2.10.2009

အကယ်ဒမီလည်း ယတြာပါပဲ

(ဆောင်းပါး)
ပညာကျော် / ၁၀ ဖေဖော်ဝါရီ ၂၀၀၉

ဆရာက စာရေးသူကိုပြောဖူးပါသည်။

တပည့်မှတ်ထားကွတဲ့၊ လူတွေဟာ အမြင်မတူကြပါဘူးတဲ့။ အထူးသဖြင့် ကဗျာကိုမင်းကြည့်။ လူရွှင်တော် ရွတ်တော့ ခွန်းတောက်၊ အဆိုတော်ရွတ်တော့ သီချင်း၊ ဘုန်းကြီးရွတ်တော့ ဓမ္မသံတဲ့ကွာ။ ဒါကြောင့်မို့လို့ အကြောင်း အရာ တခုကို တမျိုးတည်း ပုံသေတွက်လို့ မရသလို ပြောင်းလဲ စေနိုင်တာကိုလည်း သိဖို့လိုတယ်။ ဒါပေမယ့် ကျိုးကြောင်း ခိုင်လုံမှုရှိရှိ မြင်တတ်ဖို့ အရေးကြီးတယ်ကွတဲ့။

ငယ်ငယ်တုန်းက စာရေးသူတို့မှာ သူငယ်ချင်းလေးယောက်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ယောက်ျားလေး သုံးယောက်၊ မိန်းကလေး တယောက်ပါ။ ကလေးဘဝကစားကြတော့ ဆရာဝန်လုပ်ပြီး ကစားလေ့ရှိတဲ့ ကောင်က ခု ဆရာဝန် ဖြစ်ခဲ့သလို၊ စစ်တိုက် ကစားလေ့ရှိတဲ့ ကောင်က ရဲထဲရောက်ပြီး စာရေးသူတို့ကို အတင်းအဓမ္မ စာပြပြီး ကစား ခဲ့တဲ့ မိန်းကလေးက ခု ဆရာမဖြစ်နေတယ်။

လူဆိုတာ စရိုက်လက္ခဏာကို အခြေခံပြီး ပြောဆိုပြုမူတတ်ကြသည်ဟု စိတ်ပညာက ဆိုထားသည်။ ဝေဒ ပညာဗေဒင်က ဘာပြောလဲဆိုရင် သတ္တဝါတို့၏ စရိုက်လက္ခဏာတို့သည် သူ့၏ကံကြမ္မာကို ဖော်ပြနေပါ သည်တဲ့။ နက္ခတ် ပညာမှာလည်း နေ၊ လ၊ ကြယ်တို့နှင့် ကမ္ဘာ၏လူပ်ရှားမှုတို့ကိုကြည့်ပြီး ယနေ့ကမ္ဘာပေါ်ရှိ သက်ရှိ သက်မဲ့ တို့၏ ပြောင်းလဲမှုကို ခန့်မှန်းဟောပြောကြပါသည်။ ထိုသို့ပြောဆို ဟောပြောချက်များကိုလည်း မြန်မာတို့ ယုံကြည် အလေးထား ကြပါသည်။

ရှေးလွန်ခဲ့ပြီးသော နှစ်ပေါင်းများစွာကပင် ပေါ်ပေါက်ခဲ့သော မြန်မာ့ရိုးရာသင်္ကြန်စာဟောစာတမ်းကို ဤနက္ခတ်များကို ကြည့်ပြီး တွက်ချက်ခဲ့ကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် နက္ခတ်များ စုံလင်စွာ ထွက်ပေါ် သဖြင့် ထိုနေ့တွင် ထွက်ပေါ်သော နက္ခတ်များကို အခြေခံတွက်ချက်ပြီးမှ သင်္ကြန်စာကို ထုတ်ဝေကြရ ပါသည်။ ထို့ကြောင့် သင်္ကြန်စာပါ အကြောင်းအရာများကို မြန်မာများက အထူးတန်ဖိုးထားကာ ဆောင်ထားပြီး လိုက်နာ တတ်ကြပါသည်။

နက္ခတ်သည် ဗေဒင်မဟုတ်ဟု ဆိုကြသော်လည်း ဝေဒမှဆင်းသက်လာခြင်းတူသလို ဗေဒင်လေးပုံတွင် ပါဝင် သဖြင့် အတူတူသာဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ အမှန်တော့ ဤပညာရပ်များမှာ လောက အကျိုးပြု ပညာရပ်များ ဖြစ်သည်ဟု ရှေးပညာရှိများက သုံးသပ်ခဲ့ကြသော်လည်း မျက်မှောက်ခေတ်တွင် တဦး တယောက်၏ အကျိုးကို အလေးထား လုပ်ဆောင်နေကြသော ပညာရပ်အဖြစ် ပြောင်းလဲလာခဲ့ပါသည်။

ရှေးက ငလျင်လှုပ်မည်၊ မိုးခေါင်မည် စသည်အားဖြင့် ဟောကိန်းထုတ်ကာ လူထုတရပ်လုံး၏ အကျိုးအတွက် သတိပေး တားဆီးနိုင်ခဲ့ကြပါသည်။ သူတို့၏ ဟောပြောမှုများမှာလည်း မှန်ကန်ခဲ့ကြပါသည်။ ထိုမှန်ကန်မှုများ ကို အခွင့်အရေး ယူကာ တဦးတယောက်အတွက် အသုံးချလာသည့်အခါ အများလေးစားသော ပညာရပ်မှာ အများ၏ အကြောက်ဆုံးအသွင် ဆောင်လာခဲ့ပါသည်။

မြန်မာစစ်အာဏာရှင်များသည်ကား ကိုယ်ကျိုးအတွက် ဗေဒင်ကို အဓိကအသုံးချခဲ့သည်ဟု လူထုတရပ်လုံးက ယုံကြည်ကြသလို အသုံးချဆဲလည်းဖြစ်သည်ကို တွေ့နေရသည်။ ဘုရားတည်၊ ကျောင်းဆောက်၊ လမ်းခင်း၊ တံတားထိုး၊ စစ်တိုက်တာတို့မှစပြီး ဗေဒင်အလိုကျ အဆောင်ယတြာမပါဘဲ စစ်အာဏာရှင်တို့ လုပ်ခဲ့သည်ကား မရှိခဲ့သည်သာဟု ပြောရပါမည်။ ထိုအလုပ်တို့ အောင်မြင်ရေးအတွက် ဆိုပါလျှင် ပြောစရာမဟုတ်သော်လည်း တဦးတယောက်၏ အကျိုးတရားအတွက် လူကိုထားစေဦးတော့ ဘုရားသော်မှ မလွတ်ဘဲ စတေးခံရသည်မှာ တော့ မပြောမပြီး ပြောရမည်သာဖြစ်သည်။

အာဏာရှင်တို့သည် သူတို့အား နှောင့်ယှက်ဖျက်ဆီးလာမည့် အန္တရာယ်ဟူသမျှကို ကြိုတင်တွက်ထားပြီး ဖြစ်သလို ကြိုတင်ကာကွယ်မှုကိုလည်း ပြုလုပ်ခဲ့ကြသည်။ သူတို့ အာဏာတည်မြဲရေးအတွက်ဆို အပယ်ငရဲ မပြောနှင့် ငရဲထက် အဆပေါင်းများစွာသော ငရဲကိုလည်း သူတို့မကြောက်ပါ။

