကိုသာ အသားပေး ဖော်ပြခဲ့ ကြသည်။ အချုပ်အနှောင် ခံနေရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အလွန် အင်အားကြီးလာအောင်၊ ရှိသမျှ မရေမတွက်နိုင် သည့် အင်အားများက ဒေါ်အောင်ဆန်းစုကြည်ထံ စုပြုံစီးဆင်းသွားလေအောင် စစ်အစိုးရက လုပ်ပေးနေ သည့် အသွင်ဖြစ်နေပါသည်။

ဒေါ်အောင်ဆန်းစုကြည်ထံတွင် ရှိနေသည့် အာဏာအစွမ်းသည် နေရာပေါင်းများစွာမှ စီးဆင်းလာပါသည်။ မြန်မာနိုင်ငံ အရေးအတွက် သူ့ထံတွင် မျှော်လင့်ချက်ထားနေကြသူ ပြည်တွင်း၊ ပြည်ပရှိ လူပေါင်းများစွာထံမှ လာပါသည်။ လယ်ကွင်း ထဲရှိ ဆင်းရဲမွဲတေနေသည့် လယ်သမားများမှသည် မြစ်ဝကျွန်းပေါ်ဒေသရှိ နာဂစ်လေမုန်တိုင်းဒဏ် ခံစားခဲ့ကြရသည့် ဒုက္ခ သည်များထံမှ လည်းကောင်း၊ မြန်မာပြည်နယ်စပ်ပြင်ပရှိ ဒုက္ခသည်များမှသည် ပြည်တွင်း၌ပင် တိမ်းရှောင်ပြေးလွှားနေကြ ရသည့် ပြည်တွင်းဒုက္ခသည် များထံမှ သော်လည်းကောင်း၊ စစ်အစိုးရ ဒုက္ခပေးမှုကြောင့် အသက်ငင်နေကြရသည့် စီးပွားရေး လုပ်ငန်းရှင်များမှသည်၊ ပြည်သူ့အကျိုး ထမ်းဆောင်ပေးခွင့် မရရှာသော ပြည်သူ့ဝန်ထမ်းများ ထံမှသော်လည်းကောင်း၊ စုပြုံရောက်ရှိ လာကြခြင်း ဖြစ်ပါသည်။

ထိုမျှမက ကျနော်တို့၏ ခေါင်းဆောင်များအပေါ်တွင် မယုံကြည်နိုင် သံသယအမြင်အပြည့်ဖြင့် ကြည့်နေကြရ သည့် ကမ္ဘာ ကြီးထဲ၌ တည်ကြည်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု စသည့် သူမတူသည့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းများကို လေးစားကြည်ညိုနေကြသူများထံမှလည်း ၎င်းအာဏာခွန်အားများလာခြင်း ဖြစ်ပါသည်။ ထိုမျှမက တကိုယ်တော်၊ သတ္တိ ပြောင်မြောက်လှသည့် အမျိုးသမီးတဦးအပေါ် တသွေးတသံတမိန့် ဖြစ်နေသည့် စစ်တပ်ကြီးတခုလုံးက ရန်ပြုခံနေရသည့် အခြေအနေ၊ ဇာတ်နာစရာအကြောင်းမှလာခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ် သန်းရွှေအနေနှင့် ဤသို့ ခွန်အားများ စီးဆင်းလာနေ မှုကို ရပ်ဆိုင်းပိတ်ဆို့နိုင်ဖွယ် အကြောင်းမရှိပါ။ တိုး၍သာ ပို၍ပြင်းထန်စွာ၊ ပို၍ မြန်ဆန်စွာ စီးဆင်းလာမည်သာ ဖြစ်ပါ သည်။ ဤအချက်ကြောင့်လည်း သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ရွံ့စိုးရိမ်နေကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အာဏာအစွမ်းက သူ၏ ဆုံးဖြတ်ချက်မှန်ကန်မှု၊ ထက်မြက်မှုအပေါ်တွင် ထပ်၍ထပ်၍ တိုးတက် လာနေကြောင်း ပို၍ ထင်ရှားလာရပါသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို သိပ်ခေါင်းမာသည်၊ သိပ် ပျော့ပြောင်းသည်၊ သိပ်အလျှော့ပေး စေ့စပ်လိုသည်၊ အလျှော့ပေး စေ့စပ်လိုစိတ်မရှိ.. စသဖြင့် ဝေဖန်ခဲ့သူ အများရှိခဲ့ပြီး၊ တချို့ပညာရှင်များပင် ပါဝင်ခဲ့ကြပါသည်။ ထိုသူများက ဖော်ပြချက်မှာ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာကြီး က သာ စစ်အစိုးရအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြ ပါက စစ်အစိုးရက သူ့ဘာသာ ပြောင်းလဲသွားမည်ဟု ဆိုကြ ပါသည်။ အကယ်၍ ကျနော်တို့က စစ်အစိုးရအပေါ် သနားကြင်နာစွာဆက်ဆံပါက အမှန်ပင် စစ်အစိုးရပြောင်းလဲသွားမည် ဟု သူတို့ စိတ်ထဲက ယုံကြည်စွာပြောဆိုနေခဲ့ခြင်း ဖြစ်ပါသည်။ (ဤသို့ပြောဆိုနေကြသော်လည်း သူတို့၏အမြင်ကို ထောက်ခံပံ့ပိုး ပေးမည့် သက်သေသာဓက တစုံတရာ မရှိပါ။)

