10.05.2009

Burma's News World's News


A man retrieves wood from the rubble in Padang, Indonesia, 05 Oct 2009
Mon. 05 Oct 2009 1210 UTC

Indonesian Earthquake Efforts Shift to Rebuilding Phase

More than a thousand people died in last week's quake and over 180,000 buildings were severely damaged or destroyed

Full Story » | Listen Audio clip available

People use a pipe to swim across a river swollen by flood waters at Kurnool district, about 205 kilometers from Hyderabad, India,  04 Oct 2009

Indian Floods Death Toll Reaches 200 Audio Clip Available

There are fears that many people may still be stranded in villages which have not yet been accessed, and a massive relief and rescue operation underway

Pakistani paramilitary soldiers patrol in front of the United Nations office after a suicide blast in Islamabad, 05 Oct 2009

Suicide Bomb Blast at UN Office in Pakistani Capital Audio Clip Available

World Food Program offices are located on a street that already has high security due to other nearby United Nations offices

Israeli border police officer, masked plainclothes police officers detain Palestinian youth during clashes in east Jerusalem, 5 Oct 2009

Israel Deploys Police Around Jerusalem's Old City

Police say they have restricted access for Muslim worshipers into the compound for safety reason

Chinese Premier Wen Jiabao, left, stands with North Korean leader Kim Jong Il upon his arrival in Pyongyang, North Korea, Sunday, 4 Oct. 2009.

Chinese Premier Visits North Korea Audio Clip Available

China's official Xinhua news agency does not give details of the meeting


File photo of South Africa's national Police Commissioner Jackie Selebi
South Africa's ex-police chief - a former head of Interpol - pleads not guilty at the start of a landmark corruption trial.

A suicide bomber dressed in military uniform targets the UN World Food Programme in Islamabad, killing five people.

Microsoft confirms that it is investigating reports that details of thousands of hotmail accounts have been posted online.

Is It the Same Old Game?

By AUNG MOE ZAW
We may all see through Than Shwe’s shallow veneer of renewing talks between his liaison minister and Suu Kyi, but we must not give up hope of achieving some leverage.

A Political Football

By WAI MOE
Crowd violence with political overtones mars a Rangoon-Mandalay soccer match.

New US Policy has Multiple Goals

By SIMON ROUGHNEEN
Domestic Burmese politics, nuclear proliferation, geo-strategic politics and other areas could be affected by direct US-Burma engagement.

Regional Peace is Threatened: Kachin

By LAWI WENG
War is likely if the Burmese junta continues to pressure the Kachin to transform their army into a border guard force, says Kachin leader following meeting with junta general.

Schools Hold Class in Tents after Indonesia Quake

By ERIC TALMADGE AND IRWAN FIRDAUS
Hundreds of children go back to class in schools set up in tents in Indonesia's earthquake zone to get counseling on the loss of loved ones and homes.

Suu Kyi, Junta Liaison Officer Hold Meeting

By WAI MOE
Aung San Suu Kyi meets with the Burmese junta’s liaison officer for the first time in nearly two years.

Four women activists arrested by special branch

Four women activists, praying for the release of detained opposition leader Aung San Suu Kyi, were arrested on Saturday, the eve of full moon day that marked...

Ostensible verdict against Aung San Suu Kyi

(Commentary) If a ruling of a court is called a verdict, it has to be called a legal judgment and the judgment has to be made by a judge. So...

Thai government expedites national verification process

Authorities in Thailand are expediting the process of providing information about national verification for Burmese migrants, even as governors in Phuket and Samut Sakorn...

Beijing and Burma no longer best of friends

There is a growing rift between the two close allies and neighbours, China and Burma over their border problems, with relations at an all-time low. The Burmese junta have cooled......

ENC wants ethnic groups to contest 2010 elections

A group of Burma’s ethnic political organizations in exile – the Ethnic Nationalities Council (ENC) - has urged US Senator James Webb not to condemn the junta’s 2010 election before...

US embassy to put up lawyers for detained citizen

The US embassy in Rangoon has got in touch with lawyers to defend its detained citizen, Kyaw Zaw Lwin, arrested on arrival in the former Burmese capital’s international...

အန်ဂျီအို ဆိုတဲ့ အစိုးမရ

ဂါမဏိ

၅ အောက်တိုဘာ ၂၀၀၉
ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသားပညာရှင်တွေ၊ အလွတ်သတင်းထောက်တွေ၊ သာသနာပြုတွေ၊ ရန်ပုံငွေရှာသူတွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်ခန်းတွေ မအားတော့သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါတယ်။ ဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ (အကျဉ်းသားကူညီရေးအဖွဲ့တို့လို) တက်ကြွလှုပ်ရှားသူတွေဆီ မဖြစ်မနေသွားကြလို့ ချောင်းပေါက်မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီကယ်ဆယ်ရေးအဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်းစာနာရေး တက်ကြွလှုပ်ရှားသူတွေ၊ စေတနာ့ဝန်ထမ်းသမားတွေ၊ စွန့်စွန့်စားစား ကြမ်းကြမ်းတမ်းတမ်း ဝါသနာပါသူတွေဟာ အနောက်တိုင်းအကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေထိုင်ရင်း ခေါင်းဖြတ်လူသတ်မှုတွေအကြောင်း၊ ဒုက္ခသည်စခန်းရန်ပုံငွေတွေ ဘုံးခံရတဲ့အကြောင်း၊ နအဖ-ထိုင်း-စီအိုင်အေ ထောက်လှမ်းရေးတွေအကြောင်း၊ မိုက်ကြေးခွဲငွေညှစ်မှု၊ လောင်းကစားမှု၊ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေအကြောင်း တယောက်ထက် တယောက်သာအောင် ကြောက်စရာအကောင်းဆုံး အဆိုးဆုံးဖြစ်ရပ်တွေကို ဖောက်သည်ချကြပါတယ်။

