8.12.2010

Burma's News World's News

Iraq 'not ready' for US pull-out

Iraq's top army officer says US pull-out plans are premature, as Washington says troops are on target to end combat operations by the end of the month.

Villagers evacuated through floodwaters near Muzaffargarh, Punjab province, on 11 August 2010Pakistani president in flood zone

Pakistan's President Zardari has visited a flood relief camp, his spokesman says, in his first tour of areas hit by the country's worst ever humanitarian crisis since it began two weeks ago.
  • Iran stoning woman 'confesses'

    Iranian television broadcasts what it says is a confession by Sakineh Mohammadi Ashtiani, who is under threat of being stoned to death.

Burma Designates Constituencies for “Parliament”

By THE ASSOCIATED PRESS
Election Commission has designated constituencies for the national and regional parliaments, state media announces, while political parties face myriad legal restrictions.

Mekong Dams Could Destabilize Region

By SIMON ROUGHNEEN
Uncoordinated decision-making and unilateral initiatives not only threaten the Mekong River area environment and livelihoods, but could affect security in Southeast Asia.

Asian Shares Slide on Signs of Slowing Growth

By THE ASSOCIATED PRESS
Asian markets tumbled Thursday as investors dumped riskier assets like stocks amid growing evidence the world economic recovery is stumbling.

'Sandwich Reporting' Keeps the Censors Guessing

By SAW YAN NAING
A new term, "Sandwich Reporting," has crept into the vocabulary of Burmese journalists looking for ways to bypass the government censors.

Democratic Party Complains of Intimidation

By KO HTWE
Burma's opposition Democratic Party has written to the Election Commission complaining of official intimidation after the EC passed the list of its members to the police Special Branch.
Talking about my generation thumbnail

Talking about my generation

On the 10th International Day of Youth DVB reflects on a generation with the constraint of coming of age under the SPDC and trying to live with hope in the lonely wilderness of military rule Na Kham Mwe: “we will pay with our lives” thumbnail

Na Kham Mwe: “we will pay with our lives”

On Karen Martyrs day, 60 years since Saw Ba U Gyi was martyred, DVB caught up with the leading dissenting voice against the Burmese military government’s Border Guard Force (BGF), DKBA commander Na Kham Mwe.
Election Commission ‘designates’ constituencies thumbnail

Election Commission ‘designates’ constituencies

Government mouth-piece announces that the Election Commission has designated constituencies for this year's elections, as the bumpy road to the elections moves slowly forward Special Branch harass party members on UEC tip-off
Democracy Party chairman Thu WeiBurmese junta intelligence staff have called at the homes of Democracy Party members uninvited and ...
Row at ethnic Karen party over ‘sacking’ of chairman
senate_in_naypyidaw1ss1Fire officials suspect a blaze that broke out in municipal staff housing blocks in Insein Township, Rangoon, ...Arson suspected in blaze at municipal staff homes
fire-in-ygnsFire officials suspect a blaze that broke out in municipal staff housing blocks in Insein Township, Rangoon, ...
Fresh DKBA troops reject junta Border Guard Force
Chit-HtooA wave of officers and soldiers from battalions of the junta-allied Democratic Karen Buddhist Army ...

Canada urged to support UN inquiry into crimes in Burma

12 August 2010: Canada is under pressure from domestic and international rights groups to add its voice to ongoing international calls for possible institution of a UN Commission of Inquiry into alleged international crimes committed by the ruling military regime of Burma.

