4.10.2009

တားဂက်တက် သင်္ကြန်စာ

E-mail Print
ကျွန်ုပ် ဝေဒကဝိ အကျော်အမော် ပညာရှင် ဆြာတေသည် ဝါသနာ အလျှောက် ဗေဒင်ပညာကို လေ့လာ လိုက်စားထားသော် ငြားလည်း ကံမလိုက်သေး သဖြင့် ဟောတိုင်း မှားနေလေရာ ထိုပညာဖြင့် ဝမ်းမဝ နိုင်သောကြောင့် တနေ့တနေ့ မဒမ်တေ၏ ဆူပူမှုကို နားညည်းသည်ထိ သည်းခံနေရလေသည်။

ထိုရောအခါဝယ် တတ်သည့်ပညာ မနေသာ ဆိုသည့်အတိုင်း တတ်ထားပြီးသော တခြား ပညာရပ် တခု ဖြစ်သည့် ဆိုက်ကားနင်း သော အလုပ်ဖြင့် မဒမ်တေနှင့် ဂျူနီယာတေ ၁၊ ဂျူနီယာ တေ ၂ စသည်ဖြင့် ကြီးစဉ်ငယ် လိုက် ရှိကြကုန်သော တေ ၅ ကောင် .. ပေါင်း.. ပါးစပ် ၇ ပေါက်စာကို ဖြည့်တင်းပေး နေရ လေ၏။

နေနှင့်ဦးဟုဆိုကာ ကြောင်လက်သည်း ဝှက် ထားသကဲ့သို့ သိမ်းဆည်းထားသော ကျွန်ုပ် ၏ ပညာခန်းများသည် ယခုကဲ့သို့သော သင်္ကြန်အခါသမယအချိန်တွင် “တူးပို့” တေးသံနှင့် အတူ မနေနိုင်မထိုင်နိုင် ရွစိတက်လေ့ရှိလေသည်။

ထို့ကြောင့် ကျွန်ုပ်သည်ဆိုက်ကားခေတ္တနားခိုက် အစိုးရထုတ် သင်္ကြန်စာ တစောင်ကို ကျပ် ၅၀၀ ဖြင့် မဒမ်တေ မသိအောင် မနှမျောဘဲ ဝယ်ယူဖတ်မိခိုက် “ဟိုက်” ခနဲ အသံထွက်မိအောင် အံ့သြ မင်တက် ဆွံ့အသွားလေ တော့၏။

အဘယ်ကြောင့်ဟူမူကား ၎င်းတို့ထုတ်ဝေသော သင်္ကြန်စာမှာ အစိုးရမင်းများ၏ ဆင်ဆာရုံးကို ဖြတ်ပြီးမှ ထွက်ရ ရှာသောကြောင့်တကြောင်း ..၊ အစိုးရအကြိုက်လိုက်ကာ ဟောကိန်းထုတ် ပေးထားရသောကြောင့် တကြောင်း တို့ကြောင့် ဖြစ်ချင်တိုင်းဖြစ်နေလေ၏။ မဒမ်တေသာ သိလျှင် ဆူလို့ပွမ်လို့ ဆုံးတော့မှာမဟုတ်။ ကံဆိုးလျှင် နားဝင်ပီယံသူ့လက်သံ အစီအစဉ်ပင် နောက်က လိုက်လာနိုင်သေး၏။

“ဟမ် .. တော့်ကိုယ်တော်ဗိုလ်ချုပ်မှူးကြီးမြေး ဖိုးလောက်လန်းလို သူဌေးမှတ်လို့ သင်္ကြန်စာကို ၅၀၀ ပေး ဝယ်ဖတ် တာလား။ အဲဒါတွေက အမှားတွေချည်းပဲ ဆိုတာ မသိဘူးလား။ တော်ဟောတာထက် ၁၀ ဆမှားတယ် သိလား။ ငွေ ၅၀၀ ဆိုတာ ဆန်တပြည်နီးပါးရှိတယ်တော့ ..။ သွား အဲဒီ ၅၀၀ ပြန်ရှာခဲ့။ မရရင် ပြန်မလာနဲ့” ဆိုသည့် ချိုမြိန်လှသော အိုးကွဲသံကြီးကိုပင် ကြားယောင်ကာ တွန့်ခနဲ ဖြစ်မိသေး၏။

ယခု ကာလကတော့ ဆြာတေ ဆိုသည့်အမည်ကို အဖတ်ဆယ်ရန် အချိန်ကောင်းဖြစ်ပေသည်။ အနည်းဆုံး ကျွန်ုပ်၏ ဆိုက်ကားစီး ဖောက်သည်များ သိလျှင် သူတို့ကတဆင့် တခြားသူများဆီ ပြန့်ပွားသွားနိုင်သည် မဟုတ် လော။ တော်လိုက်သည့် ကျွန်ုပ်ပါတကား။ ပထဦးဆုံးသော ကျွန်ုပ်၏ သားကောင်မှာ တခြား သူမဟုတ် သူ့ကိုယ် သူ ဒေဝါလီမဂ္ဂဇင်းအယ်ဒီတာဟု မိတ်ဆက်ကာ ဆိုက်ကားကို အမြဲအကြွေး စီးလေ့ရှိသော ကိုဂေါ်ကြီးပင် ဖြစ်တော့သည်။

သူ့ကို ကျွန်ုပ်၏ ဟောစာတမ်းအသစ်များ ပြောပြလိုက်လျှင် ကံကောင်းပါက သူ့မဂ္ဂဇင်းကတဆင့် နိုင်ငံကျော်သွား နိုင်သည်။ အနည်းဆုံးတော့ ကျွန်ုပ်၏ ပညာခန်းကိုရှိန်ကာ ဆိုက်ကားအကြွေး စီးတာ တန့်သွားနိုင်သည် (တခြား ဆိုက်ကား ပြောင်းစီးချင် စီးပေါ့လေ) အဲသလို နိုင်ငံကျော် သွားရင်တော့ မဒမ်တေကလည်း ဆူပူတော့မှာမဟုတ်။ မျှော်တုန်းမျှော်ခိုက် သူလည်း ရောက်လာ ဆိုသလို ကိုဂေါ်ကြီး တယောက် ငိုက်ဆိုက်၊ ငိုက်ဆိုက်နှင့် ဆိုက်ကား ဂိတ်ကို ရောက်လာချေပြီတကား။ ကိုင်း လာလေရော့ ကိုဂေါ်ကြီးရေ … ။

