10.08.2008

မိုးမခသတင်းလွှာ

#fullpost {display:none;}

Cartoon Aw Pi Kye - Saving our Earth and Environment - Cartoon Series 01 October 7th 2008

checkFull("post-" + "8803765999711424612");

#fullpost {display:none;}

Cartoon Beruma - Underage Smoking in Burma
October 7th 2008

checkFull("post-" + "894023471442501637");

#fullpost {display:none;}


အရှေ့နဲ့အနောက် ဆုံကြရာဝယ် - အရင်းရှင် ဆိုရှယ်လစ်စနစ် နဲ့ ဆိုရှယ်လစ် အရင်းရှင်စနစ်

မောင်ရစ်

အောက်တိုဘာ ၇၊ ၂၀၀၈

အမေရိကန်မှာ စီးပွားပျက်ကပ်ဆိုက်ပြီလို့ ဆိုပါတယ်။ အိမ်ဈေးတွေ ဖောင်းပွ၊ အရင်းရှင်များက စားသုံးသူတွေကို လှည့်စား ဖြားယောင်းပြီး ငွေတွေချေး၊ ဈေးတင်ရောင်း၊ အချင်းချင်း ကတုံးပေါ်ထိပ်ကွက် ပွဲစားခ၊ အတိုးနှုန်း အဆင့်ဆင့်နဲ့ လက်လွှဲရောင်း စသည်တို့ရဲ့ အကျိုးဆက်အဖြစ် သူတို့ ဝေါ့စထရိ အစုရှယ်ယာနဲ့ ငွေကြေးဈေးကွက် ပြိုလဲမတတ် ဖြစ်ကြရတာပါပဲ။

အိမ်ခြံမြေ ငွေချေးသူ အဖွဲ့ကြီး ပြိုလဲတော့ အစိုးရက ၀င်ကယ်ခဲ့ပါတယ်။ ပြီးတော့ ငွေချေးစာချုပ်တွေ မြီရှင် မြီစား အာမခံလုပ်ငန်းတွေ ဈေးပျက်ကုန်တော့ အစိုးရက ၀င်ရောက်ထိမ်းသိမ်းဖို့ ကြိုးစားပါတယ်။ ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ ထိခိုက်လာချိန်မှာတော့ အမေရိကန် အစိုးရက ဘီလျံ ၇၀၀ ဖိုး ကယ်တင်ရေး စီမံကိန်းကို ထုတ်ဖော်လာခဲ့ပါတယ်။

အခု သူတို့ရဲ့ ဘီလျံ ၇၀၀ ဖိုး ကယ်တင်ရေး စီမံချက်ကို အရင်းရှင်ကြီးများရဲ့ လူတစု ကောင်းစားရေး ဆိုရှယ်လစ်စနစ်လို့ အမည်ပေးကြပါတယ်။ အရှုံးအကြီးအကျယ် ပြနေပြီ ဖြစ်တဲ့ ငွေရှင်ကြေးရှင်ကြီးများကို အကျနာခြင်းက သက်သာအောင် အစိုးရက ၀င်ပြီး ခု ပေးတာ မို့လို ဖြစ်ပါတယ်။

သူတို့တွေ ကျဆုံးရင် လမ်းပေါ်ကလူတွေ၊ အိမ်ပေါ်က လူတွေ၊ အလုပ်ခွင်ထဲက လူတွေပါ ထိခိုက်ပြိုလဲပြီး အမေရိကန်တပြည်လုံး လူမွဲစာရင်း ၀င်ကုန်ကြမှာ ဖြစ်တာကို ကာကွယ်ဖို့အတွက် သူတို့ကို ကယ်တင်မှ ဖြစ်မယ်လို့ အားလုံးက ဆင်ခြေပေးပြီး အားလုံးက ခေါင်းတငြိမ့်ငြိမ့်နဲ့ လက်ခံကြပုံပါပဲ။

သူတောင်းစား ခွက်ပျောက်တာ အရေးမကြီးဘူး၊ သူဌေး ကော်ဖီငတ်တာက ပိုအရေးကြီးတဲ့ အမေရိကန်ပြည်ထောင်စုကြီးရဲ့ အရင်းရှင်စနစ်က ကွန်မြူနစ်၊ ဆိုရှယ်လစ် ၀ါဒီများကဲ့သို့ ပြည်သူ့ ဘဏ္ဍာ၊ ပြည်သူ့အခွန်ကို သုံးစွဲပြီး လုပ်ငန်းကြီးများကို ကယ်တင်လိုက်တာမို့ ဥရောပ ဈေးကွက်များ၊ အာရှ ဈေးကွက်များက အထူး အာရုံစိုက် စောင့်ကြည့်နေကြပါတယ်။

အထူးသဖြင့် တပါတီ ဆိုရှယ်လစ် နိုင်ငံတော်ကြီး ဖြစ်တဲ့ တရုတ်ပြည်မကြီးဟာ ဆိုလျင် အမေရိကန်တွေရဲ့ အကြီးကျယ်ဆုံးသော အကြွေးရှင်ကြီး၊ အရင်းရှင်ကြီး ဖြစ်နေတဲ့အတွက် အမေရိကန် စီးပွားရေးကို ကယ်တင်ရန် တရုတ်နည်း တရုတ်ဟန် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးလေမလား လို့ ၀ိုင်း ကြည့်နေကြပေမယ့် တရုတ်ပြည်မကြီးကတော့ အရင်းရှင် ဈေးကွက် နိယာမအတိုင်း အရှုံးပေါ်တာ ကိုယ်အသုံးမကျလို့ အစိုးရက ၀င်ကူစရာ မလို၊ လေညာက နေသာသပါ့ ဆိုသကဲ့သို့ ခပ်မဆိတ် ပြုမူနေတာကို တွေ့နေရပါတယ်။

