10.16.2009

Burma's News World's News

A Pakistani policeman and bystanders remove an injured suicide car bomb blast victim after an attack on a police building in Peshawar, 16 Oct 2009
Fri. 16 Oct 2009 0710 UTC

Blast in Pakistani City of Peshawar Kills 11

Latest blast comes as Pakistani authorites are questioning suspects in connection with the wave of attacks on government sites Thursday that left at least 39 people dead

Full Story »

Election worker counts ballots in Mazar-I-Sharif in northern Afghanistan, 20 Aug 2009

Report: Runoff Expected in Afghan Presidential Vote

Report says says the UN-backed Electoral Complaints Commission has reduced President Karzai's portion of the vote to 47 percent, less than the 50 percent he needs to win outright

Australia

5 Found Guilty of Australian Terror Plot

A jury in the trial deliberated for a month before finding the men guilty of conspiring to commit and prepare for a terrorist act

Iraq

At Least 11 Killed in Iraq Bombing

Police say suicide bomber attacked mosque in northern town Tal Afar; at least 25 wounded

Stock broker reacts as he watches share prices at brokerage in Mumbai (May 2009 file photo)

Foreign Investment Flows Into India Again Audio Clip Available

Benchmark stock indexes more than double over last six months, as investors return to country






Men carry a casualty from the scene of the bomb
At least 11 people have died in an explosion in the Pakistani city of Peshawar, police say, a day after a string of attacks.

The UN human rights body backs a report into Israel's Gaza offensive accusing both Israel and Hamas of war crimes.

The father of a boy thought to have been carried away by a balloon before being found denies the incident was a media stunt.

Aung San Suu Kyi meets lawyers
Detained Burmese democracy icon Aung San Suu Kyi on Friday afternoon met her legal counsels and went over plans to appeal at the High Court. Nyan Win and Khin Htay...
Mice menace causes food scarcity in Arakan StateMice infestation has destroyed paddy fields in Rakhine State causing food scarcity in villages in Tungup Township. Mice in large numbers have destroyed seasonal vegetables...

Editorial, Opinion and Analysis

Burma: Behind the talk-show

(Analysis) In a rare gesture, the Burmese military junta last week granted detained pro-democracy leader Aung San Suu Kyi her request to meet diplomats from the...


Ethnic groups grapple with election strategyTwo exiled ethnic political organizations have expressed their opposition against the Burmese military junta’s planned 2010 election, saying it is aimed to rubber stamp the junta’s rule... Activists in New York demand strong condemnationBurmese pro-democracy activists on Wednesday urged the United Nations to use strong language to condemn the Burmese military regime in its forthcoming General Assembly...
Police brutality case under investigationThe North Okkalapa Police station is investigating the death of Kyawt Maung, allegedly beaten to death by police earlier this month. Police Station House Officer, Divisional Health Department... Rice prices soarPrices of rice of the low and middle variety have been pushed up given the rising export demand. The Myanmar Rice Merchants Association said, the prices of rice in July......

NEWS ANALYSIS

The NLD’s Internal Debate

By WAI MOE
Burma’s main opposition party needs a national conference to iron out differences of opinion and steer the party in a unified direction.

Bangladesh Expels Rohingyas

By LAWI WENG
Bangladeshi authorities are pushing Rohingya refugees back into Burma in increasing numbers.

Suu Kyi Meets Lawyers to Discuss Appeal

By KO HTWE
Aung San Suu Kyi’s lawyers meet with the Burmese democracy leader at her home to discuss her appeal to the Supreme Court.

Karen IDPs Face Food Crisis: KHRG

By ALEX ELLGEE
A Karen rights group claims that many displaced Karen people in Papun District are facing starvation due to the repression of government troops.
NEWS ANALYSIS

Asean: Getting Beyond Spin, Addressing Substance

By SIMON ROUGHNEEN
Asean has a golden opportunity to influence developments in Burma by working more closely with a US that is “back” in Southeast Asia.

