9.23.2009

ကျော်ဇောလွင်ခေါ် ညီညီအောင်၏ သတင်းကို MRTV တွင် ထုတ်ပြန်ကြေငြာသွား

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံသား လက်မှတ် ကိုင်ဆောင်ထားသူ ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်းနှင့် ပါတ်သက်ပြီး ယနေ့ည ၈နာရီ MRTV သတင်းတွင် ထုတ်ပြန် ကြေငြာသွားသည်။
MRTV ၏ ထုတ်ပြန်ကြေငြာချက်တွင် ကိုညီညီအောင်သည် ၁၉၉၅ ခုနှစ် ထိုင်းနိုင်ငံမှ မထွက်ခွာမီ မြန်မာ ကျောင်းသားများ ဒီမိုကရက်တစ် လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်ခဲ့ကြောင်း စွပ်စွဲသွားခဲ့သည်။ ထို့အတူ သူသည် ထိုင်းနိုင်ငံက မထွက်ခွာခင်က ABSDF အဖွဲ့ဝင်တယောက် ဖြစ်ခဲ့သည်အပြင် ရခိုင်ကျောင်းသား လူငယ်များ ကွန်ဂရက်၏ အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမှ မထွက်ခွာမှီ ၁၉၉၃ ခုနှစ်က ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ်တနှစ် ကျခံခဲ့ရဘူးကြောင်း ကြေငြာသွားခဲ့ပါသည်။ ထို့နောက် ကိုညီညီအောင်သည် အမေရိကန်နိုင်ငံသို့ UNHCR ၏ အစီအစဉ်ဖြင့် သွားရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန် နိုင်ငံသားအဖြစ်ကို ရရှိခဲ့သည်ဟု ဆိုပါသည်။
MRTV ထပ်မံကြေငြာသော စွပ်စွဲချက်များတွင် ကိုညီညီအောင်သည် FDB ခေါ် Forum for Democracy in Burmaနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၈၈မျိုးဆက် ကျောင်းသား အဖွဲဝင်များ Generation Wave အဖွဲနှင့် စစ်သွေးကြွ အုပ်စုဖြစ်သော AASYC အဖွဲ့ကို ကျပ်ငွေ သန်းပေါင်းများစွာ ထောက်ပံ့ခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။ ထို့အပြင် ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံသို့ ၈ကြိမ်တိုင် ပြန်လာခဲ့ဘူးကြောင်း ပြောဆိုခဲ့သလို သူသည် NLD ၏ အချို့ လှုပ်ရှားမှုများတွင် ပါဝင် ပါတ်သက်ခဲ့ကြောင်းနှင့် စစ်အုပ်စုကို ဆန့်ကျင်သော သံဃာတော်များ၏ လှုပ်ရှားမှု များတွင်လည်း ပါဝင် ပါတ်သက်ခဲ့ကြောင်း စွပ်စွဲသွားခဲ့ပါသည်။ သူနှင့် တဆက်တည်း သံဃာတော်နှင့် လူပုဂ္ဂိုလ်အချို့ကိုပါ ဖမ်းဆီးခဲ့ကြောင်း ကြေငြာသွားပါသည်။
ထို့အတူ ကိုညီညီအောင်သည် သူအဖမ်းခံရပြီး ရက်အတန်ကြာမှ စက်မှုဇုံများတွင် ပေါက်ကွဲခဲ့သော လူအသေအပျောက် မရှိခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပါတ်သက်ကြောင်းကိုလဲ SPDC ၏ ရုပ်မြင်သံကြားဌာန ဖြစ်သော MRTV က စွပ်စွဲ ပြောဆိုသွားခဲ့ပါသည်။
ထူးခြားချက်တခု အနေဖြင့် Saffron Mail Letter မှ ဘလော့ဖတ်သူများကို သုံးသပ်တင်ပြလိုသည်မှာ MRTVမှ စွပ်စွဲသွားသော အဖွဲ့များမှာ နအဖက အမျိုးမျိုးစွပ်စွဲခဲ့သော်လည်း မည့်သည့် အချိန်ကမှ ဖေါက်ခွဲရေး ကိစ္စများတွင် ပါဝင် ပါတ်သက်ဘူးသည့် အထောက်အထား ခိုင်လုံစွာ မရှိခဲ့ခြင်းပင်ဖြစ်ပါသည်။
ထိုသို့စွပ်စွဲပြောဆို လုပ်ကိုင်နေမှုများသည် အစဉ်အဆက် အခြေအမြစ်မရှိပဲ ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို သူတို့ မလုပ်ဆောင်ရသော ဖေါက်ခွဲမှုများနှင့် အတင်းဆက်စပ်၍ ထောင်ဒဏ်ချမှတ်ရန် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
FDB ခေါ် Forum for Democracy in Burma သည် မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆောင်ရွက်နေသော အဖွဲ့ အစည်းဖြစ်သလို၊ 88 Generation Students အဖွဲ့ ကျောင်းသားလူငယ်များ၏ Generation Wave အဖွဲ့များ သည်လည်း ငြိမ်းချမ်းစွာ အကြမ်းမဖက်သော နည်းလမ်းဖြင့် လှုပ်ရှား ဆောင်ရွက်နေကြသော အဖွဲ့များပင် ဖြစ်ပါသည်။ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ အကြမ်းမဖက် ငြိမ်းချမ်းစွာ တောင်းဆို လှုပ်ရှားမှုများသည် ထင်ရှားသော သက်သေပင်ဖြစ်ပါသည်။ ထို့ အတူ NLD ၏ လှုပ်ရှားမှုများနှင့် သံဃာတော်များ၏ ငြိမ်းချမ်းစွာ လှုပ်ရှားတောင်းဆိုမှုများကို အကျယ်ချဲ့ရေးရန် မလိုတော့ပါ။ NLD၏ တောက်လျှောက် ငြိမ်းချမ်းစွာ လှုပ်ရှားမှုများနှင့် ၂၀၀၇ သံဃာတော်များ၏ အကြမ်းမဖက်သော ရွှေဝါရောင်တော်လှန်ရေးက ကမ္ဘာသိ သက်သေပင်ဖြစ်သည်။ ကိုညီညီအောင်၏ မိခင်နှင့် ညီမဖြစ်သူသည် စစ်အာဏာရှင်များ၏ မတရား ဖမ်းဆီးချုပ်နှောင်မှုကို ခံစားနေရသည့် အချက်ကိုမူ MRTV မှ ထုတ်ပြန် ကြေငြာခြင်း လုံးဝမပြုခဲ့ပါ။ ထို့အတူ သူတို့၏ ထုတ်ပြန်ကြေငြာချက်တွင် ထိုအချက်အပေါ် ထည့်သွင်း သုံးသပ်မှုလည်း မပါရှိခဲ့ပါ။
ထို့ကြောင့် နအဖသည် အမေရိကန်နိုင်ငံမှ ဆီနိတ်တာ ဂျင်ဝက်နှင့် ရရှိထားသော ယုံကြည်ချက်ကို မပျက် သွားစေရန်နှင့် အမေရိကန်နိုင်ငံက မြန်မာ စစ်အုပ်စုအပေါ် သူတို့၏ အကျိုးစီးပွါးများ ထိခိုက်စေသည့် စီးပွါးရေး ပိတ်ဆို့မှုအပေါ် ပြန်လည် သုံးသပ်နေမှုများကို မထိခိုက်စေရန်အတွက် သူတို့ လက်ရှိ ဖမ်းဆီးညှင်းပမ်း နှိပ်စက်ထား၍ လက်ကျိုးခဲ့ရသလို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက် ညှင်းပမ်းမှု အမျိုးမျိုးခံစားခဲ့ရသူ အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို အမေရိကန်နိုင်ငံသားတို့ စိုးရိမ်သော အကြမ်းဖက်မှု ကိစ္စများဖြင့် စွပ်စွဲကာ ဆက်လက် ဖမ်းဆီးထားရန် ကြံစည်နေခြင်းသာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။
အမှန်တကယ်မှာမူ အမေရိကန် နိုင်ငံမှာမွေး၍ အမေရိကန်နိုင်ငံသား ဖြစ်ခဲ့သူ မြန်မာ စစ်အုပ်ချုပ်သူများ၏ တားမြစ်ထားသော ဥပဒေများကို ထင်ရှားစွာ ကျူးလွန်ခဲ့သူ ဖြစ်၍ တရားဝင် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ် ခံထားရသူဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သူ မစ္စတာ ဂျွန်ယက်တော မှာမူ ဆီနိတ်တာ ဂျင်ဝက်ကြောင့် ကင်းလွတ်ခွင့် ရခဲ့ပါသည်။
သို့ရာတွင် ထင်ရှားသော မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ခဲ့သူ (သို့) နအဖတို့ အဆိုအရ ၈ ကြိမ်တိုင် မြန်မာနိုင်ငံသို့ တရားဝင်ဗီဇာ ခွင့်ပြုချက်ဖြင့် ပြန်လည်ဝင် ရောက်ပြီး ဥပဒေမဲ့ ဖမ်းဆီးခံနေရသူ ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းမှု များကို ဆိုးရွားစွာခံစားခဲ့ရသူ (မှတ်ချက်။ ။ထိုအခြေအနေကို မြန်မာပြည်ဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်) မိခင်နှင့် ညီမဖြစ်သူတို့ အတွက် တတ်နိုင်သမျှ အားပေးကူညီ နှစ်သိမ့်မှု ပြုပေးနေသည့် ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကိုမူ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ ဖြစ်သောကြောင့် စစ်အုပ်စု၏ အခြေအမြစ်မရှိ စွပ်စွဲချက်များကို လက်ခံ၍ မည်သည့် အရေးယူဆောင်ရွက်မှုကိုမျှ မပြုလုပ်လျှင် အမေရိကန်နိုင်ငံသည် ၄င်းတို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုထား သူများကို မွေးဖွားရာ ဇာတိအပေါ် မူတည်၍ ခွဲခြား သတ်မှတ်မှုများပြုနေသည်ဟု ယူဆစရာ ဖြစ်နေပါသည်ဟု တင်ပြလိုက်ရပါသည်။

