12.27.2008

Burma News

INTERVIEW

Rangoon Artist Paints the Naked Truth

By THE IRRAWADDY
Fat is beautiful—so says Rangoon artist Sandar Khaing, and to support that unconventional viewpoint she peoples her canvases with seriously overweight nudes.

Canada-based Party Linked to Controversial Businessman

By THE IRRAWADDY
A recently formed Burmese political party based in Vancouver, Canada, has links to a businessman once accused of laundering drug profits for the United Wa State Army.

Earthquake Hits Ruili

By LAWI WENG
Nine people were injured and schools were shut down after a 4.9 magnitude earthquake hit the China-Burma border early on Friday morning.

China Signs Burmese Gas Deal for 30-year Supply

By WAI MOE
Burma signs a deal to provide China with natural gas for a 30-year period, to be transported through a pipeline across Burma into Yunnan Province.

UPDATE 1-Daewoo seals Myanmar-China gas export deal - Xinhua ...
Few western companies will invest in the former Burma because of its poor human rights record and continued detention of Nobel Peace Prize laureate Aung San Suu Kyi, which has led to a broad range of U.S. and European sanctions. ...
democracy for burma - http://democracyforburma.wordpress.com/


N E W S U P D A T E
MYANMAR NEWS UPDATE is a publication of the ASEAN Inter-Parliamentary ... Development, based in Thailand, also said that he had heard Burma’s military ...

Chiswick man helps out in cyclone damaged Burma
Richmond and Twickenham Times - UK
By Joanna Kilvington » A Chiswick resident showed the true spirit of Christmas by helping families hit by the cyclone in Burma this year. ...
Daewoo signs Burmese gas deal with China
EnergyCurrent - Houston,TX,USA
24 signed an export gas deal for the Block A1 Shwe project in Burma, according to a Xinhua news agency report. The deal will see the export of gas from Shwe ...
Alibaba News Channel
Shining in its Own Style
Alibaba News Channel - New York,NEW YORK,USA
Jadeite, a kind of pyroxene with a degree of hardness, found mainly in Burma was popularly used in the Qing dynasty (1644-1911). In olden times, all men of ...
China quake injures nine
United Press International - USA
The early morning quake rocked the village near the town of Ruili near China's border with Myanmar, formerly called Burma, China's state-run Xinhua news ...
A Brother's Plea: Remember Burma
Wall Street Journal - USA
The total number of political prisoners in Burma is now more than 2100, up sharply from nearly 1200 in June 2007, before last year's protests, according to ...
조선일보(영문판)
United Nations Condemns Rights Abuses in Burma
조선일보(영문판) - South Korea
The United Nations General Assembly has issued a resolution condemning widespread human rights violations in military-ruled Burma, and urging its government ...

Blogs Alert for: Burma news

Royal Marine killed in Afghanistan on Christmas Eve named as 20 ...
42 Commando was formed in 1943 and first saw action in the Burma Campaign during WW2. It came to prominence after fierce hand to hand fighting with the Japanese. The unit then played a vital role during the Falklands conflict in 1982. ...
News | Mail Online - http://www.dailymail.co.uk/news/
Inya Net » Blog Archive » Japan's action on Burma changes Asia's image
Japan's humanitarian decision on December 18, 2008 to accept refugees from the military-ruled Burma has significantly changed Asia's image.The move, which is unprecedented in the history of Japan, conveys a message to the international ...
ENGLISH DEYEA NEWS: UN Passes Strong Resolution on Burma Human ...
According to human rights groups, Burma has more than 2100 political prisoners. About 215 political activists were sentenced last month to prison terms of up to 68 years. Posted by www.deyea.blogspot.com/ at 10:00 AM. Labels: News ...
Inya Net » Blog Archive » UN General Assembly passes resolution ...
Burma Latest News · Nai Thein Win, NMSP Central Committee Member, passes away · Thailand's Burma Policy Set to Change under New Premier · Political prisoner commits suicide in Bago jail ...
World focus on burma (25 December 2008) « Save Burma
Tsunami Still Haunts Burmese Migrants The Irrawaddy News Magazine, Thailand - Speaking to The Irrawaddy on Thursday, Htoo Chit, the coordinator of Grassroots Human Rights Education and Development Committee (Burma), said, … ...

၂၀၁၀သို့မျှော်ကြည့်ခြင်း(D-Wave)

(ယခုဆောင်းပါးကို အောက်တိုဘာလ ၂၃ရက်က တကြိမ်ဖေါ်ပြခဲ့ပြီးဖြစ်သည်။ သို့သော် အချိန်အခါနှင့် ကိုက်ညီ၍ ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါသည်။)


နိဒါန်း မဟုတ်သော အမှာမဟုတ်သော ရှင်းလင်းချက်

ကျွန်တော် ဆောင်းပါးရေးလျှင် နိဒါန်းတွေ၊ အမှာတွေ မရေးချင်ပါ။ စကားလုံးရွေးချယ် လျှင်ပင် စာဖတ်နိုင်သော တွေးတတ်သော လူအားလုံး နားလည်ရန်သာ ကြိုးစား ရေးခဲ့ပါသည်။ သာမန် လူတန်းစား အားလုံး ဖတ်နိုင်ရန် မိတ်ဆွေတယောက်ကို ဆွေးနွေး နေသလိုသာ ရေးလေ့ ရေးထရှိသည်။ ယခုဆောင်းပါးအတွက် ရှင်းလင်းချက် အနည်းငယ် ပေးရခြင်းမှာလဲ ဤဆောင်းပါး၏ ခေါင်းစဉ်ကြောင့် ဖြစ်သည်။ အကြောင်းအရာက ကြီးမား၍ ကျယ်ပြန့် လွန်းလှပါသည်။

ငွေတပဲနှင့် ငါးကြင်းခေါင်း တက်ကိုင်ရသည့် အဖြစ်မျိုး ရောက်မည်ကို တကယ်ပင် ပူပန်မိသည်။ ဒါဆိုလျှင် ဘာ့ကြောင့် ရေးနေရလဲဟု မေးစရာရှိသည်။ တကယ်ကို လိုအပ်၍ ရေးရပါသည် ဟုသာ ဖြေစရာ ရှိပါတော့သည်။ ကျွန်တော်ရေးသော ဆောင်းပါးမှ အချက်အလက် တစုံတရာ (သို့) အတွေး အခေါ် တခုခု သည် ဘာဆက် လုပ်ရမှန်း မသိတော့ပဲ လမ်းပျောက် နေသူ တချို့ကို လမ်းတခုခု ပြပေးနိုင်လျှင်၊ ကျွန်တော်တို့ တိုက်ပွဲဝင်နေကြသော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် တစုံတရာ အကျိုး ဖြစ်ထွန်းမည် ဆိုလျှင် ကျွန်တော် ကျေနပ်ပြီ ဖြစ်သည်။

