9.01.2009

Burma's News World's News


President Lech Kaczynski attends ceremonies marking the 70th anniversary of the beginning of WW II at the Monument of Westerplatte Defenders, in Gdansk, 1 Sept 2009
Tue. 01 Sep 2009 1109 UTC

Ceremonies in Poland Mark Start of WWII

Polish political, religious leaders recall sacrifices of countrymen in struggle against Hitler's forces

Full Story »

The reactor building (L) dominates the nuclear power plant in Bushehr, Iran (File)

Iran Ready to Hold Nuclear Talks

State media reports quote head of Supreme National Security Council as saying country has 'updated' set of proposals

South Korean cargo trucks head to the North Korean city of Kaesong, 1 Sept 2009

North, South Korea Normalize Cross-Border Traffic Audio Clip Available

South Korean Unification Ministry spokeswoman says traffic set to resume at levels not seen for more than a year

Workers count ballots at the Independent Election Commission in Kabul, Afghanistan, 27 Aug 2009

Experts: Elections Last Chance to Resolve Afghan Conflict Video clip available

Mounting questions about Afghan elections could undercut credibility

Moammar Gadhafi attends show for 40th anniversary of military coup that brought him to power, at military airfield outside Tripoli, 01 Sep 2009

Libya's Gadhafi Marks 40 Years in Power

Some world leaders expected to attend festivities for anniversary of military coup that brought him to power


A Polish veteran looks on during ceremonies at Westerplatte Monument in Gdansk
Commemorations are taking place to mark the outbreak of World War II amid tensions between Poland and Russia.

Military-led Fiji is suspended from the Commonwealth, after it refused to commit to holding elections in 2010.

Geo-engineering projects could help curb climate change but are not substitutes for reducing emissions, a report concludes.

QUOTE OF THE DAY
The brutal fighting has forced thousands of civilians to flee their homes for safety in Thailand and China, and reduced both stability and the prospects for national reconciliation.
— Ian Kelly, US State Department spokesman

OPINION

Offensive Elections?

By AUNG MOE ZAW
The recent clashes between the Burmese army and a former ceasefire group highlight the flaws of the junta’s constitution and the dangers posed by next year’s planned elections.

Laogai is a Silent Capital

By SAW YAN NAING
The Kokang capital shuts down amid reports of looting of Kokang-owned stores by regime soldiers.

Halt Military Campaigns against Ethnic Nationalities: US

By LALIT K JHA
The Burmese military government should immediately halt its “brutal fighting” against ethnic groups, says the US State Department.

Amnesty Offer to Kokang Troops—Leaders Face Manhunt

By MIN LWIN
Burmese regime has offered an amnesty to troops of the Kokang ceasefire group while launching a manhunt for four of their leaders.

Burmese Officials Travel to Kunming

By SAW YAN NAING
Five senior Burmese officials visited the capital of China’s Yunnan Province days after clashes that sent thousands of refugees fleeing across the Sino-Burmese border.

Rangoon Opinions Differ on Kokang Assault

By LAWI WENG
Burmese Residents in Rangoon express different opinions on the junta’s attack on the Kokang militia.

Kokang Refugees' Return Slows

By NG HAN GUAN
Chinese authorities began pulling down tent camps as the number of refugees returning to Burma fell sharply from the thousands the day before.

Gay beauty pageant for HIV/AIDS charity

The gay community organized a fund raising beauty pageant for HIV/AIDS patients on August 29 in Rangoon. 'Miss Red Ribbon Beauty Contest 2009' kicked off at the Sedona Hotel......

China gifts railway package to Burma

China on Monday gifted five railway locomotives and 220 passenger and freight coaches to military ruled Burma to help the country extend its railway network up to...

Editorial, Opinion and Analysis

Burma's fishery export downward trend continue

(Analysis) Despite Burma’s fishery products being a good revenue earner in the export market, this year it has taken a beating and failed to achieve the targe...


Monks under close surveillance

As the second anniversary of the Saffron Revolution draws near, arrests, searches and monitoring of monks have been stepped up by the authorities in monasteries in...

US exhorts Burma to cease internal strife

The United States on Monday expressed its “deep concern” over the Burmese military junta’s attacks on ethnic nationality groups and exhorted the regime to halt its military...

Ten-party alliance drafts electoral policy

The alliance of 10-political parties in Burma started drafting its electoral policy since Sunday, as part of its preparation to contest in the junta proposed 2010 general...

Fighting abates as Kokang Army splits

Burma’s military rulers on Monday said the situation in north-eastern Shan State has normalised, but sources along the Sino-Burma border said sporadic fighting continues between junta troops...

အားနွဲ့သူမိန်းမသား

Written by လူထုစိန်ဝင်း

အမျိုးသမီး ထုတ်ဝေသူ များရဲ့ စာအုပ် ရောင်းပွဲ တစ်ခု ကျင်းပမယ် ဆိုတဲ့ သတင်း တစ်ပုဒ် ဂျာနယ်တွေ ထဲမှာ ဖတ်လိုက်မိတယ်။ ဒီသုံးလေး နှစ်အတွင်းမှာ အမျိုးသမီး ထုတ်ဝေသူ တွေ ကြိုးစား ပမ်းစား လှုပ်ရှားတက်ကြွ နေကြတာ ကိုလည်း သတိပြုမိတယ်။ အင်မတန်မှကို အားရ၀မ်းသာ ဖြစ်ရပါတယ်။ နယူးစ်ဝိခ် မဂ္ဂဇင်း ထုတ်ဝေသူ ကမ္ဘာကျော် သူဌေးမကြီး “ကက်သရင်း ဂရေဟမ်” လိုပဲ အောင်မြင်မှုတွေ ရကြပါစေလို့ စိတ်ထဲမှာ အောက်မေ့ နေမိပါတယ်။


