5.27.2009

နေပြည်တော်လူကြမ်းအဖွဲ့ ပါဝင်သော ဇာတ်ကားကြီး

E-mail Print

“အမယ်မင်း .. အစွယ်လိုသူ ချိုကုပ်ဒူးကြီး ..၊ အသွားစေခိုင်းသူ ငရွှေ ..၊ သူ့ဘာသာသူ ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ဒီဇာတ်လမ်းတော်ကြီးမှာ ကျနော်မျိုး မောင်ယက်ထော လေးက မြေဇာပင်ပါခင်ဗျာ ..

မြေဇာပင် ပါခင်ဗျ”

“ကတ်”

ရုပ်ရှင်ရိုက်ကွင်းတခုတွင် ဦးရုက္ခစိုးကော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ပါ ရောက်နေကြခြင်း ဖြစ်သည် ...။ ဦးရုက္ခစိုးကို လူတယောက်က လက်ယပ်လှမ်းခေါ် နေသဖြင့် ကြည့်လိုက်ရာ ချိုကုပ်ဒူးကြီး ဖြစ်နေသည်။



ချိုကုပ်။ ။ ဦးရုက္ခစိုး ရောက်လာပြီလား .. လာဗျာ .. ကျနော်ကတော့ သိပ်မအားဘူး။ ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်ပဲ ဒါရိုက်တာလုပ် .. ကိုယ်တိုင်သရုပ်ဆောင်ဆိုတော့ တော်တော်လေး ပင်ပန်းတယ်ဗျ။

ရုက္ခစိုး။ ။ ဒီဘက်က မှန်ထိုးပေးနေတဲ့ နားရွက်ကားကား အရပ်ကလန်ကလားနဲ့က ဘယ်သူလဲဗျ .. မြင်ဖူးသလိုပဲ။

ချိုကုပ်။ ။ အဲဒါ မောင်ကွေးလေ .. သူ့အခန်းက မပါသေးတော့ မှန်ထိုးခိုင်းထားတာ။ ဟေ့ကောင် ပင့်ထိုး .. ပင့်ထိုး .. ပင့်ထိုးမှ ပေါ်တာကွ .. (မောင်ကွေးဘက်သို့ လှည့်ပြောကာ ဦးရုက္ခစိုး ဘက်သို့ လှည့်လိုက် ပြန်သည်) အဲလိုပဲ ဦးရုက္ခစိုးရေ .. နေရာတကာ ကျနော်မပါလို့ကို မပြီးဘူး။

ရုက္ခစိုး။ ။ ဒါနဲ့ ဒီနေ့အခန်းက ဘာလဲဗျ .. ယက်ထောကို ရိုက်စစ် .. အဲ ယောင်လို့ ယက်ထောအခန်း ရိုက်မှာလား။

ချိုကုတ်။ ။ ဟုတ်တယ်လေ .. ဒီနေ့ရိုက်မယ့်အပိုင်းက ကျနော်တို့ နေပြည်တော် လူကြမ်းတွေ အစွမ်း ကြောင့် မြေဇာပင်ဖြစ်သွားတဲ့ မောင်ယက်ထောလေး အကြောင်းပေါ့။

ထိုစဉ် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ သူတို့တခါမှ မမြင်ဘူးသော အင်းစိန်ထောင်ထဲမှ တရားခွင်မြင်ကွင်း ရိုက်ကွင်းကို လိုက်လေ့လာနေရာမှ ဦးရုက္ခစိုးတို့ရှိရာ ချဉ်းကပ်လာသည်။

ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးကို တခုမေးပါရစေ .. ဘယ်လိုစိတ်ကူးနဲ့ ဒီဇာတ်ကား ရိုက်တာလဲဗျ။ နောက်ပြီး မင်းသားလည်းမပါဘူး .. လူကြမ်းအဖွဲ့ချည်းပဲ ဆိုတော့ တမျိုးဖြစ်မနေဘူးလား။

ချိုကုပ်။ ။ မောင်ရင်တို့ အဲဒါခက်တာပဲ .. အင်တာနေရှင်နယ် မျက်စိနဲ့ ကြည့်စမ်းပါ။ ခုခေတ်က လူကြမ်းတွေခေတ် ဖြစ်နေပြီ ..။ ကျုပ်တပည့်ကြီး မောင်နေပြင်းတို့၊ ဟိုချာတိတ်ကလေး မောင်ဖင်တွန့်တို့ လက်ထက် တုန်းကသာ မင်းသားနည်းနည်း ထည့်သုံးတာ။ ကျုပ်က သူတို့ထက် သာချင်၊ ကမ္ဘာကျော် ချင်တာလေ .. ကောင်းတာလုပ်ပြီး ကမ္ဘာကျော်ဖို့ သိပ်မမြင်တော့ .. လူကြမ်းအနေနဲ့ ကမ္ဘာကျော်အောင်လုပ်ဖို့ ဒီအစီအစဉ်ကို ဆွဲလိုက်တာပဲ။ ဟဲဟဲ အကြံပိုင်သော ငရွှေနော် ..။

ဖိုးရှုပ်။ ။ တရားခွင်ဆက်တင်က အတုလား အစစ်လားဗျ။

ချိုကုပ်။ ။ အစစ်လေ .. ။ ကျုပ်က အစစ်ပဲသုံးတာ၊ ဒါပေမယ့် အစစ်ကိုက ပြဇာတ်ဆန်ဆန်ပဲ .. ဟဲဟဲ .. တကယ့် တရားခွင်အစစ်ဆိုတာလည်း ရှိမှမရှိတာဘဲဟာ .. အားလုံးက ဖန်တီးထားတာချည်းပဲ။

ကြွက်စုတ်။ ။ သြော် သြော် မှတ်သားလောက်ပါပေတယ်ဗျာ။ ဟိုးတခေတ်တခါက သမ္မတ လူကြမ်း အဖွဲ့ဆိုပြီးခေတ်စားတယ်၊ နောက်တော့ ကိုလူချောတို့ အဖွဲ့တဲ့ ခု နေပြည်တော်လူကြမ်းအဖွဲ့ဆိုပြီး အဲဒီနေရာကို ယူမှာလား။

ကြွက်စုတ်မေးခွန်းကြောင့် ချိုကုပ်ဒူးကြီး၏ တစက်မှကြည့်မကောင်းသော မျက်နှာကြီး မဲ့ရှုံ့သွားသည်။