Burma's News World's News


President Obama (file photo)
Wed. 23 Sep 2009 1209 UTC

Obama Says World Not Meeting Responsibilities in Tackling Problems

US president to tell United Nations General Assembly that the US cannot solve all problems of global community by itself

Full Story »

United Nations Secretary Ban Ki-moon(R)addresses United Nations Climate Change Summit, 22 Sep 2009

World Leaders Promise Action at UN Climate Change Summit Audio Clip Available

Leaders, meeting at UN, discuss how to agree on a global climate treaty later this year when they meet in Danish capital

Honduras army soldiers take position around the wall of the Brazilian embassy where ousted President Manuel Zelaya has taken refuge in Tegucigalpa, 22 Sep 2009

Interim Honduran President Offers Conditional Talks with Ousted Predecessor

Offer was made on a day that riot police used tear gas and water cannons to disperse thousands of President Manuel Zelaya's supporters

Iran

Report: Chinese State Companies Supplying Gasoline to Iran

Sales would complicate US-led efforts to isolate the Iranian government with tough economic sanctions

General Stanley McChrystal (file photo)

Afghanistan Assessment Sparks Renewed Debate Audio Clip Available

Obama, top officials review strategy in light of General McChrystal's report


US President Barack Obama
US President Barack Obama will urge greater global co-operation in his keenly-awaited first speech to the UN General Assembly.

Britain is ready to cut its fleet of missile-carrying submarines from four to three, Prime Minister Gordon Brown is to tell the UN.

A large stretch of Australia's east coast, including the largest city Sydney, has been shrouded in red dust blown in from the outback.

The Meaning of the Junta's Amnesty

By THE IRRAWADDY
Different groups see the Burmese junta’s amnesty in different ways, but for the people waiting outside Insein Prison, it was a day of pure joy.

No Big Change Expected in US Policy on Burma

By AUNG ZAW
Despite signals of renewed Burmese regime interest in better relations with the US, the Obama administration’s policy is unlikely to undergo much change.

Film, video producers to seek permission for background music

As of now film and video producers need prior permission from artistes for the songs they use in their productions, the Myanmar Music Association has directed. The new system is......

Lame amnesty, creating prison space for dissidents

(Commentary) A more sinister motive than currying favour with the international community on the eve of the opening of the UN General Assembly may be behind Burma’s...

Secret disaster management training creates panic

In the aftermath of the deadly Cyclone Nargis that devastated Burma’s coastal regions in May 2008, the army generals ruling the country are ensuring they do not face a catastrophe...

Editorial, Opinion and Analysis

Lame amnesty, creating prison space for dissidents

(Commentary) A more sinister motive than currying favour with the international community on the eve of the opening of the UN General Assembly may be behind Bur...

အရင်က စလီဘရစ်တီ၊ အခုတော့ ရဖျူဂျီ

E-mail Print

“ဒီမှာ ဒီမှာ ခင်ဗျားက အတုလား အစစ်လား”
“အစစ်ပါဗျာ။ ဘာလုပ်မလို့လဲ၊ ခင်ဗျားမေးခွန်းကလည်း ကြောက်စရာကြီး”
“ဘာလဲဗျ၊ ဘာမေးလို့လဲ ခင်ဗျားက ဘာစစ်တာလဲ”
“နတ်အစစ်လေဗျာ၊ လုံးဝရေမရောဘူး”

ထိုင်း - မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုရှေ့တွင် မယောင်မလည် လုပ်နေသည့် ဦးရုက္ခစိုးကို လူတယောက်က လာမေးသောကြောင့် ပြန်ဖြေနေခြင်းဖြစ်သည်။ “ခင်ဗျားကို အဲဒါမေးတာမဟုတ်ဘူး .. ဒီမှာ ကျုပ်နာမည် မှတ်ထား၊ တာတေတဲ့ … ဒီဒုက္ခသည် စခန်းမှာ ပွဲစားလုပ်တယ်၊ မသိတဲ့သူ မရှိဘူး။ ခင်ဗျားကို ကူညီမလို့ ဒုက္ခသည် အတုလား၊ အစစ်လား မေးတာ” ဟု ထိုသူက ပြန်ပြောလိုက်သည်။

ရုက္ခစိုး။ ။ သြော် တာတေဆိုတဲ့ နာမည်ကလည်း တော်တော်များတာပဲ။ အင်းပေါ့လေ လူတူမရှား နာမည်တူ မရှားပေါ့။