၂၀၀၇ မတိုင်မီကတည်းက နအဖတို့ဟာ သံဃာတော်တွေ လုပ်ရှားလာနိုင်တာကို တွက်ထားပြီးဖြစ်လို့ တပြည်လုံးကို ယတြာချေစေခဲ့ပါသည်။ ဘယ်လိုပြုခဲ့ပါသနည်းဆို မြင့်မြတ်သော သံဃာသင်္ကန်းရောင်ကို “စည်ပင် သန့်ရှင်းရေး အလုပ်သမားများအား အပေါ်ဝတ်အဖြစ်” ဝတ်စေပြီး သံဃာလှုပ်ရှားမှုကို ကာကွယ် ထားခဲ့ပါသေးသည်။ ထို့အပြင် အမြင့်ကို အပင်ဖြင့် သတ်စေဆိုသည့်သဘောဖြင့် တနိုင်ငံလုံးမှာ “သစ်ဆိမ့်” ပင်ကို စိုက်စေပြီး သံဃာကို နဝင်းသတ်ကာ ကက်ကင်းပြန်ခဲ့တာပါပဲ။ သစ်ဆိမ့် (သစ်+ဆိမ့်) ၆+၃=၉ ဖြစ်သည့် အတွက် နဝင်းကျေစေ၊ ပပျောက်စေဆိုသည့်အယူကို ယူခဲ့တာပါပဲ။

သို့သော်ကား မရခဲ့ ဘာကြောင့်ပါလိမ့်။

သံဃာဆိုသည်မှာ သီလကို ပုံဖော်ပေးနိုင်သူများဖြစ်ပြီး သင်္ကန်းမှာ ဗုဒ္ဓ၏ အမြတ်ဆုံး ရတနာဖြစ်သည့်အတွက် နိမ့်ကျသော သူတို့မှ မြင့်သော သူများကို မတော်လှန်နိုင်ခြင်းသာ ဖြစ်ပါလိမ့်မည်။ ဥပမာ တောင်ပေါ်ကို တောင်အောက်မှ ခဲနဲ့ ပစ်၍ မရခြင်းသာ ဖြစ်ပါသည်။

ထို့နောက်တွင်လည်း ကမ္ဘာကဒေါ်စုကို ထောက်ခံပြီး မြန်မာ့အရေးကို အာရုံစိုက်လာသောအခါ နအဖတို့က စုကြည်ကို ရန်နှိမ်ကာ“ကြက်ဆူ” ကို တနိုင်ငံလုံး စိုက်စေပြန်ပါသည်။ အမှန်တော့ ကြက်ဆူမှ ဆီကို အဓိက မထားဘဲ စုကြည်ကို ကက်ကင်းရိုက်ခြင်းသာဖြစ်ပါသည်။

“စုကြည်၊ ကြက်ဆူ” (တနင်္လာ+အင်္ဂါ ကို အင်္ဂါ+တနင်္လာ) နဲ့ ကက်ကင်း ရိုက်ခြင်းသာ ဖြစ်ပါသည်။ ဗေဒင်တွင် ကက်ကင်းသည် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ကက်ကင်းကြောင့် တဘက်လူမှာ သေဆုံးသွားနိုင် သည်အထိ ဖြစ်စေပါသည်။ ထို့ကြောင့် ဆရာများက “တွက်ဆိုဟောကြား၊ မလိုငြား ကက်ကင်းမသုံးရာ၊ ကက်ကင်းသုံးက ဖြေမရ မုချ အဆုံးသာ” ဟု ပြောဆိုခဲ့ ကြပါသည်။

ထိုနအဖ ကက်ကင်းကြောင့် ဒေါ်စုခမြာ ကျန်းမာရေးချိုတဲ့မှုကို ကောင်းကောင်းခံခဲ့ရပါသေးသည်။ ကံကောင်း လို့သာဟု ဆိုရမည်။ တကယ်တော့ နအဖတို့က ဒေါ်စုကို လူချင်းရိုက်လို့မနိုင်သည့်အဆုံးမှာ ဗေဒင်ဖြင့် အဆုံး စီရင်ခဲ့သည့် သဘောလည်းဖြစ်ပါသည်။ ပြုလုပ်ခံသူဘက်က စေတနာမှန်နေသလို ပြုလုပ်သူများက စေတနာ မမှန်ခြင်း ကြောင့်သာ ဒေါ်စုလွတ်မြောက်ခြင်းဖြစ်သည်ဟု ဆိုရပါမည်။

နောက်ပြောလိုသည်မှာ နအဖတို့သည် ၂၀၀၈ ခု ဆန္ဒခံယူပွဲမှာ အောင်မြင်နိုင်စေဖို့ သာမည ဆရာတော် ရုပ်ကလာပ်ကိုတောင်မှ မရှောင်ခဲ့ပါဘူး။ အတင်းဆွဲကာ ယတြာထဲမှာ ဆွဲထည့်ခဲ့ပါသည်။ ဘာကြောင့်ပါလိမ့်။

ဆရာတော် မပျံလွန်ခင် မိန့် ကြားခဲ့သည်ဆိုသော မကြာမီ မြန်မာ့နိုင်ငံရေး ပြောင်းလဲမည်ဆိုသည့် စကားမှာ နအဖတို့ကို တုန်လှုပ်စေခဲ့ပြီး သူတို့ အဓိကထားလုပ်နေသော အလုပ်ဟူသမျှ အောင်မြင်စေဖို့ သာမညကို ဖယ်ရှားရမည်ဆိုသည့်အတိတ်ကို နိမိတ်လုပ်ခဲ့ခြင်းသာ ဖြစ်ပါသည်။ သာမညကို ဖယ်ရှားနိုင်သဖြင့် သူတို့ အဓိက ထားနေသော လမ်းပြမြေပုံ အောင်မည်ဟုလည်း သူတို့ ယုံကြည် နေကြပါသည်။

နောက်တဖန် နာဂစ်မှာ အရှက်ရစရာတွေနဲ့ ကမ္ဘာမှာ လူမိုက်စာရင်းဝင်နေချိန်မှာ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို သန်းရွှေလုပ်ပုံကလည်း မပြောမပြီးနိုင်သော ယတြာကြီးပါပဲ။ ဘယ်လိုလုပ်ခဲ့ပါသလဲ။

ဗုဒ္ဓဘာသာတို့အတွက် ဘုရားထက်မြင့်မြတ်သောသူဟူသည်မရှိဆိုတာ လက်ခံထားကြပြီး ဖြစ်သလို ဘုရားကို ယှဉ်ပြိုင်နိုင်သောသူဟူသည်လည်း မရှိပါပေ။ လောကသဘောအရကြည့်မည်ဆိုလျှင် ယနေ့ လူ့လောက ကမ္ဘာကို အုပ်စိုးနေသူမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သာလျှင် ဖြစ်သဖြင့် ဘာသာရေးစကားဖြင့် ပြောလျှင် ဘုရား တဆူဟုသာ ဆိုရပါမည်။ ဒီတော့ သူ့ကိုနိုင်အောင် ဘယ်လိုလုပ်ရမည်ဆိုသည်မှာ သန်းရွှေအတွက် အရေးကြီး လာသည့်အတွက် နောက်ဆုံးမှာတော့ မထူးဇာတ်ခင်းကာ သူ့ကိုယ်သူ ဘုရားဖြစ်အောင် သူ့ရုပ်နှင့် တူသော ဘုရားကိုထုလုပ်စေပြီး ကုလအတွင်းရေးမှူးချုပ်ကို ဦးချ စေပါတော့သည်။

ဆရာကောင်းသမားကောင်းတွေကြောင့် သန်းရွှေမှာ ဘုရားတောင်ဖြစ်လိုက်သလို အာဏာသာ တည်ပါစေ ဘုရားလည်း ငါ့အောက်မှာပဲဆိုသည့် အာဏာရူးအကျင့်ဆိုးတို့ လွှမ်းမိုးနေသည်မှာလည်း ထင်ရှားစေပါသည်။
ဤကား မြင်သာသော ယတြာတွေသာ ဖြစ်ပြီး မမြင်နိုင်သော ယတြာများ မည်မျှ ရှိမည်ဆိုသည်ကိုမူ ပြောစရာ လိုဦးမည် မထင်ပါ။