စစ်အာဏာရှင်အရေခွံ ခွာချသင့်ပြီ

မောင်သြ
၁၆ အောက်တိုဘာ ၂၀၀၉

နအဖ ဘယ်လဲ … ဘာလဲ။

တကိုယ်တော်အာဏာရှင် နအဖ (တပ်မတော်အစိုးရ) ဟာ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက်နဲ့ ခရီးနှင်ခဲ့တာ နှစ်ပေါင်း (၂၁) နှစ်ကျော်ခဲ့ပြီ။ ငယ်နာမည် န၀တကို ဖျောက်ပြီး ၁၉၉၇ မှာ နအဖ အမည်သစ်နဲ့ လုပ်စားလာခဲ့တာ (၁၂) နှစ်ကျော်ခဲ့ပြီ။ ငယ်နာမည်နဲ့က (၉) နှစ်၊ ကြီးနာမည်နဲ့က (၁၂) နှစ်၊ စုစုပေါင်း (၂၁) နှစ်မှာ ဗမာပြည်ကြီးနဲ့တကွ ပြည်သူလူထုကြီးမှာ ဆင်းရဲမွဲချာတဲ့ တိုင်းပြည်ကြီးနဲ့ မွဲတေ နုံချာ တဲ့ လူတန်းစားဘ၀ကို ရောက်ခဲ့ရတယ်ပေါ့။

န၀တ၊ နအဖ ၀ိုင်းတော်သား စားဖော်စားဖက်၊ သေဖော်သေဖက် အကြံပက်စက် ကြတဲ့ ဆွေတော်မျိုးတော်သားများ၊ မြို့စားပယ်စား နယ်စားများကတော့ ဆွေစဉ် မျိုးဆက် (၁၀) ဆက်၊ (၁၅) ဆက် စားမကုန်၊ သောက်မကုန်၊ ဖြုန်းမကုန် ငွေကို ရေချိုး၊ စိန်ကို မီးလှုံ (ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ မဟုတ်ပါ)။ ကျောက်သံပတ္တမြား တောင်လိုပုံနဲ့ ကြပ်ပြေးမြို့တော်ကြီး တည်၊ နန်းတော်သစ်ဆောက်၊ ရေမီးအစုံနဲ့ ရွှေထီးဘုံရိပ်အောက်မှာ ခိုလှုံ၊ ဆွေ မြေး (မြည်း) အကုန်၊ အသိုင်းအ၀ိုင်း မှူးမတ် ဗိုလ်ပါ ခြံရံပြီး စံမြန်းနေကြလို့ ပျော်မဆုံးလား၊ မော်မဆုံး ဖြစ်နေကြပြီလား။ ဒါမှ မဟုတ် ငါ မတရားယူထားတဲ့ တိုင်းပြည်ဘဏ္ဍာငွေတွေ ရွှေတွေ၊ စိန်တွေ၊ တိုက်တွေတာတွေ … ငါ မတရားသတ်ခဲ့တဲ့ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ … ငါ မတရားဖမ်းဆီးပြီး နှိပ်စက်ခဲ့တဲ့ အန်အယ်လ်ဒီက နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီအင်အားစု မင်းကိုနိုင်၊ ကိုကိုကြီး (၈၈) မျိုးဆက်ကျောင်းသား ကျောင်းသူ တွေနဲ့ ရဟန်းသံဃာတော်တွေ … စတဲ့ ငါ့အကုသိုလ်တွေက ငါ့နောက်ကို အရိပ်လို လိုက်နေပါပေါ့လားလို့ ကိုယ်စီကိုယ်စီ တွေးတောပြီး စိတ်တစ္ဆေခြောက်လှန့်ကာ အကြောက်ကြီးကြောက်လို့ အမောဖောက် နေကြ ပြီလား။

ရှေးဘ၀ဟောင်းက ကုသိုလ်ကံထောက်မလို့ ဒီဘ၀မှာ တောက်ပပြီး ကြွားမောက်နေခဲ့တဲ့ စစ်အာဏာရှင် တွေဟာ ကုသိုလ်ကံမှိန်ပျောက်၊ အကုသိုလ်အချိန်ရောက်လာရင် ချွေးသီးချွေးပေါက်တွေကျ၊ သောင်ပြင်လွှတ်တဲ့ ဘ၀ကို ရောက်ကြတော့မှာပါ။

ဒါကြောင့်လည်း အပြေးအလွှား ဈေးကစားလို့ အမေရိကန်က ဂျွန်ဝက်ဘ်ကိုခေါ် ပြင်ချက်ကလေးတွေ နှိုးဆော် ခိုင်း၊ ဆန်ရှင် (Sanction) ကို လက်ဆင် (Lesson) လုပ်ဖို့ ဆရာတင်ရသပေါ့။ ဒါပေမယ့် အမေရိကန်သမ္မတ အိုဘားမားရဲ့ (Change) ကလည်း ချိုမလား၊ ခါးမလား မသိရပေမယ့် (Sanction) ကိုတော့ ပိတ်ထားမယ်၊ နအဖ ကိုတော့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများ ထင်သာမြင်သာ တိုးတက်ပြောင်းလဲ လာရင်တော့ ဆန်ရှင်ဆိုတဲ့ ပိတ်ထားတဲ့ တံခါးကြီး ပွင့်လာမှာ ဖြစ်ပါတယ်။