ထူးခြားတဲ့ မြန်မာအမျိုးသမီး

မြန်မာ အမျိုးသမီးများဟာ အာရှတိုက် တစ်ခုလုံးမှာရှိကြတဲ့ တခြား ဘယ်နိုင်ငံက အမျိုးသမီးများနဲ့မှ မတူတဲ့ ထူးခြားသူတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံ အားလုံးလိုလိုမှာ အမျိုးသမီးများဟာ လူရာသွင်း မခံကြရပါဘူး။ ဒုတိယ တန်းစား လူသတ္တ၀ါများ အဖြစ် အနှိမ်ခံနေရာကချည့် နောက်ဖေးခန်းနဲ့ မီးဖိုချောင်မှာပဲ နေခွင့် ရကြပါတယ်။ တချို့ နိုင်ငံများဆိုရင် မိန်းမများကို “ကလေး မွေးတဲ့စက်” လောက်ပဲ သဘောထားပြီး ကလေးမမွေး နိုင်ရင် ယောက်ျားက နောက်မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက် ယူလေတော့ မယားနေရာက အဆင့် လျောကျပြီး မီးဖိုချောင်ထဲမှာပဲ အခိုင်းအစေ အဖြစ်နေကြ ရပါတော့တယ်။ တချို့နိုင်ငံမှာဆို သမီးမိန်းကလေးမွေးလာ မွေးပြီးပြီးခြင်း သတ်လိုက်တဲ့ ခေတ်ကာလတွေတောင် ရှိခဲ့ပါတယ်။ မသတ်လို့ အသက်ရှင်နေရလည်း ၉ နှစ် ၁၀နှစ်သမီး ရောက်တာနဲ့ ဂေရှားမယ် အဖြစ် ရောင်းစားခံရတဲ့ နိုင်ငံမျိုး ရှိသလို၊ ယောက်ျား ရှာပေးစားပြီး ယောက်ျားအိမ်မှာ အခိုင်းအစေအဖြစ် နေရတဲ့ နိုင်ငံမျိုးတွေလည်းရှိပါတယ်။

သော့ကိုင်အမျိုးသမီး

မြန်မာ အမျိုးသမီးများကတော့ ရှေးပဝေသဏီ ကတည်းက အိမ်ထောင်စုရဲ့ အရေးပါတဲ့ “သော့ကိုင်” နေရာကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ယောက်ျားက ရသမျှ ငွေကို မိန်းမလက်ထဲ ထည့်လိုက်တာပါ။ မိန်းမကပဲ တစ်အိမ်ထောင်လုံးရဲ့ စားဝတ်နေရေး၊ သာရေးနာရေး၊ ရပ်ရေးရွာရေး အဖုံဖုံကို သင့်သလို စီမံခန့်ခွဲ သွားကြရပါတယ်။ တချို့ အမျိုးသမီးများ ကျတော့ ယောက်ျားတွေနဲ့ “ဒိုးတူပေါင်ဖက်” စီးပွားရှာတဲ့ အလုပ်တွေ လုပ်ကြပါတယ်။ မြို့ဖြစ်စေ၊ တောဖြစ်စေ ဈေးသည် မှန်သမျှ ဟင်းရွက်ကန်စွန်းက အစ အထည်အလိပ် အလယ်၊ ရွှေထည် စိန်ထည်အဆုံး အမျိုးသမီးများချည်း ဖြစ်ပါတယ်။ ဒီနေ့ ခေတ်တိုင်လည်း ဈေးသည် အများစုဟာ အမျိုးသမီးတွေပါပဲ။ ဒါတင်မကသေးပါဘူး။ ရှေးပဒေသရာဇ်ခေတ်တွေမှာ ကတည်းက အာရှနိုင်ငံတွေ သာမက ဥရောပနိုင်ငံတွေမှာပါ အမျိုးသမီးတွေ ပညာသင်ကြား ခွင့်မရလို့ ဘယ်မိန်းမမှ စာမတတ်ကြပါဘူး။ မြန်မာနိုင်ငံမှာတော့ ရပ်တိုင်း ရွာတိုင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ သားသမီးတွေ လွှတ်ပြီး “သြကာသနဲ့ နမက္ကာရ” ကစပြီး “နောဧကနောနဲ့ န၀ဒွေး”အထိ သင်ကြားတဲ့ ဓလေ့ စရိုက်ရှိတာကြောင့် တောခေါင်ခေါင်က အမယ်ကြီးအိုတွေတောင် နှစ်စောင်တွဲ စာအုပ်လောက်ကတော့ ဖတ်တတ်တာ ချည်းပါပဲ။

အယူအဆမှားတာတွေ

အဲဒီ ရှေးအစဉ်အလာတွေ အတိုင်း ဒီခေတ် အမျိုးသမီးများ စီးပွားရေး လုပ်ငန်းတွေကို စွမ်းစွမ်းတမံ ရှေ့တန်းက ဆောင်ရွက်နေကြတာများ ကြားသိ မြင်တွေ့ရတိုင်း ၀မ်းသာ ဂုဏ်ယူ နေမိပါတယ်။ ဒါပေမယ့်လို့ နှစ်ပေါင်းနှစ်ဆယ် အစိတ်လောက် ကောလိပ်ကျောင်းသား အရွယ် လူငယ်၊ လုံမငယ်တွေကို အင်္ဂလိပ်စကား သင်ကြားတဲ့ ဆရာ လုပ်လာခဲ့ရာမှာ တချို့တချို့သော ရှေးရိုး အစဉ်အလာ ဟောင်းများရဲ့ ဖိစီးမှုအောက်က ယောက်ျားလေး တွေရော မိန်းကလေး တွေပါ မလွတ် မကျွတ်နိုင်ကြ သေးတာတွေကို တွေ့မြင်ရပါတယ်။ အဲဒါကတော့ “ယောက်ျားဆိုတာ အိမ်ဦးနတ်”ဆိုတဲ့ အစဉ်အလာနဲ့ “ဗိုင်းကောင်းကျောက်ဖိ” ဆိုတဲ့ အယူအဆ အမှားများ ဖြစ်တယ်။