ဆရာ့ဆရာများကလည်း အသပြာသာ အလေးထားစရာဖြစ်ကာ အမျိုးမျိုးမရိုးနိုင်သော ယတြာများကို တခုပြီးတခု စီမံ အားပေးနေပုံတွေကလည်း ရင်လေးစရာပါ။ နအဖနဲ့ သန်းရွှေတို့က ယခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၀)၂၀၀၉ မှာ အလူးအလဲခံရမှာကိုတော့ ကြိုတင်တွက်ထားပုံရပါသည်။ ထို့ကြောင့် နောက်ဆုံး အကယ်ဒမီလည်း ငါတို့ ယတြာပဲဆိုပြီး လုပ်ခဲ့ကြသည်။

အကယ်ဒမီပေးပွဲကို အရင်က ဇန်နဝါရီလတွင်သာ ကျင်းပသော်လည်း ယခုနှစ်ကျမှ ဘာကြောင့် ဖေဖော်ဝါရီလတွင် ကျင်းပရပါသလဲ။

စာရေးသူအမြင်ကို ပြောရလျှင် ဂဏန်းသင်္ချာဗေဒင်ပညာအရ ယခုရောက်နေသော သက္ကရာဇ်မှာ မြန်မာ ၁၃၇၀ ခုဖြစ်သလို ခရစ်ကလည်း ၂၀၀၉ ဖြစ်နေသဖြင့် ပေါင်းသော် နှစ်ခုစလုံး နှစ်ပဲရနေပါသည်။ (၁+၃+၇+၀)=၁၁ (၁+၁)=၂ ဖြစ်သည်ကို တွေ့ရပြီး (၂+၀+၀+၉)=၁၁ (၁+၁)=၂ ဖြစ်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဒီနှစ်သည် တနင်္လာဂြိုဟ် စီးသော နှစ်ဟု ဆိုရမည် ဖြစ်ပါသည်။

ပြုလုပ်သောလမှာ ဖေဖော်ဝါရီလဖြစ်နေခြင်းကြောင့်လည်း (၂)သာလျှင် ဖြစ်ပါသည်။ သောကြာသား သန်းရွှေကို တနင်္လာနှစ်က “သောက” အနေဖြင့် ကောင်းကောင်း ဒုက္ခပေးနိုင်သည်ကို ရိပ်မိသလို ကိုယ်တိုင်လည်း ကြုံနေရပါသည်။ ဗေဒင်အလိုအရ ရန်ထဲတွင် အတွင်းရန်မှာ ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ဒါ့ကြောင့် ရန်ပြေနိုင်မယ့် နည်းလမ်းကိုရှာသောအခါ ပထမဦးဆုံးတွေ့လိုက်သည်မှာ အကယ်ဒမီ ပေးပွဲသာဖြစ်သည်။ အကယ်ဒမီ ဆိုသည်မှာ ထိပ်တန်းရောက်ဆုဖြစ်သလို အဓိပ္ပာယ်အားဖြင့်လည်း “ကယ်ဆယ်” ခြင်း နိမိတ်ကို ယူကာ အောင်အတိတ်ကို ရှာပါတော့သည်။

စာရှုသူများ သေချာစွာ စဉ်းစားစေလိုပါသည်။

သောကြာသား သန်းရွှေကို ကယ်တင်နိုင်ရေးအတွက် အကယ်ဒမီပွဲကို (၇ ရက်၊ စနေနေ့) မှာ ကျင်းပတာပါပဲ။ “သောက”ကို “သုတ” ဖြစ်စေရန်အတွက် (၇ ရက် စနေကို ရွေးကာ) စနေနံကို ဖော်လိုက်ခြင်းသာဖြစ်ပါသည်။

နောက်ထူးခြားသည်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားကိုယ်စားလှယ်များကို အတင်းအဓမ္မ ခေါ်ဆောင် ထားသည် ကိုလည်း သတိပြုစေလိုပါသည်။ ယခင်က တခါမှမရှိခဲ့ ဆိုသည်ကိုလည်း စာဖတ်သူများ သတိပြု စေလိုပါသည်။ ဘာကြောင့် ခေါ်ထားရပါသလဲ။ ဆုရသည့်ဇာတ်ကားကို ဦးစွာကြည့်လျှင် “ကိုးဆယ်ဆ သာလိမ့်မယ်” တဲ့။

အဓိပ္ပာယ်က အောင်အတိတ်ဆောင် အောင်နိမိတ်ယူသော် အားလုံးတို့ထက် သာလွန်စေခြင်းတည်းဟူသော ဝိသေသကို ဂုဏ်ဖော်ကျူးထားသည်ကိုတွေ့ ရမည်။ အားလုံးတို့ကို ကျော်လွန်နိုင်ခြင်းနိမိတ်မှာ သန်းရွှေတို့၏ တိုင်းရင်းသားတရပ်လုံးကို ကျွန်ပြုရေးတည်းဟူသော နံနှိမ်ရေးကိုယူပြီး တိုင်းရင်းသားအားလုံးတို့ထက် သာလွန်ကြောင်း အတိတ်ကိုဆောင်ကာ “ပြည်ထောင်စုဖွားတိုင်းရင်းသားများ” ကို ခေါ်ယူပြီး နှုတ်ပိတ်ဆွံ့အ စေခြင်း ယတြာသာ ဖြစ်ပါသည်။

ဆုချီးမြှင့် ခံရသူများမှာလည်း ယောက်ျား (၆) ယောက် ဖြစ်သည်ကို တွက်လိုပါသည်။

ယောက်ျားဆိုသည်မှာ (၄+၂)= ၆ ဖြစ်၍ သောကြာနံ သန်းရွှေကို ကိုယ်စားပြုထားပြန်ပါသည်။ (၆)ယောက် ဆိုပြန်တော့လည်း သောကြာသန်းရွှေကို ကိုယ်စားပြုပြီး “ယောက်ျားခြောက်ယောက်” ဖြစ်သည့်အတွက် သောကြာနံ ခြောက်ကို ခြောက်ခါပေါင်းသော် တနည်းအားဖြင့် မြှောက်သော် ( ၃၆ ) ရပါလိမ့်မည်။ (၃၆) ကို ပေါင်းသော် “၉” ရသဖြင့် ငါသာလျှင် အားလုံးတို့၏ ကိုးကွယ်ရာဖြစ်ရမည်ဆိုသည့် “ကိုးနဝင်း” ချေက “အောင်ပွဲရ” ဆိုသည့်ကိန်းကို အရဖန်းတီးထားခြင်းသာ ဖြစ်ပါသည်။

ထို့အပြင် သန်းရွှေကိုတည်ပြီး နေ့နံကိုနှောခါ ဆုရသူများ၏နံကို ပေါင်းလျှင် (သန်းရွှေ+ကိုးဆယ်ဆသာ လိမ့်မယ်+ ကျော်ရဲအောင်+မိုးဒီ+ကျောက်ဖြူ+စိန်မွတ်တား+မောင်ယဉ်အောင်+ခုနှစ်+ရက်+နေ့ ဂြိုဟ် ) တို့ကို ပေါင်းသော် ( ၆ + ၂၃ + ၇ + ၁၂ +၇+၁၅+၁၀+၁၁+၇+၁၀)= (၁၀၈) ရသည်ကို တွေ့ရမည်။ “၁၀၈” ဆိုသည်မှာ ဂြိုဟ်အားလုံးတို့၏ ဂြိုဟ်သက်ဖြစ်သဖြင့် “အဟောင်းကိုကျော်၊ အသစ်လိုသော်၊ ဂြိုဟ်သက် အကြေပြုပါလေ” ဟူသော အဆိုကို လက်ကိုင်ပြုကာ အာဏာတည် သက်ဆိုးရှည်ရေးအတွက် အကယ်ဒမီကို အကွက်ကျကျ ပုံဖော်စီမံခဲ့ခြင်းသာ ဖြစ်ပါသည်။

