6.11.2008

Burma Frees 15 Opposition Supporters

Burma Frees 15 Opposition Supporters

10 June 2008


Burmese democracy leader Aung San Suu Kyi's party says the military government has released 15 party members detained last month for marching to the Nobel Peace laureate's home.

The National League for Democracy members were detained on May 27, after they marched from the party's headquarters to Aung San Suu Kyi's home in Rangoon to demand her release from house arrest.

Party spokesman Nyan Win said Tuesday that all 15 were released Monday night.

The NLD won a general election by a landslide 18 years ago, but the military never recognized the result and did not let the party take power.

The party has rejected the results of a recent constitutional referendum, which the government says will clear the way for new elections in 2010.

Aung San Suu Kyi is legally barred from running in the 2010 election because she was married to a foreign (British) national.

She has been kept under house arrest for 12 of the last 18 years. Her detention was extended last month for another six months. Her British husband died in 1999.

Some information for this report was provided by AFP and AP.

ဒေါ်အောင်ဆန်းစုကြည် ဒန်ဒီ လွတ်လပ်ရေးဆု ချီးမြှင့်ခံရ

11 June 2008


dassk
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။
နေအိမ်အကျယ်ချုပ်မှာ စုစုပေါင်း ၁၂ နှစ်နီးပါး ကျခံနေ
ရတဲ့ ၁၉၉၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ဒီမိုကရေစီရရှိ
ရေး မဆုတ်မနစ် ကြိုးပမ်းမှုတွေအတွက် စကော့တလန်
နိုင်ငံ ဒန်ဒီမြို့ကနေ Freedom of the Cities ဆိုတဲ့ မြို့ရဲ့
အမြင့်ဆုံးဆုကို ချီးမြှင့်လိုက်တယ်လို့ မနေ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်း
က တင်ပြပေးထားပါတယ်။

ကမ္ဘာပေါ်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ တဦး
တည်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လို့ဆိုရမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စကော့တလန်နိုင်ငံ ဒန်ဒီ
မြို့ရဲ့ အမြင့်ဆုံးဂုဏ်ပြုမှုတရပ်လို့ဆိုရမယ့် Freedom of the Cities ဆု ချီးမြှင့်ဖို့ အဆို
ပြုချက်ကို တနင်္လာနေ့ညကပဲ မြို့တော်ကောင်စီကနေ ကန့်ကွက်မဲမရှိ ဆုံးဖြတ်ခဲ့ကြ
တယ်လို့ မြို့တော်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၁၉၉၁ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာနိုင်ငံ ဒီမိုကရေစီ ရုန်းကန်မှုကို ဂုဏ်ပြုရာရောက်တဲ့အပြင် သူမကို မြန်မာ
စစ်အစိုးရအနေနဲ့ နေအိမ်အကျယ်ချုပ်ကနေ ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဒန်ဒီမြို့တော်ကောင်စီရဲ့ တောင်းဆိုချက်ကိုလည်း
ပိုပြီး ဒီဆုက ခိုင်မာစေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒန်ဒီမြို့ရဲ့ လွတ်လပ်မှုဆုကို တောင်အာဖရိက အသားအရောင် ခွဲခြားရေးအတွက် နယ်လ်ဆင်မင်ဒဲလားကိုလည်း လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်ရောက် အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာဝင်းနိုင်က
ဒီအချက်ကို ထောက်ပြပြီး မြန်မာ့ဒီမိုကရေစီအရေးကို အမြဲထောက်ခံအားပေးနေတဲ့ စကော့တလန်ကပေးတဲ့ဆုကိုလည်း ကြိုဆိုလိုက်ပါတယ်။

“စကော့တလန်အစိုးရနဲ့ စကော့တလန်လူမျိုးများဟာ ဒေါ်အောင်ဆန်းစုကြည်ကို
အင်မတန် လေးစားယုံကြည်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်
လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ်တာကိုလည်း သူတို့က အများ
ကြီး လေးစားတယ်၊ ရိုသေတယ်၊ ဒီအတွက်လည်း သူတို့ အများကြီး တန်ဖိုးထားပါ
တယ်။ အဲဒီလိုပဲ ကမ္ဘာသူ၊ ကမ္ဘာသား အင်တာနေရှင်နယ် ကွန်မြူနတီက တန်ဖိုးထား
လာအောင် သူတို့က အခုလိုလုပ်တယ်လို့ ကျနော်ထင်ပါတယ်။

