1.10.2011

လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟု ကြေညာ

ရန်ကုန် ၊ဇန်နဝါရီ ။ ၂၀၁၀
မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ လွတ်တော် (၃) ရပ်လုံးကို နေပြည်တော်တွင် လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်သည်ဟု ယနေ့ နေ့လည် (၁)နာရီက ထုတ်ပြန်ကြေညာသွားခဲ့ပါသည်။
ပြည်သူ့လွတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွတ်တော် သုံးရပ်စလုံးကို ၂၀၀၈ အခြေခံဥပဒေပါ ပြဌာန်း ချက်များအရ နအဖ မှ ကျင်းပပေးသွားမည်ဟု ကြေညာချက်က ဆိုပါသည်။
၂၀၀၈ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ စတင်ကျင်းပပြီး ၁၅ရက်အတွင်း ပြည်ထောင်စုလွှတ်တော်ကို ကျင်းပပေးရမည် ဖြစ်သည်။
ထို့အတူ ပြည်ထောင်စုပါလီမန်မှ ဒုတိယ သမ္မတ သုံးယောက်ကို ရွေးချယ်ပေးရမည် ဖြစ်ပြီး ထိုသုံးယောက်ထဲမှ တစ်ဦးသည် နိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက်ခြင်းခံရမည်ဖြစ်ပြီး၊ ကျန်နှစ်ဦးသည် ဒုတိယ သမ္မတအဖြစ် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)