“ဒီမျက်ခွက်နဲ့ဆိုရင်တော့ အော်စကာဆုတော့မသိဘူး အော်ကျောလန်ဆုတော့ ရမှာသေချာတယ်” ဟု ဦးရုက္ခစိုး တွေးလိုက်သည်။

ချိုကုပ်။ ။ ဖွတ် .. ဘာကိစ္စ ဒီလူကြမ်းတွေ နေရာယူရမှာလဲ .. အသေးအဖွဲတွေဥစ္စာ ..။ ကျုပ်က ဒေဝဒတ်တို့ .. ဟစ်တလာတို့ .. ဆဒမ်ဟူစိန်တို့လို ကမ္ဘာကျော်လူကြမ်းတွေ နေရာယူမှာ ..။

ရုက္ခစိုး။ ။ လူမုန်းများမယ့် အလုပ်ကြီးနော် .. ချိုကုပ်ဒူးကြီး .. စဉ်းစားပါဦး ..။ ခင်ဗျားရဲ့ ဇာတ်လမ်း အရဆို .. တော်တော်လေး ဇာတ်နာနေပြီ ..။ ဒီလောက်ကြီး ဇာတ်နာနေတာတောင် ထပ်ပြီး ဇာတ်နာခိုင်း ဦးမလို့လား။

ချိုကုပ်။ ။ အခြေအနေအရ ဇာတ်နာရတာဗျ ..။ ကျုပ်က နာအောင်မလုပ်ရင် ကျုပ်ကို နာအောင် လုပ်ကြတော့မှာလေ ..။ ဒီတော့ ကျုပ်က ကြမ်းပစ်လိုက်၊ ရမ်းပစ်ရမယ် .. ။ ခဏလေးဗျာ ဦးရုက္ခစိုး နည်းနည်း ညွှန်ကြားလိုက်ဦးမယ် ..။ ပြန်စမယ်ဟေ့ .. ကင်မရာကိုင်ထားတဲ့ ဂျပု ဆော်ကြမ်း .. သေချာနားထောင် .. ယက်ထောကို ချိန်ထားမယ် ..။ ဟိုကောင် .. ရဲညင့်ပြောင် မင်းမျက်ခွက်ကြီး ကင်မရာထဲ မဝင်စေနဲ့ .. အသံပဲ ယူမယ် .. ခပ်ဝေးဝေးကနေ .. ငါ သင်ထားတဲ့အတိုင်း အော်ပြော .. လိပ်ခေါင်းထွက်အောင် အော်နော် ..။

ရဲညင့်ပြောင်။ ။ ဟုတ်ကဲ့ပါ ချိုကုပ်ဒူးကြီး။

ချိုကုပ်ဒူးကြီး၏ အံ့မခန်း ကမ္ဘာကျော်ရိုက်ကွင်းကို ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တအံ့တသြ အငေးသား ကြည့်နေကြရသည်။

ချိုကုပ်။ ။ ကဲ စအော်ပြောတော့။ ဖိုက် .. ဖိုး .. သရီး .. တူး .. ဝမ်း .. အက်ရှင် ..

ရဲညင့်ပြောင်။ ။ ဒီမှာ ယက်ထောကြီး .. ခင်ဗျားနဲ့ ဒေါ်စုက သမီးရည်းစားတွေမို့လို့ ခုလို တကူးတက ရေကူး ဝင်တာမဟုတ်လား .. ဘူး .. ထွား .. ဟားဟားဟား ..။

ယက်ထော။ ။ မဟုတ်ရပါဘူးဗျာ .. ။ ခင်ဗျားတို့ သွားခိုင်းလို့လည်း သွားရသေးတယ် .. ။ ဒီဇာတ်လမ်းက ပြီးသွားရင်ဘာဖြစ်မယ်ဆိုတာ သိပြီးသား .. ဆက်မပါချင်တော့ဘူးဗျာ .. ကျုပ်ထွက်မယ် ..။

ချိုကုပ်။ ။ ဟာ .. ဟေ့လူ .. သင်ထားတဲ့အတိုင်းပြောလေ .. ဘယ့်နှယ် မဟုတ်တာတွေ လျှောက်ပြော နေရတာလဲ .. ဟေ့ .. ရိုက်ကွင်းခဏနားမယ်။ ပြီးရင် အာဆီယံကို ကလော်ဆဲတဲ့ အခန်း ရိုက်မယ် ဟေ့ ..။ ဉာဏ်ပျင်းကို အဆင်သင့် ပြင်ခိုင်းထား။

မောသွားဟန်ဖြင့် ခြေပစ်လက်ပစ် ထိုင်လိုက်သော ချိုကုပ်ဒူးကြီးကို သူ့ကတော်အမေကွိုင်က ချွေးလာသုတ် ပေးသည်။

ဦးရုက္ခစိုး။ ။ ခင်ဗျားရဲ့ ဇာတ်လမ်းက ဘယ်လိုဆက်မှာလဲ လုပ်ပါဦး ချိုကုပ်ဒူးကြီးရဲ့ .. တော်တော် စိတ်ဝင်စားစရာ ကောင်းလာပြီ။

ဦးရုက္ခစိုး၏ အမေးကို ချိုကုပ်ဒူးကြီးက သွားများဖြဲ၍ပြုံးကာ ပြန်ဖြေသည်။

ချိုကုပ်။ ။ ဒီလိုဗျ ..၊ ကျုပ်ရဲ့ ဗျူဟာက .. အဲလေ ဇာတ်ညွှန်းက ဘာမှ မခက်ဘူး .. မြန်မာဗီဒီယို ကားတွေကိုပဲ မှီးထားတာပါ။ ခုမြန်မာကားတွေက ဖက်ဆစ် ဂျပန်လက်ထက် လွတ်လပ်ရေးမရခင်က ကားတွေ ရိုက်ကြတယ်မဟုတ်လား .. အဲဒီအတိုင်းပဲ။

ဖိုးရှုပ်။ ။ ဟာ အံ့မခန်းဘဲဗျာ။ ရှင်းပါဦး။

ချိုကုပ်။ ။ ကျုပ်က သူတို့ထက် သာတယ်ဗျ .. အဲဒီကားထဲက လူကြမ်းတွေ ဘယ်လို ယုတ်မာလဲ၊ ဘယ်လောက်ကြမ်းသလဲ .. ပျင်းတောင် ပျင်းသေးတယ် .. ကျုပ်က သူတို့ထက်ပိုယုတ်တယ်ဗျ။

