3.13.2009

Burma News

French Govt Minister to Raise Burma Question during Thailand Visit

By WAI MOE
The French government minister responsible for human rights issues, Rama Yade, has begun a three-day visit to Thailand, during which she will discuss the Burma question with Thai Foreign Minister Kasit Piromya.

Signatures Wanted to Free Political Prisoners

By MIN LWIN
Human rights groups are launching a global campaign on Friday to collect 888,888 signatures for a petition calling for the release of Burmese political prisoners.

Three Men Die in Forced Labor Incidents

By MIN LWIN
Three villagers die in two forced labor incidents involving local authorities in Pegu Division in Burma.

UNHCR Chief Travels to Mergui

By LAWI WENG
The head of the UN’s refugee agency is wrapping up a nearly week-long visit to Burma with a brief trip to Tenasserim Division.

Burmese PM to visit Indonesia and Singapore

The Burmese Prime Minster General Thein Sein will lead a delegation to Indonesia and Singapore, sources in Naypyitaw said. Thein Sein’s delegation is scheduled to reach Jakarta, Indonesia...

Burmese sailors freed by Somali pirates compensated

A Britain based Insurance Company on Wednesday provided compensation to 12 Burmese sailors, who were held captive for 37 days by Somali pirates. The compensation paid by the 'Protection and...

Humanitarian worker sentenced to 17 years in prison

A special court sitting inside the notorious Insein prison on Wednesday handed down 17 years in prison to a humanitarian worker, who was arrested and detained for the past eight...

French Secretary of State for human rights to visit Thailand

The French Secretary of State for Foreign Affairs and Human Rights, Rama Yade, is preparing to begin a three-day visit to Thailand on Thursday and will discuss issues including the...

EU needs more effective Burma policy
United Press International, Asia - Hong Kong,USA
By Zin Linn Bangkok, Thailand — The European Union's policy on Burma has not worked to bring about a breakthrough in national reconciliation or political ...
See all stories on this topic
Reforestation in Burma draws private investors
Lesprom Network - Moscow,Russia
A 30 year plan for reforestation has been drawn up in Burma. The plan invites companies from the private sector, both national and international to invest ...
See all stories on this topic
The Irrawaddy News Magazine
French Govt Minister to Raise Burma Question during Thailand Visit
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE The French government minister responsible for human rights issues, Rama Yade, an outspoken critic of the Burmese regime, began a three-day visit ...
See all stories on this topic
Myanmar sees 25-fold rise in amphetamine seizures
International Herald Tribune - France
Myanmar, also known as Burma, is also the world's second largest producer of heroin after Afghanistan, according to US and UN experts, although the Central ...
See all stories on this topic
Exiled Burmese groups close following rumours of Thai crackdown
Democratic Voice of Burma - Oslo,Norway
Mar 12, 2009 (DVB)–Exiled Burmese opposition groups based in Thailand’s border town, Mae Sot, were forced to close down their offices following rumours of a ...
See all stories on this topic
Off to help kids in Burma
St George & Sutherland Shire Leader - Sydney,NSW,Australia
Gymea businesswoman Angela Colson said Burmese residents are still reeling from Cyclone Nargis that devastated the region in May last year. ...
See all stories on this topic
The D’s that could Determine a Viable Burma Policy
The Irrawaddy News Magazine - Chiang Mai,Thailand
By AUNG ZAW Burma is a moral minefield where we all need to tread carefully, critically and creatively, bearing in mind a number of “D” factors. ...
See all stories on this topic
Visiting the Rohingya, Burma's Hidden Population
TIME - USA
From everything that I had heard about this persecuted Muslim minority, the Rohingya come from western Burma's isolated Arakan State. ...
See all stories on this topic

Blogs Alert for: Burma news

International Campaign for Freedom of Aung San Suu Kyi and Burma ...
By icfab8888@gmail.com (International Campaign...
BURMA NEWS: MYANMAR /TIBET NEWS , BURMA DISASTER NEWS, FREE BURMA / TIBET NEWS. Seized vehicles repainted for army use · Government plans to return seized trucks to monasteries · Northern Commander threatened with removal ...
International Campaign for Freedom... - http://internationalcampaignforfreedom.blogspot.com/
Free Burma’s Political Prisoners Now! » A global signature ...
By amtfbppn
Soe Aung, Forum for Democracy in Burma: +66(0)818399816. Dr Naing Aung, Forum for Democracy in Burma: +66(0)818837230. Tate Naing, Assistance Association for Political Prisoners (Burma): +66(0)812878751. Filed under: News Articles, ...
Free Burma's Political Prisoners Now! - http://www.fbppn.net/
Atheo News: Squaring the Pentagon
By atheo
Maybe Burma and Venezuela. Toss in Sudan and Somalia, as if the latter actually existed as a nation. Stretch to include Syria. This disparate group is no replacement for the Axis alliance or Soviet empire. ...
Atheo News - http://atheonews.blogspot.com/
Roy Greenslade: The internet’s ‘dirty dozen’
By InfoUrl
It names the 12 enemies as Burma, China, Cuba, Egypt, Iran, North Korea, Saudi Arabia, Syria, Tunisia, Turkmenistan, Uzbekistan and Vietnam, arguing that the “dirty dozen” have all transformed their internet into an intranet. “All these countries distinguish themselves not only by their ability to censor online news and information but also by their virtually systematic persecution of troublesome internet users,” said RSF, a Paris-based organisation ...
All News - http://www.infourl.com/
Introducing Media Cloud: A new tool to track how news gets covered ...
By polymeme
SAFFRON PEOPLE'S MOVEMENT : SAFFRON PEOPLE'S MOVEMENT: Burma News · THE NOISY CHANNEL : Media Cloud: Watch, Analyze, Learn | The Noisy Channel · DAVE'S SHARED ITEMS : Dave’s Shared Items / Berkman’s New Media Cloud · MSFT : Media Cloud ...
Polymeme frontpage feed - http://polymeme.com/feed

သွေးစွန်းသော တနင်္ဂနွေနေ့ (သို့) ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ (ဒုတိယပိုင်း အဆက်)။

မတ်လ ၁၃ ဖုန်းမော် ကျဆုံး (ကိုဖုန်းမော်နေ့ ဒို့ မမေ့ )

March 13, 2009

phmaw

March 12, 2009

၁၉၈၈ ခုနှစ် မတ်လ (၁၄) ရက်နေ့။

၁၉၈၈ ခုနှစ် မတ်လ (၁၄) ရက်နေ့ တနင်္လာနေ့ မှာ ကျောင်းပြန်ဖွင့်တော့ ကျောင်းသားတွေ စာသင်ခန်းကို ပြန်သွားကြပါတယ်။ အားလုံးကတော့ လေးလံသော ခြေလှမ်း ညှိုးနွမ်းသော စိတ်နှလုံးတွေ နဲ့ မတ်လ ရဲ့ နွေအပူ ရော ရင်ထဲကအပူမီး ပါရောပေါင်းပြီး တိတ်ဆိတ်စွာ စာသင်ခန်းဆီကို ရွေ့လျားကြပါတယ်။ အားလုံးရဲ့ စိတ်အစဉ်က နေ့လည် မြန်မာ့အသံမှ သတင်းကြေငြာချက်ဆီ အာရုံတွေလွှင့်ထားကြတယ်။

နေ့လည် (၁) နာရီမှာ သတင်းကြေငြာတော့ စက်မှုတက္ကသိုလ်ကျောင်းသားများနဲ့ အနောက်ကြို့ကုန်း ရပ်ကွက်သားများ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ကျောင်းသား မောင်ဖုန်းမော် သေဆုံးပြီး၊ မောင်စိုးနိုင်မှာ ရန်ကုန် ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ကုသထားရကြောင်း သတင်းကို မလှိမ့်တစ်ပတ် လုပ်ပြီး ကြေငြာလာတယ်။ ပညာရေးဝန်ကြီး ဦကျော်ငြိမ်း နေရာမှာ ဒေါက်တာကျော်စိန် ကို ပြောင်းလဲ ခန့်ထားလိုက်ကြောင်း ကြေညာတယ်။

