12.25.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

စစ်တပ်ကို နိုင်ငံသားများထက် အခွင့်ထူးပေးထားသော အခြေခံဥပဒေ
မြန်မာ့နိုင်ငံရေး ပဋိပက္ခသည် ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်နေပါသည်။ နိုင်ငံရေး ဖြေရှင်းမှုများ၏ ရလဒ်မှာ အကြမ်းဖက်မှုများ၊ ဖိနှိပ်ချုပ်ချယ် မှုများဖြင့်သာ အမြဲတမ်းလိုလို အဆုံးသတ်ခဲ့သည်။ ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင်
ဆက်ဖတ်ရန် ..

X'mas လက်ဆောင်

E-mail Print

အဆိုတော် အေးချမ်းမေကို မြန်မာပြည်တွင် ပိတ်ပင်

အဆိုတော် အေးချမ်းမေကို မြန်မာပြည်တွင် ပိတ်ပင်

နာမည်ကြီး အဆိုတော် အေးချမ်းမေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီဟု ပရိသတ်တချို့က ယူဆနေကြချိန်တွင် အေးချမ်းမေနှင့် ပတ်သက်သည့် သတင်းများမှာ မြန်မာ စာနယ်ဇင်းများတွင် ပိတ်ပင်

ဆန္ဒပြပွဲအပြီး မြန်မာအလုပ်သမား ရာနှင့်ချီ အလုပ်ဖြုတ်ခံရ

ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ Top Form Brassier Mae Sot Co. Ltd အမျိုးသမီး အတွင်းခံ အင်္ကျီ ချုပ်စက်ရုံမှ ထိုင်း လူမျိုး စက်ရုံလုံခြုံရေး ၀န်ထမ်းများက မြန်မာအလုပ်သမား ၂ ဦးကို မတရား

ဆူနာမီ ၅ နှစ်ပြည့် အောက်မေ့ဖွယ် ကျင်းပမည်

ဆူနာမီငလျင်ကြီး လှုပ်ခတ်ခဲ့သည့် ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားအဖြစ် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် တာကောပါ မြို့နယ်တွင် ဒီဇင်ဘာ၂၆ ရက် နံနက်စောစော၌ သံဃာတော်အပါး

အန်ဒီအေ ရဲဘော်ဟောင်းများအား လက်နက်ဖြုတ်သိမ်းရန် ညွှန်ကြား
လင်းနိုင်ဦး/ ၂၅ ဒီဇင်ဘာ ၂၀၀၉

“နယ်ခြားစောင့်တပ်ဖွဲ့မှာ မပါတော့တဲ့ တပ်သားအားလုံးရဲ့ လက်နက်တွေကို စာရင်းနဲ့တကွ အမြန်ဆုံး ပြန်အပ်ကြရမယ်။ ပြီးရင် အရင်က ဗိုလ်မှူးအဆင့်နဲ့အထက် တာဝန်ယူခဲ့သူတွေက လက်နက်ကိုင် ဆောင်ခွင့် ပြန်ပြီး လျှောက်ထားတင်ပြနိုင်တယ်။ အဲဒါ စိစစ်ပြီး သင့်တော်တဲ့သူတွေကို ...”အပြည့်အစုံသို့
တောင်းဆိုမှုလုပ်သူ အလုပ်သမား များပြားလာ


တက်လူ/ ၂၅ ဒီဇင်ဘာ ၂၀၀၉
“အဲဒီနေ့မှာ အကြီးအကျယ်ဖြစ်တာ။ သူဌေးက သူတို့ တောင်းတဲ့ နေ့တွက်ကြေး (၅၀) ကျပ်ကို (၃၀) ကျပ် ပေးတယ်။ ဖယ်ရီကားနှုန်း (၈၀) ပဲ ....” အပြည့်အစုံသို့
ဝဒေသအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ၀တပ်ဖွဲ့က ကာကွယ်သွားမည်

ပေါက်ပေါက်/ ၂၅ ဒီဇင်ဘာ ၂၀၀၉
“ဗိုလ်ရဲမြင့်နဲ့ တွေ့တုန်းက တရုတ်နဲ့ စာချုပ်ချုပ်ပြီး လုပ်နေတဲ့ဟာတွေ ကိုလည်း အာမခံဖို့ ...”အပြည့်အစုံသို့
နအဖစစ်အစိုးရ ဘတ်ဂျက်အတွက် ပြင်ဆင် ၀န်ထမ်းလစာ စာရင်းများကောက်

အောင်ထက်/ ၂၅ ဒီဇင်ဘာ ၂၀၀၉ “၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဘတ်ဂျက်တွေ အရင်ရှင်းလင်းပေးရမယ်။ ဒါကြောင့် စာရင်းဇယားပိုင်း တွေရော၊ စက်ရုံ၊ အလုပ်ရုံ ၊ လမ်းပိုင်း ...”အပြည့်အစုံသို့