“ဘာကြောင့်လဲဆိုတော့ နယ်လ်ဆင်မင်ဒဲလားကို ၁၉၈၅ ခုနှစ်က ဒီဆုကို ချီးမြှင့်လိုက်
တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်သူ ပြည်သားတွေရဲ့
လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် သူ့ရဲ့ မိသားစု၊ သူ့ရဲ့ အချိန်တွေ၊
လုပ်အားတွေ အားလုံးကိုပေးပြီးတော့ ၁၂ နှစ်ကျော်ကျော် နေအိမ်မှာ ထိန်းသိမ်းခံပြီး
ဇွဲရှိရှိနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆပ်နေတာကို ကမ္ဘာသူ၊ ကမ္ဘာသားတွေအားလုံး ပိုပြီးသိသွားအောင်၊ ပိုပြီးလေးစားလာအောင်၊ ကမ္ဘာတ၀န်းမှာရှိတဲ့ အစိုးရတွေအားလုံး
က မြန်မာပြည်သူလူထုတွေ လွတ်မြောက်ရေးအတွက် ပိုပြီးလုပ်လာအောင် သူတို့က လုပ်ပေးတယ်လို့ ထင်ပါတယ်။

“အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလိုစွန့်လွှတ်မှုတွေ၊ အနစ်နာခံမှုတွေ
အတွက် Nelson Mandella of Asia ဆိုပြီးတော့ သူ့ကို အားလုံးက လေးစားထားခဲ့တာ
ကိုလည်း ပိုပြီးတော့ ပီပြင်သွားအောင် လုပ်ပေးလိုက်တယ်လို့ ကျနော်ထင်ပါတယ်။
ဒါ အင်မတန် တန်ဖိုးရှိတဲ့ ဆုတခုပါ။”
ဒေါက်တာဝင်းနိုင် ပြောသွားတာဖြစ်ပါတယ်။

ဒီဆုချီးမြှင့်ကြောင်းကြေညာတဲ့ တနင်္လာနေ့ကပဲ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြေညာချက်တစောင် ထုတ်ပြန်
လိုက်ပါတယ်။ မေလ ၂၇ ရက်နေ့က နေအိမ်အကျယ်ချုပ် ထပ်တိုးခြင်းခံခဲ့ရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ကို ပုဒ်မ ၁၀(ခ)၊ နိုင်ငံတော်ကာကွယ်ရေးဥပဒေအရ မြန်မာ အာဏာပိုင်တွေက အကျယ်ချုပ်ချထားတာဟာ တည်ဆဲဥပဒေအရ မှားယွင်းနေ
ကြောင်း ခိုင်လုံတဲ့ ဥပဒေဆိုင်ရာ ကိုးကားချက်တွေဖော်ပြပြီး အန်န်အယ်လ်ဒီအနေနဲ့
အယူခံဝင်ဖို့ရှိတယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အနေနဲ့ နိုင်ငံတကာကချီးမြှင့်တဲ့ဆုတွေကို နှစ်စဉ်ရရှိခဲ့
ရာမှာ ဒီနှစ်အတွင်း အမေရိကန်လွှတ်တော်ရဲ့ အရပ်သားတွေအတွက် အမြင့်ဆုံးဆု
ဖြစ်တဲ့ လွှတ်တော်ရွှေတံဆိပ် ချီးမြှင့်ခံရဖို့ အဆိုပြုချက်ကို အထက်နဲ့
အောက်လွှတ်တော် နှစ်ရပ်စလုံးက အပြီးသတ် သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒန်ဒီမြို့ရဲ့ လွတ်လပ်ရေးဆုကိုတော့ စက်တင်ဘာလမှာ ချီးမြှင့်မှာဖြစ်ပြီး Burma
Campaign (UK) မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က ညွှန်ကြားရေးမှူး အန်နာရောဘတ်စ်
က နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်စား ဆုတက်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

Multilateral Team Heads for Cyclone Zone; 18 Survivors Arrested and lasted news about Nargis in Burmese

Multilateral Team Heads for Cyclone Zone; 18 Survivors Arrested



By THE ASSOCIATED PRESS / RANGOONWednesday, June 11, 2008


A major multilateral operation has been launched to assess the needs of Burma's cyclone survivors in a sign the military regime is finally cooperating in international aid efforts five weeks after the disastrous storm buffeted the country.

However, Tuesday's positive development contrasted with reports that 18 cyclone victims—women and children—were arrested while on their way to the United Nations office in Rangoon to plead for help.

A helicopters used by international aid organizations is landing to be put to good use for the cyclone relief effort on the outskirts of Rangoon. (Photo: AP)
Some 250 experts from the UN, the Burmese government and Southeast Asian nations headed into the Irrawaddy delta on Tuesday by truck, boat and helicopter for a village-by-village survey, the UN said.

Over the next 10 days, they will determine how much food, clean water and temporary shelter the 2.4 million survivors require, along with the cost of rebuilding houses and schools and reviving the farm-based economy.

"It has taken quite a long time but this shows the government is on board by its commitment to facilitate the relief operation and the scaling up that people are asking for," said Amanda Pitt, a UN spokeswoman in Bangkok, Thailand.

The UN estimated Cyclone Nargis affected 2.4 million people and warned more than 1 million of them, mostly in the delta, still need help. The cyclone killed more than 78,000 people.

The ruling junta has been sharply criticized by foreign governments and aid agencies for its ineptness in handling the disaster. It also has come under fire for forcing survivors from camps and allegedly dumping them in their destroyed villages.

