10.22.2008

Impunity in eastern Burma challenged


Bangkok – The crackdown on peaceful protesters in Rangoon, the devastation caused by Cyclone Nargis in the Irrawaddy Delta, and a flawed referendum on constitutional change have been the focus of international attention in Burma during the past year. However, a new report by the Thailand Burma Border Consortium (TBBC) suggests that violations of humanitarian and human rights law in the conflict-affected areas of eastern Burma are more widespread and systematic than ever.

"The extent of persecution and suffering in the border areas has been largely unseen and under-reported for decades. Yet the same brutal army that crushed protests on city streets last September marauds with impunity in rural Burma, bringing fear and disrupting the lives of villagers on a day to day basis", said Jack Dunford, TBBC's Executive Director.

TBBC is an alliance of eleven NGOs from nine countries working to provide food, shelter, non-food items and capacity building support to Burmese refugees and displaced persons. Apart from updating information about internal displacement, the new report compiles abuses reported during 2008 in relation to the legal framework for crimes against humanity.

Forced displacement remains most concentrated in the conflict-affected areas of northern Karen State and southern Shan State. However, displacement is more commonly caused by coercive factors at the household level. The imposition of forced labour, extortion, land confiscation, agricultural production quotas, and restrictions on access to fields and markets has a devastating effect on household incomes and a destabilising impact on populations.

While the total number of internally displaced persons in eastern Burma is likely to be well over half a million people, at least 451,000 people are currently estimated in the rural areas. Approximately 66,000 people were forced to leave their homes due to the effects of armed conflict and human rights abuses during the past year alone.

"Despite concessions made in the Irrawaddy Delta after Cyclone Nargis, the junta's restrictions on humanitarian access continue to obstruct aid workers elsewhere in Burma, particularly in conflict-affected areas. Without assistance, coping strategies amongst the most vulnerable communities in eastern Burma will be exhausted and more refugees and migrants will be displaced into Thailand", said Mr Dunford.

Evidence cited in the report appears to support Amnesty International's recent assessment that the violations in eastern Burma meet the legal threshold to constitute crimes against humanity. Special Rapporteurs for the United Nations have consistently noted over the past decade that such abuses are systematic, rather than simply isolated acts, and that the junta has failed to implement recommendations formulated by relevant United Nations' bodies.

Critics argue that raising allegations about crimes against humanity will merely frustrate the promotion of political dialogue. However, just as the provision of humanitarian assistance should not be dependent upon political reform, humanitarian protection and the administration of justice should not be sacrificed to expedite political dialogue. The threat of prosecution may actually increase the leverage of the diplomatic community and provide an incentive for the regime to end the climate of impunity.

"Given that the Burmese junta is targeting civilians in military operations, the responsibility to protect villagers in eastern Burma must shift to the international community. The causes of this humanitarian crisis are political, so diplomatic efforts to broker tri-partite dialogue and promote national reconciliation need to be renewed. Yet it remains essential to hold the junta to account for atrocities committed in eastern Burma, and to demand an immediate nation-wide ceasefire", commented Mr Dunford.

ဒေါ်အေးအေးဝင်းကို ရဲရင့်သော သတင်းသမားဆု ပေးအပ်

ဧရာဝတီ | အောက်တိုဘာ ၂၂၊ ၂၀၀၈

နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက၂၀၀၈ ခုနှစ် အတွက် ရဲရင့်သော သတင်းသမား ဆုကို မြန်မာနိုင်ငံ ရန်ကုန်အခြေစိုက် အေပီ သတင်းထောက် ဒေါ်အေးအေးဝင်းအား ယနေ့တွင် ပေးအပ်သည်။


အေပီ သတင်းထောက် ဒေါ်အေးအေးဝင်း

နိုင်ငံအတွင်းမှ သတင်းမှန်များကို နှစ်ပေါင်း ၂၀ နီးပါး စွန့်စား ရဲရင့်စွာ ရေးသားတင်ပြနေသော ဒေါ်အေးအေးဝင်း က သတင်းလွတ်လပ်ခွင့်သည် လူ့အဖွဲ့အစည်း၏ အာမခံချက်တခုပင် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

“နိုင်ငံတည်ငြိမ်လွတ်လပ်မှုနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခုဖြစ်ဖို့ အတွက် သတင်းလွတ်လပ်ခွင့် ဟာ ပဓာန ကျပါတယ်၊ ဒါကြောင့် ကျမရဲ့ သတင်းထောက် အလုပ်က ပြည်သူကို အလုပ်အကြွေးပြုရာ ရောက်သလို နိုင်ငံ အတွက်လည်း တစုံတရာ အာမခံချက်ပေးနိုင်တယ်လို့ ကျမ ယုံကြည် ပါတယ်”ဟု လည်း ဒေါ်အေးအေးဝင်းက ဆိုသည်။

အဆိုပါ အသက် ၅၄ နှစ်ရှိ ဒေါ်အေးအေးဝင်းရရှိသည့် ရဲရင့်သော သတင်း သမားဆုကိုမူ အေပီ သတင်းဌာန၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဂျွန် ဒန်းနစ္စဇွက်စ်ကီက ကိုယ်စား လက်ခံရယူခဲ့ခြင်းဖြစ်သည်။

ဂျွန် ဒန်းနစ္စဇွက်စ်ကီ က“မြန်မာ သတင်းထောက် ဒေါ်အေးအေးဝင်းဟာ ခြိမ်းခြောက် နှိပ်စက်မှုတွေကျင့်သုံးနေတဲ့ အာဏာပိုင်တွေ စောင့်ကြည့်နေတဲ့ကြားက အနှစ်၂၀ နီးပါး သတင်းမှန်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းထုတ်ဖော် ရေးသားခဲ့သူဖြစ်ပါတယ်၊ သူဟာ မာန ထောင်လွှားတတ်သူလည်း မဟုတ်ပါဘူး”ဟု ချီးကျူးပြောကြားသည်။

ယင်းဆုပေးပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ မန်ဟက်တန်မြို့လယ်ရှိ Waldorf Astoria hotel တွင်ကျင်းပခြင်း ဖြစ်ပြီး နယူးရောက်မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘာ့ဂ် နှင့် တခြားသော ဂုဏ်ထူးဆောင် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

“ဒီ သတင်းထောက်အလုပ်ဟာ အန္တရာယ်ရှိတဲ့ စွန့်စားမှုတခုဆိုတာ ဒေါ်အေးအေးဝင်းသိပါတယ်၊ သူ့ယောက်ျားနဲ့ သူ့အဖေ ကို စစ်ဗိုလ်ချုပ်တွေက ထောင်ချခဲ့ဖူးတယ်၊ သူ့ကိုလည်း ဖမ်းဆီးဖို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်၊ ဒါပေမယ့် သူ ဒီအလုပ်ကို နောက်မဆုတ်ခဲ့ဘူး” ဟုလည်း ဂျွန် ဒန်းနစ္စဇွက်စ်ကီက ပြောသည်။

ဂျွန် ဒန်းနစ္စဇွက်စ်ကီက ဒေါ်အေးအေးဝင်းသည် အများပြည်သူ သိသင့်သိထိုက်သည့် သတင်းမှန်များနှင့် ဗဟုသုတ တို့ကို ပြန်လည် ရေးသားတင်ပြသော သတင်းသမားများ၏ အစဉ်အလာကောင်းကို ကိုယ်စားပြုသူ တဦးလည်း ဖြစ်ကြောင်း ပြောဆိုသည်။

စစ်အစိုးရတရပ်က နှစ်ပေါင်း ၄၀ ခန့် အုပ်စိုးနေသော နိုင်ငံတနိုင်ငံရှိ သတင်းသမားများသည် ကြိုတင်တွက်ဆ မထားနိုင် သော အန္တရာယ်များ၊ ခြိမ်းခြောက်မှုများ၊ သတင်းလုပ်ငန်းများတွင် လွတ်လပ်မှုမရှိဘဲ စိုးရိမ်ကြောက်ရွံ့စွာ လုပ်ကိုင်ကြရ မှုများ စသည့်ပြဿနာများနှင့်ရင်ဆိုင် ကြရပြီး မြန်မာနိုင်ငံတွင်း သတင်းထောက်အလုပ်သည် စွန့်စားမှု တခုပင်ဖြစ်သည်ဟု ဒေါ်အေးအေးဝင်း ပေးပို့လိုက်သော အမှာစကား စာတစောင်ကိုလည်း ဂျွန် ဒန်းနစ္စဇွက်စ်ကီ က အခမ်းအနားတွင် ဖတ်ကြားသည်။