“ကိုတာတေ ဘယ်လိုလဲဗျ။ ဒီနေ့ နင်းကောင်းရဲ့လား”
“ဘယ်ကောင်းမလဲဗျာ။ ကမ္ဘာ့စီးပွားပျက်ကပ်က ကျုပ်တို့ ဆိုက်ကားသမားတွေ ကိုပါ လာထိတာ။ ခုကျုပ် ကိုဂေါ်ကြီးကို စောင့်နေတာဗျ”
“ဟုတ်လား .. အကြွေးတောင်းဖို့လားဗျ။ အဲဒါဆိုရင်တော့ နေဦးဗျာ။ ကမ္ဘာ့စီးပွား ပျက်ကပ်က ကျုပ်အိတ်ကပ် ကိုပါ လာရိုက်နေသေးတယ်။ ဒီနေ့တော့ အကြွေးပဲ စီးပါရစေဦး”
“ဟဲဟဲ ခင်ဗျားကလည်း အကြွေးမတောင်းသေးပါဘူးဗျာ။ ခင်ဗျားကို သင်္ကြန်စာ အသစ်တခု ပြောပြမလို့။ ခင်ဗျားတော့ ကျုပ်နဲ့တွေ့တာ ကံကောင်းပြီသာမှတ်”
“ဘာ သင်္ကြန်စာအသစ် ဟုတ်လား”

သင်္ကြန်စာအသစ်ဟူသော ကျွန်ုပ်အသံကို ကြားလိုက်သည်နှင့် တပြိုင်နက်တည်း.. ကိုဂေါ်ကြီး၏ မျက်နှာကြီးမှာ မဟူရာတုံးကြီးကို ဆီသုတ်ထားသည့်အလား ဝင်းခနဲ လက် .. ပြိုးကနဲ ပြက် သွားလေတော့၏။

“သင်္ကြန်စာထဲမှာ ထိန်ချန်ထားတာတွေ .. ဆင်ဆာ ထိထားတာတွေကို ပြောပြချင်လို့ပါ၊ နောက်ပြီး ကျုပ်ရဲ့ သင်္ကြန်စာက တားဂက်တက် (Targeted) သင်္ကြန်စာ”
“ဗျာ၊ တားရော့ ဗေဒင် ကိုပြောတာလား .. ကျုပ်တော့ တားဂက်တက် ဆန်ရှင်ဆိုတာပဲ ကြားဖူးပါတယ်ဗျာ”
“ခု ကြားဖူးမယ်ဗျာ၊ ခင်ဗျားပြောတဲ့ တားဂက်တက်ဆန်ရှင်လိုပဲ .. ခုဟာက တားဂက်တက် သင်္ကြန်စာလို့ ခေါ်တယ်.. ကျုပ်ထွင်ထားတာပေါ့ဗျာ”

ထို့နောက်တွင်ကား ကျွန်ုပ်က ဆိုက်ကားကို မိန့်မိန့်ကြီးနင်းလျှက် ပြောပြသမျှကို .. ကိုဂေါ်ကြီးက ဘေးခုံတွင် ကုတ်ကုတ်ကလေး ထိုင်စီးရင်း တအံ့တသြ မိန်းမောတွေဝေကာ လိုက်ပါလာ လေတော့သည် …။

“ကိုဂေါ်ကြီးရေ ဒီနှစ် သိကြားမင်းဘာကြောင့် မဆင်းဘူးလဲ သိလား”
“ဘယ်သိမလဲဗျာ။ ခင်ဗျားက ပြောပြမှပေါ့”
“သိကြားမင်းမှာ အလုပ်မရှိလို့ဗျ”
“ဟာ သိကြားမင်းလည်း အလုပ်လက်မဲ့ဖြစ်သွားပလား။ ကမ္ဘာ့စီးပွားပျက်ကပ်က နတ်ပြည် ၆ ထပ်ထိ ရောက် တယ် ထင်တယ်”
“ဟာ အဲလိုမဟုတ်ဘူးလေ။ သူလုပ်စရာမရှိတာကို ပြောတာ။ သူ့ရဲ့ ခွေးရေ ပုရပိုဒ်မှာ မှတ်ရမယ့် လူဆိုး စာရင်းက မနှစ်ကအတိုင်း တပ်ချုပ်ကြီးတို့ အုပ်စုပဲ .. တခြားဘာမှ သိပ်ပြီး အပ်ဒိတ်လုပ်စရာ မလိုဘူးဆိုတော့ သူ့ရဲ့ မဒမ်သိကြားတွေက လူ့ပြည်ကို မလွှတ်တော့ဘူး”
“သိကြားမင်းလည်း မိန်းမကြောက်ရတာပဲလား”
“ဒါပေါ့ဗျာ။ ကမ္ဘာပေါ်မှာ မိန်းမကြောက်တဲ့သူတွေသာ နာမည်ကြီးရိုးထုံးစံရှိတာလေ။ ကျုပ်တို့ တပ်ချုပ်ကြီး ကြည့်ပါလား။ ရွှေရေ ငါးပိ ဆိုတာနဲ့ ဖုတ်ပြီးဆီပါဆမ်းပြီးသားပါကြိုင် ဆိုတာမျိုး ဆိုတော့ နာမည်လွှတ်ကြီး တော့တာကိုး”
“ကဲကဲ ခင်ဗျားက သင်္ကြန်စာအသစ်တွေ ပြောမယ်လည်း ဆိုသေးတယ် စကားက ချော်တောငေါ့ပြီး ခင်ဗျား ဘကြီး မိန်းမကြောက်တဲ့ အကြောင်းတွေလာပြောနေတယ်။ လုပ်ဦး”

ကိုဂေါ်ကြီးမှာ ကျွန်ုပ်ဆြာတေ၏ လေကျောတွင် မိနေလေပြီ။ ယခုအချိန်မှစတင်၍ ကျွန်ုပ်၏ တွေ့ရှိချက် အသစ် များကို မချွင်းမချန်ဘဲ ကိုဂေါ်ကြီးကို ပြောပြခဲ့သည့်အတိုင်း စာစကားဖြင့် အတိအကျ ဖော်ပြပါမည်။

၁၃၇၀ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅ - ရက်၊ ခရစ်နှစ်၊ ၂၀၀၉ ခု၊ ဧပြီလ ၁၄ ရက်၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက်၊ စက် ၃ နာရီ ၁၅ မိနစ် ၃၆ စက္ကန့် …..။