ထိုသူများတွင် အချိန်နှင့် ခွန်အား မြောက်များစွာ ရှိခဲ့ကြပါသည်။ မြန်မာနိုင်ငံ သမိုင်းနှင့်ပတ်သက်၍ စာအုပ် တွဲများ ထွက်ရ လောက်အောင်၊ ဉာဏ်ကြီးရှင် အစီရင်ခံစာများ၊ မြန်မာနိုင်ငံ၏ အုပ်စုဂိုဏ်းဂဏ နိုင်ငံရေးနှင့် ပတ်သက်၍ အသေးစိတ် ဖော် ပြထားသည့် သုံးသပ်ချက်များ.. စသည်ဖြင့် ရေးသားကြပြီး ဒေါ်အောင်ဆန်း စုကြည်၏ ဂုဏ်သိက္ခာသတင်း ကျော်စောနေရ မှု ချက်ကောင်းကို ထိုးနှက်ရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့သော်လည်း ဖြစ်လာသမျှအကြောင်းအချက်များက သူတို့၏ ဝေဖန် ချက်များကို ဘေးရောက်သွားခဲ့ စေသည်သာ ဖြစ်ပါသည်။ သူတို့၏ အချက်အလက်များကလည်း သွေလွဲခဲ့ရသည်ချည်း ဖြစ်ပါသည်။

ပထမအချက်မှာ မြန်မာနိုင်ငံ အိမ်နီးချင်းများက ဆန်းစစ်ဝေဖန်မှု လုံးလုံးမရှိဘဲ ကျင့်သုံးနေကြသော အပြုသဘောဆောင် သည့် ပူးပေါင်းဆက်ဆံရေးမှာ ဆယ်စုနှစ် ၂ ခုတိုင် ရှိခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု အနည်ဆုံး တခုသော်မျှ မဖြစ်စေသည့်အပြင် စစ်အစိုးရအနေနှင့် ပြောင်းလဲလိုက်လျော လာစေမည့် အသွင် မမြင်ခဲ့ကြရပါ။ အကယ်၍ ပညာရှင် တဦးတလေက မိမိကြွင်းကျန်နေနိုင်သည့် သက်သေ သာဓက တခုခုကို ပေးနိုင်ပါမည်လား။ အမှန်ပင် ၀မ်းသာမိ မည် ဖြစ်ပါသည်။