ဒီကြားထဲ ကိုးကန့်မှာ ဖြစ်တဲ့အရေး၊ သူ့ပထွေး တရုတ်ကလည်း ထုချေလွှာတောင်း၊ လျော်ကြေးတောင်းနဲ့ ဘူးလေးရာ ဖရုံဆင့် အရူးခမျာ မီးဝိုင်းသင့်သလို ခေါင်းမီးတောက်ခံနေရတာလည်း သနားစရာပါ။ ဒါ့အပြင် …

မြေးဖြစ်သူ စိန်မျောက်မျောက် (အများပြည်သူအခေါ်) (ခ) ဖိုးလပြည့် (ခ) နေရွှေသွေးအောင်ရဲ့ (တပ်မတော် ဆေးတပ်က ဗိုလ်မှူးကြီး နေစိုးမောင်နဲ့ ဒေါ်ကြည်မာရွှေတို့ရဲ့သား) မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဘိုးအေအရှိန်အ၀ါနဲ့ ဗိုလ်ကျ၊ နိုင်ထက်ကလူ စော်ကားမှုတွေကလည်း ပြည်သူကြားမှာ ပုပ်စောနံလှိုင်ဟောင်နေတဲ့အပြင် တပ်မတော် အကြီးအကဲတွေ ကြားထဲမှာ မပြောသာလို့ သည်းခံနေရကြရတဲ့ ဒုက္ခတွေကလည်း တမှောင့်။

နအဖစစ်အစိုးရ ထုတ်ဝေတဲ့ သတင်းစာတွေမှာ မေတ္တာနဲ့ပတ်သက်ပြီး …
မေတ္တာသည် မာန်မာနထားခြင်းမရှိ။
မေတ္တာသည် မလျော်သောအကျင့်ကို မကျင့်။
မေတ္တာသည် ကိုယ်ကျိုးမရှာတတ် … ဆိုတဲ့ မေတ္တာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကလေးတွေ တွေ့ရတော့ နအဖ အတွက် ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်နေပြီ ထင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချက်တွေနဲ့ ငြိစွန်း နေတာက နအဖအစိုးရအဖွဲ့ဝင်တွေနဲ့ နအဖလက်ကိုင်တုတ် ပုဆိန်ရိုးတွေ ဖြစ်နေလို့ပါပဲ။

နောက် (၇-၁၀-၀၉) ရက်နေ့က ထုတ်ဝေတဲ့ ကြေးမုံသတင်းစာမျက်နှာဖုံးမှာ မောင်းထောင်ဆရာတော်ရဲ့ ဒေါသကထာမှာ …
ဒေါသကို သူယုတ်တို့ မှီဝဲ၏။
မေတ္တာကို သူတော်ကောင်းတို့ မှီဝဲ၏။
မေတ္တာသည် အရှုံးပေးခြင်းမဟုတ်။
ဒေါသသည်သာ ဆုံးရှုံးခြင်းဖြစ်၏။
ဒေါသဟူသည် ထွက်စရှိလျှင် ထွက်ချင်၏။
မေတ္တာဖြင့် ဖြေသိမ့်နှိပ်ကွပ်ဖန်များလျှင်
ဒေါသသည် အပိုးသေ၍လာ၏။
ခြံခုန်တတ်သော နွားကို နှိပ်ကွပ်ဖန်များလျှင်
ခြံမခုန်တော့သကဲ့သို့ ဖြစ်၏ … လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီစာအရ ယနေ့မြန်မာနိုင်ငံတော်မှာ ဒေါသ သမားတွေဟာ ဘယ်သူတွေလဲ၊ မေတ္တာသမားတွေဟာ ဘယ်သူတွေလဲဆိုတာ သန်းပေါင်း (၅၀) ကျော် ပြည်သူ တွေ၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေနဲ့ ပြည်ပကမ္ဘာမိသားစုအားလုံးက သိကြပါတယ်။

လက်နက်နဲ့ အာဏာကို ဆုပ်ကိုင်ပြီး ဒေါသကို မိတ်ဆွေဖွဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးပြီး ကိုယ်ကျိုးရှာသူတချို့ (စစ်အာဏာရှင် စစ်ယန္တရားဆွဲကိုင်သူများ) နဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံ၊ ပြည်သူ့အကျိုးအတွက် တွန်းလှန် တိုက်ပွဲဝင် နေတဲ့ လက်နက်မဲ့ အာဏာမဲ့ မေတ္တာရှင် သူတော်ကောင်းတို့ရဲ့ အားပြိုင်ပွဲမှာ အဖြေထွက်ဖို့ အချိန်နီးလာပြီးဟု တွေးထင်မိပါတယ်။

