11.30.2010

NLD ၏ထုတ်ပြန်ကြေငြာချက်

Photobucket
ဗိုလ်ချုပ်ဈေးတွင် ဈေးဝယ်နေကြသော ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ
၂၉ နိုဝင်ဘာ ၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံခြားသတင်းဌာန တစ်ခုက ထုတ်ပြန်ခဲ့သလို မြန်မာ စစ်အာဏာာပိုင် များ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို နိုင်ငံတကာ ရာဇဝတ် တရားရုံးတွင် တရားစွဲဆိုရေး ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည်ဟူသော ပြောဆိုရေးသားချက်သည် မဟုတ်မမှန်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်ကြေငြာချက်ထုတ်၍ ငြင်းဆိုခဲ့ပါသည်။
ထိုထုတ်ပြန်ချက်ကို RFA သတင်းဌာနမှ ထုတ်ပြန်ကြေငြာခဲ့ပြီး ထိုကြေငြာချက်သည် နိုင်ဝင်ဘာလ ၂၃ ရက်နေ့ထုတ် နယူးယောက်တိုင်း သတင်းစာ၏ ရေးသားချက်ကို ကိုးကား၍ ဖေါ်ပြခဲ့ခြင်း ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

ပတ်စပို့ရှိသည့် အလုပ်သမကြီးတစ်ဦး မဲဆောက်မှာ နာရီပိုင်းအတွင်း၂ကြိမ်အဖမ်းခံရ

Photobucket
နိုဝင်ဘာ ၂၉
ယာယီပတ်စပို့ ကိုင်ဆောင်ထားသည့် အသက်၅၀အရွယ် မြန်မာအလုပ်သမ ဒေါ်ဌေးသည် မိခင်ကွယ်လွန် ကြောင်း ကြားသိရသဖြင့် အလောင်းသဂြိုဟ်အမီ အပြင်းလာခဲ့စဉ်၊မဲဆောက်ကိုရောက်မှ ထိုင်းပုလိပ် ဖမ်းဆီးခြင်းကို နာရီပိုင်းအတွင်း ၂ကြိမ်ခံရသဖြင့် ဘတ်၉၀၀ ကုန်ကျခဲ့သည်။
ယမန်နေ့ စောစောပိုင်းက မဲဆောက်မြို့ ကို ရောက်ရှိပြီးနောက် မယ်တော်ဆေးခန်းအနီး အရောက်တွင် ထိုင်းပုလိပ် ဖမ်းဆီးခံရသဖြင့် ဘတ်၄၀၀ ပေးခဲ့ရသည်။ ထို့ နောက် လ၀ကရုံးသို့  ပြန်လည်ပြည်ဝင်ခွင့် ဗီဇာ
Re-entry သတင်း စုံစမ်းရန်လာစဉ် နောက်တစ်ကြိမ် ဖမ်းဆီးခံရသဖြင့် ၂ထပ်အချုပ်ခန်းသို့ ရောက်ရှိ သွားခဲ့သည်။
ဒေါ်ဌေးသည် ထိုင်းလာအိုနယ်နယ်စပ် ခေါင်ကယ်၊ ဒေချာဖန်းနစ် ငါးဖမ်းပိုက်ကွန်စက်ရုံတွင် ယာယီပတ်စပို့ 
ဖြင့် အလုပ်လုပ်နေရာမှ နေရပ်ရင်းကို ခေတ္တပြန်လာသည့် မြန်မာအလုပ်သမားဖြစ်သည်။ ဒေါ်ဌေးက“ အမေ ဆုံးတယ်လို့ ကြားလို့  ကျမ ချက်ချင်း ဆင်းလာခဲ့ပါတယ်။ တစ်လမ်းလုံး ချောချောမောမောပါပဲ။ မဲဆောက် အ၀င်မှာလည်း ဘာမှမဖြစ်ပါဘူး။ မဲဆောက်မြို့ ထဲမှာ အလုပ်လုပ်နေတဲ့ ကျမ အမျိုးသားရဲ့ ညီတော်စပ်သူ အခန်းကို လာတဲ့အခါ ပုလိပ်ဖမ်းတာပါ။ ကျမ ယာယီပတ်စပို့ ကို ထုတ်ပြပါတယ်။
ဝပ်ပါမစ် Work Parmit မပါလို့ ဖမ်းတာတဲ့ ကျမ ဘတ်၄၀၀ပေးလိုက်ရတယ်။ နောက် ကျမ တောမောရုံး ကို လာတော့ ကားပေါ်က ဆွဲချခံရပြန်တယ်။ ဘယ်လိုမှ ပြောလို့မရဘူး။ ကျမကို နှစ်ထပ်အချုပ်ခန်းကို ခေါ်သွားပါတယ်” ဟု ပြောသည်။
ဒေါ်ဌေးသည် မွန်ပြည်နယ် ဘီလင်းမြို့ နယ်၊ ဆွေလှေရွာမှဖြစ်ပြီး ထိုင်းတွင်တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ယာယီပတ်စပို့ ကိုင်ဆောင်ထားသူ တစ်ဦးဖြစ်သည်။
“ ကျမလည်း ထူပူသွားတာပေါ့နှော်၊ အယင်လက ကျမတို့စက်ရုံမှာ ပတ်စပို့ကိစ္စ ပြဿနာတွေ အကြီး အကျယ်ဖြစ်လို့ ဘန်ကောက်က လာရောက်ဖြေရှင်းတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့က ဖုန်းနံပါတ်ရှိတယ်။ ကျမဖုန်းဆက်ပြီး အကူအညီတောင်းလိုက်ပါတယ်။ ခဏနေတော့ မဲဆောက်က ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့က တာဝန်ခံ ကိုထက်ခေါင် ရောက်လာခဲ့ပါတယ်။ ကျမ မဲဆောက်အချုပ်မှာ ဘတ် ၅၀၀ ပေးခဲ့ရပါတယ်။ မရှိတဲ့အထဲက ကျမလာခဲ့တာပါ။ မဲဆောက်မှာ ပုလိပ်ကို ဘတ် ၉၀၀ ပေးလိုက်ရတာပေါ့နော်။ ကူညီပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဆက်လက် ပြောပြသည်။
သွားရောက် ကူညီပေးသည့် ကိုထက်ခေါင်က “ ကျနော့်ကို အတူလက်တွဲလုပ်နေကျဖြစ်တဲ့ ဘန်ကောက်က
BAT အဖွဲ့က ဦးကျော်သောင်းက ဖုန်းဆက်လာပါတယ်။ ကျနော်လည်း ချက်ခြင်းထသွားလိုက်တယ်။ တော်တော် စိတ်ဆင်းရဲစရာပါ။ ယာယီပတ်စပို့ လုပ်ထားပေမယ့် ကျနော်တို့ အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက ဒီအတိုင်း လုပ်ချင်သလို လုပ်နေတာတွေကို ရပ်သင့်ပြီးလို့ ကျနော်ပြောချင်ပါ တယ်။ အလုပ်သမားတွေကို အလုပ်သမားတွေ အဖြစ်မမြင်ပဲ၊ ထိုင်းပုလိပ်တွေအမြင်မှာ ဖမ်းစားလို့ အရသာရှိတဲ့ သတ္တ၀ါတစ်မျိုးလို့များ မြင်နေလား မသိပါဘူးဗျာ။” ဟု ပြောဆိုသွားသည်။
နှစ်နိုင်ငံ အစိုးရတို့ လက်ရှိလုပ်ကိုင်ပေးနေသည့် ယာယီပတ်စပို့မှာ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာ
ခွင့်ရှိကြောင်း တရားဝင် ပြောထားပြီးဖြစ်သည်။ Work Parmit မှာ အလုပ်လုပ်ကိုင်ခွင့်ဖြစ်ပြီး၊ ယခင် (ဘတ်) ကဲ့သို့ပင် ချုပ်နှောင်ထားဆဲဖြစ်သည်။ ယာယီပတ်စပို့လုပ်ပြီး ၁လအတွင်း Work Parmit လျှောက်ထား ရမည်ဖြစ်ပြီး ရက်ပေါင်း ၉၀ ပြည့်တိုင်း နီးစပ်ရာ လ၀က ရုံးတို့တွင် ဧည့်စာရင်း တိုင်ကြားရမည် (အသိပေးရမည်) ဖြစ်သည်။ ထိုင်းနိုင်ငံအနှံ့အပြားတွင် ယာယီပတ်စပို့ လုပ်ကိုင်ပြီးသည့် အလုပ် သမားများမှာ Work Parmit လျှောက်ထားခ အတွက် အစိုးရကို ၂နှစ်စာအတွက်၃၈၀၀ ပေးသွင်း ရသော်လည်း ပွဲစားခ ဘတ် ၃၀၀၀ မှ ၃၅၀၀ အထိ ပွဲစားနှင့် အငှားလုပ်ငန်းရှင်များအား ပေးဆောင် နေရသည်။ မသိနားမလည်သော မြန်မာအလုပ်သမားများအား လိမ်လည် လှည့်ဖြားသည့် ပြစ်မှုများလည်း နေရာတိုင်းတွင် ပေါ်ပေါက်နေကြောင်းသိရှိရသည်။
ရွေ့ ပြောင်း အလုပ်သမားများထံမှ နိုင်ငံပြန်လည်ပို့ ဆောင်ရေး ခရီးစရိတ်ဟူသည့် နာမည်ဖြင့် လာမည့်ဒီဇင် ဘာလကုန်မှ စတင်၍ အလုပ်သမားတစ်ဦးအား တစ်လကို ဘတ်၄၀၀နှုန်းဖြင့် ၆လတိုင်တိုင် ဖြတ်တောက်ရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ လုပ်ငန်းရှင်များထံသို့ တရားဝင်စာပို့ ထားပြီး ဖြစ်ပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှာ ယာယီပတ်စပို့ လုပ်ပြီးမှ ယခင်ကထက်ပင် အခက်အခဲ ကြုံတွေ့ နေရကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရှိရသည်။