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများ ကြီးကြပ်ရေး အခက်တွေ့

စိုးမိုး / ၂၅ ဒီဇင်ဘာ ၂၀၀၉ “ဗဟို မထသဖွဲ့ဖို့ အစီအစဉ်ရှိတယ်။ ယာဉ်လိုင်းတွေ အားလုံးကို ကြီးကြပ်ဖို့။ အခုထိတော့ ညှိနေတုန်းပဲ။ တပ်စီးပွားရေးတွေနဲ့ ပုဂ္ဂလိက ...”အပြည့်အစုံသို့

တိုကျိုလေဆိပ်တွင် သောင်တင်နေသူ တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ အင်တာနက် သုံး၍ တွီတာမှ ထောက်ခံမှုရနေ

E-mail Print PDF
alt တိုကျို၊ နာရီတာလေဆိပ် တာမီနယ်(၁) အနီး ခရီးဆောင် အိတ်သယ်၍ ခေါက်တုန့်ခေါက်ပြန် လျှောက်၍ နေသည်မှာ ရက်ပေါင်း ၅၀ ရှိပြီ ဖြစ်သော တရုတ်လူ့အခွင့် အရေးလှုပ်ရှားသူ ဖန်ဇန်ဂူး @ ( AP Photo/Koji Sasahara )
တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည့် ဖန်ဇန်ဂူ က ၎င်းသည် တိုကျို နိုင်ငံတကာ လေဆိပ် အတွင်းတွင်ပင် ခရစ္စမတ် ကာလနှင့် နှစ်သစ်ကူး တို့ကို ဖြတ်ကျော် ကုန်ဆုံးစေဖွယ် ရှိကြောင်း ပြောကြားလိုက်သည်။
ဖန်သည် နိုင်ငံရပ်ခြားသို့ ခရီးသွား၍ ပြည်တော်ပြန်ရာမှ နိုဝင်ဘာ (၄)ရက်နေ့ ကတည်းက တရုတ် အာဏာပိုင်များက ဂျပန်သို့ ပျံသန်းသည့် လေယာဉ်ပေါ် အတင်းပြန်တင် ပေးပြီး ပြည်ဝင်ခွင့် ငြင်းဆန် ခံထားရသူ ဖြစ်သည်။
ယခုအခါ တိုကျို လေဆိပ်တွင် နေထိုင်သည့် ရက်ပေါင်း (၅၀)ကျော် သွားပြီဖြစ်သည်။ ၎င်းအနေနှင့် ထိုရက်များ အတွင်း လူပေါင်းများစွာ ဖြတ်သန်း သွားလာနေမှုကို စောင့်ကြည့်ရင်း ခရက်ကာနှင့် ခေါက်ဆွဲခြောက် များကိုသာ စားသောက် ခဲ့ရသည်။
ထို့အပြင် လေဆိပ်ရှိ အပြာရောင် ခုံတန်းလေး တခုကို ကျောခင်းကာ ညများစွာကို ဖြတ်သန်းခဲ့ရပြီး၊ ဖန်၏ ဖြစ်ရပ်သည် ကမ္ဘာကျော်မင်းသား တွမ်ဟင့် သရုပ်ဆောင်ထားသည့် The Terminal ရုပ်ရှင်နှင့် ခပ်ဆင်ဆင် တူညီလျှက် ရှိသည်။ သို့သော်လည်း ဖန်မှာမူ တရုတ် Passport ကိုင်ဆောင် ထားကာ တရုတ်နှင့် ဂျပန် ပြည်ဝင်ခွင့် ရောငြင်းဆန်ခံထားရသူ ဖြစ်သည်။
၎င်းသည် ဂျပန်ဗီဇာ ရှိလျှက်နှင့်ပင် တရုတ် အစိုးရ၏ ပြည်ဝင်ခွင့် ငြင်းဆန်မှုကို ဆန္ဒပြသည့် အနေနှင့် လေဆိပ်အတွင်း နေထိုင်ခြင်း ဖြစ်ပြီး၊ မိမိသည် တရုတ်နိုင်ငံသား တဦးဖြစ်သဖြင့် နိုင်ငံအတွင်း ပြန်ဝင်ရန် အခွင့်အရေး ရှိကြောင်း ဖန်က ဆိုသည်။ ဖန်သည် လေဆိပ်မှ Wifi စံနစ်ကို အသုံးပြုကာ ယူလာသော Laptop ကွန်ပြူတာ၊ မိုဘိုင်းဖုန်း များဖြင့် ၎င်းအား ထောက်ခံသူ များနှင့် ဆက်သွယ် မိသည်ဟု ဆိုသည်။
ဖန်သည် Twitter လူမှုရေး အင်တာနက် စာမျက်နှာကို အသုံးပြုကာ ၎င်း၏ဆန္ဒြ့ပမှုကို ဖော်ပြထားရာ ထောက်ခံသူပေါင်း (၈၅၀၀)ကျော် ရရှိနေပြီဟု သိရှိရသည်။ အသက် (၅၅)နှစ် ရှိ ဖန်သည် ဒီဇင်ဘာ (၂၃)ရက် နေ့တွင် လက်ရေးဖြင့် အင်္ဂလိပ်လို Return to China ဟု ရေးထားသည့် တီရှပ်ကို ၀တ်ဆင်ကာ AP သတင်းဌာနနှင့် အင်တာဗျူး ခံခဲ့သေးသည်။
၎င်းသည် ဇွန်လ ကတည်းက တရုတ်ပြည်သို့ ပြန်ရန် (၉)ကြိမ် ကြိုးပမ်းခဲ့ရာ အကြိမ်ကြိမ် ပယ်ချ ခံခဲ့ရကြောင်း ၀န်ခံ ပြောဆိုလိုက်သည်၊ ဖန်သည် တရုတ်နိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားမှုဖြင့် ထောင်(၃)နှစ် ကျဖူးသူဖြစ်ပြီး တရုတ်အစိုးရ အာဏာပိုင် များကမူ ဖန်၏ကိစ္စနှင့် ပတ်သက်ပြီး ထင်ထင်ရှားရှား မှတ်ချက် ပေးမှုမျိုး မပြုလုပ်ဘဲ ရှောင်လွှဲ နေခဲ့ကြောင်း သတင်း ရရှိသည်။