ယနေ့အချိန်ဟာ အာဏာရှင်ကျဆုံးခန်းနဲ့ ဒီမိုကရေစီဘက်တော်သားတွေ အောင်ပွဲခံတဲ့ မေတ္တာပန်းများ ပွင့်လန်း တော့မယ့်အချိန် ဖြစ်ပါတယ်။

ဒါကြောင့် နအဖအစိုးရ အကြီးအကဲများဟာ မိမိကိုယ်ကိုသာ မှန်မှန်ကန်ကန် အောက်ပါအချက်များအရ သုံးသပ် စိစစ် ဝေဖန်သင့်ချိန် ရောက်နေပါပြီ။

(၁) အာဏာသိမ်းစဉ်က (၁၉၈၈) ခေတ္တခဏပါဟု ပြောခဲ့ပြီး ယခုနှစ်ပေါင်း (၂၁) နှစ်ကျော်ပြီ (အာဏာမက်တာ ဟုတ်/မဟုတ်)။

(၂) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ပေးခဲ့တဲ့ ကတိစကားများနဲ့ မိမိချမှတ်ခဲ့တဲ့ ၁/၉၀ ကို လိုက်နာခြင်း ရှိ/မရှိ။

(၃) ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရ အန်အယ်လ်ဒီနဲ့ န၀တ (နအဖ) တို့ တွေ့ဆုံဆွေးနွေးပြီး တိုင်းပြည်ရဲ့ အကျိုးကို ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် တိုင်းပြည်ရဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်နိုင်မှု ရှိနိုင်/မရှိနိုင်။

(၄) ဖဆပလ၊ မဆလ လက်ထက်တွေတုန်းက နိုင်ငံတကာနဲ့ ဆက်ဆံရေးချောမွေ့ပြီး မိမိတို့လက်ထက်ကျမှ နိုင်ငံတကာနဲ့ အဆင်မပြေဖြစ်ကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ (အကြိမ်ကြိမ်)၊ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့အပြင် အခြားကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့မှ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ အကြီးအကဲများ၊ တရုတ်၊ ဂျပန်၊ အာဆီယံနိုင်ငံတို့မှ အကြီးအကဲများ၊ အမေရိကန်အထက်လွှတ်တော်အမတ် အရှေ့တောင်အာရှပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ ဂျွန်ဝက်ဘ် စသည်တို့ မြန်မာနိုင်ငံကိုလာရောက်ပြီး မြန်မာ့ခေါင်းဆောင် တွေနဲ့ မြန်မာနိုင်ငံရေးကိစ္စများကို ဖြေရှင်းဆွေးနွေးရခြင်းဟာ ဖြစ်သင့်/မဖြစ်သင့်။

(၅) မြန်မာ့စစ်ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကြောင့် အမေရိကန်၊ အီးယူနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့အရေးယူခံရခြင်း (ယခင်အစိုးရလက်ထက်များက မရှိခဲ့ဘဲ မိမိတို့လက်ထက်မှ ဖြစ်ခဲ့ရခြင်း) ဟာ နိုင်ငံနဲ့လူမျိုးအတွက် မျက်နှာငယ်အရှက်ရစရာနဲ့ နိုင်ငံ့ ဂုဏ်သိက္ခာ ကျဆင်းစရာ ဖြစ်/မဖြစ်။

(၆) မိမိတို့အုပ်ချုပ်ခဲ့တဲ့ (၂၁) နှစ်အတွင်း စစ်တပ်အာဏာရှင်များနဲ့ အသိုင်းအ၀န်း ဆွေမျိုးတစုတို့ အလွန်အမင်း ချမ်းသာကြီးပွားခြင်း ရှိ/မရှိ။

(၇) ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ အေးချမ်းစွာမေတ္တာပို့ ဆုတောင်းခဲ့ကြတဲ့ ရဟန်း သံဃာတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ခြင်းဟာ ဗုဒ္ဓဘာသာဝင် အစိုးရရဲ့အလုပ် ဟုတ်/မဟုတ်။

(၈) ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာ မှန်/မမှန် (အဂတိတရားလေးပါး ကင်းကင်းနဲ့ စဉ်းစားဖြေပါ)။

(၉) မိမိကိုယ်ကိုယ်မိမိ မင်းကျင့်တရား (၁၀) ပါးနဲ့ ညီ/မညီ။

(၁၀) မိမိတို့တပ်မတော်အစိုးရကို အများပြည်သူတို့က စက်ဆုပ်ရွံရှာ အော့နှလုံးနာ စိတ်ပျက်နေခြင်း ရှိ/မရှိ။