11.29.2010

Press statement by the Special Adviser to the Secretary-General on Myanmar

VN Press Statement Yangon 28 Nov                                                                   

11.28.2010

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဖိတ်ကြားလွှာ

Photobucket

Burma's News World's News

Korea tension high amid war drillSouth Korean soldiers on Yeonpyeong island

Tensions remains high as the US and South Korea begin military exercises, five days after the North's deadly shelling of a Southern island.

Meeting over Irish rescue scheme

EU finance ministers are to meet in Brussels to discuss the details of an 85bn-euro ($113bn; £72bn) rescue deal for the Irish Republic.

UN Official Meets Suu Kyi

By THE ASSOCIATED PRESS
Burmese pro-democracy leader Aung San Suu Kyi says she hopes her meeting with a senior UN official today will be the first of many with the world body.

New Rules Restrict Free Speech in Burmese Parliament

By THE ASSOCIATED PRESS
Freedom of speech for members of parliament in Burma will be restricted under laws that dictate the functioning of the newly elected government.

UN Official to Meet Suu Kyi

By THE ASSOCIATED PRESS
A senior United Nations official arrives in Burma to meet with both government leaders and recently released pro-democracy leader Aung San Suu Kyi.

Weekly Business Roundup (November 27, 2010)

By WILLIAM BOOT
Aung San Suu Kyi said she is “saddened” by India’s decision to develop trade links with the Burmese military junta and drop support for her opposition democratic party.

Video of Ex-Spy Chief Baffles Burma Watchers

By BA KAUNG
An Internet video of a meeting between Burma's former spymaster Khin Nyunt and the country's police chief raises questions about who leaked it, and why.
Aung San Suu Kyi meets Vijay Nambiar
dassk-vijay-sRecently released Burmese pro-democracy leader Aung San Suu Kyi welcomes Vijay Nambiar (left), ...
New York Times misreads Aung San Suu Kyi: NLD
Dsskson-sThe New York Times misread party leader Aung San Suu Kyi’s views by reporting that she disagreed ... USDP ministers reach out to RNDP lawmakers-elect
Cyclone-Giri-sTwo national legislators-elect from the junta-backed Union Solidarity and Development Party have sought ...
Meth soaring as UN expert urges regulation thumbnail

Meth soaring as UN expert urges regulation

Report finds regional seizures of methamphetamine pills have tripled since 2008 as UN health expert calls for legal regulation of drugs
Burma blocks Wa army-linked airline thumbnail

Burma blocks Wa army-linked airline

Aviation authorities refuse certificate for Yangon Airways in a likely attempt to pressure the UWSA over its border militia refusal
HIV patients given temporary stay thumbnail

HIV patients given temporary stay

Residence permit extended until 1 December after international media and support groups heap pressure on the Burmese junta

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားတို့ လက်ဆွဲနုတ်ဆက်နေစဉ် (နိုဝင်ဘာလ ၂၇၊ ၂၀၁၀)
ဓာတ်ပုံ ASSOCIATED PRESS

ဒေါ်စုနဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ထိပ်တန်းသတင်းများ

ဦးခင်ညွှန့် ဗီဒီယိုဖိုင်အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်

ဦးခင်ညွှန့် ဗီဒီယိုဖိုင်အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်

နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက လာရောက်တွေ့ဆုံပြီး ခေါ်ထုတ်သွားသည့် ဗီဒီယိုကလစ်သည်
ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့

ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်၏

နယူးယောက်တိုင်းမ်စ် သတင်း ဒေါ်အောင်ဆန်းစုကြည်ငြင်း

စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် တရားစွဲဆိုရေး ဆောင်ရွက်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဟု နယူးယောက်တိုင်းမ်စ် သတင်းတွင် ရေးသား ထားသည်မှာ

ဗိုလ်ချုပ်မှူးကြီးမိသားစု စိန်အများဆုံး စုဆောင်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် တန်ဖိုးကြီးစိန် ဝယ်ယူ စုဆောင်းမှု အများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၆ နှစ်တာ အတွင်း ဝယ်ယူသော စိန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ထက်

ချင်းမိုင် ရုက္ခစိုးနှင့် လူထု စစ်ဆင်ရေးပုံစံသစ်

ချင်းမိုင် ရုက္ခစိုးနှင့် လူထု စစ်ဆင်ရေးပုံစံသစ် “ထိန်း … ထိန်း … ဒိုင်း ... ဒိုင်း … ဝုန်း … ဗြုန်း” ယမ်းညှော်နံ့များ လွှမ်းနေသော်လည်း … စစ်ဖြစ်နေခြင်း မဟုတ်ပါ။ ချင်းမိုင်မြို့က နာမည်ကျော် လွိုင်ကထုံပွဲ
ဆက်ဖတ်ရန် ...ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဗီဂျေး နမ်ဘီယား တွေ့ဆုံ
dassk-vijay-sဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ...

နယူးယောက်တိုင်းမ် သတင်းစာ မှားယွင်းဖော်ပြဟု အန်အယ်ဒီ ပြော
thenewyorktimesဒေါ်အောင်ဆန်းစုကြည်က ပြည်ပရှိ ထောက်ခံ သူများအနေဖြင့် စစ်ဗိုလ်ချုပ်များကို ...
၂၁ ရာစု ပင်လုံကို နိုင်ငံတကာ ထောက်ခံမှုပေးရန် တောင်းဆို
Dssksonssssssss၂၁ ရာစု ပင်လုံညီလာခံ အမြန်ဆုံး အကောင်အထည်ပေါ်လာရေး နိုင်ငံတကာ ...

more

 

more

 

more

 

more

 

more
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ
မိုးမခ အင်တာဗျူး
နိုဝင်ဘာ ၂၆၊ ၂၀၁၀
ယနေ့ညနေမှာ မိုးမခက အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တခဏ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ မိုးမခက လက်ခံရရှိထားတဲ့ ပြည်တွင်း ပြည်ပက မြန်မာများရဲ့ မေးမြန်းချက်တွေ၊ သဘောထားတွေကို တင်ပြပြီး ဒေါ်စုရဲ့ တုန့်ပြန်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
ရန်ကုန်မှာ ဆွဲပြီ
ခင်နှင်းလွင်၊ ရန်ကုန်
နိုဝင်ဘာ ၂၈၊ ၂၀၁၀

ယခုရက်ပိုင်းအတွင်း ရန်ကုန်ရှိ သာကေတမြို့နယ်ရှိ ရပ်ကွက် တချို့တွင် အရပ်သား အများအပြား အဖမ်းခံနေရကြောင်း ဒေသခံ လူတစ်ဦးက ပြောသည်။
          ည ၁၁ နာရီ ၀န်းကျင်တွင် ဖြစ်ပေါ်နေသော ထိုဖမ်းဆီးမှုတို့ကို ဒေသခံတို့က “ပေါ်တာဆွဲ” သည်ဟု ဆိုကြသည်။
အပြည့်အစုံသို့ ..