ကြွက်စုတ်။ ။ စိတ်ဝင်စားစရာတော့ တော်တော်ကောင်းလာပြီ။

ချိုကုတ်။ ။ ဟဲဟဲ မှတ်ထားကြ။ ဖက်ဆစ်ဂျပန်တွေက အလိုတော်ရိတွေ ထားတယ်၊ ကျုပ်က စွမ်းအားရှင်ပါဝါရိန်းဂျားတွေ၊ ကြံ့ဖွတ်တွေ ထားတယ်၊ အဲဒီကားတွေထဲမှာ ဖက်ဆစ် ဂျပန်တွေက ဦးနှောက်မရှိတော့ လူတွေကို နှိပ်စက်တယ်၊ အသေသတ်တယ်၊ ကျုပ်က ဦးနှောက်ရှိတော့ လူထုကို နှိပ်စက်ပေမယ့် အသေမသတ်ဘူး .. မသေမရှင်လေး ဖြစ်အောင် ညှဉ်းဆဲထားတယ်။ ပညာခန်းတွေနော် .. ငှီးငှီး။

ဦးရုက္ခစိုး။ ။ ခင်ဗျားဇာတ်ညွှန်းက နည်းနည်းလွဲနေတယ်ထင်တယ်နော် ချိုကုပ်ဒူးကြီး .. ၊ ခင်ဗျားရဲ့ လုံခြုံရေးတွေကိုတော့ အရေးမယူထားဘူး။ လူတွေက ထောက်စရာ ဖြစ်မနေဘူးလား ယုတ္တိမရှိဘူးဆိုပြီး။

ချိုကုပ်။ ။ ယုတ္တိဟုတ်လား .. ဘာယုတ္တိရှိဖို့ လိုလို့လဲဗျာ .. အစကတည်းက ဇာတ်ဆန်ဆန် ဆင်ထား တာပဲဥစ္စာ ..။ ကောင်မလေးကို စောင့်တဲ့ လုံခြုံရေးတွေကို ဇာတ်လမ်းအရ ရာထူးတိုးပြီး နယ်ပြောင်း ပေးလိုက်တယ်လေ တော်ပြီပေါ့။

ထိုစဉ် အခန်းထဲသို့ အာဏာပါးကွက်သားပုံစံ ဝတ်ထားသော လူတယောက် ဝင်လာသည်။ သူ့နောက်မှ ဓားထမ်းလာသူ အသားမည်းမည်း မျက်လုံးပြူးပြူးနှင့် ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင် လူတယောက်လည်း ပါသည်။ ထိုသူကိုကြည့်ပြီး ကြွက်စုတ်က ထအော်လိုက်သည် “ဟာ .. လူရွှင်တော် မန်းဝင်းကြီးပါလား”

ချိုကုပ်။ ။ ဟာ ဘယ်ကမန်းဝင်းကမှာလဲ .. အဲဒါက ကြွက်ချုပ် စပ်ဖြဲ ဟ ..၊ မန်းဝင်းနဲ့နှိုင်းတော့ မန်းဝင်း သိက္ခာကျ တာပေါ့။ မလုပ်နဲ့လေ။ သူ့ရှေ့က သူ့ဆရာ ပြည်ထဲရေး မူးအောင် .. သူတို့က အဓိကပဲ .. မင်းသမီးကို အပီအပြင်နှိပ်စက်မယ့် အာဏာ ပါးကွက်သားတွေပေါ့။ ကဲကဲ မူးအောင်နဲ့ စပ်ဖြဲ ဟိုထောင့်မှာ ခဏ ထိုင်စောင့် ဦးကွာ .. မင်းတို့အလှည့် ရောက်တော့မှာ ..။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးဇာတ်လမ်းက တဖြည်းဖြည်း ပုံပေါ်လာပြီဗျ။ ကျုပ်တောင် မဖတ်ဘဲနဲ့ သဘော ပေါက်လာပြီ။ ဒီလို အောက်တန်းကျပြီး ပြည့်တန်ဆာတန်းက အမှုဆင်နည်းမျိုးကို ဘယ်ကများ ရှာဖွေတွေ့ရှိထား တာလဲဗျာ ..။

ချိုကုပ်။ ။ ဒါကတော့ဗျာ .. ကျုပ်ရဲ့ ဆရာ့ဆရာတွေ လမ်းစဉ်ကိုလိုက်၊ သူတို့ထဲက မကောင်းတာ မှန်သမျှယူ .. အဲဒါကို မော်ဒီဖိုင်းလုပ် .. ပိုပိုသာသာလေး ယုတ်မာလိုက်တာပါပဲ။ မခက်ပါဘူး။ ဟဲဟဲ .. ဟစ်တလာကြီးက ပြောတယ်မဟုတ်လား ညာရင် အစွမ်းကုန်ညာတဲ့ ..။ ကျုပ်က ယုတ်ရင် အစွမ်းကုန်ယုတ် ဆိုတဲ့ နည်းကို သုံးတာ။ ကျုပ်ဇာတ်လမ်းကို ဘယ်လောက်တောင် အံ့သြနေကြလဲတော့မသိဘူး .. အရင်က ကောင်မလေး ခေါင်းမာတယ် ပြောတဲ့သူတွေတောင် ပါးစပ်တွေ ပိတ်နေတာသာကြည့် .. ဘာသံမှကို မကြားရဘူး။

ထိုစဉ် အရေးအကြီးဆုံးအခန်းကို ရိုက်ဖို့ ပြင်ကြသည် .. ။ တရားခွင်မြင်ကွင်းဖြစ်သည်။ သတင်းထောက်များ၊ သံတမန်များ အပါဝင် ချိုကုပ်ဒူးကြီး၏ နေပြည်တော်လူကြမ်းအဖွဲ့ထဲမှ လူကြမ်းကြီး၊ လူကြမ်းကလေးများပါ ဝင်လာ ကြသည်။ ဦးရုက္ခစိုးကော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စိတ်ဝင်တစား ကြည့်နေကြရသည်။