ဒုတိယအချက်မှာ မြန်မာပြည်သူများအတွက် အကူအညီများ(သဘာဝအရ ကောင်းမွန်သည့် အလုပ် ဖြစ်သော် လည်း)သည် လည်း စစ်အစိုးရအတွက် မက်လုံးသဖွယ် မဖြစ်စေခဲ့ပါ။ ကြိုတင်သိရှိထားမှု မရှိဘဲ၊ သတင်းမရရှိကြဘဲ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသတခုလုံး မြေပုံမှ ပျောက်ကွယ်သွား တော့မတတ် ဖြစ်ခဲ့ရသော်လည်း ကမ္ဘာက အား တက်သရောပေးကမ်းလာကြမည့် အကူအညီများအား စစ်အစိုးရက ငြင်းပယ်ကာ မုန်တိုင်းသင့်ဒုက္ခသည်များကို တပူပေါ် နှစ်ပူဆင့် ပို၍ ဒုက္ခသင့်စေခဲ့ပါသည်။

တတိယအချက်မှာ မြန်မာနိုင်ငံရှိ ပြည်သူများက အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လို နေကြပါသည်။ ဝေဖန် သူအများစုကဆိုနေကြသည်မှာ မြန်မာပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရည်မှန်းချက်များကို စိတ်မ၀င် စားကြတော့ဘဲ သူတို့ နေ့စဉ်နှင့်အမျှ စားရေးသောက်ရေး အပြောင်း အလဲ ကိုသာ ရှာဖွေနေကြသည်ဟု ဆိုပါသည်။

၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာ ထောင်ပေါင်းများစွာက အပြောင်း အလဲများ ဖြစ်လာစေရန် ရဲဝံ့စွာချီတက် လမ်းလျှောက်ခဲ့ကြပြီး ပြည်သူအများက ၀န်းရံအားပေးခဲ့ကြပါသည်။ သေချာသည်မှာ ပြည်သူများက လုံးဝဥဿုံပြောင်းလဲမှုမျိုးကိုသာ ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြခြင်း ဖြစ်ပါသည်။

သို့သော်လည်း တဘက်အမြင်မှနေ၍ ဝေဖန်နေကြသူများကိုလည်း မျှမျှတတသဘော တုံ့ပြန်လိုပါသည်။ သူတို့ ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းများသုံး၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ဖိအားပေးရေး၊ သံတမာန်ရေး နည်း လမ်းများဖြင့် ကြိုးပမ်းနေကြသူများ ဖြစ်ပါသည်။

ကိုဖီအာနန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ယူနေစဉ်ကာလအတွင်း သူ့ထံမှ "အလွန်အမင်း စိုးရိမ် မကင်း ဖြစ်ရပါသည်" ဟူသော ထုတ်ပြန်ကြေညာချက် မည်မျှ တွေ့ခဲ့ရပြီဆိုသည်ကို အသေအချာ မပြောနိုင်တော့ပါ။ မစ္စတာ ဘန်ကီမွန်းသည်လည်း စက္ကူချွေတာလိုလျင်ဖြင့် ယခင်ကြေညာချက်များအောက် လက်မှတ်ထိုးသည့်နေရာတွင် ကိုဖီအာနန်၏ အမည်ကိုဖျက်၍ ဆက်ခံသူ သူ့အမည်ကို ရေးသားရုံသာ ရှိပါတော့သည်။ ထိုမျှမက စစ်အစိုးရ၏ လုပ်ရပ် များအပေါ် ပြစ်တင်ရှုတ်ချကြသူ၊ ဒေါသဖြစ်ရသူ၊ ဝေဖန်ကြသူ အစိုးရအများအပြားလည်း ရှိနေပါသေးသည်။ ရုပ်ပြ သဘောဆောင်သည့် ပိတ်ဆို့ဒဏ်ခတ်မှုဖြင့် တုံ့ပြန်ခဲ့သူ အစိုးရများလည်း ရှိနေပါသေးသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို အိမ်နီးချင်းကောင်းဟုပင် ဆို၍ မရနိုင်ကြတော့ပါ။ သူတို့က နေ့စဉ်နှင့်အမျှ၊ နှစ် လ ကြာရှည် မြန်မာနိုင်ငံတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နှိပ်စက်ညှဉ်းပန်းသံများ နားမခံသာအောင် ကြားနေကြရ သော်လည်း သူတို့အရေးမဟုတ်ဟု ဆိုနေကြပါသည်။ သူတို့၏ မူဝါဒများ၊ သို့မဟုတ် မူမဲ့ကျင့်သုံးနေပုံများမှာ ပို၍ပင် အန္တရာယ်ကြီးနေစေပါသည်။

