6.12.2009

sanction list ထဲမှာထပ်တိုး သင့်သူများ

အကိုကြီးတော့ အဖအရာ။ အကြီးကောင်က အဖေထက် သားနှစ်လကြီးတယ်။

တေဇရဲ့  တိုင်းပြည်သယံဇာတတွေကို ဘုန်းရသမျှငွေဖြင့် ၀ယ်ပေးထားသော ပိုင်ဖြိုးတေဇအတွက် ကား။

Your browser may not support display of this image.

Your browser may not support display of this image.

အကိုကြီး အဖအရာဆိုတဲ့ ထက်တေဇရဲ့ အကို ပိုင်ဖြိုးတေဇ။

Your browser may not support display of this image.
မိန်းမပျိုများဖြင့် ပျော်ပါးနေသော အဖေတူသား ပိုင်ဖြိုးတေဇ။

Your browser may not support display of this image.

Your browser may not support display of this image.

Your browser may not support display of this image.
သောက်စားရုံသာမက မူးယစ်ဆေးဝါးတွေပါသုံးစွဲကာ ပျက်စီးနေသော တေဇရဲ့  အဖေတူသားကြီး ပိုင်ဖြိုး တေဇ။

Your browser may not support display of this image.

Your browser may not support display of this image.

သူတို့ လည်းဘဲ နအဖအသိုင်းအ၀ိုင်းထဲမှာပါတယ်။

သန်းရွှေ သားမက် တေဇတို့ ရဲ့  (သားဖြစ်သူ ပိုင်ဖြိုးတေဇ၊ ထက်တေဇတို့ ရဲ့ ) ဆွေမျိုးမိတ်ဆွေများ။

Your browser may not support display of this image.

Your browser may not support display of this image.
ဒီပုံတွေမှာကတော့ တေဇရဲ့  ညာလက်ရုံးလူ (မျက်မှန်တပ်ထားသူ) ဦးလု (U Lu) ဆိုသူဖြစ်ပါတယ်။ ဦးလု ဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး Daly မြို့ မှာ နေထိုင်ပါတယ်။ လေလောဆယ်မှာတော့ သူနဲ့  သူ့ မိန်းမဟာ မြန်မာပြည်မှာ နေထိုင်နေကြပြီး၊ သူရဲ့ သမီး စီစီလီ (Cicily) ကတော့ ဆန်ဖရန်စစ္စကိုမြို့ မှာနေထိုင်နေ ပါတယ်။ တေဇရဲ့  ငွေကြေးတွေကို ဦးလုရဲ့  ဘဏ် account ထဲက တစ်ဆင့် အမေရိကကို ပိုက်ဆံလွဲပေး နေတယ်လို့  သိရှိရပါတယ်။ ဒီ့အတွက် အမေရိကရဲ့  sanction list နဲ့  visa ban ထဲမှာ ဦးလုတို့ မိသားစုကို ထည့်သွင်းသင့်ပါတယ်။
Your browser may not support display of this image.

ဒီပုံမှာကတော့ ဦးလုရဲ့ သား ဖြစ်သူ (တေဇရဲ့ သား ပိုင်ဖြိုးတေဇရဲ့  အချစ်ဆုံးသူငယ်ချင်းပါ)။

Your browser may not support display of this image.
ဒီပုံထဲက မိန်းကလေးကတော့ ပိုင်ဖြိုးတေဇနဲ့  ထက်တေဇတို့ ရဲ့  မောင်နှမ၀မ်းကွဲ ဖြစ်သူ ခိုင်ချိုမြင့် ဖြစ်ပါ တယ်။ အမေဖြစ်သူ ဒေါ်ခိုင်ဇော် (ခ) မခိုင် ဟာ တေဇလို စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ၁၉၉၈ တုန်းက ထိုင်း ဗိုလ်ချုပ်တွေ အမတ်တွေနဲ့  ရောထွေးဆက်ဆံခဲ့သူလို့  ဘန်ကောက်ပို့ စ်သတင်းစာမှာ နာမည်ကြီးခဲ့သူပါ။ ဒေါ်ခိုင်ဇော်ဟာ အမေရိကရဲ့  sanction list ထဲမှာ ပါပေမယ့် သူရဲ့  သမီးတွေကတော့ မပါပါဖူး။ ခိုင်ချိုမြင့်တို့ ညီအစ်မတွေဟာ ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်။ သူအမေရဲ့  ငွေကြေးတွေကို သမီး တွေရဲ့  ဘဏ် account ထဲကနေ အမေရိကမှာ လွဲပြောင်းနေတဲ့အတွက် sanction list ထဲမှာ ဒီမိန်းကလေး တွေရဲ့ အမည် ပါသင့်ပါတယ်။

Your browser may not support display of this image.
ဒီဓါတ်ပုံထဲက အလယ်က မိန်းကလေးဟာ စီးပွားရေးလုပ်ငန်းရှင် ဦးမြဟန်ရဲ့  သမီးဖြစ်ပါတယ်။ ဦးမြဟန်ဟာ တေဇတို့ နဲ့  အဆက်အသွယ်ရှိနေသူပါ။ ဒီမိန်းကလေးဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ကျောင်းတက်နေ ပါတယ်။ သူ့ ကိုလည်း sanction list ထဲမှာ ထည့်သင့်ပါတယ်။

Your browser may not support display of this image.