၂၀၁၀တွင် ဘာဖြစ်လာမည်လဲ

အများ သိပြီးဖြစ်သည့် အတိုင်း၂၀၁၀တွင် ရွေးကောက်ပွဲ လုပ်ရန် နအဖက တရားဝင် ကြေညာ ထားပြီးဖြစ်သည်။ ကျွန်တော့်အမြင်တော့ ဖြစ်အောင် ကျင်းပ၍ နိုင်အောင်လဲ လုပ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဘာဖြစ် လာပါ မည်လဲ။ လွယ်လွယ်ပြောလျှင် စစ်ကျွန်တခေတ် ဆန်းသစ် လာပါမည်။ သတင်းစာဆရာကြီးဦးဝင်းတင်၏ စကားနှင့် ပြောလျှင် ငရဲသို့ ရောက်ရတော့မည်။ ဒီပုံအတိုင်းသာဆက်သွား နေမည်ဆိုလျှင် ဒီပုံမျိုးနှင့် မိုးချုပ် ပါတော့မည်။

၂၀၁၀ မတိုင်ခင် သူတို့ဘာလုပ်လေမလဲ

အခြေအနေ တရပ်ရပ်ကြောင့် ရွေးကောက်ပွဲ လုပ်တော့မည် ဆိုလျှင် လက်ရှိအာဏာ ရယူထားသူများ အနေဖြင့်

(၁)ဖမ်းဆီး ချုပ်နှောင်ထားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရခြင်း၊

(၂)လက်နက်ကိုင် အတိုက်အခံ အဖွဲ့အစည်းများရှိလျှင် လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာ ပေးရခြင်း၊

(၃)ရွေးကောက်ပွဲဝင်မည့် ပါတီများအတွက် လုံလောက်သည့် မဲဆွယ် စည်းရုံးခွင့်နှင့် ပြင်ဆင်ခွင့် ပေးရခြင်း၊

(၄)တဖက် စောင်းနင်း အာဏာဖြင့် လွှမ်းမိုးသည်ဟု မယူဆစေရန် နိုင်ငံတကာအကဲခတ်များကို စောင့်ကြည့် လေ့လာခွင့် ပေးရခြင်း စသည်တို့ ပြုလုပ်ပေးရပါသည်။

နအဖတို့ ထိုသို့လုပ်မည် မလုပ်မည်ကို ဗေဒင်မေးလျှင် ဆန်ကုန် နေပေဦးမည်။နဂိုထဲကမှ မလွှဲပေးချင်၍ အချိန်ဆွဲ လာခဲ့သည်မှာ ၁၉၉၀ထဲက ခုထိ ဖြစ်သည်။ဒီလို ချည်ပြီး တုပ်ပြီး လုပ်ထားသည်ကိုပင် ဆုတ်သာတက်သာ ဖြစ်ရအောင် သူတို့တပ်ချုပ်ကြီးက ခုထိ ရွေးကောက်ပွဲပြုလုပ်မည့် ဥပဒေကို လက်မှတ်မထိုးသေး။ လုပ်ရမည် ဆိုလျှင်ကော ဘယ်လို လုပ်မည်နည်း။

နိုင်ငံရေး အကျဉ်းသား အနည်းငယ်မျှကို ရာဇဝတ် အကျဉ်းသား မြောက်များစွာနှင့် ရော၍ အလွှတ် ထပ်ပြပေးမည်။ အကြိုက်ပေး၍ အတင်းဆွဲ ငြိမ်းချမ်းရေး လုပ်ထားသော လူမျိုးစု အဖွဲ့များကို ရွေးကောက်ပွဲ ဝင်နိုင်ရန် လမ်းဖွင့်ပေးမည်(နိုင်ခွင့်တော့ ဘယ်တော့မှ မပေးပါ)။ လက်ရှိ စစ်ခေါင်းဆောင် များသည် လူမျိုးစု လက် နက်ကိုင် အဖွဲ့များကို ဘယ်တော့မှ မယုံပါ။ သူတို့အချင်းချင်းပင် မယုံကြည်၍ တယောက်နှင့် တယောက် မျက်စိ ဒေါက်ထောက် ကြည့်နေရသည်။ တချိန်ကသူတို့က သူပုန် သောင်းကျန်းသူ အဖျက်သမားများဟု ခေါ်၍ အပြင်းအထန် တိုက်ခိုက်ခဲ့ ဘူးသည့် လူမျိုးစု အဖွဲ့များကို တရားမျှတစွာ ယှဉ်ပြိုင် အနိုင်ယူခွင့် ပေးလိုသော သဘောထားသာ ရှိလျှင် ကျွန်တော်တို့ အခုအချိန် အထိ တိုက်ပွဲဝင် နေရန်ပင် မလိုတော့။

ကျန်အချက်များကို ရှေ့ဆက် တွေးနေရန် အကြောင်းမရှိ။ ရှုံ့ချည် နှပ်ချည် လုပ်၍ ပေးသော မဲဆွယ် စည်းရုံးခွင့် တချို့ ကံကောင်းလျှင် ရချင်ရမည်။ သူတို့ကြိုးဆွဲသလို ကမည်ဟု ယူဆသော ပုဂ္ဂိုလ်တချို့ စောင့်ကြည့် လေ့လာခွင့် ရချင်ရမည်။ဒါသည်လည်း သူတို့ အကျိုးစီးပွါးကို ထိခိုက်လာပြီဟု ယူဆလျှင် ချက်ချင်းပြန်ရုပ်သိမ်း လိမ့်မည်။ နအဖတို့ စတင် ပေါ်ပေါက်လာသော အချိန်မှ ယခုအထိ လူကြီးလူကောင်း ပီသစွာ ဂတိတည်ခဲ့သည့် လုပ်ရပ် တခုမှ မရှိခဲ့သေးသည်ကို မမေ့သင့်။