ချိုကုပ်။ ။ ကဲကဲ တခါးမပွင့်တပွင့် တရားခွင်ခန်း ရိုက်မယ် .. မင်းသမီး အသင့်ပြင်ပါ။ အထဲက စောင့်နေရမယ့်သူတွေ အားလုံးလည်း ရယ်ဒီ .. အာဏာပါးကွက်သားတွေလည်း နေရာယူပါ .. ပြောထားတဲ့ အတိုင်းနော် .. ဖိုက် .. ဖိုး .. သရီး .. တူး .. ဝမ်း .. အက်ရှင်။

အခန်းတခန်းလုံး တိတ်ဆိတ်သွားသည်။ မင်းသမီးက ခပ်ဖြည်းဖြည်း ဝင်လာသည် .. အခန်းထဲတွင် ရှိနေသည့် နေပြည်တော် လူကြမ်းကြီးများ၊ လူကြမ်းကလေးများ၊ လူကြမ်းမများအားလုံး ထိုင်ရာမှ အရိုအသေပေးသည့် အနေဖြင့် တပြိုင်နက်တည်း ထရပ်လိုက်ကြသည်။ ပြီးတော့ တပြိုင်နက်တည်း အော်သံကြီး ဟိန်းထွက်လာသည်။

လူကြမ်းများ။ ။ နိုင်ငံ့ အနာဂတ် ခေါင်းဆောင်ကို ကြိုဆိုပါတယ်။

ချိုကုပ်။ ။ ဟာဟာ .. ဟေ့ လူကြမ်းအဖွဲ့ .. နင်တို့ကို လုပ်ခိုင်းတဲ့ထဲမှာ အဲဒါ မပါဘူးလေ .. ။ အောင်မငီး .. မှားကုန်တော့မှာပဲ .. ရပ် .. ရပ် .. ဟေး ကင်မရာ .. ဆော်ကြမ်း၊ ဂျပု၊ မူးအောင်တို့ .. ဘာလုပ်နေကြတာလဲ .. ဆက်မရိုက်နဲ့လေ ..။ တော်တော့ဟ .. ဦးရုက္ခစိုးရေ .. ကယ်ပါဦးဗျ ..။

ချိုကုပ်ဒူးကြီး ပြာလောင်ခတ်ကာ အရူးချေးပန်း လျှောက်အော်နေသည်ကို ကြည့်၍ ဦးရုက္ခစိုးတို့ သုံးဦးစလုံး မတိုင်ပင်ဘဲ တပြိုင်နက်တည်း အော်လိုက်ကြသည် ..

“ကတ်” … ။ ။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။

Burma 's News world's News

Rescuers seek survivors in the rubble of a Lahore police building in Pakistan after gunmen and a bomber kill at least 23 people.
General Motors' battle to avoid bankuptcy suffers a blow as bondholders reject a key part of the carmaker's restructuring plan.

The International Space Station (ISS) crew is set to double after three astronauts blast off from Kazakhstan.

The Lahore office of LG Pakistan, an electronics firm after the blast, 27 May 2009
Wed. 27 May 2009 0805 UTC

Deadly Car Bomb Explodes in Pakistan's Eastern City, Lahore

At least 23 people were killed and hundreds of others injured when a bomb exploded on a busy main street in the capital of Pakistan's Punjab province

Full Story » | Listen Audio clip available

Official undated handout photo shows shows North Korean leader Kim Jong-Il (R) reacting to soldiers of Korean People's Army in Pyongyang

Pyongyang's Nuclear Tests Lead to Questions About Military Capabilities Audio Clip Available

Analyst says North Korea has one of the largest armies in the world - with more than one million active-duty troops

Burma's opposition leader Aung San Suu Kyi (2008 file)

Aung San Suu Kyi Trial Enters 9th Day

Pro Democracy leader admits allowing John Yettaw to stay at her house after he told her he was too exhausted and ill to swim back

A border area on North Korea's west coast, as observed from South Korea's Yeonpyeong Island in disputed waters in the Yellow Sea, 27 May 2009

N. Korea Threatens Attack on South If Vessels are Inspected

North Korea says it will take military action against South Korea if it participates in US-led effort to intercept ships suspected of carrying weapons of mass destruction

A graph measured by S. Korea's National Earthquake Center shows the seismic wave of N. Korea's nuclear test, Seoul, 25 May 2009

Analysts Worry Threatening N. Korea with Sanctions Could Create Escalation Audio Clip Available

Experts argue nuclear tests intended either as bargaining chips or for internal politics, leadership transition in N. Korea


NEWS ANALYSIS

Burmese Citizens are Angry, but Silent

By KYAW ZWA MOE
The spontaneous sign of respect by international diplomats last week, who rose to their feet when Suu Kyi walked into the courtroom, was a silent gesture that spoke louder than words.

Obama to Junta: Release Suu Kyi

By LALIT K JHA
US President Barack Obama calls for the release of pro-democracy leader Aung San Suu Kyi in a statement released from the White House praising her “profound patriotism.”

NLD Issues List of Demands to Junta

By MIN LWIN
In a statement marking the 19th anniversary of its landslide election victory, the NLD has issued a list of political demands to the Burmese regime.

Suu Kyi Accuses Prosecution of Bias

By SAW YAN NAING
Burmese opposition leader Aung San Suu Kyi has issued a statement denying that she broke the terms of her house detention order and saying she gave John William Yettaw temporary shelter because she didn’t want to be responsible for his arrest.

New Web Site Gathers High Profile Support for Suu Kyi

By ARKAR MOE
A new Web site is launched to coordinate support among international figures, NGOs and trade unions for Burmese opposition leader Aung San Kyi.

Bomb Attacks, Arson Hit Southern Thailand City

By THE ASSOCIATED PRESS
A series of bomb and arson attacks believed to have been carried out by Muslim insurgents rocked a provincial capital in southern Thailand.

Web campaign launched for Suu Kyi’s release

British Prime Minister Gordon Brown has posted a message on a new website launched Wednesday calling for the release of detained Burmese opposition leader Aung San Suu Kyi.

U Gambira transferred to Kalay prison

Buddhist monk Ashin Gambira who staged a protest in prison and demanded a meeting with military junta supremo Snr. Gen. Than Shwe was said to have been transferred to Kalay...

Asian, European Ministers express concern over Suu Kyi

Foreign Ministers from Asia and Europe on Tuesday concluded a two-day meeting in Hanoi with a statement calling on Burma’s military government to release political prisoners, even as the regime...