ဤကိစ္စများတလျောက်လုံး၌ ဒေါ်အောင်ဆန်းစုကြည်က မျှမျှတတနှင့် တည်ကြည် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခဲ့သည်ဟု မြင်ပါသည်။ ကြိုတင်သတ်မှတ်ချက်များ မရှိဘဲ တွေ့ဆုံဆွေးနွေးမည်ဟု ကမ်းလှမ်းထားပြီးလည်း ဖြစ်သည်။ တိုးတက်မှုရ လာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်ပေးရမည်ဆိုသည့် အပေးအယူကိုလည်း နားလည်ထားသူ ဖြစ်ပါ သည်။ သူက နိုင်ငံရေး ရည်ရွယ်ချက်အတွက် လူထုကို လက်နက်သဖွယ် ချသုံးမည့်သူ မဟုတ်ပါ။ အမျိုးသားပြန်လည် ရင်ကြား စေ့ရေးဟူသည်မှာ လက်တွေ့ကျမှု၊ ပွင့်လင်းသောစိတ် စသည့် မူများမှနေ၍ အခြေခံ၍လာရမည်ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည်က သဘောပေါက် ထားပါသည်။ စစ်ဗိုလ်ချုပ်များက တခုခု တုံ့ပြန်လာနိုး မျှော်လင့်ချက် ဖြင့် သင်၏ အားကောင်းချက်များကို လက်လွှတ်ပေး အပ်လိုက်ရန် မလိုအပ်ပါ။

အမှန်တကယ် အပြောင်းအလဲများ ဖြစ်ရန်အတွက်ဆိုလျှင် ဖိအားလိုအပ်ပါသည်။ ဗိုလ်ချုပ်သန်းရွှေ လက်အောက်တွင် ရှိနေ ကြသူများအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲအလုပ်လုပ်ပါက သူတို့အတွက် အကျိုးပို၍ ရှိစေမည်၊ မဟုတ်ပါက ဆုံးရှုံးရန်အကြောင်းချည်းသာ ရှိနေသည်ဟု နားလည်သဘော ပေါက်လာစေသည့်တိုင် ဖိအားများ လိုအပ်နေ ပါသေးသည်။ ၎င်းဖိအားများသည် တရုတ်နိုင်ငံမှ လာရန် လိုအပ် ပါသည်။ အကယ်၍ ဗိုလ်ချုပ်သန်းရွှေကို နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး တင်ရတော့မည့်အရေး၌ တရုတ်နိုင်ငံက ဗီတိုအာဏာဖြင့် ကာကွယ်မပေးနိုင်ကြောင်း သိစေရန် လိုအပ်ပါ သည်။