Read more

ရီတန်းအော့ဖ် ချိုကုပ်ဒူးကြီး

“လှိုင်လှိုင်ပန်း” ဆေးရုံကြီးပေါ်တွင် ဖြစ်သည် …။
အခန်းအမှတ် ဇီးရိုး ဇီးရိုး ဇီးရိုး (၀၀၀) မြေအောက်ခန်းအတွင်းရှိ အထူးကုသဆောင်တွင် ချိုကုပ်ဒူးကြီးကို မြင်ရသည်မှာ အတော်ပင် မသက်မသာ ရှိလှသည်။ သူ့ဘေးတွင် သူ့မိသားစုအားလုံး ဝိုင်းဝိုင်းလည်နေသည်။ ဦးရုက္ခစိုးက နတ်တို့၏ တန်ခိုးဖြင့် အခန်းထဲ ရုတ်တရက် ဝင်လိုက်သည်။
cmnat-may-20-09ချိုကုပ်။     ။ ရပ်၊ ဘယ်သူလဲ … ကျုပ် ပစ်လိုက်ရမလား။
ရုက္ခစိုး။     ။ ကျုပ်ပါဗျ၊ ဦးရုက္ခစိုးပါ။ ပစ်လည်း ကျည်ဆန်ကုန်ရုံပဲရှိမှာပေါ့။ ကျုပ်က ချိုကုပ်ဒူးကြီး သေတော့မလားလို့ လာကြည့်တာ။
ချိုကုပ်။     ။ ဘာ … ကျုပ် … ကျုပ် … သေတော့မှာလား။ တကယ်လားဟင်။ အောင်မငေး ဝမ်းသာလိုက်တာ ဦးရုက္ခစိုးရယ်။
ကွိုင်ကွိုင်။     ။ မောင်တော်ကလည်း … မဦးမချွတ် … ဘာတွေ လျှောက်ပြောနေ တာလဲ။
ရုက္ခစိုး။     ။ သေမှာများ ဝမ်းသာတယ်ရှိသေးတယ်။ သေတယ်ဆိုတာ လူတွေ အတွက် ဝမ်းနည်းစရာဗျ။
ချိုကုပ်။     ။ လူတွေအတွက်တော့ ဝမ်းနည်းစရာပေါ့ဗျာ။ သို့ပေမယ့် ကျုပ်တို့လို ချိုကုပ်တွေအတွက် ကတော့ ဝမ်းသာစရာဗျ။ ကျုပ် အခုချက်ချင်း သေချင်တယ်ဗျာ။ ကျုပ်ကို သေအောင် လုပ်ပေးစမ်းပါ ဦးရုက္ခစိုးရယ် … နော်။ ခင်ဗျားက နတ်ဆိုတော့ သေမင်းတို့ ဘာတို့နဲ့လည်း ရင်းနှီးမှာပဲ။ လုပ်ပါဗျာ။ ပါမစ်ပေးပါ့မယ်။ နေပြည်တော်က ဘယ်သစ်ပင် လိုချင်လဲ … ကျုပ် ပေးမယ်ဗျာ။
ရုက္ခစိုး။     ။ ဒုက္ခပဲ။ ရုက္ခစိုးကို လာဘ်လာထိုးနေရတယ်လို့ ...။ ခင်ဗျား နေပြည်တော်က သစ်ပင်က ပေါက်စနလေးတွေ … ကျုပ်တက်နေလို့မှ မရဘဲ။ မှင်စာပဲ နေလို့ရမယ်။ ကဲပါ ...ကဲပါ … ခင်ဗျားက ဘာလို့ ချက်ချင်းကြီး သေချင်ရတာလဲ။ ပြောပြ စမ်းပါဦး။
ချိုကုပ်။     ။ ဟာ … သေလိုက်ရင် ဒီဘဝမှာ ကိစ္စငြိမ်းပြီလေ။ အခုတော့ အိုကြီးအိုမနဲ့ ဝေဒနာတွေ ခံစား နေရတာ မခံနိုင် ဘူးဗျာ။ ပြီးတော့ ကျုပ်ကို မသေ့တသေ ဖြစ်အောင် နှိပ်စက်ချင်နေတဲ့ သူတွေ ရှိတယ်ဗျ။ အဲဒါတွေလည်း ကျုပ်မခံနိုင်ဘူး။
ရုက္ခစိုး။     ။ သေချင်ရတဲ့ အကြောင်းရင်းက ဒါပဲလား။
ချိုကုပ်။     ။ ရှိသေးတယ်ဗျ။ ဒေဝါလီမဂ္ဂဇင်းက ကာတွန်းဟန်လေးလေ ...၊ သူ့ကို ကျုပ် လုံးဝ ကြည့်မရဘူး၊ သူက ကျုပ်နဲ့ လုပ်စားနေတာဗျ။ ကျုပ်သေရင် သူ ဘာဆွဲလို့ဆွဲရမှန်း သိတော့မှာမဟုတ်ဘူး။ သူ့ကိုလည်း ပညာပေးတဲ့အနေနဲ့ သေချင်တယ်။ တကယ်လို့ ကျုပ် မသေသေးဘဲ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ … အာဏာ လွှဲပေးလိုက်ရပြီ ဆိုပါတော့။ ကျုပ်ကို နိုင်ငံတကာ စစ်ခုံရုံးပေါ်တင်ပြီး ပါးပါးလှီးမယ့်သူတွေ ရှိတယ် ...။ အောင်မလေး … ကြက်သီး ထလွန်းလို့ပါ ဦးရုက္ခစိုးရယ်။ လုပ်ပါဗျာ။ ကယ်ပါဦး။
ရုက္ခစိုး။     ။ ဟာ … မသေသေးတဲ့သူကို သေအောင်လုပ်ဖို့တော့ ကျုပ်လည်း မတတ်နိုင်ဘူးဗျာ။ ဒါ သေမင်းအလုပ်။ သေမင်းနဲ့ ကျုပ်က မယားညီအစ်ကိုလည်း မဟုတ်ဘူး၊ ယောက်ဖလည်း မတော်ဘူး။ ကျောင်းနေဘက် သူငယ်ချင်းလည်း မဟုတ်ဘူး။ မဖြစ်သေးပါဘူးဗျာ။
ချိုကုပ်။     ။ ဦးရုက္ခစိုးက တကယ်ပဲ မကူညီနိုင်ဘူးပေါ့ ဟုတ်လား။
ရုက္ခစိုး။     ။ ဟုတ်တယ် … မကူညီနိုင်ဘူး။ အခုတောင် ဖိုးရှုပ်တို့ အတင်းလွှတ်လို့ လာကြည့်တာ၊ တော်ကြာ ခင်ဗျားကို မသေစေချင်သေးတဲ့ သူတွေက ကျုပ်လုပ်လို့ သေရပါတယ်ဆိုပြီး ဝိုင်းထောင်းနေလိမ့်မယ်။
ချိုကုပ်။     ။ ထောင်းလည်း ဘာအရေးလည်းဗျာ၊ အင်တာနက်ပေါ်က ထောင်းမှာပဲဟာ။
ရုက္ခစိုး။     ။ အဲဒါ ပိုဆိုးတယ်။ တိုက်ရိုက်လာထောင်းတာကမှ တခါတည်း နတ်သက်ကြွေရုံပဲ။ ဖော်ဝါ့ မေးလ်ကနေတဆင့် ကျုပ်ကို နတ်သက် ဆယ်ခါပြန်လောက် ကြွေအောင် လုပ်ကြမှာ၊ ကြောက်တယ်။ နေစမ်းပါဦး၊ ခင်ဗျားသေရင် ခင်ဗျား အချစ်တော် မြေးလေး ဖိုးလောက်လန်းလေးနဲ့ ခင်ဗျား မိသားစုကို လူတွေ ဝိုင်းနှိပ်စက်ကြမှာ မကြောက်ဘူးလား။