နအဖ၏ ခြေလှမ်းနှင့် အလားအလာများ
တကမ္ဘာလုံးက မည်သို့ ဆိုနေစေကာမူ နအဖတို့သည် သူတို့အာဏာကို လွဲပြောင်းပေးရမည့် လမ်းကြောင်းဆီ သွားမှဖြစ်မည် ဆိုလျှင် လက်ရှိအချိန်အထိ ခိုင်မာသည်ဟု သူတို့ ယူဆထားသော Road Map ဆီမှ တဆံခြည်မှပင် သွေဖီလိမ့်မည် မဟုတ်။ထိုလမ်းကြောင်းအတိုင်း သွားသည့် အခါ သူတို့လမ်းကြောင်းတွင် ရှိသမျှ၊ ပိတ်ဆို့တားဆီး သည်ဟုယူဆသည့် အရာမှန်သမျှကို ဖျက်ဆီး ခြေမွ သွားလိမ့်မည်။

သူတို့၏ လမ်းကြောင်းတွင် လက်ရှိ ထင်ထင်ရှားရှား ရှိနေသည်မှာ NLD ဖြစ်သည်။ရွေးကောက်ပွဲ မဝင်နိုင်ဟု NLDက တရားဝင် ကြေညာထားသည်။ ထိုသို့ ဆိုလျှင် NLD ၏ ရှေ့အလားအလာ မည်သို့ ဖြစ်လာမည်နည်း။ ကျွန်တော့်အနေနှင့် နှစ်လမ်းဖြစ်လာစရာ အကြောင်းရှိမည်ဟု ယူဆသည်။

ပထမတလမ်းမှာ NLDကို ဖဲ့ထုတ် ဖြိုခွဲသည့် နည်းလမ်းဖြစ်သည်။ ထိုလမ်းသည်နအဖတို့ လုပ်နေကျ နည်းလမ်းဖြစ်သည်။ အကယ်၍ NLDတွင် အက်ကြောင်း တခုရှိခဲ့လျှင် ထိုအက်ကြောင်းမှ မဖြစ်မနေ သပ်လျှို ပေလိမ့်မည်။ ရွေးကောက်ပွဲ ဝင်လိုသည့် ဆန္ဒရှိသူများကိုသာ ရခဲ့လျှင် အတိုင်းထက် အလွန်ပင် ဖြစ်တော့မည်။

ကျွန်တော့် အယူအဆကို ပြောရလျှင် ၂၀၁၀ သူတို့သဘောကျ ရွေးကောက်ပွဲကိုအံတု ရင်ဆိုင်နိုင်ရန် NLD၏ ပါတီတွင်း စည်းလုံး ညီညွတ်မှုသည် လွန်စွာ အရေးကြီးသော အချက်တချက် ဖြစ်သည်။ ထိုအချက်ပေါ်တွင် မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ရာနှုန်း တော်တော်များများ မှီတည်နေသည်။ ယခုအချိန်တွင် ပေါ်ပင် စကား များကို ပြောလျှင် စကားလုံးများဖြင့် ရဲရင့် ပြောင်မြောက်ပြလျှင် တချို့က သူရဲကောင်း ထင်ကြ ပေလိမ့်မည်။ လက်တွေ့တွင် စကားလုံးများသည် အလုပ်မဖြစ်။ပကတိ အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်ရန် လွန်စွာ အရေးကြီးပေသည်။

ဒုတိယလမ်း ကတော့ မတရားသင်း ကြေငြာသည့် နည်းဖြစ်သည်။ ထိုနည်းသည်သိပ် ဗြောင်ကျလွန်း သဖြင့် မလွှဲသာမှ သုံးချင် သုံးပေလိမ့်မည်။ သို့သော် လုံးဝမသုံး ဟုတော့ ပုံသေ မယူမှတ်စေလို။ စစ်အာဏာရှင်များ မလုပ်ရဲသော အလုပ်သည် မရှိ။

စုလွှတ်တွေ့နှင့် ရံသုံးရံကို ဘယ်လိုဝန်းရံမလဲ

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး၊ လွှတ်တော် ခေါ်ယူရေးနှင့် တွေ့ဆုံဆွေးနွေးရေး စသည့် ခက်မသုံးသွယ်ကို ဝန်းရံကြ ဆိုသည့် အချက်အပေါ် အတိုက်အခံ အင်အားစုများ အားလုံးလိုလို လက်ခံသည့် လုပ်ငန်းစဉ် ဖြစ်သည်။ ဖြစ်သင့်ဖြစ်ထိုက်သည့် အချက်လည်း ဖြစ်သည်။ ထိုအချက်များ အပေါ် နအဖတို့ လိုက်နာ
လိုက်လျောလာအောင် မည်ကဲ့သို့ ဖိအားပေး မည်နည်း။ ထိုသို့ ဖြစ်ပေါ် လာစေမည့်အဓိက မောင်းနှင်အားသည် မည်သူနည်း။

ကုလသမဂ္ဂလော

ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်သည် အကန့်အသတ်ရှိသည်။ အရေးယူဆောင်ရွက်နိုင်သည့် အမြင့်ဆုံး အဖွဲ့အစည်းသည် လုံခြုံရေး ကောင်စီဖြစ်၏။ လုံခြုံရေး ကောင်စီမှအရေးယူ ဆောင်ရွက်လာ နိုင်အောင် ကျွန်တော်တို့ လုပ်ဆောင် နိုင်မည်လား။လတ်တလောတွင် မဖြစ်နိုင်သေးပါ။ ထိုသို့ဆိုလျှင် လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏ အမြင့်ဆုံး လုပ်ဆောင်နိုင်မှုမှာ ပြစ်တင်ရှုံ့ချခြင်း၊ ဖိအားပေးတောင်း ဆိုခြင်း၊ အခြားနိုင်ငံများ ပါဝင်လာအောင် ဆွေးနွေး ပြောဆိုခြင်းသည် အမြင့်ဆုံးဖြစ်သည်။ ဘက်နှစ်ဘက်လုံးနှင့် ပူးပေါင်း ဆောင်ရွက်မှု အလွန်နည်းသေးသည်။

အာစီယံနှင့် တရုတ်နိုင်ငံလော

အာစီယံနှင့် တရုတ်နိုင်ငံတို့ကို ချဉ်းကပ်၍ နအဖ သဘောထား ပြောင်းလဲလာအောင် ကြိုးစား ဆောင်ရွက် နိုင်ပါမည်လား။ အာစီယံနှင့် တရုတ်တို့ အတွက်လက်ရှိ အခြေအနေသည် သူတို့အတွက် အကျိုးအမြတ် ပိုရရှိစေသည်။ မြန်မာပြည် ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲသွားလျှင် လက်ရှိ သူတို့ လက်သိပ်ထိုးရရှိ ထားသည့် အခွင့်အရေး တော်တော်များများ ဆုံးရှုံးရပေမည်။ အကယ်၍ သူတို့ သဘောထား ပြောင်းခဲ့သည် ဆိုဦးတော့ နအဖသည် ထိုနိုင်ငံများကို သူတို့အား ကျောသပ်နေသဖြင့် လက်ခံ နေခြင်းသာ ဖြစ်ပြီး အပြောင်းအလဲ ပြုလုပ်ပေးရန် ဖိအားပေးလာလျှင် လက်ခံမည် လက်မခံမည် မသေချာ။