ဆိုတော့ တပါတီ အာဏာရှင်တွေက အရင်းရှင်တွေ ဖြစ်လာချိန်မှာ အရင်းရှင် နိုင်ငံတွေက ဆိုရှယ်လစ်နည်းလမ်းတွေ သုံးပြီး အစိုးရ ၀င်စွက်ရေး လမ်းစဉ်နောက်လိုက်တာ စိတ်ဝင်စားစရာ ဖြစ်နေပါတော့တယ်။ ဥရောပ သမဂ္ဂနဲ့ ဗြိတိန်တို့ အနေနဲ့ကတော့ အရင်းရှင်မိတ်ဖက်များပီပီ ဈေးကွက်စီးပွားရေး စနစ်ကို ကာကွယ်ဖို့ ( အရှုံးပြ လုပ်ငန်းရှင်၊ ငွေရှင်ကြီးများကို ကာကွယ်ဖို့) သမ၀ါယမစနစ်ကို ထုတ်သုံးပြီး စုပေါင်း အရှုံးကို ထေကြဖို့ တိုင်ပင်နေတာကိုလည်း တွေ့နေရပါတယ်။

အရင်းတွေ၊ အမြတ်တွေ၊ ငွေကြေးတွေ ဘယ်ရောက်ကုန်ပြီလဲ ခင်ဗျား လို့ မေးမယ်ဆိုရင်တော့ တရုတ်ပြည်ကြီးနဲ့တကွသော အရင်းရှင်နိုင်ငံများနဲ့ ကတိက၀တ်မရှိတဲ့ တတိယနိုင်ငံများရဲ့ အာဏာရှင်များ၊ ငွေရှင်ကြေးရှင်၊ လုပ်ငန်းရှင်ကြီးများ လက်ထဲမှာ ရှိနေပါတယ်လို့ ဖြေရမယ့် ပုံ ဖြစ်နေပါတယ်။ ဥပမာ အာရှကျားများ၊ အရှေ့အလယ်ပိုင်း နိုင်ငံများ … စသည် စသည်

၁၉၉၇ အာရှငွေကြေး ဈေးကွက် ပြိုကွဲတုန်းက အိုင်အမ်အက်ဖ် (ကမ္ဘာငွေကြေးရန်ပုံငွေ အဖွဲ့)က ကယ်တင်ရှင်ကြီး လုပ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူတို့ပြောသလို ငွေလဲနှုန်းကို မျှောလိုက်မိလို့ ထိုင်းနိုင်ငံ သေကောင်ပေါင်းလဲ ဖြစ်ချိန်မှာ စင်္ကာပူနဲ့ မလေးရှားကတော့ သူ့ငွေဈေးကို ကျားကန်ပြီး ပြန် မ တင်ခဲ့ဖူးပါတယ်။

၂၀၀၁ အမေရိကန် အင်တာနက်ပူဖောင်းကြီး ပေါက်ပြီး ဈေးကွက်တွေ ပြိုလဲတော့ အမြတ်ကြီးစားတွေ အရှင်းရှင်ကြီးတွေက ကိုယ့်အပြစ်ကိုယ်ဝန်ခံလို့ တစစီ ပြန်ကောက် ဆောက်တည်ခဲ့ကြဖူးပါတယ်။

ဒီတခေါက် စီးပွားပျက်ကပ် ပုံသဏ္ဍန်ကတော့ အနောက်ကလူတွေ ကုန်းအော်ပြီး အမွှန်းတင်မဆုံးတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကြီးကို ပြန်ပြီး ဆင်ခြင်စရာ ဖြစ်တော့မယ် ထင်ပါတယ်။ လုပ်ငန်းတွေချဲ့၊ ကမ္ဘာလုံး ခြေဆန့်၊ အမြတ်တွေ ဖြန့်၊ အလုပ်တွေ ဟိုပို့၊ ပစ္စည်းတွေ မှာသုံး၊ လူပေါ်နဲ့ လူဇော်လုပ်တမ်း ကစားကြ၊ ကွန်ယက်စနစ်နဲ့ တဦးကို တဦး ညှိနှိုင်း ဈေးကွက်ဖော် စသည်တို့ မနားတမ်းလုပ်ရင်းနဲ့ စားသုံးသူတွေကို တ ၀ယ်တည်း ၀ယ်ခိုင်းနေရာက၊ အကြွေးက ပြည်တွင်းမှာ တင်ကျန်ပြီး အမြတ်က နိုင်ငံခြားကို အိပ်စပို့အလုပ်ခံလိုက်ရတော့မှ အခုလိုမျိုး သူဌေးတွေ အချင်းချင်း လည်ပင်းဖက် ငိုကြချိန်ကို မြင်ကြရတော့တာကိုး။

စစ်အေးခေတ်တုံးကတော့ မဟာမိတ်နဲ့ ရန်သူကို ခွဲခြားလို့ မျက်နှာလိုက်ခဲ့ကြပေမယ့် စစ်အေးအလွန်မှာ အနောက်တိုင်း အရင်းရှင်တို့က တတိယနိုင်ငံတွေအပေါ်မှာ ၀င်ချင်တိုင်း ၀င်၊ ထွက်ချင်တိုင်း ထွက်၊ စီးပွားရေးကြီးနဲ့ ပစ်ပြက်ပြီး ပေါင်းလို့၊ ဇာတ်သွင်းလို့ရမယ်လို့ ထင်ခဲ့တာကို သူတို့ ပြန်စဉ်းစားရတော့မယ် ထင်ပါတယ်။ စီးပွားပျက်ကပ်မတိုင်ခင်က အစပျိုးခဲ့တဲ့ ကမ္ဘာ လောင်စာဆီအကြပ်အတည်းကိုလည်း သူတို့က အမြတ်ကြီးစားမျက်နှာကြည့်ပြီး ဖော့ခဲ့ကြပုံပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် မဟုတ်ပေမယ့် အဓိပ္ပါယ်ရှိရှိ အချိန်ကိုက်ဖြစ်ပွားတဲ့ အမေရိကန်စီးပွားရေး အကြပ်အတည်းဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ဇာတ်ရှိန်မြှင့်စေတဲ့ ထိုးဇာတ်တခု ဖြစ်နေပါပြီ။ နောက်ထပ်တက်မယ့် သမ္မတဟာ အမေရိကန်ပြည်ကနေတဆင့် မီးခိုးကြွက်လျောက်လိုက်မယ့် နိုင်ငံတကာ ဈေးကွက်ပျက်မည့် အကြပ်အတည်းကြီးကနေ ဦးဆောင်ပြီး ရုန်းထွက်ပြရန် အဆင်သင့်ပြင် ခါးတောင်း ဘယ်လို ကျိုက်ပြတော့မယ်ဆိုတာကို တကမ္ဘာလုံးက ရင်တမမ ထားပြီး ကြည့်နေရပြီ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ကတော့ အကြံပေးမယ်ဆိုရင် ရှင်းရှင်းလေးပါ။ ရွေးကောက်ပွဲ အခု မလုပ်နဲ့အုံး။ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ အာဏာကို ဆက်သိမ်းထားပါ။ ကြားထဲမှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲ တခု လုပ်ချင်လည်း လုပ်ပေါ့လေ။ ပြီးရင်တော့ ပြိုင်ဘက်တွေကို ဖမ်း။ ၂၀၁၀ ကျမှ ရွေးကောက်ပွဲ လုပ်မယ်လို့ ကတိပေး။ အဲလိုမျိုး လမ်းပြ မြေပုံ ဖြစ်နိုင်ပါတယ်။