အာဆီယံ အဖွဲ့ကလည်း မကြာသေးမီကမှ လက်မှတ်ရေးထိုးခဲ့သည့် လူ့အခွင့်အရေး သဘောတူညီချက်များဖြင့် တုံ့ပြန်လာ ရန် လိုအပ်နေပါသည်။ စစ်အစိုးရအပေါ် သြဇာအများဆုံးသက်ရောက်နိုင်ကြသည့် အနောက်နိုင်ငံ များထံမှလည်း သံတမန် ရေးအရ ဖိအားများ အပြင်းထန်ဆုံးသက်ရောက်စေရန် လိုအပ်နေပါသည်။ ပြစ်တင် ဝေဖန်နေရုံမျှဖြင့် မည်သည့်အခါမျှ အလုပ်မဖြစ်နိုင်ပါ။ နိုင်ငံတကာ မိသားစုအနေဖြင့် တိကျသော လုပ်ဆောင်မှုများ၊ အကယ်၍ စစ်အစိုးရက ပြုပြင်ပြောင်းလဲ မှုများ လုပ်ဆောင်ရန် ဆက်လက်ပျက်ကွက်ပါက အမှန်တကယ်ရင်ဆိုင်ရမည့် အကျိုးဆက်များကို သေချာချမှတ်ဆောင် ရွက်သင့်နေပြီ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် သိသိသာသာ ချီးမြှောက်ဂုဏ်ပြုလိုပါသည်။ သို့သော်လည်း သူ့အပေါ် မိမိ၏ အမြင်နှင့် ရောထွေး၍ နားမလည်ပစ်ရန် လိုအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က သူပြုခဲ့သည့် အမှားများ ရှိသည်ဆိုလျှင် ၎င်း တို့အတွက် ပထမဦးဆုံး ၀န်ခံပြောဆိုရမည့်သူဟု ကျနော်က မြင်ပါသည်။ လုံးဝပြုပြင် ပြောင်းလဲပစ်မည့်သူလည်း ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်တွင် ဤကဲ့သို့သော ရိုးသားမှု ရှိပါသည်။ သို့သော် အရေးကြီးသည့်အချက်မှာ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ စစ်တပ်ကို မည်သည့်အခန်းကဏ္ဍတွင် ထားရှိ မည် နည်း၊ တိုင်းရင်းသားများအရေး တရားမျှတအောင် မည်သို့ဖြေရှင်းပေးမည်နည်းဟူသော မေးခွန်းများ ဖြစ်ပါသည်။ ဤ ကိစ္စများအပေါ် ဒေါ်အောင်ဆန်းစုကြည်က မှန်မှန်ကန်ကန်ပင် မြင်ထားပါသည်။

နိုင်ငံရေး လှုပ်ရှားမှုများ နိဂုံးချုပ်ခဲ့လေပြီ၊ သို့မဟုတ်လျှင်လည်း အလျှင်အမြန်ရလဒ်ကောင်းထွက်လာဖွယ် မရှိဟု ယုံကြည် နေကြသူများအတွက်လည်း သူတို့၏ သမိုင်းစာအုပ်ကို သေသေချာချာ၊ စိစိစစ်စစ် ပြန်လည်ဖတ်ရှုရန် တိုက်တွန်းလိုပါ သည်။

အာဖရိက အမျိုးသားကွန်ဂရက် (အေအန်စီ)ကို ၁၉၁၂ ခု စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ သူတို့၏ ရည်မှန်းချက် ဒီမိုကရေစီ တောင်အာဖရိကနိုင်ငံတော် ဖြစ်ပေါ်လာစေရန်အထိ ဆယ်စုနှစ် ၈ ခုကျော် ဖြတ်သန်းခဲ့ကြရပါသည်။ အရှေ့ဥရောပရှိ ဒီမိုကရက်များအနေနှင့် အောင်ပွဲခံရန် ရာစုနှစ်တ၀က်မျှ ရုန်းကန်လှုပ်ရှားခဲ့ကြရပါသည်။

မြန်မာနိုင်ငံကို ဤမျှ ကြာရှည်စောင့်ရမည်ဟု မဆိုလိုပါ။ လှပလွန်းသည့် နိုင်ငံတွင် အပြောင်းအလဲများ တွေ့မြင်ရစေရန် မိမိတို့ ဆန္ဒစောနေကြပါသည်။ သည်းညည်းမခံနိုင် ဖြစ်နေခြင်းသာ ဖြစ်ပါသည်။ အမှန်တကယ် အပြောင်းအလဲဆိုသည်မှာ မည်သို့မည်ပုံ ဟူသည်ကိုလည်း ကျနော်တို့က အာရုံမပြတ်စေသင့်ပါ။ ဤအချက်ကို ဒေါ်အောင်ဆန်းစုကြည်က အမြဲ မျက်ချည်မပြတ်ရှိ နေသည်ဟု ယုံကြည်ပါသည်။

တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောခဲ့ဖူးပါသည်။ သူ့အပေါ် မှီခိုအားထားနေကြသူများ စိတ်ဓာတ်ကျဆင်း သွားရမည်ကိုသာ စိုးရိမ်သည်ဟု ဆိုခဲ့ပါသည်။ ဖြစ်နိုင်လျှင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် သူသာ အနစ်နာခံလိုက်မည်ဟု ဆိုပါ သည်။ ဤအချက်ကပင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်နေသဘောထားကို ဖော်ပြနေပြီး ဤအတိုင်း အနစ်နာခံ ဆောင် ရွက်နေခြင်း ဖြစ်ပါသည်။ ထိုမျှမက ဤအချက်က နိုင်ငံတကာ မိသားစု အတွက်လည်း တစုံတရာပြောဆိုနေခြင်း ဖြစ်ပါတော့ သည်။

John Jackson ရေးသားသည့် Balance and Grace ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

John Jackson သည် ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ ဟောင်းတဦး ဖြစ်ပါသည်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဒေဝါလီခံ သင်္ဘောမှ လုပ်ခလစာရရှိရန် မြန်မာသင်္ဘောသားများ စောင့်ဆိုင်း

သင်္ဘောပိုင်ရှင် အိစ်ဝင်း (Eastwind) ကုမ္ပဏီ ဒေဝါလီခံခဲ့ရသဖြင့် အကြွေးရှင်များက သင်္ဘောကို သိမ်းယူသောကြောင့် လိုင်ဘေးရီးယား အလံတင် အန်နာပါနာ သင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ၂၃ ဦးသည်...

တရုတ်ကို အတုခိုးချသော နအဖ စစ်တပ် - ၂

ဤ ခေတ်မီ စစ်လက်နက်ပစ္စည်းများနှင့် ခေတ်မီ တပ်မတော်ကို တည်ထောင်ရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပါ။ စစ်လက်နက်ပစ္စည်းများကို ဈေးကြီးပေးဝယ်ရုံနှင့် မရပါ။...

အမှုမှ အပြီးပြတ် လွှတ်ခြင်းနှင့် ပြစ်ဒဏ် သတ်မှတ်ခြင်း

ဥပဒေရေးရာတိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ရတော့မှာလား၊ အမှန်တရားအတွက် တိုက်ပွဲဝင်သူတွေအတွက် ဥပဒေက ဘာမှ အကာအကွယ် မပေးနိုင်တော့ဘူးလား။ ......


ရွေးကောက်ပွဲနှင့်ဒီမိုကရေစီဓလေ့

NEJ / ၃ သြဂုတ် ၂၀၀၉
ရွေးကောက်ပွဲကို ကြားနေအဖွဲ့အစည်းက ကြီးကြပ်မှသာ တရားမျှတမည်ဟု ယုံကြည်ကြသည်။ ကြီးကြပ်သူသည် မဲလိမ်မှုကို ကာကွယ်နိုင်၍ မဲရေတွက်ရာ၌ ကျွမ်းကျင်ရန်လိုအပ်သည်။ ရွေးကောက်ပွဲဝင်သူအားလုံးကို ရဲသား၊ စစ်သားနှင့်တရားရုံးက ကျောသားရင်သားမခွဲခြားဘဲ တန်းတူရည်တူ ဆက်ဆံရန်လိုသည်။ ယှဉ်ပြိုင်သူအားလုံးသည် သတင်းမီဒီယာကို ...အပြည့်အစုံသို့
ကျန်စစ်သားမင်းနှင့် စောလူးမင်း