ကျောင်းသားများရဲ့ ဒေါသတွေ ပေါက်ကွဲကုန်ပြီ။ တောင်းဆိုချက် (၇) ရပ်နဲ့ ကိုဖုန်းမော် ကျဆုံးခဲ့ရသော ဖြစ်ရပ်မှန်ကို ကြေညာချက် ၂ စောင် ထုတ်ပြီး စာရိုက်ထုတ်ဝေကြတယ်။ အစည်းဝေးတွေ စတင်ကျင်းပကြတယ်။ အခြားသော တက္ကသိုလ်တွေကို သွားပြီး စာရွက်စာတမ်းတွေ ဝေငှကြတယ်။ ဖြစ်ရပ်မှန်တွေကို လိုက်လံ ဟောပြောကြတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း အတွင်းမှာလည်း ကျောင်းသားတွေက တောင်းဆိုချက် (၇)ချက် နဲ့ အတူ ကိုဖုန်းမော် ကျဆုံးရခြင်းမှာ မ.ဆ.လ အစိုးရ၏ လုံထိန်းများ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဖြစ်ကြောင်းကို ပါမောက္ခချုပ် ဦးခင်အောင်ကြည်အား အတည်ပြု လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး ပညာရေးဝန်ကြီး ထံသို့ တင်ပြ တောင်းဆိုခိုင်းခဲ့တယ်။ မော်ကွန်းထိန်း ဦးဘိုအေးက တာဝန်ယူ လက်မှတ်ရေးထိုးပေးခဲ့တယ်။ ပညာရေးဝန်ကြီး ဒေါက်တာကျော်စိန်က (၁၄) ရက်မှ တာဝန်များကို စတင်ထမ်းဆောင်တာဖြစ်တဲ့အတွက် သူနဲ့ မသက်ဆိုင် ကြောင်း၊ အထက်ကို တင်ပြပေးမည် ဖြစ်ကြောင်း အကြောင်းပြန်ခဲ့တယ်။

ထို့နောက် ကျောင်းသားများက မော်ကွန်းထိန်း ဦးဘိုအေး အား ထပ်မံ လက်မှတ်ရေးထိုးစေပြီး တတိယမြောက် ကြေညာချက် ဖြစ်သော ရန်ကုန်စက်မှု တက္ကသိုလ်ဝင်း အတွင်း ကျောင်းသားများ သွေးမြေကျခဲ့ရသော ဖြစ်ရပ်မှန်မှာ လုံထိန်းများ၏ သေနတ်ဖြင့် ပတ်ခတ်မှု နှင့် မျက်ရည်ယိုဗုံး များကြောင့် ဖြစ်ကြောင်း ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဌာနမှုးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကိုယ်စား ၀န်ခံ အတည်ပြုကြောင်း ကြေညာစာတမ်းကို ထုတ်ဝေခဲ့တယ်။ အခြားသော ကောလိပ်များ နှင့် တက္ကသိုလ်များ ကိုလည်း လိုက်လံ ဖြန့်ဝေခဲ့တယ်။

ကျောင်းသားများအားလုံး ည (၈) သတင်းကို စိတ်ဝင်တစား စောင့်မျှော်နေကြတယ်။ အစိုးရက သတင်း ထုတ်ပြန်ချက်ကို ည (၈) နာရီ သတင်းမှာ ကြေညာလိုက်တာကတော့ .. စက်မှုတက္ကသိုလ်ကျောင်းသားများ နဲ့ ကြို့ကုန်းသားများ ရန်ဖြစ်ကြရာမှာ ကျောင်းသားမောင်ဖုန်းမော်မှာ ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်လို့ ပစ်ခတ်သတ်ဖြတ်မှု ကို မတောင်းပန် မကြေညာတဲ့ အပြင် ပြောင်ပြောင်တင်းတင်း ဗြောင်လိမ်လိုက်တယ်။ ကျောင်းသားများ အားလုံး ဒေါသထွက် ပေါက်ကွဲပြီး အဆောင်ပြူတင်းပေါက်တွေကို ရိုက်ချိုးကြတယ်။ အဆောင်မှာ လူစုကြတယ်။ အစည်းအဝေးတွေ ကျင်းပြကြတယ်။ လုံထိန်းများကလည်း ညဘက်မှာ ကျောင်းကို သေနတ်တွေနဲ့ ချိန်ထားခဲ့တယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၅) ရက်။

၁၉၈၈ ခုနှစ် မတ်လ (၁၅) ရက် မနက်မှာ ၉ နာရီ လောက်တည်းက ရန်ကုန်စက်မှုတက္ကသိုလ်ကို လုံထိန်းတွေ၊ ရဲတွေ ၊ သံချပ်ကာ ကားတွေက ၀ိုင်းထားလိုက်ပါတယ်။ သမိုင်းဝင်းတွင်းမှ ကျောင်းသားများကလည်း လိုက်လံလူစုပြီး အာအိုင်တီ ဆီကို ချီတက်လာကြပါတယ်။ သမိုင်းလမ်းဆုံ အရောက်မှာ ရဲများ လုံထိန်းများက သံဆူးကြိုးများ နဲ့ ကာပြီး လမ်းပိတ်ထားတာကို တွေ့ရတယ်။ ခဏ ကြာတာ့ လမ်းဖွင့်ပေးပြီး ကျောင်းသားတွေကို သွားစေတယ်။ ကျောင်းသားတွေ သွားပြီးတာနဲ့ သံဆူးကြိုးတွေ ပြန်ပိတ်ပြီး လုံထိန်းတွေက နောက်က လိုက်လာပါတယ်။

သံဆူးကြိုးတွေ ကို တစ်ဆင့်ခြင်း ကာရံရင်း လမ်းပိတ်ရင်း၊ ကျောင်းသားများကလည်း မကြောက်မရွံ့ မတုန်လှုပ် ဆက်လက်ချီတက်ရင်း အာအိုင်တီ ကျောင်းဝင်းရှေ့ ကိုရောက်လာခဲ့တယ်။ ကျောင်းဝင်းရှေ့မှာလည်း လုံထိန်းတွေ ရဲတွေ က အပြည့် နေရာယူထားတယ်။ ချီတက်လာတဲ့ ကျောင်းသားတွေ ပိတ်မိနေပြီ။ ကျောင်းဝင်းထဲလည်း ၀င်လို့ မရ ၊ နောက်လည်း ပြန်ဆုတ်လို့ မရအောင် ညှပ်ပူးညှပ်ပိတ် ပိတ်မိထားပြီ၊။ ကျောင်းသားများ လမ်းမှာ ထိုင်ချသူထိုင် ရပ်သူရပ်နဲ့ ပေကပ်ပြီး နေကြတယ်။

ခဏကြာတော့ အဓိကရုဏ်းနှိမ်နှင်းရေး ခေါင်းဆောင်ဆိုသူက လာရောက် အမိန့်ပေးတယ်။ ကျောင်းသားတွေကို ကျောင်းဆောင်တွေကို ပြန်ခိုင်းတယ်။ မပြန်ရင် ပစ်မိန့်ပေးထားတယ်လို့လည်း ခြိမ်းခြောက်ပြောဆိုတယ်။ ရပ်ကွက်တွင်းက လူတွေကိုလည်း ကျောင်းသားများက ရန်ပွဲအတွက် ကျောင်းသားတစ်ယောက် သေရတာကို မကျေနပ်လို့ ရက်ကွက်ကို ဖျက်ဆီးမီရှို့ဖို့ လာတယ်လို့ မဟုတ်မမှန် လီဆယ် သတင်းလွှင့်ထားတဲ့အတွက် ရပ်ကွက်သားများကလည်း တုတ် ဓားတွေ နဲ့ ကျောင်းသားတွေဆီကို ထွက်လာကြတယ်။ ကျောင်းသားများလည်း တိုင်ပင်ဆွေးနွေးကြပြီး လှိုင် ကောလိပ် နဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) ဆီကို အင်အားစုရန် သွားဖို့ ဆုံးဖြတ်လိုက်ကြပြီး နေ့လည် (၂) နာရီ ကျော်လောက်မှာ ကျောင်းရှေ့က ပြန်လှည့်ခဲ့ကြတယ်။