Authorities detained 18 women and children on Tuesday as they walked to the UN offices in Rangoon to complain about not receiving any government assistance, according to a government official who refused to be identified for fear of retaliation.

The group, from Dagon township on the outskirts of Rangoon, were bundled into a waiting police car and remain in detention, witnesses said.

UN spokeswoman Pitt said she was hopeful the start of the international assessment signaled a greater willingness on the part of the government to work alongside aid workers to reach survivors and allow them to better understand their needs.

"This should give us a comprehensive, across-the-board understanding of who has been reached, which responding agency reached them and what they received," Pitt said.

The information will be collected in a report to be released next month by the Association of Southeast Asian Nations and should motivate more countries to donate to the cyclone relief operation, she said.


ICRC ရုံးသွားသည့် လေဘေးဒုက္ခသည် တချို့ အဖမ်းခံရ
10 June 2008

လေဘေးဒုက္ခသည်တွေ အကူညီ အထောက်ပံ့ရဖို့ တန်းစီ စောင့်ဆိုင်း နေကြစဉ် ဒီနေ့ ရန်ကုန် ဒဂုံအရှေ့ခြမ်းက လေဘေးဒုက္ခသည် သုံးဆယ်လောက်ဟာ ICRC နိုင်ငံတကာ ကြက်ခြေနီ အသင်းကြီးရဲ့ရုံးနဲ့ UNDP ကုလသမဂ္ဂ ရုံးတွေကို သွားရောက်ပြီးတော့ သူတို့ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေကို တင်ပြခဲ့ကြပါတယ်။ ဒီလို လေဘေး ဒုက္ခသည်တွေ သွားတဲ့လမ်းမှာ အာဏာပိုင်တွေဖက်က လုံခြုံရေးတွေကိုလည်း တင်းတင်း ကြပ်ကြပ် ချထားသလိုပဲ အခုဆိုရင် ဒီ အိုင်စီအာရ်စီနဲ့ ယူအဲန်ဒီပီ ရုံးကို သွားခဲ့တဲ့ သူတွေထဲက တချို့ အဖမ်းခံခဲ့ရပြီလို့ ဆိုပါတယ်။ ဒီအကြောင်း မအေးအေးမာက တင်ပြပေးထားပါတယ်။
မြောက်ဒဂုံက မုန်တိုင်း ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်း လုပ်ထားတဲ့နေရာကနေ အတင်းအကြပ် ရွေ့ပြောင်း ခိုင်းနေတာကြောင့် ရန်ကုန် အိုင်စီအာရ်စီ ရုံးနဲ့ ယူအဲန်ဒီပီ ရုံးကိုသွားပြီး သူတို့ကို အကူအညီပေးဖို့အတွက် ဒုက္ခသည် ၃၀ ကျော်က တောင်းဆိုရာမှာ ဒုက္ခသည် ၆ ဦးထက်မနည်း အဖမ်းခံခဲ့ရပါတယ်။
ဒုက္ခသည်တွေအရေးကို ပြောကြားဖို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက အမျိုးသမီး နှစ်ဦး ဦးဆောင် သွားခဲ့ကြတာလို့ ဆိုပါတယ်။ ယူအဲန်ဒီပီ ရုံးရှေ့ကို ရောက်တဲ့အခါမှာ အဖမ်းခံရတဲ့ မြင်ကွင်းကိုတော့ ဒုက္ခ သည်တွေကို ကူညီဖို့ လိုက်ပါသွားတဲ့ မျက်မြင် တွေ့ရှိသူက အခုလို ပြောပြပါတယ်။