ချိုကုပ်။     ။ (ခေတ္တတွေသွားလျက်) ကြောက်တော့ ကြောက်တာပေါ့ဗျာ။ ဒါပေမယ့် မြန်မာပြည်မှာ ကျုပ်လောက် ရက်စက်မယ့်သူမှ မရှိဘဲ။ သူတို့ ခံနိုင်ကြမှာပါ။ လုပ်ပါဦးရုက္ခစိုးရယ်။
ရုက္ခစိုး။     ။ မလုပ်တတ်ဘူးဗျာ။ ကြံကြံဖန်ဖန်။ ဒါ ရုက္ခစိုး ကိစ္စမှ မဟုတ်ဘဲ။
ချိုကုပ်။     ။ သြော … ဦးရုက္ခစိုးက ဒီလိုလား။ ရတယ်လေ။ ဦးရုက္ခစိုးမလုပ်ပေးလည်း ကျုပ်ဘာသာ လုပ်တယ်။
ချိုကုပ်ဒူးကြီးမှာ ပြောပြောဆိုဆို သူ့ကိုယ်တွင် ဆက်သွယ်ထားသမျှသော ပိုက်ကြီး၊ ပိုက်ငယ် အသွယ်သွယ် ကို လျင်မြန်စွာ ဆွဲဖြုတ်လိုက်ရာ ဦးရုက္ခစိုးပင် တားချိန် မရလိုက်ချေ။ ဦးရုက္ခစိုး အံ့သြတကြီး ဖြစ်နေချိန်တွင် ချိုကုပ်ဒူးကြီးလည်း ဆန့်ငင် ဆန့်ငင် လေး၊ ငါး ခါ ဖြစ်ပြီး ငြိမ်သက် သွားလေတော့သည်။ သူ့မိသား တစု လုံးမှာ ပြာလောင်ခတ် ငိုယို၍ ဆရာဝန်များ ခေါ်ရန် အပြေးအလွှား အခန်းပြင်ဘက် ထွက်သွားကြ လေ သည်။
ထိုချိန်တွင် “ဟားဟားဟားဟား၊ ဟားဟားဟားဟား” ဆိုသော ရယ်သံကြီး တသံနှင့်အတူ အငွေ့ တထောင်းထောင်း ကြားက အနက်ရောင်ဝတ်စုံနှင့် လက်ထဲတွင်လည်း တံစဉ်အကြီးစားကဲ့သို့ ဘာမှန်း မသိသော အရာကြီး ကိုင်ဆောင်ထားသူတဦး ဘွားခနဲ ပေါ်လာလေသည်။
ရုက္ခစိုး။     ။ ခင်ဗျားက ဘယ်ဇာတ်ထဲကလဲ။
ထိုသူ။     ။ မြို့တော်သိန်းအောင် ဇာတ်ကလေ … အဲ ဟုတ်ပေါင် ယောင်လို့၊ ကျုပ်က သေမင်း … သေမင်း ဗျ။ ခင်ဗျားက ဘယ်သူလဲ၊ ပုံစံကိုက … ဇာတ်ခေါင်းကွဲလာတဲ့ ရုပ်နဲ့။
ရုက္ခစိုး။     ။ သေမင်းဖြစ်ကြောင်း ဘာထောက်ခံစာပါလဲ … ပြ။
သေမင်း။     ။ ထောက်ခံစာ ပြရအောင် ခင်ဗျားက ရဲလား၊ ကြံ့ဖွံ့လား၊ လဝကလား။ ဒီမှာ … ကျုပ်ပုံစံကို ခင်ဗျား ဗီဒီယိုတွေထဲမှာ မမြင်ဖူးဘူးလား။ ကျုပ်ကို မြင်တာနဲ့ သေမင်းဆိုတာ လူတိုင်းသိတယ်။ ထောက်ခံစာ မလိုဘူး။
ရုက္ခစိုး။     ။ ထားပါတော့လေ … သေမင်းဆိုတော့လည်း သေမင်းပေါ့ … ခင်ဗျားက အခု ဘာလာ လုပ်တာလဲ။ ကြည့်ရတာ ခင်ဗျားလုပ်လိုက်တာနဲ့ တူပါရဲ့ … ဟိုမှာ ချိုကုပ်ဒူးကြီး သေပြီ။
သေမင်း။     ။ အဲဒီကိစ္စ ကျုပ်လာတာပဲဗျ … ။
ထိုသို့ ပြောဆိုနေကြစဉ် … ချိုကုပ်ဒူးကြီး၏ ခန္ဓာကိုယ် စန့်စန့်ကြီးထဲမှ သူနှင့် တပုံစံတည်း အငွေ့တခု ထွက်လာလေသည်။
ချိုကုပ်။     ။ ဟားဟားဟား … နောက်ဆုံးတော့ ကျုပ်သေပြီလေ ဦးရုက္ခစိုးရဲ့ … ဘာတတ်နိုင်သေးလဲ။ ဟောဒီက မိတ်ဆွေကြီးက ကျုပ်ကို လာခေါ်တာ ထင်ပါရဲ့။ ကျေးဇူးပဲဗျာ။
သေမင်း။     ။ ဘာပြောတယ်။ ငါလာတာ မင်းကိုလာခေါ်တာ မဟုတ်ဘူး။ ငါက မင်း မသေသေးဘူး၊ သေလို့ မရသေးဘူး ဆိုတာ လာပြောတာ။
ချိုကုပ်။     ။ ခညာ။ တကယ်ပြောတာလား။ မဖြစ်နိုင်ပါဘူး။ သေပြီလေ … ဟိုမှာ ကျုပ်ရဲ့ ခန္ဓာကိုယ် စန့်စန့်ကြီး ဖြစ်နေတာ မြင်ရဲ့သားနဲ့။
သေမင်း။     ။ အဲဒါက မင်းဘာသာ ပေါက်ကရ လျှောက်လုပ်လို့ မျောနေတာ။ ကြည့်နေ မင်းကို အသက်ပြန်ဝင်အောင် လုပ်ကြလိမ့်မယ်။ မင်းသေရင် ဒီ လှိုင်လှိုင်ပန်းက ဒေါက်တာတွေ၊ ဝန်ထမ်းတွေ အားလုံး ထောင်နန်းစံရမှာဆိုတော့ မင်း သေလို့ မဖြစ်ဘူး။
ချိုကုပ်။     ။ သူတို့ ထောင်မကျစေရပါဘူး သေမင်းကြီးရယ်၊ ကျုပ် လက်မှတ်ထိုးပေးခဲ့ပါမယ်။ သေပါ ရစေနော်။
သေမင်း။     ။ မရဘူး … မင်းအတွက် အထူးသင့်လျော်တဲ့ ပြစ်ဒဏ် ငရဲပြည်မှာ မရှိသေးဘူးတဲ့ …၊ ခုနကပဲ ငရဲမင်းကြီးဆီက  မက်ဆေ့ခ်ျဝင်လာတယ်။ အဝီဇိကို တိုးချဲ့ဆောင် ဆောက်ပြီး မင်းအတွက် သီးသန့် ငရဲသားတွေငှားရဦးမှာ။ အင်တန်းရှစ်လောက်နဲ့ မရဘူးလေ၊ ကျွမ်းကျင် ငရဲသားတွေလိုတယ်။ အဲဒီအတွက် ဖန်ဒင်ကလည်း ပရိုပိုဇယ်တင်ထားတုန်း မကျသေးဘူးတဲ့။ ဒိုနာတွေက အထူးစဉ်းစားပေးမယ်တော့ ပြောတယ်တဲ့။ အဲဒီတော့ မင်း သေလို့မရသေးဘူး။