စစ်အစိုးရက သတင်းသမားများစွာကို ဖမ်းဆီး၍ တိကျသေချာသော ပြစ်မှုမဖော်ပြဘဲ ရာဇ၀တ်မှု၊ အသရေ ဖျက်မှု၊ နိုင်ငံတော် ပုန်ကန်မှုများဖြင့် တရားစွဲဆိုအရေးယူမှုများရှိကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် သတင်းလုပ်ငန်း လုပ်ကိုင်ခဲ့သော သူ၏ ဖခင်ကိုယ်တိုင် ထောင် သုံးကြိမ် ကျခဲ့ဖူးကြောင်း ဒေါ်အေးအေးဝင်းက ၎င်း၏ စာတွင် ပြောပြထားသည်။

“ကျမတို့ နိုင်ငံမှာ ဘယ်သူပဲဖြစ်ဖြစ်၊ အထူးသဖြင့် သတင်းအလုပ်နဲ့ ပတ်သက်သူ ဆိုရင် အချိန်မရွေး အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲနဲ့ ဖမ်းဆီးစစ်ဆေး ခံရနိုင်ပါတယ်၊ ည သန်းခေါင် ဘယ်အချိန် တံခါး လာခေါက်မလဲ ဆိုတာကို စိုးရိမ် ထိတ်လန့်စွာ နေကြရသူတွေ ဖြစ်ပါတယ်”ဟုလည်း ဒေါ်အေးအေးဝင်း က ထည့်သွင်း ပြောဆိုထားသည်။

နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက၂၀၀၈ ခုနှစ်အတွက် အမျိုးသမီး ၄ ဦးကို ဆုရွေးချယ်ပေးအပ် ခဲ့ရာ ရဲရင့်သော သတင်းသမားဆုကို ဒေါ်အေးအေးဝင်း အပါအ၀င် အာဖဂန်နစ္စတန်သူ Fraida Nekzad နှင့် ဆိုက်ပရပ်စ် မှ Sevgul Uludag တို့ကိုပေးအပ်ပြီး အေပီ သတင်းဌာနအတွက် နှစ်ပေါင်း ၃၀ ကျော် စစ်သတင်း များနှင့် တခြားသော ကမ္ဘာ့ သတင်းများကိုရေးသားတင်ပြခဲ့ပြီး ယခု ကုလသမဂ္ဂတွင်ရှိသော အေပီ သတင်းဌာန သတင်းထောက်ချုပ် အမေရိကန် အခြေစိုက် Edith Lederer အသက် ၆၅ နှစ် ကိုမူ Lifetime Achievement Award ဆု ပေးအပ်သည်။

Australia Extends Sanctions on Burma

By ROD McGUIRK / AP WRITER Wednesday, October 22, 2008

CANBERRA — Australia extended financial sanctions against another 45 of Burma's military leaders Wednesday as a protest against the junta's lack of progress toward democracy.

Foreign Minister Stephen Smith said the new list of 463 individuals singled out for sanctions included members of the ruling State Peace and Development Council, government ministers and military officers as well as the regime's business associates and relatives.

It replaces a list of 418 people announced a year ago after the junta brutally crushed pro-democracy protests led by Buddhist monks in Burma, which is also known as Myanmar.

"This was, unfortunately, only the most recent very public instance of the brutal treatment meted out to civil society in that country and to those seeking to make Burma a better society and a nation based on democratic norms and ideals," Smith told Parliament.

"Australia will continue to press Burma's regime for meaningful political progress toward democracy," he added.

Smith said the detention of 2,000 political prisoners, including pro-democracy leader and Nobel Peace Prize laureate Aung San Suu Kyi, is "a major impediment to political progress."

The junta's initial response to the devastation caused by Cyclone Nargis in May was "very disappointing" and the referendum days later that approved Burma's new military-backed constitution was "a sham," Smith said.

The cyclone killed more than 78,000 people and left another 56,000 missing, according to the government—the worst natural disaster in the nation's modern history.

Australia has long banned defense exports to Burma and denies travel visas to members of the regime.

66,000 people displaced by army abuses in Burma

(10-22 14:23)
Up to 66,000 civilians have been forced to flee their homes in eastern Burma in the past year because of systematic abuses by the country's ruling military, an aid group said.

Burma Border Consortium or TBBC, which provides aid to hundreds of thousands of refugees who flee Burma, said in a new report that the junta's actions could constitute crimes against humanity.

"The extent of persecution and suffering in the border areas has been largely unseen and under-reported for decades,'' said Jack Dunford, TBBC's executive director.

"Yet the same brutal army that crushed protests on city streets last September marauds with impunity in rural Burma, bringing fear and disrupting the lives of villagers on a day to day basis.''

AGENCE FRANCE-PRESSE

လမ်းပေါ်က အပြေးအလွှား သတင်းများ (ဖိုးဂျံ)

ဖိုးဂျံ

အောက်တိုဘာ ၂၁၊ ၂၀၀၈

ကမ္ဘာစီးပွားပျက်ကပ်ကို မြန်မာငွေစက္ကူအသစ်များနှင့် ဖြတ်ကျော်မည်

စာဖြန့်ဝေသူ ကျောင်းသားလူငယ်များကို စစ်အစိုးရ လုံခြုံရေးအဖွဲ့က လိုက်ဖမ်း

အရှေ့ပိုင်းတက္ကသိုလ် လျှပ်စစ် ထရန်စဖော်မာ ပေါက်ကွဲမှု အစိုးရက ကြိုတင်သတင်းရပြီးဖြစ်


သတင်းတွေကို အမြန်ရေး၊ အမြန်ရိုက်၊ အမြန်ပို့တာကို ခွင့်လွှတ်ပါ။ အရှည်မရေးရတော့ သတင်းထောက် သက်သာတာပေါ့ခင်ဗျာ။ အရင်တုံးက မိုးမခ အယ်ဒီတာတွေက သတင်းကို ပြန်ရေးကြပါတယ်။ အခုတော့ ဒီအတိုင်းလွှတ်မယ်လို့ ပြောပါတယ်။ အဲလိုဆိုတော့ နည်းနည်းတော့ ပြည်စုံအောင် ရေးပေးလိုက်ပါတယ်။

ကမ္ဘာစီးပွားပျက်ကပ်ကို မြန်မာငွေစက္ကူအသစ်များနှင့် ဖြတ်ကျော်မည်

ကမ္ဘာငွေကြေးဈေးကွက် ပျက်နေချိန်မှာ မြန်မာလုပ်ငန်းရှင်တွေကလည်း ပြည်တွင်းမှာ ရင်းနှီးမြုတ်နှံမှုတွေ လုပ်နေကြပါတယ်။ ပြီးတော့ အမေရိကန်ဒေါ်လာတွေကို ယခုလို ဈေးကွက်ပျက်ချိန်မှာ ၀ယ်ယူစုဆောင်းနေကြပါတယ်။ အစိုးရမင်းများကလည်း အခုလို အမေရိကန်အခက်၊ တပ်မတော် အချက်အဖြစ် မြန်မာငွေစက္ကူတွေကို အသစ်များ အရှိန်မြှင့် ပုံနှိပ်ထုတ်ဝေလျက်ရှိကြောင်း ကြားသိရပါတယ်။ ၀ါဇီစက်ရုံမှာ အလုပ်သမားတွေ အိုဗာတိုင် ဆင်းနေရပါတယ်။ သူတို့လခ ထုတ်ရင် သူတို့ရိုက်နှိပ်တဲ့ ငွေစက္ကူနဲ့ ပြန်ပေးမှာ ဆိုတော့ တန်ပါတယ် ထင်ရဲ့။ ဒေါ်လာနဲ့တော့ လခပေးမှာ မဟုတ်ပါ။ အဲဒီ ငွေစက္ကူတွေနဲ့ ဒေါ်လာကို လဲလှယ်ပြီး စစ်အာဏာရှင်များက စုဆောင်းကြမှာ ဖြစ်ပါတယ်။