ကမ္ဘာကြီးရဲ့ အဓိက ဇာတ်လိုက်တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံကြီးနဲ့ အမေရိကန်နိုင်ငံသားတွေကတော့ ဒီ အကြပ်အတည်းကြီးကို ခေတ်နောက်ပြန်ဆွဲ မြန်မာစစ်အစိုးရနည်းတွေ မသုံးစွဲဘဲ တစိတ် တ၀မ်းတည်း ဖြတ်ကျော်နိုင်စေဖို့ ဆုတောင်းလိုက်ပါတယ်။

(ဟဲ ဟဲ)


checkFull("post-" + "48623958904873520");


#fullpost {display:none;}

သေနတ်တဖက် ကလောင်တဖက်

တာရာလင်းယုန်

အောက်တိုဘာ ၆၊ ၂၀၀၈

ဗမာပြည်တွင်စစ်ဗိုလ်များ တမိုးလုံးဖျောက်ဆိတ်ဖြစ်နေသည်။ ကြာပြီ။

သို့သော် ထူးထူးခြားခြား ပြောစရာဖြစ်နေသည်က စာပေလောကဖြစ်သည်။ စာပေ-မီဒီယာလောကမှာ စစ်ဗိုလ်များ၏မိုး ဖြစ်နေသည်ဟု ဆိုလိုက်လျှင် အခြားနိုင်ငံများမှ အကြောင်းမသိသူများ အံ့သြသွားကြမည်။ ဗမာပြည်မှစစ်ဗိုလ်များ စာပေလိုက်စား လှချေလား၊ စာပေအရည်အချင်း မြင့်မားလှချည့်လားဟု မသိသူများက ထင်ကောင်းထင်ကြပေမည်။ ပြန်စဉ်းစားလိုက်လျှင် ဗမာပြည်လောက် စစ်ဗိုလ်စာရေးဆရာ ပေါများသောနိုင်ငံ ကမ္ဘာတွင် အခြားမရှိ ဆိုသည်ကိုလည်း တွေ့ကြရမည်။


ရေးလည်းရေးနိုင်ကြပါပေသည်။ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ရုပ်ရှင်ဇာတ်ညွှန်း၊ အကုန်ရေးသည်။ အမေရိကန် မကောင်းဘူး၊ (တချိန်ကတော့ တရုတ်မကောင်းဘူး)၊ အင်န်အယ်လ်ဒီ မကောင်းဘူး။ ဗကပမကောင်းဘူး၊ ဖဆပလ မကောင်းဘူး။ တိုင်းရင်းသားတွေ မကောင်းဘူး၊ ကျောင်းသားတွေ မကောင်းဘူး။ သူတို့မှတပါး ဘယ်သူမှ မကောင်းဘူး။ ဘာပဲရေးရေး၊ နှစ်နှစ်-သုံးနှစ်လောက်နေလျှင် အမျိုးသားစာပေဆုကို မျှော်မှန်းနိုင်ပြီ။ အမျိုးသားစာပေ ဆုရှင် စစ်ဝန်ထမ်းအရေအတွက်သည် မှန်မှန်ကြီး တိုးတက်နေသည်။ ဤတိုင်းပြည်တွင် စစ်သားဦးရေနှင့် အရပ်သားဦးရေ အချိုးအစားမှာ တစ်အချိုး တရာခန့် ဖြစ်သည်။ သို့သော် အမျိုးသားစာပေ ဆုရသူ အချိုးအစားမှာ တစ်အချိုးလေး၊ တစ်အချိုး သုံးလောက် ဖြစ်လာနေသည်။


တကယ်ကတော့ ဗမာပြည်တွင် တပ်မတော်အမှုထမ်းများ စာရေးဆရာလုပ်သည် ဆိုခြင်းမှာ ဆန်းသည့်ကိစ္စမဟုတ်။ လွတ်လပ်ရေးရပြီးကာစ ကာလတွင်ပင် တွေ့ကြရသည်။ နာမည်ကျော်ကြားသူ၊ မကျော်ကြားလှသူ၊ အောင်မြင်သူ၊ မအောင်မြင်သူ၊ အမျိုးမျိုးပင်ရှိသည်။ သို့သော် ထူးခြားသည်မှာ ထိုစဉ်က တပ်မတော်ထဲ၊ အထူးသဖြင့် တပ်မတော်အရာရှိများထဲတွင် တပ်မတော် တာဝန်ကို ရိုးသားစွာ ထမ်းဆောင်နေသူများ များပြားသေးသလို စာရေးသော တပ်မတော်ဝန်ထမ်းများထဲတွင်လည်း ယခုကဲ့သို့ ဝါဒဖြန့် လုပ်ငန်း သဘောထားပြီး စာရေးနေသူများ နည်းလှပေသည်။ မောင်သော်က၊ ဆရာဝန်မောင်သင်၊ ဝင်းဦး၊ လေသူရဲတဦး၊ ဗိုလ်မြင့်၊ နာမည် ကျော်ကြားခဲ့၊ စာဖတ်သူများက သဘောကျခဲ့သည့် စာဆိုစစ်သည်များ၏ နာမည်အရေအတွက်မှာ မနည်းလှပါ။ သို့သော် သူတို့သည် သူတို့၏စာကို ဝါဒဖြန့်ချိရေးပစ္စည်းအဖြစ် အသုံးချမခံခဲ့ဘူး ဆိုသည့်အချက်ကို သတိထားမိသည်။