ချိုကုပ်။     ။ ဟာဗျာ …။ ခက်တာပဲ။ ဒီလိုလုပ်ပါလား။ ကျုပ် ခင်ဗျားလက်ထဲက တံစဉ်ကြီးကို ရွှေချပေးမယ်လေ။ အခုပဲ ကျုပ်ကို ခေါ်လိုက် … ဟုတ်လား။ နည်းသေးလို့လား … ခင်ဗျား မျက်နှာ ပေါက်ကြီးက ဆိုးကဆိုးနဲ့ …၊ ဒီ လှိုင်လှိုင်ပန်း ဆေးရုံကြီးက ပလတ်စတစ် ဆာဂျရီက အရမ်းကောင်းတာ။၊ ကျုပ် အကုန်အကျ ခံပေးမယ်။ ဟာ … ရှုပ်ပါတယ်ဗျာ၊ ဖြတ်ဖောက်ချုပ်ပါ လုပ်ချင်လား၊ ကျုပ်စိုက်မယ်ဗျာ။ စည်းစိမ်ပြုတ်ချင် ပြုတ်သွားပစေ။
ဘေးက နားထောင်နေသော ဦးရုက္ခစိုးကြီးက ချိုကုပ်ဒူးကြီးစကားကြောင့် ဘုရားတနေသည်။ သေမင်း ကတော့ တော်တော်လေး ဒေါသထွက်သွားသည်။ သို့သော်လည်း သူ့ဒေါသကို အစွမ်းကုန် ထုတ်သုံး ရန်မဖြစ်ကြောင်း သူသိသည်။
သေမင်း။     ။ ဟင်းဟင်း … ချိုကုပ်နော် ချိုကုပ်။ သေမင်းကိုတောင် လာဘ်လာထိုးနေတယ်။ မင်းကို မသေမချင်း သားရေပင်နဲ့ ပစ်သတ်ချင်တဲ့သူတွေ ရှိနေသေးလို့ပေါ့ကွာ ...။ မဟုတ်လို့ကတော့လား၊ ငါ့စိတ်နဲ့ ငါ့ကိုယ်ဆို မင်းသေပြီ။
ချိုကုပ်။     ။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပေါ့ သေမင်းရယ်။ ကျုပ်ဆို ဘယ်သူ့စကားမှ နားထောင်တာ မဟုတ်ဘူး။ ကျုပ်လုပ်ချင်တာလုပ်ခဲ့တာ။ ခင်ဗျားကြီးလည်း အဲဒီလိုပဲ လုပ်စမ်းပါ။
သေမင်း။     ။ ဟေ့ကောင် … မင်း စကားကို ကြည့်ပြော၊ မပုတ်ခတ်နဲ့။ မင်းကို တတိုင်းပြည်လုံးက ပြည်သူတွေက ချက်ချင်း မသေစေချင်ဘူးကွ။
ချိုကုပ်။     ။ ဗျာ … ဟုတ်လား။ သြော် … ကျုပ်ကို ဒီလောက် ချစ်ကြမှန်း အခုမှပဲ သိတော့တယ်။ ဒီလိုမှန်းသိရင် ကျုပ် ပြည်သူတွေအပေါ် အခုလောက် မရက်စက်ပါဘူးဗျာ ...။ အခု ရက်စက်တာရဲ့ ၁၀၀ ပုံ တပုံလောက် လျှော့ပေးခဲ့ပါတယ်။ ကျုပ် သိပ်မှားသွားပြီ။
ရုက္ခစိုး။     ။ ဘာတွေပြောနေတာလဲ ချိုကုပ်ဒူးကြီးရဲ့။ ခင်ဗျားကို ပြည်သူတွေက ချစ်တာမဟုတ်ဘူး၊ မုန်းတာ၊ မုန်းတာ။ မုန်းလို့ ချက်ချင်း မသေစေချင်တာ။ ခင်ဗျားရဲ့ အပြစ်ဒဏ်တွေကို လူ့ဘဝမှာတင် ပယ်ပယ်နယ်နယ် ခံစားတာကို မြင်ချင်ကြတာ။
ချိုကုပ်။     ။ သြော် ဟုတ်လား။ ထင်တော့ ထင်သား၊ ကျုပ်မျက်ခွက်ကြီးက သိပ်တော့ ချစ်စရာ မကောင်းပါဘူးလို့။ အဲဒါကြောင့် ပြောတာပေါ့ သေမင်းရဲ့။ ကျုပ်ကိုခေါ်ပါဆို။ ကျုပ်နှိပ်စက်ခဲ့သမျှ ကျုပ်ကို ပြန်လုပ်ကြတော့မယ်။
သေမင်း။     ။ မခေါ်ဘူး၊ မခေါ်ဘူး။ ဘယ်လိုနည်းနဲ့မှ မခေါ်နိုင်ဘူး။
ထိုစဉ် ချိုကုပ်ဒူးကြီး၏ မိသားစုက ပြာလောင်ခတ်ကာ လှိုင်လှိုင်ပန်း ဆေးရုံအတွင်းမှ ရှိရှိသမျှ ဆရာဝန်များကို အတင်း ခေါ်ဆောင်လာလေသည်။ ချိုကုပ်ဒူးကြီး၏ အပါးတော်မြဲ ချိုကုပ်တယောက်က ဆရာဝန်ကြီး တဦးကို သေနတ်ထောက်ကာ အမြန်ဆုံး ပြန်ရှင်စေရန် ကုခိုင်းနေလေသည်။
ရုက္ခစိုး။     ။ ကဲ … ပြန်ဝင်တော့လေ ချိုကုပ်ဒူးကြီး။
ချိုကုပ်။     ။ ဟင့်အင်း … ဝင်ဘူး၊ ဝင်ဘူး … ဝင်ဘူးဆို ဝင်ဘူး။
ရုပ်ကြမ်းကြီးဖြင့် နုနေသော ချိုကုပ်ဒူးကြီးကို သေမင်းက “ဒီလောက်တောင် ဖြစ်လှတာဟယ်” ဟု ကြိမ်းဝါးရင်း သူ့ ခန္ဓာကိုယ် စန့်စန့်ကြီးထဲ အတင်းထိုးထည့်လိုက်လေသည်။ ထိုအခါ ဆရာဝန်ကြီး ဘာမှ မလုပ်ရသေးမီ ချိုကုပ်ဒူးကြီးလည်း ငေါက်ကနဲ ထထိုင်လေတော့၏။
ကွိုင်ကွိုင်။     ။ ဟယ်။ မောင်တော် သတိပြန်ရပြီ။ မောင်တော်မသေဘူး၊ ဝမ်းသာလိုက်တာ၊ ဝမ်းသာလိုက်တာ။
ကွိုင်ကွိုင်က ဝမ်းသာလုံး ဆို့နေသော်လည်း မသေရသဖြင့် မပျော်နိုင်သူ ချိုကုပ်ဒူးကြီးမှာ ထွက်လာသော ဒေါသကို မည်သူ့အပေါ် ပုံချရမှန်းမသိ ဖြစ်နေရာက သူ့မယားကွိုင်ကွိုင်အပေါ်သာ ပုံချတော့မည်ဟု စိတ်ကူး မိပြီး နဘေးရှိ ထွေးခံကို ယူ၍ ကွိုင်ကွိုင့်ခေါင်းကို ဂေါက် ခနဲမြည်အောင် ထုချလိုက်လေတော့၏။     ။
“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသား ထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