စာဖြန့်ဝေသူ ကျောင်းသားလူငယ်များကို စစ်အစိုးရ လုံခြုံရေးအဖွဲ့က လိုက်ဖမ်း

ယခင်အပတ်က စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်တွေ ဖြန့်ဝေတဲ့ ကျောင်းသားလူငယ်တွေကို စစ်အစိုးရက ဖမ်းဆီးရမိတယ်လို့ ကြားပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံရေး လှုပ်ရှားသူများ မိသားစုများကို ပစ်မှတ်ထားပြီး စာရင်းကောက်တာ၊ စောင့်ကြည့် စစ်ဆေးတာတွေ လုပ်ကိုင်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုလည်း မြို့နယ် မ၀တအဖွဲ့တွေက ဆင့်ခေါ်တွေ့ဆုံပြီးတော့ ယခုလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အဆက်အသွယ် ရှိမရှိကို မေးတယ်လို့ ဆိုပါတယ်။

အရှေ့ပိုင်းတက္ကသိုလ် လျှပ်စစ် ထရန်စဖော်မာ ပေါက်ကွဲမှု အစိုးရက ကြိုတင်သတင်းရပြီးဖြစ်

စက်တင်ဘာလက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ လျပ်စစ်ထရန်စဖော်မာတလုံး မတော်တဆ ပေါက်ကွဲပြီး မီးကြိုးများ တလျောက် ရှော့ခ်ဖြစ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသားများ၊ ဆရာများက ကိုယ်လွတ် ထွက်ပြေးကြရာမှာ တက္ကသိုလ်အဆောင်များကနေ လွယ်အိတ်များ၊ စာအုပ်များ၊ ပိုက်ဆံအိတ်များ ထားခဲ့ပြီး ပြေးကြရတယ်၊ အပြင်က ရရာ ကားများ၊ ဘတ်စ်များ ငှားယမ်းပြီး အိမ်များ လူနေအဆောင်များအရောက် ပြေးကြရတယ်လို့ ပြောပါတယ်။

အဲဒီလို “မတော်တဆ” မှု မဖြစ်ပွားခင်မှာ အထက်ကလာတဲ့ အရေးပေါ်သတိပေးစာက - အကယ်၍ သတိပေးချက် စကားဝှက် “x x” ကြားသိရပါက ကျောင်းဝင်းတခုလုံး မီးမှောင်ချရန်၊ လျှပ်စစ်မီး မသုံးစွဲရန်၊ ကျောင်းသားများ စာပွဲခုံများအောက်သို့ ၀င်ရောက် အကာအကွယ်လုပ်ကြရန်လို့ အချက်အလက်များ ပါဝင်ပါတယ်။ အဲဒီစာကို ပြင်ဆင်ပြီး ဆရာများ၊ ၀န်ထမ်းများကို အကြောင်းကြားရန် ပြင်ဆင်နေစဉ်မှာပဲ အခုလို “မတော်တဆမှု” ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ကောလဟာလမှာ စစ်အစိုးရက ဒီအမှုကို ကြိုသိပြီး ကာကွယ်ရန် ကြိုးစားနေတဲ့ သဘောဖြစ်လို့ ဘယ်သူ့လက်ချက်လဲဆိုတာ ထင်ရှားတယ်လို့ ပြောနေကြတာပါပဲ။

မဟာဗျူဟာရှုထောင့်လား အကြောက်တရား အဂတိလား (သန်းစိုးလှိုင်)

#fullpost {display:none;}

မဟာဗျူဟာရှုထောင့်လား အကြောက်တရား အဂတိလား
သန်းစိုးလှိုင်
အောက်တိုဘာ ၂၁၊ ၂၀၀၈

မကြာမီ လပိုင်းအတွင်းက မော်ဒန်ဂျာနယ်မှာ မောင်စူးစမ်းက လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲသည် “မှတပါး အခြားရွေးစရာလမ်းမရှိသည့် နိုင်ငံရေးလမ်းကြောင်း” အဖြစ်လည်းကောင်း၊ လက်တွေ့ကျသည့်နိုင်ငံရေး လမ်းကြောင်းတခုဖြစ်သည် ဟုလည်းကောင်း ရေးသားခဲ့သည်။

တွေ့ဆုံဆွေးနွေးရေးဟူသည် စကားလုံးသာ လှပပြီး လက်တွေ့မကျ ဟူသည့် သဘော ရေးသားခဲ့သဖြင့် ပြည်တွင်းနှင့် ပြည်ပမှ နိုင်ငံရေးသမားများအကြား တုံ့ပြန် ဝေဖန် ပြောဆိုစရာ ဖြစ်ခဲ့သည်။ နိုင်ငံရေးရာဇ၀င်လှန်ပြီး ရေးသားမှုများလည်း နိုင်ငံပြင်ပတွင် ပေါ်ထွက်ခဲ့သည်ကို သိရသည်။

မောင်စူးစမ်းသည် ယခုတဖန် “ခေတ်ပြိုင်မြန်မာ့ နိုင်ငံရေးကို အခြေခံ မဟာဗျူဟာ ရှုထောင့်များဖြင့် စဉ်းစားခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်စောင် အောက်တိုဘာ ၂၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ရေးသားပြန်သည်။

မောင်စူးစမ်း၏ အခြေခံနိုင်ငံရေး မဟာဗျူဟာ ဆိုသည်မှာ မည်သည့် ၀ါဒဖြစ်သည်၊ မည်သည့် စီးပွားရေး ပေါ်လစီကို အခြေခံသည်၊ မည်သည့်နိုင်ငံရေး အယူအဆကို အခြေခံသည့် မဟာဗျူဟာများ ဖြစ်သည်ကိုလည်း သဲသဲကွဲကွဲ ရှင်းလင်းဖွင့်ဆိုခြင်းမရှိပေ။

မောင်စူးစမ်းဆောင်းပါး များ၏ ပင်ကိုယ် သဘာဝ
မောင်စူးစမ်း၏ ဆောင်းပါးများသဘာဝအတိုင်း အကြောင်းအရာတရပ်ကို ဝှေ့ကာရှပ်ကာ ပြောသွားမည်။ စာဖတ်သူနားလည်အောင် ရှင်းလင်းရေးသားခြင်းမှာ တခါတရံမှသာ တွေ့ရတတ်သည်။ မြန်မာဘာသာပြန်ဆိုထားပြီးသား အင်္ဂလိပ်စကားလုံးများကိုပင် မြန်မာဝေါဟာရဖြင့်မရေးဘဲ အင်္ဂလိပ် အသံထွက်အတိုင်း ပြန်ဆိုရေးသားလေ့ရှိသည်။ အဆိုပါ အကြောင်းအရာ နှင့် ဆက်စပ်သည်တို့ကိုလည်း နောက် မည်သည့် အခါမျှ စာဖတ်သူထံသို့ ရောက်အောင် ထပ်မံ ရေးသားလေ့မရှိပေ။ ဥပမာပေးရလျင် စာဖတ်သူအား တခါတရံ ၀င်္ကပါထဲ သို့ခေါ်သွားပြီး ထားခဲ့သည့်သဘောဖြစ်သည်။ စာဖတ်သူက ဖတ်သော်လည်း ပြည့်ပြည့်စုံစုံ နားမလည်ဘဲ အတွေးသံသယဖြင့် ကျန်ခဲ့လေ့ရှိသည်။

မောင်စူးစမ်းသည့် လွန်ခဲ့သည့် ၁၀စုနှစ် တခုကျော် အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကင်းကင်းနေခဲ့ပြီး သူ၏နိုင်ငံရေးအယူအဆကို လက်ဝဲလည်း မဟုတ် လင်္ကျာလည်း မဟုတ်ဘဲ "လက်တွေ့သမား" သာဖြစ်ကြောင်း နီးစပ်သည့် သူများကို ပြောဆိုလေ့ရှိသည်။ လက်တွေ့ကျခြင်းမှာ ကောင်းမွန်သည့် တွေးခေါ်နည်း တရပ်ဖြစ်သဖြင့် ကြိုဆိုရမည် ဖြစ်သည်။ သို့သော် လက်တွေ့ကျသည် ဟု ပြောဆိုသော်လည်း အဖြစ်အပျက်တခုလုံးကို မျှမျှတတ နည်းလမ်းကျကျ မရှုမြင်ဘဲ လျှော့ပေးနေသည့် ဘက်တဘက်ထဲကိုသာ ထပ်မံပြီး လျှော့ခိုင်းခြင်းမျိုး၊ အပြစ်တင်ခြင်းမျိုးမှာ လူထုအတွက်ရော မောင်စူးစမ်းအတွက်ပါ အကျိုးမများဟု ရှုမြင်မိသည်။