2010-11-27

ကုလ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

2010-11-27
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ ဒီကနေ့ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။
2010-11-27

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေးဖို့ ထောင်တွင်းမှ တိုက်တွန်း

ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထင်ကျော်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့အရေးကိုဖြေရှင်းဖို့ အကျဉ်းထောင်ထဲကနေ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
2010-11-26

ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ စစ်အစိုးရ မတရား ပြုလုပ်ခဲ့တာတွေကို မှတ်တမ်းတင်တဲ့ အဖွဲ့တဖွဲ့က ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။
2010-11-26

"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ်အမေးအဖြေ အစီအစဉ်

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို အာအက်ဖ်အေက အပတ်စဉ် သောကြာနေ့ ညတိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေ အနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီ ရုံးချုပ်ကို တိုက်ရိုက် ပေးပို့နိုင်သလို၊ အာအက်ဖ်အေကိုလည်း အင်တာနက်ကနေ ပေးပို့ နိုင်ပါတယ်။ အာအက်ဖ်အေ အီးမေးလ် လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်။

ကုလ အရာရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့

ရန်ကုန် ၊နိုဝင်ဘာ၊ ၂၀၁၀။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ Chief of Staff ဖြစ်သူ ဗီဂျေးနမ်ဘီရာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် ယနေ့နေ့လည်ခင်းက တစ်နာရီကြာခန့် တွေ့ဆုံခဲ့ပါသည်။
ဆွေးနွေးပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေကြသော သတင်းသမားများကို အကျိုးရှိသော ဆွေးနွေးပွဲတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့ပြီး NLD အနေနှင့် မိမိတို့ အခြေအနေများကို ပွင့်လင်းစွာဖွင့်ဟ ပြောဆိုနိုင်ခဲ့သည်ဟု ဆိုပါသည်။ ထို့အတူ ကုလသမဂ္ဂ၏ အမြင်သဘောထားများကိုလဲ လေ့လာနိုင်ခဲ့သည်ဟု ဆိုပါသည်။
သို့ရာတွင် ထိုဆွေးနွေးပွဲသည် ပြည့်စုံလုံလောက်သေးခြင်း မရှိပဲ နောက်ထပ် ဆွေးနွေးမှုများစွာ အတွက် အစသာ ဖြစ်သေးသည်ဟု ဆိုပါသည်။ ဗီဂျေးနမ်ရာဘီ အနေနှင့်လည်း မြန်မာနိုင်ငံနှင့် ပါတ်သက်သော ပြဿနာ အားလုံးကို အချိန်တိုအတွင်း ခြုံငုံမိရန် မလွယ်ကြောင်းနှင့် ပြောဆိုခဲ့သော်လည်း ရှေ့လုပ်ငန်းစဉ်များကိုမူ ဖွင့်ဟ ပြောဆိုခြင်း မရှိပါ။
ဗီဂျေးနမ်ရာဘီ သည် ကုလအရာရှိများတွင် ၁၉၉၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရခဲ့သော အဆင့်အမြင့်ဆုံး အရာရှိဖြစ်ပါသည်။

၎င်းသည် ယနေ့ နံနက်ပိုင်းက နှစ်ရက် ခရီးစဉ်အတွက် ထိုင်းအဲယားဝေးဖြင့် ရောက်ရှိလာခဲ့ပြီး ယနေ့နံနက် ၁၀နာရီတွင် မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံခဲ့ပါသည်။ မြန်မာစစ်အုပ်စုကမူ ထိုဆွေးနွေးမှုနှင့် ပါတ်သက်ပြီး မည်သည့် သတင်းထုတ်ပြန်မှုမှ မလုပ်ခဲ့သေးပါ။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ၄င်းသည် ယနေ့ညနေ ၄ နာရီက NDF ပါတီ ဥက္ကဌ ဒေါက်တာသန်းငြိမ်း အပါအဝင် နိုင်ငံရေးပါတီများနှင့် ရန်ကုန်ရှိ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်ရေးရုံး အဆောက်အအုံတွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ ဆုံရာတွင် ပါတီ တစ်ခုကို မိနစ် သုံးဆယ် အချိန်ပေး၍ တွေ့ဆုံခဲ့ပါသည်။
ကြံဖွံ့ပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ယူအန်အရာရှိချုပ်သည် သူတို့ပါတီ ခေါင်းဆောင်နှင့် ပါတီဌာနချုပ်တွင် မနက်ဖြန် တွေ့ဆုံရန်ရှိသည်ဟု ဆိုပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

ရွေးကောက်ပွဲမသမာမှု ခြေရာကောက်အဖွဲ့က နိုင်ငံတကာကိုဖွင့်ချ

Photobucket

နိုဝင်ဘာ ၂၇
နှစ်၂၀ ကျော်အတွင်း မြန်မာစစ်အစိုးရ ကျင်းပခဲ့သော ရွေးကောက်ပွဲမသမာမှုများအား အနီးကပ် စောင့်ကြည့် လေ့လာထားသော အဖွဲ့ တစ်ဖွဲ့ က ဘန်ကောက်မြို့ရှိ နိုင်ငံတကာ သတင်းထောက်များ ကလပ်မှ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။
ထိုင်းမြန်မာနယ်စပ် အခြေစိုက် တက်ကြွနိုးကြားသူများ စုပေါင်းဖွဲ့စည်းထားသော “ရွေးကောက်ပွဲ ခြေရာခံအဖွဲ့”၏ လေ့လာတွေ့ရှိချက်ပေါင်း ၄၅၀ ခန့် ရှိကြောင်း ထိုအချက်အလက်များကို မြန်မာ့သမိုင်း မှတ်တိုင်တစ်ခုအဖြစ် နိုင်ငံတကာမှ သိရှိအောင် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ က ဆိုသည်။
အဖွဲ့ခေါင်ဆောင် ဒေါ်ခင်ဥမ္မာက “စစ်အစိုးရဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ပါတီကို နည်းအမျိုးမျိုးနဲ့ ချေမှုန်းပြီးတော့ ခုရွေးကောက်ပွဲကို လုပ်ခဲ့တယ်။ ကြံ့ဖွံ့ပါတီ အနိုင်ရအောင် သေသေချာချာ ပြင်ဆင်ထားပြီး ကျင်းပလိုက်တာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေ နှစ်၂၀ ကြာသွားပြီး နောက်ပိုင်းမှာ ဒီမိုကရေစီ လိုလားမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှု ရှိပါ့အုံးမလားလို့ သို့လောသို့လော ပြောဆိုခဲ့တာ၊ မေးမြန်းခဲ့တာတွေရှိတယ်။ ခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါ အဖြေက ရှင်းသွားပြီဖြစ်တယ်။ ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက် ထောက်ခံသေးလဲ၊ ဒီမိုကရေစီကို ဘယ်လောက်လိုချင်နေကြသေးလဲအားလုံးအမြင်ပဲ” ဟု ပြောသည်။
၂၀၁၀ ၊နိုဝင်ဘာ ၇ ရက်နေ့  ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာပဲ DKBA နဲ့ မြန်မာစစ်အစိုးရတို့ တိုက်ပွဲ အပြင်း
အထန် ဖြစ်ပွားခဲ့သည်။ “ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားနယ်မြေ”ဟူသော ခေါင်းစဉ်ဖြင့် နော်ကညော်ဖေါ့ က
ဆွေးနွေးတင်ပြသည်။ သူမက“ ဒီမိုကရေဒီ ကိုသွားမယ့်ရွေးကောက်ပွဲနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်တယ်၊ တိုင်းပြည်ပြဿနာကို ခုထိ လက်နက်အားကိုးနဲ့ ဖြေရှင်းတုန်းပဲ ဖြစ်တယ်”ဟု ပြောဆိုသွားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုမိုးဇော်ဦးက “ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး အခင်းအကျင်း”ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
“အနိုင်ရ တိုင်းရင်းသားပါတီတွေဟာ ပါလီမန်ထဲမှာ အတိုက်အခံအနေနဲ့ ဆက်လက်ပြီးတော့ ရပ်တည်သွားရမယ့် သဘောရှိ ပြည်သူများအပေါ် လိမ်လည်လှည့်ဖြားခြင်း ၊ခြိမ်းခြောက်ခြင်း၊ နည်းအမျိုးမျိုးဖြင့် ညစ်ပတ်ပြီး ကြံ့ဖွံ့ပါတီ အနိုင်ရအောင် မတရားလုပ်ကိုင်သွားသော ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်မှာ ပြည်သူများရလိုသော ရလဒ် မဟုတ်ကြောင်း ဒေါ်ခင်ဥမ္မာကပြောသည်။
လိပ်ပြာ ခုံရုံးရှိပါက ရှက်တတ်လို့ရှိရင် ရှက်တတ်မည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် စကားကို ကိုးကား၍လည်း သူမက ဆက်လက်ပြောဆိုသွားသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတကာသတင်းထောက်များ ၃၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင်
ပြီးစီးသွားခဲ့သည်။