“ဗမာပြည်” အမည်ရှိသော ဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည် အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက် အင်္ဂါသမီးထံ လွှဲအပ်ရမည့်အစား “ပေးဘူး၊ ပေးဘူး” ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက် ကိုင်ဆောင် ထားဦးမည် ဖြစ်သောကြောင့် မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက် နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင် ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံ ဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ် ကင်းဝေးလတ္တံ့၊ ကိုရီးယားကား လူကြိုက်များလတ္တံ့၊ အင်တာနက် ဆက်သွယ်ရေး နှေးအံ့၊ တိုင်းသူ ပြည်သားများမှာ ဆန်အစား ဆန်ကွဲကို စားရသောကြောင့် အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သော ကြောင့် စောစောအိပ်ရာဝင်ရ လတ္တံ့၊ ခြင်အစရှိသော အတောင်ပါသော သတ္တဝါများ ပေါများသောကြောင့် ခြင်ထောင်မရှိသူများ ဂေါ်ဇီလာဖြင့် အိပ်ရအံ့။

သင်္ကြန်အခါ ရှောင်ကျဉ်ရန်အမှုများကား နိုင်ငံရေးတံဆိပ်များပါသည့် တီရှပ်ဝတ်ဆင်ခြင်းဖြစ်ပေသည်။ ဤကား စစ်အစိုးရအလိုတည်း။

သင်္ကြန်အကျအလိုမူကား ကြောင်းလျားစုံစေ့ သင်္ကြန်နေ့၌ အင်းလျားလမ်းတွင် မဏ္ဍပ်ဝင်က၊ ကညှာနှမ မြင်သမျှမှာ လှချင်တိုင်းလှ၊ ဗိုက်ပေါ်ခါးပေါ် ပေါ်ချင်သလို ပေါ်၍ တွေ့မရှောင်ငမ်း .. ကြမ်းရမ်းဂီတ ဖွင့်ကုန် ကြရင်း မျောက်လိုကကာ သောက်ထုတ်သေရက် ဤတချက်ကို လူ့ပြည်လူ့ခွင် လူကိုစင်ထား မြင့်မိုရ်ဖျားဝယ် သိကြားသော်မှ ခွက်ပုန်းချရ၏ .. သို့သော်မြန်ပြေ (ပြည်) ဆန်းသည့်မြေ၌ အရက်စတုဒီသာ ပေးနေပါ၍ သိကြား ထက် ထူးသည့် ကုသိုလ်တည်း။ စတုဒီသာ ကုန်သွားပါက စပွန်ဆာရှာ၍ သောက်ပါလေ။

တနင်္ဂနွေသားသမီး (အေး) သည် - အနေအထိုင်မတတ်ပါက ရာထူးကျကိန်းရှိပြီး ကံဆိုးပါက ရာထူးမှ ဖယ်ရှား ခံရကိန်းရှိသည်။ ယတြာအနေဖြင့် သောကြာသား၏ အနားမှ တဖဝါးမှမခွာဘဲ ဝတ်ကြီးဝတ်ငယ် ပြုစုကာ .. ကြာသပတေးနာမ်နှင့်ဆိုင်သော ကိစ္စများ ဆောင်ရွက်ပါလေ (ဥပမာ - ဖားခြင်း၊ ပေါင်းခြင်း၊ ပေါတောတော နေကာ ရူးချင်ယောင်ဆောင်ခြင်း)

တနင်္လာ သားသမီး (ကြိုင်) သည် - သောကြာသားသမီးကို ညွှန်ကြားနိုင်သော အရည်အချင်း ရှိပေသည်။ သူများ မသထာ ရေစာများ စားနေသောကြောင့် ထမင်းစားလျှင် မကြာခဏ နင်ကိန်းရှိသည်။ ယတြာမှာ အုန်းသီးတလုံး ကို အခွံမနွှာဘဲ အာမထိလျှာမထိမြိုပါ။ အညံ့များ အားလုံး ကင်းစင်မည်။

အင်္ဂါ သားသမီး (စု) သည် - အရူးတသိုက်၏ ချုပ်နှောင်ထားခြင်း ခံရကိန်းရှိသည်။ ရူးနေသူများ ဖြစ်သောကြောင့် လွှတ်ပေးပြီးလျှင်လည်း ပြန်ဖမ်းကောင်း ဖမ်းနိုင်သည်။ ကြာသပတေးနာမ်ဖြင့် စသော နိုင်ငံရပ်ခြားမှ အကူအညီ ရချင်ရနိုင်သော်လည်း သောကြာသား အဖျက်ရှိသည်။ ယတြာမှာ “လုပ်ချင်တာသာ လုပ်ကြတော့ဟေ့” ဟု သုံးကြိမ်အော်၍ ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်စောင့်ပါလေ။

ဗုဒ္ဓဟူးသားသမီး (ရွှေ) သည် - စိတ်မမှန်သော အထက်လူကြီးက မကြာခဏ ဟိန်းဟောက်ကာ မကြာခဏ ဆုလာဘ် ချပေးသောကြောင့် မကြာခဏ ကြောင်တောင်တောင် ဖြစ်တတ်သည်။ သားဖြစ်သူ တနင်္ဂနွေ သား၏ စီးပွားရေး လုပ်ငန်းမှာ အထက်လူကြီး၏ မိုးလေဝသ အခြေအနေ ပေါ်တွင်သော် လည်းကောင်း အင်္ဂါနာမ် တခု ပေါ်တွင် လည်းကောင်း မူတည်နေသည်။ ယတြာမှာ ကုန်း၍ “ဆန်ရှင်မြန်မြန် ရုပ်မှပါပဲ” ဟု လိပ်ခေါင်း မထွက် မချင်း အော်ပါ။

ကြာသပတေး သားသမီး (မင်း) သည် - အရူးများ၏ နှိပ်စက်ခြင်းမှ မကင်းလွတ်နိုင်သေးပေ။ အညံ့ကာလ ဖြစ်နေ သည်။ ယတြာမှာ အနောက်အရပ်ကို မျှော်ရင်း “သောကြာသား နင်သေမှ အေးမဟဲ့” ဟု သုံးကြိမ် အော်ပါ။

သောကြာသားသမီး (သန်း၊ သိန်း) သည် - ဘုရင်ရူးရူးနေသောကြောင့် ပလ္လင်ပေါ်မှ ဒလိန့်ကောက်ကွေး ကျကိန်း ရှိသည်။ ပေါင်းလျှင် ၃ ရသောနှစ်၌ ထူးထူးခြားခြား မဟုတ်တရုတ်လုပ်လိမ့်မည်။ လူအများ ပို့သသော မေတ္တာ ကြောင့် ကျန်းမာရေး အထူးကောင်းနေသေး သော်လည်း မကြာခင် ငေါက်ခနဲ သေကိန်းရှိသည်။ ယတြာမှာ တနင်္လာသမီး၏ ထဘီစကိုဆွဲ၍ ဆူးကြီးကြီး ဒူးရင်းသီတလုံးကို ပုံစံမပျက် မြိုပါ။