အမေရိကန်နှင့် ဒီမိုကရေစီ မဟာမိတ်များ၏ ပိတ်ဆို့ ဖိအား ပေးမှုများလော

အမေရိကန်နှင့် အခြား ဒီမိုကရေစီ နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု အဆက်အသွယ် ဖြတ်တောက်မှု ဖိအားပေးမှု များသည် နအဖအား ချိနဲ့စေသည်မှာ မှန်ပါ၏။ သို့သော် နှစ်ရှည်ကြာ လာပြီဖြစ်သော ထိုဖိအားပေးမှု များသည် အချိန်ကာလနှင့် စာလျှင် အကျိုးသက်ရောက်မှု လွန်စွာ နည်းနေ ပေသေးသည်။ ပိုမိုထိရောက် အကျိုးရှိမည့် နည်းလမ်းများ ရှာဖွေရန် လိုနေပါသေးသည်။ နအဖထိပ်သီး ပုဂ္ဂိုလ်များသည် သူတို့နှင့် သူတို့ ပါတ်သက်ရာ အသိုင်းအဝိုင်း များကိုတိုက်ရိုက် မထိခိုက်သရွေ့ ပြည်သူလူထုများ၏ ငတ်မွတ် သေကြေ ပျက်စီးမှုများကို မည်သည့် အခါမှ ဂရုမပြုခဲ့။ နာဂစ်ဘေးဒဏ် ခံစားခဲ့ရသော ပြည်သူများအတွက် အကူအညီများကို ငြင်းပယ်ခဲ့ခြင်းက ရှင်းလင်းသော သက်သေပင်။

ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှု များပေလော

ကျွန်တော့် အနေနှင့် ပြောရလျှင် ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများ၏လှုပ်ရှား ဆောင်ရွက်မှုများသည် အတော်ပင် အကျိုးသက်ရောက်မှု ရှိသောဖြစ်စဉ်များ ရှိခဲ့သည်ကို တွေ့ရသည်ဟု ပြောရပေမည်။ သို့သော် အမြင့်ဆုံးအဆင့်အထိ မအောင်မြင်။

ဆိုလိုသည်မှာ ပြည်ပရောက် အဖွဲ့အစည်းများသည် သူတို့၏ လှုပ်ရှား ဆောင်ရွက်မှုများ ပိုမို ထိရောက် အောင်မြင်ရန်မှာ ဒီထက်ပို ညီညွတ်သော စုစည်းမှု မဖြစ်မနေလိုပါသည်။ လတ်တလောတွင် (လက်ရှိ ဆောင်ရွက် နေမှုများသည်) နအဖ၏ သဘောထားကို ပြောင်းလဲအောင် ဆောင်ရွက်နိုင်သည့် အခြေအနေ မရှိသေးဟုပင် ဆိုရပါလိမ့်မည်။

ပြည်တွင်း လှုပ်ရှားမှုများက ဖိအားပေးနိုင်မည်လော

လှုပ်ရှားမှု အားလုံးတွင် အန္တရာယ် အများဆုံးသော၊ အကျပ်တည်းဆုံးသော နေရာဖြစ်သည်။ နအဖ၏ လက်တံအောက်တွင် ရှိနေသဖြင့် အချိန်မရွေး ဖမ်းဆီး နှိပ်စက်ခြင်း၊ ထောင်ချ အရေးယူခြင်းကို ခံရနိုင်သည်။ လိုအပ်လာလျှင် ထိုထက်ဆိုးသောဖိနှိပ်မှုမျိုးကို ခံရမည်။ လုပ်လဲ လုပ်ခဲ့ဘူးသည်။ ဆန္ဒပြ တောင်းဆိုမှုများကို ရက်စက်စွာ ပစ်ခတ် နှိမ်နင်းခံရခြင်း။ ထောင်ထဲတွင် မတရား ညှင်းပန်း နှိပ်စက်ခြင်းများကြောင့် အသက် ဆုံးရှုံးကြရသည်။ သို့ရာတွင် အနီးကပ်ဆုံး အင်အားသည် အထိရောက်ဆုံးသော ထိုးနှက် တိုက်ခိုက်မှုကို ဖြစ်စေနိုင်သည်။ လက်ရှိ အခြေအနေကိုအပြောင်း အလဲ ဖြစ်စေနိုင်သော ချိန်ခွင်လျှာသည် ပြည်တွင်းရှိ NLD အပါအဝင် အတိုက်အခံ အင်အားစုများပေါ် တည်မှီနေသည်။ ထို့ကြောင့် ထင်ရှားသည့် စာရေးဆရာကြီး ဖြစ်သော လူထုဦးစိန်ဝင်းက လူထုအင်အား၊ လူထုတိုက်ပွဲသည်သာ အရာရာကို အဆုံးအဖြတ် ပေးလိမ့်မည်ဟု ဆိုခဲ့သည်။ ကြီးမားသော လူထု လှုပ်ရှားမှုတွေဖြစ်ခဲ့ပါလျှက် အဆုံးသတ်ဆီမရောက်သေး။

အချုပ်ဆိုရလျှင် ဘက်ပေါင်းစုံတွင် အားနည်းချက်များ ရှိနေသေးသည်။ အဓိက အကြီးမားဆုံး လိုအပ်ချက်မှာ လှုပ်ရှားမှု အားလုံးတွင် ခိုင်မာစွာ စုစည်းနိုင်မှု၊ ဘက်ပေါင်းစုံ အချိုးညီ ဆောင်ရွက်မှု အရေးတကြီး လို အပ် နေသည်။