တရားမ၀င် အလုပ်သမားများ ဖမ်းဆီးနှိမ်နင်းရေး တာဝန်ပေးအပ်

ဘီဘီစီ အောက်တိုဘာ ၂၇
ထိုင်းနိုင်ငံအတွင်း တရားမ၀င် အလုပ်သမားများအား ဖမ်းဆီးနှိမ်နင်း အရေးယူနိုင်ရေးအတွက် ထိုင်းစစ်တပ်၊ ထိုင်းရဲနှင့် ဌာဆိုင်ရာ တာဝန်ရှိသူတို့အား တာဝန်ပေးအပ်ပွဲကို ယမန်နေ့က ဘန်ကောက်မြို့ရှိ အလုပ်သမား ၀န်ကြီးဌာနတွင်ကျင်းပခဲ့သည်။
ယခင်နှစ်က မြန်မာ၊ ကမ္ဘောဒီယားနှင့် လောနိုင်ငံသား၊ တရားဝင်နိုင်ငံခြားသား အလုပ်သမား ပေါင်း ၁၄သိန်းကျော် ရှိခဲ့သော်လည်း၂၀၁၀နှစ်အတွက် အလုပ်သမား သက်တမ်းတိုးသည့်အခါ စုစုပေါင်းအလုပ်သ မား ၅သိန်းကျော် လျော့နည်းနေခဲ့သည်။
အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးထနွန်နွိုင် က “ မှတ်ပုံတင်သက်တမ်း လာမတိုးတဲ့ ဒီအလုပ်သမား ၅သိန်းကျော်ဟာ ထိုင်းနိင်ငံအတွင်းမှာ အလုပ်လုပ်နေတုန်းပဲလား၊ ဒါမှမဟုတ် နေရပ်ရင်းကို ပြန်သွားကြပြီလား၊ ဒါကိုအတိအကျသိနိုင်ဖို့အတွက် ရဲ၊စစ်တပ်နဲ့ ဌာနဆိုင်ရာတွေကို တာဝန်ပေးရတာ ဖြစ်ပါတယ၊် ဒါမှ တရားမ၀င် အလုပ်သမားတွေကိုရော၊ တရားမ၀င် အလုပ်သမားတွေကို ငှါးရမ်းတဲ့ သူဌေးတွေကိုပါ အရေးယူနိုင်မှာဖြစ်ပါတယ်” ဟု ဘီဘီစီကို ပြောသည်။
လာမည့် ဇန္န၀ါရီလ၁ရက်နေ့တွင် စတင်မည့် အလုပ်သမား သက်တမ်းတစ်နှစ် ထပ်တိုးပေးအတွက် ဖိအားပေးဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း၊ အလုပ်သမားအသစ်များအတွက် တရားဝင် ကဒ်ပြားထုတ်ပေးရေးကို အလုပ်သမားဝန်ကြီးဌာန အနေဖြင့် စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း အစိုးရ၀န်ကြီးများက အတည်ပြုပေးရန် လိုအပ်နေသေးသည်။
အလုပ်သမားဝန်ကြီးဌာနမှ ချမှတ်ထားသော နေရပ်ရင်းပြန်ပို့ စရိတ် ဘတ်၂၄၀၀ ကို ဒီဇင်ဘာလမှစတင် ကောက်ခံတော့မည်ဖြစ်သည်။ တစ်လလျှင် ဘတ်ငွေ၄၀၀နှုန်းဖြင့် ၆လ ကောက်ခံသွားမည်ဖြစ်သည်။
တရားဝင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၃သိန်းကျော်တို့အား ယာယီပတ်စပို့  ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ညွှန်ကြားရေမှူးကပြောသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

11.22.2010

ပျော်တာပေါ့ အမေရယ်

Photobucket
ပျော်တာပေါ့ အမေရယ်

ဒီနေ့.......ဒီရက် ကို
စောင့်နေတာ ကြာခဲ့ပေါ့....အမေရယ်။
အမေဟာ...တမျိုးသားလုံးမြောက်ရေးအတွက်
စံပြုထိုက်တဲ့ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပေမယ့်
ကျနော်တို့ ကတော့
အမေ အားထားလောက်တဲ့
စံပြပုဂ္ဂိုလ်တွေ မဖြစ်ခဲ့ကြဘူး။

အမေ့ရဲ့ ပြရုပ်
အမေ့ရဲ့ အားထုတ်တဲ့ကြိုးစားမှု
အမေ့ရဲ့ စွန့်လွှတ်အနစ်နာ ခံမှု
အမေ့ရဲ့ တည်ကြည်ရိုးသား ဖြောင့်မတ်မှု
အမေ့ရဲ့ မွန်မြတ်တဲ့ စေတနာမှန်တွေဟာ
ကျနော်တို့အတွက် ခွန်အားတွေပါ။
နောက်တွန့် ကြောက်ရွံ့မှု စိုးစဉ်းမှမရှိ
ရေအဆန်မှာ လေထန်လည်း
ရေအဆန်ကို ခရီးဆက်မယ့်
အံ့လောက်တဲ့သတ္တိ အမေ့ဆီမှာရှိတယ်။

အမှန်တရားကို ကျောပိုးထားတဲ့
အမေ့ရဲ့ ရဲရင့်ခြင်းတိုက်ပွဲတွေကို
စောကြွေခဲ့တဲ့ တမလွန်ရောက်ဝိဥာဏ်တွေ
သောင်းသောင်းဖြဖြ ပါပဲ
လက်ခုပ်သြဘာတီးပြီး
ကြိုဆိုသမှုပြုနေကြတယ်....အမေ။

မရေရာတဲ့ အတွေးက
တခါတလေ ပိုပြီသေချာနေသလို
ရင်တွင်းခံစားမိတဲ့ အချိန်တွေဆို
ကျနော်တို့ တတွေ
အမေနဲ့ ပြန်ဆုံနိုင်ပါ့မလား...လို့
လွန့်လူးနေတဲ့ အတွေးကွန်ခြာထဲ
စိုးရိမ်ကဲနေမိတယ်။

ကဲ...တွေဝေငေးမောခြင်းကို စွန့်ကြ
ငါတို့အားလုံး အမေနဲ့အတူ
အာဏာရှုးတွေ ကျဆုံးတဲ့အထိ
ငါတို့ရဲ့ ခန္ဓာတွေ
သေစမ်းပါစေ ကြေစမ်းပါစေ
ရဲရင့်ခြင်းနဲ့ ရန်သူ့ကို
ဘယ်တော့မှ အရှုံးမပေးဘူး
တွေဝေခြင်းနဲ့
ငေးမောလက်ပိုက်ကြည့်နေမယ်ဆိုရင်
စောကြွေတဲ့ တမလွန်ရောက်ဝိဥာဏ်တွေ
ငါတို့ကို ဆဲဆိုနေကြလိမ့်မယ်။

ကဲ...ငါတို့ဟာ ငါတို့ရဲ့
ရဲရင့်ခြင်း ဇွဲမာန်ဟုန်နဲ့
ချောက်နက်နက်ထဲ ခုန်ဆင်းနေတဲ့
အာဏာရှုးတွေကို
သင်္ဂြလ်စက်ထဲ အမြန်ပို့ကြမယ်။
ပျော်တာပေါ့ အမေရယ်
အကြားချင်ဆုံးစကား
အကြားချင်ဆုံးသတင်း
အဲဒီနေ့ အဲဒီရက်
အမေလွတ်ရက်စေ့တဲ့ နေ့ကိုပေါ့
အမေ သက်တော်ရာကျော်ရှည်ပါ....စေ။

အမေ့သား(ဒိန်းမတ်)၁၃.၁၁.၂၀၁၀

သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၏ ABMA ဂျာနယ် အတွဲ၁ အမှတ် ၂၀