နေပြည်တော်တွင် တည်ဆောက်ဆဲ လွှတ်တော်အဆောက်အဦး။
ဓာတ်ပုံ AP
နေပြည်တော်တွင် တည်ဆောက်ဆဲ လွှတ်တော်အဆောက်အဦး။ မတ် ၂၆၊ ၂၀၁၀။

၂၀၁၀ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေစာရင်း မြန်မာစစ်အစိုးရ ထုတ်ပြန်

၂၀၁၀ ရွေးကောက်ပွဲအတွက် ပြည်နယ်နဲ့ တိုင်းဒေသအလိုက် မဲဆန္ဒနယ်မြေ စာရင်းတွေကို ထုတ်ပြန်သွားမယ်လို့ မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

MAI ကို ကမ္ဘောဇ လေကြောင်းလိုင်း အဖြစ် ပြောင်းမည်

MAI ကို ကမ္ဘောဇ လေကြောင်းလိုင်း အဖြစ် ပြောင်းမည်

ကမ္ဘောဇဘဏ် လီမိတက်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI) ကို လွှဲပြောင်းရယူပြီးနောက် ကမ္ဘောဇမှ ၀န်ထမ်းများ ၀င်ရောက်ကာ MAI ၀န်ထမ်းများနှင့် ပူးတွဲလုပ်ကိုင်နေကြောင်း သိရှိရသည်။
Lazy Club တေးဂီတဖြင့် ဟစ်ပ်ဟော့ပွဲတော် ကျင်းပ

Lazy Club တေးဂီတဖြင့် ဟစ်ပ်ဟော့ပွဲတော် ကျင်းပ

မြန်မာပြည် ဂီတ လောကတွင် ပထမဆုံး တေးဂီတဝိုင်း နှင့် ဖျော်ဖြေသည့် ဟစ်ပ်ဟော့ပ် ပွဲတော်ကို သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၂ နာရီတွင် ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပခဲ့သည်။

မွန် အပစ်ရပ် ခေါင်းဆောင် ဗိုလ်ချုပ်ဟောင်း အောင်နိုင် ကွယ်လွန်

မွန် ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ (Mon Peace and Defense Front - MPDF) ခေါင်းဆောင် အသက် ၇၁ နှစ် အရွယ် ရှိ ဗိုလ်ချုပ်ဟောင်း အောင်နိုင်သည် သြဂုတ်လ ၁၀ ရက်နေ့ ညနေတွင် မွန်ပြည်နယ်

ကနေဒါပြည် ရီဂျိုင်းနားမြို့နေ ကရင်မိသားစု သတ်ဖြတ်ခံရ

ကနေဒါ နိုင်ငံ ရီဂျိုင်းနား မြို့တွင် ကရင် မိသားစု တစုကို သုံးလောင်းပြိုင် သတ်ဖြတ်ခဲ့သည့် အမှုနှင့် ပတ်သက်ပြီး သံသယ ဖြစ်ဖွယ် ရှိသူများ စာရင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ယင်းအမှု အပေါ်တွင်လည်း

မင်းသမီး မျိုးစန္ဒီကျော်က မိဘကို အမှုဖွင့်

သရုပ်ဆောင် မျိုးစန္ဒီကျော်သည် မိဘအိမ်တွင် ပစ္စည်း ပျောက်ဆုံးမှုဖြင့် သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားကြောင်း ၎င်း၏ မိခင် ဒေါ်သူဇာက ပြောသည်။

ပြည်ပနှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ်များ ထောင်ချခံရ

ရခိုင်လူငယ် ၁၁ ဦးကို ပြည်ပမှ နိုင်ငံရေး အဖွဲ့နှင့် ဆက်သွယ် သည်ဟု စွပ်စွဲ၍ အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ်များ ယနေ့ ချမှတ် လိုက်ကြောင်း ယင်းအမှုကို လိုက်လံ ဆောင်ရွက်ပေး နေသည့် ရှေ့နေ ဦးမောင်မောင်လတ်က

၅ သိန်းတန်ဖုန်း ကြံ့ဖွံ့များကို ဈေးလျှော့ ပေးမည်

ကျပ်ငွေ ၅ သိန်းတန် CDMA 800 MHZ ဖုန်းလိုင်းပေါင်း ၁ သိန်း ထပ်မံတိုးချဲ့မည်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များကို ကျပ် ၂ သိန်းဖြင့် ပြန်လည် ချပေးမည်ဟု သတင်းရရှိသည်။

ပါတီဝင်စာရင်း လက်လွှဲမှု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီဝင် များကို ရဲ အထူးသတင်းတပ်ဖွဲ့က စုံစမ်း မေးမြန်း မှုများ ပြုလုပ်နေခြင်းမှာ ခြိမ်းခြောက်မှု တရပ်ဖြစ်နေ၍ဟု ဆိုကာ ပါတီ ဥက္ကဌက ရွေးကောက်ပွဲကော်မရှင်သို့

မဲဆန္ဒနယ်မြေများ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် သတ်မှတ်

မဲဆန္ဒနယ်မြေများ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် သတ်မှတ်

အခုက ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ခွဲလိုက်တာ။ အောက်လွှတ်တော် အရပ်သားကိုယ်စားလှယ် (၃၃၀) အတွက် မဲဆန္ဒနယ်မြေ (၃၃၀) ပေါ့။ အဲဒါကို တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တခုကို မဲဆန္ဒတခုအဖြစ် ခွဲလိုက်တာပဲ

ငွေ (၅) သိန်းတတ်နိုင်မည့် အမတ်လောင်းရှာဖွေ
ကြံ့ဖွံ့ပါတီ တောင်ကုတ်တွင် မဲရရေး စည်းရုံး
ရေခဲမုန့်

ရက်လွန် ချက်နို့ဆီ သုံးစွဲသော ရေခဲမုန့် စားသုံး မိလျှင် ကျန်းမာရေး အန္တရာယ် ကြီးမားစွာ ဖြစ်နိုင်

မြန်မာနိုင်ငံ အတွင်းရှိ ဆင်ခြေဖုံး ရပ်ကွက် များအတွင်း လှည့်လည် ရောင်းချ နေသော သာမန် လူတန်းစားများ စားသုံးသည့် တန်ဖိုးနည်း ရေခဲမုန့် တချို့ တွင်..