အိမ်ဦးနတ်

အယူအဆဟာ ဟိုရှေး ကျောက်ခေတ် ကာလ ယောက်ျားတွေ တောလိုက် မုဆိုးလုပ်ပြီး ရှာဖွေ ကျွေးမွေးတာကို တစ်အိမ်ထောင်လုံး မျှော်ကိုး စားသောက် နေရတဲ့ ခေတ်နဲ့တော့ ကိုက်ညီမှာပါ။ ဒီခေတ်လို အိမ်မှာ ရှိသမျှ အဖေရော အမေရော၊ သားသမီးတွေပါ အိမ်ရှိ လူကုန်ထွက် အလုပ်လုပ်တဲ့ ခေတ်နဲ့တော့ မအပ်စပ်တော့ပါဘူး။ နေကုန် နေခန်း အားလုံးပဲ ပင်ပင်ပန်းပန်း အလုပ် လုပ်ခဲ့ကြ ရတာ မဟုတ်လား။ အိမ်ရဲ့ နိစ္စဓူဝ တာဝန် မှန်သမျှကိုလည်း အိမ်သား အားလုံး ခွဲဝေ တာဝန် ယူကြရမှာပေါ့။ ဒါမှ မိသားစု အချင်းချင်း ချစ်ခင်ကြင်နာရာ ရောက်မှာပါ။ ဒါပေမယ့်လို့ အိမ်ထောင်စု တော်တော်များများမှာ အဲဒီလို သဘောထားပြီး ကျင့်သုံး လုပ်ဆောင်တာ တော်တော် နည်းပါးတာ တွေ့ရပါတယ်။ ခေတ်ပညာတတ် တွေသာ ဖြစ်ပေမယ့် ရှေးရိုး အယူအဆ များကိုတော့ မစွန့်နိုင်ကြပါဘူး။

မိန်းမတစ်ယောက်ရဲ့အလုပ်

မိသားစုတစ်ခုကိုပဲ နမူနာ ထားပြောပါမယ်။ မနက် စောစော ငါးနာရီ လောက်ဆို အိမ်ရှင်မက အိပ်ရာထရပါပြီ။ စောရင်သာ စောမယ်။ နောက်ကျလို့တော့ မဖြစ်ပါဘူး။ မျက်နှာလေး ကမန်းကတန်း သစ်ပြီး ဈေးကို ပြေးရပါတယ်။ ဈေးက ပြန်ရောက်တာနဲ့ ယောက်ျားနဲ့ သားသမီးများ အိပ်ရာက နိုးရင် စားသောက်ဖို့ မနက်စာ ပြင်ရပါတယ်။ အဲဒီ အချိန်အထိ ယောက်ျားက အိပ်ရာ မထသေးပါဘူး။ မိန်းမကတော့ မနက်စာပြင်ပြီးတာနဲ့ မီးမွှေးရ၊ ထမင်းအိုး တည်ရ လုပ်ပါတယ်။ မီးမွှေးရင်းပဲ မနက်စာကို အမြန် ပြီးစေလိုက်ရပါတယ်။ ထမင်းအိုးတည် ပြီးတာနဲ့ ဟင်းအိုး ဆက်ပြင် ရပါတယ်။ ဒါမှ ကလေးတွေ ကျောင်းသွား အမီ၊ လူကြီးတွေ ရုံးသွား အမီ ထမင်းချိုင့် အသင့် ဖြစ်နိုင်တာပါ။ မိန်းမ ထမင်းအိုးငှဲ့ပြီး ဟင်းအိုး မီးဖိုပေါ် ရောက်ချိန်ကျမှ ယောက်ျားက အိပ်ရာထပါတယ်။ မျက်နှာသစ် ပြီးတာနဲ့ လက်ဖက် ရည်စားပွဲမှာ ထိုင်ပြီး စားသောက်ပါမယ်။ ပြီးတော့ အိမ်ရှေ့ခန်းမှာ ဂျာနယ် ထိုင်ဖတ်ရင်ဖတ်၊ တီဗီထိုင် ကြည့်ရင် ကြည့်ပေါ့။ မိန်းမက ရေမိုးချိုးပြီးလို့ ထမင်းချိုင့်ပြင်သံကြားမှ သူက ရေထ ချိုးပါတယ်။ နောက်ဆုံး မိန်းမ အသင့်တည်တဲ့ ထမင်းချိုင့်လေး ဆွဲပြီး ရုံးသွားပါတယ်။ မိန်းမ ဈေးသွားနေခိုက်မှာ ရေနွေးအိုးလေး ဖြစ်စေ၊ ထမင်းအိုးလေး ဖြစ်စေ တည်ထားပေးတဲ့ ယောက်ျား ဘယ်နှစ်ယောက်များ တွေ့ဖူးပါသလဲ။

ဘာသိဘာသာ ယောက်ျားသား

ညနေကျတော့လည်း မိန်းမကသာ ရုံးဆင်းတာနဲ့ သုတ်သုတ် သုတ်သုတ်နဲ့ အိမ်ပြန်တာ။ အိမ်ပြန်တာတောင် ဖြောင့်ဖြောင့် ပြန်တာ မဟုတ်ဘူး။ ရုံးနားဝန်းကျင်မှာ ရောင်းလေ့ ရှိတဲ့ ဈေးသည်တွေဆီက ၀ယ်ရ ခြမ်းရ သေးတာ။ ဒါမှမဟုတ်လည်း ကလေးကျောင်း ကြိုတာ ဖြစ်ဖြစ် လုပ်ရသေးတာ။ အိမ်ပြန် ရောက်တာနဲ့ ရုံးက ပါလာတဲ့ ခြင်းကလေးချပြီး ချက်ရေး ပြုတ်ရေး လုပ်ရတော့တာပါ။ ယောက်ျား တွေကတော့ အိမ်ကို တန်းတန်းမတ်မတ် ပြန်ခဲပါတယ်။ မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ အရက်ဆိုင် ၀င်တာ၊ ဒါမှမဟုတ် ဘောလုံးပွဲ သွားတာဆိုတာ မျိုးတွေ လုပ်လေ့ ရှိပြီး နေ၀င်မိုးချုပ်မှပဲ အိမ်ရောက်ကြတာ များပါတယ်။ အိမ်ရောက်ရင် ရေမိုးချိုးပြီး မိန်းမ အသင့် ပြင်ထားတဲ့ ထမင်းဝိုင်း ၀င်ထိုင်။ ပြီးတော့ တီဗီရှေ့ရောက်၊ ဒါမှမဟုတ် စာတစ်အုပ်နဲ့ ဘာသိဘာသာ နေလိုက်ပါတော့တယ်။ မိန်းမဖြစ်သူကတော့ တစ်အိမ်လုံး စားသောက်ထားတာတွေ ရှင်းလင်း ဆေးကြောပြီးမှ ရေမိုးချိုး ရပါတယ်။ ရေချိုးပြီးလို့ တီဗီရှေ့ အေးအေးဆေးဆေး ထိုင်ရပြီ မထင်နဲ့။ ကျောင်းသားတွေ ကျောင်းဝတ်ဖို့၊ ရုံးသမားတွေ ရုံးဝတ်ဖို့ မီးပူ တိုက်ရသေးတာ။ မီးပူ တိုက်ရင်း ကလေးတွေ စာသင်ဖို့ လိုရင် သင်ရပါသေးတယ်။