စနေသားသမီး (တေ) သည် - ပွဲလန့်တုန်းဖျာခင်းတတ်သော အရည်အချင်းကြောင့် ကြီးပွားကိန်းရှိသည်။ ကြာသပတေး နာမ်နှင့် ဆိုင်သော အလုပ်များ (ဥပမာ - ဖားခြင်း) အထူးကျွမ်းကျင်ပြီး အင်္ဂါနာမ် (ဆန်ရှင်) ကြောင့် လတ်တလော ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဗုဒ္ဓဟူးနာမ် အကြိုးပေးမည် (ဥပမာ - ပိုင်ဆိုင်သော လေယာဉ်တစီးစီး ရပ်နေရင်း ခါးမှ ထက်ပိုင်းပြတ်ကြိုးသွားခြင်း) ယတြာမှာ “အနောက်က ဆန်ရှင်ရင် အောက်က သစ်ခိုး ထုတ်မယ်” ဟူ၍ သက်တမ်းရင့် ကျွန်းပင်ကြီး တပင်ကိုဖက်ရင်း လည်ချောင်းကွဲသည်ထိ အော်ပါ။

သင်္ကြန်အတာ တက်အံ့သောအခါကား .. အမူးလွန်၍ အန်ဖတ်ဆို့သေကြသူများ၊ ရေနစ်၊ ရန်ဖြစ် ယာဉ်မတော် တဆဖြစ်၍ မာလက ဈာန်ကြွကြသူများ၊ ဆေးရုံရောက်သူများ၊ အကဲ လွန်သောကြောင့် ဗိုက်ထွက် ကြသူများ စာရင်း ထွက်ပေါ်ချိန်တည်း။

အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း .. နှစ်ကို ၁ နှင့် ၃ ရှိထားပြီး ဖြစ်သော ဖဲသမားစောင့်၏၊ လ ကို မီးပျက်သည့် ညတိုင်းစောင့်၏၊ ရက်ကို နှလုံးထီသမား စောင့်၏၊ မြေကို မြေပိုင်ရှင်စောင့်၏၊ ရေကို ရေစည်လှည်းတွန်းသူ စောင့်၏၊ မိုးကို တနွေလုံး ရေမချိုးရ သူများစောင့်၏၊ လူတို့၏အဓိပတိကား အရူး၊ ငှက်တို့၏ အဓိပတိကား လင်းတ၊ ငါးတို့၏ အဓိပတိကား ငါးရွှေ၊ အပင်တို့၏ အဓိပတိကား ကြက်ဆူပင်။

နက္ခတ် ၃ လုံး ငုတ်၏၊ ၄ လုံးပေါ်၏ ၃ နှင့် ၄ ကို တနှစ်လုံးမွေးထိုးက မနှေးအမြန် မွဲကိန်းမြင်၏။ မိုးရွာလျှင် ရေရအံ့၊ ခြင်ပေါအံ့၊ မြောင်းပုပ်နံ့ နံအံ့၊ ဝဲပေါက်အံ့၊ လူတို့ အနာအဖျား များသည့်အခါ အစိုးရမင်းများ၏ စေတနာကြောင့် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုရအံ့၊ မကုနိုင်သူများ သေအံ့၊ ပြည်ရွာ မီးလောင်လျှင် မီးသတ်တွင်ရေမရှိသောကြောင့် ပြာဖြစ်အံ့၊ မြန်မာ့ လောင်းကစား ကမ္ဘာကိုလွှမ်းအံ့၊ ဂျီအက်စ်အမ်ဖုန်းများ ဆက်သွယ်ရေးခက်ခဲအံ့၊ ထိုနှစ်ဖွားသော သားကား ကံဆိုးသောကြောင့် မြန်မာပြည်တွင်လူဖြစ်အံ့။

ဤသို့ ဤသို့ တောက်လျှောက်ရွတ်သွားသူ ကျွန်ုပ်ကို ငေးမောကာ နားထောင်နေသော ကိုဂေါ်ကြီး မှာ အထူးပင် အထင်ကြီးလေးစားနေပုံရသည်။ ယခုနှစ်အတွက် မော်ဒန်သင်္ကြန်စာကို သူကလွဲ၍ မည်သူ တဦးယောက်မျှ မကြားဖူးသေးသည့်အတွက် သူ့ကိုယ်သူ အလွန်ကုသိုလ်ထူးသူ တဦး အဖြစ် ဘဝင်လေဟပ်နေပုံလည်းရသည်။

ကျွန်ုပ်၏ ဆင်ဆာမဖြတ်ရသေးသော မှန်ကန်လှသည့် ဤသင်္ကြန်စာတော်ကြီးကို လိုချင်လှချည့်ဟု ပူဆာသော ကြောင့် ကျွန်ုပ်က နဝင်းကျေ ငွေကျပ် ၉ ထောင်ဖြင့် အကြွေးရောင်းလိုက်ပြီဖြစ်သည် (ပိုက်ဆံ ရ၊ မရ မသေချာ)

ကျွန်ုပ်၏ ချင်ခြင်းက ပြေလေပြီ။ ပြောချင်ရာပြောကာ ဟောချင်ရာ ဟောလိုက်ရသောကြောင့် ကုန်းတက်ပင် ဖြင့်လင့် ကစား ဆိုက်ကားကို လွင့်ခနဲ လွင့်ခနဲနေအောင် နင်းနိုင်နေလေသည်။ ကိုဂေါ်ကြီးဆီက အကြွေး မရလည်း ပြဿနာမရှိတော့။ မဒမ်တေ ဆူတာကိုလည်း ခံလိုက် တော့မည်။ အဓိကက ကျလိကျလိ ဖြစ်နေသည့် စိတ်အဆာပြေဖို့သာ လိုရင်းမဟုတ်လော။ သို့သော် ဤမျှနှင့် ကိစ္စမပြီး ကိုဂေါ်ကြီးကား ကျွန်ုပ်၏ တားဂက်တက် သင်္ကြန်စာကို ခပ်တည်တည်နှင့် ဖြန့်ချိ လေတော့သည်။