“အဲဒီ ယူအဲန်ဒီပီရုံး ရောက်တော့ ရုံးက တံခါးမဖွင့်ပေးဘူး။ တံခါး မဖွင့်ပေးတော့ အဲဒီ ဒုက္ခသည်တွေနဲ့ ရှေ့က ဦးဆောင်လာတဲ့ ကြက်ခြေနီ နှစ်ယောက်က ဘယ်သွားရမှန်း မသိဘူးပေါ့နော်။ ပထမ အဲဒီနားမှာ ထိုင်ဖို့လုပ်ကြတယ်ဗျာ။ နောက် မထိုင်ဖြစ်ပဲနဲ့ နောက်ဖက်ပေါက်ကနေ ၀င်ဖို့မယ်ဆိုပြီးတော့ လုပ်နေကြတဲ့ အချိန်မှာပဲ စွမ်းအားရှင် တွေနဲ့ အဲဒီနားမျာ စောင့်နေတဲ့သူတွေက ရောက်လာ ကြတယ်ဗျာ။ နောက် ဟိုဖက် ရှေ့ကနေပြီးတော့ ဦးဆောင်တဲ့ ကြက်ခြေနီ ကောင်မလေးကို သူတို့က ခေါ်သွားတာ။ ခေါ်သွားတော့ နောက်က ဒုက္ခသည်တွေ ကလည်း သူ့နောက်ကလိုက်လို့ မှာထားတော့ အဲဒီ နောက်ကိုပဲ လိုက်သွားကြတာ။ လိုက်သွားကြပြီးတော့ ရှေ့ကွေ့ ပန်းခြံထဲမှာက ရဲကား ရှိနေတယ်။ ရဲကားရှိနေတော့ ပါလာတဲ့ဒုက္ခသည်တွေက မလိုက်ဘူးဆိုပြီး အဲဒီနားမှာ ထိုင်ချ လိုက်ကြတယ်။ ရဲကားက ရှိနေတာကို။ ရဲကားရှိနေတော့ ဒုက္ခသည်တွေက သူတို့ကို ဖမ်းမှန်းသိပြီးတော့ ထိုင်ချလိုက်ကြတာ။ ကောင်မလေးကိုတော့ ဆွဲတင်သွားတယ်။ နောက် အဲဒီရှေ့မှာရှိတဲ့ ဦးဆောင်တယ်လို့ ယူဆတဲ့သူတွေကို သူတို့ ဆွဲတင်သွားတာပေါ့။ ကျနော်တို့ တွေ့ခဲ့သလောက် ကတော့ လေး၊ ငါး၊ ခြောက်ယောက်ပဲဗျ။”
ဒုက္ခသည်တွေအနေနဲ့ ဘာကြောင့် အိုင်စီအာရ်စီနဲ့ ယူအဲန်ဒီပီရုံးကို သွားခဲ့ကြပါသလဲလို့ မေးတော့ -
“ဒီဒုက္ခသည်တွေဟာ ဒုက္ခသည် အခွင့်အရေးတွေ မရဘူးပေါ့နော်၊ သူတို့တွေ ရသင့်ရထိုက်တာတွေ မရတဲ့ အတွက် ရအောင်လုပ်ပေးဖို့ တောင်းဆိုကြတာပါ။ နောက်ပြီးတော့ သူတို့ကို မြောက်ဒဂုံ ဒုက္ခသည်စခန်းကနေ ပြောင်းခိုင်းနေပြီ။”
ဒုက္ခသည်တွေအနေနဲ့ ကုလသမဂ္ဂကို သူတို့ရဲ့ ဒုက္ခတွေ ဖြေရှင်းပေးမယ့် အဖွဲ့အစည်းအဖြစ် အားကိုးခဲ့ပုံကိုလည်း အခုလို ပြောပါတယ်။
“သူတို့ကတော့ အားကိုးကြတယ်ဗျာ၊ အဲဒီမှာမှ ဒီ ကုလသမဂ္ဂကို တိုင်တည်ရာ တခုအနေနဲ့ ကြားကနေပြီးတော့ သေသေ ချာချာ မျှမျှတတ ၀င်ရပ်တဲ့ အဖွဲ့အစည်းအနေနဲ့ သူတို့က အားကိုးတာပေါ့ဗျာ။ သူတို့ မတရားလုပ်နေတာတွေကို ကြားကနေ မားမား မတ်မတ်ရပ်ပေးမယ့် အဖွဲ့အစည်းတခုဆိုပြီးတော့ သူတို့က အားကိုးတာပေါ့ဗျာ။ ဒါပေမယ့် သူတို့ ဒီနေ့လုပ်လိုက်တဲ့ ပုံစံအရဆိုရင် တော်တော်ကြီးလည်း စိတ်ပျက်စရာ ကောင်းတယ်၊ ပြီးတော့ ကျနော်တို့ မြင်ထားတဲ့ အားကိုစရာ ရွှေတောင်ကြီး ကလည်း အလကား ခြတောင်ကြီး ဖြစ်နေပြီ။ တကယ်တမ်း ပြောရရင်တော့ ကုလသမဂ္ဂကို အများကြီး မျှော်လင့်ထားတာပေါ့။ အခု ဒီနေ့လို အခြေအနေမျိုး တွေ့ရခြင်းအားဖြင့် ကျနော်တို့ မြန်မာပြည် သားတွေရဲ့ အရေးကို ဘယ်လိုမှ ဆက်ပြီးတော့ ရှေ့မှာ ကာကွယ် ပေးနိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့က အဲဒီလို မြင်တာပေါ့နော်။”
ယူအဲန်ဒီပီရုံးက ပြန်အထွက်မှာ ဒုက္ခသည်တွေ ၆ ဦးထက်မနည်း အဖမ်းခံရပြီးတဲ့နောက် အားလုံး လူစုခွဲခဲ့ရကြောင်း ပြောပြပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ အိုင်စီအာရ်စီ ရုံးကို သွားတဲ့အခါမှလည်း သူတို့ကို အကူအညီ မပေးနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပြပါတယ်။