နေ့လည် (၃) နာရီ (၁၅) မိနစ်တွင် လုံထိန်း များ၊ စစ်ကား များနှင့် အတူ စစ်သားများက ကျောင်းဝင်းတွင်းကို ညာသံပေး ၀င်လာကြတယ်။ စစ်သား များက ကားပေါ်က ခုန်ဆင်းလာပြီး နံပါတ်တုတ်များ ၀င့်ရင်း ကျောင်းသားတွေ ဆီကို ပြေးဝင်လာကြတယ်။ ကျောင်းသားများ ထိတ်လန့် တကြားနဲ့ ထွက်ပြေးကြတာကို လိုက်ရိုက်ရင်း ဖမ်းမိသူများ ဒဏ်ရာရသူများကို စစ်ကားပေါ် ဆွဲတင်ကြတယ်။ ကန်တင်း စားသောက်ဆိုင်တွင် ထိုင်နေသော ကျောင်းသားများကိုပါ ၀င်ဆွဲကြတယ်။ ဆရာများအဆောင်နှင့် ကျောင်းသားဆောင်တွေကိုပါ ပိတ်လိုက်ကြပြီး ကျောင်းဝင်း တစ်ခုလုံးကို ၀င်စီးလိုက်ကြတယ်။

ပြန်လည်း ခုခံဖို့ ကြိုးစားတဲ့ ကျောင်းသားတွေကို အကြမ်းပတမ်း ရိုက်နှက်ဖမ်းဆီးကြတယ်။ ကျောင်းသားတွေ ကိုလည်း ကျောင်းရှေ့  မြက်ခင်းပြင်မှာ စုပြီး ထိုင်ခိုင်းစေတယ်။ သြဘာလမ်းထိပ်က သွေးမြေကျ အထိမ်းအမှတ် ကြယ်ကိုလည်း ဖျက်ဆီးလိုက်ကြတယ်။ ကျောင်းသား (၆၀၀) ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်။

ည (၈) နာရီ သတင်းမှာတော့ အရေးအခင်း ဖြစ်ပွားမှု အကြောင်းကို သတင်းထုတ်ပြန် ကြေငြာခဲ့သည်မှာ “ကျောင်းသားများ ဆူပူမှုကြောင့် တပ်မတော်သားများနှင့် ပြည်သူ့ရဲများက ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်ကာ ကျောင်းသားများကို ဆွေးနွေး၍ အခြေအနေကို ထိန်းသိမ်းလိုက်ရကြောင်း၊ ရပ်ရွာ အေးချမ်းသာရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်ဆူပူ ကြသူများအား ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း” မဟုတ်မမှန် ပြောဆိုခဲ့သည်။

(ဆက်လက်ဖေါ်ပြပါမည်)။

(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။

နစ်နေမန်းဘလော့မှ

သတင်းပဒေသာ


NEJ / မတ်လ(၁၂) ရက်၊ ၂၀၀၉

မြန်မာနိုင်ငံအပေါ် အမေရိကန် ပေါ်လစီပြောင်းလဲရေးကိစ္စကို ၂၀၀၈ ခု အမေရိကန်သမ္မတဟောင်း ဂျော့ဘွတ်ရှ် သက်တမ်းကုန်ကာနီး ကတည်းက ပေါ်လစီကိုင်တွယ်သည့် အရာရှိများ စဉ်းစားခဲ့ကြောင်း အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။...အပြည့်အစုံသို့



UNHCR အကြီးအကဲ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

UNHCR အကြီးအကဲ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အကြီးအကဲ မစ္စတာ အန်တိုနီယို ဂတ္တာရီသည် ယနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး


အဓမ္မလုပ်အားပေး ခိုင်းမှုကြောင့် ရွာသား ၃ ဦး သေဆုံး

ပဲခူးတိုင်း ဒိုက်ဦးနှင့် ကျောက်တံခါး မြို့နယ်တို့တွင် အဓမ္မ လုပ်အားပေး ခိုင်းစေမှုကြောင့် ဒေသခံ ကျေးရွာသား ၃ ဦး အသက်ဆုံးရှုံး ခဲ့ရသည်ဟု လူမှုရေးနှင့် အလုပ်သမားရေးရာ

ရန်ကုန် ယာဉ်တိုက်မှုနှုန်းများပြား

ယခုနှစ်ဆန်းပိုင်း ယာဉ်တိုက်မှုများကြောင့် ဒဏ်ရာရ သေဆုံးမှုနှုန်း ၂ ဆကျော် တိုးလာသော်လည်း ရန်ကုန်မြို့တွင် အရေးပေါ် လူနာကောက်ယာဉ် ၂ စီးသာ ရှိသည်ဟု သိရသည်။

နာဂစ် ဒုက္ခသည် ကူညီသူကို ထောင် ၁၇ နှစ်ချ

စစ်အစိုးရက ဖမ်းဆီးထားသည့် နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ပြုလုပ်သူ ကိုမင်းသိန်းထွန်းကို ယမန်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ်

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အင်ဒိုနှင့် စင်္ကာပူတို့သို့ အလည်အပတ် သွားမည်

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်ဒိုနီးရှားနှင့် စင်္ကာပူတို့သို့ သွားရောက် လည်ပတ်မည် ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်များအရ သိရသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ မတ်လ ၁၅ ရက်နေ့တွင်...
Bernard Madoff arrives at Manhattan federal court, in New York, 12 Mar 2009

အမေရိကန်သမိုင်းမှာ ငွေရင်းနှီးမြှုပ်နှံမှုကို အဆိုးဝါးဆုံး ကျူးလွန်ခဲ့တဲ့အထဲမှာ ပါဝင်သူ အသရေဖျက် ငွေကြေးလုပ်ငန်းရှင် ဘားနာ့ဒ် မက်ဒေါ့ဖ် အကျဉ်းထောင်ကို တိုက်ရိုက်ဦးတည်သွားနေပါပြီ။



ဘုန်းမော်မှအစ …
အမှောင်ကျ ၂၆ နှစ် ရှစ်လေးလုံး အရေးတော်ပုံ
တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ သည်ခေတ်မှာ
သင် ဘာလုပ်မလဲ....

ခေတ်စနစ် ဗမာပြည်နောက်ခံ
တော်လှန်ကဗျာရှည်


ပြုံးချို ဖတ်ဖို့ ကဗျာ
နွယ်အေး
မတ် ၁၃၊ ၂၀၀၉

(ဘုန်းမော်နေ့ ၂၁ နှစ် အထိမ်းအမှတ်)

အျပည့္အစုံသိုႛ ...
Yellow Colored Tea Leaf Salad


အ၀ါရောင်ခြယ်ထားသည့် လက်ဖက်သုတ်များစာရင်း
ဓာတ်ပုံသတင်း
မတ် ၁၂၊ ၂၀၀၉

အသင့်စား လက်ဖက်သုတ်လုပ်ငန်း ၄၃ ခုသည် တားမြစ်ထားသော အ၀ါရောင်ဆိုးဆေးများကို အသုံးပြုနေကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ယနေ့ထုတ် သတင်းစာများတွင် ကြေညာချက် ထည့်သွင်းလိုက်သည်။

အဆိုပါ ဆိုးဆေးပါသော လက်ဖက်များကို စားသုံးပါက ရောဂါများဖြစ်ပွားနိုင်သဖြင့် စားသုံးရန် မသင့်ဟု ဆိုသည်။

ထိုအထဲတွင် မန္တလေးမှ "အရီးတောင်း"၏ ချဉ်စပ်လက်ဖက်လည်း ပါဝင်သည်။ အရီးတောင်းက ထုတ်လုပ်သည့် တခြားသော လက်ဖက်အမျိုးအစားများကိုမူ ဖော်ပြထားခြင်း မရှိပေ။

Return of Daw May WIn Myint

ဒေါ်မေ၀င်းမြင့် ပြန်လာပြီ

ဓာတ်ပုံသတင်း
မတ် ၁၂၊ ၂၀၀၉
ဒီဇင်ဘာလက တွေ့ရသော ဒေါက်တာဒေါ်မေ၀င်းမြင့်။

အင်းစိန်ထောင်တွင် နှစ်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရသော ဒေါ်မေ၀င်းမြင့်သည် ယခုလမှ စတင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် အရေးကြီးသည့် တာဝန်များကို ပြန်လည် ထမ်းဆောင်တော့မည်ဟု သိရသည်။ဒေါ်မေ၀င်းမြင့်သည် အမျိုးသမီးလုပ်ငန်းအဖွဲ့၏ တာဝန်ခံဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသူတဦးဖြစ်သည်။၁၉၉၇ တွင် ထောင် ၇ နှစ် ချမှတ် ခံရပြီး ထောင်ထဲတွင် ၁၁ နှစ် နေခဲ့ရသူဖြစ်သည်။
အျပည့္အစုံသိုႛ ...
U Win Tin celebrated his 79th Birthday first time outside after 19 years in prison