နောက်ပိုင်းသတင်းကိုကား အထူးပြောစရာမလိုလှချေ …။ သက်ဆိုင်ရာက ကျွန်ုပ်ကို ခဏဟုဆိုကာ လာရောက် ခေါ်ဆောင်လေတော့၏။ ကျွန်ုပ် ဆြာတေသည် ငြိမ်ငြိမ်မနေနိုင်သောအမှုမှ ပွားအပ်သော စစ်အစိုးရ ခေါင်းစဉ် တပ်သည့် တရားမဝင်စာရွက်စာတမ်းများ ပုံနှိပ်ဖြန့်ချိမှုဖြင့် နှစ် ၂၀၊ အစိုးရက ထုတ်ဝေ ခွင့်ပိတ်ပင်ထားသော ဒေဝါလီမဂ္ဂဇင်းအယ်ဒီတာ ကိုဂေါ်ကြီးနှင့် ဆက်သွယ်မှုက နှစ် ၂၀၊ ပါးစပ်မငြိမ်မနေနိုင် သောကြောင့် အာချောင်မှုက ၁၀ နှစ်၊ ကျွန်ုပ်၏ ဆိုက်ကားတွင် ညမီးလင်းရန်တပ်ထားသည့် ဒိုင်နမိုကို တွေ့သွားသဖြင့် အီလက်ထရောနစ် ပုဒ်မ ၁၅ နှစ်ဟူ၍ ဖောခြင်း သောခြင်း ထောင်ဒဏ် နှစ် ၆၅ နှစ် နှင့် ဆိုက်ကားသမားဘဝမှ အနားရသွားလေတော့သည်။

ဤမှတ်တမ်းမှတဆင့် ကျွန်ုပ်၏ အစွမ်းကို ဂျူနီယာ တေ တို့အပါအဝင် နောင်လာနောက်သားများ သိရှိရန် အလို့ငှာ ရေးသား ဝေမျှလိုက်ရပါသည်။

မင်္ဂလာနှစ်သစ်မှာ လန်းကြပါစေ …
ပုံ - ဆြာတေ (ခေတ္တ အင်းစိန်ထောင်၊ အမြဲတမ်းအတွက် ထောင်မသိရသေး)

မြန်မာ့ သတင်း ကမ္ဘာ့ သတင်း

အာဆီယံထိပ်သီးညီလာခံကျင်းပရာ ထိုင်းနိုင်ငံ ပတ္တယား ကမ်းခြေကို အစိုးရ ဆန့်ကျင်ဆန္ဒပြ သူတွေ ဒီကနေ့ ချီတက်ခဲ့ကြပြီး ၀န်ကြီးချုပ် အဘီဆစ် နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။


Ahmedinejad
ညူကလီးယား အစီအစဉ်‌ ဆက်‌လုပ်‌ဖို့ အီရန်‌ စိတ်‌ပိုင်းဖြတ်‌ထား














အလဲဗင်းမီဒီယာ၊ စာပေစိစစ်ရေးနဲ့ မီဒီယာလွတ်လပ်ခွင့် - ဘာလဲ ဘယ်လဲ

မျက်နှာမွဲ ဂျာနယ်လစ်တဦး

ဧပြီ ၁၀၊ ၂၀၀၉

အလဲဗင်းက အရက်ကို စိတ်နာသတဲ့လား

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ထုတ် ဝိကလီးအလဲဗင်း အပါတ်စဉ်ထုတ်ဂျာနယ်မှာ ထူးထူးခြားခြား သတိပေးကြေညာချက် တခု ပါလာပါတယ်။ ကြော်ငြာကို အပြည့်အစုံ ပြန်ဖော်ပြရရင် -

အျပည့္အစုံသိုႛ ...

မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း ၁၃

မှတ်စုမှတ်တမ်း

ဧပြီ ၁၀၊ ၂၀၀၉

ကာလကတ္တားမှ ရှေ့သို့

လေထီးဖြင့်ခုန်ဆင်း လေ့ကျင့်ခန်းပြီးဆုံးသောအခါ ကာလကတ္တား သို့ ပြန်သွားပါတယ်။ ဦးသိန်းဖေအဖွဲ့နှင့် ဆက်သွယ်ထားသော အင်္ဂလိပ်စစ်တပ်သည် အဖွဲ့ ၁၃၆ လို့ ခေါ်ပါတယ်။ ကာလကတ္တားသို့ ပြန်ရောက်ပြီး၊ နောက်တစ်နေ့မှာ ပါပါ 'အဖွဲ့-၁၃၆' သို့ သွားပြီး ဗမာပြည်မှာ လေထီးဖြင့် ပြန်ဆင်းရန် အစီအစဉ်များကို ပြုလုပ်ရပါတယ်။ ပါပါလေထီးဆင်းလေ့ကျင့်စဉ် အသုံးပြုသော လေထီးသည် သာမန်အရွယ်ဖြစ်၍ ပါပါ့ကိုယ် အလေးချိန်ကြောင့် အရွယ်ကြီးသော လေထီးရှိကြောင်း၊ ပါပါအလိုရှိလျှင်မှာ ပေးမည်ဖြစ်ကြောင်း 'အဖွဲ့ - ၁၃၆' မှ တာဝန်ရှိ စစ်ဗိုလ်က ပြောသောအခါ ပါပါက လေထီးဆင်းလေ့ကျင့်စဉ် ချောချောမောမော ပြီး သွားပါသဖြင့် သာမန်လေထီးပဲ သုံးမည်ဟု ပြန်ပြောပါတယ်။

အျပည့္အစုံသိုႛ ...

ပိတောက်စိမ်း

သစ်ကောင်းအိမ်

ဧပြီ ၁၀၊ ၂၀၀၉

ကယ်လီဖိုးနီးယားရဲ့

ပူနွေးသော နေရောင်အောက်မှာ

ပိတောက်နာကျတဲ့ နေ့ကပေါ့ …

အျပည့္အစုံသိုႛ ...

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဧပြီ ၉၊ ၂၀၀၉

မေခနဲ့ မေလိခမှာ ရေအားလျှပ်စစ်စီမံကိန်း သဘောတူပြီ။ ဗိုလ်တထောင် လမ်းသွယ် ၄ အလောင်း ၂ လောင်းတွေ့။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါတီနိုင်ငံရေးစာမျက်နှာ ဖွင့်လှစ်။ မန္တလေးမှာ မြို့တော်ဝန်ကလွဲ၍ ကျန်မဏ္ဍပ်များ ညနေ ၆ နာရီအထိသာ ဖျော်ဖြေရမည်။ စင်္ကာပူတွင် ပြန်သိမ်းသည့် ကုန်များတွင် လက်ဖက်များအပြင် လက်ဖက်“ခြောက်” တံဆိပ် ၂ မျိုးပါ - စိုးဝင်းနဲ့ ဦးကာကတံဆိပ် ၂ ခု ပါသည်။ ၂၀၀၈ - ၂၀၀၉ မြန်မာပြည်မှာ တဦးချင်းဝင်ငွေ တနှစ် ၅ သိန်း ရှိသည်ဟု ၀န်ကြီးချုပ်က ဆိုသည် (ဒေါ်လာပေါက်ဈေးအရ ဒေါ်လာ ၅၀၀ ခန့်ရှိ)။ ၂၀၀၇ - ၂၀၀၈ က ၄ သိန်း ၅ သောင်း ၈ ထောင် မှ ၂၀၀၈ - ၂၀၀၉ တွင် ၄ သိန်း ၉ သောင်း ၈ ထောင် အထိ တိုး သည်တဲ့။ ရန်ကုန်တိုင်း လမ်းတံတားလေလံ သိန်း ၂ သောင်း။ တားမြစ်ဆိုးဆေး သုံးစွဲရောင်းချသူများကို ထောင်ဒဏ်ချမည်။