ရန်ကုန် မြစ်ကို အန်တု နေသည့် သူရဲကောင်း (၄) ဦး

ရန်ကုန် မြစ်ကြောင်းတစ်လျှောက် မြစ်ရေ အတက် အကျကို အချိန် ကိုက်၍ ရေအောက် ပစ္စည်း ရှာဖွေ နေသည့် ရေငုပ် အဖွဲ့များ လှုပ်ရှား နေသည်ကို နေ့စဉ် ..

ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ဦးသိန်းစိန် လားရိုးရောက်

ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ဦးသိန်းစိန် လားရိုးရောက်ရွေးကောက်ပွဲဝင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီ ခေါင်းဆောင် နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်သည် သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့၌ ရောက်ရှိနေပြီး မကြာမီရက်ပိုင်းအတွင်း မူစယ် နှင့် နမ့်ခမ်းမြို့များသို့ လာရောက် ဖွယ်ရှိကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဆိုသည်။

တာချီလိတ် ရယကဥက္ကဋ္ဌ ရပ်ကွက်ပြုပြင်ရေးအကြောင်းပြပြီး ထိုင်းဘတ်ငွေသိန်းချီကောက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်ဥက္ကဋ္ဌ ရပ်ကွက်အတွင်း လမ်းပြုပြင်ရန်နှင့် ရေနှုတ်မြောင်း ဖောက်ရန် အကြောင်းပြ၍ ပိုက်ဆံကောက်ခံနေကြောင်း စုံစမ်းသိရှိရပါသည်။

ပုန်ကန်တဲ့မြို့ နအဖ စစ်အစိုးရမှ အခွင့်အလန်းများ ပေးပြီး စည်းရုံးနေ

ရခိုင်ပြည်နယ်ထဲက နအဖ စစ်အစိုးရအား ပုန်ကန်ရာတွင် ထိပ်ဆုံးနေရာမှ ပါဝင်ခဲ့သော တောင်ကုတ်မြို့ ကို ယခုအခါ နအဖ စစ်အစိုးရမှ တခြား ရခိုင်ပြည်နယ်က မြို့များထက် အခွင့်အရေးများ ပိုမို တိုးမြှင့် ချပေးကာ စည်းရုံးရေးများ ပြုလုပ်နေကြောင်း သိရသည်။

ဆရာကြီး ဦးသာထွန်း ရုပ်ပုံကို စစ်တွေ ယဉ်ကျေးမူ ပြတိုက်တွင် ပြသထား

၁၉၉၀ ခုနှစ်က စစ်တွေ အကျဉ်းထောင်ထဲတွင် သေဆုံးသွားခဲ့ရသော ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်းပုံကို တခြား ရခိုင်အမျိုးသား ခေါင်းဆောင် များ၏ ပုံများနှင့် အတူ တကွ ချိတ်ဆွဲ ဖေါ်ပြထားသည်ဟု သိရသည်။
ကျောက်ဖြူတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပေါ်ပေါက်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စစ်အစိုးရမှ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲဝင် ပါတီများကို ဆန့်ကျင်ကြရန် ပြည်သူများအကြား လှုံဆော် တိုက်တွန်းသည့် လက်ကမ်း စာစောင်များနှင့် နံရံကပ် ပိုစတာများ ဖြန့်ဝေ လှုပ်ရှားမှုတစ်ခု ယခုရက်ပိုင်း အတွင်း ပေါ်ပေါက် နေကြောင်း သတင်း ရရှိသည်။

မွန်ပြည်သစ် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးချုပ် အောင်နိုင် ကွယ်လွန်
Mon-Aung-Naing_tnမွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း ဗိုလ်မှူးချုပ် အောင်နိုင် ...

ရန်ကုန်တွင် ထိုင်းပစ္စည်းများ ပြတ်လပ် ဈေးထိုးတက်
mya-waddyထိုင်း-မြန်မာ နယ်စပ်ဂိတ်များ တလကျော် ပိတ်ပင်မှု နောက်ဆက်တွဲအဖြစ် ရန်ကုန် ... 

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃ဝ ဟု ကော်မရှင် သတ်မှတ်
reading-MyanmaAlinsမြန်မာနိုင်ငံ တဝှန်းလုံးရှိ မြို့နယ်တိုင်းတွင် မဲဆန္ဒနယ် တခုစီ သတ်မှတ်၍ ပြည်သူ့ ...

ထိုင်းစွမ်းအင် ကုမ္ပဏီ ပိုင်ဆိုင်မှု ရှယ်ယာတချို့ ပြန်လည်ရောင်းချမည်
pttep-sထိုင်းအစိုးရပိုင် အဓိက စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီ PTT လက်အောက်ရှိ ...

ဥက္ကဋ္ဌကို ရာထူးမှ ထုတ်သည်ဆိုသော ဂျာနယ်သတင်းကြောင့် ကရင်ပါတီတွင်း အငြင်းပွား
ပါတီဥက္ကဋ္ဌကို ရာထူးမှ ထုတ်ပယ်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် ... 

more

 

more

ရွေးကောက်ပွဲရက် စစ်အစိုးရ မကြေညာနိုင်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

2010-08-11
ရွေးကောက်ပွဲကျင်းပမဲ့ ရက်ကို ခုချိန်အထိ ကြေညာနိုင်ခြင်း မရှိတာဟာ စစ်အစိုးရမှာ အခက်အခဲ တစုံတရာ ရှိနေလို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပါတီများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် ပြီးပြတ်ခြင်း မရှိသေးပဲ ရွေးကောက်ပွဲ ကျင်းပဖို့ ဆိုတာလည်း စဉ်းစားရ ခက်တဲ့ အနေအထား ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ရခိုင်လူငယ် ၁၁ဦးအား ပြစ်ဒဏ် ချမှတ်

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဖမ်းဆီးထားတဲ့ ရခိုင်လူငယ် ၁၁ ဦးကို ဒီကနေ့ သြဂုတ်လ ၁၂ ရက်မှာ အင်းစိန်ထောင် အထူးတရားရုံးက အမှုပေါင်း ၅ မှုနဲ့ အပြစ်ဒဏ် ၃ နှစ်ကနေ ၉ နှစ်အထိ အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်၊ ချမှတ်လိုက်တဲ့ အပြစ်ဒဏ်တွေဟာ မတရားသင်းနဲ့ ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေးမှု၊ ဆက်သွယ်ရေးဆိုင်ရာ အမှုအပြင် ဖောက်ခွဲရေးပစ္စည်း လက်ဝယ်တွေ့ရှိမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။
2010-08-11