ABMA Journal Volume 1 No 20

NLD ၏ လျှောက်ထားချက်ကို နေပြည်တော်ရှိ ဗဟိုတရားရုံးချုပ် ပယ်ချ

ရန်ကုန် နိုဝင်ဘာ ၂၂ ။
နေပြည်တော်ရှိ ဗဟိုတရားရုံချုပ်က NLD မှ ပါတီဖျက်သိမ်းသည့် ရွေးကောက်ပွဲ ကော်မရှင်၏ ကြေငြာချက် အပေါ် ပယ်ဖျက်ပေးရန်အတွက် တရားစွဲဆိုနိုင်ရန် လျှောက်ထားချက်ကို ယနေ့ နံနက်ပိုင်းက ပယ်ချ လိုက်သည်ဟု သိရပါသည်။
ထို့အတွက် ဗဟိုတရားရုံးချုပ်က အကြောင်းပြချက်ပေးရာတွင် NLD ပါတီသည် ၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီးနောက် ပထဦးဆုံးအကြိမ် မှတ်ပုံတင်ခဲ့သော်လည်း နအဖ မှ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေ အရ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်တွင် မတ်လ ၈ ရက်နေ့မှ ၁၆ ရက်နေ့ အထိ နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ရန် ကြေငြာထားသည့်အပေါ် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သည့်အတွက် ပျက်ပြယ်ပြီး ဖြစ်သဖြင့် တရားစွဲဆိုမှုကို ပယ်ချကြောင်း အမိန့် ချမှတ်ခဲ့သည်ဟု ကြေငြာခဲ့ပါသည်။
တရားနည်းလမ်းမကျသော ဥပဒေထုတ်ပြန်ချက်ကို ကန့်ကွက်ရန် တရားစွဲဆိုခဲ့မှု အပေါ် ထိုတရားနည်းလမ်း မကျသော ဥပဒေ၏ ထုတ်ပြန်ချက်အရပင် ပယ်ချခဲ့သည်ဟူသော အမိန့်မှာ သူကြီးကို မကြိုက်၍ မြို့ပိုင်ထံ တရားစွဲသည့် အမှုကို သူကြီး၏ အမိန့်ဖြင့်ပင် ပယ်ချသည်ဟူသော လုပ်ရပ်မျိုးပင်ဖြစ်ပါသည်။
NLD သည် ကိစ္စရပ်အားလုံးတွင် ဥပဒေနည်းလမ်းတကျ ဖြစ်စေရန် ကြိုးစားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်ကို တရားစွဲပြီး နေအိမ်အကျယ်ချုပ်ကျခံစေခဲ့သည့် ဖြစ်ရပ်အပါအဝင် ယခု ပါတီရပ်တည်ရေး ကိစ္စအတွက် တရားစွဲဆိုရန် လျှောက်ထားမှုတွင်လည်း တရားဥပဒေ၏ မျှတသော အခွင့်အရေးကို ခံစား ခဲ့ရခြင်း မရှိခဲ့ပါ။
ထိုကဲ့သို့သော ဖြစ်ရပ်များအတွက် နိုင်ငံတကာနှင့် တရားမျှတမှုကို လိုလားသော လူ့အဖွဲ့အစည်းများက မည်သို့ပင် ကန့်ကွက်စေကာမူ နအဖက ခန့်ထားသော တရားသူကြီးများသည် ဥပဒေများကို မျက်ကွယ်ပြုပြီး နအဖမှ ခိုင်းသည့်အတိုင်း ပေးအပ်လာသည့် အမိန့်စာများကို ဖတ်ကြားပေးခဲ့ကြပါသည်။
ထိုကြောင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနှင့် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုအခြေအနေများကို ကျော်လွှားနိုင်ရေးနှင့် NLD ပါတီ ဆက်လက် ရပ်တည်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရလိမ့်မည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်နေကြပါသည်။
ပြည်တွင်း သတင်းထာက် (ရွှေဝါရောင် သတင်းလွှာ) 

“ထိုင်းမှာအနိုင်ကျင့် ဖမ်းစားခံနေရတဲ့ မြန်မာအလုပ်သမားများအတွက် စကားတစ်ခွန်းပြောပေးပါ”