လင်ယောက်ျားအခွင့်အရေးလား

အိမ်မှုကိစ္စများကို ယောက်ျားတွေ မလုပ်ရဘူးလို့ ဘယ်ကျောင်း ဘယ်တက္ကသိုလ်ကမှ သင်မပေးလိုက်ပါဘူး။ ဒါပေမယ့် ယောက်ျားများ ကတော့ ဒါကိုပဲ“လင်ယောက်ျား အခွင့်အရေး” အဖြစ် ကုလသမဂ္ဂက ပြဋ္ဌာန်း ပေးထားတယ်လို့ ယူဆ ထားကြတယ် ထင်ပါရဲ့။ ဘယ်တော့မှ ကူလုပ်တယ် မရှိကြပါဘူး။ မိန်းမ နထိုင်မကောင်းဖြစ်တဲ့ အခါမျိုးမှာ မိန်းမရဲ့ အ၀တ်အစား လျှော်ပေးတဲ့ ယောက်ျား ဘယ်နှစ်ယောက် တွေ့ဖူးပါသလဲ။ အိမ်ကို ကြမ်းမှန်မှန် တိုက်ပေးတဲ့ ယောက်ျားမျိုးကော ရှိပါရဲ့လား။ ရှိတယ်ဆိုလည်း တစ်ယောက်စ နှစ်ယောက်စ ဖြစ်ပါလိမ့်မယ်။ အများစုကတော့ အိမ်ဦးနတ်ဆိုပြီး အိမ်ရှေ့ခန်းမှာ မိန့်မိန့်ကြီး ထိုင်နေကြတာ ချည်းပါပဲ။ အိမ်ဦးနတ်ဆိုတာ အိမ်ထောင်စု အတွက် အဓိကငွေရှာသူ (Bread Winner) ဖြစ်တယ်ဆိုရင် မိန်းမတွေက ငွေရှာပေးနေရင် မိန်းမတွေကိုလည်း အိမ်ဦးနတ်လို့ မသတ်မှတ် သင့်ဘူးလား။

မိအေးနှစ်ခါနာ

အခုတော့ မိန်းမတွေဟာ အလုပ်တွေ ဘယ်လောက် လုပ်လုပ်၊ ငွေတွေ ဘယ်လောက် ရှာရှာ၊ အိမ်ဦးခန်းမှာ မိန့်မိန့်ကြီး ထိုင်နိုင်ဖို့ ဝေးစွ၊ အိမ်သာထဲတောင် စိတ်ဖြောင့်ဖြောင့် ၀င်နိုင် ရှာကြတာ မဟုတ်ပါဘူး။ အိမ်ရှင်မ၊ အိမ်ရှင်မလို့သာ ခေါ်နေကြတာ တကယ်တော့ ဒီခေတ်မိန်းမ များဟာ အိမ်သာကိုတောင် ပိုင်စိုးနိုင်ခြင်း မရှိပါဘူး။ စကားလုံး ကြမ်းတာကို ခွင့်လွှတ်ကြပါ။ ဒီခေတ် မိန်းမသားများဟာ တကယ်တော့ “ဂုဏ်ထူးဆောင် အိမ်ဖော်မကြီး”တွေ သာသာပါပဲ။ အိမ်အကူတို့၊ အိမ်ဖော်တို့ကမှ စားပြီးသောက်ပြီး လခ အသားတင် ရကြသေးတယ်။ အိမ်ရှင်မခေါ် အိမ်ဖော်တွေကတော့ လခတစ်ပြားမှ မရတဲ့ စေတနာ့ ၀န်ထမ်းမို့ “ဂုဏ်ထူးဆောင် အိမ်ဖော်မကြီး”လို့ ခေါ်လိုက်တာပါ။ သူတို့ ခမျာမှာ အိမ်ဖော်အလုပ် မှန်သမျှ သိမ်းကြုံး လုပ်ရတဲ့ အတွက် ပိုက်ဆံ မရရုံသာမက ကိုယ်ကတောင် ပိုက်ဆံ ရှာပြီး ပေးရပါသေးတယ်။ တကယ့်ကို မိအေး နှစ်ခါနာဘ၀ပါ။ ဒီဘ၀က လွတ်မြောက်ဖို့ အတွက်ဆိုရင် ယောက်ျားတွေရဲ့ အတွေးအခေါ်တွေကို ပြုပြင်ရုံ တစ်ခုတည်းနဲ့ မရပါဘူး။ မိန်းမတွေပါ ပြုပြင်ဖို့ လိုပါတယ်။ တချို့ အမျိုးသမီးများက မိအေးနှစ်ခါနာ ဖြစ်ရတာဟာ ကံမကောင်း အကြောင်း မလှလို့ မိန်းမ ဖြစ်လာရခြင်းရဲ့ မရှောင် လွှဲနိုင်တဲ့ အဖြစ်ပဲလို့ သဘောပိုက်ပြီး “ဂုဏ်ထူးဆောင် အိမ်ဖော်မကြီး” အဖြစ်နေရတဲ့ ဘ၀ကိုပဲ ကျေကျေနပ်နပ် လက်ခံနေကြပါတော့တယ်။ အမျိုးသမီးတွေ ကိုယ်တိုင်က လက်ခံနေသရွေ့တော့ ဘယ်လိုမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ မိအေးနှစ်ခါနာ မဖြစ်ချင်ရင် အမျိုးသမီးတွေ ကိုယ်တိုင် အတွေးအခေါ်တွေ ပြောင်းလဲပစ်ဖို့ လိုပါတယ်။