၁၉ နှစ်ကြာ ထောင်ကျခဲ့သူ ဦးဝင်းတင် အကျဉ်းထောင်ပြင်ပမှာ ၇၉ နှစ်ပြည့်

မိုးမခ အထောက်တော် (ရန်ကုန်)

မတ် ၁၂၊ ၂၀၀၉

မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်၊ အင်န်အယ်ဒီပါတီ၏ ဦးဆောင်သူတဦးဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ၇၉ နှစ်ပြည့်မွေးနေ့ကို ဒီတနှစ်တွင် ဦးဦးဖြားဖြား အကျဉ်းထောင်ပြင်ပမှာ ကျင်းပဖြစ်ခဲ့သည်ဟု သိရသည်။

လွန်ခဲ့သည် ၁၉ နှစ် နီးပါး အင်းစိန်အကျဉ်းထောင်တွင်းမှာ စစ်အစိုးရ၏ မတရားဖမ်းဆီးထောင်ချခြင်း ခံထားရသူ၏ ပထမဦးဆုံး ထောင်ပြင်ပမွေးနေ့ မိတ်ဆုံပွဲကို ကြည့်မြင်တိုင်ရှိ စားသောက်ဆိုင်လေးတခုမှာ သူ့၏ရင်းနှီးသော စာနယ်ဇင်းမိတ်ဆွေ ၃၀ ခန့်နှင့် ပြုလုပ်ခဲ့သည်။

အျပည့္အစုံသိုႛ ...

- စစ်အစိုးရကို ICC တင်နိုင်မယ့် အလားအလာ သြစတြေးလျ မပစ်ပယ် click
- ၁၉ နှစ်ကြာထောင်ကျခဲ့သူ ဦးဝင်းတင် အကျဉ်းထောင်ပြင်ပမှာ ၇၉ နှစ်ပြည့် click
- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ မွေးးနေ့ကျင်းပ click
- ဒေါက်တာမေ၀င်းမြင့် ပြန်လာပြီ click
- အရှင်ဂမ္ဘရီမိသားစုဝင်အချို့နှင့် လေဘေးကယ်ဆယ်သူများ ထောင်ဒဏ်ချခံရ click
- မြင်းခြံမီးဘေးဒုက္ခသည်တွေ တပူပေါ်နှစ်ပူဆင့်ဖြစ်နေ click
- လက်ဖက်မှာသုံးတဲ့ ဆိုးဆေးတွေက ရောဂါဖြစ်စေ click
- ကလေးစစ်သားပပျောက်ရေး တိုးတက်မှုမလုံလောက်သေး click
- UNHCR လုပ်ငန်း တိုးချဲ့ရေး စစ်အစိုးရ လက်ခံ click
- မြန်မာ့စီးပွားရေး ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း ဘယ်လောက်ရှိသလဲ click
- သံဃာလှုပ်ရှားမှု မှတ်တမ်းတင်ကား နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ပြသ click
- ကုလဒုက္ခသည်မဟာမင်းကြီး မြိတ်မြို့သို့ သွားရောက်လေ့လာ click
- ကိုးကန့်လက်နက်ကိုင်အဖွဲ့ထူထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနား ပြုလုပ် click
- နေပြည်တော်က ထီးတင်ပွဲမှာ ရဟတ်စီးသူအနည်းငယ် ဒဏ်ရာရ click
- အ၀ါရောင်ခြယ်ထားသည့် လက်ဖက်သုတ်များစာရင်း click
- ရှစ်နှစ်မြောက် အမေရိကန်အိုင်ဒယ်လ် နောက်ဆုံးအဆင့်ပြိုင်ပွဲရဲ့ ပထမဆုံးအပတ် click
- သပြေညို ရွှေဘိုပန်းတွေနဲ့ (ဆောင်းပါး) click

ကြိုးစားသလောက်ချမ်းသာမယ်ဆိုပါလား

ကျော်သောင်း(ဘန်ကောက်)

(၁)

ပြီးခဲ့တဲ့၂ရက်က ကျနော့်ကို ခင်မင်တဲ့ စက်ချုပ်အလုပ်သမား လင်မယားနှစ်ယောက်က ကျနော့်ကို တိုင်ပင်စရာ ရှိတယ်။ ခဏလာခဲ့ပါ အရေးကြီးတယ်ဆိုလို့ ကျနော်မအားလပ်တဲ့ ကြားက သွားလိုက်တယ်။

ရောက်ရောက်ချင်းပဲ နုတ်သွက်အာသွက်ရှိတဲ့ မေနီက ဆီးပြီးပြောပါတော့တယ်။“ဦး…..ကျမ သူငယ်ချင်း တစ်

ယောက်က ပြောတယ် ဆေးနဲ့အလှကုန် ပစ္စည်းရောင်းတဲ့ ပြင်သစ်ကုမ္ပဏီ တစ်ခုမှာ အသင်းဝင် လိုင်စင်ကြေး

ဘတ်၁၈၀၀၀ (တစ်သောင်းရှစ်ထောင်)ပေးပြီး ၀င်ရင်ချမ်းသာမယ်။ အလုပ်လုပ်စ၇ာ မလိုတော့ဘူး။ ကိုယ်ကြိုး

စားရင် ကြိုးစားသလောက် တစ်လကို ဘတ်၂၀၀၀၀/ ၃၀၀၀၀/ရမယ်တဲ့ အလုပ်သမား တွေတော်တော်များများလည်း အလုပ်တွေထွက်ပြီး ၀င်နေကြတယ်လို့ ကြားတယ်။ အဲဒါ တိုင်ပင်ချင်လို့ ဦးကို ခေါ်တာပါ။’’

ဒီသတင်းကို ကျနော်ကြားနေတာတော့ကြာနေပြီး ခုဟာက အလုပ်သမားတွေ ကိုယ်လုပ်နေတဲ့ အလုပ်တွေက ထွက်ပြီးလုပ်နေတယ်ဆိုတာရယ်။ ဘတ်တစ်သောင်း ရှစ်ထောင်ဆိုတာ မြန်မာအလုပ်သမား တစ်ယောက် အတွက် နည်းတဲ့ငွေမှ မဟုတ်တာ၊ ကျနော် မျက်မြင်တွေ့ဘူးချင်တယ် ကျနော့်ကို လိုက်ပြပါဆိုပြီး ကျနော် တောင်းဆိုလိုက်တယ်။ မေနီ တို့ကို ကုမ္ပဏီဝင်ဖို့ လာစည်းရုံးတဲ့ သူရဲ့ ဖုန်းနံပတ်ကို တောင်းပြီးတော့ ကျနော် ဖုန်းဆက်လိုက်တယ်။

“ဟယ်လို. . .ကိုမင်းထိုက် လားဗျာ…ကျနော် ကျော်သောင်းပါ ဘန်ကောက်က ဆက်တာပါခင်ဗျာ။ ကျနော် အကိုတို့ ကုမ္ပဏီလုပ်ငန်းကို စိတ်ဝင်စားလို့ပါ။ ကျနော့်ကို နည်းနည်းပြောပြလို့ ၇နိုင်မလား ခင်ဗျာ”

“ဟုတ်ကဲ့ မင်းထိုက်ပါ မဟာချိုင်မှာ နေပါတယ်။ ဟုတ်ကဲ့ ပြောပြနိုင်ပါတယ်။ ကျနော် သိသလောက်ပေါ့ လေအစ်ကိုကြီး ဘန်ကောက်ကိုေ၇ာက်တာ ဘယ်လောက်ကြာပြီလဲ။ ဘ၀၇ည်မှန်းချက်တွေ ပြည့်နိုင်မလား။ ကျနော်တို့တော့ ဘ၀ထွက်ပေါက်ကို တွေ့ထားပြီ အကိုကြီး ကျနော်တို့ လင်မယား နှစ်ယောက်လုံးအလုပ်က ထွက်လိုက်ပြီးတော့ ဒီအလုပ်ကိုပဲ လုပ်နေကြပါတယ်။ ကျနော်ထိုင်းမှာ အလုပ်လုပ်တာ ၁၀နှစ်ရှိပြီ ကျနော့်ဘ၀ မတိုးတက်ဘူး။ ခုတော့ ကျနော်တို့ မကြာခင် ချမ်းသာတော့မယ်။ အလုပ်သမားဘ၀ကို လုံးဝ စွန့်လွှတ်လိုက်ပြီး အေးအေးဆေးဆေး နေနေပြီလေ အကိုကြီး စိတ်ဝင်စားရင် နက်ဖြန် ကျနော် ကုမ္ပဏီကို လိုက်ပြမယ် စင်ထ၇ယ်မှာ မနက် (၉)နာရီမှာ ကျနော်စောင့်နေမယ်။ အိုကေ အစ်ကိုကြီး” အိုကေ ………………..