ထိုင်းနိုင်ငံအတွင်းမှာ နေထိုင် အလုပ်လုပ်ကိုင်ကြသူတွေ အားလုံး ယာယီပတ်စပို့ မလုပ်မနေရ လုပ်နေရပြီ ဖြစ်တယ်။ ထိုင်းနဲ့မြန်မာအစိုးရက သတ်မှတ်သလို မလုပ်ရင်နေလို့ မရအောင် ထိုင်းရဲတွေက ဖမ်းဆီးတယ်။ တပြိုင်တည်းမှာပဲ ထိုင်းလုပ်ငန်းရှင်တွေကလည်း ယာယီပတ်စပို့ မရှိရင် အလုပ်သမား မငှားရမ်းဘူး။ ဟိုဟိုဒီဒီလည်း သွားလို့မရဘူး။ ထိုင်းကုမ္ပဏီမှာလုပ်ကိုင်ကြတဲ့ ထိုင်းစကားတတ်တဲ့ မြန်မာ ဘော်လံတီယာ တွေရဲ့ မြှောက်ချီတစ်ခါ၊ ခြောက်ချီ တလှည့်တွေကြောင့်ပါ မြန်မာအလုပ်သမားတွေ မလုပ်မနေရ လုပ်ကို လုပ်ကြရမယ့် အနေအထားကို ရောက်လာပါတယ်။ လုပ်လည်းလုပ်လာကြပါတယ်။
Photobucket
ဒီယာယီပတ်စပို့ ဆိုတဲ့ စီမံကိန်းကြီးကို ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အစိုးရတို့ ၂၀၀၆လောက်ကတည်းက စတင် အကောင်အထည်ဖေါ် လာခဲ့ပေမယ့် ၂၀၀၉နဲ့ ၂၀၁၀မှာမှ မြန်မာအလုပ်သမားတွေ ခပ်စိပ်စိပ် လုပ်ကိုင် လာကြတာဖြစ်ပါတယ်။
အစတုန်းက ကော့သောင်း/ရနောင်း၊ မြ၀တီ/မဲဆောက်နဲ့ မယ်ဆိုင်နဲ့တာချီလိတ် ဆိုတဲ့ နယ်စပ်စခန်း ၃နေ ရာတို့မှာ လုပ်ကိုင်ခဲ့ပါတယ်။ မြ၀တီ/မဲဆောက် နယ်စပ်စခန်းကိုတော့ ပြီးခဲ့တဲ့ ၅လလောက် ကတည်းက မြန်မာအစိုးရဘက်က ပိတ်ပစ်ခဲ့တာကြောင့် ယာယီပတ်စပို့ လုပ်တဲ့နေရာ ၂ခုပဲကျန်ပါတော့တယ်။
Photobucket
တကယ့် အဖြစ်အပျက်တွေကို နှစ်နိုင်ငံအစိုးရတို့ သတင်းအချက်အလက် အပြည့်အစုံမရတာလား၊ ဒါမှမဟုတ် မသိချင်ယောင် ဆောင်တာလားဆိုတာတော့ သူတို့သာ သိပါလိမ့်မယ်။ သေချာတာ တစ်ခုကတော့ သတင်းလွတ်လပ်ခွင့်နဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ အားကောင်းမောင်းသန် လည်ပတ်နေတဲ့ ထိုင်းလိုနိုင်ငံမှာ အစိုးရက မျက်စိမှိတ်ထားတာသာ ဖြစ်ပါမယ်။ မသိတာတော့ မဟုတ်ပါဘူး။
မြန်မာအစိုးရကတော့ တကယ့်အဖြစ်မှန်ကို မသိလို့ ထင်ပါတယ်။ ကိုယ့်နိုင်ငံက အလုပ်သမားတွေ(၀ါ) မြန်မာကျွန်တွေ ကို ထိုင်းအစိုးရက လုပ်ချင်တိုင်းလုပ်နေတာ၊ ထိုင်းလုပ်ငန်းရှင် တွေက ချယ်လှယ်ချင်တိုင်း ချယ်လှယ်နေတာ၊ ခေါင်းပုံဖြတ် အမြတ်ကြီးစားနေတဲ့ ထိုင်းပွဲစားကုမ္ပဏီတွေ ဂုတ်သွေးစုတ် နေတာတွေကို အနည်းနဲ့အများတော့ သိမယ်လို့ ယူဆပါတယ်။ ဒီဆောင်းပါးကို ရေးရခြင်း ရည်ရွယ်ချက်က မြန်မာစစ်အစိုးရတို့ ဖြစ်ရပ်မှန်တွေကို သိရှိသွားပြီးတော့၊ “ထိုင်းမှာ အနိုင်ကျင့် ဖမ်းစားခံနေရတဲ့ မြန်မာ အလုပ်သမားများအတွက် စကားတစ်ခွန်းပြောပေးပါ” ဆိုပြီး ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းမြန်မာ အလုပ်သမားများ ကိုယ်စား ဒီစာကို ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
Photobucket
ကုန်ခဲ့တဲ့နှစ် ၂၀၀၈ အကုန် ၂၀၀၉ အကူးမှာထိုင်းအစိုးရက ယခင်အလုပ်သမားတွေကို ထုတ်ပေးထားတဲ့ (ဘတ်)ကို အပူတပြင်း လုပ်ကိုင်ပါတယ်။ ယခင်နှစ်တွေတုန်းက ၁၂လ ကာလ( ၁နှစ်)အတွက်မှ တရားဝင် ဘတ်ငွေ ၃၈၀၀ ကုန်ကျပါတယ်။ ၂၀၀၉ ခုနှစ်မှာ ရှစ်လတာ နေထိုင်ခွင့်အတွက် တစ်နှစ်စာ ယူလိုက်ပါတယ်။ ဒါကြောင့် မြန်မာ အလုပ်သမား၃သိန်းမှာ ၁သိန်းဖိုးကို ထိုင်းအစိုးရက မတရား ဖြတ်ယူလိုက်တာဖြစ်ပါတယ်။
ဒီနေထိုင် အလုပ်လုပ်ကိုင်ခွင့်(ဘတ်)လုပ်ပြီးတာနဲ့ တပြိုင်တည်း ၂၀၀၉ ခုစက်တင်ဘာလမှာ ယာယီပတ်စပို့ 
မလုပ်မနေရတဲ့ အနေအထားအထိ ထိုင်းအစိုးရ၊ ထိုင်းရဲ၊ ထိုင်းလုပ်ငန်းရှင်တွေက ကြပ်လာတာကြောင့် ယာယီ ပတ်စပို့လုပ်ဖို့ အလုပ်သမားတွေ လျှောက်ထားကြရပါတယ်။ တဆက်တည်း လုပ်ရသလို ဖြစ်သွား တာကြောင့် မြန်မာအလုပ်သမားတွေ နေရပ်ရင်းကို ငွေမပို့ နိုင်အောင် အကြွေးတွေ တင်သွားခဲ့ကြရပါတယ်။
Photobucket
Photobucket
ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်း မြန်မာအစိုးရဘက်က နားလည်ထားတာက ဒီပုံတွေအတိုင်းပါ။ ဒီရေးထားတဲ့ စာတွေအတိုင်းဆိုရင် မြန်မာအစိုးရက မေတ္တာ ဂရုဏာကြီးစွာထားပြီးတော့ လုပ်ပေးတာလို့ဆို နိုင်ပါတယ်။ ဒါပေမယ့် မြန်မာအလုပ်သမား ခံနေရတာတွေကတော့ မသက်သာပါဗျာ။ ယာယီပတ်စပို့ လုပ်ခ ဘတ်ငွေ ၆၀၀၀ ကျော်ကနေ တစ်သောင်းကျော်အထိ ကုန်ကျပါတယ်။ ဒါ့အပြင် အလုပ်လုပ်ကိုင်ခွင့်(ခေါ်) Work permit ၂နှစ်စာ ၃၈၀၀ ဘတ်နဲ့  ကျမ္မာရေး သွေးစစ်ခ ဆေးရုံသို့ ပေးသွင်းရငွေ ဘတ်၁၈၀၀ ကုန်ကျပါတယ်။ Work permit လျှောက်တဲ့ ထိုင်းအလုပ်သမားဝန်ကြီးရုံး အောက်မှာ ဘတ် ၃၀၀/၅၀၀ ပေးရတဲ့ ပွဲစားတွေက လုပ်စားလို့ ရှိပါသေးတယ်။ အားလုံးပေါင်းလိုက်ရင် ဒီယာယီပတ်စပို့ အတွက် အရပ်ရပ် ကုန်ကျငွေပေါင်း ဘတ်နှစ်သောင်းဝန်းကျင် ဖြစ်ပါတယ်။
မြန်မာပြည်ကို ပြန်ရင်လည်း အလုပ်ကမရှိ၊ ရှိတဲ့အလုပ်ကလည်း ထမင်းဝအောင် မရပြန်၊ အခြားသော အထွေထွေ အကြပ်အတည်းတွေက များတာနဲ့ ထိုင်းမှာပဲ ကုတ်ကပ်နေကြတော့တယ်။ မြန်မာ အလုပ်သမား တွေထဲမှာ ရုံးတွေကို မသွားတတ်သူတွေနဲ့ စာမတတ်သူတွေ အများကြီးရှိပါတယ်။
မြန်မာတွေကို ဘယ်လိုပဲ နှိပ်ကွပ်နှိပ်ကွပ် ခေါင်းငုံ့ခံပြီး နေတာကိုလည်း ထိုင်းတွေက သိတယ်။ ဘယ်သူကမှ ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်တာကိုလည်း ထိုင်းတွေကသိတယ်။ ဒါကြောင့် လုပ်ချင်သလို လုပ်နေကြတာဖြစ်တယ်။