အလှည့်အပြောင်း၏အစမှာ တပ်မတော်အတွင်း၌ ဆိုရှယ်လစ်စစ်ဗိုလ်ဂိုဏ်းက အုပ်စီးထားသော ဆိုက်ကို ခေါ် စိတ်ဓာတ်စစ်ဆင်ရေးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုဌာနမှနေ၍ တပ်တွင်းရှိစာရေးသူများထဲမှ သူတို့လိုချင်သူအချို့ကို ရွေးခေါ်ခဲ့သည်။ အခေါ်ခံရသူများ မငြင်းနိုင်ပါ။ သို့တိုင်အောင် စာရေးဆရာမင်းရှင်လို လူအချို့ကဆိုလျှင် ဆိုက်ကိုဌာနတွင် ဝင်ရောက် လုပ်ကိုင်ရာ၌ စာဖတ် ပရိသတ် လက်ခံထားသော မိမိ၏ ပင်ကိုကလောင်နာမည်ကို လုံးဝ အသုံးမပြုခဲ့ကြချေ။ ကိုယ့်ကလောင်ညစ်နွမ်းမှာကို ရှောင်ကျဉ်ကြသည်။


သို့သော် ဤအချိုးအကွေ့မှာ သာမန်အချိုးအကွေ့မဟုတ်၊ ဗမာပြည်သမိုင်းကို ကြီးမားစွာ ဂယက်ရိုက်မည့် အပြောင်းအလဲကြီးတရပ် ပေါ်ပေါက်လာသည့်အချိန် ဖြစ်နေသည်။ အခြားမဟုတ်ပါ၊ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်တို့က တပ်မတော်တွင်း၌ ဆိုရှယ်လစ်စစ်ဗိုလ်များ၏ ဂိုဏ်းကို ထူထောင်လာခြင်းဖြစ်သည်။ တဆက်တည်းမှာ ယင်း၏နောက်ဆက်တွဲများဖြစ်သော ၁၉၅၈ခုနှစ် အာဏာသိမ်းမှု၊ စစ်ထောက်လှမ်းရေး တွင်ကျယ်လာမှု၊ ထိုမှတဆင့် ၁၉၆၂ခုနှစ် အာဏာသိမ်းမှုအထိ ဆက်တိုက်ဖြစ်လာသည်။ အာဏာရ ဖဆပလအစိုးရ၏ ပျော့ညံ့မှုကြောင့် စစ်အုပ်စုသည် လေးငါးခြောက်နှစ်အတွင်း တဟုန်ထိုး ရှေ့ထွက်လာခြင်းဖြစ်သည်။ ဗိုလ်နေဝင်းတို့၏ အုံဖွ မန်းချက်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကြီးသည် တမုဟုတ်ခြင်းပင် ဆိုရှယ်လစ်ခေတ်သို့ ရောက်ရှိသွားတော့သည်။ သို့ဖြင့်တပ်မတော်အရာရှိ အများစုမှာ မိမိတို့အသက်ရှင် ရပ်တည်ရေးအတွက် မဆလပါတီထဲသို့ ဝင်ကြရတော့သည်။


မဆလပါတီဆိုသည်မှာ ဆိုရှယ်လစ်ပါတီ အမည်ခံထားသော်လည်း စင်စစ်တွင် စစ်အုပ်စုပါတီသာ ဖြစ်သည့်အလျောက် မဆလပါတီထဲတွင် တွင်ကျယ်၊ နေရာရလိုသူများမှာ စစ်အုပ်စုအလိုကျများ လုပ်ကြရတော့သည်။ နဂိုက သာမန်တပ်မတော်သားများ၏ ခံစားချက်များကို စာဖွဲ့နေသော ကဗျာဆရာထီလာစစ်သူသည် စစ်အုပ်စုအတွက် ဝါဒဖြန့်ပေးသူ ဖြစ်လာခဲ့သည်။ သို့ဖြင့် အချိန် တချိန်သို့ ရောက်သောအခါ ဝန်ကြီးဖြစ်လာခဲ့သည်။ သူလို အရေခွံပြောင်းရန် ငြင်းဆန်ခဲ့သော ဗိုလ်မှူးမောင်သော်ကမှာတော့ ထောင်တွင်း၌ သေသွားအောင် စစ်အုပ်စုက ဇာတ်လမ်းဆင်ခြင်း ခံခဲ့ရသည်။ အခြားသော ဗိုလ်နေဝင်းတို့ စစ်အုပ်စုကို မထောက်ခံသူများလည်း တဖြည်းဖြည်းဖြင့် တပ်မတော်ပြင်ပသို့ ရောက်ရှိသွားခဲ့သည်။ စစ်အာဏာရှင်များ၏ စစ်တပ်အတွင်း၌ ဦးနှောက်ဖြင့်စာရေးသူများအတွက် နေရာ မရှိတော့။


အချိန်ကာလရွေ့လျားလာသည်နှင့်အမျှ ဗမာနိုင်ငံ၏ နယ်ပယ်အသီးသီးကို စစ်ဗိုလ်များက ချုပ်ကိုင်လာခဲ့ကြသည်။ စီးပွားရေး၊ လူမှုရေး၊ စာပေအနုပညာ၊ ရုပ်ရှင်၊ အကုန်ပဲဟု ဆိုရမည်။ ပိုဆိုးသည်က သူတို့သည် ထိုသို့ချုပ်ကိုင်ယုံနှင့် မကျေနိုင်ကြ။ သူတို့၏ သစ္စာရှိလူယုံများများနှင့် လွှဲထားယုံနှင့် မကျေနပ်နိုင်ကြ။ သူတို့ကိုယ်တိုင် နယ်ပယ်များအတွင်းသို့ သဏ္ဍာန်မျိုးစုံဖြင့် ပါဝင်လာ ကြသည်။ အထင်ရှားဆုံးဥပမာမှာ စာနယ်ဇင်းလောကပင်ဖြစ်သည်။