(၁၁) မိမိတို့ကိုယ်တိုင် ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေကို မိမိကိုယ်တိုင် ချိုးဖောက်မလိုက်နာခြင်းဟာ လူကြီး လူကောင်း ဆန်/မဆန်။

အထက်ပါအချက်တွေကို နအဖစစ်ဗိုလ်ချုပ်ကြီးများ လေးလေးနက်နက်စဉ်းစားပြီးရင် မိမိတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုပါ စဉ်းစားကြိုတင်ပြင်ဆင်ထားရပါလိမ့်မယ်။

တိုင်းပြည်နဲ့လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုရင် လက်ရှိ နအဖစစ်အစိုးရရဲ့ တခုတည်းသော ထွက်ပေါက်ကတော့ မိမိတို့ကိုယ်တိုင် ထုတ်ပြန်ခဲ့တဲ့ ၁/၉၀ အရ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်ကို အမြန်ဆုံးခေါ်ယူကျင်းပပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို အမြန်ဆုံးလွှတ်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံးဆောင်ရွက်ရမှာဖြစ်ကြောင်း တိုက်တွန်းလိုပါတယ်။

ဓမ္မနဲ့ အဓမ္မ၊ မေတ္တာနဲ့ ဒေါသ (လက်နက်နဲ့ အာဏာ စွဲကိုင်သူများ) သမားတို့ရဲ့ အန္တိမစစ်ပွဲဟာ မကြာမီ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးအောင်လံ လွှင့်တော့မယ်ဆိုရင် …

နအဖစစ်အစိုးရရဲ့ အာဏာရှင်အရေခွံခွာချပြီး သဘောထားအမြင်များ ပြောင်းလဲကာ မေတ္တာရှင် အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ပါ ပူးပေါင်း ဆောင်ရွက် သွားကြရန် အချိန်တန်ပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။


မြန်မာ့သတင်း ကမ္ဘာ့သတင်း

US President Barack Obama, 15 Oct 2009

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပါကစ္စတန်နိုင်ငံသို့ ဒေါ်လာ သန်းပေါင်း ၇,၅၀၀ အထောက်အပံ့ပေးရေးကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

child solider
Electoral Complaints Commission (ECC) worker takes photograph after looking for patterns of irregularities in Kabul (File)

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံတရားရုံးချုပ်သို့ တင်မည်

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံတရားရုံးချုပ်သို့ တင်မည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ရှေ့နေများနှင့် ယနေ့ နေ့လယ်က တွေ့ဆုံ၍ သူ၏အမှုအတွက် အယူခံလွှာကို ဗဟိုတရားရုံးချုပ်သို့ တင်နိုင်ရေး နှင့် ပတ်သက်၍

ငွေစက္ကူ အသစ်ကြောင့် ရွှေဝယ်သူ ပိုမိုများပြားလာ

ငွေစက္ကူအသစ် ၅၀၀၀ ကျပ်တန် ထုတ်ပြီး နှစ်ပတ်အတွင်းတွင် ရွှေ ၀ယ်ယူမှု ပိုမိုများပြားလာကြောင်း ရွှေ ဈေးကွက် မှ သိရသည်။ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင် တဦးက“၅၀၀၀ တန်ကို

မီးလောင်ခံရသည့် မော်လမြိုင်ဈေး ဆိုင်ခန်းခများ ဈေးကြီး

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အမှတ် (၁) အောက်ဈေးကြီးသည် မီးလောင်ပြီးနောက် ပြန်လည် တည်ဆောက် ထားသော ဆိုင်ခန်းများ ဈေးနှုန်းမြင့်မား မှုကြောင့် ဆိုင်ခန်းဖွင့်လိုသူများ

ရှမ်းယဉ်ကျေးမှု စာတမ်းဖတ်ပွဲနှင့် သရုပ်ပြပွဲ ဘန်ကောက်တွင် ကျင်းပ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနှင့် ရှမ်းသမိုင်း အကြောင်း စာတမ်းဖတ်ပွဲ၊ ဓာတ်ပုံပြပွဲ၊ သရုပ်ပြပွဲများကို ယမန်နေ့က

ကိုရီးယားမင်းသမီး မြန်မာပြည်ရောက်နေ

မြန်မာနိုင်ငံတွင် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော် ဖွင့်လှစ်ပေးရန် အတွက် ကိုရီးယားမင်းသမီး Lee Young Eun ပါဝင်သည့် ကိုရီးယား အနုပညာအဖွဲ့ ရန်ကုန်သို့