ဒါပေမယ့် တကယ်တော့ ဒီအန်ဂျီအိုတွေ၊ အနောက်တိုင်းသားတွေမှာ ဘာမှကြောက်စရာမရှိပါဘူး။ နအဖနဲ့ ထိုင်းထောက်လှမ်းရေး နှစ်ဖက်စလုံးက ဘယ်အနောက်နိုင်ငံသားဟာ ဘာအဖွဲ့အတွက် လုပ်တယ်ဆိုတာ သိနေပါတယ်။ ဒုက္ခသည်တွေကို စာသင်ပေး၊ ဆေးကုပေး၊ ထမင်းကျွေးတဲ့အတွက် ဒီအန်ဂျီအိုတွေကို ရန်သူလို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ငွေကြေးထောက်ပံ့နေတဲ့ ဘန်ကောက်အခြေစိုက် အနောက်တိုင်း အန်ဂျီအိုအဖွဲ့ကြီးတဖွဲ့က ဆေးခန်းရဲ့ ငွေကြေးသုံးစွဲပုံကို လာရောက်စစ်ဆေးရာမှာ ရုံးခန်းထဲထိုင်ပြီး ဆရာမကြီးကို လုပ်ငန်းတာဝန် ကြေညာစာတမ်း (Mission Statement)၊ ဦးတည်ချက် (Objectives)၊ မဟာဗျူဟာ (Strategy) တွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် အချိန်အများကြီးယူ မေးမြန်းစစ်ဆေးခဲ့ပေမယ့် ဆေးခန်းထဲကိုတော့ ဒါလောက်အချိန်ယူ လှည့်လည်စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှု ထိရောက်ရေးအတွက် လာစစ်ဆေးကြပ်မတ်တဲ့ အဲဒီအန်ဂျီအို ကိုယ်စားလှယ် မိန်းမ (၄) ယောက်ဟာ မဲဆောက်မြို့က ဈေးအကြီးဆုံးဟိုတယ်မှာ တည်းသွားခဲ့ပါတယ်။ အန်ဂျီအို ရုံးချုပ်တွေကနေ နယ်စပ်ကို အချက်အလက်ရှာဖွေရေး ခရီးထွက်လာတဲ့အခါ (၂) ရက်လောက်ပဲ အချိန်ပေးပါတယ်။ သံရုံးတခုကဆိုရင် မယ်လဒုက္ခသည်စခန်းထဲ နာရီပိုင်းလောက် လာကြည့်ပြီးနောက် ထိုင်းနိုင်ငံသား ကရင်ရွာတွေထက် သာတယ်လို့တောင် ပြောသွားပါတယ်။

အန်ဂျီအို စီမံခန့်ခွဲရေး အစီအစဉ်တွေဟာ စာရွက်ပေါ်ရေးထားတာကတော့ ရွှန်းရွှန်းဝေပါပဲ။ ဒါပေမယ့် တကယ့်ပကတိအနေအထားအောက် အများကြီးရောက်နေပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်း ဆိုတဲ့စကားမှာ ‘အစိုးရမဟုတ်သော’ ဆိုတဲ့ အဓိပ္ပာယ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာနေတယ်လို့ မကျေနပ်တဲ့ အန်ဂျီအိုဝန်ထမ်းတွေက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ချက်တွေအတိုင်း လိုက်လုပ်တဲ့ အန်ဂျီအိုတွေ များလာလို့ ဖြစ်ပါတယ်တဲ့။ အဲသလို လိုက်မလုပ်ရင် အစိုးရတွေဆီက ရန်ပုံငွေမရဘဲ ဖြစ်တတ်ပါတယ်။

နိုင်ငံတကာကူညီရေးအဖွဲ့တွေနဲ့ အန်ဂျီအိုတွေဟာ အစိုးရတွေဆီက အထောက်အပံ့၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ဘာသာရေးအသင်းကြီးတွေက အထောက်အပံ့ကို ဘိန်းစွဲသလို စွဲနေပြီဖြစ်ပါတယ်။ အရေးပေါ် ထောက်ပံ့ကူညီရေး လုပ်ငန်းကြီးဟာ တနှစ်ကို ဒေါ်လာဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ အထိန်းအချုပ် အကွပ်အကဲမဲ့ (ပွင့်လင်းမြင်သာမှုမဲ့) စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်နေပါပြီ။

အန်ဂျီအိုနဲ့ ကုလသမဂ္ဂအတိုင်ပင်ခံတွေ၊ အကြံပေးပုဂ္ဂိုလ်တွေဟာ တည်းခိုစရိတ်၊ ခရီးစရိတ်အပြင် တိုင်ပင်ခအဖြစ် တရက်ကို ဒေါ်လာ (၁,၀၀၀) အထိ ယူနေတာလည်း ရှိပါတယ်။ ဒီလိုနဲ့ အန်ဂျီအို အတိုင်ပင်ခံတွေနဲ့ ဒေသခံဝန်ထမ်းတွေအကြား မနာလိုတာတွေ ခွက်စောင်းခုတ်တာတွေလည်း ပြင်းထန်လာပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြားထောက်ပံ့ ကူညီရေးအဖွဲ့ကြီးတွေရဲ့ အနောက်တိုင်းသား ဝန်ထမ်းတွေဟာ ဧရာမလစာတွေ ခံစားနေကြပါတယ်။ အတိုင်ပင်ခံအရာရှိတွေနဲ့ ရုံးချုပ်ဝန်ထမ်းတွေရဲ့ လစာတွေ၊ ခရီးစရိတ်၊ စားသောက်ဧည့်ခံစရိတ်တွေ၊ နေ့တွက်စရိတ်တွေ ထုတ်ပေးလိုက်ပြီးရင် သူတို့ကူညီရမယ်ဆိုတဲ့ လူထုတွေအတွက် ကူညီပေးစရာ ဘာမှမကျန်တော့ပါဘူး။ ဒါပေမယ့် စေတနာ့ဝန်ထမ်း လူသားချင်းစာနာရေးသမားတွေကတော့ ဒေသန္တရအခြေအနေနဲ့ ကိုက်ညီတဲ့ လစာနည်းနည်းလေးတွေနဲ့ အကျိုးဆောင်နေကြပါတယ်။