၂၀၁၀ ကိုလည်း ကြိုတွက်ကာ တိုင်းရင်းသားအားလုံးကို အကယ်ဒမီက ဖနှောင့်နဲ့ပေါက်ပြီး နံနှိမ်ကာ အောင်ပွဲခံ ခဲ့ခြင်းလည်းဖြစ်ပါသည်။ သို့ပါ၍ သန်းရွှေတို့၏ ယတြာပျက်ရေး တို့အရေးဟု သဘောထားကာ ပြန်လည် စီမံ ရတော့မည်သာ ဖြစ်ပါတော့သည်။


ကော့သောင်းမြို့  ရွှေတိဂုံဘုရား ပုံတော်တူ ပန္နက် အုတ်မြစ်ချမင်္ဂလာပွဲတွင် ရခိုင်ရိုးရာကျင်ပွဲကိုပိတ်ပင်

KAHIN.2.jpg

ရခိုင်ရိုးရာ ကျင်ကိုင်ပွဲတခု

ဖေဖေါ်ဝါရီ ၁၀

တနင်္သာရီတိုင်း ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်အတွင်းရှိ သီရိမန္တလာ ကျောင်းအတွင်းတွင် ရွှေတိဂုံ ဘုရား ပုံတော်တူ ပန္နက် အုတ်မြစ်ချ မင်္ဂလာပွဲကျင်းပစဉ် ရ၀တဥက္ကဌ ဦးသန်းနိုင် က ရခိုင်ရိုးရာကျင်ပွဲကို ဆက်လက် ကျင်းပရန်တားမြစ် ပိတ်ပင် ခဲ့သည်။

ဖိနပ်၁၈ ပေ ပတ်လည် အမြင့် ၁၈ ပေ ရှိ ရွှေတိဂုံဘုရား ပုံတော်တူပန္နက် အုတ်မြစ်ချ မင်္ဂလာပွဲကို ဖေဖေါ်ဝါရီ ၇ ရက် နေ့ တွင် ဘုရားကိုးဆူ လှည့်လည်ခြင်းနှင့် စတင်ခဲ့ပြီး ပျော်ပွဲရွှင်ပွဲများကို ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပျော်ပွဲ ရွှင်ပွဲအဖြစ် ရခိုင် ရိုးရာကျင်၊ ချောတိုင်တက်၊ လွန်ဆွဲနှင့် တုတ်ရိုက်ပွဲများ ထည့်သွင်း ကျင်းပခဲ့သည်။

၈ ရက်နေ့ညနေတွင် ရပ်ကွက်တွင်း အရက်ဆိုင်တစ်ဆိုင်တွင် ထားဝယ် လူငယ်နှစ်ဦး အရက်မူး ရာမှ ဓါးထိုးမှု ဖြစ်၍ ဆေးရုံ တင်လိုက်ရသည်ကို အကြောင်းပြု၍ ရ၀တ ဥက္ကဌ က ကျင်ပွဲကို ဆက်လက်ကျင်းပခွင့် ပိတ်ပင် လိုက် ခြင်းဖြစ်သည်။

ရခိုင်ရိုးရာကျင်ပွဲတွင် ရွှေမောင်း ပထမဆုအဖြစ် ဘတ်ငွေ ၁၅၀၀ တန် ရွှေမောင်းနှင့်ဘတ်ငွေ ၃၀၀၀။ ရွှေမောင် ဒုတိယဆု ဘတ်ငွေ ၁၅၀၀။ငွေမောင်း ပထမဆု အဖြစ် ဘတ်ငွေ ၁၅၀၀။ ငွေမောင်း ဒုတိယဆု ဘတ်ငွေ ၁၀၀၀ စီ သတ်မှတ်ထားခဲ့သည်။ နောက်ဆုံး ဗိုလ်လုပွဲကျင်းပမည့် ဖေဖေါ်ဝါရီ ၉ ရက်နေ့တွင် ရပ်ကွက်အတွင်း ရန်ဖြစ်ခြင်းကြောင့် ကျင်ပွဲ ဆက်လက် မကျင်းပရသဖြင့် ကော့သောင်းမြို့ မှ သံဃာတော်များ၊ ဒေသခံများနှင့် တစ်ဝက်တစ်ပျက် ကျင်ကိုင်ထားသော ရခိုင် ကျင်သန်များက မကျေမနပ် ဖြစ်နေကြသည်။

ငွေမောင်းတန်း ဗိုလ်လုပွဲကို ရောက်ရှိနေသူ ကိုကျောက်မင်းက“ရပ်ကွက်ထဲမှာထားဝယ် ကောင်လေး နှစ်ယောက် ရန်ဖြစ်လို့ ဓါးနဲ့ထိုးကြတယ်။ တစ်ယောက် ဆေးရုံတင်ရတယ်။ ရပ်ကွက်ထဲမှာ ရန်ဖြစ်တာနဲ့ ဘုန်းကြီးကျောင်းထဲမှာ ကျင်ပွဲလုပ်တာနဲ့ဘာဆိုင်လဲဗျာ။ ကျနော်တို့ကို သက်သက် အာဏာပါဝါပြတယ်လို့ ကျနော် ထင်တယ်။ ဒီကျင်ပွဲကို ကော့သောင်းနယ်၊ဘုတ်ပြင်းနယ်၊ ထိုင်းဘက်ခြမ်းကရနောင်း၊ကျုံဖေါ်က ရခိုင် ကျင်သန်တွေ လာကြတာ၊ လူတော်တော် စည်ကားပါတယ်၊ ဗိုလ်လုပွဲကျမှ ခုလို ဖြစ်သွားရတော့ စိတ်မကောင်း တော့ ဖြစ်ရတယ်”ဟု ပြောသည်။

ရခိုင်ရိုးရာ ကျင်ပွဲကို ဆက်လက် မကျင်းပဖြစ်သော်လည်း ချောတိုင်တက်၊ လွန်ဆွဲနှင့် တုတ်ရိုက်ပွဲများ ကိုမူ ဆက်လက် ကျင်းပခဲ့ကြသည်။ တနယ်လုံးမှ လူများ လာရောက် ကြသဖြင့် ပွဲတော်မှာ အတော်အသင့် စည်ကား ခဲ့သည်။

အမည်မဖေါ်လိုသော ရခိုင်သံဃာတစ်ပါးက “ ကော့သောင်း အာဏာပိုင်တွေဟာ ရခိုင်ကနေ ဒီကို သာသနာ လာပြုကြတဲ့ ဦးဇင်းတို့ကို သိပ်အမြင်မကြည်ဘူး။ ဦးဇင်းတို့ စာသင်ကြတယ်။ ဗုဒ္ဓဘာသာ တရားတော်ကို ပြန့်ပွားစည်ပင်အောင် ကြိုးစားနေကြတဲ့ သာသနာတော် တာဝန်ကို ထမ်းဆောင်နေကြတာ။ ပြီးတော့ ဦးဇင်းတို့ ရခိုင်လူမျိုးတွေရဲ့  ရိုးရာကျင် ဆိုတာ လူတိုင်း တတ်ကြတာမှ မဟုတ်တာ။ ဒီအားကစား ပညာကို မပျောက် စေလိုတဲ့ ရည်ရွယ်ချက် တွေကိုလည်း အမျိုးသားရေး တာဝန် တစ်ရပ်အနေနဲ့ ထည့်သွင်း ကျင်းပတာ ဖြစ်သလို ပွဲတော်လာ ပရိတ်သတ်တွေလည်း ပျော်ရွှင်ရအောင် စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။ အဲဒါကို ပိတ်ပင်တာတော့ မကောင်းဘူးလို့ ယူဆပါတယ်” ဟုပြောသည်။