သတင်းစာမှန်သမျှမှာ စစ်အစိုးရပိုင်ဖြစ်သည်။ မီဒီယာအားလုံးကို စာပေစိစစ်ရေးက ချုပ်ကိုင်ထားသည်။ ဂျာနယ်မဂ္ဂဇင်းများထဲတွင် သူတို့လူတွေ ဝင်ထားသည်။ သူတို့သားသမီးများ၊ ကြံ့ဖွတ်များက ထုတ်ဝေနေခြင်း၊ ငွေထုတ်ပေးထားခြင်းများလည်း ရှိနေသည်။ သို့တိုင်အောင် သူတို့ အားမရနိုင်ကြ။ ကိုယ်တိုင် စာရေးဆရာလုပ်ကြသည်။ သူတို့မို့ရေးပြီဆိုလျှင် မည်သည့်အယ်ဒီတာကမျှ မပယ်ရဲသလို မည်သည့်စာပေစိစစ်ရေးကလည်း စာတလုံး မပြင်ရဲ။


ထို့ပြင်အာဏာရှိသူက စာရေးနေခြင်းဖြစ်သောကြောင့် စီးပွားရေးသက်သက်ကိုသာ ထောက်ရှုသည့် မီဒီယာလုပ်ကိုင်သူ အချို့ကလည်း သူတို့စာမူများကို ဖော်ပြခြင်းဖြင့် နအဖအာဏာပိုင်များကို မျက်နှာလုပ်ကြသည်။ ကံကောင်းလျှင် စက္ကူချပေးခြင်းလို လက်ငင်းအကျိုးခံစားခွင့်များပင် ခံစားရတတ်သည်မဟုတ်လော။


ယင်းသို့ တခေတ်ထလာသော စစ်ဝတ်စာရေးသူများသည် သူတို့ရေးချင်သည်များကို ရေးချင်သလိုရေးကြသည်။ တဖက်က ပြန်ချေပနိုင်ခြင်းမရှိခြင်းနှင့် စာပေစိစစ်ရေးက ဘာမှမပြောရဲသည်တို့ကို အခွင့်ကောင်းယူကာ အဖြစ်အပျက်များကို စောက်ထိုး ပြောင်းပြန်ရေးကြသည်။ သမိုင်းကိုပင် ပြင်ရေးကြသည်။ သမိုင်းမှ ခေတ်သစ်သမိုင်းကိုသာမက သမိုင်းမတင်မီကျောက်ခေတ် အကြောင်းကိုပင် သူတို့လိုချင်သလို ပြင်ရေး၊ ထင်သလို ရေးနေကြသည်။ သူတို့ကိုယ်တိုင်လည်း ရေးသည်၊ ခိုင်း၍ရသော သမိုင်း ဆရာတို့ကိုလည်း ရေးခိုင်းသည်။ ကွန်မြူနစ်တွေက “လူထုဟာ သမိုင်းကိုဖန်တီးသူ ဖြစ်သည်”ဟု ဆိုကြသည်။ နအဖခေတ်တွင်မူ သမိုင်းကို စစ်ဗိုလ်တွေက ဖန်တီးနေကြသည်။


သူတို့ကိုယ်ရည်သွေးတာ၊ မဏ္ဍပ်တိုင်တက်တာတွေကိုတော့ စကားလုပ်ပြီး ပြောနေစရာမလိုဟု ယူဆပါသည်။ သူတို့အထဲတွင် ဆရာကြီးဒေါက်တာသန်းထွန်းလို “ငါရေးချင်သမျှငါအကြောင်း” ရေးဝံ့သူရှိသလားဟုသာ မေးခွန်းထုတ်လိုပါသည်။ အကြောင်းက သူတို့ဘာအကြောင်းပဲရေးရေး၊ သိသိသာသာ ရှောင်ကွင်းရသည့် အချက်တချက်ရှိသည်။ ယင်းမှာ စစ်အုပ်စုတွေ၏ အတွင်းရေးများ ဖြစ်သည်။ ဤသစ္စာတော်ကို စစ်အုပ်စုပြင်ပရောက်သွားသူ၊ အထုတ်ခံရသူ၊ အထုခံရသူများပါ စောင့်ထိန်းရသည်။ စစ်အုပ်စု၏ အတွင်းရေးတွေကို သူတို့အများကြီး သိပါသည်။ သို့သော် ယောင်လို့ပင် မဟပါ။ အပုပ်ချပြီး အထုတ်ခံရသူပင်လျှင် သူ့ကို ဘယ်လို အပုပ်ချပြီး ထုတ်လိုက်တာဖြစ်ကြောင်း မရေးပါ။ ဒါဖြင့် သူတို့ကျေနပ်နေလို့လားလို့ မေးစရာရှိပါသည်။ သူတို့ မကျေနပ်ယုံမက ခံစားမှုများလည်း ရှိကြပါသည်။ သို့သော် သူတို့အတွင်းမှာ “စစ်အုပ်စုဝံသာနုဝါဒ” ရှိပါသည်။ ထို့ကြောင့်မရေးပါ။ ရေးလျှင်လည်း “စာပေစိစစ်ရေး”က လက်မခံယုံမက “ဘေး”ပင် တွေ့နိုင်သည်။