တာတေ။ ။ ကဲပါ .. ကျုပ်မေးတာဖြေဦး။ ခင်ဗျားက ဒုက္ခသည်အတုလား အစစ်လား။

ရုက္ခစိုး။ ။ အတုဆိုရင် ဘာလုပ်မှာလဲ။ အစစ်ဆိုရင်ကော ဘာလုပ်မှာလဲ။

တာတေ။ ။ အစစ်ဆိုရင်တော့ ခင်ဗျား ဒီနေရာကနေ ပြန်လစ်တော့။ အတုဆိုရင်တော့ အမြန်ဆုံး တတိယ နိုင်ငံ သွားရဖို့ ကူညီမယ်။

ရုက္ခစိုး။ ။ သြော ဒီလိုလား။ ကျုပ်က နတ်အစစ် လူအတု၊ ဒုက္ခသည်တော့မဟုတ်ဘူး။ ပျောက်နေတဲ့ ကျုပ် ဘော်ဒါတွေကိုလာရှာတာ။

တာတေ။ ။ ဒါလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူမစွမ်းနတ်မပဲ ကြားဖူးတယ် .. ကျုပ်နဲ့ ကျမှပဲ နတ်မစွမ်းလို့ ပွဲစားမတယ် ဆိုပြီး စကားပုံကို ပြင်ရမယ်ထင်တယ် ဟဲဟဲ။

ရုက္ခစိုး။ ။ ဒါကတော့ဗျာ ... ပွဲစားဆိုတာက ဘယ်ဒေသ ဘယ်နေရာမှာပဲဖြစ်ဖြစ် … မတတ်နိုင်တဲ့ကိစ္စမှ မရှိတာဘဲ။ လုပ်စမ်းပါဦး ဖိုးရှုပ်နဲ့ ကြွက်စုတ် တဲ့ …။ တယောက်က ဂျာနယ်လစ် ယောင်ယောင်၊ နောက် တယောက် ကတော့ နိုင်ငံရေးသမားယောင်ယောင်၊ NGO ယောင်ယောင်ပါပဲ။ ရုပ်တွေကလည်း အူကြောင်ကြောင်နဲ့ဆိုတော့ ရှာရ သိပ်ခက်မယ် မထင်ဘူး။

တာတေ။ ။ သိပါ့ဗျာ …။ အဲဒီလို ယောင်ယောင်တွေကို ကျုပ်က သေချာမှတ်ထားတာ။ သူတို့ကို ကျုပ်ပဲ စခန်းထဲ သွင်းပေးထားတာပေါ့။

ရုက္ခစိုး။ ။ ဘာ … စခန်းထဲ သွင်းတယ် ဟုတ်လား။ ဘယ်စခန်းထဲ ဘယ်လိုသွင်းထားတာလဲ။

တာတေ။ ။ သြော် ... ခင်ဗျား ဘော်ဒါတွေက တတိယနိုင်ငံသွားချင်တယ်လေ။ အဲဒီတော့ ဒုက္ခသည် စခန်းကနေ ထွက်ဖို့အတွက် စီစဉ်ပေးထားတာ။ သူတို့က ကျုပ်ကို ဒါပေးတယ်လေ။

တာတေက သူ့လက်ညှိုးနှင့် လက်မကို ဝိုင်းပြလိုက်သည်။

ရုက္ခစိုး။ ။ နေပါဦး။ ဒီကောင်တွေက စခန်းထဲဝင်ရအောင် သူတို့က ဒုက္ခသည်တွေမှ မဟုတ်ဘဲ။

တာတေ။ ။ ခင်ဗျားကြီးကလည်း ဒုံးဝေးလိုက်တာ။ သူတို့က ဒုက္ခသည်ဖြစ်စရာမလိုဘူးဗျ။ ဒုက္ခသည် ဖြစ်ချင်ဖို့ပဲလိုတယ်။ တကယ်ဒုက္ခသည် အစစ်ဆိုရင် ဘယ်လိုလုပ် တတိယနိုင်ငံသွားလို့ရမလဲဗျ။ ပိုက်ဆံမှ မရှိဘဲ။

ရုက္ခစိုး။ ။ မဟုတ်ကဟုတ်ကဗျာ။ ဒုက္ခသည် အစစ်တွေကို တတိယနိုင်ငံပို့တာ မဟုတ်ဘူးလား။

တာတေ။ ။ ခက်ပါလား။ ခုခေတ်ကပြောင်းနေပြီ။ ဒုက္ခသည် အစစ်နည်းနည်းနဲ့ ပိုက်ဆံပေးထားတဲ့ ဒုက္ခသည်ယောင် ဆောင်ထားတဲ့ သူတွေကို ရောသမမွှေပြီး ကျုပ်တို့လိုပွဲစားတွေက တတိယနိုင်ငံ ပို့ပေးနေတာ။ သဘောပေါက်။ ကျုပ်တို့ရဲ့ ပွဲစားဆောင်ပုဒ်တောင် ရှိသေးတယ်။

ရုက္ခစိုး။ ။ ဘာလဲဗျ၊ လုပ်ပါဦး။

တာတေ။ ။ ခေတ်မီသူတိုင်း ဒုက္ခသည်လုပ်ကြသည် တဲ့။ ဒီဆောင်ပုဒ်နဲ့ ကြော်ငြာတာလေ။ ခုဆို ကာစတန်မာတွေ တော်တော်များနေပြီ။

ထိုစဉ် သူတို့နားသို့ ယိုင်ထိုးယိုင်ထိုးနှင့် နေ့ခင်းကြောင်တောင် ဘီယာမူးနေသော လူနှစ်ယောက် ရောက်လာသည်။ ဦးရုက္ခစိုး သေသေချာချာ ကြည့်လိုက်တော့ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဖြစ်နေသည်။

ရုက္ခစိုး။ ။ ဟာ … ဖိုးရှုပ်၊ ကြွက်စုတ်။ ရှာလိုက်ရတာကွာ။ ဘယ်လိုဖြစ်ကြတာလဲ။

ဖိုးရှုပ်။ ။ ဘယ်လိုမှမဖြစ်ပါဘူး ဦးရုက္ခစိုးရဲ့၊ အမေရိကားသွားချင်လို့လေ။

ကြွက်စုတ်။ ။ ဟုတ်တယ် ချင်းမိုင်မှာ နေရတာ ပျင်းလာပြီဗျ။ ဦးရုက္ခစိုးကော လိုက်ခဲ့ပါလား။ ချင်းမိုင် ရုက္ခစိုးမလုပ်နဲ့တော့၊ ဆန်ဖရန်စစ္စကိုရုက္ခစိုးဖြစ်ဖြစ်၊ နယူးယောက် ရုက္ခစိုးဖြစ်ဖြစ် လုပ်။ ပိုမိုက်တယ်။

ရုက္ခစိုး။ ။ တော်ပါကွာ။ ငါ့ဘာသာ ချင်းမိုင်မှာပဲ အေးအေးဆေးဆေး နေပါရစေ။ နေစမ်းပါဦး မင်းတို့က ဘယ်လိုကဘယ်လို ဒုက္ခသည်စခန်း ရောက်လာရတာလဲ။ မင်းတို့က ဘယ်တုန်းက ဒုက္ခသည်ဖြစ်သွားတာလဲ။

