10.30.2008

AAPP statement: 9 leaders of the 88 generation students group were sentenced to 6 months


ကျောင်းသားတပ်မတော် ဖွဲ့စည်းခြင်း အနှစ် ၂၀ ပြည့် ပို့စကဒ်


၈၈ အရေးတော်ပုံက ပေါ်ထွန်းလာသည့် ကျောင်းသားတပ်မတော်

ဖွဲ့စည်းခြင်း အနှစ် ၂၀ ပြည့် ပို့စကဒ်ထွက်ရှိ

အောက်တိုဘာ ၂၉၊ ၂၀၀၈

၎င်းတို့ ၀က်ဆိုက်ကို သည်မှာ သွားကြည့်နိုင်ပါတယ်။ http://www.absdf8888.org/

နာဂစ်မုန်တိုင်းသင့်မိဘမဲ့ကလေးသူငယ်များ စာရင်း ထုတ်ပြန်

#fullpost {display:none;}


မြန်မာဘုန်းတော်ကြီးများနှင့် စေတနာရှင်များ၏ Child Aid Foundation က

ပြုစုကူညီထောက်ပံ့ထားသော မိဘမဲ့ကလေးသူငယ်များ စာရင်း ထုတ်ပြန်

မိုးမခ အထောက်တော် ၀၀၂

အောက်တိုဘာ ၂၉၊ ၂၀၀၈

မြန်မာဘုန်းတော်ကြီးများနှင့် စေတနာရှင် မြန်မာမိသားစုများ ၀ိုင်းဝန်းပြီး စေတနာ့ဝန်ထမ်းဆောင်ရွက်လျက်ရှိသည့် ချိုင်းအိတ်ဒ်ဖောင်ဒေးရှင်းက ယခုအောက်တိုဘာလအတွင်း ကောက်ခံရယူထားသော နာဂစ် မုန်တိုင်းသင့် မိဘမဲ့ ကလေးသူငယ်များစာရင်းနှင့် ထောက်ပံ့ကူညီနေသည့် စေတနာအလှူရှင်များကိုပါ တွဲဖက်သည့် စာစောင်ငယ်လေးတခု ထုတ်ပြန်လိုက်သည်။

ယာယီ သတင်းပြန်ကြားရေးအတွက် တင်ဆက်နေသည့် http://childaid08.blogspot.com အပြင် အင်တာနက်စာရွက်စာတမ်းများ သိမ်းဆည်း ထုတ်ပြန်ရန် မှတ်သားရလွယ်ကူမည့် အင်တာနက် လိပ်စာတခုကိုလည်း စတင်လိုက်သည်။ လိပ်စာမှာ - http://ChildAidMyanmar.Org ဟူ၍ ဖြစ်သည်။

ကလေးသူငယ်များနှင့် အလှူရှင်များ စာရင်းတွင် စာမျက်နှာ ၄၅ မျက်နှာခန့်ပါဝင်ပြီး ကလေးသူငယ်ပေါင်း ၄၃၉ ဦး၏ စာရင်း၊ ဓာတ်ပုံငယ်၊ ကိုယ်ရေးအကျဉ်းနှင့် တနှစ်စာ လစဉ်အလှူ ကူညီသူ မြန်မာမိသားစုများ၊ စေတနာရှင်များ၏ အမည်တို့ကို တွဲဖက်ပြီး ထုတ်ပြန်ထားသည်။ တ၀က် ကျော်ကျော်မှာ သီးသန့်အလှူရှင် မရှိသေးသော်လည်း ဆရာတော်များနှင့် ဝေယျာဝစ္စ တကာ၊ တကာများက စုပေါင်းအလှူငွေများကတဆင့် ၀ိုင်းဝန်း စောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။

ကလေးသူငယ်များနှင့် အလှူရှင်စာရင်းကို ဒီနေရာကနေ ကူးယူ ရရှိနိုင်ပါသည်။ http://childaidmyanmar.org/images/CAFas102908.pdf

NLD လူငယ် အကျိုးဆောင် ရှေ့နေ အဖမ်းခံရ

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အတိုက်အခံပါတီရဲ့ ပါတီဝင်တွေကို အကာအကွယ်ပေးတဲ့ ရှေ့နေ တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကိုညီညီထွေးကို ရန်ကုန် လှိုင်သာယာ ရဲစခန်းမှာ ရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ USCB အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ထုတ်ဖော် ပြောဆိုလိုက်တာပါ။

ကိုညီညီထွေးနဲ့အတူ ရှေ့နေတစ်ဦး ဖြစ်တဲ့ စောကျော်ကျော်မင်း တို့ဟာ လူထု မငြိမ်မသက်ဖြစ်အောင် ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အဖွဲ့ဝင် ၁၁ဦးဘက်က ကာကွယ်ပြောဆိုခဲ့တယ်လို့ USCBက ပြောပါတယ်။ ၂၀၀၇ခုနှစ် ဂျူလိုင် ၁၉ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားကို ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ကြရာမှာ အဲဒီလူငယ် ၁၁ဦးကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေဟာ တရားမျှတတဲ့ စီရင်မှုတွေ မရှိခဲ့ဘူးလို့ USCBက ပြောဆိုပါတယ်။

Trials in Burma under the Military Regime,2 မင်းကိုနိုင် အပါအ၀င် ၈၈ ကျောင်းသားခေါင်းဆောင် ၉ဦးကို တရားရုံးမထေမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆လစီ အပြစ်ပေး

October 29, 2009



Min Ko Naing and Eight Members of the 88 Generation Students Sentenced
for Contempt of the Court

I have reported on Oct 27, 2008 that the judge from Rangoon Northern
District Court, held inside the Insein Prison Compound, told the
members of the 88 Generation Students on trials that they would be
charged with Section 188 of the Penal Code for contempt of the court.