News updates on 7th day of Aung San Suu Kyi's trial

“Burmese military authorities announced this morning the removal of Article 10 (b), which kept Aung San Suu Kyi under house arrest. So, there is no more house arrests. The fallout...

Aung San Suu Kyi’s house arrest lifted

Burma’s military authorities on Tuesday lifted the house arrest order of opposition leader Daw Aung San Suu Kyi, her lawyer said. But she remains under detention inside Rangoon’s notorious Insein...

Indian MP urges junta to release Suu Kyi

An Indian Member of Parliament and activists on Tuesday echoed the international outcry for the release of Burmese opposition leader Aung San Suu Kyi, facing a trial in Rangoon’s Insein...

Two bombs explode in Mon state

May 27, 2009 (DVB)–Two bombs exploded near government buildings in the capital of Mon state this morning, following state-run newspaper reports yesterday on alleged bombing plots by exiled opposition groups. - more


Suu Kyi blames lack of security

May 27, 2009 (DVB)–A lapse in security by police guarding Aung San Suu Kyi’s compound is responsible for the visit of US citizen John Yettaw, for which she is currently standing trial, she told the courtroom today. - more


Thailand’s Rohingya ‘deterrence’ breaks refugee obligations

May 27, 2009 (DVB)–Thailand’s denial of entry to Burmese Rohingya refugees violates international legal obligations towards asylum seekers, claims the first full report into the mistreatment of Rohingya refugees in Thailand. - more


Underground medics: rebuilding Burma’s ruin

Rosalie Smith

May 27, 2009 (DVB)–Government spending on healthcare in Burma ranks among the lowest in the world, eclipsed by the wealth of public money that lines the pockets of the army. - more


Obama backs calls for Suu Kyi release

May 27, 2009 (DVB)–United States’ President Barack Obama has called for the immediate and unconditional release of Aung San Suu Kyi, and has criticized the ongoing court hearing as a “show trial based on spurious charges”. - more

မြန်မာ့သတင်းကမ္ဘာ့သတင်း

President Barack Obama speaks about health care reform at the White House, 11 May 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက တောင်းဆိုလိုက်ပါတယ်။


ကမ္ဘောဒီးယားက ပြည်သူတို့ကလည်း မြန်မာတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရန် တောင်းဆို

မိုးမခ အထောက်တော် ၀၀၅

မေ ၂၇၊ ၂၀၀၉

ယနေ့ နေ့ခင်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်၊ မြန်မာသံရုံးရှေ့တွင် မြန်မာများနှင့် နိုင်ငံတကာမိသားစုများ စုဝေးကြပြီး စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြသည်။ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ယနေ့သည် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ဦးဆောင်သော အင်န်အယ်ဒီပါတီသည် ၁၉၉၀ ခုနှစ်တုံးက ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို အမတ်ဦးရေအများဆုံးဖြင့် အနိုင်ရရှိခဲ့သော ၁၉နှစ်မြောက် နှစ်လည်နေ့ ဖြစ်သည်။ (ဓာတ်ပုံ - ကိုပေါ) http://picasaweb.google.com/MoeMaKa.Net/DemonstrationOn27thMay2009InPhnomPenhCambod

အပြည့်အစုံသို့ ...

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ရန် အိုဘားမား ပြောပြီ
AP သတင်းဌာန
မေ ၂၇၊ ၂၀၀၉

သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် မြန်မာစစ်အစိုးရအား ယမန်နေ့က တောင်းဆိုလိုက်သည်။

အိုဘားမား၏ ထုတ်ပြန် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းကို ရှုတ်ချကြောင်း ဖော်ပြထားသည်။ တရားဥပဒေ နှင့် ပြည်သူလူထုကို လေးစားသောအားဖြင့် သူ့အား ချွင်းချက်မရှိ ချက်ချင်း လွှတ်ရန် တောင်းဆိုထားသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့များ၊ အတိုက်အခံ အဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်ရန် အခွင့်အခါကောင်း ဖြစ်ကြောင်းကိုလည်း စစ်အစိုးရကို တိုက်တွန်းထားသည်။



NEJ / ၂၇ မေ ၂၀၀၉


NEJ / ၂၇ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်က ယခုအမှုဖြစ်ပွားရသည့် အရင်းခံအကြောင်းရင်းမှာ လုံခြုံရေးလစ်ဟင်းမှု သို့မဟုတ် လုံခြုံရေးဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်အထိ လုံခြုံရေးဆိုင်ရာ.... အပြည့်အစုံသို့


မဲဆောက်ရောက် မြန်မာနိုင်ငံသားများ
ဒေါ်စုလွတ်မြောက်ရေး ဘန်ကီမွန်းထံစာပို့

NEJ / ၂၇ မေ ၂၀၀၉
ဖြစ်နိုင်သမျှ အမြန်ဆုံးသွားဖို့ရယ်၊ မတရားဖမ်းဆီးခံ နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့.. အပြည့်အစုံသို့
ဒေါ်အောင်ဆန်းစုကြည်အမှု (၈) ရက်မြောက်ကြားနာ
လုံခြုံရေးများ တိုးမြှင့်ချထား

အောင်ထက် / ၂၇ မေ ၂၀၀၉
အင်းစိန်ခုံးကျော်တံတားအတက်တွင် လုံခြုံရေးကားငယ် (၃) စီးရပ်ထားပြီး ရန်ကုန်တိုင်းရဲ (၁၅) ဦးခန့်နှင့်အတူ သတင်းတပ်ဖွဲ့ဝင် ယာဉ်ငယ်တစီးနှင့် အင်းစိန်(အကစ) ရှေ့ လက်ယာဘက် ... အပြည့်အစုံသို့

အတိုးအလျှော့ လုပ်နေသည့် အောင်ဘာလေထီ ရောင်းအားမကောင်း၍ အက္ခရာ ထပ်လျှော့ရ
NEJ / ၂၇ မေ ၂၀၀၉
“ရောင်းလို့မကုန်ဘူး။ ရောင်းလို့ မကုန်ဘူးဆိုတာ ထီရုံးကလူတွေ သိတယ်။ ပြောတော့သာ အောင်ဘာလေက ထီလက်မှတ်တွေ လက်ကျန်မရှိ ကုန်စင်အောင်....”အပြည့်အစုံသို့
မော်လမြိုင်မြို့ပေါ်တွင် ဗုံးနှစ်လုံးပေါက်ကွဲ
ို

