4.01.2011

ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာအလုပ်သားအချို့ရေဘေးကြုံ


ဧပြီ ၁
ထိုင်းနိုင်ငံတောင်ပိုင်း စူရပ်ဌာနီ စူရပ်မြို့ ဘန့်နော်ရပ်ကွက် ဖတနာ ဘုန်းတော်ကြီးကျောင်းမှ မြန်မာအလုပ်သမား ရေဘေးဒုက္ခသည် ၁၄၀ တို့အား စူရဌာနီ မရမ်မြို့ ဖချလ တီတီယာဖါ အမှတ်(၃) ကျောင်းဝင်းထဲသို့ ထိုင်းအာဏာပိုင်များက ယနေ့ နေ့လည်က ပို့ ဆောင်လိုက်ပြီးဖြစ်သည်။
ယမန်နေ့ က အဆိုပါဘုန်းတော်ကြီးကျောင်းတွင် မှီခိုနေထိုင်၍ ရရှိခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ရေပြည့်
လာသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှ့ခဲ့ကြရသည်။ ရေဘေးဒုက္ခသည် မငယ်က “လောလောဆယ်တော့ အဆင်ပြေသွားပါပြီ သမီးတို့ အလုပ်ရုံက ထမင်းလာပို့တယ်။ သမီးတို့မှာ ကျန်နေခဲ့တဲ့ အ၀တ်တွေလာပို့ တယ်။ နေမကောင်းတဲ့ လူတွေအတွက်တော့ ကူညီနိုင်ရင် ကူညီ ပေးပါ”ဟု ပြောသည်။
စာသင်ကျောင်းထဲသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားများမှာ အမျိုးသား ၆၀ ယောက်ဖြစ်ပြီး အမျိုးသမီး၈၀ ဖြစ်ကြသည်။
စေတနာ့ဝန်ထမ်း ထိုင်းအမျိုးသမီးတစ်ဦးက ကိုယ်ဝန် ၅လရှိသည့် အမျိုးသမီးတစ်ဦးရှိပြီး ကလေးငယ်များ မပါရှိကြောင်း မိုးရေကြောင့် ဖျားနာသူ ၄၀ခန့်ရှိကြောင်း၊ နှာစေး၊ အအေးမိတဲ့ ဆေးဝါးတွေလိုအပ်နေကြောင်း
ပြောဆိုသွားသည်။
နံနက်စောစောပိုင်းက အစားအစာရေနှင့် အ၀တ်အထည်ကအစ လိုအပ်နေကြောင်း ဘုန်းတော်ကြီးကျောင်းသို့ ရေများတိုးဝင်လာသဖြင့် မည်သည့်နေရာသို့ ပြောင်းရွှေ့ရမည်မသိကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအသင်း BAT သို့ ပထမသတင်းပို့ ခဲ့သည့်။ BAT က အလုပ်သမားကွန်ယက်များနှင့် အကူအညီပေးနိုင်သည့် အဖွဲ့အစည်းများသို့ အရေးပေါ် အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။