အန်ဂျီအိုတွေရဲ့ နဂိုမူလ လူသားဝါဒ စိတ်ကူးစံတွေကို လက်တွေ့ပဓာနအလုပ်ဖြစ်ရေးဝါဒက ဘေးဖယ်ထုတ်လိုက်ပြီး ကိုယ်ကျိုးစီးပွားနဲ့ ကိုယ့်တည်တန့်ရေးကပဲ လွှမ်းမိုးသွားပါတယ်။ ဒေသခံတွေနဲ့ ဝပ်ရှော့တွေလုပ်တဲ့အခါ ပေါ်လစီအပြောင်းအလဲတွေကို ‘တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်တာ’ ‘အောက်ခြေထုတွေ သဘောပေါက်နားလည်ပြီးမှ လုပ်တာ’ ဆိုတဲ့ ပုံစံဖမ်းဖို့ သက်သက်ဖြစ်ပြီး ဒီဝပ်ရှော့တွေ ဆယ်မီနာတွေဟာ လူမကြိုက်တဲ့ ပေါ်လစီတွေကို ‘ရာဘာတံဆိပ်တုံးထု အတည်ပြုပေးတဲ့ လုပ်ရပ်တွေ’ လို့ စိတ်ပျက်နေတဲ့ ဒေသခံဝန်ထမ်းတွေက သမုတ်ကြပါတယ်။

မဲဆောက်မှာ အန်ဂျီအို အနည်းဆုံး (၅၀) လောက် (၂၀၀၆ ခုစာရင်း) ရှိနေပေမယ့် မဲဆောက်နဲ့ ပတ်ဝန်းကျင်မှာ ပုလိပ်အဖမ်းခံရ၊ အရိုက်ခံရ၊ အလုခံရ၊ အသတ်ခံရ၊ မုဒိမ်းကျင့်ခံရတဲ့ ဗမာ၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားဦးရေက တနှစ်ထက်တနှစ် များလာပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံးအပါအဝင် အန်ဂျီအိုတွေက အများအားဖြင့် အဲဒါတွေနဲ့ ပတ်သက်ပြီး အသံထွက်တာ အတော်နည်းပါတယ်။ ထိုင်းအာဏာပိုင်တွေ၊ ထိုင်းလူဆိုးဂိုဏ်းတွေ လက်တုံ့ပြန်မှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အသံထွက်ပေးတဲ့ အနည်းစု အန်ဂျီအိုတွေ၊ သတင်းထောက်တွေအနေနဲ့တော့ အသံထွက်ပေးရင် ထွက်ပေးသလောက် မတရားမှုကျူးလွန်ခံရသူတွေအတွက် သက်သာရာရသွားစေတာ တွေ့ရပါတယ်။

အန်ဂျီအိုသမားတွေရဲ့ လူမှုရေးစုဝေးပွဲတွေကို လူတန်းစားခွဲခြားထားပါတယ်။ စီနီယာအရာရှိကြီးတွေ၊ ဆရာဝန်တွေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးတွေ၊ လစာကြီးကြီးရတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေက အတူတူတွဲကြ၊ သီးသန့်ပါတီပွဲတွေ လုပ်ကြ၊ စားကြသောက်ကြ၊ နိုင်ငံခြားက သွင်းလာတဲ့ တန်ဖိုးကြီးအစားအစာတွေ မုန့်တွေ ဝိုင်တွေ စားသောက်ကြ၊ ရှေးဟောင်းပစ္စည်းတွေ လိုက်ဝယ်စုကြ လုပ်ပါတယ်။ ဒေသလစာပဲရတဲ့ စေတနာ့ဝန်ထမ်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အလွတ်သတင်းထောက်တွေကတော့ သတ်သတ်တွဲကြ ပေါင်းသင်းကြပါတယ်။ နယ်စပ်မှာ နှစ်ကြာနေပြီဖြစ်တဲ့ ‘ဝါရင့်နိုင်ငံခြားသား’ တွေကလည်း တသီးတခြားနေကြပါတယ်။ လူသစ်တွေနဲ့ပေါင်းလို့ အကျိုးမရှိဘူးလို့ ယူဆကြပါတယ်။
အန်ဂျီအိုတွေဟာ နယ်စပ်မှာ အဓိကတာဝန်ရှိတဲ့ ကေအန်ယူလို အဖွဲ့အစည်းတွေကို အတင်းပလူးကြ ရောသောဖောသော လုပ်ကြပါတယ်။ တချို့က သူတို့လုပ်ချင်သလို ဖြစ်မလာတဲ့အခါမှာတော့ စိတ်ပျက်ပြီး ပြန်သွားကြပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းရဲ့သဘာဝ၊ လျှို့ဝှက်ရေးလိုအပ်ချက် စတာတွေကို သဘောမပေါက်တဲ့အခါ တချို့က ကေအန်ယူကို သွားပုပ်လေလွင့်ပြော အပုပ်ချ ကဲ့ရဲ့တာတွေ ဖြစ်လာသလို တချို့ကလည်း ဘုရားလို တအားအထင်ကြီး ကြည်ညိုလာတာတွေလည်း ရှိပါတယ်။ ဒီဘက်က အဖွဲ့အစည်းတွေက ပုံမှန်အတိုင်း ဆက်သွားနေပြီး အန်ဂျီအိုတွေက ပြောင်းလဲသွားတာလည်း ရှိပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေ၊ မြင့်မြတ်တဲ့ တန်ဖိုးစံတွေနဲ့ ရောက်လာတဲ့ အန်ဂျီအိုတွေက ထိုင်းရဲနဲ့ ထိုင်းအစိုးရပိုင်း အကျင့်ပျက်မှုကို မျက်စိမှိတ်နေတာ ဖြစ်လာသလို နယ်စပ်မှာ ကူညီထောက်ပံ့မှုတွေ ရပ်တန့်ပြီး အကျင့်ပျက်ခြစားမှုအပေါင်း သရဖူဆောင်းတဲ့ အာဏာရှင်လက်အောက်က ဗမာပြည်ထဲ လုပ်ငန်းရွှေ့သွားတာတွေလည်း ရှိပါတယ်။