ယောက်ျားကောင်းရရေး

ဒီလို အမျိုးသမီး မိအေးနှစ်ခါ ဖြစ်ရတဲ့ အကြောင်း များစွာထဲမှာ ရှေးအစဉ် အဆက်က လက်ကိုင်ပြုခဲ့ကြတဲ့ “ဗိုင်းကောင်းကျောက်ဖိ” အယူအဆလည်း အဓိကနေရာက ပါမယ် ထင်ပါတယ်။ ရှေးပဝေသဏီကတော့ အထက်မှာ ရေးခဲ့သလိုပဲ အမျိုးသမီးတွေ အိမ်ပြင် ထွက်ပြီး ပိုက်ဆံရှာဖို့ မလိုကြဘူးလေ။ ဒီတော့ အိမ်မှာပဲ နေပြီး “အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ” နေကြရတာပေါ့။ အဲဒီခေတ် အခါကတော့ မိန်းမတိုင်း အဖို့ အရေးကြီးဆုံး လိုအပ်ချက်ဟာ တစ်သက်လုံး မှီခို အားကိုးနိုင်တဲ့ “ယောက်ျားကောင်း” ရရှိရေး ဖြစ်တယ်။ ဒီတော့ ယောက်ျားများ အကြိုက် အချက်အပြုတ်၊ အချုပ်အလုပ်၊ ဇာထိုးပန်းထိုးစတဲ့ အိမ်တွင်းမှု အလုပ်တွေ ကျွမ်းကျင် တတ်မြောက်ပြီး “စီးတဲ့ရေ ဆည်တဲ့ကန်သင်း” လုပ်နိုင်ဖို့ လိုပါတယ်။သမီး မိန်းကလေးများကို အဲဒီ အရည်အချင်းတွေနဲ့ ပြည့်စုံအောင် မိခင်များက ရင်အုပ်မကွာ ထားပြီး သင်ကြားပေးကြပါတယ်။ အဲဒီလို အိမ်တွင်းမှု ပညာတွေသာမက သွားတာ လာတာ နေတာ ထိုင်တာ ပြောတာ ဆိုတာက အစ လူတကာ ချီးမွမ်းလောက်အောင်ဖြစ်ဖို့ သွန်သင် ဆုံးမကြပါတယ်။ “ခြေတစ်လှမ်း ကုဋေတစ်သန်း” တို့၊ “ဗိုင်းကောင်း ကျောက်ဖိ”တို့၊ “ယောက်ျားတို့ ဘုန်းလက်ရုံး၊ မိန်းမတို့ ဘုန်းဆံထုံး” တို့ဆိုတဲ့ စကားတွေဟာ အဲဒီခေတ်အခါက အမေတိုင်းရဲ့ လက်သုံးစကား ဖြစ်ပါတယ်။

ပြားပြားဝပ်စိတ်ဓာတ်

အခုတောင် တချို့အမေများက အဲဒီ အတိုင်း သမီးများကို သွန်သင်ဆုံးမတာတွေ ရှိနေပါသေးတယ်။ အဲဒီတော့ ဘာဖြစ် လာသလဲ ဆိုတော့ မန္တလေးကို အလုပ်ပြောင်းရတာ ကိုတစ်ယောက်တည်း မသွားရဲတဲ့ တက္ကသိုလ် ဆရာမ၊ စစ်တွေကို ပြောင်းရလို့ ဆိုပြီး အလုပ်က ထွက်လိုက်တဲ့ ဆရာဝန်မ၊ ရေလမ်းမို့ စိတ်မချလို့ ဆိုပြီး အမေက မလွှတ်လို့ တစ်ကျောင်းလုံး သန်လျင် အပျော်ခရီးထွက်တာ မလိုက်ရတဲ့ တက္ကသိုလ် ကျောင်းသူ ဆိုတာမျိုးတွေ ကျောင်းဆရာလုပ်နေတုန်းက အများကြီး တွေ့ခဲ့ရပါတယ်။ ယဉ်ကျေး နူးညံ့ သိမ်မွေ့တာ ကောင်းပါတယ်။ ဒါပေမယ့် သိမ်မွေ့လွန်ပြီး လူတော မတိုးရဲတာကတော့ မကောင်းပါဘူး။ ဒီခေတ်ကြီးက မိန်းကလေးတွေလည်း ဘတ်စ်ကားတိုးစီးပြီး ကျောင်းသွား အလုပ်သွားလုပ်ကြရတာ မဟုတ်လား။ ခြေတစ်လှမ်း ကုဋေတစ်သန်း လုပ်နေလို့ ဘယ်ဖြစ်မှာလဲ။ ဗိုင်းကောင်းစေဖို့ ကျောက်ဖိတာဆိုပေမယ့် အဖိလွန်ရင်တော့ ပြားသွားပါလိမ့်မယ်။ ပြားပြားဝပ် စိတ်ဓာတ်မျိုးနဲ့ ကမ္ဘာကို ရင်ဘောင်တန်းဖို့ ဘယ်လိုလုပ် ဖြစ်မှာလဲ။