လူထုတိုက်ပွဲ ဘယ်လို ဆင်နွဲကြမလဲ

လတ်တလောတွင် ကျွန်တော်တို့ အခြေအနေကို ဥပမာပြရလျှင် ကိုယ့်ထက် လက်ရည်သာသော လက်ဝှေ့ သမားကို သက်လုံနှင့် ခံနိုင်ရည် အားကိုးဖြင့်သာ ယှဉ်ထိုးနေရသလို ဖြစ်နေသည်။ ကိုယ့်မှာက ခံနိုင်ရည်ရှိသည်။ သက်လုံလည်း ကောင်းသည်။ ပရိတ်သတ် ကလည်း ကိုယ့်ကို တခဲနက် အားပေးနေသည်။ သို့သော် လက်တွေ့ တွင်တော့ သူကချည်း ဖိထိုးနေခြင်း ဖြစ်သည် ။ ထိုအခြေအနေတွင် တဖက်ပြိုင်ဘက်ကို သရေပွဲလုပ်ရန် တောင်းဆို၍ မဖြစ် (တွေ့ဆုံဆွေးနွေးပါဟု တွင်တွင်ပြောသော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးဟု တွင်တွင် အော်သော်လည်း ဖြစ်လာမည်မဟုတ်)။ ကံမကောင်းလျှင် ဒိုင်ပွဲပင် ရပ်သွားနိုင်သည် (UN ဒိုင်ကြီးကလဲ ဒိုင်ပွဲရပ်ရန် ချောင်းနေသည်။ UNက NLD ကို နည်းလမ်း ရှာ၍ ရွေးကောက်ပွဲ ဝင်စေလိုသည်။ ၉၀ရွေးကောက်ပွဲ၏ ရလာဒ်ကိုဆုပ်ကိုင်ထားခြင်းအား လက်လျော့စေလိုသည်။)

သူ့ဘက်မှ သရေပွဲကို လက်ခံလာအောင် နည်းလမ်းတခု သာရှိသည်။ သက်လုံမကောင်းသော ပြိုင်ဘက်ကို အနာခံ၍ အရှိုက်ကို တချက် နှစ်ချက် အမိအရ ထိုးရန်သာ ရှိသည်။သို့မှသာ အမောမစေ့သော ရန်သူသည် သရေပွဲကို လက်ခံ ပေလိမ့်မည်။ သူ့၏ အားနည်းချက်ကို အမိအရ ဆုပ်ကိုင်နိုင်မှ ကိုယ်ဖြစ်စေချင်သည့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာမှုသည် ဖြစ်ပေါ်လာပေမည်။

သူ့၏ အားနည်းချက်ဆိုသည်မှာ ဘယ်အရာ ဖြစ်ပါမည်လဲ

သူတို့သည် လက်နက်အားကိုးကာ အုပ်ချုပ်သူဖြစ်၍ တပ်ကို အလွန် အားကိုးသည်။စစ်အင်အားကို အလွန်အကျွံ တိုးချဲ့သည်။ စစ်တပ်တွင်း သဘောထား ကွဲမှု ဖြစ်မည်ကို အလွန် စိုးရိမ်သည်။ ထို့ကြောင့် ဘေးပြောတာကို မယုံနှင့် ဟူသော စကားမျိုး၊တပ်မတော်သာ အမိအဖဟူသော စကားကို တွင်တွင် သုံးသည်။ သွေးကွဲမည် ဆန့်ကျင် မည်ကို စိုးသဖြင့် တပ်မှူးအဆင့်ဆင့်၏ အာဏာ အလွဲသုံးမှုများကို လျှစ်လျူရှုထားသည်။ ကြီးမားသော တပ်အင်အားကို ကျွေးမွေးရန်၊ လစာပေးရန်၊ စစ်လက်နက် တပ်ဆင်ပေးရန် ငွေကြေး မြောက်များစွာ လိုအပ် သည်။ ထိုငွေကြေးကို ပြည်သူတို့ ပေးသော အခွန် ဘဏ္ဍာများမှ သုံးစွဲသည်။ သဘာဝ သယံဇာတ အရင်းမြစ်များ
ကို သူခိုးဈေးနှင့် ရောင်း၍ တပ်ကို ကျွေးသည်။ ကိုယ့်အိတ်ထဲလဲ ထည့်သည်။

စစ်တပ်သည် တကယ်တမ်း ပြောရလျှင် စစ်တိုက်သည်မှ လွဲ၍ ဘာမှ မလုပ်တတ်။သူတို့၏ အုပ်ချုပ်ရေး ယန္တရားကြီး လည်ပါတ်စေရန် သာမန် အရပ်သား အမှုထမ်းများကို မဝရေစာ လစာလေး ပေး၍ ခိုင်းသည်။ မလောက်သဖြင့် လာဒ်စားခြင်း၊ခြစားခြင်း များကို မသိကျိုးကြင် ပြုထားသည်။ ထိုအရပ်သား ဝန်ထမ်းများကို ပင်
စိတ်မချ၍ အရပ်ဘက် ရာထူးကြီးများကို သူတို့လူများကို တပ်မှ ထွက်ခိုင်း၍ ချုပ်ကိုင် ထားစေသည်။ ဤအချက် များသည် သူတို့၏ လက်ရှိ လုပ်ဆောင်နေမှုများပင် ဖြစ်၍ သူတို့၏ အားနည်းချက်များလည်း ဖြစ်ပါသည်ဟု ကျွန်တော် ပြောလိုပါသည်။

(၁)သူတို့ကွဲမှာ ကြောက်သော စစ်တပ်ကို ကွဲစေနိုင်မည်လား

စစ်တပ်ထဲတွင် တကယ် တိုင်းပြည်ကို ချစ်သူများစွာ ရှိပါသည်။ မတတ်သာ၍ သံဃာတော်များကို သတ်ဖြတ် နှိပ်စက်နေသည်ကို ကြည့်နေရသော်လည်း။ မလိုလားသူ များစွာရှိပါသည်။ အောက်ခြေအဆင့် သာမန် ရဲဘော်များသည် ပြည်သူ လူထုများနှင့် မခြား ငတ်မွတ် ဆင်းရဲမှုကို ခံစား နေကြရသည်။ ရှေ့တန်းထွက် နေသည့် ရဲဘော်များ၏ အချို့ ဇနီးမယားတို့သည် မိသားစုများ စားဝတ် နေရေး အတွက် အဆင်ပြေသော တပ်ရေး၊ တပ်ထောက် အရာရှိများနှင့် ဖေါက်ပြန်ကြသည်။

သူတို့တွင်လည်း အက်ကြောင်းရှိပါသည်။ ဘယ်သူ တာဝန်ယူ၍ ထိုကိစ္စကိုဆောင်ရွက်မလဲ၊ ဘက်ပြောင်း ရန်ရှိသော ထိုရဲဘော်များကို မည်သူက တာဝန်ယူမလဲဆိုသည်က ပိုအရေးကြီးပါသည်။