ဒီနေရာမှာ ဖတ်ပါ့။



NEJ /ဧပြီလ(၁၀) ရက်၊ ၂၀၀၉


ရိုဟင်ဂျာကိစ္စနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဝန်ကြီးများအားလုံး အလှည့်ကျကွင်းဆင်းပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် နောင်အရပ်သားအစိုးရသစ်လက်ထက်အတွက် အရာရှိများကို မွေးထုတ်ရန် နေပြည်တော် ၀န်ကြီးဌာနအစည်းအဝေး (၉/၂ဝဝ၉) က ညွှန်ကြားထားသည်။
....အပြည့်အစုံသို့
သင်္ကြန်ရက်နီး ရန်ကုန်မှာ ခရီးသွားလာရေး ပိုခက်
NEJ / ဧပြီလ(၁၀) ရက်၊ ၂၀၀၉
သင်္ကြန်မတိုင်ခင် မန္တလေးပြန်မည့်သူတဦးက “မန္တလေးကို ပြန်ဖို့ အသက်ကြီးတဲ့ ကျနော့် အမေလဲပါတော့ ရထား အထူး တန်းလက်မှတ်ရဖို့ (၃) ရက်ကြိုပြီး တန်းသွားစီတယ်။ ပထမနေ့ မနက် (၈) နာရီလောက်ရောက်သွားတော့ လက်မှတ်က ကုန်သွားပြီ။ နောက်တရက် မနက် (၆) နာရီ လောက်သွားတယ်။ ဒါလည်း လူတွေ တိုးဝှေ့ပြီး
.အပြည့်အစုံသို့
ဘန်ကောက်မြို့လယ် ပို့ဆောင်ရေး ပြတ်တောက် Victory Monument အ၀ိုင်းကို ဆန္ဒပြသူတွေ စီး
NEJ / ဧပြီ်လ(၁၀) ရက်၊ ၂၀၀၉ ယမန်နေ့ နေ့ခင်းပိုင်းကစပြီး ဘန်ကောက် မြို့လယ်ရှိ ယာဉ်သွား ယာဉ်လာထူထပ်သည့် Victory Monument လမ်းလေးခွဆုံအ၀ိုင်းကြီးကို တပ်ဆင်ထောက်ခံသည့် ဆန္ဒပြသူများက ပိတ်ဆို့သပိတ်မှောက်သည့်အတွက် ဘန်ကောက်မြို့တွင်း မြို့ပြင် ဆက်သွယ်ရေးလမ်းကြောင်း များ အခက်အခဲ ဖြစ်ကုန်သည်။...အပြည့်အစုံသို့

ပဲလိမ်ကုန်သည်ပိုင်ပစ္စည်းများ လျှို့ဝှက်လေလံပွဲကျင်းပ
NEJ / ဧပြီလ(၁၀) ရက်၊ ၂၀၀၉
ပဲပြဿနာကြောင့် ပဲကုန်သည်များထံ ပေးရန်ရှိသည့် အမည်ပျက် ကုန်သည်ကြီးတဦးပိုင် ပစ္စည်းများကို ဧပြီ (၇) ရက် ညနေ (၂း၃ဝ) နာရီက ရန်ကုန်မြို့ ကမ်းနားလမ်း၊ ရန်ကုန်တိုင်း ကုန်သွယ်ရေး အဆောက်အဦ အစည်းဝေးခန်းမ တွင် လျှို့ဝှက်လေလံတင်ပွဲ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ သတင်းကို သွားရောက် စုံစမ်းခဲ့သူ
....အပြည့်အစုံသို့

မန္တလေးရတနာပုံသက်တမ်းနှစ် (၁၅၀) ပြည့်
မောင်စွမ်းရည် / ဧပြီ်လ(၁၀) ရက်၊ ၂၀၀၉ မန်းရာပြည့်၊ သခင်ကိုယ်တော်မှိုင်း ရာပြည့်၊ သခင်ဗသောင်း ရာပြည့်၊ သိပ္ပံမောင်ဝ ရာပြည့် စတဲ့ ရာပြည့်ပွဲတွေ အဆင့်ဆင့် ပါဝင်ဆင်နွှဲပြီးနောက် ကျနော် ပြည်ပရောက်လာတယ်။ ပြည်ပကို ရောက်လာပြီးတဲ့နောက် ဇော်ဂျီရာပြည့်၊ မင်းသုဝဏ် ရာပြည့်၊ ဦးသန့် ရာပြည့် စတဲ့ ရာပြည့်ပွဲတွေကို တွေ့ကြုံဖြတ်သန်းဆင်နွှဲရပြန်ပါတယ်။ ...အပြည့်အစုံသို့

ကြပ်ပြေးနေပြည်တော် အမြန်လမ်းရဲ့နိဒါန်း၊ ဇာတ်လမ်းမှတ်တမ်းတင်စမ်း new
စွာကျယ် / ဧပြီလ(၁၀) ရက်၊ ၂၀၀၉


၂ဝ၁ဝ နီးလာတော့ ဒင်းတို့လုပ်ငန်းကြီးတွေ ပြီးတာမှန်သမျှ မြန်မြန်ကြွားလုံးထုတ်ပြဖို့ အရေးကြီးလာပြီ။ ရွေးကောက်ပွဲအတွက် စည်းရုံးရေးကို ရိုးရိုးသားသားမဆင်းကြဘူး၊ မဆင်းရဲဘူး။ လက်ရှိပါဝါကို စွန့်ရမှာ စိုးကြောက် နေသလို ဒီပါဝါနဲ့ လုပ်စားလာတာ ကြာလာတော့ အာဏာရဲ့အရသာ မြက်မြက်ရှရှလေးကို စွဲမက်နေတုန်းမို့ ဒီပါဝါမရှိဘဲနဲ့ လည်း ဒင်းတို့ ကျုပ်တို့ကို မစည်းရုံးရဲဘူးလေ။ ဝန်မင်းကြီးတွေက သူတို့ရဲ့ဌာနလုပ်ငန်းတွေ၊ လုပ်ဆောင်မှုတွေ ဗန်းပြပြီ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စေတနာရှိသလိုလိုနဲ့ ပြောဆိုစည်းရုံးကွင်းဆင်းနေကြတာ ..အပြည့်အစုံသို့