ကရင်တွေကြားမှာ အန်ဂျီအိုတွေရဲ့ အလေးပေး မ,စ ခံရဖို့ ကြည့်မကောင်းအောင် အပြိုင်အဆိုင်တွေဖြစ်လာသလို တဖက်မှာလည်း အန်ဂျီအိုတွေက ကရင်တွေရဲ့ထောက်ခံမှု ဂရုစိုက်မှုခံရဖို့ ရုပ်ပျက်ဆင်းပျက်နဲ့ အပြိုင်အဆိုင် ဖြစ်လာကြပါတယ်။ ဒီအခါမှာ ပစ်ပယ်ခံရသူတွေ ရှုံးနိမ့်သူတွေက တပ်ပေါင်းစုဖွဲ့ကြ၊ နဂိုမူလ ကျွမ်းကျင်ပညာစံနှုန်းတွေ လူသားဝါဒစံနှုန်းတွေ နေရာမှာ ပုဂ္ဂိုလ်ရေးပြဿနာတွေ ရှေ့တန်းတင်လာကြပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ တော်လှန်ရေးခေါင်းဆောင်တွေ အကျင့်ပျက်ခြစားကြောင်း၊ ပျင်းရိထုံထိုင်းကြောင်း၊ ကိုယ်ကျိုးကြည့်ကြောင်း၊ သက်ဦးဆံပိုင် အာဏာရှင်တွေဖြစ်တဲ့အကြောင်း ပြောဆိုဝါဒဖြန့်ပြီး မိခင်နိုင်ငံတွေ ပြန်သွားကြပါတယ်။ ဘာမှ ပူညံပူညံမလုပ်ဘဲ နယ်စပ်ဒေသမှာ နှစ်ရှည်လများ စေတနာ့ဝန်ထမ်း အကျိုးပြုနေတဲ့ အနောက်နိုင်ငံသား ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျောင်းဆရာတွေကို နှာခေါင်းရှုံ့သွားကြပါတယ်။

နယ်စပ်က တိုင်းရင်းသားတွေ ရွှေ့ပြောင်းမြန်မာပြည်သားတွေကို ကိုယ်ကျိုးမငဲ့ဘဲ အလေးပေးဂရုစိုက်တဲ့ အန်ဂျီအိုနဲ့ အနောက်တိုင်းသား အများအပြားရှိသလို ရာထူးတက်လမ်းအတွက် သို့မဟုတ် ငွေရှာဖို့အတွက်ပဲ ရောက်လာသူတွေလည်း မနည်းပါဘူး။ အန်ဂျီအိုတွေအနေနဲ့ နယ်စပ်က လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ဆေးမှူးတွေကို သင်တန်းတွေ ပေးတာကတော့ အင်မတန် အသုံးဝင်အကျိုးရှိတယ်လို့ အန်ဂျီအိုတွေနဲ့ တွဲလုပ်နေတဲ့ မြန်မာတယောက်က ပြောပါတယ်။ အဲဒါတွေကလွဲရင် ကျန်တာတွေကတော့ အာပလာပဲလို့ ဆိုပါတယ်။

အန်ဂျီအိုတွေဟာ နယ်စပ်က တိုင်းရင်းသားတွေ ဘာလိုအပ်တယ်ဆိုတာလည်း မသိသလို အန်ဂျီအိုတွေရဲ့ လစာတွေ၊ စရိတ်တွေ၊ စီမံခန့်ခွဲရေး ကုန်ကျမှုတွေကိုလည်း ပွင့်လင်းမြင်သာအောင် ထုတ်ပြန်တာမရှိဘူးလို့ နယ်စပ်က တိုင်းရင်းသားတယောက်က ပြောပါတယ်။ ကားတွေ၊ အိမ်ကြီး အိမ်ကောင်းတွေ၊ အိမ်ဖော်တွေ၊ ကွန်ပျူတာတွေ၊ ဗွီဒီယိုကင်မရာတွေ၊ ညတိုင်း စားသောက်ဆိုင်ထွက်စားတာတွေဟာ နိုင်ငံခြားသားအားလုံးရဲ့ ဘဝလက္ခဏာလို ဖြစ်နေတယ်၊ ဒါဟာ တချိန်က ကိုလိုနီအရှင်သခင်တွေလိုပဲလို့ အဲဒီလူက စွပ်စွဲပါတယ်။ အဲသလို ဇိမ်ခံနိုင်စေတဲ့ ငွေတွေဟာ နယ်စပ်က တိုင်းရင်းသားတွေအတွက် လှူဒါန်းထားတဲ့ ငွေတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒေသခံတွေကို သင်တန်းပေးဖို့ အတိုင်ပင်ခံပညာရှင်တွေကို ကြေးကြီးပေးခေါ်ပြီး အဲဒီဆရာတွေ ပြန်သွားတဲ့အခါ ဒေသခံတွေအတွက် သုံးစွဲကုန်ကျခံဖို့ ငွေကတော့ ဘယ်တော့မှ လောက်လောက်ငင မရှိပါဘူး။

တချို့အန်ဂျီအိုတွေက နအဖလေသံအတိုင်း၊ ကေအန်ယူဟာ ဒုက္ခသည်တွေကို အသုံးချနေတယ်၊ ဒုက္ခသည်ဆန်တွေကို ကရင်စစ်သားတွေစားဖို့ ယူတယ်၊ အန်ဂျီအိုဆေးဝါးတွေကို ကရင်ဆေးမှူးတွေ ရှေ့တန်းထွက်တဲ့အခါ ယူသုံးတယ်၊ ရှေ့တန်းက ပြန်နားရင် ဒုက္ခသည်စခန်းမှာ ပြန်အနားယူတယ်၊ မိဘမဲ့ ကရင်ကလေးငယ်တွေကို ကလေးစစ်သား လုပ်ခိုင်းတယ်လို့ စွပ်စွဲကြပါတယ်။ တကယ်တော့ လူမျိုးကြီးဝါဒသမားရန်သူနဲ့ စစ်ခင်းနေရတဲ့ လူမျိုးတမျိုးမှာ ရွေးချယ်စရာ သိပ်မရှိတာကို မေ့နေကြပုံပေါက်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မြဟာ ကရင်လူထုအကျိုးကိုမကြည့်ဘဲ ဇွတ်အတင်း စစ်တိုက်ခိုင်းနေတယ်၊ ကရင်လူကြီးတွေဟာ တော်လှန်ရေးကို အသုံးချပြီး ငွေရှာနေကြတယ်လို့လည်း အန်ဂျီအိုတွေက နောက်ကွယ်မှာ ပြောကြပါသေးတယ်။ တကယ်တော့ ဗိုလ်ချုပ်မြဟာ နိုင်ငံရေးပြဿနာကို ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းနိုင်မယ့် အပစ်အခတ်ရပ်စဲရေးကို အင်မတန်လိုလားသူဖြစ်ပါတယ်။ ရှေ့ကသွားနှင့်တဲ့ အပစ်ရပ်အဖွဲ့တွေ ထွက်ပေါက်ပိတ်နေတဲ့ သင်ခန်းစာကို ယူထားသူဖြစ်ပါတယ်။ အန်ဂျီအိုတွေက အာဏာရှင်ဆန်တယ်လို့ ပြောခံရတဲ့ ဗိုလ်ချုပ်မြဟာ ကရင်မဟုတ်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊ ကျောင်းသားတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေကို ကရင်ဌာနချုပ် မာနယ်ပလောမှာ လက်ခံနေရာချပေးခဲ့တာဖြစ်ပါတယ်။