မောင်သြ / ၄ သြဂုတ် ၂၀၀၉
ဒီနေ့မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ သတင်းစာတွေဆိုတာကလည်း လက်ရှိစစ်အစိုးရအာဘော်၊ စစ်အစိုးရပေါ်လစီ၊ စစ်အစိုးရအကြိုက်၊ စစ်အစိုးရလမ်းညွှန်ချက် မူဝါဒတွေအောက်မှာ မျက်နှာချိုသွေးရေးသားနေတဲ့ ကပ်ဖားရပ်ဖား ဆောင်းပါးတွေချည်းပါ။ ရေးတဲ့သူတွေကလည်း ရှေးခေတ် နန်းတွင်းစာဆိုတော်တွေလို ....... အပြည့်အစုံသို့
“၈၈၈၈” ဂုဏ်ပြုအစီအစဉ်
NEJ / ၄ သြဂုတ် ၂၀၀၉









“၈၈၈၈” အတွက် သင်၏ မည်သည့် Chat တွင်မဆို အသုံးပြုမည့် icons များ ရယူရန်


စားဆီကိစ္စ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ထင်ရာစိုင်းနေ
ဈေးရောင်းသူများ မကျေမနပ်ဖြစ်


NEJ / ၄ သြဂုတ် ၂၀၀၉

“ရန်ကုန်တိုင်း စည်ပင်သာယာရေး အဖွဲ့ဝင်တွေ ရောက်လာပြီး ကျမတို့ ဆိုင်တင်ရောင်းနေတဲ့ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ စားဆီပုံးတွေကို ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ သိမ်းတယ်ဆိုပြီး လာသိမ်းသွားတယ်။ နောက် အဲဒါ လက်မှတ်ထိုးခိုင်းတော့လည်း....”အပြည့်အစုံသို့

ထိုင်းဆီများ ပိတ်ပင်လိုက်သော်လည်း တင်သွင်းနေဆဲ

NEJ / ၄ သြဂုတ် ၂၀၀၉ “ထိုင်းဘက်က တင်သွင်းတဲ့ဆီတွေကို အန္တရာယ်ရှိတယ်ဆိုပြီး မြန်မာဘက်က ပိတ်တယ်။ ထိုင်းဆီတွေသွင်းတာ (၁၀) နှစ်ကျော်ပြီ၊ အခုမှ မြန်မာဘက်က.....”အပြည့်အစုံသို့

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ ၁၉၇၀ ခုနှစ် တ၀ိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ၀န်းကျင်အရွယ် စာအုပ်စာတမ်းများကို အရူးအမူးဖတ်ခါစအချိန်။ ကမ္ဘာ့  ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ များကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာ ခဲ့ကြဖူး၏။
ဆက်ဖတ်ရန် ...
စုစုနွေး တိုက်ပိတ်ခံရ

စုစုနွေး တိုက်ပိတ်ခံရ

လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် အာဇာနည်နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရေးစပ်ထားသည့် သီချင်းတပုဒ်ကို သီဆိုခဲ့သည့် အတွက်

မန္တလေး စက်သုံးဆီဆိုင်များ မြို့ပြင်ထွက်ရမည်

မန္တလေးမြို့တွင်းရှိ စက်သုံးဆီဆိုင်များကို မြို့ပြင်သို့ ရွှေ့ခိုင်းသည့်အပြင် တဆိုင်လျှင် ကျပ်သိန်း ၈၀ နီးပါး ကုန်ကျမည့် ဆိုင်ခန်းများ ဆောက်လုပ်ပြီးမှသာ လုပ်ငန်းလည်ပတ်ခွင့် ပြုမည်