ဒီဓါတ်ပုံထဲက အလယ်ကတစ်ယောက်ကတော့ ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းရဲ့  သားဖြစ်ပါတယ်။ ပိုင်ဖြိုး တေဇ တို့ နဲ့  နီးကပ်စွာပေါင်းနေတဲ့ သူငယ်ချင်းဖြစ်ပါတယ်။

အဖေထက် သားတစ်လကြီး။

နအဖခေါင်းဆောင်သန်းရွှေရဲ့ သားမက် တေဇရဲ့ သား ထက်တေဇဆိုတဲ့ ချာတိတ်ဟာ မိမိကိုကိုယ် ဘ၀င် လေ ဟပ်ပြီး အဆင့်မရှိတဲ့  စကားတွေပြောတာကြားရတော့၊ ပျက်စီးနေတာတွေတွေ့ ရတော့ အာဏာရူး စီး ပွားရေး လောဘသမားတွေရဲ့  သားသမီးအသိုင်းအ၀ိုင်းကလို့ မပြောရဘူး၊ မိမိတင်မက တစ်ဆွေတစ်မျိုး လုံးရဲ့ မကောင်းတဲ့ဂုဏ်ယုတ်ကိုပါ ဖေါ် ပြနေတဲ့ မသူတော်ဖြစ်နေလေရဲ့ ။

Your browser may not support display of this image.
အာဏာရူးသန်းရွှေရဲ့  ကိုယ့်အမျိုးကိုယ်သာချစ်တဲ့ မျိုးချစ်စိတ်ယုတ်နဲ့  သမီး ကိုပါပေးထားလို့  တော်နေရတဲ့  သူခိုး သမက်ကြီး တေဇတစ်ယောက် တိုင်းပြည်ရဲ့  သယံဇာတတွေကို ဘုန်းချင်သလို ဘုန်းပြီး၊ တိုင်းပြည် တစ်ခုလုံး မွဲပြာကျနေပေမဲ့ သူသာလျှင် အချမ်းသာဆုံး လုပ်နေတဲ့ မသမာသောစီးပွားရေး လုပ်ငန်းတွေ ကြောင့်ရနေတဲ့ ပိုက်ဆံငွေတွေကို သားဖြစ်သူ ထက်တေဇက အဖေကသူခိုး သားကလူဆိုး ဆိုတာလို ပျက်စီး ချင်တိုင်း ပျက် စီး နေတာကို တွေ့ ရလေရဲ့ ။
ထက်တေဇဟာ သူ့ ရဲ့ အဖေ တေဇက ရိုးရိုးသားသား သမာအာဇီဝနဲ့ များရှာလို့  ချမ်းသာကြွယ်ဝတယ်များ ထင်နေလားမသိ။ ဒါမှမဟုတ် အဖေလိုဘဲ စာရိတ္တပျက်ပြားဖို့  အတွက် အပျော်ကြီးဖို့ ဘဲ သိတဲ့ လေလွင့် ပျက်စီးသူ လူငယ်တစ်ယောက်အဖြစ် အဖေဘုန်းရသမျှ ငွေတွေကို သုံးဖြုန်းနေလေရဲ့ ။
ဒီလို လေလွင့်လူငယ်တစ်ယောက်၊ မိမိကိုယ်ကို ဘာကောင်မှန်းမသိတဲ့သူ တစ်ယောက်ကဖြုတ်ဦးနှောက် လောက် လေးနဲ့  ဆင်ခြင်စဉ်းစားဥာဏ်မရှိဘဲ ရဟန်းပြည်သူတွေ မိမိတို့ ရဲ့  ဆန္ဒအစစ်အမှန်ကို ငြိမ်းချမ်းစွာနဲ့ လမ်းပေါ်ထွက် ဖေါ်ထုတ်ပြသာတာကိုဘဲ သူ့ အနေနဲ့ က အရူးတွေလုပ်တာလို့ ထင်ကြောင်းရေးထား တာက တော့ သူရဲ့ မျိုးယုတ်ဂုဏ်ကို ထိန်းသိမ်းပြလိုက်တာ ဖြစ်လေရဲ့ ။
တိုင်းပြည်ကို လက်နက်နဲ့ အုပ်ချူပ်နေတဲ့ လူသတ်သမား သန်းရွှေနဲ့  တိုင်းပြည်ရဲ့  သယံဇာတမှန်သမျှကို သိမ်း ကြုံးခိုးယူပြီး မသမာစီးပွားရေးလုပ်ငန်းတွေလုပ်နေတဲ့ လောဘသမားတေဇရဲ့ တို့ ရဲ့  မျိုးစဉ်ဆက်လေး တစ်ယောက်က အနူပါးစပ်နဲ့  လူတတ်လုပ်ပြီး ရဟန်းပြည်သူကို ထပ်စော်ကားပြလိုက်လေရဲ့ ။
တိုင်းပြည်ရဲ့  GDP ပေါ်မှာ သုံးဖြန်းနေကြောင်း၊ တိုင်းပြည်ပိုင် ကျွန်းသစ်တွေ ရတနာတွေ သဘာဝဓါတ်ငွေ့ တွေကို စင်ကာပူ၊ တရုတ်နဲ့  ရုရှတို့ ကို ရောင်းတုတ်နေကြောင်းကို ထုတ်ဖေါ် ရေးသားပြနေတော့ လူကြီး မိဘတွေ ညာသမျှ ရှေ့ ကဖုံးသမျှ သားမိုက်ငတုံးက နောက်ကဖေါ်ဆိုတာလိုလုပ်နေလေရဲ့ ၊ ၀န်ခံပြနေလေရဲ့။