“ဒီအန်ဂျီအိုတွေဟာ နိုင်ငံရေး နားမလည်ဘူး။ သူတို့ရာထူးတက်ဖို့ သူတို့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကျုပ်ကို ဝေဖန်အပြစ်တင်နေတာဖြစ်တယ်။ ဒီလူတွေဟာ သူတို့အကျိုးပဲ သူတို့ကြည့်တယ်။ ကျုပ်တို့တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားဘူး။ … ကျုပ်တို့က ငြိမ်းချမ်းရေးကို ပစ်ပယ်ပြီး ဂုဏ်သိက္ခာကို ထိန်းနေတာမဟုတ်ဘူး။ တရားမျှတမှုမရှိတဲ့ ငြိမ်းချမ်းရေးဆိုတာ အလကားမို့လို့ သိက္ခာကျခံပြီး ငြိမ်းချမ်းရေးမလုပ်တာ” လို့ ဗိုလ်ချုပ်မြက ပြောခဲ့ဖူးပါတယ်။
အန်ဂျီအိုတွေဟာ ကရင်တွေကို ကူညီရာမှာလည်း ဓာတ်ပုံထဲမှာ မြင်မကောင်းမယ့်၊ ငွေရှာမရမယ့် လုပ်ငန်းမျိုးကို မကူညီချင်သလို ကရင်တော်လှန်ရေးတပ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ကူညီဖို့ငြင်းဆန်ကြပါတယ်။ ကရင်တပ်ဟာ ကရင်ပြည်သူတွေကို ကာကွယ်ဖို့ လက်နက်ကိုင်ထားရတာဖြစ်ပေမယ့် အန်ဂျီအိုတွေက ကရင်တပ်နဲ့ ကရင်လူထုကို ခွဲထုတ်နေတာလည်း တွေ့ရပါတယ်။

ကရင်တွေနဲ့ နယ်စပ်ဒေသက တခြားအဖွဲ့အစည်းတွေက အန်ဂျီအိုတဖွဲ့နဲ့တဖွဲ့ကြား ကစားကြသလို အန်ဂျီအိုတချို့ကလည်း ဝန်ထမ်းအင်အား နည်းနည်းလေးပဲ စိုက်ထုတ်၊ ဗမာပြည်အရေးအတွက် ငွေနည်းနည်းပဲ အကုန်ခံပြီးနောက် နယ်စပ်ကရလာတဲ့ လူမှုရေး၊ ကျန်းမာရေး၊ အိဒ်စ်ရောဂါ၊ မြေမြုပ်မိုင်းစတဲ့ အချက်အလက်တွေကို သူတို့အစီရင်ခံစာတွေထဲထည့်ပြီး ကိုယ့်အတွက်ကိုယ် ငွေရှာကြတယ်လို့ နယ်စပ်ကူညီရေး အန်ဂျီအိုတခုက ဝါရင့်ဝန်ထမ်း ကက်သလင်းက ပြောပါတယ်။ ကရင်စခန်းတခုခုကို အတင်းတောင်းလည်၊ အဝတ်အစား လုံလုံလောက်လောက်မရှိလို့ ရှိတဲ့ အဖေ၊ ဦးလေး၊ အစ်ကို ယူနီဖောင်းအဟောင်း ကောက်ဝတ်ထားတဲ့ ကလေးတယောက်ယောက်တွေ့ရင် ဓာတ်ပုံရိုက်သွားပြီး ကရင်ကလေး စစ်သားအကြောင်း ဇာတ်လမ်းလုပ် သတင်းထုတ်တာတွေလည်း ရှိပါတယ်။ တိုက်ပွဲအတုတပွဲ ဆင်ရိုက်ချင်လို့ ကျည်ဆန်ဖိုး၊ ဝက်သွေး၊ အမဲသွေးဖိုး ပေးမယ်၊ ဘတ် (၃၀,၀၀၀) ပေးမယ်လို့ ကမ်းလှမ်းတဲ့ သတင်းထောက်တွေလည်း ရှိပါတယ်။

အမေရိကန်က ဘဏ္ဍာငွေထောက်ပံ့ထားတဲ့၊ မဲဆောက်မှာ အသစ်လာဖွင့်တဲ့ နိုင်ငံတကာကူညီရေး အန်ဂျီအိုတခုဆိုရင် ဒါရိုက်တာကို ဧရာမ လစာပေး၊ ဝန်ထမ်းအသစ်တွေ တလှေကြီးခန့်၊ ရုံးကားတွေ အများကြီးဝယ်၊ အဲကွန်းရုံးခန်းတွေငှား လုပ်လိုက်တဲ့အခါ သူတို့တာဝန်အဖြစ် သတ်မှတ်ထားတဲ့ မိသားစုကျန်းမာရေးအစီအစဉ်တွေလုပ်ဖို့ ပိုက်ဆံမကျန်တော့ပါဘူး။ ဒီလိုနဲ့ ကွန်ဒွမ်မပါရင် လိင်မဆက်ဆံဖို့ ဟောပြောတာပဲလုပ်နိုင်ပြီး ကွန်ဒွမ်တွေ၊ သန္ဓေတားဆေးတွေ တခုမှ အခမဲ့ မဝေနိုင်တော့ဘူးလို့ ကက်သလင်းက ပြောပါတယ်။