ရခိုင်ရိုးရာကျင် အားကစားမှာ နပမ်းတစ်မျိုးဖြစ်ပြီး ခွန်အားဗလ၊ ပညာဉာဏ်တို့ဖြင့် ထိုးကြိတ်ခြင်းမပါပဲ မြေကြီး သို့ လှဲချရသော ပညာဖြစ်သည်။ ရခိုင်သမိုင်း မှတ်တမ်းများအရ ရခိုင်သမိုင်း စတင်ခါစ ဒွါရာဝတီနိုင်ငံကို အုပ်ချုပ်ခဲ့သော ၀ါသုဒေ၀၊ ဗလဒေ၀ မင်းညီမင်းသား တစ်ကျိပ်တို့ အားစမ်းသောအနေဖြင့် ကစားကြသော ပညာက စတင်လာခဲ့ကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်တွင် ဘုန်းကြီးပျံပွဲ၊ ဘုရားပွဲ၊ သင်္ကြန်ပွဲနှင့် ရဟန်းခံရှင်ပြုပွဲတို့တွင် ထည့်သွင်း ကျင်းပလေ့ရှိသည်၊၊ မြန်မာနိုင်ငံတွင် မဆလခေတ် ကတည်းက နိုင်ငံတော် ပွဲလမ်း သဘင် များတွင် ထည့်သွင်း ကျင်းပခဲ့သော လူကြိုက်များသည့် အားကစား ပညာရပ် တစ်ခုလည်း ဖြစ်သည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

သတင်းပဒေသာ



မြင့်မိုးဇော်/ ၁၀ ဖေဖော်ဝါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အန်အယ်လ်ဒီ၏ လူထုပန်ကြားချက်ကို ထောက်ခံသည့်အနေဖြင့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ နေရာအနှံ့တွင် စာတန်းများကပ်ပြီး ပိုစတာများ ချိတ်ဆွဲခဲ့သည်။ ...အပြည့်အစုံသို့


အမျိုးသမီးတွေ အကယ်ဒမီ ဘာကြောင့်မရ

အမျိုးသမီးတွေ အကယ်ဒမီ ဘာကြောင့်မရ

၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုနှင့် ဇာတ်ပို့ဆုတို့ မပါဝင်ခဲ့ ခြင်းအပေါ် လူအများက စိတ်ဝင်တစားနှင့် ထင်ကြေးမျိုးစုံ ပေးနေကြပြီး

အတိုက်အခံပါတီကြီး ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန် ဗဟိုရုံးချုပ်နှင့် မန္တလေးတို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားများ ကျင်းပသွားမည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ကျရောက်မည့် ၆၂...

မြန်မာတယ်လီ ဆာဗာပျက်နေ

ပုဂ္ဂလိက အင်တာနက် ၀န်ဆောင်မှုတခုဖြစ်သည့် မြန်မာတယ်လီပို့တ်၏ ဆာဗာစက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ထိုမှ ချိတ်ဆက်ယူထားသည့် အင်တာနက်လိုင်းများ ယနေ့နံနက်တွင် သုံးစွဲမရနိုင်ဘဲ...

မြန်မာနှစ်ဦးက ထိုင်းကျောင်းသူကို မတရားကျင့် သတ်ဖြတ်ဟုဆို

ထိုင်းကျောင်းသူ တဦးအား မြန်မာပြည်သား အလုပ်သမား ၂ ဦးက ပြီးခဲ့သည့် စနေနေ့တွင် မတရား ပြုကျင့်ပြီး သတ်ဖြတ် ခဲ့သည်ဟု ထိုင်းဘာသာဖြင့် ရေးသားသည့် ချင်းမိုင် သတင်းစာ

ဝ နှင့် နအဖ ဆက်ဆံရေး တင်းမာ

အပစ်ရပ် အဖွဲ့တခုဖြစ်သော ဝ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် စစ်အစိုးရအကြား တင်းမာမှု ဖြစ်ပွားနေသည်ဟု နယ်စပ် သတင်း ရပ်ကွက်များက ဆိုသည်။

မန္တလေးမြို့သစ်တွင် မီးလောင်

မန္တလေးမြို့သစ် မြရည်နန္ဒာ ရပ်ကွက်တွင် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်က မီးလောင်ကျွမ်းရာ အိမ်ခြေပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံး သွားကြောင်း မန္တလေး မီးသတ်ဌာနနှင့်

နာဂစ် ပြန်လည်ထူထောင်ရေး သန်း ၇၀၀ လိုမည်

နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး အကူအညီ လိုအပ်နေသေးကြောင်း...
ထောင်ဝင်စာ ပြန်ဖွင့်
တလတကြိမ် လျှော့ချ

NEJ/ ၁၀ ဖေဖော်ဝါရီ ၂၀၀၉
ပြီးခဲ့သည့်လက အကြောင်းပြချက်မရှိ ပိတ်ပင်ထားသည့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်ဝင်စာတွေ့ခွင့်ကို ယခုလ (၄) ရက်နေ့တွင် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနက အကျဉ်းထောင်အသီးသီးကို ဖုန်း-ဖက်စ်ဖြင့် အကြောင်းကြား ခဲ့ပြီးနောက် ဖေဖော်ဝါရီ (၉) ရက် တနင်္လာနေ့မှစပြီး တွေ့ဆုံခွင့်ရခဲ့ကြောင်း မိသားစုဝင် ..အပြည့်အစုံသို့
မရမ်းကုန်းမြို့နယ်
တရားပွဲအပိတ်ခံရ
မင်းနိုင်သူ/ ၁၀ ဖေဖော်ဝါရီ ၂၀၀၉
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်း ယခုလ (၁၆) ရက်နေ့မှစတင်ကာ မတ်လကုန်အထိ တရားပွဲများ မကျင်း ပရန် မြို့နယ်မယကရုံးမှ အမိန့်ထုတ်ထားကြောင်း ယင်းမြို့နယ်ရှိ သံဃာတော်တပါးက မိန့်ကြားသည်။ “ဦးဇင်းတို့ကျောင်းမှာ တပေါင်းလပြည့်နေ့ တရားပွဲ ကျင်းပဖို့ ဆိုင်ရာတွေကို ခွင့်ပြုချက်...အပြည့်အစုံသို့