တပ်အပြင်ရောက်မှ စာရေးသူများထဲတွင် ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်အပါအဝင် အခြား ဆိုရှယ်လစ်ထိပ်သီး စစ်ဗိုလ်တွေ အများကြီးရှိပါသည်။ ဗိုလ်နေဝင်းအကြောင်းကို သူတို့အသိဆုံးဖြစ်သည်။ သို့သော် သူတို့မရေးပါ။ တလုံးမျှမရေးပါ။ (ရှစ်စ်လေးလုံးအကြိုကာလတုန်းက ဗိုလ်အောင်ကြီး ရေးခဲ့သည်များကိုကြည့်ပါ)။ စစ်အုပ်စု အတွင်းရေးကို သူတို့ လုံးလုံးမရေးပါ။ ဗိုလ်တင်ဖေကို အရူးလို့ ရေးချင်ရေးမည်။ ဗိုလ်တင်ဖေက မုံရွာဦးဘငြိမ်ကို ဆရာတင်နေသူဖြစ်ကြောင်း ရေးချင်ရေးမည်၊ ဗိုလ်နေဝင်း အကြောင်းကိုတော့ လုံးလုံးမရေးပါ။ ၅၈ခုနှစ် အာဏာသိမ်းပွဲ၊ ၇ရက် ဇူလိုင် လူသတ်မှအစ အရေးကြီးကိစ္စအားလုံးကို ဗိုလ်နေဝင်း ခေါင်းမငြိမ့်ဘဲ ဘယ်သူမှ ဘာကိုမှ မလုပ်နိုင်ကြောင်းကို သူတို့အသိဆုံးဖြစ်ပါသည်။


သူတို့ရှောင်သည့် နောက်တချက်လည်း ရှိသေးသည်။ ယင်းမှာ သမိုင်းအဖြစ်မှန်ကို ရေးရန် ရှောင်ခြင်းဖြစ်သည်။ စာပေစိစစ်ရေးလည်း မသိနိုင်သော နအဖ စစ်အုပ်စုထိပ်သီးတွေလည်း မမှီလိုက်သော ရှေးဟောင်းနှောင်းဖြစ်တွေကို လုပ်ထွင်ပစ်လိုက်ခြင်း ဖြစ်သည်။ ဥပမာ စာအုပ် တအုပ်တွင် ၁၉၃၆ကျောင်းသားသပိတ်နှင့် ၁၉၃၈ကျောင်းသားသပိတ်ကို လုံးထွေးပစ်လိုက်သည်။ ၁၉၃၆ကျောင်းသား သပိတ်တွင် ကိုဗဟိန်းနှင့် ကျောင်းသားသပိတ်သမားတွေကို စစ်ကိုင်းက ကျောင်းအုပ်ကြီးမစ္စတာဒေါင်း (ဘိုးဝါး စစ်ပြန်ကြီး) ဦးစီးသည့် စကောက်အဖွဲ့က တုတ်ရှည်တွေနှင့် ရိုက်ခဲ့သည့်ကိစ္စကို မရေးပါ။ (ဘယ်ရေးမလဲ၊ ယင်း စကောက်အဖွဲ့တွင် သူတို့ ဆိုရှယ်လစ် စစ်အုပ်စုဝင်တယောက် ပါနေတာပဲ) နောက် ဗြောင်လိမ်တာတခုကတော့ အာဏာသိမ်းပွဲကို သူတို့ မသိလိုက်ပါ ဟု လိမ်ခြင်းဖြစ်သည်။ ဗကပ ပါတီအတွင်း ကိစ္စတွေကိုတော့ အပ်ကျတာကအစ သူတို့သိနေသလို ရေးလေ့ရှိကြသော်လည်း သူတို့လက်အောက်က စစ်တပ်ထဲတွင် အာဏာသိမ်းရန် ပြင်နေခြင်းကိုတော့ မသိပါဟု ဗြောင်လိမ်ကြသည်။ “စစ်တပ် အာဏာသိမ်းပွဲဖြစ်တော့မည်” ဆိုခြင်းကို (ပွဲကြည့်ပရိသတ်) ဘေးလူတွေက သိနေကြသော်လည်း ဇာတ်စင်ပေါ်က (စစ်တပ်ထဲက) လူက မသိပါဟု ဆိုခြင်းမှာ ဗြောင်လိမ်နေခြင်းသာဖြစ်ပါသည်။ ဗိုလ်နေဝင်းက တရေးနိုးမှ အကြံပေါ်ပြီး အာဏာသိမ်းခဲ့ခြင်းမဟုတ်။ အတွင်းလူတွေနှင့် တိုင်ပင်၊ စီမံကိန်းချပြီးမှ အာဏာသိမ်းခြင်းဖြစ်သည်။ ပြောစရာရှိသည်က အာဏာသိမ်းပြီးနောက် အာဏာဝေစု (တိုက်ရာပါပစ္စည်း) ခွဲဝေရာ၌ “ကျနော်မပါဘူး၊ လက်မခံပါရစေနဲ့” ဟုငြင်းခဲ့သူ တယောက်မှမရှိ ဆိုသောအချက်ဖြစ်ပါသည်။


ဗမာ့သမိုင်းတွင် လက်နက်တဖက် ကလောင်တဖက်ဖြင့် စာရေးခဲ့သော စာဆိုစစ်သည်များ ကျော်ကြား၊ လူလေးစားခံရခြင်းများ ရှိခဲ့ပါသည်။ ရှေးခေတ်သမိုင်းတွင်သာမက အနီးခေတ်သမိုင်းတွင်လည်း ရှိခဲ့ပါသည်။ သို့သော် ယနေ့ခေတ်တွင်မူ ယင်းသို့သော စာပေစစ်သည်များ မတွေ့ရသလောက် ဖြစ်နေသည်။ အဓိကအကြောင်းရင်းမှာ သူတို့၏လက်ထဲကသေနတ်သည် ပြည်သူလူထုကို ပစ်ခတ် သတ်ဖြတ်သော သေနတ်ဖြစ်နေသောကြောင့် ဖြစ်လေသည်။

UN Chief May Not Visit Burma in Decemberဒီမိုကရေစီရေး တိုးတက်မှုမရှိရင် ဘန်ကီမွန်း မြန်မာခရီးစဉ် ဖျက်မည်

By LALIT K JHA / UNITED NATIONS Wednesday, October 8, 2008


UN Secretary-General Ban Ki-moon has cast doubt on a tentatively scheduled trip to Burma in December, saying so far he sees no tangible progress in achieving UN-mandated goals.

The secretary-general, in a press conference at UN headquarters in New York, said he would visit Burma only when he sees the possibility of achieving progress toward the goals the UN has set and is certain his visit would yield tangible results.