ဖိုးရှုပ်။ ။ ဒုက္ခသည်ဆိုတာ ပိုက်ဆံပေးရင်ဖြစ်လို့ရတယ်လေ ဦးရုက္ခစိုးရဲ့။ ခုဆို ရန်ကုန်မှာ ကျန်ခဲ့တဲ့ ကျနော်တို့ ဆွေတွေမျိုးတွေကိုတောင် လှမ်းခေါ်ထားတယ်။ တာတေနဲ့ညှိပြီး ဒုက္ခသည်လုပ် အမေရိကား သွား မလို့။

ကြွက်စုတ်။ ။ ဟုတ်တယ်၊ ချင်းမိုင်မှာလည်း အနေကမချောင်၊ ရန်ကုန်မှာလည်း လုပ်စရာ အလုပ်ကမရှိ ဆိုတော့ အမေရိကားမှာ ဆူရှီလေး သွားလိပ်မလားလို့။

တာတေ။ ။ စိတ်ကူးမလွဲနဲ့ ဦးရုက္ခစိုးရေ။ ကျနော်ရှိတုန်း ဒုက္ခသည် စာရင်း ပေးချင်ပေးထား။ ကျနော်လည်း အခြေအနေအရ လုပ်စား နေရတာ။ ခေတ်မကောင်းရင်တော့ မိန်းမနဲ့ ကလေးခေါ်ပြီး ဒုက္ခသည် ဝင်လုပ်၊ တတိယနိုင်ငံလစ်မယ်။

ရုက္ခစိုး။ ။ ကောင်းပါ့ကွာ။ မင်းတို့ဟာ မင်းတို့တော့ ဟုတ်နေတာပဲ … ဒါဆို ဒုက္ခသည် အစစ်တွေက ဘယ်လိုလုပ်မလဲ။

တာတေ။ ။ သြော် ဦးရုက္ခစိုးကလည်း၊ မခက်တာကို ခက်အောင် လုပ်နေပြန်ပြီ။ ဒုက္ခသည် ဆိုတာက အရင်ကတည်း ဒုက္ခတွေ ကြုံဖူးပြီးသား၊ ဒုက္ခထပ်ရောက်လည်း ဘာမှမဖြစ်ဘူး၊ ခံနိုင်ရည်ရှိတယ်လေ။ နအဖက နှိပ်စက်ထားလို့ ထုသားပေသား ကျနေပြီ။ သူတို့က အမေရိကား မသွားရလည်း ဘာမှမဖြစ်ဘူး။ ပိုက်ဆံပေးပြီး ဒုက္ခသည် လုပ်ရတဲ့သူတွေ ခမျာသာ သနားစရာ။ သူတို့က သူဌေးတွေဆိုတော့ ဒုက္ခလည်း ခံဖူးကြရှာတာ မဟုတ်ဘူး။ အဲဒီတော့ စခန်းထဲမှာ ခဏတဖြုတ်ဒုက္ခခံ … ပြီးတော့ အမေရိကား မြန်မြန်ပို့ပေးလိုက်တာပေါ့။

ထိုစဉ် သူတို့နားမှ မိတ်ကပ်အဖွေးသားမျက်နှာနှင့် ခေါင်းမော့ရင်ကော့ကာ လျှောက်သွားသော အမျိုးသမီးတဦး ဖြတ်သွားသည်။ ထိုအမျိုးသမီးကို တာတေက မေးငေါ့ရင်း “သူ့ကို သိလား” ဟု တီးတိုးမေးလိုက်သည်။

ဖိုးရှုပ်။ ။ မြင်ဖူးသလိုပဲ၊ တော်တော်လေး မြင်ဖူးတယ်။

ကြွက်စုတ်။ ။ ဟာ … သိတယ်၊ သိတယ်၊ အဲဒါ မြန်မာပြည်မှာ အရမ်းနာမည်ကြီးတဲ့ မင်းသမီးလေ။ ဟုတ်တယ်မဟုတ်လား။

တာတေ။ ။ သိပ်ဟုတ်တာပေါ့ဗျ။ ခု ကျုပ်တို့ ဆောင်ပုဒ်အသစ်တခု ထပ်ထုတ်ထားတယ် … အရင်က စလီဘရစ်တီ၊ ခုတော့ ရဖျူဂျီတဲ့ … မိုက်တယ်မဟုတ်လား။

ရုက္ခစိုး။ ။ ဟင် နာမည်ကြီးမင်းသမီးက ဘယ်လိုလုပ် ဒုက္ခသည်ဖြစ်နေတာလဲ။

တာတေ။ ။ သြော်၊ သူက နာမည်ကြီးဆိုပေမယ့် အသက်နည်းနည်း ကြီးနေပြီဆိုတော့ ဒုက္ခသည် လုပ်လိုက်တာလေ။ ပြီးရင် အမေရိကားသွားမှာပေါ့။ မင်းသားတွေလည်း ဒီလိုပဲ ဒုက္ခသည် စခန်း ဝင်တာပဲ။ အသက်ငယ်တဲ့ မင်းသမီးတွေကတော့ တခြားနည်းနဲ့ ဒုက္ခသည်လုပ်ပြီး သွားတာပေါ့။

ရုက္ခစိုး။ ။ တခြားနည်းနဲ့ ဒုက္ခသည် လုပ်တယ် ဟုတ်လား။ ဘယ်လိုနည်းလဲ၊ လုပ်ပါဦး။

တာတေ။ ။ အဲဒီဘက်မှာလည်း ပွဲစားတွေရှိတာပဲ။ အသက်ငယ်တဲ့ မင်းသမီးလေးတွေကျတော့ ဒီလို ဒုက္ခသည် စခန်းထဲ ဝင်မနေတော့ဘူး။ အမေရိကန် နိုင်ငံသားခံယူထားတဲ့ လူပျိုသိုး၊ လူပျိုဟောင်းကြီးတွေနဲ့ ယူပြီး အမေရိကားသွားကြတယ်လေ။

ဖိုးရှုပ်။ ။ နေပါဦး၊ ယောက်ျားယူပြီး အမေရိကားသွားတာနဲ့ ဒုက္ခသည် ဖြစ်တာ ဘာဆိုင်လို့လဲ။

တာတေ။ ။ ဒါကတော့ စဉ်းစားကြည့်လေ။ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ ဒုက္ခသည် ဖြစ်တာပဲ။ မယူချင်တဲ့ ယောက်ျား ရုပ်ဆိုးကြီးတွေကို ယူရတယ်၊ မြန်မာနိုင်ငံမှာလို ကျော့ကျော့မော့မော့လေး ရုပ်ရှင် မရိုက်ရ တော့ဘဲ ဆူရှီလိပ်နေရတယ်။ ဒါလည်း ဒုက္ခသည် မဟုတ်ဘူးလား။

ရုက္ခစိုး။ ။ အင်း မြန်မာပြည်ထဲမှာ လူမှ ကျန်ပါဦးမလားမသိဘူး။

တာတေ။ ။ ဒါတော့ မေးမနေနဲ့၊ မြန်မာပြည်ထဲမှာ ဘယ်သူမှ မနေချင်ဘူး။ အကုန်လုံး နိုင်ငံခြား ထွက်ချင်ကြတာချည်းပဲ။ အမေရိကားကတော့ ဘယ်သူမဆို သွားချင်တာ။ အဲဒီတော့ ကျုပ်တို့လို ပွဲစားတွေ ထောတာပေါ့ ဟဲဟဲ။

ထိုစဉ် သူတို့နားသို့ လူတဦးချဉ်းကပ်လာသည်။ ပါးစပ်ကလည်း ရွှတ်ရှက် ဒွတ်ဒတ်များရွတ်ဆိုလာသည်။

ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီးပါလား။ ဘယ်လိုက ဘယ်လို ဒုက္ခသည် စခန်းနား ရောက်နေတာလဲ။

ချိုကုပ်။ ။ အိုင်ဆေး အန်ကယ် ရုက္ခစိုး၊ ဝှူးအာယူ … ဆောဒီးဆောဒီး၊ ဟောင်းအာယူ၊ အိုင်အမ် ဖိုင်း၊ ဟောင်းဒူး ယူဒူး ဟဲဟဲ။

ဖိုးရှုပ်။ ။ ဟင် … ချိုကုပ်ဒူးကြီး ဘယ်လိုဖြစ်သွားတာလဲ။

ချိုကုပ်။ ။ အိုင် ဘယ်လိုမှ မဖြစ်ဘူးစ်၊ ခု အင်္ဂလစ်ရှ် လန်းနင်း လုပ်နေတာ။

ကြွက်စုတ်။ ။ ဘာလုပ်ဖို့ လန်းနင်း၊ အဲ … အင်္ဂလိပ်စာ သင်နေတာလဲဗျ။ ခုမှ အေဘီစီဒီ စသင်တော့ အသက်ကြီးမှ လက်ပေးသင်တဲ့ ဟိုအကောင်လို ဖြစ်နေမှာပေါ့။

ချိုကုပ်။ ။ အိုး ယူအာရောင်း … ။ ဒီမှာ ပညာလို အိုသည်မရှိတဲ့။ အသက်ကြီးမှ လက်ပေးသင်တော့ ဘာဖြစ်လဲ။ အမေရိကားသွားရဖို့ လိုရင်းပဲဟာ။

ရုက္ခစိုး။ ။ ဟင် လာပြန်ပြီတယောက် … အမေရိကားတဲ့။

ချိုကုပ်။ ။ ဟုတ်တယ်လေ။ ကျုပ်တို့ကို ပိတ်ဆို့ထားတော့ အမေရိကားကို သွားချင်တိုင်း မသွားရဘူး။ ခု UN စည်းဝေးလုပ်မယ်၊ သွားရမယ် ဆိုတဲ့အခွင့်အရေးလေးနည်းနည်း ပြန်ဟလာပြန်တော့ ဟို ဝန်ကြီးချုပ်ဆိုတဲ့ သိန်းဂိန်တို့၊ ဉာဏ်ပျင်းတို့က နည်းနည်း မှုတ်တတ်လို့ သူတို့ကိုလွှတ်ရတယ်။ မတော်တဆ အိုဘားမားက ထမင်းစားဖိတ်လို့ သွားမိရင် ခွေးအကြီး လှည်းနင်းသလို ဖြစ်နေမှာလေ။ ဝက်ထောကြီးလာတုန်းကလည်း အမေရိကန်အင်္ဂလစ်ရှ်ကို မွှတ်နေအောင်ပြောတတ်အောင် သင်ထားဖို့ ကပ်မှာသွားသေးတယ်။ နောက်တခါ အခွင့်အရေး ပေါ်လာလို့ကတော့ ဘယ်သူ့မှ မလွှတ် တော့ဘူး၊ ကိုယ့်ဘာသာ သွားဖို့ အင်္ဂလစ်ရှ် လန်းနင်း လုပ်နေတာ ဟဲဟဲ။

ချိုကုပ်ဒူးကြီးဆီက တံတွေးများစဉ်သွားသောကြောင့် သူတို့ မနည်းရှောင်လိုက်ရသည်။

တာတေ။ ။ အင်္ဂလစ်ရှ် လန်းနင်းလုပ်တာတော့ ထားပါတော့၊ ခု ဒုက္ခသည် စခန်းနားကို ဘာလာ လုပ်တာလဲဟင်။

ချိုကုပ်။ ။ ဒါလား … အခင်းအကျင်း လာကြည့်တာလေ။ အခြေအနေ မကောင်းရင် စခန်းထဲ ဝင်ပြီး အမေရိကား သွားမလို့။

ရုက္ခစိုး။ ။ ဟင် ချိုကုပ်ဒူးကြီးကလည်း ဒုက္ခသည် စခန်းထဲ ဝင်မယ် ဟုတ်လား။

ချိုကုပ်။ ။ ဟုတ်တယ်လေ၊ မောင်ကွေးတို့၊ ငမန်းတို့က အထိန်းရ အသိမ်းရ ခက်ပါဘိသနဲ့၊ တော်ကြာ ဟိုကောင်ဖင်တွန့်ရဲ့ ဝဋ်တွေ ပြန်လည်နေရင် ဘယ်လိုလုပ်မလဲ။ အဲဒီတော့ သေချာအောင် ဒီဘက် လမ်းကိုလည်း စုံစမ်းထားရမယ်။ ကဲ ဘယ်လောက်ပေါက်လဲ ကိုတာတေ လုပ်ပါဦး။ အလုပ်ဖြစ်မယ် ဆိုရင် ပေါက်ဈေးထက် ၃ ဆပိုပေးမယ်ဗျာ။ ခင်ဗျားတို့ ကြော်ငြာကိုလည်း အရမ်းသဘောကျတယ်။

တာတေ။ ။ ဘယ်ကြော်ငြာကို သဘောကျသွားတာလဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။ ။ သြော် … အရင်က စလီဘရစ်တီ ခုတော့ ရဖျူဂျီ ဆိုတဲ့ ကြော်ငြာကိုပါ။ ကျုပ်လည်း စလီဘရစ်တီ ပဲလေ၊ ဟောဒီက ဖိုးရှုပ်တို့ ကြွက်စုတ်တို့လည်း စလီဘရစ်တီပဲ၊ ဦးရုက္ခစိုးလည်း စလီဘရစ်တီပဲ။ ကျုပ်တို့ အားလုံး ဒုက္ခသည် ဖြစ်ခွင့်ရှိတယ် … ဟုတ်တယ် မဟုတ်လား။

ချိုကုပ်ဒူးကြီး၏ စကားအဆုံးတွင် ဦးရုက္ခစိုးကြီး စိတ်ပါလာပြီး “ဒီလောက်တောင်ဖြစ်တာ ကျုပ်လည်း ဝါရှင်တန် ရုက္ခစိုးပဲ လုပ်တော့မယ်ဗျို့၊ ကဲ ကိုတာတေရေ ဘယ်လောက်ပေါက်လဲ၊ ဘယ်လိုပေးရမလဲ၊ ဒုက္ခသည် အစစ်တယောက် နေရာမှာ ချင်းမိုင်ရုက္ခစိုး ဆိုပြီး စာရင်းထည့်လိုက်ပေတော့။ အမေရိကားကို မတိန်းမစောင်း ဘိန်းဗောင်းနဲ့ အမြန်ဆုံး လစ်တော့မယ် … ပလို့ … ဂျိ” ဟူ၍ ရေရွတ်လိုက် လေတော့သည်။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။


မြန်မာ့သတင်း ကမ္ဘာ့သတင်း

Human Rights Council Meeting-HRC

စက်တင်ဘာလ ၁၄ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မနေ့တုန်းက မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ပြောဆိုခဲ့ကြပါတယ်။

US Senator Jim Webb speaks during a press conference in Vientiane, Laos, 13 Aug 2009