မုန်တိုင်းဒုက္ခသည်တွေအတွက် အထောက်အကူပစ္စည်းတွေ ပြတ်လပ်နိုင်ဖွယ်ရှိ

11 June 2008



Cyclone survivors look on after receiving a food donation from monks 10 km (6 miles) outside of Labuta, Myanmar, Monday June 9, 2008.AP
အစားအစာရရှိရန် စောင့်ဆိုင်းနေကြသော မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ။
ဇွန် ၉၊ ၂၀၀၈။
မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဒဏ်သင့်ခံရသူတွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေပေးပို့ဖို့ ယာဉ်တွေရပြီး ပစ္စည်း တွေပေးပို့နိုင်တော့မှာ ဖြစ်ပေမယ့်လည်း လာမယ့်သီတင်းပတ်တွေအတွင်းမှာပဲ ပေးပို့စရာပစ္စည်းတွေ ထပ်ပြီးလိုလာတော့
မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး
က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

လေဘေးဒဏ်ခံရသူတွေ တကယ်တမ်းလိုအပ်နေတဲ့ အမိုးအကာတွေ၊ စားနပ်ရိက္ခာ
တွေနဲ့ တခြားကယ်ဆယ်ရေးပစ္စည်းတွေဟာ လာမယ့်သီတင်းပတ်တွေအတွင်းမှာပဲ
ထပ်ပြီး ဒီ့ထက်ပိုလိုလာတော့မယ်လို့ အိုချာလို့ခေါ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု
ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ ပြောကြားချက်တွေကို အင်္ဂါနေ့မှာ ကုလသမဂ္ဂ
ရုံးချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ မစ္စ မာရီ အိုကာဘဲ
(Marie Okabe) က …

“ကူညီထောက်ပံ့မှုတွေ အဆက်မပြတ် လုပ်လာနိုင်ပေမယ့် ကုလသမဂ္ဂက ပေးအပ်တဲ့ စားနပ်ရိက္ခာအတွက် ရန်ပုံငွေဟာ ၂၁% သာရှိတာမို့ တကယ်လို့ ဇူလိုင်လလယ်
လောက်မှ နောက်ထပ်ရန်ပုံငွေ ထပ်မရရင် စားနပ်ရိက္ခာ အလျင်မပြတ် ဆက်ပြီး
ပေးနိုင်ဖို့ အခက်အခဲတွေ ဖြစ်လာတော့မယ်” လို့ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံး
(UNOCHA) ရဲ့ပြောဆိုချက်တွေကို မစ္စ အိုကာဘဲက တင်ပြခဲ့ပါတယ်။

နိုင်ငံတကာက အလှူရှင်တွေအနေနဲ့ အရေးပေါ်အကူအညီ တောင်းခံဖို့အတွက် တိုးပြီး
လှူကြဖို့လည်း မစ္စ အိုကာဘဲက တိုက်တွန်းလိုက်ပါတယ်။ အကူအညီတွေ အလျင်မပြတ်
ပေးဝေနိုင်ဖို့အတွက် အထူးလိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ မပြတ်လပ်ဖို့အတွက် ငွေကြေးတွေ လိုအပ်နေသလိုပဲ ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့
ဇလဘူမိဗေဒ ပညာရှင်တွေ၊ ရေဆိုးနုတ်ပယ်ရေးဆိုင်ရာ အင်ဂျင်နီယာတွေ အမြောက်
အမြားလည်း ဒီဒေသအတွက် ရေရှည်မှာ စနစ်တကျနဲ့ အကောင်အထည်ဖော်ရေး
အတွက် အရေးတကြီး လိုအပ်နေပါတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

မုန်တိုင်းဒဏ် အပြင်းအထန်ခံရတဲ့ ဒေသတွေအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့
(WFP) က လေယာဉ်တွေ အကူအညီပေးနိုင်တဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး
တော့လည်း …

“မုန်တိုင်းဒဏ် အပြင်းအထန်ခံရတဲ့နေရာတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ပေးနိုင်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှာ အခု ရဟတ်ယာဉ် ၆ စီး ရထားပါပြီ။ နောက်ထပ်
ရဟတ်ယာဉ် ၄ စီးဟာလည်း အခု မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံထဲမှာ ရှိနေပါပြီ။ ဒီသီတင်းပတ်အကုန်လောက်မှာ မြန်မာနိုင်ငံကို သွားနိုင်မယ်လို့ မျှော်လင့်ထားတာမို့
အခုဆိုရင် WFP က ရဟတ်ယာဉ် ၁၀ စီးနဲ့ အကူအညီတွေ ပေးနိုင်တော့မှာပါ” လို့
မစ္စ အိုကာဘဲက ပြောကြားပါတယ်။