ဒီလို ရူးတူး မူးမိုက်နေတဲ့ ထက်တေဇနဲ့ သူ့ အကို ပိုင်ဖြိုးတေဇတို့ ဟာ အချောင်ဝင်လို့  ရနေတဲ့  စင်ကာပူ လိုနိုင်ငံမှာ သွားရောက်ပြီး ပျက်စီးချင်တိုင်းပျက်စီးနေတာဟာ နအဖပြောနေတဲ့ တစ်မျိုးသားလုံး အကျင့် စာရိတ္တ မြင့်မားရေးဆိုတာဟာနဲ့  လွဲနေပါလား။ တကယ်တမ်း ကြတော့ သူတို့  နအဖမိသားစုအသိုင်းအ၀ိုင်း တစ်မျိုးလုံး အကျင့်စာရိတ္တပျက်ပြားနေတာကို အဖတ်ဆယ်မရတော့တာမို့  ဖြစ်သင့်တာကတော့ “နအဖ တစ်မျိုးလုံး အကျင့်စာရိတ္တမြင့်မားရေး”ပါ။ ပြည်သူတွေက အကျင့်စာရိတ္တမပျက်ကြပါဖူး။ ဘုရားကို ဘုရား မှန်းသိပါတယ်။ တရားကို တရားမှန်းသိပါတယ်။ သံဃာကို သံဃာမှန်းသိပါတယ်။ သမာအာဇီဝကို သိကြ ပါတယ်။ (၅) ပါးသီးလ ကို သိကြပါတယ်။ ဒါတွေကို မသိကြဘဲ ဖောက်ပြန်နေတဲ့  အကျင့်စာရိတ္တမှာ ဆိုးသွမ်း သောင်းကျန်းနေသူ တွေကတော့ ထက်တေဇ တို့ လို လူမမယ်ချာတိတ်ကနေ တေဇ သန်းရွှေလို လူကြီး သူခိုးတွေ အထိပါတဲ့ နအဖ အသိုင်း အ၀ိုင်း တစ်ခုလုံးဖြစ်လေရဲ့ ။
နောက်ထပ်ထက်တေဇ ပြောထားတာကတော့ မကောင်းတဲ့မိန်းကလေးတွေနဲ့ သူတို့ ပျော်ပါးနေကြောင်း ကို ၀န်ခံဖေါ်ပြထားတော့ တိုင်းပြည်ထဲကို ရောဂါဆိုးတွေ သယ်လာသူတွေဟာ သူတို့ ဘဲဖြစ်ကြောင်း သိသာစေ လေ ရဲ့ ။
သနားစရာကောင်းတာကတော့ အဲယားပုဂံကြီး ပိတ်လိုက်ရတာကို သူ့ ခမျာ အပျော်အပါးမက်ပြီး မသိလိုက်ရှာ ဘူးထင်ပါရဲ့ ။ တော်ကြာ အရေးအကြောင်းဆိုရင် ပြေးစရာမြေမရှိ သွားစရာနေရာမရှိဘဲ လမ်း ပေါ်လွင့်ပြီး (လမ်းပေါ်ကခွေးတောင် မျက်စိနောက်ပြီးကိုက်မှဖြင့်) ရောက်နေရင်ဖြင့် စင်ကာပူက မြန်မာ ပြည်သူတွေရဲ့  ၀ိုင်း သမခံနေရဦးမယ်။
သတိပေးချင်တာကတော့ ထက်တေဇလို လူမလေးခွေးမခန့် ကောင်လေးမပြောနဲ့  သူ့ ရဲ့ အမျိုးအာဏာရူး သန်းရွှေနဲ့  လောဘသမားတေဇတို့ လည်း ကမ္ဘာပြည်သူ မြန်မာပြည်သူတွေရဲ့  ဒဏ်ခတ်ခြင်းကို ခံရမှာမို့  အစွယ် အပွားလေးတွေလည်း ပုန်းစရာနေရာရှိမှာ မဟုတ်ဖူးဆိုတာပါ။ သိပ်ပြီးတော့ လေလုံးထွားပြီး အသံ ကောင်း ဟစ်ပြီးမနေဖို့ နဲ့ ။ လူကြီးတွေအလှည့်မရောက်သေးဘဲ ကိုယ်အလှည့်အရင်ဖြစ်သွားဦးမယ်။ ရဟန်း ပြည်သူတွေကို မစော်ကားဘဲ ပါးစပ်ပိတ်ပြီး ကိုယ့်ဖာသာ တိတ်တိတ် အပျော်မက်နေချင် မက်နေပါလို့ ။ ။
သောက်စားပျော်ပါးကာ ပျက်စီးနေသော နအဖအသိုင်းအ၀ိုင်းမှ ထက်တေဇ။

Your browser may not support display of this image.

Your browser may not support display of this image.

Your browser may not support display of this image.
တေဇသားတွေကတော့ အငယ်ကတစ်မျိုး အကြီးကတစ်ဖုံနဲ့ ဆိုသလို မိဘရဲ့ ဂုဏ်ယုတ်တွေကို ထုတ်ဖေါ်ပြလေရဲ့ ။ အဖေက သန်းရွှေသမက်ဆိုတော့ သူတို့ လည်း မိုးကျရွှေကိုယ်လေးတွေလိုဘဲ အခွင့် ထူးတွေခံစားပြီး ထင်ရာစိုင်းနေကြတာ။ မြန်မာပြည်တွင်းမှာ ဥပဒေမဲ့လုပ်ချင်ရာလုပ်နေကြတဲ့ ကိုယ်ကျိုးရှာ စီးပွားရေးသမားကြီး အဖေတေဇမျက်နှာနဲ့ ပြည်တွင်းနဲ့ ပြည်ပကို ခေါက်တုန့် ခေါက်ပြန်သွားပြီး ဖြုန်းတီး နေကြတာ။