ပြောလို့ရတဲ့သူကိုသာ ပြောရတာ
လွန်ခဲ့သည့် နှစ်က The Voice ဂျာနယ်တွင် ဒေါက်တာနေ၀င်းမောင်က မြန်မာပြည်သူတွေ အခွန်ပေးဆောင်သည့် အလေ့အထ နည်းပါးနေသေးပြီး တိုင်းပြည်တိုးတက် ကြီးပွားလိုလျှင် လူထုအနေဖြင့် အခွန်ပေး ပိုမိုပေးဆောင်သင့်သည့် သဘောကို ကလောင်အမည်တခုဖြင့် ရေးသားခဲ့ဖူးသည်။ ထိုသို့ ရေးသား ဖေါ်ပြပြီးနောက် ဝေဖန်သံများ ဆူညံစွာ ထွက်ပေါ်လာသဖြင့် သူ့အနေဖြင့် ပြောလို့ရသည့် ဘက်ကိုသာ ပြောရခြင်းဖြစ်ကြောင်း၊ တဘက်ကို (စစ်အစိုးရကို) သူ့အနေဖြင့်ပြောဆို၍ မရသဖြင့် လူထုကိုသာ ပြောဆိုနေရခြင်းဖြစ်သည်ဟု ပြန်ဖြေ ရေးသားခဲ့သည်။

အဆိုပါ ကိစ္စတွင် အစိုးရကို ပြော၍ မရသဖြင့် ပြည်သူကိုသာပြောနေရသည် ဆိုသည့် ဆင်ခြေမှာ မျှတခြင်းမရှိပေ။

ပြည်သူလုထုက တိုင်းပြည်၏ပေါ်လစီကို ချမှတ် ထိန်းကျောင်းနေခြင်းမဟုတ်ဘဲ အစိုးရက တိုင်းပြည်၏ ပေါ်လစီကို ချမှတ်နေခြင်း ဖြစ်သဖြင့် ပေါ်လစီချနေသူကို သဘာဝကျသည့် အခွန်ဥပဒေ ဟုတ်မဟုတ် ဝေဘန် ပြောဆိုရန် မ၀ံ့ရဲ သဖြင့်အခွန်ပေးဆောင်ရန် ပျက်ကွက်သည်ဟု လူထုကိုသာ တဘက်သတ် အပြစ်တင်နေခြင်းသည် ဘယ်လိုမှ တရားနည်းလမ်းကျသည်ဟု မဆိုနိုင်ချေ။

ဒီဆောင်းပါးထဲမှာ ဘာအချက်လက်သစ်တွေ ပါသလဲ
ဆောင်းပါး အစတွင် မြန်မာပြည်နိုင်ငံရေးသည် အခြားနိုင်ငံရေးများနှင့် မတူ၊ နှိုင်းယှဉ်၍ မရဟု ဆိုထားသည်။ တသမတ်တည်း မဟုတ်ဆိုသည့် အဓိပ္ပာယ်ကို အင်္ဂလိပ် စကားလုံး non linear ဆိုပြီး ပြောဆိုထားသည်။ မြန်မာပြည်နိုင်ငံရေး၏ ထူးခြားသည့် လက္ခဏာ (၄)ချက်ကို ထုတ်နှုတ်ပြသည်။

၁။ လွတ်လပ်ရေးရပြီးခေတ်မှ စပြီး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် သမ္မတ ၀န်ကြီးချုပ်များ အနက် ဒေါက်တာဘဦးမှ လွဲ၍ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ကောင်းကောင်းဆင်းရသည် မရှိခဲ့။
၂။ လွတ်လပ်ရေး ရပြီးနောက် ဈေးကွက်စီးပွားရေးစနစ်နှင့် ဒီမိုကရေစီ ဒွန်တွဲခဲ့ရာမှ ၁၉၆၂ ခုနှစ်တွင် ဇီဝိန် ချုပ်ခဲ့ပြီး ယခုတဖန် ဈေးကွက်စီးပွားရေး စနစ်ကို မိတ်ဆက်နေရသည်။
၃။ ၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီသည် အုပ်ချုပ်ခွင့်ရသည့်ပါတီ မဖြစ်ခဲ့။
၎။ အခြေခံဥပဒေကို ခေတ်သစ်မှာ ဖြစ်သည့်အတိုင်း စစ်တပ်စပွန်ဆာ အဖြစ် ပေါ်ပေါက်လာရသည်။

အထက်ပါ အချက် ၄ချက်ကြောင့် မြန်မာပြည်နိုင်ငံရေးသည် အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်၍မရဟု မောင်စူးစမ်းက ပြောလိုသည်။ ထိုအချက် ၄ချက်သည် မြန်မာ့နိုင်ငံရေးတွင် ဘာအတွက်ကြောင့် အဓိကကျသည်ကိုလည်း ရှင်းမပြပေ။ ခေတ်သစ်တွင် ဖြစ်ပေါ်သည့်အတိုင်းဟု ရည်ညွှန်းသည့် အခြေခံဥပဒေကို စစ်တပ်စပွန်ဆာဖြင့် ပေါ်ပေါက်ရသည်ဆိုခြင်းမှာ စပွန်ဆာ ဆိုသည့် စကားလုံးထက် စစ်တပ်၏ အတင်းအကြပ်စေခိုင်းမှုအောက်၊ ခြိမ်းခြောက်မှုအောက်မှာ အတည်ပြုခဲ့ခြင်းဖြစ်သည်။ လူထုအများစုက အဆိုပါ အခြေခံဥပဒေကို လက်ခံလို၍ လက်ခံခြင်းမဟုတ်ပေ။ အထက်ဖေါ်ပြပါ အချက် ၄ချက်သည် မြန်မာ့နိုင်ငံရေး သီးခြားသဘောဆောင်မှု၊ ထူးခြားမှု၊ အလွန်အဓိကကျသည့် အချက်များဟု အထောက်အထား ပြည့်ပြည့်စုံဖြင့် ရှင်းလင်းရေးသားထားခြင်းလည်း မတွေ့ရပေ။

မဟာဗျူဟာ ရှုထောင့်ဟုဆိုသော်လည်း
မောင်စူးစမ်းက မဟာဗျူဟာ ရှုထောင့်မှ ကြည့်ရမည်။ ရေတို လူကြိုက်များသည့် ပေါ်ပြူလာ ပေါ်လစီဖြင့် ကြည့်ရှု သုံးသပ်၍မရ ဟုဆိုသည်။ ရေတိုရေရှည်၊ မဟာဗျူဟာ ရှုထောင့်ဟုပင် ဆိုဆို လူအများစု၏ အကျိုးကို ရှေးရှုသလား၊ ဆန့်ကျင်သလား ဆိုသည်မှာ အဓိကပိုကျသည် ဟုမြင်သည်။

စစ်အစိုးရ၏ အခြေခံဥပဒေကို တခွန်းတပါဒမျှ ကောင်းသည် ဆိုးသည် ဝေဖန်ထောက်ပြခြင်း မရှိဘဲ ရေးထားသည့်အတိုင်း လက်ခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှတပါး အခြားရွေးစရာလမ်း မရှိဟု ဆိုခြင်းမှာ မဟာဗျူဟာလည်း ကျသည်ဟု မဆိုနိုင်ပေ။

မဟာဗျူဟာ ရှုထောင့်မှ ကြည့်လျှင် စစ်အစိုးရက အတည်ပြုလိုက်သည့် အခြေခံဥပဒေသည် မြန်မာပြည်သူများအတွက် မည်သို့ အကျိုးရှိမည်ကိုလည်း မောင်စူးစမ်း အနေဖြင့် သုံးသပ်ပြဖို့ လိုပေမည်။