၂၀၀၀ ပြည့်နှစ်တုန်းက အရှေ့တီမောမှာလည်း ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေက ရန်ကုန် ကီလီဆိပ်ကမ်းက ဇိမ်ခံရေပေါ် ဟိုတယ်သင်္ဘောကြီးကို စင်းလုံးငှားပြီး တီမောပြန်လည်ထူထောင်ရေးလုပ်ခဲ့တာ တီမောပြည်သူတွေ ရတဲ့ငွေထက် သင်္ဘောငှားခက ပိုကြီးတယ်လို့တောင် အသံထွက်ခဲ့ပါတယ်။ ကုလသမဂ္ဂအတွက် အခန်းခ တညကို ဒေါ်လာ (၁၆၀) ပေးငှားထားတဲ့ ဒီသင်္ဘောမှာ တီမောလူမျိုး ဟိုအလုပ်သမားတွေက လုပ်ခအဖြစ် တရက်ကို အများဆုံး (၃) ဒေါ်လာပဲ ရခဲ့ပါတယ်။ ကုလသမဂ္ဂဝန်ထမ်းတွေကတော့ လစာအပြင် တရက်ကို နေ့တွက်စရိတ် ဒေါ်လာ (၁၀၀) ကျော်လည်း ရခဲ့ကြပါတယ်။

ဆောင်းပါးရှင် အလန်ဒေါ်ဆင်က ၂၀၀၄ ခု ဒီဇင်ဘာ (၁၀) ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ချုပ်ကြီး IFNGO က ဗမာပြည်မှာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အစည်းအဝေးတွေ ဝပ်ရှော့တွေ လုပ်ခဲ့ပုံကို ဖွင့်ချခဲ့ရာမှာ ‘သာယာလှပတဲ့’ ကြယ်ငါးပွင့်ဟိုတယ်တွေမှာ တည်း၊ ဝေဝေဝါးဝါး ဘဏ္ဍာရေးမှတ်တမ်းတွေ လုပ်ထားတာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ အန်ဂျီအိုအများစုဟာ အစိုးရတွေရဲ့ လက်ခွဲလုပ်ငန်း outsourcing ဖြစ်နေပြီလို့လည်း သတ်မှတ်ခဲ့ပါတယ်။

အဲဒီ အန်ဂျီအိုတွေဟာ စစ်အုပ်စုရဲ့ မတရားလုပ်ရပ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတာ၊ မူးယစ်ဆေးဝါးဝင်ငွေအပေါ် ရပ်တည်မှီခိုနေတာတွေကို လျစ်လျူရှုထားတယ်လို့ ဒေါ်ဆင်က ရေးခဲ့ပါတယ်။ “အန်ဂျီအို ဧရာမအစုအဝေးကြီးတခုဟာ အာဆီယံနိုင်ငံတွေထဲမှာ မူးယစ်ဆေးဝါး အသောင်းကျန်းဆုံး၊ မူးယစ်ဆေးဝါး အားအကိုးဆုံး တိုင်းပြည်ကိုသွားပြီး အဲဒီက ကြယ်ငါးပွင့်ဟိုတယ်မှာ မနက်စာဘူဖေး အဝစားစနစ်နဲ့ ဗိုက်ဝ ဇိမ်ကျနေခဲ့တယ်” လို့ ရေးခဲ့ပါတယ်။

ဒီအချက်အလက်တွေကို သြစတြေးလျနိုင်ငံသား အလွတ်သတင်းထောက် ဖီလ်သော်န်တန်က “ဂနာမငြိမ်သော ဝိညာဉ်များ” ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ထုတ်ဖွင့်ချခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က သတင်းစာဆရာကြီး လူထုစိန်ဝင်းက မြန်မာလူငယ်တွေကို အန်ဂျီအိုလုပ်ငန်းနဲ့ ပတ်သက်ပြီး သတိပေးခဲ့တာကို မခံမရပ်နိုင်သူတချို့က ဆတ်ဆတ်ခါ ပြန်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ နေထိုင်လုပ်ကိုင်ခဲ့သူ (ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးကလည်း မယ်တော်ဆေးခန်းမှာ စေတနာ့ဝန်ထမ်းလုပ်အားပေးနေသူ) မျက်နှာဖြူ သတင်းထောက်ကိုယ်တိုင်က အန်ဂျီအိုတွေအကြောင်း စာအုပ်ရေးထားတာကတော့ ဆရာလူထုစိန်ဝင်းကို ထောက်ခံနေပါတယ်။

အန်ဂျီအို ဆိုတာ ‘အစိုးရမဟုတ်သောအဖွဲ့အစည်း’ လို့ အဓိပ္ပာယ်ထွက်တာကို အများသိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာ တချို့ကတော့ လုပ်ချင်သလိုလုပ်နေတဲ့ ‘အစိုးမရသော အဖွဲ့အစည်း’ ဖြစ်နေတာကို အထက်မှာ တင်ပြခဲ့တဲ့အတိုင်း တွေ့နေရပါတယ်။

ရည်ညွှန်း။ ။ သြစတြေးလျသတင်းထောက် Phil Thornton ၏ Restless Souls စာအုပ်။
(၂၀၀၆ ခုနှစ်က ထုတ်တဲ့ စာအုပ်ဖြစ်လို့ အခုအချိန်မှာ အခြေအနေ အချက်အလက်တချို့ ပြောင်းလဲကောင်း ပြောင်းလဲနေနိုင်ပါတယ်။)

မြန်မာ့သတင်း ကမ္ဘာ့သတင်း

[insert caption here]

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံခဲ့တာဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှု ဖယ်ရှားရေးမှာ ပူးပေါင်းဆောင်ရွက်လိုတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာအပေါ်မှာ အခြေခံ တွေ့ဆုံတာလို့ အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

Afghanistan
Director General of the International Atomic Energy Agency, IAEA, Mohamed ElBaradei, Sept 14, 2009.AP

အစာအငတ်ခံဆန္ဒပြခြင်း ၉ ရက်မြောက်နေ့နှင့် ပိတ်ပွဲအခမ်းအနား 9th day of Hunger Strike at the front of United Nation Building and Closing Events

အစာအငတ်ခံဆန္ဒပြခြင်း ၉ ရက်မြောက်နေ့ နှင့် မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ခရီးရှည်ချီတက်ခြင်းနှင့် အစာအငတ်ခံ ဆန္ဒပြခြင်း ပိတ်ပွဲအခမ်းအနား
အစာအငတ်ခံဆန္ဒပြပွဲ နောက်ဆုံးနေ့ကို ရဲဘော်များ အားကျိုးမန်တက် တိုက်ပွဲဝင်နေကြစဉ်