Your browser may not support display of this image.
တကယ်တော့ သူတို့ သုံးဖြုန်းနေတဲ့ငွေတွေဟာ တိုင်းပြည်ရဲ့ သယံဇာတတွေကို အဓမ္မအေးဓါးမြတိုက်ပြီး၊ တစ်ကိုယ်တော်မောင်ပိုင်စီးပြီး သိမ်းကျူံးဘုန်းထားတဲ့ငွေတွေဘဲ။ တိုင်းသူပြည်သားတွေမှာတော့ ငတ်ပြတ် ဆင်းရဲနေပြီး နုံခြာစုတ်ပြတ်နေသလောက် သူတို့ တစ်တွေကတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ အရွယ်နဲ့ မမျှအောင် သောက်စားမူးယစ်ပြီး ပျော်ပါးသုံးဖြုန်းနေကြတာ။
သူ့ တို့ အဖေဘုန်းရသမျှ၊ အခွင့်ထူးခံလို့ ရသမျှငွေတွေဟာ တိုင်းသူပြည်သားတွေရဲ့ ဂုတ်သွေးကို စုပ်ပြီး၊ တိုင်းပြညိရဲ့  သဘာဝသယံဇာတတွေကို ပိုင်ဆိုင်ခွင့်မရှိဘဲ လိုချင်သလိုယူ ပြည်ပကို ရောင်းချချင်သလို ရောင်းချပြီး ရလာတာမို့  ပိုင်ဖြိုးတေဇတို့  ညီအစ်ကိုအတွက်ကတော့ အရည်အချင်းမရှိဘဲ အဖေသူခိုးကြီးရဲ့ အမွေတွေရနေတာ။
ပြည်သူတွေအတွက်ကတော့ တစ်နေ့ လုပ်စာမှန်မှန်ရဖို့ မပြောနဲ့  ထမင်းရည်တောင် ၀ယ်သောက်နေရတဲ့ ဘ၀၊ ကျန်းမာရေးအတွက်ဆေးဝါးမပြောနဲ့  ဘာရောဂါခံစားရမှန်းတောင် မသိရလောက်အောင် ကျန်းမားရေး အသိတွေ မပြည့်ဝရတဲ့ဘ၀၊ ပညာရေးကို ကျောင်းမှာသင်ဖို့ မပြောနဲ့  အခြေခံ က ခ တောင် ဘာမှန်းမသိတဲ့ ကလေးတွေဘ၀၊ ၀တ်စရာအပေါ်အောက်ပြည့်စုံဖို့ မပြောနဲ့  ကိုယ်ပေါ်တင်ရုံလောက်လေး အ၀တ် အစုတ် အပြတ်လေးရှိရုံဘ၀နဲ့ နေထိုင်အသက်ရှင်ဖို့  အနိုင်နိုင်ဖြစ်နေတာ။ ဒီလို တိုင်းပြည်ရဲ့ သယံဇာတတွေသာ တေဇတို့ လက်ထဲမရောက်ဘဲ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ကျန်းမာရေး ပညာရေး ဘ၀ဖူလုံရေးတို့ အတွက်သာ အသုံးပြုနိုင်မယ်ဆိုရင် ပြည်သူတွေအတွက် ဘယ်လောက်အကျိုး ရှိလိုက် မလည်း။
သန်းရွှေက သမက်ကိုဘုံမြောက်၊ သမက်က သန်းရွှေကို အာဏာမြဲဖို့ ထောက်ပံ့ပေးနဲ့  အကျိုးစီးပွား အပြန်အလှန်ပြေလည်နေကြတော့ သန်းရွှေရဲ့မြေးတွေနဲ့ တေဇရဲ့ သားတွေကလည်း လိုင်စင်ရ သောင်းကျန်း သူတွေ ဖြစ်နေပြီး ဥပဒေရဲ့ အပေါ်ဘက်မှ သူတို့ လည်းရှိနေကြလေရဲ့ ။
တေဇရဲ့ သားတွေသာ တစ်ချိန်မှာ တိုင်းပြည်ကို အာဏာနဲ့  ကိုယ်ကျိုးရှာစီးပွားရေးအမွေဆက်ခံပြီး အုပ်ချုပ် မယ် ဆိုရင်တော့ ပြည်သူတွေရဲ့ ရင်သွေး သားသမီးတွေဘ၀က သူတို့ ရဲ့  ကျွန်အဆင့် ခိုင်းဖတ် ဘ၀ ရောက်မှာ မပြောနဲ့  မထင်ရင် မထင်သလို ဇီဝန်ချုပ်ခံရမယ့်ဘ၀ရောက်သွားလိမ့်မယ်။
တိုင်းပြည်ရဲ့  ပြည်သူပိုင်သယံဇာတတွေကို ကိုယ်ကျိုးစီးပွားလုပ်ပြီး မတရားချမ်းသာနေတဲ့ သန်းရွှေတို့  တေဇတို့ ရဲ့ ဘုန်းလို့ ရသမျှငွေတွေနဲ့  သားသမီးတွေ ဘယ်လိုဖြုန်းတီးပြီး ပျက်စီးနေကြလည်းဆိုတာ၊ ဆင်းရဲငတ်ပြတ်နေတဲ့ ပြည်သူတွေ သိရလေအောင် ဖေါ်ထုတ်ပြလိုက်ပါတယ်။
နအဖခေါင်းဆောင်ကြီး သန်းရွှေရဲ့ အမျိုးအဆွေတွေနဲ့  အခွင့်ထူးခံလက်တစ်ဆုပ်စာကို ဒီလိုဘဲ အခွင့်အလမ်း ဆက်ပေးနေရင်တော့၊ အနာဂတ်မှာ ကိုယ်ရဲ့ ရင်သွေးတွေ သူတို့ လက်အောက်မှာ ဆက်လက် အအုပ်ချုပ်ခံ နေရဦးမယ်ဆိုရင်တော့ ဘယ်ဘ၀ရောက်ကုန်မလဲ ဆိုတာ သိကြရင်ဖြင့် မိဘတွေအနေနဲ့ ဘာလုပ် သင့် သလဲ ဆိုတာ သဘောပေါက်ကြမယ်လို့  မျှော်လင့်မိပါတယ်။