(၂)

ကျနော် မေနီယောက်ျား ကိုမျိုးသန်းကို ကျနော်သတင်းထောက်မှန်း မသိစေဖို့ ပြောဆိုပြီး အတူသွားဖို့ ချိန်း ထားတဲ့ စင်ထ၇ယ် ကုန်တိုက်ကားမှတ်တိုင်မှာ စောင့်နေကြပါတယ်။

ကိုမင်းထိုက် မဟာချိုင်ကလာတာ ဖြစ်ပါတယ်။ မနေ့က ဖုန်းဆက်သူဖြစ်ကြောင်း ပြောပြီး မိတ်ဆက်ပါတယ်။ ။ ကျနော့်ကို သူတို့လင်မယား ကုမ္ပဏီမှာ အဖွဲ့ဝင်ဖြစ်သွားကြောင်း ကဒ်ကိုထုတ်ပြပါတယ်။ အဲဒီ ဘဏ်ကဒ် (လိုင်စင်ကဒ်)မှာ (ထိုင်ဝမ၊် ဟောင်ကောင်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ သြ စတီးလျား) နိုင်ငံတို့မှာ ရှိတဲ့ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်ပြီး ငွေအသွင်း အထုတ်လုပ်လို့ ရတယ်လို့ ကဒ်မှာေ၇းထားတာ တွေ့၇ပါတယ်။ ကဒ်မှာ ၀က်ဘ်ဆိုဒ်လိပ်စာပါတာ တွေ့တော့ ကျနော်ချက်ချင်း မှတ်ယူလိုက်ပါတယ်။

ကိုမင်းထိုက်က “ကျနော်တို့ ထိုင်းကို ငွေလာရှာကြတာပဲ ဒီတစ်နည်းပဲ ကျနော်တို့ကို ချမ်းသာမဲ့ လမ်းကြောင်း တွေ့တယ်။ ကျနော့်မိသားစုတွေ။ သူငယ်ချင်းတွေ ငွေတွေစုနေကြပြီ။ ကျနော့်ကို လမ်းပြပေးတဲ့ ဆ၇ာ ကိုအောင်ဇော်ထွန်း ဆိုရင် ဗမာပြည်ကို ငွေလွှဲလုပ်တယ်။ ဖုန်းချိပ်ပေးတယ်။ ကိုယ်ပိုင်ကားနဲ့၊ တစ်လ တစ်လကိုဘတ်ငါးသောင်း ခြောက်သောင်း ၀င်ငွေရှိတာကို လုံးဝကြောခိုင်းပြီးတော့ ခုကုမ္ပဏီမှာ မန်နေဂျာတောင် ဖြစ်နေ ပြီလေ။ ကျနော်လည်း အဆင့်မြင့်ရအောင် ကြိုးစားနေပါတယ်။ အစ်ကိုကြီးတို့ ကျနော်နဲ့ တွေ့တာ ကံကောင်းတယ်။ ငွေတစ်ထောင် ဟောဟိုမှာမြင်တယ်။ ခုကောက်မလား။ နက်ဖြန်ကောက်မလား အစ်ကိုကြီးတို့ စဉ်းစားပါ။ လိမ်ညာလို့ ရတာမဟုတ်ဘူး တ၇ားဝင်လုပ်တာ၊ အစိုးရဆီမှာ လိုင်စင်ခံပြီးသား။ ခု သုံးလအတွင်း ကုမ္ပဏီ အဖွဲ့ဝင် တစ်ရာကျော်သွားပြီ” ကျနော်က လိုက်လျှောညီတွေ စကားတွေ ပြောပြီး စိတ်ဝင်စားဟန် ပြပေးပါတယ်။ မေနီယောက်ျားလည်း နည်းနည်းပါးပါး ၀င်မေးပါတယ်၊ ကျနော်တို့ စောင့်နေတဲ့ လိုင်းကားလာတာနဲ့ ကျနော်တို့ အဲဒီကုမ္ပဏီ ကို ကားစီးပြီး လာကြပါတယ်။

ကုမ္ပဏီ တည်ရာနေရာကတော့ ၃၁ထပ်မြင့်တဲ့ အဆောက်အဦးရဲ့ ၂၆လွှာမှာမှာပါ။ အဲဒီအဆောက်အဦး အောက်ထပ်မှာ ထမင်းဝယ်စားပြီးမှ အပေါ်ထပ်ကို သုံးယောက်သား တက် သွား ကြပါတယ်။

ရုံးခန်းအပြင်ဘက်မှာ လူတွေဟာ ဟိုနားတစ်စု ဒီနားတစ်စုတွေ့ရပါတယ်။ ကျနော်နဲ့ ကိုမျိုးသန်းတို့ နှစ်ယောက် ကို ရုံးခန်းအပြင် နံရံမှာချိပ်ထားတဲ့ နံရံကပ် ဓါတ်ပုံတွေကို ပြသပါတယ်။ ပြီးတော့ ပြင်သစ်နိုင်ငံထုတ် ရေမွှေး ပုလင်း ၊ ၀ိုင်အရက်၊ အသားလိမ်းဆီ တွေကိုပြပါတယ်၊ အဲဒီပစ္စည်းတွေမှာ ရေးထားတဲ့ ၁၈၃၃ ခုနှစ်ဆိုတဲ့ သက္ကရာဇ်ကို အဓိက ထောက်ပြပြောဆိုပါတယ်။ ပစ္စည်းမှန်တဲ့အတွက် နှစ်ပေါင်းဒီလိုကြာအောင် တွင်ကျယ် နေကြောင်း ဦးစွာပြောပါတယ်။

အတွင်းထဲကို တံခါးဖွင့်ပြီး ၀င်လိုက်တဲ့ အခါမှာတော့ လုံးဝမျှော်လင့်မထားလောက်အောင် လူတွေ များနေတာ ကိုတွေ့ရပါတယ်။ လူငါးယောက် ထိုင်နိုင်တဲ့ စားပွဲဝိုင်း(၁၀)၀ိုင်းမှာ လူတွေပြည့်နှက်ရုံမက၊ မတ်တပ်ရပ် နေတဲ့ လူတွေ အခန်းထဲမှာ ပြည့်နှက်နေပါတယ်။ အတွင်းမှာေ၇ာ အပြင်မှာပါ အားလုံး လူတစ်ရာဝန်းကျင်လောက် ရှိပါတယ်။ ကျနော်တို့ အခန်းတွင်းကို ၀င်လိုက်တာနဲ့ ကျနော်တို့ကို ဦးဆောင်ခေါ်လာတဲ့ ကိုမင်းထိုက်က ၀ိုင်ပုလင်းတွေ အလှပြင်ပစ္စည်းတွေကို ပြပါတယ်။ ရွေရောင်ချထားတဲ့ ရေမွှေးပုလင်းကြီးတွေကို ပြပြီး နံရံမှာ ကပ်ထားတဲ့ အဲဒီကုမ္ပဏီက နိုင်ငံခြားသား လူကြီးတွေ ထိုင်းနိုင်ငံ ဆူနာမီး ပင်လယ်ေ၇အောက် မြေ ငလျှင်တုန်းက ငွေလှူတာတွေ၊ နောက်ပြီး နိုင်ငံတကာပွဲမှာ ဓါတ်ပုံရိုက်ထားတဲ့ ပုံတွေကိုပြပါတယ်။ ကျနော် သ တိတစ်ခုပြုမိတာက ကျနော်တို့ကိုခေါ် လာသူဟာ ဆုပေးတာနဲ့၊ အကူအညီပေးတာကို ခွဲခြားမသိတာပါ၊ ပြီးတော့ ကုတ်အင်္ကျီ နက်တိုင်တွေ အကျအန ၀တ်ဆင်ထားတဲ့ ဆ၇ာဆိုသူ သုံးဦးကို ကျနော်တို့ လက်ဆွဲ နုတ်ဆက်ရပါတယ်။ ပြီးတော့ လူတွေမတ်တတ် သုံးလေးယောက် ဟိုတစ်စု ဒီတစ်စု ပြောနေတဲ့ အနားကို သွားပြီး ပညာသင်နေတဲ့ လူတွေ အဖွဲ့ဝင်ဖြစ်ပြီးသူတွေ ဖြစ်ကြောင်း ပြောပါတယ်။ ပြီမှ ကျနော်တို့ကို စားပွဲတစ်လုံးမှာ ကျနော်တို့ထက် အရင်ရောက်နေတဲ့ မွန်အမျိုးသမီးငယ် နှစ်ယောက်ဘေးမှာ ထိုင်ခိုင်းပါတယ်၊