Signature Campaingn အတွက် လာရောက်လက်မှတ်ထိုးပေးနေသော အမေရိကန်နိုင်ငံများ
တွေ့ဆုံဆွေးနွေးရေးဆိုတာ ဒါမျိုးကိုခေါ်တာ
E-mail Print

နီပေါ၊ ကုမ္မာရီနှင့် ဒေါ်ဓမ္မ၀တီ

နီပေါ၊ ကုမ္မာရီနှင့် ဒေါ်ဓမ္မ၀တီ ခတ္တမန္ဒူ မြို့တော်တွင် မိုးရွာသွန်းမည့် လက္ခဏာများ တွေ့မြင်နေရ သော်လည်း လမ်းပေါ်တွင် လူများဖြင့် ပြည့်ကြပ်နေသည်။ ကုမ္မာရီ မိန်းကလေးက သူ၏ အိမ်တော်မှ ထွက်၍ အဖူးမြော်ခံမည် ဖြစ်သောကြောင့် ဖြစ်သည်။
ဆက်ဖတ်ရန် ...

ရန်ကုန်ဘောလုံး ပရိသတ် မန္တလေးမှာ အရိုက်ခံရ

ရန်ကုန် ယူနိုက်တက်နှင့် ရတနာပုံ FC ပြိုင်ပွဲနေ့က ရန်ကုန်ဘောလုံး အသင်းကို လိုက်လံအားပေး သူများနှင့် မန္တလေး ပရိသတ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ

အဓမ္မဖိအားပေးလျှင် ငြိမ်းချမ်းရေးပျက်နိုင်ဟု KIO ပြော

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရေး အတွက် တဖက်သတ် လုပ်ဆောင်ပါက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း ကချင်လွတ်မြောက်ရေး

ဒီမိုကရေစီအရေး လှုပ်ရှားသူ အမျိုးသမီးများ ထိန်းသိမ်းခံရ

ရန်ကုန်မြို့မှ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူ အမျိုးသမီး ၄ ဦးကို အာဏာပိုင်တို့က စနေနေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဒဂုံမြို့သစ်ရှိ မကွေးစာသင်တိုက်သို့ သွားရောက်

ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများ ကျင်းပ

စစ်အစိုးရက သံဃာထုကို ၀န်ချတောင်းပန်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် သီတင်းကျွတ်လပြည့် နေ့ ယနေ့တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာမှ သံဃာတော်များ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ကျင်းပသည်ဟု သတင်းရရှိသည်။

ဒဏ်ခတ်အရေးယူမှုနှင့် ဆွေးနွေးဆက်ဆံမှု

NEJ / ၅ အောက်တိုဘာ ၂၀၀၉
စစ်ဗိုလ်ညံ့ဖျင်း၍ စီးပွားရေးချွတ်ခြုံကျနေစဉ် ဒဏ်ခတ်ပိတ်ဆို့ခံရခြင်းသည် စစ်အစိုးရကို အများကြီးထိခိုက်စေပါသည်။ ဒဏ်ခတ်အရေးယူမှုကို စစ်အစိုးရ ခံနိုင်စွမ်းမရှိပါ။ နအဖခေတ်တွင် သီးခြားလွတ်လပ်သော စီးပွားရေးအင်အားစုမရှိဘဲ စစ်ဗိုလ်၏ လက်ဝေခံအင်အားစုသာရှိပါသည်။ ထို့ကြောင့် ဒဏ်ခတ်အရေးယူမှုသည် အရပ်သားကိုမထိခိုက်ဘဲ စစ်ဗိုလ်ကိုသာ အများဆုံး ထိခိုက်နိုင်သည်ဟု ...အပြည့်အစုံသို့
Photobucket
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်


NEJ / ၅ အောက်တိုဘာ ၂၀၀၉

“တကယ့်တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေဟာ တကယ်ဗုဒ္ဓဘာသာဝင် ကောင်းတဦးဆိုရင် သာသနာဘောင်က ရဟန်းသံဃာတော်တွေ အားလုံးကို ပြန်လွှတ်ရမယ်၊ တောင်းပန်ရမယ်။ အဲလို...”အပြည့်အစုံသို့

တရုတ်အလုပ်သမား အဆောက်အဦအတွက် သစ်များ ခုတ်လှဲမည်
ခိုင်လင်း / ၅ အောက်တိုဘာ ၂၀၀၉ “တောအုပ်တို့၊ တောခေါင်းတို့ ပါတယ်။ သူတို့တွေက ဘယ်သစ်ပင်၊ ဘယ်သစ်ပင် ခုတ်ရမယ်ဆိုပြီး တောတွေထဲမှာ လိုက်ကြည့်နေတာ။ ခုတ်ရမယ့်အပင်....”အပြည့်အစုံသို့
ရဲချုပ်မပါသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ

မင်းနိုင်သူ / ၅ အောက်တိုဘာ ၂၀၀၉ “ရဲမှူးကြီးဝင်းနိုင်နဲ့ ပတ်သက်တဲ့အမှုနဲ့ ရဲချုပ်ခင်ရီကိုပါ စုံစမ်းစစ်ဆေးမှုတွေပြုနေတယ်ဆိုတဲ့ သတင်းတွေပေါ်ထွက် နေတာဟာ အမှန်ပါပဲလို့ အတည်ပြုလို့ .....”အပြည့်အစုံသို့
နဝမအကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ပွဲ ကျင်းပ
ပေါက်ပေါက် / ၅ အောက်တိုဘာ ၂၀၀၉ “လူတွေက အတော်လေးများ လာတယ်။ ဗမာဘက်ကဆို တိုင်းရင်းသား ...”အပြည့်အစုံသို့


ကျေးလက်တွင် ဆိုလာပါဝါက လျှပ်စစ်ဓာတ်အားနေရာ အစားထိုးလာ

လျှပ်စစ်မီး ပေးဝေရေးနှင့် အလှမ်းဝေးကွာသည့် မြန်မာနိုင်ငံ ဒေသအများအပြားတွင် နေရောင်ခြည် စွမ်းအားမှ ဆိုလာစနစ် အသုံးပြုခြင်းဖြင့် လျှပ်စစ်မီးထွန်းမှု...