NLD ၏ နိုင်ငံရေးအမြင် EU ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမေးမြန်း

ဥရောပ သမဂ္ဂ (EU) နှင့် အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ အပါအဝင် ကိုယ်စားလှယ်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို ယမန်နေ့က တွေ့ဆုံပြီး၂၀၁၀

မြန်မာ အလုပ်သမားများထံမှ ထိုင်းရဲက ငွေညှစ်

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့ အကန်ခ မြို့နယ်တွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၁၄ ဦးထံမှ ဒေသခံရဲများက အလုပ်နေရာ ပြောင်းလုပ်သည်ဟု အကြောင်းပြကာ ဘတ်ငွေ
ဆင်းရဲမွဲတေမှုမျဉ်း၏ အခြားတဖက်
ကမ္ဘာပေါ်တွင် လက်ရှိနေထိုင်သူ လူဦးရေ ၆.၁ ဘီလျံ ( သန်း ၆,၁၀၀) ရှိသည့်အနက် လူဦးရေ ၁ ဘီလျံ (သန်း ၁,၀၀၀) ထက်မကသော သူများသည် တစ်ရက်တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ပမာဏ အောက်သာ သုံးစွဲနိုင်ကာ အသက်ရှင် နေထိုင်လျက် ရှိသည် .. [ညီညီ(သံလွင်)]

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ အယူခံကိစ္စအတွက် တွေ့ဆုံဆွေးနွေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗဟိုတရားရုံးချုပ်တွင် သူ၏ အမှု အယူခံဝင်ရေးအတွက် ရှေ့နေများနှင့် ယနေ့ နေ့လည်ပိုင်းတွင် နေအိမ်၌ တွေ့ဆုံခွင့်...
ကေဒီအေ ခေါင်းဆောင် ဦးမထုနော် ဆေးရုံတက်ရ
စစ်အစိုးရသို့ ချဉ်းကပ်ကာ UDP ပါတီ ပြန်လည်အသက်သွင်းရန် ခြေလှမ်း
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၄

နိုင်ငံလုံးကျွတ် ညီလာခံခေါ်ရေး ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးမည်

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးပြီးနောက် ညီလာခံ ခေါ်ယူရေးကိစ္စ ဆုံးဖြတ်သွားမည်ဟု အမျိုးသား ဒီမိုကရေစီ...

ကြက်သွန်နီ ဈေးလည်း မိုးပေါ်ထောင်တက် ကောင်းမြဲ

ပြည်တွင်း၌ ကြက်သွန်နီ လက်ကျန်နည်းနေသလို ဈေးကွက်အတွင်း အဆမတန် ဈေးတက်နေသည့်အတွက် စီးပွားကူးသန်း ဝန်ကြီးဌာနက အိန္ဒိယမှ တန်ချိန် (၅၀၀)ခန့် ...

ရခိုင်မှာ ကြွက်သောင်းကျန်းမှုဖြစ်၊ စားနပ်ရိက္ခာ ရှားပါးလာ

စပါးခင်းများကို ကြွက်များ ဝင်ရောက် သောင်းကျန်းမှုက ရခိုင်ပြည်နယ်တွင်းသို့လည်း ကူးစက် ဝင်ရောက်နေရာ တောင်ကုတ်မြို့နယ်တွင်းရှိ ကျေးရွာများမှ ဒေသခံများ စားနပ်ရိက္ခာ...

ရဲက ရိုက်နှက်လို့ သေသူ၏ အမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

မြောက်ဥက္ကလာ ရဲက ရိုက်နှက်ရာမှ သေဆုံးသွားသည်ဆိုသော ဦးကျော့မောင်၏ အမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုနေပြီ...
ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်မှုများ ပေါ်ပေါက်နိုင်ဟု ဦးဝင်းတင် ပြောကြား

NEJ / ၁၆ အောက်တိုဘာ ၂၀၀၉

“ကျနော်သုံးတဲ့စကားဆိုရင် ရွေးကောက်ပွဲတင်းကုပ်ကို ကျနော်တို့ကို နဖားကြိုးဆွဲလို့ဖြစ်ဖြစ်၊ မြက်ကျွေးလို့ဖြစ်ဖြစ် အတင်းခေါ်မယ်ဆိုရင်တော့ လူထုကလည်း ခံနိုင်မှာမဟုတ်ဘူး။ ကျနော်တို့လည်း မခံနိုင်ဘူး။ အဲလိုဆိုရင်တော့ ကျနော်တို့ဟာ ရွေးကောက်ပွဲကို.....”အပြည့်အစုံသို့