မောင်စူးစမ်းကို စစ်အစိုးရထံမှ အကျိုးအမြတ် လက်ခံရရှိနေသဖြင့် စစ်အစိုးရသဘောကျအောင် ရေးသားသည်ဟူ၍ မဆိုလိုပါ။ သို့သော် အကြောက်တရားနှင့် အစိုးရငြိုငြင်မည် စိုးရိမ်သဖြင့် ယခုလို ရေးသားခြင်းသည် နိုင်ငံရေးအမြင်များေ၀၀ါးရှုပ်ထွေးစေပြီး စစ်အစိုးရသာ ကျေနပ် သဘောကျပေလိမ့်မည်။

မဟာဗျူဟာဟု စကားလုံး ကြီးကြီးမားမား ဆိုသော်လည်း ကမ္ဘာပေါ်ရှိ နိုင်ငံရေး ပြဿနာများ၊ အတွေ့အကြုံများ၊ သီအိုရီများနှင့် နမူနာပေးကာ ဝေဘန်သုံးသပ်ပြသည့် ဆောင်းပါး တစောင်လည်း မဟုတ်သည်ကို တွေ့ရသည်။

မည်သည့် နိုင်ငံနှင့်မျှ နှိုင်းယှဉ်၍ မရဟု ပလ္လင်ခံထား သဖြင့် ဥပမာပေးစရာ နှိုင်းယှဉ်စရာလည်း မလိုတော့ပေ။

ထို့ကြောင့် ပြည်သူများနှင့် နိုင်ငံရေးလုပ်ကိုင်နေသူများအကြား အယူအဆေ၀၀ါးစေရန်မှတပါး အခြားအကျိုးရှိသည့် အမြင်အယူအဆများ မပါဟုသာ သုံးသပ်ရပေလိမ့်မည်။ ။

weekly eleven ဂျာနယ်၊ အောက်တိုဘာ ၂၂၊ စာမျက်နှာ ၁၇ http://first-11.com/wdet.php?id=17 မှ မောင်စူးစမ်း၏ဆောင်းပါး


ချီးတုံးကို ကိုးကွယ်သူများ - နောက်ဆက်တွဲ အရှုပ်အထွေးများ

The Sugar King - Worshipers of Poop in Burma - Last Part Print E-mail
သောင်းပြောင်းထွေလာ - အတိုႛအထိ
Tuesday, 21 October 2008

ချီးတုံးကို ကိုးကွယ်သူများ - နောက်ဆက်တွဲ အရှုပ်အထွေးများ

သကြားမင်း

အောက်တိုဘာ ၂၁၊ ၂၀၀၈

ချီးတုံးဆိုင်ရာ လုံခြုံရေးအမြင်များ

တပ်မတော်ခေါင်းဆောင်တွေဟာ ချီးတုံးကို ကိုးကွယ်လိုက်ကြတဲ့အတွက် လုံခြုံရေးဆိုင်ရာ ပေါ်လစီတွေပေါ်မှာလည်း ချီးတုံးက လွှမ်းမိုးလာပါတယ်။ တပ်ရှုပ်ကြီးရဲ့ ကျန်းမာရေးဟာ မြန်မာ့တပ်မတော်ရဲ့ ကျန်းမာရေး၊ နိုင်ငံတော်ရဲ့ ကျန်းမာရေးပဲ၊ တပ်ရှုပ်ကြီးရဲ့ ကျန်းမာရေးမှာ အခရာအကျဆုံးက ၀မ်းပဲ။ ဒီတော့ တပ်ရှုပ်ကြီးရဲ့ ၀မ်းကိုနေ့တိုင်းစစ်ဆေးရမယ်လို့ တညီတညာတည်း ဆုံးဖြတ်ကြလိုက်တော့တယ်။

သူ့ဝမ်းကို နေ့တိုင်း ဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးကြတယ်။ ဆေးမှတ်တမ်းတွေအရ ပေါတာကြီးရဲ့  အသိဥာဏ်ဟာ မစင်ထဲမှာပဲ ရှိနေသတဲ့။ သူ့မစင်ကို ကာကွယ်ရမယ်။ သူ့မစင်ကို ကာကွယ်တာဟာ တပ်မတော်ကိုကာကွယ်တာ၊ တပ်မတော်ကိုကာကွယ်တာဟာ နိုင်ငံတော်ကိုကာကွယ်တာ၊ နိုင်ငံတော်ပြိုကွဲမယ့် အန္တရာယ်ကို ကာကွယ်တာပဲဖြစ်တယ်။ ဒါဟာ “မဟာဗျူဟာမြောက် လုံခြုံရေး အမြင်” ဖြစ်တယ်လို့  တပ်မှုးတွေကို ညွန်ကြားချက် ထုတ်ပြန်ခဲ့တယ်။

ဦးနေ၀င်းခေတ်က “ရှမ်းကုန်မြေမြင့်ကိုစိုးမိုးသူ”ဟာ “အနာဂတ် မြန်မာ့တပ်မတော်ကို စိုးမိုးသူ … မြန်မာပြည်ကို စိုးမိုးသူ …” ဖြစ်တယ်ဆိုတဲ့ လုံခြုံရေးဆိုင်ရာ သီအိုရီအဟောင်းကို ဒီနေ့ မြန်မာ့တပ်မတော်က တော်လှန်ပြောင်းလဲလိုက်ပါတယ်။ ဒါကတော့ “တပ်ရှုပ်ကြီးချီးပုံကို စိုးမိုးသူဟာ အနာဂတ် မြန်မာ့တပ်မတော်ကို စိုးမိုးသူဖြစ်မယ် …” ဆိုတဲ့အမြင်ကို စိုက်ထူလိုက်ကြတော့တယ်။

ဒါကိုမသိတဲ့ ပြည်ပကစစ်ရေးကျွမ်းကျင်သူတွေဟာ မြန်မာ့တပ်မတော်မှာ အင်အားက ဘယ်လောက်၊ လက်နက်က ဘယ်သို့ ၊ ဗျူဟာကဘယ်နှယ်၊့ ရမ်းသမ်း ပုံကြီးချဲ့ သုံးသပ်နေကြတယ်။ အလွန်အပျင်းထူလှတဲ့ သတင်းသမားတွေကလည်း သတင်းတပုဒ်ကို ဒေါ်လာ ၁၀၀ ခန့် အိတ်ထဲ အလွယ်တကူ ထည့်ချင်တာနဲ ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ စစ်ရေးကျွမ်းကျင်သူတွေကို ကမန်းကတန်း လှမ်းပြီး အင်တာဗျူးလိုက်ရင် မြန်မာတပ်မတော်ရဲ့ လုံခြုံရေးဆိုင်ရာပေါ်လစီကို မှားယွင်းစွာ သုံးသပ်မိကုန်ကြသတဲ့။ သူတို့မှာ ဘာ ပေါ်လစီမှ မရှိဘူး ရမ်းသမ်း လုပ်နေကြတာသာဖြစ်တယ်။ သူတို့ပေါ်လစီအမှန်က ပေါတာကြီးချီးပုံကို စိုးမိုးသူဟာ တပ်မတော်ကိုစိုးမိုးသူ ဖြစ်လာမယ် ဒါပဲ။ ပေါတာကြီးချီးတုံးကို ကိုးကွယ်တာဟာ အာဏာတည်မြဲရေးအတွက် အထိရောက်ဆုံးဖြစ်တယ်။

ဒါကြောင့် သန်းရွှေကြီး နေ့စဉ်သွားတဲ့ဝမ်းကို သူ့ရဲ့ဆရာဝန်ကိုယ်တိုင် လက်နဲ့ချေပြီး စမ်းသပ်ရတယ်။ ဒီနေ့ပျော့တယ်။ မနေ့က မာတယ်။ ဒီတော့ ဘာဆေးကို သောက်ရမယ်။ ဒါ့အပြင် ချီးတွေကို၊ ဖန်ဗူးထဲထည့်ပြီး ဓါတ်ခွဲခန်းမှာ တံဆိပ်ရိုက်ပြီး စနစ်တကျ မှတ်တမ်းတင်ထားတယ်။ ဒီလို မှတ်တမ်းတင်လာလိုက်တာ သူအာဏာရလာတဲ့ အချိန်က စတယ်။