ဟစ်ပ်ဟော့ဖြင့် ရိုးရာကို မြှင့်တင်မည်

ဟစ်ပ်ဟော့ဖြင့် ရိုးရာကို မြှင့်တင်မည်

လူငယ်ကြိုက် ခေတ်ပေါ် သီချင်းများကို ရိုးရာတေးဂီတနှင့် ရောစပ်ပြီး ဖန်တီးနေခြင်းမှာ မြန်မာ့ ယဉ်ကျေးမှုကို မြှင့်တင်လို ခြင်းကြောင့် ဖြစ်သည်ဟု ဟစ်ပ်ဟော့ပ် အဆိုတော် သားစိုးက

သင်္ကြန်ကား အငှားမသွက်

ရန်ကုန်မြို့တွင် သင်္ကြန်တွင်းကာလ လည်ပတ်လိုသူများ အတွက် ရေပက်ခံကား ငှားသည့် လုပ်ငန်း စတင်လာခဲ့သော်လည်း ဧပြီလဆန်းအထိ ငှားရမ်းသူ နည်းပါးနေသေးကြောင်း

အလုပ်သမားများ ရပိုင်ခွင့်တောင်းဆို

ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ (Hyatt knitwear) သိုးမွေး စက်ရုံတွင် အလုပ် လုပ်နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂၀၀ ကျော်ကို အလုပ်ရှင်က ယခုလ ၃ ရက်နေ့တွင်

တရားရုံးဝန်ထမ်းများ ပျော်ဖို့ တရားခံများထံမှ ငွေကောက်ခံ

သင်္ကြန်တွင်း သန်လျင်မြို့နယ် တရားရုံး ဝန်ထမ်းများ ပျော်ပါးနိုင်ရန် အတွက် ဧပြီလအတွင်း ရုံးထုတ်သည့် တရားခံများထံမှ တဦးလျှင် ကျပ် ၅ ထောင် ကောက်ခံနေကြောင်း တရားခံတဦး၏

လန်းသူကလန်း ... ခမ်းသူကခမ်း

E-mail Print









ဒါရိုက်တာ မောင်တင်ဦးရဲ့ သင်္ကြန် ခံစားမှု

ဒါရိုက်တာ မောင်တင်ဦးရဲ့ သင်္ကြန် ခံစားမှု မြန်မာ့ရိုးရာ သင်္ကြန် ယဉ်ကျေးမှု အနုပညာကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားဖြင့် သမိုင်းမှတ်တမ်းဝင် ဖန်တီးခဲ့သည့် ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦးအား နှစ်ကူး အတာသင်္ကြန် အမှတ်တရ
ဆက်ဖတ်ရန် ...

အဝေးရောက် သင်္ကြန်

အဝေးရောက် သင်္ကြန် ကျနော် မချစ်သော သူများကြောင့် ကျနော်ချစ်သော သင်္ကြန်ကို ကျနော်မစွန့် ခဲ့သော်လည်း တူးပို့တေးသွားများနှင့် သင်္ကြန်အငွေ့ အသက်များက ကျနော့်အား အဝေး အဝေးသို့ နှင်ခဲ့သည်မှာ
ဆက်ဖတ်ရန် ...


more


more

ဗမာ မိသားစု ၁၅၀ စံပြကျေးရွာများတွင် နေထိုင်ရန် အတွက် မောင်တောသို့ ရောက်ရှိ

၎၊၁၀၊၂၀၀၉

မောင်အေး (နိရဉ္စရာ) ဗမာ အမျိုးသား မိသားစု ၁၅၀ သည် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျောက်တွင် တည်ဆောက် နေသော စံပြကျေးရွာများ၌ နေထိုင်ရန်အတွက် ယမန်နေ့က မောင်တောသို့ ရောက်ရှိလာသည်။ အပြည့်အစုံသို့


image

ဌာနဆိုင်ရာမှ ရခိုင်အမျိုးသမီး ၀န်ထမ်းများ ရခိုင်ရိုးရာ သင်္ကြန်တွင် ပါဝင် ဆင်နွဲ့ခွင့်မရ

၎၊၁၀၊၂၀၀၉

ဧပြီလ ၁၃ ရက်နေ့မှ စတင်မည့် ရခိုင်ရိုးရာ သင်္ကြန်တွင် စစ်တွေမြို့ရှိ အစိုးရ ဌာနဆိုင်ရာမှ ရခိုင်အမျိုးသမီးများ အနေဖြင့် ရပ်ကွက်အလိုက် ဆောက်လုပ်ထားသော ရခိုင်ရိုးရာ ရေကစား မဏ္ဍပ်များတွင် ပါဝင်ရေကစားခွင့် မရရှိကြောင်း အမည်မဖေါ်လိုသူ စစ်တွေ စည်ပင်က အမျိုးသမီး တဦးက ပြောသည်။ အပြည့်အစုံသို့


တရုတ်ကျောင်းများ သင်္ကြန် အားလပ်ရက် ၇ ရက် ပိတ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲရှိ ရှမ်း-ကချင် လူမျိုးစုများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ် ၃ ခုတွင် ကျောင်းများကို ယခုနှစ် သင်္ကြန်ကာလ ပျော်ရွှင်ဖွယ် အားလပ်ရက်အဖြစ် ဒေသ...

မုန်တိုင်းသင့် ရုပ်အလောင်းများ သင်္ဂြိုဟ်သူများ ထောင်ဒဏ် ကျခံရ

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ကူညီသူ ၆ ဦးအား အင်းစိန်ထောင် အထူးတရားရုံးတွင် မတရားအသင်းဖွဲ့မှုဖြင့် ထောင်ဒဏ် ၂...


ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေး လုပ်သူ အပိုင်း (၂)

၁၉၅ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြ၏။ စောဘဦးကြီး ကျဆုံးပြီးနောက်...


ဆောင်းပါး

ရွှေဖီချိန်မို့ ချစ်၍ခေါ်ရာ မလိုက်နိုင်

လက်ဖက်ထဲမှာ ဆိုးဆေးတွေပါလို့ လက်ဖက်အမျိုးပေါင်း ၅ဝ အပိတ်ခံရတယ် ဆိုတဲ့အကြောင်း ရေဒီယိုကနေတဆင့် ကျမကြားရတော့ အံ့သြထိတ်လန့်သွားရတယ်။ တိုက်တိုက်ဆိုင်ဆိုင် လက်ဖက်တောင်သူတွေ...