NEJ / ၂၇ မေ ၂၀၀၉
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာများမှာ မြန်မာ့ဆက်သွယ်ရေး ပြည်နယ်ရုံးရှေ့တွင် တနေရာနှင့် မော်လမြိုင် ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်နံဘေး... အပြည့်အစုံသို့

လမ်းလျှောက်ရင်း လမ်းပျောက်နေသူများ


မောင်သြ / ၂၇ မေ ၂၀၀၉

ခပ်ညံ့ညံ့ ဇာတ်ညွှန်းရေးဆရာနှင့် ခပ်တုံးတုံး ဒါရိုက်တာ တို့က ရိုက်ပြသော ခပ်ပေါပေါ၊ ခပ်ချာချာ (Hot Shot, 0…) ဟော့ရှော့ သုညကား၊ ဟာသရုပ်ရှင်ကားတကား ကြည့်မိရ သလို ခံစားမိရပြီး၊ လိမ်လည်း လိမ်နိုင်ကြပါပေရဲ့လို့ အတွေး ပေါက်ကာ မုံလာဥ ပုံပြင်လေးတပုဒ်ကို... အပြည့်အစုံသို့

ဒေါ်စုကို လွှတ်ပေးရန် ထိုင်းနှင့် ဂျပန်တွင် ဆန္ဒပြ

အန်အယ်ဒီ၏ ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့တွင် ထိုင်းနှင့် ဂျပန်ရောက် မြန်မာအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင်...

ဗိုလ်ချုပ်မှူးကြီးကို ထိပ်တိုက်တွေ့လိုသူ ထောင်ပြောင်းခံရ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်တိုက်တွေ့လိုကြောင်း ခန္တီးထောင်တွင် ဆန္ဒပြခဲ့သူ ရွှေဝါရောင်ခေါင်းဆောင် အရှင်ဂမ္ဘီရအား ကလေးမြို့ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရ ......

ဒေါ်အောင်ဆန်းစုကြည်အမှု ၇ ရက်မြောက်နေ့ သတင်းနှင့် ဗီဒီယိုများ

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၆ လတိုးမြှင့်ခွင့်ရှိကြောင်း အင်းစိန်အကျဉ်းထောင်ထဲတွင် ယနေ့နံနက် သတင်းစာရှင်းလင်းပွဲတွင် ရဲအရာရှိက ပြောကြားသွားသည်။ မေလ ၂၇...

ဒေါ်စုအား တရားစွဲခြင်းအပေါ် ထိုင်း၏ ရပ်တည်ချက်အား ဥရောပသမဂ္ဂက ထောက်ခံ

မြန်မာနိုင်ငံ အခြေအနေနှင့် စပ်လျဉ်း၍ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံက ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂက...

ရှမ်းတပ်များက ခြုံခိုတိုက်မှုကြောင့် စစ်ဘက် အရာရှိ ၂ ဦး သေဆုံး

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) စစ်ကြောင်းတခုက ခြုံခို တိုက်ခိုက်မှုကြောင့် စစ်အစိုးရ တပ်မတော် အရာရှိများ အပါအဝင် လူ ၁၅...

ရုံးထုတ်သည့် အဌမနေ့

ရန်ကုန်မှာ ဗုံးဖောက်ခွဲမှုတွေ လုပ်မယ်၊ ဆန္ဒပြပွဲတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေကို စစ်အစိုးရ မီဒီယာတွေက ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်း လုံခြုံရေး အခြေအနေက တော်တော်ကို တင်းကျပ်လာပါတယ်။
ဆက်ဖတ်ရန် ...
မျှော်လင့်ချက်မဲ့နေတဲ့ လူထုရဲ့ ကြိမ်မီးအုံးဒေါသ

မျှော်လင့်ချက်မဲ့နေတဲ့ လူထုရဲ့ ကြိမ်မီးအုံးဒေါသ

ပြည်သူလူထုသည် စစ်အာဏာရှင်၏ လုပ်ရပ်ကို ရွံရှာ မုန်းတီး ကြောက်ရွံ့ကြသည်၊ ဒေါ်အောင်ဆန်း စုကြည်ကို ချစ်၍ သနားသည် .. သို့သော် သူတို့၏ တနေ့စာ ဝမ်းရေးက ထိုကိစ္စများထက်

တရား ဥပဒေ စိုးမိုးရေး အဖွဲ့ချုပ် တောင်းဆို

မြန်မာနိုင်ငံတွင် တရား ဥပဒေ စိုးမိုးရေး ကင်းမဲ့နေပါလျှင် တိုင်းပြည်၏ အနာဂတ် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုးနိုင်မည် မဟုတ်ကြောင်း ယနေ့ ပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ

အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို

အာဆီယံ အဖွဲ့အနေနှင့် မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားရန် စင်္ကာပူ ပါလီမန်အမတ် တဦးက ဘန်ကောက်အခြေစိုက် နိုင်ငံခြား သတင်းထောက်များ ကလပ်၌ ယမန်နေ့က

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်တာနက်တွင် လှုံ့ဆော်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် လှုံ့ဆော်မည့် www.64forsuu.org အမည်ရှိ အင်တာနက် စာမျက်နှာသည် ကမ္ဘာကျော် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ NGO

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အိုဘားမား တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန် သမ္မတ အိုဘားမားက မြန်မာစစ်အစိုးရအား ယမန်နေ့က တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လျှောက်လဲချက် အဖွဲ့ချုပ် ဖြန့်ဝေ

နေအိမ် အကျယ်ချုပ် ကန့်သတ် တားဆီးမိန့်ကို ဖောက်ဖျက် ကျူးလွန်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အင်းစိန်ထောင် တရားရုံးသို့ ယမန်နေ့က စာဖြင့် ရေးသား


more


more


more

JAC Movement in Mae Sot

Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ ကို UNHCR ရုံးရှေ့တွင် JAC မဲဆောက်မှ ဦးစီးပြုလုပ်