ကမ္ဘာတစ်ဝက်ရွက်ထားသူ


ကမ္ဘာကြီးရဲ့ လူဦးရေ ထက်ဝက်ဟာ အမျိုးသမီးတွေ ဖြစ်တယ်။ အမျိုးသမီးတွေရဲ့ လုပ်အား မပါဘဲနဲ့ ကမ္ဘာကြီးဟာ ပုံမှန် လည်ပတ် မနေနိုင်ပါဘူး။ “အားနွဲ့တဲ့ မိန်းမ သား” ဆိုတဲ့ စိတ်ဓာတ်ကို အမျိုးသမီးများကိုယ်တိုင်က ဖျောက်ပစ်ဖို့ လိုပါ တယ်။ အမျိုးသမီးတွေလည်း လပေါ်တက်နေတဲ့ ခေတ်မှာ မိန်းမဆိုတာ ယောက်ျားတွေရဲ့ အလုပ်အကျွေး မဟုတ်တော့ပါဘူး။ ဒါကြောင့် အိမ်ဖော်တစ်ယောက်လို ယောက်ျားတွေ အလိုကျ ပြုစုပေးဖို့ မလိုပါဘူး။ “မောင်တစ်ထမ်း မယ်တစ်ရွက်” ဆိုတဲ့ ရှေးမြန်မာ စကားအတိုင်း တာဝန် မှန်သမျှ ယောက်ျား မိန်းမအတူ ခွဲဝေ ထမ်းဆောင်ကြရမှာပါ။ ယောက်ျားတွေကလည်း “အိမ်ဦး နတ်ကြီး” နေရာက နေပြီး ”ပေါ်ကြော့” နေချင်တဲ့ စိတ်ဓာတ်ကို ဖျောက်ပစ်ဖို့ လိုပါတယ်။ အမျိုးသမီးတွေဟာ ကမ္ဘာတစ်ဝက်ကို ထမ်းရွက်ထားသူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို မေ့မထားကြဖို့ လိုကြောင်း သတိပေး နှိုးဆော်လိုက်ပါတယ်။

လူထုစိန်ဝင်း

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Myanmar refugees line up to return to their country at the border gates in Nansan in southwestern China Yunnan province, Monday, Aug. 31, 2009.AP

မြန်မာစစ်တပ်က တရုတ်-မြန်မာနယ်စပ်ရှိ လူနည်းစု ကိုးကန့်တွေအပေါ် တိုက်ခိုက်နေတာတွေ ရပ်တန်းက ရပ်ပါလို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။


ကိုးကန့်အရေးအခင်း အခြားဒေသများကိုပါ ဂယက်ရိုက်
အောင်ကျော်မိုး / ၁ စက်တင်ဘာ ၂၀၀၉
“ပြီးခဲ့တဲ့ အပတ်ကစ ကျမတို့ ရပ်ကွက်ထဲက မိသားစုတွေကို ကေအိုင်အေက လိုက်ပြီး နှိုးဆော်တယ်။ အိမ်ထောင်စု (၁) စုကို အနည်းဆုံး ဆန် (၁) အိတ်နဲ့ ငွေကျပ် (၂) သောင်းလောက်တော့ အဆင်သင့်ပြင်ထား၊ ဆောင်ထားကြပါ။ ဒေသထဲမှာ တိုက်ပွဲတွေ ဖြစ်လာရင် မိသားစုတွေအနေနဲ့ အခက်အခဲ တစုံတရာ ....”အပြည့်အစုံသို့
ရေထွက်ကုန်ပစ္စည်းတင်သွင်းမှု နစ်နာဟု မြန်မာကုန်သည်များပြော
NEJ / ၁ စက်တင်ဘာ၂၀၀၉ “ကျနော်တို့ ထိုင်းဘက်ကို ကဏန်း ပို့တော့ အကောင်ကြီး တကီလိုကို အများဆုံး...”အပြည့်အစုံသို့
ရန်ကုန်တွင် စက်တင်ဘာတလလုံး အရေးပေါ်ကာလ သတ်မှတ်ထား
မျိုးချစ်သူ / ၁ စက်တင်ဘာ ၂၀၀၉ “သံဃာ့အရေးအခင်းဖြစ်ခဲ့တဲ့ စက်တင်ဘာလကို ရောက်လာပြီ ဆိုတော့ လုံခြုံရေးအင်အားပြချင်တာလည်း ပါတာပေါ့။ ဘာမှလုပ်ဖို့ မစဉ်းစားနဲ့၊ ဒီမှာတွေ့လားလို့ ...”အပြည့်အစုံသို့
တရားမ၀င်လိုင်းကြေးဆောင်အနှိပ်ခန်းများ မှိုလိုပေါက်

အောင်ထက် / ၁ စက်တင်ဘာ ၂၀၀၉ အနှိပ်ခန်းအမျိုးသမီးငယ်များက အမြင်မသင့်တော်သည့် အ၀တ်အစားများဝတ်ကာ လက်ဟန်ခြေဟန်ဖြင့် ဧည့်သည် အား ဆွဲဆောင်နေမှုများသည် .....အပြည့်အစုံသို့
အင်္ဂပူမြို့နယ်ရှိ အသိမ်းခံလယ်မြေအချို့ကို ကျေးရွာဥက္ကဋ္ဌက စိတ်ပိုင်းရောင်းချ
မင်းနိုင်သူ / ၁ စက်တင်ဘာ ၂၀၀၉ “ဒီနှစ် မေလမှာ ကားလမ်းဖောက်ဖို့ဆိုပြီး လယ်မြေတွေသိမ်း တယ်ဗျာ။ ကားလမ်းဖောက်ပြီးသွားတော့ ဦးအေးသွင်ရဲ့ ကျန်တဲ့လယ်မြေကို ကျေးရွာဥက္ကဋ္ဌ....”အပြည့်အစုံသို့
၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ

ရဲဘော်ဖိုးသံချောင်း / ၁ စက်တင်ဘာ ၂၀၀၉
အခုကြားနေရတဲ့အသံတခုက ရွေးကောက်ပွဲကိုဝင်ပြီး နောက်မှ နအဖကို တဖြည်းဖြည်းပုံပြောင်းယူမယ်ဆိုတာပါ။ အခုလို တရားမ၀င်အာဏာသိမ်းပြီး မင်းလုပ်နေတာကိုတောင် ပြောင်းလဲလို့မရဘဲ ဖွံ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီး
“တရားဝင်” မင်းလုပ်နေမယ့် ဗိုလ်ချုပ်တွေကို တဖြည်းဖြည်း ချင်း ပြောင်းလဲယူမယ်ဆိုတာကကော......အပြည့်အစုံသို့