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏မွေးနေ့ အကြိုဟောပြောပွဲ ပြုလုပ်
ရဲရင့် / ၁၆ အောက်တိုဘာ ၂၀၀၉ “သူတို့အနေနဲ့ ကိုမင်းကိုနိုင်ရဲ့ စိတ်ဓာတ်၊ ကျောင်းသားသမဂ္ဂရဲ့ စိတ်ဓာတ်....”အပြည့်အစုံသို့
အန်အယ်လ်ဒီနှင့်ပေါင်းလျှင် ကျောင်းပါပြောင်းမည်ဟု ဒေသအာဏာပိုင်တို့ ခြိမ်းခြောက်
မင်းနိုင်သူ / ၁၆ အောက်တိုဘာ ၂၀၀၉ “၂၀၁၀ ရွေးကောက်ပွဲနီးလာပြီဖြစ်လို့ အန်အယ်လ်ဒီအဖွဲ့ဝင် တွေကို လက်မခံဖို့ မြောင်းမြမြို့နယ် ဥက္ကဋ္ဌက လာပြော ထားတယ်တဲ့။ အဲဒါကို နားမထောင်ဘဲ.....”အပြည့်အစုံသို့
နိုင်ငံခြားငွေ ရှိသူများကို ဒီဇယ်ဆီ တင်သွင်းခွင့်ပေးမည်

အောင်ကျော်မိုး / ၁၆ အောက်တိုဘာ ၂၀၀၉ “လောင်စာဆီ ပြဿနာနဲ့ ပတ်သက်လို့ ဘာမှ မှန်းဆလို့ မရနိုင်ဘူး။ နိုင်ငံတကာလို ပုဂ္ဂလိကတွေကို ပြည်ပကနေ လွတ်လပ်စွာ တင်သွင်းခွင့်ပြုပြီး...”အပြည့်အစုံသို့
မပခစစ်ဌာနချုပ်အနီး နိုက်ကလပ်နှင့် အနှိပ်ခန်းများ ပြည့်တန်ဆာများဖြင့် ပြည့်နှက်
ခိုင်လင်း / ၁၆ အောက်တိုဘာ ၂၀၀၉ “အဲဒီနိုက်ကလပ်မှာက ဗိုလ်မှူး၊ ဗိုလ်ကြီးတွေ လာကြတယ်။ စီးပွားရေးသမားတွေလည်း လာကြတယ်။ အရက်ဘားလည်း ရှိတော့ သောက်ကြ၊ စားကြရင်းနဲ့....”ပြည့်အစုံသို့

လုပ်အားပေး ဗဟုသုတ မြန်မာပြည်တွင် နည်းကြောင်း ILO အရာရှိပြော
မိုးမခအထောက်တော် အမှတ် ၀၀၄
အောက်တိုဘာ ၁၆၊ ၂ဝဝ၉
ရှေ့တန်းရောက် တပ်မတော်သားများက အရပ်သားများကို ခိုင်းစေသည့် မြင်ကွင်းတခု (ဓာတ်ပုံ-freeburmarangers org)

မြန်မာပြည်တွင် လုပ်အားပေး စေခိုင်းမှုမှာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း သိရှိသူ အလွန် နည်းပါးသည်ဟု ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ မြန်မာပြည်ဆိုင်ရာ အရာရှိတဦးက Bi Weekly Eleven ဂျာနယ်ကို ပြောလိုက်သည်။

အျပည့္အစုံသိုႛ ...

မြန်မာ့ သတင်း အချက်အလက်နှင့် နည်းပညာ ပြပွဲ ၂၀၀၉ မြင်ကွင်း

မိုးမခ အထောက်တော်၊ရန်ကုန်

အောက်တိုဘာ ၁၆၊၂၀၀၉

ရန်ကုန်တွင် တနှစ် ၃ကြိမ်ထက်မနည်း ကျင်းပလေ့ရှိသော မြန်မာ့ သတင်းအချက်အလက် နှင့်နည်းပညာ ပြပွဲများထဲမှ တခုကို တပ်မတော်ခန်းမတွင် ယနေ့မှ စပြီးလာမည့် ၁၈ရက်နေ့ထိ ကျင်းပလျက်ရှိသည်။ နည်းပညာ ပြပွဲများ ကျင်းပသည့်ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ကွန်ပျူတာ၊ အင်တာနက်၊ ဆော့ဖ်ဝဲ ဟဒ်ဝဲနည်းပညာများ တိုးတက် ခေတ်စားစေရန်ထက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာ့ သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးရေး ကော်မတီစသည့် အဖွဲ့အစည်းများ ရံပုံငွေရရှိစေရန်မှာ ပိုအရေးကြီးသည့် သဘောဖြစ်သည်ကို တွေ့ရသည်။ (အေစာကွန်ပျူတာ ပြခန်း)
အျပည့္အစုံသိုႛ ...