မင်းမော်ကွန်း၏ အငြင်းပွားဖွယ်ရာ ဓာတ်ပုံ အင်တာနက်တွင် ပျံ့နှံ့

အင်တာနက် စာမျက်နှာများပေါ်တွင် လူအများ စိတ်ဝင်စားသည့် ဓာတ်ပုံတပုံ မကြာသေးမီက ပေါ်ထွက်လာခဲ့သည်။အဆိုပါပုံထဲတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း

ရေကာတာကြောင့် ရှမ်းပြည်သူများ ဒုက္ခတွေ့ဟု အစီရင်ခံစာ ထုတ်ပြန်

ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ရိုးပေါ်တွင် တည်ဆောက်မည့် တာဆန်း ရေကာတာ စီမံကိန်းကြောင့် ဒေသခံ ပြည်သူများ ညှင်းဆဲနှိပ်စက် ခံနေရသည်ဟု ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာ

ခိုးကူးခွေကြောင့် ဂီတလောကသားများ ငွေရှာသည့်ပုံစံပြောင်းရ

ခိုးကူးခွေများကြောင့် စီးရီးအသစ်များ မထွက်နိုင်သဖြင့် အဆိုတော်များ၊ တီးဝိုင်းသမားများသည် စားဝတ်နေရေး အတွက် မင်္ဂလာဧည့်ခံပွဲ၊ မွေးနေ့ပွဲ၊ နှစ်ပတ်လည် အခမ်းအနားနှင့်

ယက်ထော ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူနေရ

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လျှို့ဝှက် ဝင်ရောက်မှုကြောင့် အထိန်းသိမ်း ခံနေရသော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော မူးလဲသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ယမန်နေ့ညက


ရွှေဘုန်းလူ (ကဗျာဆရာ တာရာမင်းဝေ) ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အမှတ်တရစာစုများ ဖြန့်ချိ

မိုးမခ

သြဂုတ် ၄၊ ၂၀၀၉

၈၈ မျိုးဆက် ကျောင်းသားနဲ့ မြန်မာကဗျာဆရာတဦး ဖြစ်သူ ရွှေဘုန်းလူ ခေါ် တာရာမင်းဝေ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အမှတ်တရအဖြစ် စာအုပ်တအုပ်ကို ၎င်း၏အကိုဖြစ်သူ အောင်ဒင် (ကဗျာဆရာ ဒတ္ထ)က စီစဉ်ထုတ်ဝေလိုက်ပါတယ်။

၈၈ အရေးတော်ပုံကာလ ရွှေဘုန်းလူအမည်နဲ့ ရေးသားခဲ့တဲ့ ထင်ရှားသော တော်လှန်ရေးကဗျာ ၄ ပုဒ်၊ ၁၉၉၄ နောက်ပိုင်း ကဗျာဆရာ၊ စာရေးဆရာ တာရာမင်းဝေအမည်နဲ့ ထင်ရှားတဲ့ ကဗျာ ၃ ပုဒ် အပါအ၀င်၊ အရေးတော်ပုံကာလက သူငယ်ချင်း မိတ်ဆွေများနဲ့ စာပေလောကက မိတ်ဆွေများက ၎င်းအမှတ်တရ ရေးသားကြတဲ့ ကဗျာများ၊ စာများဖြင့် ဖွဲ့စည်းထားပြီး အင်တာနက်နဲ့ အီးမေးများကတဆင့် အီးဘုတ်အဖြစ် အခမဲ့ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။


အျပည့္အစုံသိုႛ ...


more


more

ကရင်တိုင်းရင်းသား ကိုကစောဝၝးကို မက်ဆေးဆေးဆု ခဵီူးမၟင့်

တရားဥပဒေဆိုင်ရာ သဘောထား ဒေၞအောင်ဆန်းစုကြည်ကိုယ်တိုင်လျှောက်လဲ

သံဃာများ ပြည်ပမီဒီယာ နားမထောင်ဖိုႛ တားမြစ်ခဵက်ထုတ်

NLD ထုတ်ပြန်ကြေငြာချက် (ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ အပေါ်မေးခွန်းထုတ်)

1
2