စင်္ကာပူမှ ပို့လာသော အီးမေးတခုကို ကိုကျော်သောင်းမှ ထပ်ဆင့်ပို့ပေးပါသည်။

Burma's News World's News

Iranians wait outside a polling station in Tehran
Voting is extended in Iran's presidential election as "unprecedented" numbers of voters flock to polling stations.

A leading Islamic scholar who called the Taliban "un-Islamic" is killed in one of two bomb attacks on religious targets in Pakistan.

Madonna wins permission to adopt a second child from Malawi after challenging an earlier ruling by a judge.

A woman casts her vote in Iranian presidential elections at Ershad mosque, on outskirts of Tehran, 12 Jun 2009
Thu. 11 Jun 2009 0906 UTC

Heavy Turnout Reported as Iranians Vote in Presidential Election

Strong turnout, according to analysts, could work against incumbent Mahmoud Ahmedinejad

Full Story » | Listen Audio clip available

A member of the Pakistani bomb disposal squad uses a metal detector following a suicide bomb attack at the Jamia Naeemia madrassa, an Islamic seminary in Lahore, 12 June 2009

Two Blasts Hit Pakistani Cities

One attack took place at the Jamia Naeemia Islamic school in the eastern city of Lahore, soon after Friday prayers

Lt. Gen. Stanley A. McChrystal (file photo)

US Commander in Afghanistan to Review Strategy to Reduce Civilian Casualties

General Stanley McChrystal says emphasis to be on protecting civilians from both 'the enemy and from unintended consequences of our operation'

United Nations Security Council (file photo)

UN to Vote on New North Korea Resolution Friday

Resolution would impose additional sanctions on Pyongyang including cargo inspections and a total arms embargo

Indian Home Minister P. Chidambaram during press conference in Srinagar, 12 Jun 2009

India Proposes to Phase Troops Out of Towns in Kashmir Audio Clip Available

Home Minister Chidambaram reviews security during visit to restive region, where troops have been battling Muslim separatist insurgency for two decades


Suu Kyi Trial Postponed

By THE IRRAWADDY
Rangoon Court postpones Suu Kyi’s trial till June 26 to hear defense witness Khin Moe Moe.

Swine Flu Goes Global

By ARKAR MOE
The WHO has raised its alert on the H1N1 virus to that of a global pandemic while a Swiss pharmaceutical giant declares it has a vaccine.

Singapore Investors Waiting for Democracy in Burma

By THE ASSOCIATED PRESS
Former PM Goh has said Singapore investors will likely wait until after Burma’s elections next year before pouring any more money into the country.

Junta No 2 Expected to Ask China for Border Help

By SAW YAN NAING
The junta’s number 2, is to travel to China soon on a visit analysts say will include talks focusing on the regime’s uneasy relationship with ethnic ceasefire groups based along the Sino-Burmese border.

EU Calls for a Ceasefire in Eastern Burma

By ARKAR MOE
The EU has issued a declaration expressing serious concern over the Burmese military offensive against the Karen National Union and its effect on civilians.

Suu Kyi Trial Adds to Ceasefire Groups’ Distrust of Junta

By LAWI WENG
The Burmese regime’s plans to tame armed ceasefire groups have hit a snag, as the trial of Aung San Suu Kyi has highlighted the junta’s underhanded tactics.

Court adjourns Suu Kyi’s trial till June 26

The special court in the notorious Insein prison on Friday fixed June 26 for the hearing of a defence witness in the on-going trial of opposition leader Aung San Suu...

Rangoon still lacks proper electricity

Despite of promised by authorities to provide round-the-clock electricity supply in Rangoon, an official from Ministry of Electrical Power in Naypyitaw said,...

India silent on Aung San Suu Kyi’s trial: Freedom House

The Indian government has been urged by a Washington based Independent Non-Governmental Organization on Thursday to pressurize the Burmese military junta...

France, Germany join ranks in seeking release of Suu Kyi

The German and French Heads-of-State, Angela Merkel and Nicolas Sarkozy, during a joint news conference Thursday in Paris declared they are trying to enlist...

FDB urges UN to address Karen refugee issue

The ‘Forum for Democracy in Burma’ (FDB) in exile has urged the UN Security Council to tackle the Karen refugee issue by taking action on the grounds of crime against...

EU “concern” over mounting military offensive in eastern Burma

European Union on Thursday expressed “serious concern” over the mounting military offensive by the Burmese army and its allies against the Karen National Liberation Army, which results in large,...