ယူအန်အရာရှိအား အိတ်ဖွင့်ပေးစာ ပေးအပ်နေစဉ်
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် Joint Action Commettee မှ ဦးဆောင်၍ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးတောင်းဆို ဆန္ဒပြပွဲတခုကို ကျင်းပခဲ့သည်။
စက်တင်ဘာ ရွှေဝါရောင် သံဃာတော်များ ၊ JAC တွင် ပါဝင်သော အဖွဲ့အစည်းများ ၊ စက်တင်ဘာ ရွှေဝါရောင် လူငယ် အင်အားစုများ၊ တသီးပုဂ္ဂလများ စုစုပေါင်း လူအင်အား ၁၅၀ ခန့်က TK လေး အထည်ချုပ်စက်ရုံ့ရှေ့တွင် စတင် စုစည်းကြပြီး နောက် UN ရုံးရှေ့သို့ ပိုစတာများကိုင်ဆောင်ကာ၊ ကြွေးကြော်သံများ အော်ဟစ်၍ ညီညာစွာ ချီတက်သွားကြသည်။
ယူအန် ရုံးရှေ့တွင် မိနစ် ၂၀ခန့် စုရုံး၍ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဒို့အရေး၊ ဒေါ်အောင်ဆန်း စုကြည် ချက်ခြင်းလွတ် ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး စစ်အာဏာရှင် စနစ် ပြုတ်ကျရေး ဒို့အရေး” စသည့် ကြွေးကြော်သံများ ကို ဟစ်ကြွေးခဲ့ကြသည်။
ဆန္ဒပြရခြင်းနှင့်ပါတ်သက်သော JAC ၏ သဘောထားထုတ်ပြန်ချက် မြန်မာ ၊အင်္ဂလိပ် တို့ကိုလည်းဝေငှပြီး သတင်းဌာန အသီသီး၏ မေးမြန်းချက်များကို ဖြေကြားခဲ့ကြသည်။
ယူအန်မှ အရာရှိတဦး၏ လက်သို့ JAC မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်မှုများပြုပါရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းသို့ တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာ ကိုပေးအပ်ခဲ့သည် ။
ထိုနောက်တွင် ကမ္ဘာမကြေသီချင်းကို သီဆို၍ ဆန္ဒပြပွဲကို လူစုခွဲ ရုတ်သိမ်းခဲ့ပါသည်။ရဲများက လာရောက် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးမှု သတင်းများ မရှိခဲ့ပါ။
ဓါတ်ပုံများ(အီးမေးမှကြည့်သူများ ဓါတ်ပုံကြည့်ရန်)



JAC ၏ အိတ်ဖွင့်ပေးစာ နှင့် ယနေ့ဖြန့်ဝေခဲ့သော ထုတ်ပြန်ချက်များ



Joint Action Committee

Mae Sot, Thailand

27th May 2009

Hon. Mr. Ban Ki-moon

Secretary-General

United Nations

Re: Role of United Nations for the release of Daw Aung San Suu Kyi and all political prisoners, for the purpose of national reconciliation and democratization of Burma.

Your Excellency,

The Joint Action Committee is a collective group of political activists who have been exiled to Mae Sot due to our activities in Burma . We believe that Mae Sot is an important place to hold rallies and send powerful messages of hope, to the people of Burma . Dedicated to democracy we have all given up our country and lives, fighting to free Burma .

We have learned from the media that Your Excellency is planning to visit Burma as soon as possible. Therefore, we send this letter to express our position on the situation in Burma and our expectations from your visit.

Today marks the legal date that our democratic leader Daw Aung San Suu Kyi is due for release from house arrest. However, as she remains in a “special” cell, in the notorious Insein prison, her freedom is an increasingly unrealistic dream for us.

The trial moves into its seventh day and Daw Aung Aung San Kyi continues to maintain her innocence, suggesting the SPDC is at fault for not providing an adequate level of security. The trial has widely been criticized for being a complete scam; in an attempt to cripple her legal advisory team, the SPDC revoked the license of Daw Aung Suu Kyi’s lawyer in the midst of preparing the defense. Daw Aung San Suu Kyi has not been allowed enough lawyers for the case and time for her defense. Apart from a group of handpicked journalists the court has remained closed leaving little room for scrutiny.

All of the SPDC actions so far, indicate that the result of this trial has already been scripted. With the elections around the corner, the Generals appear to be terrified that Daw Aung San Suu Kyi will ruin their chances of legitimizing the power they hold. Whether they were behind the intrusion or not, they will be making sure that they use this trial to eliminate any threat that Daw Aung San Suu Kyi has to their grip on power.

As our leader stands in court today, we have come here to show our solidarity with her. Not only do we show our support for her but we stand outside the United Nations Human Rights Commission office as a show of our support for you and your planned visit to Burma .

The Burmese SPDC has had countless opportunities to prove to the world that they are dedicated to freedom and democratization. Every time the SPDC has shown no signs of backing down in the face of international outcry. The release of Daw Aung San Suu Kyi is yet another opportunity that the Generals are likely to miss – but this time we can’t allow this to happen. By allowing them to once again show an upright disrespect for basic democratic rights, we are condemning the people of Burma to decades of more oppression.

We welcome your concern and interest in our country but urge that you put unprecedented pressure on the Generals to release Daw Aung San Suu Kyi and all political prisoners. Daw Aung San Suu Kyi is essential for national reconciliation; all ethnic leaders have acknowledged that without her, reconciliation cannot be realized.

We encourage you to give the Generals an ultimatum for the release of Daw Aung San Suu Kyi and all political prisoners in a certain time period. By the end of the set time period, if they have not carried out the demands set out to them by the United Nations then a binding solution at the United Nations Security Council must be organized, for an international arms embargo to be placed on Burma .

Having set the ultimatum, we urge you to secure the immediate provision of necessary medical treatment to all political prisoners. And all prisoners isolated far from their families are to be brought to prisons close to their homes in order to immediately put an end to psychological torture.

The members of The Joint Action Committee, political activists, foreign volunteers and local migrants have all come here today to show their gratitude for your support. It is our dream to fix the problems of Burma by ourselves, but every time we try we are brutally tortured, imprisoned or murdered.

Today, we ask for your help and urge you to take a stance, so tough, that it will give the Generals no choice but to release our leader, and begin the process of true democratization.