(၃)

ကျနော်တို့ လေးယောက်နဲ့ အတူ အဲဒီက လူတစ်ယောက် ထိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ကို ခေါ်လာသူကတော့ ကျနော့်နားမှာ မတ်တတ်ရပ်နေပါတယ်။ စောစောက ကျနော်တို့ မတ်တတ် နုတ်ဆက်ခဲ့တဲ့ ရှိုးအပြည့်နဲ့လူငယ်တစ်ယောက် ရောက်လာပါတယ်။ အားလုံး မတ်တတ်ရပ်ပြီး လက်ဆွဲ နုတ်ဆက်စေပါတယ်။ ပြီးတော့အားလုံး ထိုင်ကြပါတယ်။ ပြီးတော့ ဘယ်ကလာလဲ။ ဘယ်မှာနေလဲ။ ဘာလုပ်လဲ။ ကြီးပွားချင်လို့ လာတာ မဟုတ်လား။ ကောင်းပါတယ်။ ကျနော်တို့ ၀င်ငွေကောင်းတဲ့ အလုပ်ကို ရနေသလို ဒီကလူတွေကိုလည်း ရစေချင်ပါတယ်။ မသိတာမေးပါ။ တော်တော်ကြာ မန်နေဂျာ လာပါလိမ့်မယ် ခဏစောင့်ပါ။ သူကအလုပ်တအား များတဲ့လူပါ သူရှင်းပြတာ သေသေချာချာ နားထောင်ပေးကြပါ ဆိုပြီး လမ်းကြောင်းပါတယ်။

ကျနော်က ဖြတ်ပြီးပြောပါတယ်။ မြန်မာတွေကို စေတနာထားတာ လေးစားပါတယ်။ ခင်ဗျားတို့ ပြောတာတွေကို အခြားလူတွေကို ရှင်းပြနိုင်အောင် ကျနော် အသံဖမ်းခွင့် တောင်းပါတယ်။ စာလိုက်ရေးခွင့် တောင်းပါတယ် ခွင့်မပြုနိုင်ဘူးလို့ ငြင်းဆိုပါတယ်။ ဦးနှောက်နဲ့ မှတ်သွားဖို့နဲ့ စိတ်ဝင်စားသူတွေကို ခေါ်လာဖို့သာ တိုက်တွန်းပါ တယ်။ ဆယ်မိနစ်လောက် ပြောပြီး မတ်တတ်ရပ်ပါတယ်။ ကျနော်တို့ အားလုံးမတ်တတ်ရပ်ပြီး လက်ဆွဲ နုတ်ဆက်၇ပါတယ်။ အဲဒီလူပြန်သွားတော့ ကျနော်တို့ဝိုင်းမှာ ရှိနေခဲ့တဲ့ သူတို့ လူနှစ်ယောက်က အဲဒီ လူတွေ တစ်လကို ဘတ်လေးသောင်းလောက် ၀င်ငွေရှိကြောင်း အဆင့်မြင့်သွားပြီ ဖြစ်ကြောင်း အတိုင်အဖေါက် ပြောကြပါတယ်၊ခဏကြာတော့ နောက်ထပ်တစ်ယောက် ရှိုးအပြည့်နဲ့ေ၇ာက်လာပါတယ်။ အယင်လူလိုပါပဲ အထိုင်မှာရော အထမှာပါ အားလုံး ကျေးဇူးတင်ပါတယ် ဆိုပြီး မတ်တတ်ရပ်ပြီး လက်ဆွဲ နုတ်ဆက်ရပါတယ်၊ကျနော် တော်တော် စိတ်မကောင်းစွာ ခံစားနေရပါပြီ။ ဒါပေမယ့် သတင်းရချင်လို့ သည်းခံပြီး ထိုင်နေလိုက်ပါတယ်၊ တော်တော်ကြာတော့ အသက်လေးဆယ်ဝန်းကျင် လူရည်သန့် လူရည်လည်ပုံ ပေါက်ပြီး ရှိုးအပြည့်နဲ့တစ်ယောက် ရောက်လာပါတယ်။ ကျနော်တို့စားပွဲဝိုင်းမှာ ရှိတဲ့ လူနှစ်ယောက်က ပျာပျာသလဲ ဆရာလာပြီ ဆရာလာပြီ။ သူပေါ့ ကိုယ်ပိုင်ကားရှိတယ်။ ဗမာပြည်ကို ငွေလွှဲတယ်၊ လူကယ်ရီလုပ်တယ်၊ တစ်လကို ဘတ်ငါးသောင်းလောက် ၇တာကို ရပ်လိုက်ပြီး ဒီကုမ္ပဏီမှာ လုပ်တာ ပိုပြီးဝင်ငွေကောင်းလို့ပေါ့။ ခုသူတစ်လကို ဘတ်၂သိန်းရနေပြီလေ။ အလုပ်များတယ်။ သူရှင်းပြတာ သေသေချာချာ နားထောင်ပေးပါ ဆိုပြီး ပြောကြပါတယ်၊ အယင်အတိုင်းပဲ မတ်တတ်ရပ်ပြီး လက်ဆွဲ နုတ်ဆက်ကြရပါတယ်။

ဟိတ်ဟန်ကောင်းကောင်းနဲ့ ဘောပင်အကောင်းစားနဲ့ စာရွက်တွေနဲ့ ထိုင်ပါတယ်၊ ပြီးတော့ လူတစ်ဦးချင်းစီရဲ့  ထိုင်းမှာနေရပ်၊ အလုပ်၊ ၀င်ငွေ။ အသက်၊ ထိုင်းေ၇ာက်နှစ်၊ အဆင်ပြေမပြေ၊ မေးပါတယ်၊ ပြီးတော့မှ သူလက်ထဲက ကက်တလောက် စာအုပ်၂အုပ်ကို လိုရာဆွဲပြပြီး ပြန်ပိတ်ပါတယ်၊ ကျနော် အသံဖမ်းခွင့် တောင်းပါတယ် စာနဲ့လိုက်မှတ်ခွင့် တောင်းပါတယ် မရပါဘူး။ အဖွဲ့ဝင် ဖြစ်ပြီးတဲ့အခါ ပညာသင်တဲ့အခါပဲ မှတ်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

အချိန်မရဘူး။ သူရှင်းပြတဲ့အခါ သေသေချာချာ နားထောင်ပေးဖို့ ပြောသလို ကျနော်တို့ ၀ိုင်းမှာရှိတဲ့ သူတို့ လူနှစ်ယောက်ကလည်း ဟုတ်မှန်ကြောင်း တိုက်တွန်းပါတယ်၊ လွန်ခဲ့တဲ့ နှစ်တစ်ရာ ကျော်က ကမ္ဘာမှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုပြီးတော့ ကျနော်တို့ကို စမေးပါတယ်။ တစ်ဦးချင်းကို မေးတော့တစ်ယောက် တစ်ပေါက် ဖြေကြပါတယ်။ ကိုအောင်ဇေါ်ထွန်းက ကမ္ဘာမှာ စစ်တွေဖြစ်ခဲ့တယ်။ အဲဒီခေတ်တုန်းက ဒီလိုခေတ်မမီသေးတဲ့ အတွက် ဆေးရုံတွေမှာ အလောင်းတွေကို ထားတဲ့ အအေးခန်းမရှိသေးဘူး၊ ခြေလက်အင်္ဂါ ကျိုးပျက် သူတွေ၊ မွေးလူနာတွေကို လိုက်ကာ လေးတွေနဲ့ ခြားပြီးတော့ ထားတဲ့အတွက် အပုတ်နံ့တွေ ထွက်နေတယ်။ ဘက်တီးရီးယားပိုးတွေ ပျံ့နှံ့နေတယ်။ အဲဒီအချိန်မှာ ဒီဆေးကို ပြင်သစ်နိုင်ငံက ဆေးပညာရှင်တစ်ယောက်က တီထွင်ခဲ့ကြောင်း အဲဒီဆေးကြောင့် ဘက်တီးရီးယားပိုးတွေ သေပြီး အပုတ်နံတွေ ပျောက်ကင်းခဲ့ ကြောင်း ခုံပေါ်မှာ အယင်တည်းက တင်ထားတဲ့ ယောက်ျား လက်သီးဆုတ်လောက် ရှိတဲ့ မီးစာတတ်ထားတဲ့ ပုလင်းက ဆေးရည်အကြောင်းကို ရှင်းပြပါတယ်၊