ပေါတာကြီးက ခိုးဝှက်စားတာတွေ များလာတဲ့အတွက် အီးတွေဟာလည်း အရမ်းကို များလာတယ်။

အခုဆိုရင် လျှို့ဝှက်အဆောက်အဦတခု တည်ဆောက်ပြီး သိမ်းဆည်း မှတ်တမ်းတင်ကြ တယ်လို့ သိရတယ်။ အီးတုံးတတုံး အပျောက်မခံနိင် ဖြစ်နေကြတယ်။ သူ့အီးတုံးကို အမေရိကန်ရသွားရင် ဓါတ်ခွဲစမ်းသပ်မယ်။ စမ်းသပ်လိုက်ရင် သူ့အားနည်းချက်ကို သိသွားမယ်။ ဒါဆိုရင် ပြည်ပက ခြိမ်းခြောက်မှုကို နေပြည်တော်က ခံလာရနိင်ဖွယ်ရှိတယ်လို့ အခြောက်တိုက် စိုးရိမ်နေကြသတဲ့။

ဒါကို တချို့က မသိတော့ နျှူကလီးယား ထုတ်နေတယ်လို့ ထင်နေကြတယ်။ တကယ်က သန်းရွှေမစင်တွေမျှသာ ဖြစ်တယ်။

သူ့မစင်တွေကို သိမ်းဆည်းထားတဲ့ ဓါတ်ခွဲခန်းအ၀မှာတော့ ကန့်သတ်နယ်မြေ၊ အပြင်လူ မ၀င်ရလို့ အရိုးခေါင်း၊ ကြက်ခြေခတ် တံဆိပ် ခတ်ထားတယ်။ တပ်ရင်းတရင်း စောင့်ကြပ် တာဝန်ချထားပါတယ်။ မြန်မာပြည်မှာ လုံခြုံရေးအထူထပ်ဆုံးနေရာကတော့ သန်းရွှေအိမ်ပြီးရင် သူ့မစင်ထားတဲ့ အဆောက်အဦဖြစ်ပါတယ်။

လုံခြုံရေးကို အလေးထားတဲ့အနေနဲ့ မစင်ပုံကို စောင့်ရတဲ့ အစောင့်ကို စမတ်ကျကျ တပ်ဆင်ပေးထားတယ်။ အီကွစ်မင့်၊ လက်နက် တိုရှည်၊ ဖိနပ်အကောင်းစား၊ ယူနီဖေါင်း အသစ်၊ စကားပြောစက်၊ သန်းရွေကြီး အရူးထတိုင်း တပ်ဆင်ထားတယ်။ ဒီစစ်သားတွေက ကြည့်လို့တော့ ကောင်းပေမယ့် ဥရောပအလယ်ခေတ်က ချပ်ဝတ်တန်ဆာတွေမျိုးစုံ တပ်ဆင်ထားတဲ့ သူရဲကောင်းတွေလို ဖြစ်နေတယ်။ ဇီးရှိတဲ့ ဆိတ်မလို လေးလံနေတယ်။

ဒါကြောင့် မြင်းသေးသေး၊ လူသေးသေး၊ လေးမြှားနဲ့ ဓါးတိုတချောင်းသာ တပ်ဆင်ထားတဲ့ ဂျင်ဂျစ်ခန်တပ်က စစ်သားတွေနဲ့ တွေ့တော့ ဥရောပအလယ်ခေတ်သူရဲကောင်းတွေဟာ ဖိနပ်နဲ့ တင်ပါး တသားတည်းကျအောင် ထွက်ပြေးကြရသလို ဖြစ်နေတယ်။

ဒါကို ဉာဏ်တစက်မှမရှိတဲ့ စစ်ဗိုလ်တချို့က ကျောင်းဆင်းကာစဆိုရင် လုံခြုံရေးတပ်ခွဲမှုး သိပ်ဖြစ်ချင်နေကြသတဲ့။ ချီးပုံကို စောင့်ရမှာကို သူတို့ခမျာ မသိရှာကြပေဘူး။

ပေါတာကြီးကျန်းမာရေးဟာ သူတို့အတွက် အသက်သွေးကြောတမျှ ဖြစ်လာတဲ့အတွက် ကျော်ဆန်းရဲ့အလုပ်က ပေါတာကြီးကျန်းမာရေးကောင်းကြောင်း၊ လမ်းလျှောက်နိုင်ကြောင်း၊ စကားပြောနိင်ကြောင်းကို သတင်းစာ၊ တယ်လီဗေရှင်းနဲ့ ရေဒီယိုကနေ ၀ါဒဖြန့်ပေးနေရတယ်။

ဒါ့အပြင် ပေါတာကြီးကျန်းမာနေဖို့အတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ သူတို့ စဉ်းစားကြတယ်။ ဦးနေ၀င်းက သူအသက်ရှည်ဖို့အတွက် အင်္ဂလန်ကိုသွားပြီး သွေး ပုံမှန် လဲပေးရတယ်။ လူငယ်တွေရဲ့ သွေးတွေကို သွင်းတယ်လို့ မှတ်တမ်းတွေ့တယ်။ ပေါတာကြီးကိုလည်း လူငယ်တွေ သွေးကိုသွင်းဖို့ လိုလာတယ်။ မြန်မာပြည်ကသွေးတွေကို သွင်းရင် လူ ၁၀၀ မှာ ၃၀ က အေအိုင်ဒီအက်စ် ဖြစ်နေတယ်။ မတော်တဆ အေအိုင်ဒီအက်စ်ပိုးက တပ်ရှုပ်ကြီးထဲ ၀င်သွားရင် ကျော်မကောင်း ကြားမကောင်းဖြစ်မယ်။ မြန်မာပြည်ကလူငယ်တွေသွေးကို သွင်းဖို့ အကြံ လက်လျော့လိုက်ကြတယ်။

နိင်ငံခြားမှာသွားပြီး သွေးသွင်းရင်ရော၊ ပြသနာက အမေရိကန်နဲ့ အနောက်နိင်ငံတွေက သူတို့  တဖွဲ့လုံးကို “ဗီဇာ” ပိတ်ထားတယ်။ ဒီကြားထဲ နယ်သာလန်နိင်ငံ “သည်ဟိတ်”မြို့က နိင်ငံတကာတရားရုံးမှာ ဒီမိုကရေစီအင်အားစုတွေက အမှုဖွင့်ပြီး တရားစွဲဖို့လုပ်နေတယ်။ အနောက်တိုင်းကို သွားဖို့ မဖြစ်နိင်။ စင်္ကာပူကလည်း စိတ်မချရ။

ဒီတော့ လူငယ်လေးလို ကျန်းမာသန်စွမ်းနေဖို့အတွက်ဆိုရင် အဖြစ်နိုင်ဆုံးတခုကို သူတို့ သွား တွေ့တယ်။ ဒါကတော့ ပေါတာကြီးကို တရုတ်ပြည်ကလာတဲ့ “နို့မှုန့်” တိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မြန်မြန် ကျန်းမာဖို့အတွက် တနေ့ကို ကလေးနို့မှုန့် မနက် တဂါလံ၊ နေ့လည် တဂါလံ၊ ညအိပ်ရာဝင်ခါနီး တဂါလံ တိုက်ဖို့ အစိုးရ၀န်ကြီးများအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ပေါတာကြီးဟာ တနေ့ကို နို့မှုန့် ဖျော်ပြီးသား သုံးဂါလံ သောက်ရတော့တယ်။ သောက်ရုံတင်မကဘူး။ ခြေဆုံးခေါင်းဆုံးလည်း လိမ်းပေးတယ်။

မောင်သောင်းက အာချောင်လိုက်တဲ့အတွက် ပေါတာကြီးဟာ သောက်လည်း သောက်၊ လိမ်းလည်းလိမ်း လုပ်လိုက်ရတယ်။

နို့မှုန့်တွေ သောက်၊ နို့မှုန့်တွေ လိမ်းထားတဲ့ ပေါတာကြီးဟာ ကလေးမသာလို ဖြစ်နေတော့တာပေါ့။ နာဂစ်မုန်တိုင်းဖြစ်တော့ ကလေးတွေကိုပေးလိုက်တဲ့ နို့မှုန့်တွေကိုလည်း ပေါတာကြီးက ငါ့ဖို့ ဆိုပြီး သိမ်းလိုက်သေးသတဲ့။