(၂)တပ်ကို ကျွေးမွေး လခပေးနေရသော တာဝန်ကို မည်သူ ထမ်းနေသလဲ

ပြည်သူလူထုများသာ ထမ်းကြရပါသည်။ နှစ်စဉ် လူထုများ ပေးဆောင် နေရသောအခွန် အခများသည် စစ်အင်အားကို ကြီးမားစေသော၊ စစ်အာဏာရှင်တို့သက်တမ်းကို ရှည်စေသော အချက်ဖြစ်သည်။ အကယ်၍များ အခွန်ထမ်းပြည်သူ တရပ်လုံးက ညီညွတ်စွာ အခွန်မဆောင်ကြလျှင် ထိုစစ်စားရိတ်သည်သူတို့ အတွက် ကြီးစွာသော ပြသနာ ဖြစ်လာလိမ့်မည်။ ဥပဒေအရ အခွန်ချက်ချင်း မဆောင်လျှင်လည်း ချက်ချင်း အရေးယူေ ဆာင်ရွက်၍ မရပေ။

(၃)နအဖ၏ အုပ်ချုပ်ရေး ယန္တယားကြီးကို မည်သူ မောင်းနှင် ပေးနေသနည်း

ရှေးစကား တခုရှိပါသည်။
“သစ်ပင်များမှ အရိုးမလုပ်လျှင် သစ်တောကို ဘယ်ပုဆိန်မှ ခုတ်၍မရ”။ ဟူ၍ ဖြစ်သည်။

ပြည်သူလူထု တရပ်လုံးကို ဖိစီးနှိပ်စက်နေသော စစ်အာဏာရှင် ယန္တယားကြီးကို မောင်းနှင် ပေးနေရသူ အများစုမှာ အရပ်သား ဝန်ထမ်းများ ဖြစ်ပါသည်။ ကိုယ့်အား ဖိနှိပ်သည့် တံပိုးကို ကိုယ့်ဘာသာ ထမ်းနေရ ခြင်းဖြစ်သည်။ အကယ်၍ ထိုဝန်ထမ်းများ၏ ပူးပေါင်း ဆောင်ရွက်မှု မရှိလျှင် ထိုယန္တယား မလည်ပတ်နိုင်။ ယနေ့ ကိုယ်နဲ့ မဆိုင်ဘူးဆိုကာ လျှစ်လျူရှုလိုက်သည့် ကိစ္စသည် မနက်ဖြန်တွင် ကိုယ့်ထံ တပတ် ပြန်မလည် လာဟု မည်သူ အာမခံ နိုင်ပါသနည်း။

အထက်ပါ အချက်အားလံုးကို ကျွန်တော့်အနေဖြင့် အကျဉ်းမျှသာ ဖေါ်ပြ ပေးခြင်း ဖြစ်ပါသည်။

ပြည်သူလူထု များသည် မိမိတို့ကို မတရား ဖိနှိပ် ချုပ်ချယ်သော အုပ်ချုပ်သူများ ကို အံတု ရင်ဆိုင်ရာတွင် လမ်းပေါ်ထွက် ဆန္ဒပြခြင်းသည်သာ တခုတည်းသော နည်းလမ်း မဟုတ်ပါ။ လမ်းပေါ်တက်၍ ဆန္ဒပြခြင်းသည် လူထုတိုက်ပွဲ၏ အမြင့်ဆုံး အဆင့်ဖြစ်၍ ထိုအဆင့်နောက်တွင် လူထုအားဖြင့် အရပ်ဘက် အုပ်ချုပ်ရေး တည်ဆောက် ရန်သာ ရှိပါတော့သည်။ အာဏာရှင် စနစ်များကို ရင်ဆိုင်ရာတွင် ဆန္ဒပြခြင်း တခု ကိုသာ ရှေ့တန်းတင်လျှင် ပစ်ခတ် နှိမ်နင်းခံရခြင်းနှင့် ဖမ်းဆီး နှိပ်စက်ခံရ ခြင်းသည် မလွဲမသွေ လာပါ လိမ့်မည်။

ဒီမိုကရေစီ နိုင်ငံအချို့တွင် ဆန္ဒပြ တိုက်ပွဲ တခုတည်းဖြင့် အုပ်ချုပ်ရေး အာဏာကိုအပြောင်းအလဲ လုပ်နိုင်ခြင်းကို အမြဲ ပုံတူ မကူးသင့်ပါ။ မိမိတို့ ရင်ဆိုင် နေရသည်မှာ နာဂစ်ကဲ့သို့ လူသိန်းချီ သေရသည့် သူများ၏ ရက်လည်သော နေ့တွင် အလောင်းပုံ ပေါ်မှာ ထိုင်၍ လူထုဆန္ဒ ခံယူပွဲ လုပ်သူများဖြစ်သည်။ သံဃာတော်များ ကိုပင် သူတို့အာဏာ ထိပါးလာလျှင် သတ်ဝံ့သူများ ဖြစ်သည်။

ထို့ကြောင့် သူတို့အား ထိုးနှက်ရန် အထိရောက်ဆုံး နည်းသည် သူတို့ ကြောက်သော အခြေအနေများ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ မိမိ အင်အားစုများ ကောင်းစွာ ပြင်ဆင်မှု ရပြီး အံတုနိုင်သော အခြေအနေ ရရှိရန် ကြိုတင် ဆောင်ရွက်ထားပြီးမှ နောက်ဆုံး တိုက်ပွဲကို ဆင်သင့်ပါသည်။

ဤနေရာတွင် ကျွန်တော့်အနေဖြင့် ရှင်းလင်း တင်ပြရန်ရှိပါသည်။ ကျွန်တော်သည် နိုင်ငံရေး ကျွမ်းကျင်သူ တဦးမဟုတ်သလို စစ်ရေး ကျွမ်းကျင်သူ တဦးလည်း မဟုတ်ပါ။ မြန်မာနိုင်ငံသား တဦးအနေဖြင့် မိမိနိုင်ငံအရေး အတွက် ဖြစ်နိုင်ချေ ရှိသည်များကို တွေး၍ စာရေး တင်ပြနေခြင်းသာ ဖြစ်ပါသည်။

ထိုကြောင့် ကျွန်တော့် တင်ပြချက်များသည် အလုံးစုံ ပြီးပြည့်စုံသည်ဟု မဆိုလိုပါ။လိုသည်ကို သုံး၍ မလိုသည်ကို ချန်လှပ်ခဲ့ရန်သာ ဖြစ်ပါသည်။ ယခုကဲ့သို့ အရေးကြီး နေချိန်တွင် တိုင်းပြည် အရေးနှင့် မည်သူမှ ဝေးမနေ သင့်တော့ပါဟု တင်ပြ လိုက်ရ ပါသည်။

D_Wave

သူတိုအတွေး သူတို့အမြင်(ကဗျာ)

ဒီဇင်ဘာည

ဒီဇင်ဘာ ငါ့ကိုနင်းချေပေါ့
ဖမ်းဆုပ်မမိတဲ့ စီးကရက်ငွေ့တွေကြား
ကော်ဖီခါးခါး တငုံချင်းသောက်ရင်း
ကြယ်တွေကို စိတ်နဲ့ခူးဆွတ်နေမိသူ တယောက်
လေနှင်ရာအလွမ်းတို့နဲ့ ငါ့ဝိဥာဉ်
တိမ်တွေမှာ လွင့်ပါသွားကြတယ်...