Thai-Burma relations under ‘unprecedented strain’

June 12, 2009 (DVB)–Thailand’s condemnation of the Suu Kyi trial and the arrival of thousands of Burmese refugees has put relations between the two countries under “unprecedented strain”, according to a Burmese state-run newspaper. - more


Education in Burma requires ‘urgent support’

June 12, 2009 (DVB)–United Nations’ calls for urgent support for education in Burma have been reinforced by reports that schools in Rangoon are now reliant on donations from parents due to lack of government funding for education. - more


Thai villagers threatened in Karen offensive

June 12, 2009 (DVB)–A Burmese junta-backed militia group involved in the offensive against the Karen National Union near the Thai-Burma border has reportedly threatened to shell Thai villagers if they don’t supply them with food. - more

ကျွဲပါးစောင်းတီးလို့ မရတော့ပါ


၁၂ ဇွန် ၂၀၀၉

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလား၊ မလွှတ်ဘူးလား…?
ဤမေးခွန်းကို နအဖစစ်အစိုးရဟာ ယနေ့အချိန်တွင် အကြီးအကျယ် စဉ်းစားရတော့မယ်။ ဖြေဆိုရတော့မယ်။
အဖြေကောင်းရင် အောင်မှတ်ရမယ်။
အဖြေမကောင်းရင် အရှက်တကွဲ အကျိုးနည်းနဲ့ ရင်ဆိုင်ရမယ်။
ဒီမေးခွန်းအတွက် နအဖစစ်အစိုးရ ငယ်ထိပ်မြွေပေါက် ခေါင်းမီးတောက်.. ဖင်ကြားခဲညှပ်နေပြီ။
မကောင်းကြံ ယုတ်မာပက်စက်တဲ့ အကုသိုလ် ဒေါသမီးဟာ ကိုယ်ရင်ထဲ ပြန်လောင်နေပြီ။
မရဲဘဲ ကျွဲပြဲစီးမိနေပြီ။

တရွာနဲ့ တယောက်၊ တကမ္ဘာလုံးနဲ့ တနိုင်ငံ အထီးကျန် ငပွကြီး ဖြစ်နေပြီ။ ဟီရိသြတ္တပ္ပ အရှက်အကြောက်တရား ရှိတတ်ရင် ကိုယ့်လည်ပင်းကြိုးကွင်းစွပ် မြစ်ထဲခုန်ဆင်း သတ်သေသင့်ပြီ။
ဗုဒ္ဓဘာသာ အရေခြုံပြီး မြန်မာပြည်တနံတလျား ဘုရားတည်၊ ကျောင်းဆောက် ထီးတော်တင်လုပ်ခဲ့ကြတာ သူတို့ပဲ။
ဘုန်းကြီးကျောင်း၊ သီလရှင်တိုက်တွေကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပစ္စည်းငါးပါး ဒါယကာ လုပ်တာလည်း သူတို့ပဲ။
သံဃာတော် ဆရာတော်ကြီးတွေကို ဘွဲ့တံဆိပ်တော်တွေ လှူဒါန်းဆက်ကပ်တာလည်း သူတို့ပဲ။
မြန်မာပြည်သူလူထုကို ဘာသာရေး မှိုင်းတိုက်ပြီး၊ သူတို့ကိုယ် သူတို့ ဗုဒ္ဓဘာသာဝင် စစ်စစ်ကြီးတွေအဖြစ်၊ သူတို့ရဲ့ သတင်းစာတွေထဲမှာ ဓာတ်ပုံကြီးတွေနဲ့ ဟန်ဆောင်သရုပ်ပြ ပြုလုပ်ကြတာလည်း သူတို့ပါပဲ။
နောက်ဆုံးတော့ ဒီဟန်ပြသရုပ်ဆောင်မှုတွေဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ဘွင်းဘွင်းကြီး ဗူးပေါ်သလို.. မှောက်ထားသော ခွက်ကို လှန်တိုက်သကဲ့သို့ ထင်ထင်ရှားရှား ပေါ်ခဲ့တာပဲ မဟုတ်လား။

အေးချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်ကြတဲ့ သံဃာတော်များနဲ့ ကျောင်းသားပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်၊ ရိုက်နှက်၊ သတ်ဖြတ်၊ ဖမ်းဆီး ထောင်ချ၊ သွေးမြေကျခဲ့ကြရတာဟာ ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်ကြရဲ့လား။
တနိုင်ငံလုံး တကမ္ဘာလုံးက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ရွှေဝါရောင်တော်လှန်ရေး ဇာတ်လမ်းကြီးကို ဒီဗွီဘီကရော၊ ဗီဒီယို မှတ်တမ်းခွေတွေကပါ ကြည့်ခဲ့ရလို့၊ နအဖစစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကို သိနေကြပြီ။ ဒါတွေက ဘယ်တော့မှ မပျောက်။ နအဖရဲ့ အမဲစက်သမိုင်းမှတ်တမ်းအဖြစ် တင်ကျန်နေဦးမှာ။
ယခုလည်း နအဖစစ်အစိုးရရဲ့ အချိန်ပြည့် အမှားထွင်… ကလိမ်စေ့ ငြမ်းဆင်နေတာကြီးက ကိုယ့်အသည်းကို ငရဲမီး ပက်ခံရသလို ပူလောင်နေပြီ။

ဒေါ်အောင်ဆန်းစုကြည်…
-မြန်မာပြည်ရဲ့ တဦးတည်းသော ဒီမိုကရေစီ လူထုခေါင်းဆောင်။
-လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ပညာတတ် ထက်မြက်သူ။
-မြန်မာပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင် သူရဲကောင်း။
-နိုင်ငံတကာမှ လေးစားချစ်ခင်ရသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်။
-မြန်မာပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းစွမ်းဆောင်နိုင်သူ။
ဒီလို ပုဂ္ဂိုလ်ထူးကိုမှ မကောင်းမြင်၊ အာဃာတ၊ အငြိုးထား အမုန်းတရားတွေနဲ့ ပြစ်ဒဏ်ချချင်လိုကြတဲ့ နအဖစစ်အစိုးရ အခုတော့ ကိုယ်မွှေးတဲ့ မီးနဲ့ ကိုယ်ပြန်လောင်နေရပြီ။

* ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ…
* အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး ILO မှ ထုတ်ပြန်တဲ့ တိုက်တွန်းတောင်းဆိုမှု ကြေညာချက်တွေ..
* လူ့အခွင့်အရေး အဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့များမှ ကြေညာချက်တွေ…
* အာဆီယံ အီးယူက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်တွေ…
* အာဆီယံ ဥက္ကဋ္ဌ ထိုင်းဝန်ကြီးချုပ်မှ ထုတ်ပြန်တဲ့ ကြေညာချက်တွေ…

၎င်းပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် လက်ထောက် မစ္စတာ ဂန်ဘာရီ၊ အမေရိကန် ပြည်ထောင်စုမှ သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်၊ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ တောင်အာဖရိက စသည့်တို့မှ နိုင်ငံခေါင်းဆောင်တွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေက နအဖရဲ့ အူထဲအသည်းထဲမှာ ၀င်ရောက်ခြောက်လှန့် မွှေနှောက်နေပြီ။ စစ်ခေါင်းဆောင်ကြီးတွေ ခေါင်းခဲပြီး စားမ၀င် အိပ်မပျော်၊ နှလုံးခုန် သွေးတိုးနေလောက်ပြီ။ သတင်းစာထဲက ဟန်ပြ အပြုံးရိပ်တွေ မချိပြုံးတွေ တွေ့နေရပြီ။

ကဲ.. ဒီတော့ နအဖစစ်အစိုးရ ဘာလုပ်မလဲ.. ဘယ်လဲ။

ဘယ်လမ်းရွေးမလဲ။ လတ်တလော ပူပူနွေးနွေး ဇွန်လ (၃) ရက်မှ (၅) ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး (အထူးသံကိုယ်စားလှယ်) နဲ့ တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်း ပြောကြားချက်တွေ နှင့် ဇွန်လ (၉) ရက်နေ့က ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ စင်ကာပူ သမ္မတနိုင်ငံ ၀ါရင့်ဝန်ကြီးချုပ် ဂိုချောက်တောင် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် သီးခြားတဦးစီ တွေ့ဆုံပြီး မြန်မာနိုင်ငံအရေးနှင့် အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဆွေးနွေးအကြံပြု ပြောဆိုချက်တွေကို နအဖစစ်အစိုးရ အလေးထား ဂရုစိုက်ရတော့မည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲကလို “ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချိုသွေးရနဲ့ ကြာရင် …(..) နိုင်ငံကြီး ဖြစ်သွားမယ်” ဆိုတဲ့ ကိန်းဆိုက်နေပြီ။ ခွေးတကောင်ကို ချောင်ပိတ်ရိုက်တဲ့ အဖြစ်မျိုးလည်း မဖြစ်ချင်ပါ။ ထွက်ပေါက်ပေးချင်ပါတယ်။ ဒီထွက်ပေါက်က ဘာလဲ။

- လက်ရှိ နအဖရဲ့ ကလိန်စေ့ငြမ်းဆင် လုပ်ကွက်ဇာတ်ရုပ်ကြီးကို ရုပ်သိမ်းပါ။
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပါ။
- အန်အယ်လ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ (ရွေးကောက်ပွဲမှ အနိုင်ရ တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င်) နှင့် နအဖ တပ်မတော်ခေါင်းဆောင်များ သုံးပွင့်ဆိုင်၍ အမျိုးသားရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေး အမြန်ဆုံးဆွေးနွေးရန်။
- ဒီမိုကရေစီ မကျတဲ့ အခြေခံဥပဒေပါ အချက်များ ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့်
- နောက် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ လေ့လာကြီးကြပ်ကွပ်ကဲမှုများ ခွင့်ပြုပေးရန်တို့ ဖြစ်ပေသည်။

နအဖ စစ်အစိုးရအနေနှင့် ယနေ့အချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများနှင့်ပါ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားရန် လမ်းတလမ်းသာ ရှိပါတော့သည်။ ကျွဲပါးစောင်းတီး ဖြစ်နေရမည့် အချိန်မဟုတ်တော့ပါ။


မြန်မာ့သတင်း ကမ္ဘာ့သတင်း

၂၀၁၀ ရွေးကောက်ပွဲပြီးမှ စင်ကာပူ စီးပွားရေးသမားများ ရင်းနှီးမြှုပ်နှံမည်ဟု ဂိုဂျုတ်တောင်ပြော

၂၀၁၀ ရွေးကောက်ပွဲပြီးမှ စင်ကာပူ စီးပွားရေးသမားများ ရင်းနှီးမြှုပ်နှံမည်ဟု ဂိုဂျုတ်တောင်ပြော

စင်ကာပူနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသည် ၂၀၁၀ ရွေးကောက်ပွဲပြီးမှ မြန်မာနိုင်ငံတွင် ရင်းနှီးမှုများ

ဒေါ်အောင်ဆန်းစုကြည်အမှု ရုံးချိန်း ရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည် အမှုရက်ချိန်းကို ရန်ကုန်တိုင်း မြောက်ပိုင်း ခရိုင်တရားရုံးက လာမည့် ဇွန်လ ၂၆ ရက် နေ့သို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း သူ၏ အမှုလိုက်ရှေ့နေများက