Sincerely yours,


Joint Action Committee

MaeSot

Contact Persons

Name, Constituency and Party Affiliation

Signature




ANNOUNCEMENT OF JOINT ACTION COMMITTEE (MAE SOT)

Date -May 27, 2009

On 24 May we made a demonstration at the Thai-Burma Friendship Bridge and Today in order to protest against the unfair trial of Daw Aung San Suu Kyi. Our aim was to show our solidarity with our true leader and all political prisoners inside Burma. We wanted to send a powerful message to the people of Burma that we will continue to fight for democracy and that there is still hope. Mae Sot is a very important place for Burma so it’s important that we speak out as much as we can. Being so close to Burma, we have the highest chance of being heard!

We did not intend to disturb or offend the Thai government and people. We express our deep gratitude to the Thai people for their support and kindness. Also, we thank the Thai government for their recent statement on the May 19 that respectively expressed concern about the recent events inside Burma.

Now our democratically elected leader, Daw Aung San Suu Kyi is facing trumped up charges for an intrusion into her home. She faces the seventh day of an unjustified trial set by the State Peace and Development council. If she loses the case she may be put in prison for another 5 years. This is an extremely dangerous situation. Without Daw Aung San Suu Kyi we will not be able to get a true and fair democracy for the people of Burma.

The problem of Burma has changed from being one of national importance to that of international importance. In an increasingly globalised world, one country’s actions increasingly affect another’s. If the General’s don’t respect human and democratic rights then they are also not respecting every country that does try to stand up for what is right. We need all of the international community to come together and think of new initiatives to save the people of Burma from decades of oppression.

China, Russia and India are essential for encouraging the democratization of Burma and we urge that they feel the pain of the Burmese people and help us!

We will not stop fighting until our leader Daw Aung San Suu Kyi is free!!!!!!

Joint Action Committee

( A.B.M.A, စက်တင်ဘာ ရွှေဝါရောင် သံဃာတော်များ , 2009 CAC(BURMA), FBF, FBP, BPPU, MNDF(LA), September Saffron Activities, ZSYO, ALC, AYNG, OIA)

Joint Action Committee ၏ ရှင်းလင်းထုတ်ပြန်ကြေငြာချက်

၂၄.၅.၀၉ ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီက မဲဆောက်ချစ်ကြည်ရေး တံတားတွင် JAC က ဆန္ဒပြပွဲ ပြုလုပ်ခဲ့ခြင်းနှင့် ယနေ့ပြုလုပ်ရခြင်းအပေါ် အောက်ပါ အတိုင်းရှင်းလင်း ထုတ်ပြန်ပါသည်။

ကျွန်ုပ်တို့ အနေဖြင့် ထိုင်းအစိုးရနှင့် ထိုင်းပြည်သူများကို အနှောင့်အယှက် ပြုလိုသော ဆန္ဒ လုံးဝ မရှိပါကြောင်း ဦးစွာ ရှင်းလင်းလိုပါသည်။၁၉၈၄ ခုနှစ်ကတည်းက စစ်အုပ်စု၏ လုပ်ရပ်ကြောင့် တဖြည်းဖြည်းတိုးပွါးလာနေသော မြန်မာဒုက္ခသည် ဝန်ထုပ်ဝန်ပိုးကြီးကို ယနေ့ထက်တိုင် စာနာမှုဖြင့် စောင့်ရှောက်ကူညီပေးခဲ့သော ထိုင်းအစိုးရနှင့် ထိုင်းနိုင်ငံသားများ အပေါ် ကျေးဇူးတင်ကြောင်း ဖေါ်ပြလိုပါသည်။အထူးသဖြင့် ယခုလ ၁၉ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေငြာချက်အတွက် ထိုင်းနိုင်ငံ အစိုးရကို အထူးကျေးဇူးတင်ရှိပါသည်။

ကျွန်ုတို့၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်အုပ်စုမှ မတရား အမှုဆင် ထောင်ချရန် ကြိုးပမ်းနေမှုကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးကိုပါ ထိခိုက်လာမည်ဖြစ်ရာ တိုင်းပြည်အတွက် အလွန် အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေသဖြင့် မဖြစ်မနေ လှုပ်ရှားဆောင်ရွက် ကြရခြင်းဖြစ်ပါသည်။

စစ်အုပ်စုက ယခု မတရားအမှုဆင် စွပ်စွဲနေမှုတွင် နိုင်ငံခြားသား တဦးပါဝင် ပတ်သက်နေခြင်း၊ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ထောင်ချရန် ကြိုးစား နေမှုသည် သန်း ၅၀ကျော်သော မြန်မာပြည်သူတို့၏ အနာဂတ် မျှော်လင့်ချက်များကို ရိုက်ချိုး ဖျက်ဆီးရာ ရောက်ရုံမျှမက တရားမျှတမှုကို ချစ်မြတ်နိုးသော လူသားအားလုံး၏ စိတ်နှလုံးကို ထိခိုက်စေ၍ ကမ္ဘာ့ နိုင်ငံရေးကိုပါ ရိုက်ခတ်မှု ရှိနေသဖြင့် ပြည်တွင်းရေး သက်သက်သာ မဟုတ်ပဲ တကမ္ဘာလုံးနှင့် သက်ဆိုင်သော အရေးဖြစ်သည်ဟု ကျွန်ုပ်တို့ ကော်မတီက ရှုမြင်ပါသည်။

သို့ဖြစ်ပါ၍ တရားမျှတမှုကို ချစ်မြတ်နိုးသော လူသားအားလုံးကို ကျွန်ုပ်တို့နှင့် အတူတကွ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံလိုပါသည်။

လုပ်ငန်းစဉ် တရပ် အနေဖြင့် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများဖြစ်သော တရုတ်နှင့် ရုရှားနိုင်ငံ တို့ကို မြန်မာပြည်သူများ အပေါ်စာနာနားလည်စွာ ကူညီဆောင်ရွက်လာစေရန် အားလုံးမှ နည်းလမ်းမျိုးစုံဖြင့် မေတ္တာရပ်ခံ တိုက်တွန်းစာများကို ဝိုင်းဝန်းကူညီ ပေးပို့ ကြပါရန် JAC မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။

ကျွန်ုပ်တို့ JAC အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာသည်အထိ အားလုံးနှင့် ပူးပေါင်း၍ ဆက်လက် တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

Joint Action Committee

(A.B.M.A, စက်တင်ဘာ ရွှေဝါရောင် သံဃာတော်များ, 2009 CAC (BURMA), FBF, FBP, BPPU, MNDF (LA), September Saffron Activities, ZSYO, ALC, AYNG, OIA )