အင်္ဂါနေ့အထိ WFP အဖွဲ့ကနေ စားနပ်ရိက္ခာတန်ချိန် ၁၀,၀၀၀ ကျော် ပေးပို့နိုင်ခဲ့တဲ့
အပြင် အစားအသောက်နဲ့ ကူညီရေးပစ္စည်းတွေဟာ ဒုက္ခသည် ၅၀၀,၀၀၀ လောက်
အတွက် ပေးပို့နိုင်ခဲ့တာပါလို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းသင့် မြစ်ဝကျွန်းပေါ်ဒေသကို ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ ဒေသခံ ကူညီရေးအဖွဲ့ ၈၆ ဖွဲ့က ကူညီသူ
တွေ သွားရောက်နိုင်ပြီဖြစ်တဲ့အပြင် ကုလသမဂ္ဂ နိုင်ငံတကာ ကူညီရေးဝန်ထမ်းပေါင်း
၁၈၀ အတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ပါတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်
ဒီကူညီသူတွေကို မြန်မာနိုင်ငံထဲမှာ နေထိုင်ခွင့် ၂ ရက်နေ ၃ ရက်အထိသာ ပေးခဲ့
တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲမှာ အခု တလကျော်ကြာလာတဲ့အထိ
အကူအညီတွေ မရသေးတဲ့သူ ဒုနဲ့ဒေးရှိနေပြီး သွားရောက်ကူညီတဲ့ ပြည်ပကလူတွေ လက်လှမ်းမမီကြတဲ့အပြင် ပြည်တွင်းကလူတွေလည်း အဖမ်းခံရတဲ့လူတွေ၊ အတား
အဆီး အနှောင့်အယှက်မျိုးစုံ ကြုံတွေ့နေရတဲ့အဖြစ်ကို ကုလသမဂ္ဂက ဘယ်အတိုင်း
အတာအထိ သိပါသလဲလို့ မေးခွန်းမေးတဲ့အခါမှာတော့ …

“မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းက လူတွေအနေနဲ့ အချိန်နဲ့အမျှ ဒုက္ခ
သည်တွေကို ကူညီနိုင်ဖို့ပဲ ကြိုးစားနေရတာမို့ ဒုက္ခသည် ဘယ်အတိုင်းအတာကရပြီး
ဘယ်လိုပုံ အဆင်ပြေမှုတွေရှိလာပြီဆိုတဲ့ပုံတော့ မပေါ်သေးပါဘူး။ အခုအထိ အကူ
အညီတွေ ပေးနေရဆဲ ရှုပ်ရှုပ်ထွေးထွေး အခြေအနေမှာပဲ ရှိသေးတယ်” လို့ မစ္စ
အိုကာဘဲက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သေခြာတာတခုကတော့ ကယ်ဆယ်ကူညီရေးတွေ အခုထက်ထိ လုံလုံ
လောက်လောက် မပေးနိုင်သေးပါဘူးလို့ ဆိုပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ
ဘက်ကတော့ ကယ်ဆယ်ကူညီရေးအတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ လိုအပ်
မယ်လို့ တွက်ချက်ခဲ့ပါတယ်။ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံး အကြီးအကဲ
ဂျွန်ဟုမ်းစ် (John Holmes) ကတော့ မေလကုန် သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ မုန်တိုင်းဒုက္ခသည်တွေအတွက် အကူအညီအလှူငွေ ဒေါ်လာ ၁၃၃ သန်းနဲ့ နောက်ထပ်
လှူမယ့်ငွေ သန်း ၁၀၀ ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်း
က မုန်တိုင်းဒုက္ခသည်တွေအတွက် တကယ်တမ်းရရှိတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး
မစ္စတာဟုမ်းစ် နောက်တခါ သတင်းစာရှင်းလင်းပွဲလုပ်မှပဲ သိရမှာပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။


ဧရာဝတီတိုင်းအရေး မကြာခင် တပြည်လုံးအရေး ဖြစ်တော့မည်
line

ဧရာဝတီတိုင်း လယ်ယာတွေ မုန်တိုင်းထိထားသည့်အတွက် ယခုနှစ် မိုးစပါးစိုက်ဖို့ မဖြစ်နိုင်တော့ဟု ကုလသမဂ္ဂမှ သတိပေးလိုက်သဖြင့် မကြာခင် မြန်မာတပြည်လုံး ဆန်ပြဿနာကြုံပြီး သရောကြီး ခိုင်းတော့မည်ဟု မှန်းလို့ရသည်။ လူမှုရေး အုံကြွမှုတွေ ပြည်လုံးကျွတ် ဖြစ်တော့မည်။

မိုးစပါးသည် မြန်မာနိုင်ငံ၏ ရိက္ခာဖြစ်၏။ မိုးစပါး မစိုက်နိုင်ခြင်းသည် နိုင်ငံ၏ ထမင်းအိုးကွဲသည်နှင့် တူ၏။

မြန်မာစစ်အစိုးရ၏ ၂၀၀၃-၂၀၀၄ စာရင်းအရ ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ဧက (၃.၅) သန်းရှိပြီး နွေစပါးစိုက်ဧက (၁.၇) သန်းရှိ၏။ တပြည်လုံး စပါးစိုက်ဧက (၁၆) သန်းရှိသည့်အတွက် ဧရာဝတီ တိုင်း စပါးစိုက်ဧကသည် တပြည်လုံး စပါးစိုက်ဧက စုစုပေါင်း၏ (၃၃) ရာနှုန်းရှိ၏။ ထို့ကြောင့်
ဧရာဝတီတိုင်း စပါးအပျက်နှုန်းသည် မြန်မာပြည် ဆန်ပြဿနာ၏ သော့ချက်ဖြစ်လာနိုင်၏။