- ကဗျာဆရာကြီး မင်းသုဝဏ်ရာပြည့် click
- အဘ၏ အုတ်ဂူ၌ ပူဇော်ခြင်း (ကဗျာ)(ဆရာကြီးမင်းသုဝဏ် ရာပြည့်သို့ ...) click
- သပြေညို ဘယ်လိုမှ မသေပါ (ရုပ်ပုံလွှာ) click
- မင်းသုဝဏ် - ၈၈ ကဗျာ click
- ဆရာကြီး မင်းသုဝဏ်၏ စာပေဝေဖန်ရေး နည်းနာများ (စာအုပ်စင်) click
- စုလွတ်မြောက်ရေး လူထုလှုပ်ရှားမှု ရန်ကုန်မှာစပြီ click
- ထောင်ဝင်စာ ပြန်ဖွင့်၊ တလတကြိမ် လျှော့ချ click
- မရမ်းကုန်းမြို့နယ်တရားပွဲ အပိတ်ခံရ click
- မြောက်ကိုရီးယား ဝါဒဖြန့်သတင်း ဖော်ပြ click
- အကယ်ဒမီလည်း ယတြာပါပဲ (ဆောင်းပါး) click
- အပြောင်းအလဲအတွက် လူထုသဘောထား ဖော်ထုတ်သင့်ပြီ (အယ်ဒီတာ့အာဘော်) click
- မုံရွာနှင့် ပခုက္ကူတွင် ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်လာသူများကို ဖမ်းမိ click
- (ဗကသ)ခေါင်းဆောင် ကိုကျော်ကိုကိုအား ထောင်ဒဏ်ချမှတ် click
- အမျိုးသမီးတွေ အကယ်ဒမီ ဘာကြောင့်မရ click
- ဝ နှင့် နအဖ ဆက်ဆံရေး တင်းမာ click
- မန္တလေးမြို့သစ်တွင် မီးလောင် click
- သီးခြားကမ္ဘာသို့ အလည်တခေါက် (ဆောင်းပါး) click
- အတိုက်အခံပါတီကြီး ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမည် click
- စီးပွားရေးအကြောင်း အဖွဲ့ချုပ်တွင် ဟောပြော click
- ဦးကျော်သူ ရာထူးအပြောင်းအလဲ သုံးပွင့်ဆိုင်လုပ်ငန်းများ မထိခိုက် click
- မန္တလေးမီး အိမ်ခြေ သုံးရာကျော် ဆုံးရှုံး click
- မြန်မာတယ်လီ ဆာဗာပျက်နေ click
- နာဂစ်ပြန်လည်ထူထောင်ရေး သန်း ၇၀၀ လိုမည် click
- စီးပွားရေးအစီအစဉ်ကြန့်ကြာရင် တိုင်းပြည်ဘေးတွေ့နိုင်၊ အိုဘားမား သတိပေး click
- ဂါဇာတိုက်ပွဲသံတွေကြား အစ္စရေးလ်ရွေးကောက်ပွဲ ကျင်းပ click
- အိုဘားမားရဲ့ ကယ်ဆယ်မှုအစီအစဉ် click
- ရေကာတာစီမံကိန်းကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပိုမိုထိခိုက် click
- တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာအချို့ စားဝတ်နေရေး ခက်ခဲနေ click
- နာဂစ်အကြောင်းစာစု ‘မုန်တိုင်းနှင့်လူ’စာအုပ် အရောင်းသွက် click
- ချစ်သူများနေ့မှာ နှင်းဆီပန်းလှုပ်ရှားမှုပြုလုပ်ရန် တိုက်တွန်း click
- မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေး တင်းမာနေဆဲ click
- ဗကသခေါင်းဆောင်းသုံးဦးကို ထောင်ဒဏ် ၃ နှစ်စီချမှတ် click
- ကိုယ့်အားကိုယ်ကိုး မီးသတ်ကားဝယ်ရန် မြို့ခံတွေ စိတ်မ၀င်စား click
- သေဒဏ်ကျ မွန်ပြည်သစ်ပါတီဝင်နှစ်ဦးကို လွှတ်ပေးရန် တောင်းဆို click
- အကယ်ဒမီဆုပေးပွဲ ခါတော်မီဂျာနယ်များ အရောင်းမသွက် click
- ဒီနှစ်အကယ်ဒမီပေးပွဲ အမျိုးသမီးသရုပ်ဆောင်ဆု တခုမှမပါ click
- ထိုင်းကျောင်းသူကို မြန်မာအလုပ်သမားနှစ်ဦး အဓမ္မပြုကျင့် သတ် click
- မန္တလေးမီးလောင် အိမ်ခြေ ၃၀၀ ကျော် ပြာကျ click
- မလေးရှားရောက် မြန်မာများ လုံခြုံမှုကင်းမဲ့နေ click
- မန်းဝင်းမောင်အတ္ထုပတ္တိ အပိုင်း (၉) (မှတ်စုမှတ်တမ်း) click
- မြန်မာ ၂၆ ယောက် ဘင်္ဂလာမှ နှင်ထုတ်ခံရ click
- ရခိုင်ရိုးရာ ရထားဆွဲပွဲ မောင်တောမြို့တွင် စည်းကားသိုက်မြိုက်စွာကျင်းပ click

Burma News

News about dog biting man

Commander of SPDC MOC No. 5 Brig. Kaung Myat who is assigned to KNU Brigade 2 territory Toungoo District asserted, "Abusing you locals is uneventful for the media. It won't get into news anymore. The media won't print this kind of news anymore. Nor will radio stations air such pieces. Don't count on them for your suffering. We can torment you as much as we like." Claiming thus, he is carrying out tortures and human rights violations upon the people in Toungoo District blatantly.

Since early January, SPDC troops are forcing local populace of twelve villages in Bawgaligyee area to carry army ration supplies and act as human minesweepers on auto roads. On February 6, junta troops forced fifty Bawgali villagers and twenty Yethogyee villagers to walk abreast throughout the length of Bawgali road in order to act as human shields and also as human minesweepers. Moreover the army commandeered cars owned by Saw Maung Krue and Saw Tha Hto of Bawgali village and forced them to drive on the road to sweep any hidden mines.

As the army extorted giant bamboo poles (Dendrocalamus giganteus) from villages in the vicinity for construction of army outposts and fences, the giant bamboo is now in danger of extinction.

On February 6 at about 7:00 PM, SPDC soldiers camping in Tate-pu outpost shelled Tate-pu village without any apparent cause, wounding Naw Bway Phaw (aged 18), Naw Khoe Khoe (aged 14 ) and motherless child Naw Day Moo Seet (aged 1) of Tate-pu village and Naw Hekhalay (aged 22) of Phalawbawdel village and vendor Maung Min Htin (aged 30) of Zayatkyee Town.

Tactical Operations Commander Kan Paw Oo under the command of MOC No. 5 ordered villagers along the electricity grid lines in Toungoo District Thandaung Gyee area to pay compensation for bombed pylons.

In KNU Brigade 1 territory Thaton District, DKBA battalions 907 and 999 in joint operations with SPDC Army's LIR 214 and IB 96 are carrying out forced labor and physical torture upon the people. IB 96 outpost in-charge Myo Zaw has ordered Thetbawhtur, Pokalaylo and other villages to supply 500 bamboo poles each.

--
NCGUB - Border Office

Campaigners urge EU to tighten sanctions on junta

Burma campaign groups from 13 European countries have urged the European Union to strengthen its policy of sanctions on Burma and to pressure the junta to release all political prisoners....

Government in exile's view on Rohingya issue

(Interview) The Burmese military junta at the end of last month refused to accept the existence of 'Rohingya' among Burma's over 100 ethnic races. The junta's refusal appeared after the...

A survivor of the cyclone Nargis stands by a house rebuilt next the wreckage of a destroyed one in Thetkala on the outskirts of Rangoon, 16 May 2008 Burma Recovery Plan Launched for Cyclone-Hit Areas
Three-year plan jointly prepared by representatives from UN, ASEAN and Burma

SPECIAL REPORT

The Battle of Insein Never Really Ended

By AUNG ZAW
Sixty years on, Burma’s famous Battle of Insein, when Karen forces tried to take Rangoon, still resonates.

Chevron Silent on Bribery Allegations in Cambodia

By MARWAAN MACAN-MARKAR
US energy giant Chevron is under fire for failing to disclose the amount of money it allegedly paid to secure rights to drill for offshore oil in corruption-ridden Cambodia.

Human Rights Office in Southern Thailand Raided

By GRANT PECK
Soldiers and police staged a dawn raid Sunday on an office of a human rights group in southern Thailand, inspecting computer files and documents.