ဆော်ဒီ ပရော့စီ နံပါတ် သုံးမရတော့ သဖြင့် ပြည်တွင်း အင်တာနက် သုံးသူများကျော်ရန်ခက်ခဲနေ

တင့်လွင်

အောက်တိုဘာ ၁၅၊ ၂၀၀၉

မြန်မာနိုင်ငံမှ အင်တာနက် သုံးစွဲသူ အများစု အနေဖြင့် တားမြစ်ထားသည့် ၀က်ဆိုက်များကို ကြည့်ရှုနိုင်ရန် သုံးစွဲလျက်ရှိသည့် ဆော်ဒီအာရေဗျ နိုင်ငံ ပရောက်စီနံပါတ်ကို မကြာမီ ရက်ပိုင်းအတွင်း စစ်အစိုးရ၏ ဆာဗာက ပိတ်ဆို့လိုက်သဖြင့် ပြည်တွင်း အင်တာနက် သုံးသူများ အခက်ကြုံနေရသည်ဟု သိရသည်။

IP address(အိုင်ပီ လိပ်စာ) 212.93.193.83 နှင့် port ပို့တ် 443 တို့ကို လွန်ခဲ့သည့် မေလကုန်မှ စတင်သုံးစွဲခဲ့ကြပြီး အင်တာနက် ဆိုင်များ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အချို့သော အစိုးရရုံးများမှာပင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ကြသည်။

အျပည့္အစုံသိုႛ ...

ဒလမြို့နယ်အတွင်း သောင်းကျန်းနေသော အုပ်စုဖွဲ့ခိုးသူများအား ဖမ်းမိပြီဟု ဆို
မိုးမခအထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၁၅၊ ၂ဝဝ၉
သူခိုးများ သောင်းကျန်းခဲ့သော ဒလ သင်္ဘောကျင်း (ဓာတ်ပုံ-မိုးမခ)

ဒလမြို့နယ်အတွင်းရှိ သင်္ဘောလွန်းတင်ကျင်းများတွင် လှည့်လည် ခိုးယူနေသော အဖွဲ့အား လွန်ခဲ့သော သီတင်းပတ်က ဖမ်းမိခဲ့သည်ဟု သိရသည်။

ထိုအဖွဲ့တွင် ပါဝင်သူ ၅ ဦး၊ ခိုးရာပါပစ္စည်း လက်ခံဝယ်ယူသူ ၁ ဦးတို့ကို ဒေါပုံမြို့နယ်အတွင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ဒလသင်္ဘောကျင်းအတွင်း လွန်းတင်ထားသော သင်္ဘောတစ်စီးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

အျပည့္အစုံသိုႛ ...

သည်းထန်သောမိုးနှင့် ဒီရေသတင်း ထုတ်ပြန်ချက်ကြောင့် ဒလမြို့ခံများ ထိတ်လန့်
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၁၅၊ ၂ဝဝ၉

 ဒလမြို့နယ် မြင်ကွင်းတခု (ဓာတ်ပုံများ-မိုးမခ)

မုန်တိုင်းနှင့် ဒီရေတက်မည် ဆိုသော ကောလာဟလများကြောင့် ဒလမြို့နယ်အတွင်း နေထိုင်သူများ အထိတ်တလန့် ဖြစ်နေကြသည်။

အောက်တိုဘာ ၁၃ ရက်က လေပြင်းနှင့်အတူ သည်းထန်စွာ ရွာသွန်းခဲ့သောမိုးကြောင့် ဒလမြို့နယ် အတွင်းရှိ ရပ်ကွက်တချို့ ရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

အျပည့္အစုံသိုႛ ...


more


more


more


more


more


more


more


more


more
ကလေးစစ်သား ပြန်လွှတ်ရေး ကုလသမဂ္ဂဆောင်ရွက်
အကျဉ်းကျ ကဗျာဆရာ လူႛအခွင့်အရေးဆု ရရှိ
မြန်မာစစ်တပ်မှ ကလေးစစ်သားတယောက် သေဒဏ်ချမှတ်ခံရ
ကုလ ဆိုင်ရာ ချက်သံအမတ်ကြီး မြန်မာ့အရေး ဆွေးနွေး