Ban said he does not see those conditions right now, and he is unlikely to visit Burma under the present circumstances.

"As to my visit, when I said I will be personally engaged, that meant that I would be willing to pay a return visit to Myanmar at an appropriate time,” he said. “But you should also know that without any tangible or very favorable results to be achieved, I may not be in a position to visit Myanmar without any expectations."

Ban, who has organized several meetings during the General Assembly session of the UN including ministerial-level meeting of the Friends of the Secretary General on Burma, said he is studying the possibility of a visit.

"I am now in the process of making some groundwork, which may allow me to consider my own visit. But at this time, I need some more time. I will have to consider all the circumstances—when would be an appropriate time for me to visit," he said.

Such a statement by the secretary-general could be considered a major setback for the military junta, since a visit by Ban would enhance their credibility. It was during the last visit of Ibrahim Gambari, the special UN envoy on Burma, that it was announced that Ban would make a second trip to Burma in December.

Ban’s first visit was in May in the aftermath of cyclone Nargis when he visited the Irrawaddy delta. His talks with top Burmese officials were restricted to humanitarian relief efforts.

The secretary-general, however, said he is committed to ensure that things move in a positive direction in Burma.

"On this [Burma], you have my firm commitment and assurances that I will be constantly and personally engaged—at my level and through my special adviser Mr Gambari's engagement with the Myanmar authorities," Ban said.

Gambari last visited Burma in August, which many considered a failed mission. He failed to meet with either Sen-Gen Than Shwe or opposition leader Aung San Suu Kyi.

"I have convened for the first time this high-level meeting where many countries were represented at the ministerial, foreign ministers, level. It was very encouraging," Ban said, referring to the ministerial-level meeting of 14 Friends of the Secretary-General on Burma.

"There was firm support for the continuing good offices role of the secretary-general, and also Gambari's engagement there. That will continue," Ban said.

"There was again strong commitment from the Group of Friends of the Secretary-General that they will provide whatever necessary assistance and cooperation to enable that," he said.

The secretary-general said there was strong support from UN member nations that it is up to the Burmese government to implement fully the democratization process and also release all political prisoners.


United Nations Secretary General Ban Ki-moon, Sept 24, 2008.AP
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း။ စက်တင်ဘာ ၂၄၊ ၂၀၀၈။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်မှုတွေ
မတွေ့ရဘူးဆိုရင်တော့ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်
ကို ပယ်ဖျက်ကောင်း ပယ်ဖျက်မယ့်အကြောင်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က အင်္ဂါနေ့မှာ ပြောလိုက်ပါ
တယ်။ လာမယ့်ဒီဇင်ဘာလမှာ သူ မြန်မာနိုင်ငံကို
သွားရောက်မယ်ဆိုပြီး အရင်ထွက်ပေါ်နေခဲ့တဲ့
သတင်းတွေနဲ့ပတ်သက်လို့ အင်္ဂါနေ့က ကုလ
သမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ
ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက
မေးမြန်းတဲ့အပေါ် မစ္စတာဘန်ကီမွန်းက တုံ့ပြန်
ဖြေကြားခဲ့တာပါ။


နိုင်ငံရေးကိစ္စရပ်တွေကို ပြောဆိုဆွေးနွေးဖို့ လာမယ့်ဒီဇင်ဘာလမှာ သွားဖို့ရှိတယ်လို့
ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ
(Ibrahim Gambari) ပြီးခဲ့တဲ့ သြဂုတ်လ မြန်မာနိုင်ငံရောက်ရှိချိန်အတွင်း ပြောခဲ့ပါ
တယ်။

မစ္စတာဘန်က သူ့အနေနဲ့ရော၊ သူ့ရဲ့အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီအနေနဲ့ရော
မြန်မာ့အရေးမှာ အဆက်မပြတ် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့လုပ်ဆောင်သွားမယ်ဆိုတာ
ကို အခိုင်အမာ ထပ်ပြောခဲ့ပါတယ်။ မစ္စတာဘန်ကီမွန်းက …

"ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက အပြည့်အ၀ အကောင်
အထည် ဖော်သင့်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး
အကျဉ်းသားတွေကိုလည်း လွှတ်ပေးသင့်ပါတယ်။"

သူ့ရဲ့ခရီးစဉ်ဟာ ကုလသမဂ္ဂက တောင်းဆိုထားသလို မြန်မာအစိုးရက ဒီမိုကရေစီရေး
ပြုပြင်ပြောင်းလဲမှုတွေ လုပ်သလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်
သလား၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးသလားဆိုတာတွေပေါ်မှာ မူတည်နေ
တယ်လို့ မစ္စတာဘန်က ပြောပါတယ်။

"သင့်တော်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ကျနော်ပြန်သွားချင်ပါတယ်။ ဒါပေမယ့်
အကောင်အထည်ပြနိုင်တဲ့ ဒါမှမဟုတ် အင်မတန် အားတက်ဖွယ်ကောင်းတဲ့ တိုးတက်မှု
တွေ မရဘူးဆိုရင်တော့ ကျနော် မြန်မာနိုင်ငံကို သွားမှာမဟုတ်ပါဘူး။"


"ဒီတကြိမ်မှာ ကျနော့်အတွက် အချိန် ပိုလိုအပ်ပါတယ်။ သွားရောက်ဖို့ အသင့်တော်ဆုံး
အချိန်က ဘယ်အချိန်ဖြစ်မယ်ဆိုတာကို သတ်မှတ်ဖို့အတွက် အခြေအနေအားလုံးကို
ကျနော် ထည့်သွင်းစဉ်းစားရမှာပါ။"


မစ္စတာဘန်ကီမွန်းက သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်
ပြောင်းလဲမှုတွေ ရှိ-မရှိ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ
လွတ်-မလွတ် ဆိုတာတွေအပေါ် မူတည်နေတယ်လို့ မြန်မာအစိုးရအပေါ် သွယ်ဝိုက်ပြီး
ဖိအားပေးတဲ့သဘော ပြောသွားခဲ့ပါတယ်။

Thai Crisis Turns Bloodyဆန္ဒပြမှု ထိန်းသိမ်းရေး စစ်တပ်အကူအညီ ထိုင်းရဲရယူ


By GRANT PECK / AP WRITER Wednesday, October 8, 2008


BANGKOK — Thailand suffered its worst political violence in more than 16 years as police battled protesters who besieged the Parliament in their struggle to change the country's system of democracy. At least one person was killed and more than 400 people were injured.