ယာယီပတ်စပို့ လုပ်ဖို့အတွက် မြန်မာအလုပ်သမားတွေ အချင်းချင်း အတိုးနဲ့ ချေးငှားရတာ ရှိသလို နေရပ်ရင်းကို ပြန်မှာရတာလည်း ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဘယ်သို့သော အကျိုးအမြတ် ရရှိသလဲ ဆိုတာကို ကျနော်တို့ အလုပ်သမားတွေ မသိရှိရပေမယ့် ဒီထိုင်းဘက်အခြမ်းမှာတော့ ထိုင်းကုမ္ပဏီတွေနဲ့ ထိုင်းအစိုးတွေ အကျိုးကျေးဇူး ရှိနေတာတော့ သေချာနေပါတယ်။ အနိမ့်ဆုံးအဆင့် ယာယီပတ်စပို့ လုပ်တဲ့ နေရာတွေနားမှာ အစားအစာ တစ်ခုခုရောင်းတဲ့ ဈေးဆိုင်တစ်ဆိုင်လောက်ကို မေးကြည့်ရင်သိနိုင်ပါတယ်။
Photobucket
ယာယီပတ်စပို့ လုပ်ပြီးတဲ့ နောက်မှာ မြန်မာအစိုးရက အလုပ်သမားတွေကို ပြောထားသလို အကာအကွယ် တွေ မရရှိကြပါဘူး။ ထိုင်းလုပ်ငန်းရှင်တွေနဲ့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာအလုပ်သမားတွေမှာ ယာယီ ပတ်စပို့ မကလို့ သံတမန်ပတ်စပို့ ရှိရင်တောင် ဖမ်းစားနေကျမို့ ဖမ်းစားတုန်းပဲဖြစ်ပါတယ်။ ဒေါက်တာ မတင်ဝင်းပြောသလို ထိုင်းဆိုတာ ငယ်နိုင်…ပါတဲ့။ အဲဒါကိုပြောင်းပြန်လှန်လိုက်တော့ ဖမာ့ဆိုတာ ကြီးနိုင်ပေါ့။ နှစ်ပေါင်း၂၀ ကျော်လောက် ထိုင်းတွေဆီမှာ ဗမာတွေကျွန်လာလုပ်နေခဲ့ရပြီ။
ဒီအောက်မှာပြထားတဲ့ပုံကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၅ ရက်နေ့ က အယ်ကရှိုင်လမ်းမှာရှိတဲ့ ဘန်ကောက် ၈ ဆေးရုံအနီး ကန်ချနလမ်းမ ကားဂိတ်မှာကားစောင့်ရင်း၊ လုယက်ရိုက်နှက်ခံခဲ့ရသူပါ။ ယာယီပတ်စပို့  ရှိတဲ့ အသက် ၁၉နှစ်အရွယ် မောင်လုံဆိုတဲ့ ကရင်အလုပ်သမားတစ်ယောက်ပါ။ သူဟာ ပတ်စပို့ကို ထုတ်ပြပေမယ့် ထိုင်းပုလိပ်က သေနတ်နဲ့ ချိန်တယ်။ လက်ထိပ်ခတ်ပြီး လက်နှိပ်ဓါတ်မီးနဲ့ ဆယ်ချက်ထက် မက ရိုက်နှက်ပါတယ်။ ဆေးရုံကိုသွား လိုက်ရပါတယ်။ ဒါ့အပြင် ဘတ်ငွေ ၆၃၀၀ ကိုလည်း လုယက်ယူငင် သွားခဲ့ပါတယ်။ ဘယ်လိုလုပ်ရပ်လဲလို့ မေးရပါမယ်။ ဒီကိစ္စနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားပါတယ်။
Photobucket
ယာယီပတ်စပို့ လုပ်ထားတဲ့ မြန်မာအလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ အကာအကွယ်ကိုတော့ နှစ်နိုင်ငံ အစိုးရတို့က လျှစ်လျှူရှုထားကြတယ်လို့ ပြောရင်ရမယ်ထင်ပါတယ်။ မိမိပိုက်ဆံနဲ့ အကုန်အကျခံပြီး လုပ်ထားတဲ့ အလုပ်သမားတွေကို ၂နှစ်ပြည့်မှ ပေးမယ်လို့ ဒီလိုစာကပ်ထားတဲ့ အလုပ်ရုံတွေရှိသလို စကားဖြင့်သာပြောပြီး ပတ်စပို့တွေကို သိမ်းထားတဲ့ စက်ရုံတွေလည်း အထူးများပြားနေပါတယ်။ ပတ်စပို့ လုပ်ထားတာကြောင့် ထိုင်းနိုင်ငံအနှံ့ ကိုသွားရတယ်ဆိုပေမယ့် အလုပ်အကိုင် အပြောင်းအရွေ့ ကိစ္စတွေ၊ ကျမ္မာရေး ၀န်ဆောင်မှုတွေက ယခင် (ဘတ်)နဲ့ အတူတူ ကုန်ကျပါသေးတယ်။ ဒီယာယီပတ်စပို့ လုပ်လိုက်တာကို ခြုံပြောရရင် အလုပ်သမားတွေအတွက် ၂ဆကနေ ၄ဆအတွင်း ကုန်ကျသွားတာပဲ အဖတ်တင်ပါတယ်။ ထိုင်းလုပ်ငန်းတွေနဲ့ ထိုင်းပုလိပ်တွေ ဥပဒေကို ချိုးဖေါက်နေတာကို သိရှိပေမယ့် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိလေတော့ မြန်မာ အလုပ်သမားများခမျာ ပုလိပ်စားပြီး ကျန်တာကိုပဲ စားရပါတော့တယ်။ မဟာချိုင်မှာများဆိုရင် စာရွက်မှာ ကဏန်းရေးပြီး ဖမ်းစား နေကျဖြစ်တယ်။ ထိုင်းလုပ်ငန်းရှင်တွေကလည်း ဖိနှိပ်ချင်သလို ဖိနှိပ်ဆဲဖြစ်ပါတယ်။
Photobucket
ထိုင်းအစိုးရ၊ ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းပုလိပ်တွေဟာ ယာယီပတ်စပို့ လုပ်ထားတဲ့ မြန်မာ အလုပ်သမား တစ်ယောက်ကို ဆက်ဆံတဲ့နေရာမှာ ယခင်အတိုင်းပါပဲ။ မြန်မာအစိုးရ၊ ထိုင်းအစိုးရနဲ့ ထိုင်း အင်ဂျီအို အချို့တွေကတော့ ယာယီ ပတ်စပို့လုပ်တာ အလုပ်သမားတွေအတွက် အခွင့်အရေး အပြည့်ရမယ်။ နိုင်ငံတော် လုံခြုံရေး ဘာညာပြောခဲ့ကြတယ်။ ခုလည်း ပြောကြတုန်းပဲဖြစ်တယ်။ အတိုင်းအတာ တစ်ခု အထိတော့ မှန်ပါလိမ့်မယ်။ မြန်မာအလုပ်သမား အတော်များများကတော့ နေရပ်ရင်းက လိပ်စာ အမှန်၊ မိဘအမည် အမှန်အကန်တွေကို အသိပေး လိုက်ရတော့တယ်။ မတရားငွေကောက်ခံဖို့ အခွင့်အလမ်း သာသွားတယ်။ ခုထိုင်းအစိုးရက စပြီးဖြတ်တော့မယ်လေ။ လိုသလိုလုပ်လို့ ရသွားတယ်။ မြန်မာပြည်မှာ မြန်မာအစိုးရက နောင်တစ်ချိန် မကောက်လာဘူးလို့ဘယ်သူအာမခံမလဲ။ ဒီယာယီပတ်စပို့ လုပ်လိုက်တဲ့ အတွက် မြန်မာအလုပ်သမားတွေမှာတော့ တစ်နှစ် အနည်းဆုံး အကြွေးဆပ်ရမယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေတော့ မရရှိဘူး။
ဒီယာယီ ပတ်စပို့ ဆိုတာ အမှန်က သန်းချီရှိနေတဲ့ မြန်မာ အလုပ်သမားတွေ အတွက် လုပ်ပေးသင့်တဲ့ အရာမဟုတ်ဘူး။ ထိုင်းမှာရှိတဲ့ အောက်ခြေ အလုပ်သမားတွေနဲ့ တန်လည်းမတန်ဘူး။ မတန်ဘူးဆိုတာ ပတ်စပို့ လုပ်ငန်းစဉ်၊ ပတ်စပို့ ကိုင်ဆောင်ထားသူ လိုက်နာ ဆောင်ရွက်ရမယ့် ကိစ္စတွေက ဘာလဲဆိုတာ ကိုယ်တိုင် မသိသူများကြတာကြောင့် ဖြစ်တယ်။ work permit ကိစ္စတို့ ၊ ရက်ပေါင်း ၉၀ တစ်ကြိမ် လ၀က ရုံးကို သွားရောက်ကြမှာဆိုတော့ (၁)အချိန်ကုန်တယ်။ (၂)လမ်းစရိတ်ကုန်တယ်။ (၃)အလုပ်ခွင့်မရတာရှိ
တယ်။ (၄)အလုပ်သမားရော၊ လုပ်ငန်းရှင်ကိုယ်တိုင်ကပါ တရားဝင်ဖြစ်အောင် လုပ်ရမယ့် အစီအစဉ်တွေကို မသိဖြစ်နေတယ်။ (၅)လုပ်ငန်းရှင်က ပတ်စပို့ကို သက်တမ်းတိုး မထားတဲ့အတွက်၊ ပတ်စပို့ လုပ်ထားပြီး သေနေတဲ့ အလုပ်သမားတွေ ရှိနေတယ်။( ၆)ထိုင်းလုပ်ငန်းရှင်က ထိုင်းပုလိပ်ကို ခေါ်ပြီး ဖမ်းဆီးလို့ ရ ဆဲပဲဖြစ်တယ်။ မြန်မာအလုပ်သမားမှာ ကာကွယ်ပေးမယ့် သူမရှိပါ။ (၇)ကိုယ်ပိုက်ဆံနဲ့ ကိုယ် လုပ်ထားပေမယ့် လုပ်ငန်းရှင်က ၂နှစ်ပြည့်မှ အလုပ်သမားတွေကို ယာယီပတ်စပို့ ပေးမယ်လို့  ဒီလို စာရေး ထားတာတောင်ရှိပါ့ဗျာ။
Photobucket