“Made in China” ဖြစ်သွားခြင်း

ပြသနာတက်ချင်တော့ တရုတ်နို့မှုန့်တွေမှာ မယ်လမင်းလို့ခေါ်တဲ့ ပလပ်စတစ်ပန်းကန်တွေကို လုပ်ရင် အဓိက သုံးရတဲ့ ဓါတုအမှုန့်တွေပါနေတယ်။ ကလေးနို့မှုန့်တွေကို မဟားဒယား သောက်ထားတဲ့ သန်းရွှေကြီးဟာ အီးအီး ပါလို့မရ၊ ရှုးရူးပေါက်လို့မရ ဖြစ်သွားတော့သတဲ့။ အီးအီးမပါနိုင်လို့ ၀က်တကောင်လို နေ့စဉ် အော်ဟစ်နေရသတဲ့။ နေပြည်တော်က ၀န်ထမ်းတွေဆိုရင် ၀က်ပေါ်နေတယ်တောင် ထင်ကြတယ်။

“တယောက်စကား၊ တယောက်နား” ဆိုသလို ပေါတာကြီး အီးအီးမပါနိင်တဲ့သတင်းက နေပြည်တော်မှာ ပျံ့နှံ့စ ပြုနေတယ်။

ဒါကြောင့် ပေါတာကြီးကို ရန်ကုန်ကိုခေါ်လာပြီး ဆေးရုံတင်ကြတယ်။ ဗိုက်ကို ဓါတ်မှန် ရိုက်ကြည့်လိုက်တဲ့အခါမှာတော့ ပန်းကန်လုပ်တဲ့ မယ်လမင်း ဓါတုဗေဒ အမှုန့်တွေက အစွမ်းသတ္တိတွေပြပြီး ပန်းကန်ပြားတွေတောင် ဖြစ်နေတယ်။ ပန်းကန်ပြားမှ ၉ ချပ် တိတိ ဖင်ဝမှာ ပိတ်ဆို့နေကြောင်း တွေ့ရသတဲ့။ ဒါအပြင် ပန်းကန်တွေမှာ - “Made in China” - လို့တောင် စာတန်းရေးပြီးသား ဖြစ်နေသတဲ့။

ဆေးဓါတ်မှန်ကို ကြည့် ပြီး “Made in China” ဆိုတဲ့ ဖင်ဝကစာတန်းကို တွေ့လိုက်တော့ ပေါတာကြီးဟာ- '' ဟာ … ငါ မိတ်အင် ချိုင်းနားဖြစ်သွားပြီ '' လို့ အလန့် တကြားအော်လိုက်ရင်း မေ့လဲသွားလေတော့သတည်း။

ပေါတာကြီးကို နှာနပ် ယူရခြင်း

အမြှူပ်တစီစီဖြစ်နေတဲ့ ပေါတာကြီးကိုကြည်ရင်း၊ သူတို့အားလုံး မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်နေကြတယ်။ သူတို့အားလုံး ခေါင်းနားပန်းကြီးသွားကြတယ်။ တရုပ်နို့မှုန့်တွေကြောင့်လို့ ပေါတာကြီးသိသွားရင် သူတို့ခေါင်းနဲ့ကိုယ် အိုးစားကွဲမယ် မဟုတ်ပါလား။ ဒါကြောင့် မေ့လဲသွားတဲ့ ပေါတာကြီးကို နှာနပ်ကြတယ်။ စိတ်သက်သာရာသက်သာကြောင်း ၀ိုင်းပြောကြသတဲ့။

မောင်သောင်းက

“တပ်ရှုပ်ကြီးရယ် စိတ်မပူပါနဲ့။ “မိတ်အင်ချိုင်းနား”ဖြစ်တာ တပ်ချုပ်ကြီး တယောက်ထဲ မဟုတ်ပါဘူး၊ အမေရိကန်အလံတောင် မိတ်အင်ချိုင်နားဖြစ်နေပါပြီ …”

ရွှေမန်းက

“ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကိုသာ ဖန်တီးခဲ့တာပါ။ တရုတ်ကမှ တကမ္ဘာလုံးကို ဘာပစ္စည်းကိုမဆို ဖန်တီးနေပါပြီ …”

လို့ အားပေးတယ်။

“အခု တို့တပ်ရှုပ်ကြီး “မိတ်အင် ချိုင်းနား” ဖြစ်နေတော့ရော ဘာအရေးစိုက်စရာလဲ။ တရုတ်-မြန်မာ ချစ်ကြည်ရေးတောင် ခိုင်မာစေတာပဲ ခင်ဗျ …”

လို့  ကြံဖန် ဂုဏ်ယူလိုက်တယ်။

ပေါတာကြီးကတော့ မပျော်နိင်ဘူးပေါ့။ သူ့ဖင်ဝက “မိတ်အင်ချိုင်းနား” စာတန်းကိုပဲ မြင်နေသတဲ့။

“ကျနော်တို့ကတော့ မိတ်အင်ချိုင်းနားဖြစ်လည်း ဘာဖြစ်လဲ … အလေးပြုနေမှာပဲ၊ ကိုးကွယ်နေမှာပဲ …” လို့  မောင်အေးက ပြောတယ်။

“ရော့ ဝီစကီလေးတခွက် မော့လိုက် …”

မောင်အေးပေးတဲ့ ၀ီစကီတခွက် မော့လိုက်တော့ ပေါတာကြီးဟာ နေသာထိုင်သာ နည်းနည်းဖြစ်လာတယ်။ အစည်းအဝေးကိုရပ်ပြီး လူစု ခွဲလိုက်တယ်။ ပေါတာကြီးလည်း စိတ်ပြေလက်ပျောက် နေပြည်တော်ဈေးကို သွားတယ်။

ဒါပေမဲ့ ဈေးထဲ သွားရင် ပေါတာကြီး မလုံမလဲ ဖြစ်နေသတဲ့။ ဘာပစ္စည်း ကိုင်လိုက် ကိုင်လိုက် မိတ်အင်ချိုင်းနား ဖြစ်နေတာကိုး။ သူဖင်ဝကို မသိမသာ စမ်းမိတယ်။ ဈေးသည်က “လာနော် … မိတ်အင်ချိုင်းနားတွေ ရမယ် …” လို့ အော်ဟစ်ရောင်းတာကိုက သူ့ကို ပုန်ကန်နေတယ်လို့ ဒေါသထွက်နေတယ်။

ပေါတာကြီးလည်း စင်္ကာပူကိုဆေးကုဖို့ နိင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ပါလို့  စင်္ကပူအစိုးရကို မေတ္တာရပ်ခံတယ်။ ဒါပေမဲ့ စင်္ကာပူက ငြင်းတယ်။ စင်္ကာပူအစိုးရက လုံခြုံရေး တာဝန်မယူနိင်လို့ ငြင်းတာ မဟုတ်ဘူးတဲ့။ တကယ်က ရောဂါကိုတော့ ကုပေးလို့ ရပေမယ့်၊ မိတ်အင်ချိုင်းနား ဆိုတဲ့ စာတန်းကိုတော့ သူတို့ ဖျက်ခွင့်မရှိဘူး တဲ။့ နိင်ငံတကာ ကုန်သွယ်ရေး သဘောတူညီချက် အရ “Country of Origin” ကို ဖြုတ်ခွင့်မရှိလို့ပါ ဆိုပြီး အကြောင်းပြန်လို့ ဆိုပဲ။

ပေါတာကြီးလည်း အလွန် စိတ်ဓါတ် ကျဆင်းသွားတော့တယ်။

သတင်းစာရှင်းလင်းပွဲ လုပ်ကြခြင်း

အောင်သောင်းတို့ လူသိုက်လည်း ကြံရာမရ ဖြစ်နေကြတယ်။ တပ်ရှုပ်ကြီးဖင်ဝမှာ တရုတ်ပန်းကန် ၉ ချပ်ပိတ်နေတဲ့ သတင်းကို လိုက်ဖုံးပေမဲ့ ရှေ့ကဖုံး၊ နောက်ကပေါ် ဖြစ်နေတယ်။