The army moved into the streets of the capital, Bangkok, while most of the protesters eventually left the area around Parliament and regrouped on the grounds of the prime minister's office, which they have occupied since August 26.

Riot policemen fire tear gas towards anti-government demonstrators protesting outside Parliament in Bangkok on October 7. (Photo: Reuters)
The violence heightened the political uncertainty that has bedeviled Thailand since early 2006, when large protests called for Thaksin Shinawatra, the tycoon-turned-prime minister, to step down for alleged corruption and abuse of power.

A September 2006 coup ousted Thaksin, but a military-appointed interim government proved incompetent and scared away foreign investors.

Thaksin's political allies were restored to power by a December 2007 election, serving only to deepen the split between his rural majority supporters and urban-based opponents, who have made it difficult for the government to function. The problems stayed at a boil when Somchai Wongsawat, Thaksin's brother-in-law, became prime minister.

Earlier, according to Thai media, he climbed over a fence to get past the crowds and escape from Parliament.

The protesters' rage over what they see as an effort to reinstall Thaksin by stealth leads some to suspect they are pushing to force another coup to oust the government.

"It is increasingly apparent that the alliance is provoking confrontation so that the military would intervene," said Charnvit Kasetsiri, a historian and a former rector of Bangkok's Thammasat University: "They are confusing anarchy and democracy and I don't think a coup can be ruled out at this point. It seems that they want to drag it to that end, one way or the other."

But Army Commander Gen Anupong Paochinda, speaking to reporters Tuesday night, said: "The military will not stage a coup. A coup would not do any good to the country. It won't accomplish anything. It is not hard to stage a coup. But making a country function after staging one is."

The prime minister rebuffed the protesters' demands to step down. "I came in to do my job, so I will not quit working," Somchai told reporters.

An injured anti-government protester, center, is carried by her comrades after police dispersed thousands of protesters. (Photo: AP)
The protesters, calling themselves the People's Alliance for Democracy, include royalists, wealthy and middle-class urban residents and union activists, all of whom feel threatened by political and social change.

The alliance claims Thailand's electoral system is susceptible to vote-buying, and that the rural majority, the Thaksin camp's power base, is not sophisticated enough to cast ballots responsibly.

It advocates abandoning one-person, one-vote to allow some lawmakers to be chosen by professions and social groups, but has not explained how such a system would work and be free and fair.

The violence was the worst since 1992, when the army killed dozens of pro-democracy demonstrators seeking the ouster of a military-backed government.

The protesters had surrounded the squat, modern Parliament buildings Monday night with barbed wire and tire barricades. The first burst of violence came at 6 a.m. Tuesday when police cleared the street, allowing the prime minister to enter and deliver a policy statement.

Another erupted in the late afternoon with authorities firing countless volleys of tear gas to clear a path for lawmakers to leave.

About a mile (1.6 kilometers) away from the fighting, an unidentified person was killed when a Jeep Cherokee exploded. Police said they suspected a bomb, but gave no details.

Witnesses reported hearing gunshots throughout the day, though who was firing them could not be determined.

07 October 2008



Anti-government protesters try to flee from tear gas in front of Parliament in Bangkok, Thailand, Tuesday, Oct. 7, 2008.AP
မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် ထွက်ပြေးနေကြသော ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ။
အောက်တိုဘာ ၇၊ ၂၀၀၈။
ထိုင်းစစ်တပ်များ ချထားတာဟာ ရဲရဲ့အကူ
အညီတောင်းခံလို့ ကူညီဖို့အတွက်သာ
ဖြစ်တယ်၊ လက်နက်မကိုင်ထားကြပါဘူးလို့
စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းပြောဆို
ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်
ရေး ဆန္ဒပြသမားများနဲ့ လုံခြုံရေးတပ်ဖွဲ့များ
ပဋိပက္ခ ဖြစ်ပွားနေစဉ် မသင်္ကာဖွယ် ကားဗုံး
ပေါက်ကွဲလို့ အမျိုးသမီးတယောက် သေဆုံး
သွားပါတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ ပါလီမန်ကို
ဝိုင်းပြီး ဆန္ဒပြနေကြတဲ့ ထောင်ပေါင်းများစွာသော ဆန္ဒပြသမားများ ပတ်သက်ခြင်း
ရှိမရှိ မသိရသေးဘူးလို့ အစိုးရတာဝန်ခံများက ပြောဆိုကြပါတယ်။

ပါလီမန်လွှတ်တော်ထဲ ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝပ် (Somchai Wongsawat)
မိန့်ခွန်းပြောရာသို့ လွှတ်တော်ကိုယ်စားလှယ်များ မတက်နိုင်အောင် အစိုးရဆန့်ကျင်
ရေး ဆန္ဒပြသမားများက လွှတ်တော်ကို ၀ိုင်းရံပိတ်ဆို့ထားတာဖြစ်လို့ ရဲက ထပ်တလဲလဲ
မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲရပါတယ်။

ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံလိုက်ရတဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra)
နဲ့ နီးစပ်တဲ့ ဒီရွေးကောက်တင်မြှောက်ခံအစိုးရ ဆင်းပေးဖို့ လူထောင်ပေါင်းများစွာတို့က
ဘန်ကောက်မြို့ရှိ အစိုးရရုံးဝင်းကို သိမ်းပိုက်ပြီး ဆန္ဒပြနေတာ တလကျော်သွားပါပြီ။
ဒီနေ့ပဋိပက္ခဟာ ဒီကာလအတွင်း အဆိုးဝါးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဆွန်ချိုင်းက ရာထူးကမထွက်ဘူး၊ အရေးပေါ်အခြေအနေလည်း မကြေညာ
ဘူးလို့ ငြင်းဆန်ကြောင်း သတင်းရရှိပါတယ်။