Burma's News World's News


Relatives and friends gather in the vast square courtyard of a police training center where coffins were arrayed prior the state funeral of the dead of the April 6 eathquake in the Abruzzo capital L'Aquila, 10 Apr 2009
Fri. 10 Apr 2009 0904 UTC

Italy Holds State Funeral for Earthquake Victims

Flower-covered wooden coffins are lined up on the grounds of a police academy in L'Aquila, the epicenter of the 6. 3 magnitude quake

Full Story »

This screen grab from North Korean television shows North Korean leader Kim Jong-Il attending a session of the parliament in Pyongyang, 09 Apr 2009

Kim Jong Il Enhances Relative's Role

Jang Song Taek saw his share price rise dramatically this week in North Korea's political market

Full story

North Korean rocket launch, 05 Apr 09

Japan Renews Sanctions on North Korea

Japan and the US are pushing the United Nations Security Council to condemn the launch, which they say was a cover-up to test a long-range missile

Full story

Larry Summers

Top Obama Aide Foresees Gradual Economic Improvement

Chief of White House National Economic Council, Larry Summers says there are promising signs that a bottom to recession may have been reached Full story

Iranian Pres. Ahmadinejad (L) greets the media from his bus after inaugurating a fuel manufacturing plant outside Isfahan, 09 Apr 2009

Clinton Skeptical About Claimed Iranian Nuclear Strides

But she said claims underscore need for Iran to cooperate with UN nuclear weapons inspectors

Full story





Capt Richard Phillips
A US captain was recaptured by Somali pirates after trying to swim from their lifeboat, US media reports say.

A state funeral is held in Italy for 205 victims of the devastating earthquake, as the country observes a day of mourning.

Turkmenistan blames Russia for causing an explosion on a gas pipeline, saying Moscow cut its imports without notice.




Bangladesh to Seek Foreign Help with Gas Exploration

4/10/2009

By By Tun Kyaw: Prime Minister Sheikh Hasina announced on Wednesday that Bangladesh needs foreign assistance with offshore gas exploration and developing infrastructure for hydroelectric and solar power.

full story


Chin suffers from inadequate access to protection in India

4/9/2009

By Nava Thakuria: The Chin people of Burma, who are living in the Indian capital, suffers from less access to humanitarian relief and services by the local government and also the United Nations High Commissioner for Refugees office in New Delhi.

full story



image

150 Families Arrive Model Village on Western Border

4/10/2009

Maungdaw: 150 families from Burma proper arrived on Thursday in Maungdaw, a western border town near Bangladesh, to settle in model villages along the border, said a clerk from the Maungdaw district office.

full story

Soldiers Deployed to Border

4/10/2009

Maungdaw: Nearly 500 Burmese soldiers have been deployed at four key places along the border in northern Maungdaw Township since Monday to help with construction of a border fence, said a source close to the army.

full story


United States to review Burma policy

Apr 10, 2009 (DVB)–The United States has announced it will review policy to Burma following a rare US official visit to the country last month and an acknowledgement by the government in February that its policy has so far failed. - more


Junta rely on drug money to stay in power

Apr 10, 2009 (DVB)–Profits from Burma’s opium trade are working their way into the pockets of local government authorities, claims a report which found an increase in poppy cultivation last year across Burma’s northeastern Shan state. - more


Military force cashew farmers to neglect land

Apr 10, 2009 (DVB)–Restrictions in movement imposed by the Burmese military on Mon villagers in Tenasserim division are forcing local cashew growers to neglect their farmland and incur a substantial loss in harvest, a report found. - more


Karen leaders meet with Thai foreign minister

Apr 10, 2009 (DVB)–Leaders of Burma’s principal armed opposition group met with the Thai foreign minister on Monday to discuss human rights abuses and the possibility of reconciliation with Burma’s ruling junta. - more


Chin refugees in Delhi struggle to access aid

Apr 9, 2009 (DVB)–Refugees from northwest Burma who seek asylum in India are suffering unbearable living conditions and long waiting periods before registration, according to a report published yesterday. - more


Army offensive to clear way for deep-sea port

Apr 9, 2009 (DVB)–A border offensive this week against Burma’s main armed opposition group is an attempt to clear the area of rebels prior to the construction of a deep-sea port and coal factory, said an opposition group member. - more


Opposition leader’s lawyer resorts to pleading

Apr 9, 2009 (DVB)–The lawyer of imprisoned opposition leader Aung San Suu Kyi has said that only pleading with the government will allow him access to his client, as her stated release date draws closer. - more


Economic Crisis Puts Dampener on Burma’s Water Festival

By SAW YAN NAING
The global economic crisis threatens to put a dampener on Buddhist New Year festivities, known as the water festival, which begin this weekend in Burma and other countries of Southeast Asia.

US and Australia Agree to Work on Burma Issue

By LALIT K JHA
The US and Australia have agreed to continue to work together to achieve a democratic Burma, following two-days of consultations.

Suu Kyi’s Lawyer Tries Third Appeal

By THE IRRAWADDY
The lawyer for Aung San Suu Kyi, Burma’s detained pro-democracy leader, sends a letter to Premier Gen Thein Sein, asking that he be allowed to meet with his client.

Thingyan, a Time of Tradition and Reckless Excess

By ARKAR MOE
Irresponsible behavior, often fueled by alcohol and drug abuse, is increasingly overshadowing Burma’s traditional New Year’s celebrations.

Burma Faces Shortage of TB Drugs in 2010

By WAI SANN
Burma is in desperate need of funding for tuberculosis drugs as its current supplier plans to end its support at the end of this year.

Critical Report on Nargis Relief Criticized by NGOs

By WAI MOE
A wide range of NGOs engaged in the Cyclone Nargis relief effort challenge a critical report by Johns Hopkins University and the Thailand-based Emergency Assistance Team.

Editorial, Opinion and Analysis

The sanctions carousel

(Letter to the Editor) In February, I wrote an article entitled Burma's policy debate: polarization and paralysis, in an attempt to try to move the debate about...


Observer says Karen defection "insignificant"

The defection of another Karen National Union group resulted largely from a personal matter and has nothing to do with issues concerning the broader Karen ethnic nationality, according to an...

Media under attack in Thai protests

Several journalists have been threatened while reporting onsite from anti-government mass demonstrations, amidst fears of a clash between authorities and protesters.

Junta targets bio-energy for rural electricity supply

Burma’s military government is making plans to supply electricity to several cyclone devastated areas in the Irrawaddy delta through the use of bio-energy. According to the plan, electricity..

Suu Kyi’s lawyer to renew appeal for her release

Detained Burmese pro-democracy leader Aung San Suu Kyi’s lawyer said he will submit yet another appeal on Friday to the junta’s Prime Minister General Thein Sein for her release.