ဧရာဝတီတိုင်း စပါးအပျက်အစီးကို တန်ချိန် (၇) သိန်းကျော်ရှိပြီး ဆန်အပျက်အစီးမှာ ၂၀၀၇-၂၀၀၈ ခုနှစ်အထွက်နှုန်း၏ (၂.၃) ရာနှုန်းသာရှိသည်ဟုသာ စစ်အစိုးရဘက်က ဖော်ပြသည်။ သို့သော် မုန်တိုင်းကြောင့် နွေစပါးအပျက်နှုန်းမှာ ပြည်နယ်နှင့် တိုင်း (၅) ခုတွင် စုစုပေါင်း ထုတ်လုပ်မှု၏ (၆၆) ရာနှုန်းရှိပြီး မိုးစပါး အပျက်နှုန်းမှာ စုစုပေါင်း ထုတ်လုပ်မှု၏ (၆၂) ရာနှုန်းရှိနိုင်သည်ဟု မြန်မာ စီးပွားရေးပညာရှင်များက တွက်ချက်ခန့်မှန်း၏။

ဧရာဝတီတိုင်း လယ်ယာမြေကဏ္ဍ နာလန်ထူရေးအတွက် ဒေါ်လာ သန်း (၂၀၀) ကျော် လိုသည်ဟု စစ်အစိုးရက လောဘတကြီးဖြင့် နိုင်ငံတကာကို တွက်ပြ၏။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်။ မည်သည့် နိုင်ငံကမျှ စစ်အစိုးရ တောင်းသည့်ငွေကို အာမမခံ။

အတိတ်ကို ပြန်ကြည့်လျှင် ဆန်ပြဿနာစဖြစ်တိုင်း ရန်ကုန်သည် လူမှုရေးအုံကြွမှု၏ အခရာဖြစ်၏။ ထို့ကြောင့် စစ်အစိုးရသည် ရန်ကုန်ကိုသာ ဦးစားပေးပြီး တပွဲတိုးနည်းများဖြင့် ဖြေရှင်းလေ့ရှိ၏။ တနည်းဆိုရလျင် ရန်ကုန်လူထုသည် အုံကြွမှုတိုင်းအတွက် အခရာဖြစ်၏။ ထို့ကြောင့် ရန်ကုန်မှာ ဆန်လုံလောက်ပါ့မလားဆိုသည်ကို တွက်ကြည့်ရန်လို၏။

ဆန်စပါး လက်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ အပြောအရ ရန်ကုန်ကို
နေ့စဉ် ဆန်အိတ် (၅,၀၀၀) ၀န်းကျင် ဧရာဝတီက ၀င်နေမှ ရန်ကုန်ဆန်ဈေး ငြိမ်သည်ဆို၏။
သို့သော် မြန်မာနိုင်ငံ၌ လူတဦး တလကို ဆန် (၈) ပြည်နှုန်းစားသုံးသည်ဟု ကျွမ်းကျင်သည့်
ပုဂ္ဂလိက ဆန်ကုန်သည်ကြီးတွေက ပြော၏။ ထိုအချက်ကို အခြေခံ၍ ရန်ကုန်လူဦးရေ (၆) သန်းနှင့်
တွက်လျှင် ရန်ကုန်မြို့ တနေ့ စားသုံးဖို့အတွက်ပင် နေ့စဉ် ဆန်အိတ် (၆၀,၀၀၀) ကျော် လို၏။

လက်ရှိအနေအထားကိုကြည့်လျှင် မြန်မာစစ်အစိုးရဘက်က စပါးပျက်ဒေသများ ပြန်လည်ထူထောင် ရေးအတွက် ထိထိရောက်ရောက် အကူအညီမပေးနိုင်ချိန်တွင် ဆန်ဈေးက တနေ့တခြား ခုန်တက် နေ၏။ ထိုအချက်သည် ရန်ကုန်ကို နေ့စဉ် ဆန်အိတ် (၅,၀၀၀) ၀န်းကျင် ဧရာဝတီက မ၀င်နိုင်
ဖြစ်နေသည့် သဘောဖြစ်၏။ ဧရာဝတီတိုင်းမှာပင် သိုလှောင်ဆန် စပါးမရှိတော့သည့်အတွက်
ရန်ကုန် ဆန်ကုန်သည်တွေ ဆန်လှောင်၍ ဈေးတက်သည်ဟု စစ်အစိုးရဘက်က ခါတိုင်းလို စွပ်စွဲ လာလျှင် ယုတ္တိရှိမည်မဟုတ်။