Burma Recovery Plan Launched for Cyclone-Hit Areas
Voice of America - USA
By Daniel Schearf The United Nations and the Association of Southeast Asian Nations have launched a recovery plan for areas of Burma hit by last year's ...
See all stories on this topic
People: Angelina Jolie and Brad Pitt plan to adopt Burmese child
Denver Post - Denver,CO,USA
Angelina Jolie at the Karenni refugee cap at Ban Mai Nai Soi along the Burmese-Thai border. Angelina Jolie and Brad Pitt want to adopt another baby, ...
See all stories on this topic
Myanmar needs $700 mln in cyclone aid - UN
Reuters - USA
Foreign donors are also reluctant to provide aid to the former Burma, under military rule since 1962 and isolated internationally over its dismal human ...
See all stories on this topic
Burma activists conclude meeting in Barcelona
Democratic Voice of Burma - Oslo,Norway
Feb 9, 2009 (DVB)–Burmese democracy campaigners in Europe agreed to oppose the planned 2010 elections and pressure the European Union for strong action on ...
See all stories on this topic
Pattaya Daily News
ANGELINA AND BRAD SET TO ADOPT BOY FROM BURMA
Pattaya Daily News - Chonburi,Thailand
They were heartbroken after the actress visited refugees from Burma during a trip to Thailand. Now they are planning to adopt a baby boy from the stricken ...
See all stories on this topic
Burma cyclone victims need more help: UN
The Age - Melbourne,Victoria,Australia
Survivors of Burma's devastating Cyclone Nargis nine months ago still need international aid to rebuild their lives, the United Nations said at the launch ...
See all stories on this topic
Refuge through learning
Citizens Voice - Wilkes-Barre,PA,USA
Although a medical doctor in his home country, Nyein pursued additional education in the United States to escape persecution in Burma, now known as Myanmar. ...
See all stories on this topic
Burma's Man-Made Suffering
The Irrawaddy News Magazine - Chiang Mai,Thailand
By VORAVIT SUWANVANICHKIJ and CHRIS BEYRER On February 3, UN Special Envoy Gambari concluded his seventh official trip to Burma. He managed to meet with Daw ...
See all stories on this topic
Burma's policy debate: polarisation and paralysis
Mizzima.com - New Delhi,Delhi,India
by Benedict Rogers Burma is one of the world's worst human tragedies. A beautiful nation, with talented people, rich in natural resources, it was once "the ...
See all stories on this topic
China Does Not Want Conflict Between Burma and Bangladesh
Narinjara News - Dhaka,Bangladesh
China does not want conflict between Bangladesh and Burma over the maritime boundary dispute in the Bay of Bengal. It was said by Shanghai Institutes for ...
See all stories on this topic

Blogs Alert for: Burma news

Jackaranda: BURMA 'MUST STOP ROHINGYA ABUSE'
By jackaranda
According to the UN High Commission for Refugees (UNHCR) some 230000 Rohingya now live in Bangladesh, having fled decades of abuse by Burma's military rulers. BBC NEWS REPORT. Labels: UNCHR Burma US Rohingya Bangladesh ...
Jackaranda - http://feoline.blogspot.com/
Zachary Michaelson Post: Burma Still Not Recovered from 2008 Cyclone
By Zachary Michaelson
Zachary Michaelson Post: Landmines Used to Terrorize and Intimidate in Burma 9 days ago. Zachary Michaelson News: Zachary Michaelson Seeks to Raise Awareness of Burma 18 days ago. DEC. PRESS RELEASE: Former Burmese Political Prisoners ...
Zachary Michaelson : Burma Awareness - http://zachary-michaelson.sampa.com/
Index on Censorship » Burmese journalists acquitted
By admin
News in brief. Burmese journalists acquitted. Editor Khin Maung Aye and reporter Manaw Tun of Rangoon-based weekly journal News Watch have been acquitted, after being detained for over two months in the notorious Insein Prison. ...
Index on Censorship - http://www.indexoncensorship.org/
- TCG launches three-year recovery plan for cyclone Nargis affected communities click
- $700 million sought for Myanmar cyclone recovery click
- Burma Recovery Plan Launched for Cyclone-Hit Areas click
- Cyclone Nargis victims need 'years' of help click
- Myanmar needs $700 mln in cyclone aid - U.N. click
- Brad and Ange 'to adopt Burma Baby' click
- Burma's policy debate: polarisation and paralysis click

၂၀၁၀အတွက် ကဗျာ(အောင်ခိုင်မြင့်)

08/02/2009
Poem for 2010 Election

သတင်းပဒေသာ

နေပြည်တော်အကယ်ဒမီပေးပွဲ
လုံခြုံရေး တင်းကျပ်

NEJ/ ၉ ဖေဖော်ဝါရီ ၂၀၀၉ နေပြည်တော်၌ ဖေဖော်ဝါရီ (၇) ရက်နေ့က ကျင်းပခဲ့သော အကယ်ဒမီ ရွှေစင်ဆု ချီးမြှင့်သည့်ပွဲတွင် လုံခြုံရေး အလွန် တင်းကျပ်ထားကြောင်း သိရသည်။ “ကျနော်တို့ကို ဓာတ်ပုံ ရိုက်တဲ့အခါ နောက်ထပ်လိုအပ်တဲ့ အပို ဘက်ထရီ (ဓာတ်ခဲ) တွေကို ယူခွင့်မပေးဘူး၊ ပြီးတော့ အသံဖမ်းစက်ကိုလည်း စစ်ဆေးတဲ့ရဲတွေက မယူရဘူးလုပ်လို့ ..အပြည့်အစုံသို့

ဗကသ ကျောင်းသားနှစ်ဦး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်

၁ဝ လကျော်ကြာ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် ဗကသ ကျောင်းသား ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်အား ဗီဒီယို အက်ဥပဒေဖြင့် ယနေ့ ထောင်ဒဏ် ၃ နှစ်စီ ချလိုက်သည်။...

ခွေးကလူကိုကိုက်ခြင်း သတင်း

ကေအဲန်ယူ တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ တောင်ငူခရိုင်မှာ နအဖတပ် စကခ-၅ ရဲ့ စကခမှူး ဗိုလ်မှူးချုပ်ကောင်းမြတ်က "မင်းတို့ကို နှိပ်စက်တာ မီဒီယာတွေအတွက် ရိုးနေပြီ။ သတင်းမဟုတ်တော့ဘူး။ မီဒီယာတွေက မဖော်ပြတော့ဘူး၊ အရေးလုပ်ပြီး အသံမလွှင့်တော့ဘူး။ အဲဒါတွေကို အားကိုးမနေနဲ့။ ငါတို့နှိပ်စက်ချင်သလို နှိပ်စက်လို့ရတယ်" လို့ ကြိမ်းဝါးပြီး လူထုအပေါ် နှိပ်စက်ညှဉ်းပန်းမှု၊ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေ ပါတယ်။

ဇန်နဝါရီလဆန်းကစပြီး တောင်ငူခရိုင် ဘောဂလိကြီး ၁၂ ရွာမှာ နအဖတပ်တွေက လူထုကို ရိက္ခာထမ်းခိုင်းတာ၊ ကားလမ်းတလျှောက် လူသားမိုင်းရှင်းကရိယာအဖြစ် ခိုင်းစေအသုံးပြုတာတွေ လုပ်နေပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ က ဘောဂလိရွာသား ၅၀ နဲ့ ရေသိုးကြီးရွာသား ၂၀ ကို ဘောဂလိကားလမ်းပေါ်မှာ ရင်ဘောင်တန်း တန်းစီလျှောက် ခိုင်းပြီး လူသားဒိုင်း၊ လူသားမိုင်းရှင်းကရိယာအဖြစ် မြေမြှုပ်မိုင်းကာကွယ်ရေး လုံခြုံရေးယူခိုင်းခဲ့ပါတယ်။ ဒါ့အပြင် ဘောဂလိကြီးက စောမောင်ကရူးရဲ့ကားနဲ့ စောသာထိုရဲ့ကားတွေကိုလည်း ချောဆွဲပြီး ကားလမ်းပေါ်မှာ မိုင်းရှင်းတဲ့ အနေနဲ့ အစုန်အဆန်မောင်းခိုင်းခဲ့ပါတယ်။ တပ်စခန်းဆောက်ဖို့အတွက် ကျေးရွာတွေကို ဝါးဘိုးဝါးဆင့်တာကြောင့် ရွာတွေမှာ ဝါးဘိုးဝါးတောင် မျိုးတုံးတော့မယ့်အခြေဆိုက်နေပါပြီ။