နိုင်ငံရေးအကူအညီနှင့်ဖွံ့ဖြိုးရေးအကူအညီ

NEJ / ၁ စက်တင်ဘာ ၂၀၀၉
ဒီမိုကရေစီပြုစုပျိုးထောင်ရန် နိုင်ငံရေးအကူအညီပေးမှုနှင့် ဖွံ့ဖြိုးရေးအကူအညီပေးမှုသည် ကွဲပြားခြားနားသော်လည်း သူ့နေရာနှင့်သူ အသုံးဝင်နေသည့်အတွက် ဆန့်ကျင်ဘက်နည်းလမ်းများမဟုတ်ဟု ဆိုပါသည်။ ဒီမိုကရေစီ ဘက်တော်သားများ အောင်ပွဲခံနိုင်အောင် ကူညီသည်ကို နိုင်ငံရေးအကူအညီဟု ခေါ်ပါသည်။ နိုင်ငံရေးပါတီ၊ အသင်းအဖွဲ့နှင့်လူပုဂ္ဂိုလ်တွေကို အကြံဉာဏ်ပေး၊ သင်တန်းပေးပြီး ငွေကြေးထောက်ပံ့မှုသည် ...အပြည့်အစုံသို့
ကိုးကန့်အရေး နယ်စပ်ကုန်သွယ်မှု ထိခိုက်

ကိုးကန့်အရေး နယ်စပ်ကုန်သွယ်မှု ထိခိုက်

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တရုတ်မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်း ရပ်ဆိုင်းသွားကာ နယ်စပ်ဒေသ ကုန်သွယ်ရေးကို ထိခိုက်မှုရှိ

တရုတ်ပြည်သို့ စစ်အစိုးရ အဆင့်မြင့်အရာရှိကြီးများ ရောက်ရှိနေ

စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဗိုလ်မှုးချုပ် ဘုန်းဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့သို့ သြဂုတ်လ ၃၁ ရက်နေ့က ရောက်ရှိနေကြောင်း

စစ်အစိုးရက အာဏာကိုဆက်လက် ချုပ်ကိုင်ရန် ကြိုးစားနေဟုဆို

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စစ်အာဏာရှင်သက်တမ်း အရှည်ဆုံး နိုင်ငံဖြစ်ပြီး လာမည့် ၂ဝ၁၀ ရွေးကောက်ပွဲတွင်လည်း စစ်အာဏာရှင်များကသာ ဆက်လက်

လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လုံခြုံရေးအတွက် ပြန်လည် ပြုပြင်ရန် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ထားကြောင်း အမျိုးသား ဒီမိုကရေစီ

စစ်အစိုးရ သတင်းစာ ကျင့်ဝတ်ပျက်ပြားဟု စာနယ်ဇင်းသမားများ ဝေဖန်

ကိုးကန့် တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ရဲတပ်ဖွဲ့ဝင် တချို့ သေဆုံးနေသည့် ဓာတ်ပုံများအား စစ်အစိုးရက သတင်းစာများတွင် ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်း သတင်းဂျာနယ်

“နန်းတော်ရှေ့က ကိုလေပွေ” ကို ပြန်လည်ဖော်ထုတ်မည်

ဂန္ထဝင်ဂီတစာဆို နန်းတော်ရှေ့ဆရာတင်၏ သီချင်းများထဲမှ တကြိမ်တခါမှ ပြန်လည်သီဆိုခြင်း မပြုရသေးသော တေးသီချင်းများကို မြေးဖြစ်သူ ဇာတ်မင်းသား နန်းဝင်းက ပြန်လည်ဖော်ထုတ်

မြန်မာအလှဖန်တီးရှင်များ ပထမဆုံးအကြိမ် မယ်ရွေးပွဲ ကျင်းပ

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် တရားဝင် ခွင့်ပြုမှုဖြင့် ကျင်းပနိုင်ခဲ့သော အလှဖန်တီးရှင်များ အဖွဲ့၏ The Miss Red Ribbon Beauty Contest 2009 ပြိုင်ပွဲကို ထူးကုမ္ပဏီပိုင်ရှင်

ဂျပန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ ပြောင်းလဲမည်လော

ဂျပန်နိုင်ငံ ရွေးကောက်ပွဲ အနိုင်ရ ဂျပန် ဒီမိုကရက်တစ် ပါတီ (DPJ) သည် အစိုးရ ဖွဲ့ပြီးပါက မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး လှုပ်ရှားမှုကို ပိုမို ထောက်ခံ အားပေးလိမ့်မည်ဟု ဂျပန်ရောက်

နိုင်ငံတကာကျောင်းတွင် ကျောင်းသား ၅ ဦး A (H1N1) ကူးစက်ခံရ

ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကျောင်းတကျောင်း၌ ကျောင်းသား ၅ ဦးတွင် A (H1N1) တုပ်ကွေးရောဂါ ကူးစက်ခံရသဖြင့် ကျောင်းကို သီတင်းပတ် တပတ်ကြာ ပိတ်ထား......

ကျည်ဆံ၊ ရေနံ၊ အီရန်နဲ့ သမိုင်းနိဂုံး

အီရန်မှာ ဖြစ်ခဲ့တဲ့ လူထုအုံကြွမှုတွေက တကယ့်ကို ထူးထူးခြားခြားပါ။ အရှေ့အလယ်ပိုင်းက ရေနံနိုင်ငံတခုမှာ လူထုအုံကြွ...