မြန်မာနိုင်ငံက ရာဇဝတ်မှုများ ကုလ စုံစမ်းနိုင်ရေး HRW တိုက်တွန်း

နောက်လထဲမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး မတိုင်ခင် မြန်မာနိုင်ငံက လူသားထု တရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်း စစ်ဆေးနိုင်ရေး ထောက်ခံအားပေးဖို့ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ (အီးယူ)ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကြီး Human Rights Watch က ဒီကနေ့ သြဂုတ်လ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ပါတီလေးဆယ်ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီဟု ရွေးကောက်ပွဲကော်မရှင်ကြေငြာ

ရန်ကုန် ၊သြဂုတ် ၁၂။

ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို တိကျစွာ မကြေငြာသေးသော်လည်း ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်သည့် ပါတီ ၄၆ခုတို့သည် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ရန် လျှောက်ထားခဲ့ပြီး ဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ခဲ့ပါသည်။
နောက်ဆုံးထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အရ မှတ်ပုံတင်ရန် လျှောက်ထားခဲ့သော ပါတီ ၄၆ ပါတီအနက် ပါတီ၄၀ကို လက်ခံခဲ့ပြီးဖြစ်ပြီး စစ်တပ်ကကျောထောက်နောက်ခံ ပြုထားသော ကြံဖွံ့ပါတီသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။ ကျန်ရှိနေသော ပါတီ၆ခုအား စစ်ဆေးစီစစ်ဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုပါသည်။
ကြံဖွံ့ပါတီကို နအဖစစ်ဗိုလ်ချုပ်နှင့် ဝန်ကြီးချုပ်သိန်းစိန်နှင့် ဝန်ကြီးများ၊ဒုတိယဝန်ကြီးများ ပါဝင်သော ၂၆ဦးဖြင့် ဦးဆောင်ဖွဲ့စည်းထားပါသည်။ ၄င်းတို့၏ စစ်ဘက်ရာထူးများမှ နှုတ်ထွက်ခဲ့ကြပြီးဖြစ်သော်လည်း ကြံဖွံ့ပါတီမှာ စစ်တပ်၏ ကျောထောက်နောက်ခံဖြင့် အင်အား အကြီးမားဆုံးပါတီ ဖြစ်နေပါသည်။
ယခုအခါကြံဖွံ့ပါတီသည် နေပြည်တော်တွင် သူတို့၏ ပါတီ ဌာနချုပ်ကို ဖွင့်လှစ်ထားခဲ့ပြီးဖြစ်ကာ နိုင်ငံ အနှံအပြားတွင် ရုံးခွဲများဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေပါသည်။
ကျန်သောပါတီများတွင် ပါတီဆယ်ခုသည် နှစ်နှစ်ဆယ်ကျော်သက်တမ်းရှိသော ပါတီများဖြစ်ပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းက ပြုတ်ကျခဲ့ရသော မဆလ တဖြစ်လဲ တစညပါတီသည်လည်း ခွင်ြ့ပုချက်ရရှိထားသော ပါတီများတွင် ပါဝင်နေပါသည်။
ရေါးကောက်ပွဲကို သပိတ်မှောက်ကြသော ပါတီငါးခုရှိပြီး ၄င်းပါတီများမှာ NLD ပါတီ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ၊ ပြည်ထောင်စု ပအို့ဝ်အမျိုးသားအဖွဲ့၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ ၊ ဝအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ ဖြစ်ကြပါသည်။

ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

အင်းစိန်ထောင်တွင်းတွင် သီတဂူဆရာတော် တရားဟောမည်

သီတဂူဆရာတော်အရှင်ဥာနိဿရသည် လာမည့် သြဂုတ်လ ( ၂၁ ) ၇က်နေ့ တွင် အင်းစိန် အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား ၈၅၅၀ ဦး နှင့် အင်းစိန်အကျဉ်းထောင် အတွင်းရှိ ၀န်ထမ်း ၆၀၀ နီးပါးခန့်ကို ဒန်ပေါက်နှင့် ကြက်သား ကျွေးမည်ဟုသိရသည်။

၎င်းဒန်ပေါက်နှင့် ကြက်သားအပြင် သရက်သီးသနပ်၊ ငါးပိကြော်၊ ပန်းသီး၊ ငှက်ပျောသီး များကိုပါ ကျွေးမွေး သွားမည်ဟု သတင်းရရှိပါသည်။

ထို့အပြင် အကျင်းသား ၈၅၅၀ ဦး ၏ လိုအပ်သော မြန်မာနှင့် အင်္ဂလိပ်ဆေးဝါးများအပြင်၊ ဆပ်ပြာ၊ ကော်ဖီမစ်နှင့် တီးမစ် များကိုပါ လှူဒါန်းသွားမည်ဟု သတင်းရ ရှိပါသည်။

အင်းစိန်အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား ၈၅၅၀ ဦး နှင့် အင်းစိန်အကျဉ်းထောင် အတွင်းရှိ ၀န်ထမ်း ၆၀၀ နီးပါးခန့် ကို ဒန်ပေါက်နှင့်ကြက်သား ကျွေးပြီးသည့်အခါ၊ သီတဂူ ဆရာတော်အရှင်ဥာနိဿရ သည် အင်းစိန်အကျဉ်းထောင် အတွင်းရှိ သတ်မှတ်ထားသော နေရာတွင် တရားပွဲ ကျင်းပပြီး တရားဒေသနာ ဟောကြားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

တကွန်ပါအကျဉ်းထောင် မြန်မာအမျိုးသမီး အကျဉ်းသူများအတွက် ၂၉လက္မ ရုပ်မြင်သံကြားစက် လှူဒါန်း