အောင်သောင်းကတော့ ဒီသတင်းကို ပြန့်လို့ မဖြစ်ဘူး။ ဒါဟာ နိုင်ငံတော်လျို့ဝှက်ချက် ဖြစ်တယ်လို့ ဆိုတယ်။

ဒါပေမဲ့ ကျော်ဆန်းက - နေပြည်တောာ်မှာ ၀န်းထမ်းတချို့ ရိပ်မိကုန်ပြီ၊ အင်တာနက်တွေ၊ ဘလောက်တွေမှာလည်း တပ်ရှုပ်ကြီး “ချာမပီးနိုင်တဲ့ကိစ္စ”က ရေးနေကြတယ်။ ကျနော်တို့ တခုခုတော့ ဖြေရှင်းချက်ပေးရင် ကောင်းမယ်လို့  ကျော်ဆန်းက ပြောတယ်။

ဒါနဲ့ အောင်သောင်း၊ ကျော်ဆန်း၊ မြင့်ဆွေ၊ ခင်ရီတို့ ဦးဆောင်ပြီး တပ်မှူးးကြီးများ အရေးပေါ် အစည်းဝေးခေါ်ယူပြီး တပ်ရှုပ်ကြီး ချာမပီးနိုင်တာဟာ စီအိုင်အေနဲ့ ပြည်တွင်း၊ ပြည်ပက အဖျက်သမားတွေ လက်ချက်ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာလုပ်တယ်။ သံတမန်တွေနဲ့ ပြည်တွင်းပြည်ပက သတင်းစာသမားတွေကို ဖိတ်လိုက်တယ်။ ကျော်ဆန်းက ဧရာမ ဇယားကွက်ကြီးတခုကိုဆွဲထားရင်း စီအိုင်အေ၊ ကွန်မြူနစ်၊ ကေအင်ယူ၊ အန်အဲလ်ဒီ၊ အေဘီအက်စ်ဒီအကဖ် ၊ လူအိုရုံ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအဖွဲ့၊ နေ့ကလေးထိမ်းကျောင်းတွေကပါမကျန် စီအိုင်အေက ၀င်ရောက် ထိုးဖောက်ပြီး နိင်ငံတော်ကိုလုပ်ကြံရန် ကြံစည်နေကြောင်းကို ဖေါ်ထုတ်လိုက်တယ်။

သောင်းကျန်းသူတွေရဲ့ ဆက်သွယ်ပုံကို ဇယားကွက်နဲ့ အဆင့်ဆင့် မျဉ်း ဆွဲလာတယ်။ မျဉ်းကြောင်းကိုတော့ တပ်ရှုပ်ကြီးဖင်ဝမှာ အဆုံးသတ်ထားပါတယ်။

စီအိုင်အေနဲ့ ပြည်တွင်း၊ပြည်ပအဖျက်သမားတွေ ဆက်သွယ်ပုံ၊ ကွင်းဆက်တွေကို ဇယားကွက်ကြီးနဲ့ ရေးဆွဲပြသတယ်။ ကျော်ဆန်း တုတ်တချောင်းနဲ့ ဟိုထောက်၊ ဒီထောက်လုပ်၊ လျှောက်ဖြီးနေပါတော့တယ်။

ဒါပေမဲ့ အကြောင်းသိတဲ့ ပေါတာကြီးကတော့ ကရင်စကားနဲ့ ပြောရရင် လက်ကုန် စိတ်ဆိုးနေပြီ။ သူ အီးမပါနိင်ဖြစ်သွားရတာ၊ ဒီ ခွေးမသားတွေကြောင့်ကိုး။ တနေ့ တနေ့ အီးမပါနိင်တဲ့အတွက် အရမ်းကို စိတ်ဆိုးပြီး ဘယ်သူနှယ့်မှလည်း အတွေ့မခံဘူး။

ဘယ်လူထု အခမ်းအနားတွေ၊ သံတမန်တွေနဲ့၊ ကျောင်းဆင်းပွဲတွေမှာ စကားတောင် မပြောနိုင်ဘူး ဖြစ်နေသတဲ့ ။အဆိုးဆုံးကတော့ လမ်းလျှောက်လို့ မရ ၊ စကားပြောလို့ မရဖြစ်နေတယ်။

သူတို့ထဲမှာ ဉာဏ် နည်းနည်းရှိတဲ့ သိန်းစိန်ကတော့ အီးပါအောင်လုပ်ဖို့က လွယ်ကြောင်း၊ “ဂြိုလ်တု ၀မ်းနှုတ်ဆေး” သုံးထုတ်လောက် တိုက်လိုက်ပါက အီး တင်မက အသက်ပါ ထွက်နိုင်ကြောင်း အကြံပေးခဲ့ပါတယ်။

ဒါပေမဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီး မောင်သောင်းက ပေါတာကြီးအတွက် စိုးရိမ်တဲ့ အမူအယာနဲ့

“ဟာ - ဂြိုလ်တုဝမ်းနှုတ်ဆေး တိုက်လို့ ဘယ်ဖြစ်မတုံး။ စီအိုင်အေ ဂြိုလ်တုဖြစ်နေရင် ဘယ်နှယ့် လုပ်မလဲဗျ …”

“တပ်ချုပ်ကြီး ဘာလုပ်တယ်၊ ဘာပြောတယ် ဆိုတာတွေ အချက်အလက်အသေးစိတ် အမေရိကန် သိကုန်မယ်။ ခင်ဗျား သိပ္ပံနဲ့ နည်းပညာအကြောင်းကို မသိရင် မပြောပါနဲ့”

လို့ ဖမ်း ဟောက်လိုက်တယ်။ သိန်းစိန်လည်း ပြောင်နေတဲ့ထိပ်ကို တချက်သပ်လိုက်ရင်း ဆက်မပြောရဲဘူး ဖြစ်သွားတယ်။

သူတို့ဟာ ထုံးစံအတိုင်းပဲ ဘာဆက်လုပ်ရမှန်း မသိတော့ဘဲ တယောက်တပေါက်နဲ့ အချိန် ကုန် နေကြတယ်။ နိုင်ငံတော်လုံခြုံရေး၊ ဒါဟာ နိင်ငံတော်လုပ်ကြံမှုကြီးလို့ လျှာရိုးမြက်ပေါက် အော်နေကြသတဲ့။

နောက်ဆုံးတော့ မောင်သောင်းကပဲ -

“နည်းပညာတွေ တိုးတက်လာတာကလည်း တပိုင်းပေါ့ တပ်ချုပ်ကြီးခင်ဗျား။ ဈေးသုံးလည်း မလွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့။ ကျနော်တို့မြန်မာ့ရိုးရာ အစဉ်အလာရှိပါတယ်။ တပ်ချုပ်ကြီးရဲ့ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ ၀မ်းပိတ်နေမှုကို ၀မ်းချုပစ်ဖို့ အကြံပေးချင်ပါတယ်။”

ပေါတာကြီးသန်းရွှေက သူ့အကြပ်တည်းကို ဖြေရှင်းပေးတဲ့ မောင်သောင်းကို လေးစားတဲ့အကြည့်နဲ့ ကြည့် နေတယ်။

“ကဲ …ကဲ ကျနော်တို့ တယောက်တလှည့်  နိုင်ငံတော်အကြီးအကဲကို ၀မ်းချုပေးကြပါစို့ '' ဆိုပြီး သူတို့အားလုံးဟာ ဧရာမ ဆပ်ပြာတောင့်ကြီးကို ယူပြီး၊ ပေါတာကြီးဖင်ဝကို ထိုးသွင်းလိုက်ကြလေကုန်သတည်း။

ပေါတာကြီးသန်းရွှေလည်း

"အောင်မလေးဗျ … ရထားဖြစ်ပါတယ် … ရထားဖြစ်ပါတယ် …”

လို့ အော်ဟစ် ငိုကြွေးးနေပုံက ၀က်ပေါ်သလို နေပြည်တော်တခုလုံး ကြားနေရတော့တယ်။

(မှတ်ချက် - “ရထားဖြစ်ပါတယ်” ဆိုတာ။ “ရပါတယ်၊ အဆင်ပြေပါတယ်” ဆိုလိုရင်း။ မြန်မာတပ်မတော် စစ်သုံး စကား။)