တရားဓမ္မရဲ့ အေးငြိမ်းရာမှာ
ခေတ္တနားဖို့မစွမ်းသာတဲ့ ငါ့ကို
ဒီဇင်ဘာညတို့ တမြည့်မြည့်မီးမြှိုက်
နှလုံးသွေးတို့ကို ပူနွေးစေတော့
ကာလသုံးပါးမှာ အာရုံ ငါးပါးဟာ
ခြေချင်းလိမ်နေကြလေရဲ့....

သြော်... တစိမ်းဆန်တဲ့
ဒီ... ဒီဇင်ဘာည
မြူတွေဆိုင်းလို့
လမ်းဘေးဂစ်တာတလက်နဲ့
တို့သူငယ်ချင်းတွေ
ညဉ့်နက်သွားခဲ့တာ
ငါ့ရင်ထဲမှာသာ...

ABS88

သတင်းပဒေသာ

မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ်
ဘယ်လိုဆက်ဆံမလဲ
new
(သုံးသပ်ချက်)
ဦးစိန်ကျော်လှိုင် / ၂၆ ဒီဇင်ဘာ ၂၀၀၈

ပြည်ပရောက် ၀ရမ်းပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်လက်ထက် မှ တပ်ဆင်နှင့်မကင်းသည့် ၀န်ကြီးချုပ် များအဆုံး မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ကောင်းခဲ့သည်။ စစ်အစိုးရနှင့် စီးပွားဖက်ပြီး ကြီးပွားခဲ့သည်။...အပြည့်အစုံသို့


ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့်
ရွာသားများ စိုးရိမ်

ကိုဝိုင်း/ ၂၆ ဒီဇင်ဘာ ၂၀၀၈ နအဖ အထက်အာဏာပိုင်များက ဘိုကလေးမြို့နယ် ကျေးရွာအုပ်အတွင်းရှိစုများမှ ရွာများကို ပေါင်းစည်း၍ ရွာကြီးများအဖြစ် ပြန်တည်ဆောက်မည့် အစီအစဉ်ကြောင့် ဒေသခံများ စိုးရိမ် စိတ်ညစ်နေကြပြီး အကူအညီပေးရေး လုပ်ငန်း အချို့လည်း နှောင့်နှေးနေရကြောင်း ပြောင်းရွှေ့ စာရင်းပါ ဒေသခံများနှင့် အကူအညီ...အပြည့်အစုံသို့

မြန်မာ့စီးပွားရေး ဇင်ဘာဘွေကိန်းဆိုက်နေပြီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
၂၂ ဒီဇင်ဘာ ၂၀၀၈
အာဏာရှင်တဦးကြောင့် တမျိုးသားလုံး ဒုက္ခရောက်ရသည့် မြန်မာနိုင်ငံ၏ အခြေအနေကို
ယနေ့ ဇင်ဘာဘွေနှင့် နှိုင်းယှဉ်ထိုက်၏။ အသက် (၈၀) ကျော် အာဏာရှင် မူဂါဘေးက ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ အတိုက်အခံက နိုင်လျက်နဲ့ အာဏာမလွှဲဘဲ ပေကပ်နေ၏။ အသက် (၈၀) နီးပါး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီကို အာဏာမလွဲဘဲ ပေကပ်နေ၏။အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကြောင့် နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျသလို ဇင်ဘာဘွေ စီးပွားရေးမှာလည်း ကြောက်စရာကောင်းအောင်
နာလန်မထူနိုင်ဖြစ်ရ၏။ ...အပြည့်အစုံသို့


Nanook of The North ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင်ကား ပြသဆွေးနွေးမည်

Nanook of The North ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင်ကား ပြသဆွေးနွေးမည်

ကမ္ဘာ့ ရုပ်ရှင်နေ့ အထိမ်း အမှတ် အဖြစ် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့ရုပ်ရှင် အစည်းအရုံး ခန်းမ၌ ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ပြသ

HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တည်းနေ

ပြည်တွင်းရှိ HIV/ AIDS ဝေဒနာ ရှင်များကို စောင့်ရှောက် ပေးနေသော အန်ဂျီအိုများက လူနာသစ်များ လက်မခံတော့ သဖြင့် ၎င်း ဝေဒနာ သည်များကို စောင့်ရှောက် ပေးနေသော

ဆူနာမီက မြန်မာတို့ကို ခြောက်လှန့်ဆဲ

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖန်င ဒေသရှိ ငါးဖမ်း လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ ဆူနာမီ ရေလှိုင်းဒဏ် ခံခဲ့ရသော ရာနှင့်ချီသည့် မြန်မာ နိုင်ငံသား အလုပ်သမား

ထိုင်း-မြန်မာ ဆက်ဆံရေးသစ် စတင်တော့မည်လော

ထိုင်းဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်သည့် သဘောထားကို ယမန်နေ့က ထုတ်လွှင့်သည့် အယ်လ်ဂျာ ဇီးယား



စစ်အစိုးရသံအမတ်အား ဖယ်ရှားရေး
လက်တွေ့ကျပါ့မလား

နိုင်ကျော် /၂၆ ဒီဇင်ဘာ ၂၀၀၈
new
“ပြည်တွင်းလှုပ်ရှားမှုတွေမပါဘဲ ကုလသမဂ္ဂ ဖြေရှင်းပေးမှုကြောင့် လွတ်မြောက်သွားသော နိုင်ငံဟူ၍ ကမ္ဘာပေါ်တွင်မရှိ” ဟူသည့် လူထုဦးစိန်ဝင်း၏ အသံဖိုင်ကို နားထောင်ခဲ့ဖူးသည်။ ထို့ကြောင့် ...အပြည့်အစုံသို့