သြဂုတ်လ ၁၁
ထိုင်းဘုရင်မကြီးမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးနှင့် လူ့အခွင့်အရေး တိုးတက်မြှင့်တင်ရေး ဖေါင်ဒေးရှင်း FED က LGအမျိုးအစား ၂၉လက္မ့ ရုပ်မြင်သံကြား တစ်လုံးနှင့် ခြင်းလုံးများအပါအ၀င် အခြားအစားအစာနှင့် အသုံးအဆောင်များကို ဖန်ငခရိုင် တကွန်ပါအကျဉ်းထောင် အမျိုးသမီးဆောင်သို့ သွားရောက် လှူဒါန်းခဲ့သည်။
ယမန်နှစ်က အဆိုပါ အကျဉ်းထောင်အတွင်းရှိ မြန်မာအမျိုးသားများနေထိုင်သည့်အဆောင်သို့ ရုပ်မြင် သံကြား စက်တစ်လုံး လှူဒါန်းခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ အဆိုပါ အကျဉ်းထောင် အတွင်းသို့ အာဏာပိုင်များ၏ ခွင့်ပြုချက်အရ ၂လတစ်ကြိမ်၊ သို့မဟုတ် လစဉ် အနည်းဆုံး တစ်ကြိမ်စီ ထောင်ဝင်စာ သွားတွေ့ခွင့်၇ရှိခဲ့ပြီး ယခုလတွင်မူ၂ကြိမ်တိုင်တိုင် တွေ့ ခွင့်ရပြီးဖြစ်ကြောင် ယနေ့လှူဒါန်းမှုကို ကိုယ်တိုင်သွားရောက်ခဲ့သူ FED လက်ထောက်ဒါရိုက်တာ မပိုပို က ပြောသည်။
“နက်ဖြန်ဆို ထိုင်းဘုရင်မကြီးမွေးနေ့ လေ။ ထိုင်းလူမျိုးတွေဟာ အကျဉ်းကျနေသူတွေနဲ့ လွတ်လွတ်လပ်လပ်
တွေ့ ခွင့်ရကြတယ်၊ ဒီလိုအခွင့်အေ၇းမျိုး ရွေ့ပြောင်း မြန်မာအလုပ်သမားတွေမှာ မရနိုင်ဘူးလေ။ ကျမတို့က
ပဲ မိသားစုအရာကနေ၀င်ပြီးတော့ အားပေးနေတာပေါ့နှော်။ ကျမတို့ကို ဒေသဆိုင်ရာ ထောင် အာဏာပိုင်တွေက နားလည်မှုပေးပြီးတွေ့ ဆုံခွင့်၇တာကြောင့် အကျဉ်သားတွေနဲ့ မိသားစုတွေကို ပြန်လည် ဆက်သွယ်ပေးနိုင်တယ်။ အကျဉ်းသားတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အချက်အလက်တွေကို ကျမတို့က ထောင်အာဏာပိုင်တွေကို တင်ပြခွင့်ရတယ်လေ မြန်မာ အလုပ်သမား အကျဉ်းသားတွေအတွက် အထူး ကောင်းတာပေါ့နှော်၊ ကျမတို့နိုင်ငံသားတွေကို ခုလို ပြုစုစောင့်ရှောက်ခွင့်ပြုတဲ့ ထိုင်းအာဏာပိုင်တွေကို အထူးကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
အဆိုပါအကျဉ်းထောင်တွင် အကျဉ်းကျနေရသည် လူများအားလုံးမှာ ထောင်ဝတ်စုံဝတ်ဆင်ထားရပြီး တံခါး ပိတ်ထားသော အဆောင်အတွင်း နေထိုင်ရသော်လည်း အားကစားလုပ်ခွင့်၊ စာဖတ်ခွင့်၊ စာရေးခွင့်နှင့်
သန့်ရှင်းသော အစားအစာ၊ ကျမ္မာရေးစောင့်ရှောက်မှုတို့ ကို အပြည့်အ၀ရရှိကြသည်။
ပြီးခဲ့သည့်လက အဆိုပါ အကျဉ်းထောင်အတွင်း မြန်မာအကျဉ်းသားပေါင်း လေးဆယ်ကျော် ရှိသော်လည်း၊ ယခုလတွင် သုံးဆယ်ကျော်သာရှိသည်။ မြန်မာအမျိုးသမီး အကျဉ်းသူလည်း တစ်ယောက်သာရှိတော့သည်။
အဆိုပါ အကျဉ်းထောင်တွင်၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ သစ်ခိုးခုတ်မှု၊ လူသတ်မှုနှင့် မူးယစ်ဆေးဝါးမှုတို့ဖြင့် မြန်မာများ ထောင်သွင်းအကျဉ်းကျ ခံရေခြင်းဖြစ်သည်။ နိုင်ငံရပ်ခြားတွင် ပြစ်မှုအမျိုးမျိုးဖြင့် အကျဉ်းကျနေ ကြရသော်လည်း FED၏ ကူညီစောင့်ရှောက်မှုကို ခံနေကြရသဖြင့် မြန်မာအကျဉ်းသားမှာ ခွန်အားဖြစ်ရကြောင်း ပြောဆိုကြသည်ဟု သွားရောက်တွေ့ ဆုံခဲ့သူများက ပြောသည်။ ယနေ့တွင် အဆိုပါ အကျဉ်းထောင်သို့ လက်ထောက်ဒါရိုက်တာ မပိုပို နှင့် အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေအပါအ၀င် ၀န်ထမ်း ၆ဦးသွားရောက်တွေ့ ဆုံခဲ့ကြောင်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

ပုဇွန်ကန်အလုပ်သမား ရေဒလက်တွင် ကပ်ငြိသေဆုံး

သြဂုတ် ၁၁
ယမန်နေ့ ညက ထိုင်းနိုင်ငံတောင်းပိုင်း ဖန်ငခရိုင် တကွန်ပါကျေးရွာ တဖက်ကမ်းရှိ ရေလယ်ကျွန်း ပုဇွန်ကန်
တစ်ခုတွင် အလုပ်လုပ်သည့် မြန်မာအလုပ်သမားတစ်ဦးေ၇ဒလက်တွင် ငြိပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှ အသက်၃၁ နှစ်အရွယ် ကိုအောင်ခိုင်မှာ ထိုင်နိုင်ငံသို့ ရောက်ရှိပြီး၎လအ
ကြာတွင် ယခုကဲ့သို့ ဖြစ်ဆိုးနှင့် ကြုံကြိုက်ခဲ့ရကြောင်း နာရေးကူညီ လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦးကပြောသည်။ 
“နေနစ်ပြီး သေနေတာပေါ့ သန်းခေါင်ကျော် ၃နာရီလောက်ကတည်းက သေနေတယ်လို့ ယူဆကြတယ်။ သူဌေးက ကောင်းတဲ့သူဌေးဆိုပြီး နာမည်ကျော်တဲ့သူပါ။ နာရေးအတွက် အစစအရာရာကူ ညီပေးပါတယ်။ သေဆုံးမှုအတွက်တော့ ဘာလုပ်မလဲ မသိသေးဘူးပေါ့နှော်”ဟု ပြောသည်။
သေဆုံးသူတွင် အဒေါ်တစ်ဦးရှိသော်လည်း အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း စကားပြောခွင့် မကြုံခဲံ့ပါ။
အလောင်းကို တကွန်ပါဘုန်းတော်ကြီးကျောင်းတွင် ထားရှိထားပြီး၊ နက်ဖြန်တွင် သဂြိုဟ်မည်ဖြစ်ကြောင်း အလုပ်သမားများက ပြောပြကြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။