Today, on Oct 29, 2008, during the court hearing, Min Ko Naing and all
defendants stood up and complained for their right and lack of free
and independent judiciary. Then Judge accused that they were
disturbing the court procedure, charged them with the Section 188 of
the Penal Code and delivered six-month imprisonment each for nine
student leaders, Min Ko Naing, Ko Ko Gyi, Mya Aye, Min Zeya, Pyone
Choe (aka) Htay Win Aung, Aung Thu, Hla Myo Naung, and Aung Naing. The
rest defendants stood up and demanded the judge to sentence them too.
Then, the judge ordered security forces to remove the defendants from
the court and adjourned the trial.

Please see below, which I reported on Oct 27, 2008, for back ground information.


One More Charge for Min Ko Naing and 88 Generation Students Group



October 27, 2008

Min Ko Naing and 34 members of the 88 Generation Students are facing
21 trials with dozens of charges, which will lead up to over 150 years
imprisonment, since August 2008. Their cases were heard by two
District Courts and seven Township Courts, held inside the Insein
Prison Compound. Since October 15, 2008, all Township Courts handed
over the cases to three District Courts, which are Rangoon Eastern
District Court, Rangoon Western District Court and Rangoon Northern
District Court. These three District Courts are hearing the cases
inside Insein Prison Compound. As they are instructed to wrap up the
cases by the authorities, the court hearings are held at least two or
three days a week.

Last Friday, on Oct 24, 2008, Rangoon Northern District Court held a
hearing against Min Ko Naing and group. All student leaders stood up
and asked the judge to allow their family members to attend the
hearing. Security was very tight. Armed security forces were present
outside and inside the Insein Prison Compound and around the Special
Court. Further, dozens of armed police stood behind all defendants in
the Court room. When the student leaders stood up and demanded for
their rights, the police prosecutor asked the judge to take action
against the defendants for contempt of the court and the judge
instructed the armed police to force them down to sit. Later, the
judge decided to adjourn the hearing and instructed the police to
remove defendants from the court room. Before they left the room, the
judge told them that they would be charged with Section 188 of the
Penal Code, for contempt of the court.

Their trial continued on Monday, Oct 27. Many defendants began to
withdraw their attorney power from their lawyers, as they believe it
is not a fair trial. Some refused to answer the questions of the
prosecutors. Security was still tight and the defendants are concerned
for their safety. Trial will continue on Wednesday, Oct 29, 2008.


Aung Din

U.S. Campaign for Burma

aungdin@uscampaignforburma.org

မင်းကိုနိုင် အပါအ၀င် ၈၈ ကျောင်းသားခေါင်းဆောင် ၉ဦးကို တရားရုံးမထေမဲ့မြင်မှုဖြင့်
ထောင်ဒဏ် ၆လစီ အပြစ်ပေး

၈၈ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၉ဦးကို တရားရုံးကို မထီမဲ့မြင်ပြုတဲ့ ပုဒ်မနဲ့ တရားလို အရာရှိဖြစ်တဲ့ ဦးမြကြိုင်ကနေ တရားစွဲဆိုခဲ့ပြီး တရားရုံးကို တင်ပြရာမှာ တရားရုံးက ဒီနေ့မှာ ထောင်ဒဏ် ၆ လ အပြစ်ပေး လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ အမှုလိုက်ရှေ့နေ ဦးအောင်သိန်းက ကြားသိရသမျှကို အခုလို ပြောပြပါတယ်။

“မင်းကိုနိုင်ရယ်၊ ကိုကိုကြီးရယ်၊ လှမျိုးနှောင်ရယ်၊ မြအေးရယ်၊ ဥာဏ်လင်း၊ ပြုံးချို၊ အောင်သူ၊ ဌေးကြွယ်၊ မျိုးရန်နိုင်တို့ ကိုးဦးကို အမှုကနေ ဖယ်ထုတ်ပြီးတော့ လျှောက်ထားတယ်။ သူတို့ကို တရားရုံးကို မထီလေးစား ပြုလုပ်တဲ့ ပုဒ်မ အရေးယူပေးဖို့ ဆိုပြီး ဦးမြကြိုင်က တရားရုံးကို လျှောက်ထားတယ်။ ပြီးတော့ အဲဒီ အမှုကို တရားရုံးက အမိန့်မချသေးဘူး။ ခဏ ဆိုင်းထားဦးမယ်လို့ ပြောတယ်။ ပုဒ်မ ၂၂၈အရ တရားရုံးကို အနှောက်အယှက်ပေးတယ်။ တရားရုံးကို အမှုစစ်ဆေးရာမှာ ဟန့်တား နှောက်ယှက်မှုတွေ ပြုတဲ့ အရေးယူပေးဖို့ လျှောက်တယ်။ ဒီနေ့ကျတော့ သူတို့ ၉ယောက်ကို ရုံးထုတ်တယ်။ သူတို့ကို ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ပေးတယ်။”

ကျောင်းသားခေါင်းဆောင်တွေကို စွဲဆိုထားတဲ့ ထားတဲ့ ပုဒ်မတွေက အများကြီးရှိသေးပေမယ့် ဒီနေ့ စစ်တဲ့ အမှုထဲမှာတော့ အဲဒီ အမှုတွေ မပါလာပါဘူး။