ဂရုမစိုက်အားသေးဘူး

E-mail Print


ဝီရ / ၁၂ ဇွန် ၂၀၀၉


“အခု FM လုပ်ခွင့်ရသွားတဲ့ကုမ္ပဏီတွေက နအဖထိပ်ပိုင်းအရာရှိတွေနဲ့ နီးစပ်သူတွေ၊ ဆွေမျိုးတွေချည်းပဲ။ တချို့ကုမ္ပဏီတွေက နအဖနဲ့ အကျိုးတူပူးပေါင်း လုပ်နေကြလို့ သူတို့ကို ပေးတာတဲ့။ ပြီးတော့ တချို့ကုမ္ပဏီတွေဆို ....” အပြည့်အစုံသို့
A(H1N1) တုပ်ကွေး ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာ

NEJ / ၁၂ ဇွန် ၂၀၀၉
A(H1N1) ဗိုင်းရပ်သည် မြောက်အမေရိကတိုက်အတွင်း လူလူချင်းကူးစက်သည့်အဆင့် ဖြစ်ပွားခဲ့ရာမှ ယခုအခါ အခြား နိုင်ငံများသို့ ကူးစက်ပျံ့နှံ့လာသောကြောင့် .... အပြည့်အစုံသို့
စစ်ပြေးကရင်ပြည်သူများအတွက် အီးယူစိုးရိမ်

NEJ / ၁၂ ဇွန် ၂၀၀၉
တိုင်းရင်းသားလူမျိုးစုများအပေါ် အာဏာပိုင်များက စစ်ရေး နည်းဖြင့် ဖြေရှင်းခြင်းကို ရှောင်ကျဉ်သင့်ပြီး ယင်းသို့ဖြေရှင်း ခြင်းသည် ဒေသတွင်း မတည်ငြိမ်မှု..... အပြည့်အစုံသို့

အင်းစိန်အထူးတရားရုံး တရားခွင် ရုံးချိန်းထပ်ပြောင်း

မင်းနိုင်သူ / ၁၂ ဇွန် ၂၀၀၉
“ကျနော်တို့ ရန်ကုန်တိုင်းတရားရုံးရဲ့ သက်သေပြင်ဆင်ခွင့် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိတဲ့အတွက် မနေ့က ဗဟိုတရား ရုံးချုပ်ကို ထပ်တင်ပါတယ်။ အဲဒီမှာ ....” အပြည့်အစုံသို့
သံဃာတော်များအား ပြည်ပထွက်ခွင့်ပိတ်

မင်းနိုင်သူ / ၁၂ ဇွန် ၂၀၀၉
“ဆရာဦးအောင်သိန်းညွန့် မရှိပါ
ဘူး။ ထောက်ခံချက် ထုတ်မပေး
တာ ဟုတ်ပါတယ်..” အပြည့်အစုံသို့

မိုင် ၉၀၀ ခရီးစဉ်၏ ၁၄ ရက်မြောက်နေ့ 14th day of 900 miles for Long March

အပြည့်အစုံဖတ်လိုသူများ ခေါင်းစဉ်ပေါ်ကို နှိပ်၍ဖတ်ပါ။

Attica ကိုကျော်ဖြတ်ပြီ
ဇွန်လ ၁ဝ၊ ၂ဝဝ၉ (၁၄ရက်မြောက်ခရီး)

ဒီကနေ့ စတင်လမ်းလျှောက်ပြီး ၂ နာရီခန့်အကြာတွင် ခြံဝင်းအကြီးကြီး အိမ်အကြီးကြီးထဲမှ အိမ်ရှင်အမျိုးသားတဦးထွက်လာပြီး ကျွန်ုပ်တို့ ၆ ဦးစလုံးကို သောက်ရေသန့်ဗူးများပေး၏။ ၎င်းသိလိုသောအကြောင်းအရာများကို ကျွန်ုပ်တို့စိတ်ရှည်ရှည်ဖြင့်ရှင်းပြရာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံတင်ပြမည့်စာတွင် လက်မှတ်ရေးထိုးလိုက်လေ၏။ ကံကောင်းပါစေ၊ အောင်မြင်ပါစေ၊ ကားတွေကိုသတိထားပြီးရှောင်ပါ စသည်ဖြင့် သတိလည်းပေး ဆုလည်းတောင်းရင်း လက်ပြနှုတ်ဆက်ခဲ့ကြ၏။


ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးအမှု အယူခံဝင်ခွင့်ရ

နိုင်ငံကျော် ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရနှင့် အားကစား သတင်းဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့ အယူခံဝင်ရန် လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်က လက်ခံလိုက် ......


more


more


more


more


more


more


more

တရားရုံးချုပ်ကို ဆုံးဖြတ်ချက် ပြင်ရန် ဒေၞအောင်ဆန်းစုကြည်၏ ရှေႚနေမဵား လျှောက်ထား


နေပြည်တော်ရေဒီယိုမှ မိုးလေဝသ သတင်းကို ပြည်သူများ မယုံကြည်


သွေးစွန်းသောနေႚရက်များကို မေမ့ႀကပၝနဲႚ ဗီစီဒီခွေဖြန်ႛဝေ


ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုပ်တ်နိုင်ငံကို အလည်သွားရောက်မည်


အိန္ဒိယ နိုင်ငံခြားရေးမူဝၝဒ ပြန်လည်သုံးသပ်ဖိုႛ ကာကွယ်ရေးဝန်ကြီးဟောင်း တိုက်တွန်း