တပ်ဆင်ပိုင်ဆိုင်မှုတန်ဖိုး
ဒေါ်လာသန်း (၅၀၀) ထိကျသွားပြီလား
new
ကိုဝိုင်း/ ၂၆ ဒီဇင်ဘာ ၂၀၀၈
ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝါထရာ၏ နိုင်ငံခြားရှိ ပိုင်ဆိုင်မှုများသည် အမေရိကန်ဒေါ်လာ သန်း (၅,၀၀၀) ခန့်ရှိမည်ဟု ကျွမ်းကျင်သူများ ယခင်က ခန့်မှန်းခဲ့ကြသည်။ ထိုစဉ်က စတော့ရှယ်ယာဈေးကွက်မြင့်နေ ပြီး ရေနံဈေးနှုန်း တပီပါ အမေရိကန်ဒေါ်လာ (၁၄၀) နှင့် အရောင်းအ၀ယ် ဖြစ်နေကာ အရှေ့အလယ်ပိုင်းဒေသ အိမ်မြေဈေးနှုန်းများလည်း နေ့စဉ်နှင့်အမျှ တက်နေချိန်ဖြစ်သည်။ ...အပြည့်အစုံသို့


အယ်ဒီတာသို့ပေးစာ(ခေတ်ပြိုင်)

ယခင်လဆန်းမှစတင်၍ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင် ဘာသာရေးဘုရားပွဲများကို အကြောင်းပြုပြီး လောင်းကစားဝိုင်းများအား ပြောင်ပြောင်တင်းတင်း ကျင်းပလျက်ရှိပါသည်။

ယခင်ကရာဇဝတ်မှုခင်းနည်းပါးခဲ့သော မြဝတီမြို့၌ လောင်းကစားဝိုင်းများကိုအကြောင်းပြု၍ ပြစ်မှုကျုးလွန်မှုများ တိုးတက်များပြားလာကြောင်း မြို့ခံများက ပြောပြကြပါသည်။

ယခင်လတွင်းကဖြစ်ပွားခဲ့သော ဆိုင်ကယ်ယူလူသတ်သည့်ပြစ်မှုအား ယခုချိန်ထိ ရဲစခန်းမှ မဖော်ထုတ်နိုင်သေး ကြောင်းလည်း စုံစမ်းသိရှိရပါသည်။

မိကျောင်းကုန်း ဘုန်းကြီးကျောင်းမှအစပြုခဲ့သော အဆိုပါကစားဝိုင်းများသည် အခုအခါ၌ ကျခတ်ဝိုင်းကျောင်းတိုက်၌လည်းကောင်း၊ ဒီကေဘီအေဂိတ်စခန်း၌လည်းကောင်း၊ အခြားသော ဘုရားကုန်းတခုတို့တွင်လည်းကောင်း (၃) နေရာခွဲကာ ကျင်းပလျက်ရှိနေပါသည်။

READ MORE


- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့် click
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်းပွားမှုဖြစ် click
- ဆူနာမီ လေးနှစ် မြန်မာအလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ မပျယ်သေး click
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ click
- ဂီနီ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီးကာမာရာ click
- ၈၈ အမည်ခံအဖွဲ့က ဒီချုပ်ကထွက်ဖို့ အဖွဲ့ဝင်တွေကို လိုက်စည်းရုံး click
- ဂီနီသမ္မတရဲ့ ဈာပနအခမ်းအနား ကျင်းပ click
- တပ်ပြေးတဦး အဖမ်းခံရပြီး ခြေကျိုးသည်အထိ ရိုက်နှက်ခံရ click
- ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ကောင်းမှုကုသိုလ်ပြု click
- ရန်ကုန်ခရစ္စမတ် (ဓာတ်ပုံသတင်း) click
- အမှတ်တရ မိုင်ယာမီ (၃)(ခရီးသွားဆောင်းပါး) click
- ၂၀၀၉ နှစ်ကူးတွင် အမေရိကန်က မြန်မာတို့ ကပွဲများနှင့် ကြိုမည် click
- နှစ်သစ် လူသစ် စိတ်သစ် (ကဗျာ) click
- မြ၀တီကိုဖြတ်ပြီး မဲဆောက်ကို စေလွှတ်လိုက်တဲ့ လူ ၂၀ စာရင်း click
- မလေးရှားက အလုပ်သမားရေး လှုပ်ရှားသူတဦးကို အမည်မသိ လူတစုက ဖမ်းဆီးသွား click
- ကျောင်းသားတပ်မတော်မှ ဦးမှတ်ကြီး (ခ) ဦးလှသွင် ကွယ်လွန် click
- ရင်ဘတ်ထဲမှာ အိမ်လွမ်းနာ (ဆောင်းပါး) click
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ (သုံးသပ်ချက်) click
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦး ထိခိုက် click
- တရုတ်နယ်စပ် ရွှေလီမြို့ကိုဗဟိုပြု၍ ငလျင်တစ်ခုလှုပ်ခတ် click
- လေပါတ်ကားတွေ ရွှေအသင်းရုံးခန်းရောက် click
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွာသားများ စိုးရိမ် click
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ညွှန်ကြား click
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ရန် ကုလအထွေထွေညီလာခံက တောင်းဆို click
- စစ်အစိုးရသံအမတ်အား ဖယ်ရှားရေး စိန်ခေါ်ချက် လက်တွေ့ကျပါ့မလား (ဆောင်းပါး) click
- တပ်ဆင်ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာသန်း (၅၀၀) ထိကျသွားပြီလား (ဘာသာပြန်) click
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တည်းနေ click
- ဆူနာမီက မြန်မာတို့ကို ခြောက်လှန့်ဆဲ click
- Nanook of The North ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင်ကား ပြသဆွေးနွေးမည် click
- အမှောင်ထဲက Messenger (အင်တာဗျူး) click
- ငွေကြာယံကျောင်းတိုက်မှ သံဃာတွေအတွက် အယူခံတင်ရန် ရှေ့နေပါဝါမရ click
- မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ ပြစ်တင်ရှုတ်ချ click
- မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့မည် click

ရန်ကုန်ခရစ်စမတ်

သတင်းဓာတ်ပုံ

ဒီဇင်ဘာ ၂၆၊ ၂၀၀၈

အျပည့္အစုံသိုႛ ...
X'mas in Rangoon

ရန်ကုန်ခရစ်စမတ်

သတင်းဓာတ်ပုံ

ဒီဇင်ဘာ ၂၆၊ ၂၀၀၈

အျပည့္အစုံသိုႛ ...