မြန်မာအစိုးက အဖမ်းအဆီးမရှိ၊ စစ်ဆေးခြင်းမရှိ၊ အခွန် ကောက်ခြင်း မရှိ၊ ထိုင်းအလုပ်သမားနဲ့ တန်းတူအခွင့် အရေးရရှိရေးလို့ ရေးထားပါတယ်။ ဒါပေမယ့် ယာယီပတ်စပို့ လုပ်ပြီးတဲ့ အလုပ်သမား ထက်ဝက်လောက်ရဲ့ ယာယီပတ်စပို့တွေကို လုပ်ငန်းရှင်တွေ သိမ်းထားဆဲဖြစ်ပါတယ်။ ခုနောက်ဆုံး ဘယ်လောက်ထိ မြန်မာ အလုပ်သမားတွေဆီကနေ အကျိုးအမြတ်တွေကို တရားသဖြင့်ရော၊ မတရား သဖြင့်ပါ ရယူဖို့ ထိုင်းအစိုးရ ပြင်ဆင်လာပါသလဲ။ ဘယ်လောက်ထိ ရက်စက်သလဲ၊ ကျနော်တို့ လုပ်အားခ တွေကို ၀ါးမြိုလိုသလဲ။ ခေါင်းပုံဖြတ်ချင်သလဲ။
လာအိုနဲ့ မြန်မာ အလုပ်သမားတွေအတွက် အယင် နေထိုင်ခွင့် (ဘတ်)ရှိသူရော ခုလုပ်နေကြတဲ့ ယာယီ ပတ်စပို့ လုပ်ထားသူတွေကိုပါ လာမယ့် ၂၀၁၁ ခုဇန္န၀ါရီလကနေ လစဉ် အလုပ်သမားတစ်ဦး ဘတ် ၄၀၀ နှုန်းနဲ့ ၆ လတိုင်တိုင် စုစုပေါင်း ၂၄၀၀ဘတ်စီ၊ ဖြတ်တောက်ခံရတော့မှာ ဖြစ်ပါတယ်။ ကမ္ဘောဒီယား အလုပ်သမားတွေ အတွက်တော့ တစ်လကိုဘတ် ၃၅၀နှုန်းနဲ့ ၆လ၊ စုစုပေါင်း ဘတ်ငွေ ၂၁၀၀ စီ ဖြတ်တောက်မှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးအမိန့် ထုတ်ထားပြီး ဖြစ်ပါတယ်။ ဒီဖြတ်တောက်မယ့် ငွေကို ပေးသွင်းဖို့ ပျက်ကွက်ခဲ့ပါလျှင် လစဉ်ပေးသွင်းရမယ့် ငွေရဲ့၂ ရာခိုင်နှုန်း အပိုပေးဆောင်ရမယ်။ ထိုင်းအလုပ်သမား မှတ်ပုံတင်ဌာနမှာ ပေးသွင်းရမယ်လို့ လည်း ဆိုပါတယ်။
ဒီငွေတွေကို ဖြတ်တောက်ရတာနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ရွေ့ပြောင်း အလုပ်သမားတွေအနေနဲ့ မူရင်းနိုင်ငံကို ပြန်သွားမယ်ဆိုရင် ပြန်လည်ထုတ်ယူနိုင်လို့  ပြောဆိုထားပါတယ်။ ပြန်ထုတ်မသွားခဲ့ရင်လည်း၊ နောက်တစ်ကြိမ် အလုပ်ပြန်လာလုပ်ရင် ထပ်ပြီးတော့ မဖြတ်တောက်တော့ဘူးလို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေး (လ၀က)က ၂၇၀၀၀၊ ထိုင်း စစ်တပ်က ဖမ်းဆီးခဲ့တာက ၆၄၀၀၀ဦး၊ ထိုင်းရေတပ်က ၂၈၀၀ တို့ကို ဖမ်းဆီးခဲ့ပြီးတော့ မြန်မာ အလုပ်သမားပေါင်း ၂သိန်းခွဲလောက်ကို မူရင်းနိုင်ငံသို့ ပို့ ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
Photobucket
Photobucket
မြန်မာအလုပ်သမား တစ်ယောက်ဆီက ဘတ်ငွေ ၂၄၀၀ နုန်းနဲ့ မြန်မာအလုပ်သမား တစ်သိန်းအတွက်နဲ့ပဲ တွက်ကြည့်၊ ဘတ်သိန်းပေါင်း ၂၄၀၀ (ဘတ် ၂ ဒဿမ၄ဘီလျံ) ထိုင်းအစိုးရက မြန်မာ အလုပ်သမားတွေ ချွေးနဲစာက အလကား ယူလိုက်တာဖြစ်ပါတယ်။
ဘယ်အလုပ်သမားက မြန်မာပြည်ကို ပြန်မယ်ဆိုပြီး တောင်းယူရရှိနိုင်မလဲ။ အလုပ်သမား သေသွား ရင်ကော။ ထိုင်းအစိုးရက ဒီသန်းပေါင်းများစွာသော ငွေကို မတရား ယူထားပဲမဟုတ်လား။ အလွန် ရယ်စရာကောင်းတဲ့ လုပ်ရပ်နဲ့ စကားဖြစ်ပါတယ်။ ကမ္ဘာကျော်မယ့် ပျက်လုံးလဲဖြစ်ပါတယ်။
ယာယီပတ်စပို့ကို မြန်မာအလုပ်သမားတွေ ယုံယုံကြည်ကြည်နဲ့ မဖြစ်မနေ လုပ်နေကြပေမယ့် ထိုင်းနဲ့ မြန်မာအစိုးရတို့ ကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဥပဒေအတိုင်း အကာအကွယ်မပေး နိုင်တာကတော့ အသေအချာပါ။ ထိုင်းပုလိပ်တွေက မြန်မာအလုပ်သမားတွေကို တွေ့တာနဲ့ ဘတ်ပါပါ မပါပါ။ ယာယီပတ်စပို့ ပါပါ မပါပါ ကားပေါ် တင်ခေါ်သွားလိုက်တာပါပဲ။ နေ့တိုင်းလို စိတ်မချမ်းသာစရာ မြင်တွေ့ နေရဆဲပါ။
ထိုင်းလုပ်ငန်းရှင်တွေဟာ မြန်မာအစိုးရက တရားဝင်လုပ်ပေးလိုက်တဲ့ စာရွက်စာတမ်းကို ဒီလိုမတရားလဲ
လုပ်လိုက်တာ ရှိသေးတယ်။
Photobucket
ထိုင်းနိုင်ငံမှာ သန်းချီရှိတဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာပြည်အတွက် အတိုင်းအတာတစ်ခုအထိ ငွေတွေရှာပြီး ပို့နေကြသူတွေပါ။ ဒီသန်းချီရှိတဲ့ အလုပ်သမားတွေကို ထိုင်းမှာ ဘယ်အဖွဲ့အစည်းကမှ လုံလောက်တဲ့ အကာအကွယ်၊ အကူညီကိုလည်း မပေးစွမ်းနိုင်ပါ။ မြန်မာအစိုးရအနေနဲ့ တရားဝင် နေထိုင်ခွင့် လုပ်ထားတဲ့ မြန်မာအလုပ်သမားတွေကို မိမိတိုင်းပြည်ကို နိုင်ငံခြားငွေရှာပေးသူတွေ၊ တိုင်းပြည်ရဲ့ လူသားရင်းမြစ် လုပ်အားရှင်တွေအဖြစ် အသိအမှတ်ပြုမယ်ဆိုရင်။ အနည်းဆုံးအဆင့် မိမိနိုင်ငံသား အလုပ်သမားတွေအဖြစ် သနားစိတ်ကလေးထားပြီးတော့ ထိုင်းပုလိပ်နဲ့ ထိုင်းအစိုးရကို (မင်းတို့တွေ တရားဝင် မြန်မာအလုပ်သမားတွေကို မတရားမလုပ်ကြနဲ့ လုပ်တယ်လို့ ငါတို့ကိုယ်တိုင် ကြားလာရင်တော့ ငါတို့အစိုးရအနေနဲ့ အရေးယူ ဆောင်ရွက်ရလိမ့်မယ်) ဆိုတဲ့ စကားလေးတစ်ခွန်း၊ မြန်မာ အလုပ်သမားတွေရှေ့က ကြိုပြောထားရင် ဖမ်းစားနေကျ ထိုင်းပုလိပ်တွေ ဖမ်းချင်းတိုင်းဖမ်း၊ နှိပ်ကွပ်နေတဲ့ လုပ်ငန်းရှင်တွေ ရမ်းချင်တိုင်း ရမ်းတော့မှာ မဟုတ်ပါဘူး။
စကားချပ်/ဥပမာ။ ။မြ၀တီနယ်စပ်ကို မြန်မာအစိုးရကလအနည်းငယ်ပိတ်လိုက်တာ ထိုင်းစီးပွားရေး အတော်ထိခိုက်တယ် ဆိုပဲ။ ကျနော်တို့ အလုပ်သမားအဆင့်တွေ မသိတဲ့ ငယ်နိုင် အချက်တွေ အများကြီး ရှိမှာပါဗျာ။
ခု ထိုင်းမှာဖြစ်နေတာက မြန်မာတွေကို သတ်သတ်၊ သေသေ၊ လုပ်အားခပေးချင်ပေး၊ မပေးချင်နေ၊ မတော်မတရား ပြုကျင့် ချင်သလောက်ကျင့် ဘာဆိုဘာမျှ အပြစ်ပေး အရေးယူနိုင်တာ မရှိတာကြောင့် မြန်မာတွေ့လိုက်တာနဲ့ လိုချင်တာ တစ်ခုခုကို ရပြီဆိုပြီး ထိုင်းတွေ လက်ရဲဇက်ရဲ လုပ်ကြဆဲပါ။ ထိုင်းမှာခွေးကို ဂဲနဲ့ ပစ်လို့ မရပေမယ့် မြန်မာဆိုတဲ့ ဖမာ့ တစ်ယောက်လောက်ကိုတော့ ပုရွက်ဆိတ် တစ်ကောင်ကို သတ်ပစ်လိုက်သလို ဘာမှ မဖြစ်တဲ့ အနေအထားပါဆိုတဲ့ အကြောင်း နေပြည်တော်က မြန်မာမင်းများကို သိစေကြောင်းပါခင်ဗျာ။
Photobucket
ကျော်သောင်း