ဒီဆေးဟာ ကမ္ဘာမှာ ဘယ်သူမှ အတုလုပ်မရတာကြောင့် နှစ်တစ်ရာကျော် တိုင်တည်ရှိနေကြောင်း ရှင်းပြပါတယ်။ ဘတ်ငွေတစ်သောင်းရှစ်ထောင်နဲ့ အပြင်မှာ ဘာမှ စီးပွားရေးလုပ်၍ မရနိုင် ကြောင်း အခြား စီးပွားရေးတိုင်းမှာလည်း အပြိုင်အဆိုင်ရှိကြောင်း ဒီကုမ္ပဏီမှာ ရင်းနှီးလိုက်တာဟာ အချိန်တိုအတွင်း ချမ်းသာ နိုင် ကြောင်း။ သူတစ်လကို ဘတ်ငါးသောင်း ခြောက်သောင်း ၀င်ငွေကို စွန့်ပြီး ၀င်လုပ်တာ ပိုပြီး သေချာတဲ့ အလုပ်ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးတော့ စာရွက်တစ်ရွက်မှာ တြိဂံပုံ တစ်ခု ဘောပင်နဲ့ ရေးဆွဲလိုက်ပြီးတော့ မေးပါတယ်။ လူအဖြစ် ရပ်တည်နေ ထိုင်နိုင်ဖို့အတွက် အချက်သုံးချက် လိုတယ်။ အစားအစာ၊ ရေနဲ့ အောက်စီဂျင်လို့ ပြောပါတယ်၊ ကျနော်က အစ်ကို ကျနော်ကြားဖူးတာက သက်၇ှိသက်မဲ့ ရုပ်ဝထ္တု တည်မြဲဖို့အတွက် ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောဆိုတဲ့ ဓါတ်ကြီးလေးပါး မဖြစ်မနေ လိုအပ်ပါတယ်၊ အစ်ကိုပြောသလို ဆိုရင်တောင်မှ နေစရာ မလိုဘူးလားလို့ မေးလိုက်ပါတယ်၊ သူကလူနေတာက သစ်ပင်အောက်မှာ နေလို့ရတယ်လို့ ဆိုပါတယ် သူတို့ေ၇ာင်းနေတဲ့ အောက်စီဂျင် ဆေးမီးခွက် အရေးကြီးကြောင်း ပြောပါတယ်၊၊ စိတ်လည်း တော်တော် ဆိုးသွားပါတယ်၊

“ကမ္ဘာကြီးကို နေေ၇ာင်ခြည် တိုက်ရိုက် မကျေ၇ာက်နိုင်အောင် အိုဇုန်းလွှာက ကာရံထားတယ်။ ကမ္ဘာကြီး ပူနွေးလာတယ်၊ တိုးတက်လာတာနဲ့ အတူ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ များလာပြီး တော့ အောက်စီဂျင် နဲပါးလာတယ်။ ဒီဆေးဟာ အောက်စီဂျင်ဖြစ်တယ်။ နောင်နှစ်တွေ ကြာလာလေ လိုအပ်လာလေ ဖြစ်လာမှာဖြစ် တဲ့အတွက် ခုကတည်းက ရှယ်ယာဝင် ဖြစ်ထားဖို့လိုပါတယ်။ နောက်ကျ၇င်အခွင့်အေ၇း နောက်ကျမှ ရမှာဖြစ်တယ် ခုငွေတစ်ထောင်ကျနေတယ် ဟိုမှာဆိုပြီးပြတယ်၊ အားလုံး လှည့်ကြည့်ကြတယ်။ ခုကောက်မလား နောက်မှ ကောက်မလားစဉ်းစားကြပါ။ ခုကောက်မှ ခု၇မှာမို့ ခုကတည်းက ဘတ်တစ်သောင်း ရှစ်ထောင်ပေးပြီး ၀င်ထားဖို့ပြောပါတယ်။’’ ကျနော်နဲ့ အမေးတစ်မျိုး အဖြေတစ်မျိုးဖြစ်ပြီး အလုပ်များတယ်ဆိုတဲ့ ကုမ္ပဏီမန်နေဂျာ ကိုအောင်ဇေါ်ထွန်း ဆိုသူဟာ ၂နာရီလောက် ဟိုပြောဒီပြော စည်းရုံးပါတယ်၊ ကျနော့်ဘေးနားက မွန် ကောင်မလေး တစ်ယောက်ကို သူက ကမ္ဘာလုံးပုံကို လက်ဖျားနဲ့ ကိုင်ထားတာ ဘာလဲလို့ မေးတော့ ဘောလုံးလို့ ဖြေလိုက်လို့ ရယ်ကြရ ပါသေးတယ်။ ဒီလိုနဲ့ ကျနော်ဟာ စိတ်ဆင်းရဲလွန်းလို့ အတူလာသူကို လက်တို့ ခေါ်ပြီး အောက်ထပ်ကို ဓါတ်လှေကားနဲ့ ဆင်းလာခဲ့ပါတယ်၊ အောက်ထပ် ရင်ပြင်ဆေးလိပ်သောက်ခွင့်ပြုတဲ့ နေရာမှာ ဆေးလိပ် သောက်နေပါတယ်၊ ဆေးလိပ်ကုန်ခါနီး ကျနော်တို့ကို ခေါ်လာတဲ့ မင်းထိုက်ေ၇ာက်ချ လာပါတယ်၊ အပေါ်ကိုပြန်တက်ဖို့ ဆရာက လာနုတ်ဆက်ဖို့ လာခေါ်ပါတယ်၊ ကျနော်ကလည်း လိုအပ်တဲ့ အချက် အလက်တွေ ရလိုရငြား သည်းခံပြီး လိုက်သွားပါတယ်၊

မလေးရှားက ထိုင်းကို ကုမ္ပဏီကိုယ်စားလှယ် အဖြစ်လာတယ်ဆိုတဲ့ မုဒုံ ဘီလူးကျွန်းက အသက် ၂၀ကျော်စ အရွယ် လူငယ်တစ်ဦး ရှိုးအပြည့်နဲ့ သူက ကျနော်နဲ့လာသူ ကိုမျိုးသန့် ကိုဒေါနဲ့မောနဲ့ ပြောပါတယ်၊ အိမ်ေ၇ာက်ရင် ဘာမှမပြောဖို့၊ ခင်ဗျားတို့ အဖွဲ့ဝင်မဟုတ်ပဲနဲ့ ရှင်းပြခွင့်မပြု၊ ခင်ဗျားတို့ ချမ်းသာချင်ရင် ငွေတစ်သောင်းရှစ်ထောင် သွင်းပြီး ပညာသင်ဖို့ ဘာညာပြောပြီး နုတ်ဆက်လာခဲ့ကြ ပါတော့တယ်။

(၄)

မဟာချိုင်နယ်မြေက ကိုဗမာတစ်ယောက် ငွေပို့ငွေလွှဲ အပြင် ဈေးလည်းေ၇ာင်း၊ ဖုန်းလည်း ဆယ်သွယ်ေ၇း လုပ်တော့ တစ်လကို ဘတ်သုံးသောင်းကျော်လောက် ၀င်ငွေရှိသူဖြစ်ပါတယ်။ ကုမ္ပဏီက အဖွဲ့ဝင် တစ်ယောက် စည်းရုံး ကောင်းလို့ လိုက်သွားပြီး ငွေတစ်သောင်းရှစ်ထောင် ပေးပြီး ဝင်လိုက်တယ်။ ၀င်တာကလည်း သူ့အစ်မက သူတို့ သတ်မှတ်ထားတဲ့ အဆင့်ကြီး ၀င်ငွေကြီးကို တစ်ခါတည်းေ၇ာက်အောင် လူရှာစရာမလိုပဲ မြန်မာ ကျပ်ငွေ သိန်း(၇၀)နဲ့ ၀င်မယ် တကဲကဲလုပ်နေလို့ မောင်ဖြစ်သူ ကိုဗမာ က အရင်ဝင်ကြည့်တဲ့ သဘောပါ။