ဖေဖော်ဝါရီ ၆ ရက်ည ၇ နာရီလောက်မှာ နအဖတပ် တိပ်ပုရွာတပ်စခန်းက တိပ်ပုရွာထဲကို လက်နက်ကြီးနဲ့ အသားလွတ်ပစ်ထည့်လို့ တိပ်ပုရွာသူများဖြစ်တဲ့ နော်ဘွေဖော (၁၈ နှစ်)၊ နော်ခိုးခိုး (၁၄ နှစ်) နဲ့ မိတဆိုး နော်ဒေးမူးဆိ (၁ နှစ်) တို့အပြင် အလည်ရောက်နေတဲ့ ဖလောဘောဒဲရွာသူ နော်ဟဲခလေး (၂၂ နှစ်) နဲ့ ဇရပ်ကြီးမှလာတဲ့ ဈေးသည် မောင်မင်းထင် (၃၀ နှစ်) တို့ ၅ ယောက် လက်နက်ကြီးအစထိမှန် ဒဏ်ရရသွားခဲ့ပါတယ်။

တောင်ငူခရိုင် သံတောင်ကြီးနယ်မှာ မဟာဓာတ်အားလိုင်း တာဝါတိုင် ဗုံးခွဲခံရလို့ဆိုပြီး နအဖ စကခ-၅ က နဗဟမှူး ကံ ပေါ်ဦး က ဓာတ်အားလိုင်းတလျှောက်ရွာသားတွေကို ဗုံးခွဲခံရရင် လျော်ရမယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။

ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ သထုံခရိုင်မှာ DKBA တပ်ရင်း ၉၀၇၊ ၉၉၉ နဲ့ နအဖတပ် ခမရ ၂၁၄၊ ခလရ ၉၆ တို့ ပူးတွဲပြီး ပြည်သူလူထုကို လုပ်အားပေးခိုင်းစေခြင်း၊ ညှဉ်းဆဲရိုက်နှက်ဗိုလ်ကျခြင်းများ ကျူးလွန်နေကြပါတယ်။ နအဖ ခလရ ၉၆ တပ်စခန်းမှူး မျိုးဇော် က သဲ့ဘောထာ၊ ပိုကလေလို စတဲ့ရွာတွေကို တရွာလျှင် ဝါးအလုံး ၅၀၀ ခုတ်ပို့ ခိုင်းနေပါတယ်။
--
NCGUB - Border Office
ဧရာဝတီ မြစ်ရေ နည်းလာ

ဧရာဝတီ မြစ်ရေ နည်းလာ

ဧရာဝတီမြစ်ရေ လျော့နည်းကျဆင်းလာမှုကြောင့် ရေလမ်းကြောင်းများပြောင်းလဲလျက်ရှိပြီး မြန်မာနိုင်ငံ အလယ် ပိုင်းဒေသများတွင် ရေကြောင်းခရီးသွားလာရန် အခက်ခဲဖြစ်လျက်ရှိကြောင်း သိရှိရသည်။

မင်းသုဝဏ် - ၈၈ ကဗျာ

ဖေဖော်ဝါရီ ၉၊ ၂၀၀၉
ပြန်လည်ဆန်းသစ် မော်ကွန်းကဗျာ

- ရိုဟင်ဂျာပြဿနာ ဒေသတွင်းဆွေးနွေးပွဲ အင်ဒိုနီးရှားစီစဉ် click
- ကျောင်းသားခေါင်းဆောင်နှစ်ဦး ထောင်ဒဏ် အပြစ်ပေးခံရ click
- သြစတြေးလျတောမီး လူ ၁၃၀ ကျော် သေဆုံး click
- မြန်မာ-နိုင်ငံတကာဆက်ဆံရေး ပျော့ပြောင်းလာနိုင်၊ အာဆီယံ သုံးသပ် click
- ရိုဟင်ဂျာပြဿနာကို လူ့အခွင့်အရေးရှုထောင့်မှ ဖြေရှင်းသင့် click
- ဆိုင်ကလုန်းဒဏ်ခံရသူများ အကူအညီ လိုအပ်နေဆဲ click
- ၂၀၀၇ ဗကသ ကျောင်းသားခေါင်းဆောင်နှစ်ဦးကို ထောင်ဒဏ် ၃ နှစ် စီရင် click
- အဓမ္မစေခိုင်းရာကနေ အုတ်ကျင်းပိပြီး တဦးသေဆုံးသွား click
- ရေမီးရရှိရေး ဗိုလ်ချုပ်မှူးကြီးထံ စာတင်ဖို့ လက်မှတ်စုဆောင်းနေ click
- နာဂစ်ဒဏ်ခံ ပြည်သူတွေအတွက် နိုင်ငံတကာက ကူညီဖို့လိုနေ click
- မြန်မာနှင့်ဆက်သွယ်မည့် ကားလမ်း၊ ရထားလမ်း မြန်မာနယ်စပ်အနီးထိ ဘင်္ဂလာဒေ့ခ်ျအစိုးရမှ ဖောက်လုပ် မည် click
- ဘင်္ဂလာနိုင်ငံရေပြင်ပိုင်နက်ကို အမေရိကန်ရေတပ်မှ ပူးပေါင်းကာကွယ်ရန် ကမ်းလှမ်း click
- နစက အချင်းချင်းပစ်ခတ်၍ နှစ်ဦးသေ click
- ရွှေတိဂုံဘုရား အလှူခံပုံး ကန်ထရိုက်မပေးဟု ဂေါပကအတွင်းရေးမှူး ငြင်းဆို click
- အခြေခံဥပဒေ တရားမ၀င်ဟု SSA (တောင်ပိုင်း) ပြောကြား click
- ဗကသ ကျောင်းသားနှစ်ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ် click
- ဝိုင်းဝန်းအကူအညီ လိုအပ်နေသည့် ချင်း အစာရေစာခေါင်းပါးမှု (အင်တာဗျူး) click
- ဗိုလ်ချုပ်အောင်ဆန်းစာမူများ ရွေးကောက်ပွဲမတိုင်မီ ပိတ်ထား click
- ဦးကျော်သူ နိုင်ငံခြားရေးဒု-၀န်ကြီးရာထူးက ဘာကြောင့်ပြုတ် (ဆောင်းပါး) click
- နေပြည်တော်အကယ်ဒမီပေးပွဲ လုံခြုံရေးတင်းကျပ် click
- မြန်မာရုပ်ရှင်ထုတ်လုပ်မှု တနှစ်ထက် တနှစ်နည်းလာ click
- ဧရာဝတီမြစ်ရေ နည်းလာ click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဂျပန်မှာ ဆန္ဒပြ click
- ကြက်တူရွေး ဗိုလ်ချုပ်များ (ဆောင်းပါး) click
- အလုပ်သမားနဲ့ နိုင်ငံရေး (ဆောင်းပါး) click
- လက်တွေ့ဦးရွှေအုံး၏ လက်တွေ့နိုင်ငံရေး (ဆောင်းပါး) click
- နိုင်ငံရေးမျိုးဆက်သစ်တွေက နွားကို သနားသတဲ့ (ဆောင်းပါး) click
- ယုံကြည်ချက်ကို ဖျက်ဆီး၍မရစကောင်း (ဆောင်းပါး) click
- စီးပွားရေးအစီအစဉ် အထက်လွှတ်တော် ငြင်းခုံဆွေးနွေးဆဲ click
- ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ကာကွယ်ရေး အမေရိကန် ကူညီမည် click
- နေဇော်နိုင်ပြောတဲ့ ဂမ်ဘာရီရဲ့ နောက်ဆုံးခရီးစဉ် click
- ဗိုလ်ချုပ်ကြီးတို့ပေးတဲ့ အကယ်ဒမီ၊ မိန်းမတွေကိုပေးဖို့ဟုတ်ဘူး (စာဖတ်သူတွေ ရေးတဲ့စာ) click
- နှစ်စဉ်ကျင်းပမြဲ လတပို့တွဲ၊ ရွှေတိဂုံထမနဲပွဲ ရဟန်းရှင်လူတို့ဆင်နွှဲ (ဓာတ်ပုံသတင်း) click