မုန်တိုင်းမဖြစ်ခင် မြန်မာနိုင်ငံ အခြေအနေကို ကြည့်လျှင် သြဂုတ် စက်တင်ဘာသည် ဈေးကွက်မှာ နွေစပါးပြတ်ပြီး မိုးစပါးပေါ်ဖို့ သုံးလေးလ လိုသေးသည့်ကာလဖြစ်၏။ ထို့ကြောင့် သြဂုတ်၊ စက်တင်ဘာသည် ပုံမှန်အားဖြင့်ပင် တပြည်လုံးမှာ နှစ်စဉ်လို ဆန်ပြဿနာ အနည်းနှင့်အများ ဖြစ်လေ့ရှိသည့် လတွေဖြစ်၏။ ဆန်ဈေး အဆမတန် မြောက်လေ့ရှိသည့် လတွေဖြစ်၏။ ထိုကာလ များတွင် စစ်အစိုးရ ဆန်ပြဿနာ အကျပ်အတည်းနှင့် ကြုံခဲ့သည့် သာဓကတွေ ရှိ၏။

လက်ရှိ ဧရာဝတီတိုင်း စပါးနှင့် ဆန်အပျက်အစီး၊ တိုင်းနှင့် ပြည်နယ် (၅) ခုမှ စပါးနှင့် ဆန်အပျက် အစီးနှုန်းတွေအရ မြန်မာနိုင်ငံတ၀ှမ်း ဆန်ပြဿနာသည် ၂၀၀၈ ခု သြဂုတ် စက်တင်ဘာမှာ မုချကြုံနိုင်သည်ဟု ရန်ကုန် ဆန်ကုန်သည်ကြီးတွေက မှန်း၏။ ထိုအချက်ကို မြန်မာစီးပွားရေး ပညာရှင်အချို့ကလည်း လက်ခံ၏။ မိုးစပါးပေါ်မည့် ဒီဇင်ဘာမှာလည်း စိုက်ဧက ဟုတ်တိ ပတ်တိ မရှိသည့်အတွက် ရိတ်သိမ်းစရာပင် စပါးရှိမည်မဟုတ်။

ထို့ကြောင့်လည်း ဧရာဝတီတိုင်းမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့် လယ်တွေ ယခုနှစ် မိုးစပါး စိုက်ပျိုးရန် မဖြစ်နိုင်တော့သည့်အတွက် ဧရာဝတီတိုင်းမှာ နောက်တနှစ်ထိ စားနပ်ရိက္ခာ အကူအညီ လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးခြင်းဖြစ်၏။

မြန်မာနိုင်ငံမှာ ဖြစ်လာမည့် ဆန်ပြဿနာသည် ၂၀၀၈ ကုန်အထိသာမက နောင်နှစ် နွေစပါး ပေါ်သည်ထိ ပြဿနာကြီးမားနိုင်၏။ တတိုင်းပြည်လုံး ရုန်းရင်းဆန်ခတ်မှုတွေနှင့်ကြုံရနိုင်၏။ စားစရာမရှိလျင် မြန်မာလူထုသည် ဘာကိုမျှ မကြောက်။ နီးရာ ဓားဆွဲပြီး တော်လှန်တော့မည်။ ထိုအခြေအနေမျိုး ရောက်လျှင် စစ်အစိုးရ မည်သို့နှိမ်နင်းမည်နည်း။ တပြည်လုံးကို စစ်တပ်က ပစ်သတ်နိုင်မလားဆိုသည်မှာ မေးခွန်းထုတ်ဖို့လို၏။

တိုင်းပြည်တွင် အမှန်တကယ် ဆန်သိုလှောင်ထားနိုင်သူမှာ မြန်မာစစ်တပ်အပြင် မြန်မာနိုင်ငံတွင်
စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသား၊ ဗိုလ်ချုပ်ကြီးရွှေမန်းသား စသည့် ဗိုလ်ချုပ်သားတွေ ပိုင်သည့် ကုမ္ပဏီတွေဖြစ်၏။ အဆိုပါ သိုလှောင်ဆန်တွေကို ဧရာဝတီတိုင်း ဒုက္ခသည်တွေအတွက် စစ်အစိုးရက ယခုထိ ဖြန့်ဝေခြင်းမရှိ။ မသိသလိုလုပ်နေ၏။

တပြည်လုံး ဆန်ပြဿနာဖြစ်လာချိန်တွင် ထိုသိုလှောင်ဆန်ကို ပြည်သူလက် ဖြန့်ဝေ ပေး မပေး စောင့်ကြည့်ဖို့ လို၏။ ဖြန့်ဝေပေးလျှင် စစ်တပ်မှာ ရိက္ခာပြတ်ပြီး သေနတ်ပြောင်းက စစ်ခေါင်းဆောင် တွေဘက် လှည့်တော့မည်။ မဖြန့်ဝေဘဲထားလျှင်လည်း လူထုတရပ်လုံး ဆူပူအုံကြွမည်။ နိုင်ငံခြားက ဆန်သွင်း ရအောင်လည်း ကမ္ဘာ့ဆန်ဈေးက ခေါင်ခိုက်နေ၏။ စစ်အစိုးရသာမက နိုင်ငံတကာ အဖွဲ့တွေပါ တတ်နိုင်မည်မဟုတ်။

ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့တော့မည်။