မိတ်ဆွေကောင်းများ မဖြစ်နိုင်တော့သော ပေကျင်းနှင့် မြန်မာ

အချိန်နှင့်အမျှ ကျဆင်းနေသော ဆက်ဆံရေးနှင့်အတူ အလွန်ရင်းနှီးသော အိမ်နီးချင်း မဟာမိတ် တရုတ်နှင့် မြန်မာကြား နယ်စပ် ပြဿာနာများပေါ်တွင် တည်မှီနေသော...

ရဲစခန်း အထွေထွေ ဗဟုသုတ(ကဲ … ယုံချင်ယုံ၊ မယုံချင်နေ) အပိုင်း - ၁

မြန်မာနိုင်ငံအတွင်းရှိ တရားစွဲ အဖွဲ့အစည်းများ အနက် ထင်ရှားသည့် အဖွဲ့အစည်းမှာ ဖမ်းဆီးမှုများ စဉ်ဆက်မပြတ်...

တတိယအကြိမ် သပိတ်ကံဆောင်တာ အောင်မြင်တယ်လိုႛ သံဃာ့ တပ်ပေၝင်းစုက မိန်ႛကြား

ဒေၞအောင်ဆန်းစုကြည်ကို စစ်အစိုးရကိုယ်စားလှယ် တွေ့ဆုံခဲ့မှု အဖွဲ့ချုပ်ကြိုဆို

တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ ပၝဝင်မှာမဟုတ်

ရွေးကောက်ပွဲဝင်သင့်မဝင်သင့် ပၝတီတွင်း အကွဲအပြဲမဟုတ် စဉ်းစားပုံကွဲပြားခြင်းသာဖြစ်

ရန်ကုန်တိုင်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးများ ဖမ်းဆီးခံရ

မြစ်ဆုံစီမံကိန်းနဲႛ ပတ်သက်လိုႛ ဒေသခံတွေ ဆုတောင်း ဆန်ႛကျင်ကြ

ဖိနပ်အလုပ်ရုံ အလုပ်သမားအခွင့်အရေး တောင်းဆိုချက်များ အောင်မြင်

အောက်တိုဘာ ၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက် ချုံဘူရီခရိုင် စမူပါကန် တလာဘန့်ချလုံအရပ်တွင်ရှိသော aerosoft ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများက ပြီးခဲ့သော စနေနေ့ မှာစ၍ အလုပ်သမား အခွင့်အရေးဆိုင်ရာများ ချိုးဖေါက်ခံရမှုများကို မကျေနပ်ကြသဖြင့် အလုပ်မဆင်းပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် သတင်းကို ဤဝဘ်ဆိုက်တွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ အလုပ်သမားများ၏ တောင်းဆိုချက်များ အားလုံးယနေ့တွင် ပြည့်ဝခဲ့ပြီး ဖြစ်သည်ဟု သိရပါသည်။

ဆန္ဒပြအလုပ်သမားများ၏ ခေါင်းဆောင် ကိုကျော်စိုးပိုင်က “ဒီနေ့ မနက်ပိုင်းက ကိုအောင်မြင့်သိန်းနဲ့ ထိုင်းရှေ့နေ ၂ ယောက် ရောက်လာတယ်။ နယ်မြေအလုပ်အကိုင် ရှာဖွေရေးရုံးမှာ တိုင်ချက်ဖွင့်ကြတယ်။ ကျနော်အပါအ၀င် အလုပ်သမားခေါင်းဆောင် ၇ယောက်ပါတယ်ပေါ့နှော် အပြည့်အစုံ ကျနော်တို့ တင်ပြပြီးတော့ ဖိနပ်ရုံကို သွားကြတယ်။ အလုပ်အကိုင်ရှာဖွေရေးရုံးက လူကြီးတွေက အစိုးရသတ်မှတ်ထားတဲ့ နေ့ တွက် လုပ်အားခ မညီတာတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို မကျေနပ်လို့ လာရှင်းရတာဖြစ်တယ် ဟုတ်လားလို့မေးတော့ မန်နေဂျာမက မငြင်းတော့ဘူး။ သူဌေးမ မလာဘူး။ ဖုန်းဆက်တယ် ။ ကျနော်တို့ တောင်းဆိုတဲ့ အချက်တွေကို လိုက်လျှောမယ်လို့ ဂတိပြုကြတယ်။ ကျနော်တို့ကိုလည်း အလုပ်ရုံ စည်းကမ်းအတိုင်း ကောင်းကောင်းမွန်မွန် လုပ်ကြဖို့ ပြောသွားတယ်” ဟု ပြောသည်။

စမူပါကန်၊ ချုံဘူလီအပါအ၀င် နိုင်ငံတော်က သတ်မှတ်ထားသော ၂၀၃ ဘတ်ပေးရမည်ဟု တရားဝင်သတ် မှတ်ထားချက်ကို သိပါသလားဟု အလုပ်အကိုင်ရှာဖွေရေးရုံး အရာရှိများက မေးခဲ့သည်။ မြန်မာ အလုပ်သမားများမှာ မိမိတို့ စည်းလုံး ညီညွတ်မှုကြောင့် အောင်မြင့်ခဲ့ကြသဖြင့် အထူးဝမ်းမြောက် နေကြကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုလှစိုးက ပြောသည်။

အလုပ်သမားများက အကူအညီတောင်းခံသဖြင့် ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကိုအောင်မြင့်သိန်းက သွားရောက်ကူညီပေးခဲ့သည်။ ကိုအောင်မြင့်သိန်းအား အကျိုးအကြောင်း သိလိုသဖြင့် ကြိမ်ဖန်များစွာ ဖုန်းဆက်သွယ် ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မပြုခဲ့ပါ။

မည်သို့ပင်ဖြစ်စေ အလုပ်သမား အခွင့်အရေးဆိုင်ရာ ချိုးဖေါက်ခံရမှုကို အလုပ်သမားများ ညီညွတ်စွာ အလုပ် မဆင်းပဲ သပိတ်မှောက်ခဲ့သဖြင့် အောင်မြင်မှုရရှိခဲ့ပြီးဖြစ်သည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။