ရန်ကုန်-မန္တလေး မဟာဗျူဟာ အမြန်လမ်းမကြီး မပြီးဆုံးခင် လမ်းအစိတ်အပိုင်းအချို့ စတင်ပျက်စီး
အောင်ထက် / ၂၃ စက်တင်ဘာ ၂၀၀၉
အဆိုပါဒေသများတွင် မိုးရာသီ၌ တောင်ကျရေများသည့်အတွက် မြေသားလမ်းကျွံခြင်း၊ တံတားရေပြွန်ပေါက်များ ရေပေါက်မပွင့်ခြင်းတို့ ရှိသည့်အပြင် လမ်းတံတားများ ဆောက်လုပ်ရာ၌ ခံနိုင်ရည်ရှိ-မရှိ သုံးသပ်ခြင်း၊ စံချိန်စံညွှန်းကိုက်ညီမှု စစ်ဆေးခြင်းတို့ အားနည်းသည့်အတွက် တည်ဆောက်ပြီးစအချိန်တွင်ပင် ယခုကဲ့သို့ ပျက်စီးရခြင်းဖြစ်ကြောင်း ....အပြည့်အစုံသို့
ဝတပ်ဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တွေ့ဆုံမည့်အစီစဉ် နအဖဘက်က ရွှေ့ဆိုင်းထား
ခိုင်လင်း / ၂၃ စက်တင်ဘာ၂၀၀၉ “ဗိုလ်ချုပ် ရဲမြင့် ဒီကိုရောက်မလာပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ မတွေ့ဖြစ်သေးပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေကတော့ တွေ့မှာပါ......”အပြည့်အစုံသို့
၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် အဆင့်မြင့်သတင်းစာပညာသင်တန်း ပို့ချ
NEJ / ၂၃ စက်တင်ဘာ ၂၀၀၉ “ဒီသင်တန်းက အရေးကြီးတယ်။ ရွေးကောက်ပွဲမှာ ပါတီတွေ ကို အင်တာဗျူးလုပ်မယ့်ပုံစံတွေကို သင်နေတာ။ မြန်မာနိုင်ငံ သတင်းထောက်တွေက ရွေးကောက်ပွဲ ....”အပြည့်အစုံသို့
ကန့်သတ်ခြင်းမရှိသည့် ဆေးအရောင်းဆိုင်များကြောင့် လူငယ်ထုအတွင်း ဆေးစွဲသူ များပြားလာ
ဝီရ / ၂၃ စက်တင်ဘာ ၂၀၀၉ “ကျောင်းသားလူငယ်တွေစွဲတဲ့ ဆေးဝါးတွေ အလွယ်တကူ ရောင်းပေးနေတဲ့ ဆေးဆိုင်တွေကို စစ်ဆေးဖော်ထုတ်သွားဖို့ စီမံချက်တရပ် ရေးဆွဲပြီး ပြည်နယ်နဲ့တိုင်း...”အပြည့်အစုံသို့
အသတ်ခံရသည့် မြန်မာများအတွက် နစ်နာကြေးရရေး မိသားစုများကို ထိုင်းလူ့အခွင့်အရေးအဖွဲ့ကူညီ
ရဲရင့် / ၂၃ စက်တင်ဘာ၂၀၀၉ “အကြောင်းမဲ့ အပြစ်မရှိဘဲ အသတ်ခံရတာပါ။ ကလေးတွေနဲ့ ဒုက္ခရောက်ပြီး အားကိုးမရှိတော့လို့ အခုလို နစ်နာကြေးရရှိဖို့ လျှောက်ထားတာပါ....”အပြည့်အစုံသို့
အတွေးအခေါ် ပြောင်းလဲရေး
(ဝေဖန်သုံးသပ်ချက်)
အောင်ကျော်ခင် / ၂၃ စက်တင်ဘာ ၂၀၀၉
ဒီမိုကရေစီလိုချင်ရင် အတွေးအခေါ်ပြောင်းလဲဖို့ အလွန်အရေးကြီးတယ်။ အရပ်သားက စစ်ဗိုလ်လိုကျင့်ကြံ နေရင် ဒီမိုကရေစီအနားတောင် ကပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပရုံနဲ့ မြန်မာပြည်သားတွေ အတွေးအခေါ် ပြောင်းလဲမှာမဟုတ်ဘူး။ အတွေးအခေါ် မပြောင်းလဲရင် ရွေးကောက်ပွဲအာဏာရှင်စနစ်..အပြည့်အစုံသို့

အင်အားကောင်း အတိုက်အခံဖြစ်ရေး ဦးရွှေအုန်း ဖိတ်ခေါ်

၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့သည်အထိ မမျှော်မှန်းသော်လည်း ပါလီမန်တွင် အတိုက်အခံ အုပ်စုအဖြစ် ရပ်တည်နိုင်ရေးအတွက် မိမိတို့နှင့် ပါဝင် ပူးပေါင်းရန် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ -(ပဒမဖ)...
US Policy on Burma

ဘူးသီးတောင်နှင့် မောင်တောတွင် ညမထွက်ရ အမိန့်ထုတ်

ဓားပြများ သောင်းကျန်း နေသော ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် အာဏာပိုင်များက ညမထွက်ရ အမိန့် ထုတ်ပြန်ထား......

တတိယလှိုင်းတို့ နားချပါဦး

ဗီယက်နမ် နိုင်ငံသည် ယနေ့ခေတ်တွင် ထိုင်းနိုင်ငံနှင့် အပြိုင် ကမ္ဘာတခွင်သို့ ဆန်တင်ပို့နေသော နိုင်ငံတခု...

အမေရိကန်၏ မြန်မာမူဝါဒ အပြောင်းအလဲမှာ

အမေရိကန်နိုင်ငံမှာ ဒီမိုကရက်သမ္မတ အိုဘာမား အာဏာရလာ ပြီးကတည်းက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပေါ်လစီကို ပြောင်းလဲဖို့ လေသံပစ်......


“အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံးခံရဲတယ်”

“အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံးခံရဲတယ်” ဒေါက်တာဇာနည်သည် ယခင်က မြန်မာစစ်အစိုးရအား စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ရန် တက်ကြွစွာ ဦးဆောင် လှုံ့ဆော်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူတဦး ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြန်မာပြည် အရေးနှင့် ပတ်သက်၍ ဒေါက်တာ ဇာနည်ကို ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းထားပါသည်။
ဆက်ဖတ်ရန် ...
ဦးဉာဏ်ဝင်း ၀ါရှင်တန်သို့ တရက်တာ သွားခွင့်ရ

ဦးဉာဏ်ဝင်း ၀ါရှင်တန်သို့ တရက်တာ သွားခွင့်ရ

မြန်မာစစ်အစိုးရ ခေါင်းဆောင်များ နယူးယောက်မြို့ အတွင်း ၂၅ မိုင် ပတ်လည်သာ သွားလာရန် ကန့်သတ်ခံထား ရသော်လည်း အမေရိကန်အစိုးရက နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကို

မြန်မာ-အမေရိကန် ဆက်ဆံရေးပြန်ကောင်း လာမည်လော

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ နယူးယောက်မြို့သို့ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကုလသမဂ္ဂညီလာခံ တက်ရောက်ခြင်းနှင့်

စစ်အစိုးရနှင့် ညှိနှိုင်းရန် ထိုင်းဝန်ကြီးချုပ် ပြောကြား

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ အနေဖြင့် မြန်မာပြည်အပေါ် တားမြစ်ပိတ်ဆို့ အရေးယူခြင်းထက် စေ့စပ်ညှိနှိုင်း ဆွေးနွေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက

ရခိုင် လူငယ်များ ဖမ်းဆီးခံရ

စစ်အစိုးရက အကျဉ်းသားများကို လွှတ်ပေးမှုများ ပြုလုပ်နေသော်လည်း ပြည်ပရှိ အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆက်သွယ်သည် ဟူသော အကြောင်း ပြချက်ဖြင့် ရခိုင်လူငယ်များကို

သတင်းများကို Google Fast Flip မှ အလွယ်တကူ ဖတ်ရှု၍ ရပြီ်

Google ကုမ္ပဏီကြီးက ကမ္ဘာ့သတင်းဌာနများမှ လူကြိုက် အများဆုံး သတင်းများကို တနေရာတည်းတွင် ဖတ်ရှု၍ ရရန်အတွက် ရည်ရွယ်၍ အင်တာနက် ၀န်ဆောင်မှုတခု ဖြစ်သည့်

ကရင်ရွာသား ရာနှင့်ချီ၍ ကူးစက်ရောဂါ ဖြစ်ပွား

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ကျေးရွာတချို့တွင် လွန်ခဲ့သည့် ၂ ပတ်ခန့်က စတင်ပြီး ကူးစက်ရောဂါတမျိုး ဖြစ်ပွားနေသဖြင့် ရွာသား ၃၀၀ ခန့် ဖျားနာနေကြသည်ဟု ကရင်တိုင်းရင်းသား

လွတ်မြောက်လာသူများက ဆိုးဝါးသော ထောင်တွင်း အခြေအနေများကို ထုတ်ဖော်

မြန်မာနိုင်ငံတဝန်းရှိ စစ်အစိုးရ အကျဉ်းထောင် များအတွင်း နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းနှင့် အစားအစာ ချို့တဲ့ခြင်းများကြောင့် ကျန်းမာရေး

အင်းစိန်ထောင် သို့မဟုတ် ဖိနှိပ်မှုရဲ့ ရုပ်ပုံလွှာတချပ်

သန်းစိုးလှိုင်

စက်တင်ဘာ ၂၂၊ ၂၀၀၉

အင်းစိန်ထောင် ဆိုတဲ့ အမည်ကိုကြားလိုက်တဲ့ အခါတိုင်း ဆိုးရွားတဲ့ ခံစားမှု၊ ကြောက်ရွံ့ခြင်း၊ မတရားမှု အသက်အန္တရာယ်၊ ဘ၀ရဲ့ မှောင်မိုက်တဲ့ နေ့ရက်များ စတဲ့ ခံစားမှုပုံရိပ်တွေဟာ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ခံစားမှုမှာ ပေါ်လာလေ့ရှိပါတယ်။ အင်္ဂလိပ် ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ အင်းစိန်ထောင်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတလျှောက်နဲ့ လွတ်လပ်ရေးရပြီး နောက် အနှစ်၆၀ အတွင်း နိုင်ငံရေးသမား အများစုရဲ့ ဘ၀တက္ကသိုလ် တခု ဖြစ်ခဲ့ရပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင် အများစုဟာ အင်းစိန်ထောင်နဲ့ မလွတ်ကင်းနိုင်ခဲ့ကြပါဘူး။

အျပည့္အစုံသိုႛ ...

မြစ်ဝကျွန်းပေါ်မှာ ကိုယ့်လယ်ကွက်ထဲက ငါးကိုတောင် ဖမ်းခွင့်မရှိ
ဝင်းမြတ်
စက်တင်ဘာ ၂၂ ၊ ၂၀၀၉
ဒေးဒရဲမြို့နယ်အတွင်း ကျေးလက်ဒေသ လယ်ကွက်အတွင်း ငါးဖမ်းနေသူ တစ်ဦး နှင့် လယ်ကန်သင်းရိုးပေါ် ဖြတ်လျှောက်သွားသော ကျောင်းသားငယ်တစ်ဦး

အင်းလေလံ ဆွဲသူတွေကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက လယ်သမားတွေရဲ့ စပါး စိုက်ပျိုးမှုနဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါတယ်။ ကိုယ်ပိုင်တဲ့ လယ်ကွက်ထဲက ပေါက်ပွားလာတဲ့ ငါး၊ ပုစွန်တွေကိုတောင် ဖမ်းဆီးခွင့် မပြုတာကြောင့် ဖြစ်ပါတယ်။

“လယ်ထဲမှာ ရေတွေ များနေလို့ ရေဖောက်ထုတ်တယ်။ လယ်ထဲမှာရှိတဲ့ ငါးလေး ပုစွန်လေး ရအောင် ရေထွက်ပေါက်မှာ ဇကာ (ဆန်ခါ) ခံထားတာကို အင်းလေလံ ဆွဲထားတဲ့သူက သူတို့လေလံကွက်မှာ ရေချိုငါးဖမ်းတယ် ဆိုပြီး ရဲနဲ့ လာဖမ်းလို့ အခု မြို့မှာ လိုက်ရှင်းနေရတယ်” လို့ ဒေးဒရဲမြို့နယ်က လယ်လုပ်သူ တစ်ဦးက ပြောပါတယ်။
အျပည့္အစုံသိုႛ ...

သတင်းထဲက ဂဏန်းများ၊ တရုတ်သို့ ရေနံ နှင့် ဓာတ်ငွေ့ စတင် သွားမည့် အချိန်
စက်တင်ဘာ ၂၂၊ ၂၀၀၉
၂၀၁၃ ခုနှစ်
အျပည့္အစုံသိုႛ ...


more


more


more


more


more


more

ညူကလီးယား နည်းပညာ ဘယ်နိုင်ငံက ရသလဲ

မြန်မာ စစ်ခေၝင်းဆောင်တွေကို စပိန်နိုင်ငံမှာ တရားစွဲ

နတ်မောက်မြို့နယ် ကလျို့ဝှက်မြေအောက်လှိုက်ခေၝင်းစီမံကိန်း

ရွှေဝါရောင်တော်လှန်ရေး ၂နှစ်ပြည့် အမှတ်တရ ဗီဒီယို

about a minute ago · · · Share

NLD က အကျဉ်းသားများ လွှတ်ပေးသည့်အပေါ် ကြေငြာချက်ထုတ်ပြန်

NLD က ယနေ့ နေ့လည်က ထုတ်ပြန်ခဲ့သော ကြေငြာချက်ထဲတွင် အကျဉ်းသား ၇၁၁၄ ဦး လွှတ်ပေးသည့် အပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ထုတ်ပြန်လိုက်ပြီး ပါတီခေါင်းဆောင်များ ဖြစ်သော ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်သားခေါင်းဆောင်များ ၊ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ နိုင်ငံရေး အကျဉ်းသား အားလုံးကိုပါ ချွင်းချက်မရှိ လွှတ်ပေးပါရန် ထပ်လောင်း တောင်းဆိုလိုက်ပါသည်။
ပြန်လည်လွတ်မြောက်လာသော NLD အဖွဲ့ဝင်များကိုလည်း ပါတီနှင့် ပြန်လည်ပူးပေါင်းပါရန် ဖိတ်ခေါ်ခဲ့ပါသည်။
NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အကျဉ်းထောင်ပေါင်းစုံမှ လွတ်မြောက်လာသော အကျဉ်းသား ၇၁၁၄ ယောက်ထဲတွင် နိုင်ငံရေး အကျဉ်းသား ၁၃၅ ယောက်သာ ပါသည်ဟုလည်း ပြောပြခဲ့ပါသည်။ ထိုအထဲတွင် ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ် ၃ဦး၊ NLD တီ၏ ဥပဒေရေးရာ အကြံပေး အဖွဲ့ ဥက္ကဌ ရှေ့နေ ဦးစိုးဟန် အပါအဝင် NLD ပါတီဝင် ၄၃ယောက်သာ ပါရှိသည်ဟုလည်း ပြောပြသွားခဲ့ပါသည်။


လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ အစီရင်ခံစာထုတ်ဝေ

Photobucket
စက်တင်ဘာ ၂၃

ယမန်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ရှိသော နိုင်ငံခြားသတင်းထောက်ကလပ်တွင် အမေရိကန် အခြေစိုက် လူ့ အခွင့်အေ၇း စောင့်ကြည့်လေ့လာရေး အဖွဲ့ အာရှဒေသမှ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ထုတ်ဝေလိုက်သည်။ မြန်မာပြည်မှ သံဃာတော်များ ခုခံတော်လှန်ရေးနှင့် ဗုဒ္ဓဘာသာနှင့် တက်ကြွလှုပ်ရှားမှု ဟုခေါင်းစဉ်ထပ်ထားသော စာမျက်နှာ ၂၅မျက်နှာပါ အစီရင်ခံစာကို ထုတ်ဝေခဲ့သည်။

အမေရိကန်နိုင်ငံအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အာရှရေးရာတာဝန်ခံ ဒေးဗစ် ဆိုကော့ မက်သီဆွန် နှင့် မြန်မာ့အေ၇း ကျွမ်းကျင်သူ စာရေးဆရာ သတင်းစာဆရာ ဘာတင်းန်လက်တနာ တို့ က သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဒေးဗစ် ဆိုကော့ မက်သီဆွန် က “မြန်မာနိုင်ငံရဲ့ အနေအထားက တော်တော်ကြီးကို ဆိုးဝါးလာပါတယ်။ မြန်မာနိုင်ငံ အတွင်းက သံဃာတော်တွေဟာ ဖိအားပေး ခြိမ်းခြောက်ခံရတာတွေ၊ စောင့်ကြည့်တာတွေ ခံနေရပါတယ်။ ခုအချိန်ဟာ သံဃာ့တော်လှန်ရေး နှစ်ပတ်လည်ကာလလည်း ဖြစ်ပါတယ်။ လာမယ့်၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ် လို့ အစိုးရက ကြေညာထားပါတယ်။ ဖိနှိပ်မှုတွေ အယင်ကထက် ပိုဆိုးဝါး လာနိုင်ဖွယ်ရာရှိပါတယ်။

မြန်မာရဟန်းတော်တွေကလည်း ၂၀၀၇ ရွှေဝါရောင်တုန်းကလို ပြင်းထန်တဲ့ အုံကြွမှုကြီး ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံထောင်ထဲမှာ မြန်မာရဟန်းတော် ၂၄၀ ကျော်ရှိတယ်။ ရွှေဝါရောင်တော်လှန်ရေးတုန်းက သံဃာ၃၁ပါး အသတ်ခံခဲ့ရတယ်လို့ ကုလစုံစမ်းစစ်ဆေးရေး ဒေါက်တာ ပေါလိုပင်ညဲရိုး ကထုတ်ပြန်ခဲ့ပေမယ့် ဒီထက်ပိုများနိုင်ပါတယ်။ အရေအတွက်အတိအကျကိုတော့ ကျနော်တို့ မပြောနိုင်သေးပါဘူး”ဟု ပြောသည်။

အစီရင်ခံစာတွင် သံဃာတော်များ ဖိနှိပ်ခံနေရပုံ အမြောက်အများပါဝင်ပြီး၊ သေနတ်ထိမှန်ခဲ့သော်လည်း အချိန်မီဆေးဝါးကုသမှု မခံယူနိုင်လိုက်သဖြင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသော သံဃာတော်တစ်ပါး၏ ဓါတ်ပုံနှင့် လည်ပင်းတွင် နံပါတ်တုတ်ဖြင့် အရိုက်ခံရသဖြင့် သေရာပါဒဏ်ရာဖြစ်နေသော သံဃာတစ်ပါးပုံ တို့ကိုဖေါ်ပြထားသည်။

ယခုအစီရင်ခံစာ စာအုပ်ပြုစုသူ ဆီဒင်လူမျိုးသတင်းစာဆရာ ဘာတင်းလယ်တနာက “အတိတ်က ဖြစ်ရပ်တွေကြောင့် မြန်မာတွေ့ရဲ့စိတ်ထဲမှာ အနာရွတ်တော့ထင်ကျန်နေပါတယ်။အာဏာတွေက လူတွေရဲ့ စိတ်သဘောထား ခံစားချက်ဆန္ဒတွေကို ဖိနှိပ်လို့မရနိုင်ပါဘူး။

ခုလောလောဆယ် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာနိုင်ဖွယ်ရာမရှိပေမယ့် အခြေအနေပေးတာနဲ့ သံဃာတော်တွေ ပြန်ပြီးဦးဆောင်လာလိမ့်မယ်” ယခုကဲ့သို့ စာအုပ်ပြုစုရေးသား ထုတ်ဝေခြင်းကြောင့် မြန်မာပြည်သူများအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသော မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ သံဃာတော်များကို နိုင်ငံတကာမိသားစုက မမေ့မလျှော့ရန်နှင့် ပစ်မထားကြ၇န် လိုအပ်သည်။

မြန်မာပြည်သူများအပေါ် မတရားဖိနှိပ်အုပ်ချုပ်နေသော မြန်မာစစ်အစိုးရအား နိုင်ငံတကာမိသားစုများက ဘဏ္ဍာငွေကြေး၊ စီးပွားရေး တိကျခိုင်မာသော ကိစ္စရပ်များကို အရေးယူခြင်းဖြစ်လာစေရန် ရည်ရွယ်ကြောင်း ဒေးဗစ် ဆိုကော့ မက်သီဆွန် က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုမတိုင်ခင် နိုင်ငံရေးအပြောင်းအလဲ တစ်စုံတစ်ခု ဖြစ်အောင် နိုင်ငံတကာမှ မပြောင်းလဲနိုင်လျှင် မြန်မာနိုင်ငံ၏ အနေအထားမှာ သံဃာ့လှုပ်ရှားမှု တစ်ခုပေါ်ပေါက်လာနိုင်ကြောင်း အစီရင်ခံစာတွင် သတိပေးထားသည်။ ၊မြန်မာသမိုင်းတွင်လူထု ဆင်းရဲကျပ်တည်းမှု ကြုံလာတိုင်း သံဃာတော်များက လူထုရှေ့မှ ကြံ့ကြံ့ခံ ဦးဆောင်ပါဝင်ခဲ့သည်များကို အစီရင်ခံစာတွင် ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၇ ခုနှစ်စက်တင်ဘာ ရွှေဝါရောင် တော်လှန်ေ၇း နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးမှ သံဃာတော်များနှင့် ပြည်ပတွင်ရှိသော သံဃာတော်အပါး၃၀ ကျော်တို့ကို မေးမြန်းသုသေတနပြု မှတ်တမ်းပြုစုထားသည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။