ကိုဗမာက “ကျနော် လူရှာရမယ်ဆိုတာကို နားမလည်ပဲ ၀င်လိုက်တယ်။ အထူးသဖြင့် ကျနော့်အစ်မက သိန်း(၇၀)ပေးပြီး အဆင့်ကြီးကို ၀င်မယ် ၁၁နိုင်ငံကိုသွားလို့ရတယ် ဆိုတာကို ဖီလင်ဖြစ်သွားတယ်။ ကျနော်အစမ်းသပ် ခံလိုက်တဲ့ သဘောပါ။ ကျနော် အလုပ်လုပ်တဲ့ စက်ရုံမှာ ကျွမ်းကျင် စက်ဆရာ တစ်ယောက်ပါ၊ ကျနော် အလုပ်က ထွက်လိုက်၇တယ်။ သေချာပြန်စဉ်းစားတော့ ကျနော် အဲဒီကုမ္ပဏီကို ၀င်လိုက်တဲ့ ဘတ်တစ်သောင်းရှစ်ထောင် ပြန်ရဖို့အတွက် နောက်လူ(၆)ယောက် ထပ်ပြီး စိတ်မချမ်းသာ ဖြစ်ရအုံးမယ်၊ ပြီးတော့ ရှင်းရှင်း ပြောရမယ်ဆိုရင် သူတို့ သင်ပေးမယ်လို့ ပြောတဲ့ ပညာ။ သူတို့ပြောတဲ့ ပညာဆိုတာ။ ၀ိုင်းလိမ်ဖို့ လူတွေ အထင်ကြီးအောင် အတိုင်အဖေါက်ညီညီ ဇါတ်တိုက်တာပါ၊

သူတို့ သင်ပေးတဲ့ ပညာဆိုတာတွေက (၁၅)ချက်ရှိပါတယ်။ (၁)အမည်ကိုမေးရန် (၂)ဘယ်သူလဲ (၃)ကုမ္ပဏီက အဆင့်မြင့်ဆုံး နံပတ် ၁ ရထားသူ နာမည်ကို သိရမယ် (၄)အလုပ်အကိုင်ကို မေး၇မယ် (၅)၀င်ငွေ/လစာကို မေး (၆)အသက် (၇)ဘယ်မှာနေလဲ (၈)ေ၇ာက်တာ ဘယ်လောက်ကြာပြီလဲ (၉)ဘယ်လို လိုင်စင်ဝင်ရမလဲ (၁၀)ဘယ်လို ကြိုးစားပြီး ဘယ်လိုဝင်ရမလဲ။ (၁၁)နောက်ခံငွေရှိ/မရှိ (၁၂)အိမ်၊ ကား ချက်ချင်း ချမ်းသာ နိုင် ကြောင်းပြောရန် (၁၃)ကုမ္ပဏီအပေါ် ထင်မြင်ယူဆချက် (၁၄)မိသားစု ဘယ်နှစ်ယောက် ရှိလဲ (၁၅)ဆေးပစ္စည်း သုံးစွဲခြင်း ခံစားမှုတွေ ဖြစ်ပါတယ်။

နောက်ပြီးတော့ (၁)ဆေးမီးခွက်ကို ထွန်းလိုက်တာကြောင့် ဘက်တီးရီးယား ၉၀ရာခိုင်နှုန်းသေကြောင်း။ (၂)စက်ရုံ အလုပ်ရုံတွေက ထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ်တွေ ၉၀ရာခိုင်နှုန်း ကာကွယ်ပေးကြောင်း (၃)အနံ့ဆိုး ပျောက်ကြောင်း (၄)အောက်စီဂျင် ၂၀ ရာခိုင်နှုန်း တိုးပွားစေခြင်း (၅)အတုလုပ်၍ လုံးဝမရတဲ့ပစ္စည်း (၆)ကုန် ဆုံးရက် မရှိတဲ့ပစ္စည်း ဖြစ်ကြောင်းတွေကို ပြောတတ်အောင် လေ့ကျင့်ပေးပါတယ်။

အဆိုးဆုံး ၁၂ကြိုးပညာတွေကတော့ (၁)လူသစ်ကို ပစ္စည်းတွေကို လက်ညှိးထိုးပြရန် (၂)အဆင့်မြင့် ရှိုးအပြည့်နဲ့ လူတွေကို ဆရာတစ်ဆူလို ရိုရိုသေသေ ဆက်ဆံရန်၊ (၃)လူသစ်ကို မန်နေဂျာရှင်းပြနေတဲ့ အခါ အခြား အဆင့်နိမ့်သူ ၂ယောက်က သုံးပွင့်ဆိုင် ၀ိုင်းပြီး ထောက်ခံနားချရန်၊ (၄)လက်ထောက်ခြင်း ငေးမောခြင်း ရှိနေပါက ပြင်ဆင် ထိန်းကြပ်ပေးရန် (၅)ဘာကြောင့် ခေါ်လာလဲ (၆)အပြီးသတ် ရိုသေစွာ ကျေးဇူး တင်ကြောင်း နုတ်ဆက်ခြင်း (၇)ခွဲခွာခါနီး မိမိခေါ်လာတဲ့လူကို ကုမ္ပဏီကောင်းကြောင်း စိတ်ချရကြောင်းနဲ့ လူကြီးတွေရဲ့  တစ်လကို ဘတ်သုံးသိန်း ၀င်ငွေရှိနေပြီဆိုတာကို ကျလောက်အောင် ပြောတတ်နိုင်ဖို့ လိုတယ်ဆိုတာ တွေကို သင်ပေးပါတယ်ဗျာ။ ကျနော် ဘတ်တစ်သောင်းရှစ်ထောင် ဆုံးပါစေ။ ကျနော်အခြား လူကို ဆက်မလိမ် ချင်ဘူးလေ၊ ကိုယ်ဝင်လိုက်မိတဲ့ ငွေကိုပြန်ရဖို့အတွက် ဆက်ပြီး လူလိမ်နည်းတွေပါဗျာ၊ ကုမ္ပဏီက ဆေးရည်ဆိုတာလဲ ဘာထူးလဲတော့ ကျနော်မသိဘူး အိမ်မှာ မီးထွန်းကြည့်တာ ခြင်တော့ သေတယ်ဗျ၊ ကျနော်အလိမ်ခံရတာပါဗျာ ဆိုပြီး မီးထွန်းလို့ကုန်တဲ့ ဆေးရည် ပုလင်းခွံနဲ့ ကက်တလောက် စာအုပ်တစ်အုပ် ပေးလိုက်ပါတယ်၊ ပြီးတော့ ဘတ်တစ်သောင်းရှစ်ထောင် ပေးမှ ရတဲ့ လိုင်စင်ကဒ်ကို သူနာမည်ဖုံးပြီး ကျနော်ဓါတ်ပုံရိုက်ယူခဲ့ပါတယ် စည်းရုံးသူနဲ့၊ နုတ်ထွက်သူတွေ။ ၀င်ကြေးမပေးလို့ ခြိမ်းခြောက်ခံရ သူတွေရဲ့ အင်တာဗျူးတွေအားလုံး ကျနော်လေး၇က် တိတိ သတင်းအချက်အလက် စုဆောင်းလိုက်၇ပါတယ်။

ကျနော်ပြောနိုင်တာတစ်ခုကတော့ အဆောင်အယောင်ဟန်ဆောင်မှုကောင်းကောင်းနဲ့ ပထမလိမ်တယ်၊ ဒုတိယက အမိုက်ဇတ်ခင်းပြီး ဆက်ပြီးတော့ ၀ိုင်းလိမ်မယ်၊ အရင်းလည်း ပျောက်ပြီ၊ လူဆက်ပြီး လိမ်လို့မရမချင်း ဘာဝင်ငွေမှမရှိပါ၊ ဘာအာမခံချက်မှလည်း မရှိပါ၊ မလေးရှားကနေ မြန်မာပြည်ကို ငွေပြန်မှာပြီး အလိမ်ခံရတဲ့လူတွေ အကြောင်းကို အဆင်ပြေရင် ဆက်ပြီးေ၇းသားတင်ပြပါမယ်၊ စာဖတ်မိတ်ဆွေများ အနီးပတ်ဝန်းကျင်မှာ ဘတ်တစ်သောင်းရှစ်ထောင် ပေးပြီးဝင်ရမယ်ဆိုတဲ့ ဒီကိစ္စပေါ်လာရင် ပြောပြပေးကြပါလို့ မေတ္တာရပ်ခံပါတယ်