ကြုံရဆုံရ ရွှေဝါရောင် တော်လှန်ရေး အကြိုကာလ (အပိုင်း - ၅)

ထို့အတူ မြေလတ်ဒေသအတွင်း အခြေစိုက်နေထိုင်ကြသော သံဃာတချို့ထံသို့လည်း ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကြီးအတွင်း သံဃာထုအနေဖြင့် ပါဝင် အားဖြည့်နိုင်ဖို့အရေး ဆက်သွယ်...


မလေးရှားဖုန်းကတ်များ မြန်မာပြည်တွင် ရောင်းချ

မလေးရှားနိုင်ငံတွင်းသုံး ကြိုတင်ငွေချေစနစ် Pre-paid ဖုန်းကတ်များကို မြန်မာနိုင်ငံတွင် ရောင်းချလျက်...

သံဃာတော်များအား စောင့်ကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေ

သံဃာတော်များ ဦးဆောင်လှုပ်ရှားသည့် နှစ်ပတ်လည်ကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ မြို့နယ်အချို့တွင် အာဏာပိုင်များက ဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်ရှာဖွေ ......

ကိုးကန့် တိုက်ပွဲအတွက် ရဲတပ်ဖွဲ့ဝင်များပါ ဆင့်ခေါ်နေ

မိုးမခ အထောက်တော်၊ ရန်ကုန်

စက်တင်ဘာ ၁၊ ၂၀၀၉

သြဂုတ်လကုန်တွင် ဖြစ်ပွားခဲ့သည့် ကိုးကန့် လက်နက်ကိုင်ငြိမ်းချမ်းရေးနှင့် နအဖစစ်အစိုးရ အကြားတိုက်ပွဲများ အရှိန်တန့်သွားသော်လည်း စစ်ရေးပြင်ဆင်မှုများ ရှိနေသေးပြီး အင်အားဖြည့်တင်းရန် အတွက် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့မှ ရဲတပ်သားများကိုပါ ဆင့်ခေါ်နေသည်ဟု ရဲတပ်သားတဦးက ပြောဆိုသည်။

ယမန်နေ့က ထုတ်ပြန်သော ဆင့်ခေါ် အမိန့်တွင် ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများမှ စခန်းတပိုင်တွင် ၁၀ယောက် ကိုးကန့်ဒေသသို့ အင်အားဖြည့်သွားရမည့်အကြောင်း ပါရှိသည်ဟု သိရပြီး မနက်ဖြန်တွင် ထိုဒေသသို့ ထွက်ခွါရမည်ဟု ဆိုသည်။ ရန်ကုန်မြို့လယ် မြို့နယ်တခုတွင် တာဝန်ကျနေသော ရဲတပ်သား တဦးက သူ့အနေဖြင့် သွားရမည့် စာရင်းထဲပါရှိနေပြီး မနက်ဖြန်ထွက်ခွါရန် အသင့်ပြင်ထားရမည်ဟု ညွှန်ကြားချက် ရထားသည်ဟု ဆိုသည်။

အျပည့္အစုံသိုႛ ...

ဦးဉာဏ်ဝင်း၊ နိုင်ငံလင်းနဲ့ အမေရိကန်က အထူးဧည့်သည်တော်များ

မိုးမခဓာတ်ပုံသတင်း

စက်တင်ဘာ ၁၊ ၂၀၀၉
အျပည့္အစုံသိုႛ ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြင်တွေ့ဖွယ်ရှိတဲ့ ဖြစ်ရပ်များ

မောင်ရွှေ

မေ ၁၉၊ ၂၀၀၉

အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ရေကူးဝင်ရောက်ခဲ့မူနှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့မှာ ပုဒ်မ ၂၂/၁၀၉ ဖြင့် နအဖက တရားစွဲဆိုလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းများကြောင့် လူထု အတွင်း နိုင်ငံရေး နိုးကြားမှု အရှိန်အဟုန် တစ်ခု ပေါ်ပေါက်လာနေတာကို ယနေ့ မြင်တွေ့နေရပါတယ်။

တချိန်တည်းမှာလည်း တွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်လို့ နအဖရဲ့ အတွင်းသရုပ်သဏ္ဌာန် ဘယ်လိုရှိတယ် ဆိုတာ ပိုမိုပေါ်လွင်လာနေတာကိုလည်း တနေ့တခြား တွေ့မြင်နေရပါတယ်။

ဒီအချက်ဟာ NLD ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် နအဖက ဘယ်လို တုံ့ပြန်မှာလဲ ဆိုတာ စောင့်ကြည့်နေသူများအတွက် အဖြေ ရှာတွေ့နိုင်ပြီ ဖြစ်သလို NLD ကလည်း ဘယ်လိုများ ဆက်လျှောက်လှမ်းမှာလဲ ဆိုတာ တွေးကြည့်မိပါတယ်။

အျပည့္အစုံသိုႛ ...

ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး ဖေါ်ပြသည့် ဓါတ်ပုံများအပေါ်ဝေဘန်ပြောဆိုလျက်ရှိ

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၃၁၊ ၂၀၀၉

ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြထားသည့် ကိုးကန့်ဒေသ တိုက်ပွဲများအတွင်း သေဆုံးရသည့် ရဲတပ်ဖွဲ့ဝင်များ သတင်းဓါတ်ပုံများမှာ စာဖတ်သူများကို ထိတ်လန့်တုန်လှုပ်စေသည့် အပြင် သေဆုံသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအတွက်လည်း စိတ်ထိခိုက်ဖွယ်ရာဖြစ်စေနိုင်သည်ဟု ရန်ကုန်မြို့ခံ များကပြောဆိုလျက်ရှိသည်။
အပည့္အစုံသိုႛ ...


more


more


more


more


more


more


more

ကိုးကန်ႛ စစ်ပွဲအရေးဆွေးနွေးဖိုႛ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကူမင်း္ဘမိုႚကိုရောက်ရှိနေ

မလေးရှား အကျဉ်းစခန်းမှ မြန်မာတဦး ထူးဆန်းသောရောဂၝဖြင့် သေဆုံး

သတင်း ပေၝက်ကြားမှုများကြောင့် ဝန်ကြီးဌာနများကို ရှောင်တခင်စစ်ဆေး