နအဖ၏ ဓါတုလက်နက်ဘေးကာကွယ်ရန် အပစ်ရပ်များပြင်ဆင်

အပစ်ရပ်တပ်ဖွဲ့များနှင့် တိုက်ပွဲဆင်နွှဲပါက နအဖ ဓါတုလက်နက်အသုံြးုပမည်ဟု သတင်းထွက်ပေါ်လာသဖြင့် တရုတ်နယ် စပ်အပစ်ရပ်များ ထိုအန္တရာယ်ကာကွယ်နိုင်သည့် စစ်ဝတ်စုံထောင်ချီဝယ်ယူစုဆောင်းနေကြောင်း မိုင်းလားတပ်ဖွဲ့နှင့်နီးစပ် သည့်သတင်းရပ်ကွက်က ဆို၏။

more


more

Burma's News World's News

President Barack Obama, accompanied by Vice President Joe Biden, speaks in the State Dining Room of the White House in Washington, Thursday, Dec. 24, 2009, after the Senate passed the health care reform bill.
Photo: AP

President Barack Obama speaks at the White House in Washington after the Senate passed the health-care reform bill, 24 Dec 2009

Obama Hails Historic Senate Health Care Vote

US president calls vote a landmark piece of legislation and acknowledges toughest part of process may lie ahead


Pope Benedict XVI celebrates Christmas Mass
A shaken Pope says Christmas Mass in St Peter's shortly after being knocked over by a spectator who jumped barriers.

Leading Chinese dissident jailed
A top Chinese dissident, Liu Xiaobo, is jailed for 11 years, after a trial which has been widely condemned in the West.

'Humongous' storm hits Midwest
A huge winter storm is rolling across the central US, bringing chaos to road and air transport from Texas to Minnesota.

chinese-car2s
Junta stocking up on weapons for rainy day: observer
The Burmese military junta’s decision to purchase armament from Russia ...
Junta lobbies hard on international fora
Burma’s state-owned newspaper New Light of Myanmar on Wednesday reported ...
Woman prisoner dies in Insein prison
A woman prisoner died of cardiac arrest in Insein prison hospital yesterday, ...
Repair work on Suu Kyi’s house halted
Detained opposition leader Aung San Suu Kyi has been ordered to stop repair works ...

Burma's Poor Performance at SEA Games Slammed

By ARKAR MOE
Burma's poor performance at the 25th Southeast Asian Games in Vientane, Laos, has come in for sharp criticism by leading commentators.

Suu Kyi's House Repair Halted

By SAW YAN NAING
Work to renovate the home of Burmese democracy leader Aung San Suu Kyi has been halted by the government following an objection by her brother Aung San Oo.

Dissident Dies in Prison

By BA KAUNG
Tin Tin Htwe, who was arrested during the 2007 Saffron Revolution, died in Insein Prison hospital on Wednesday night.

US Demands Immediate Access to Jailed Citizen

By LALIT K JHA
The United States urges the Burmese junta to provide immediate consular access to Kyaw Zaw Lwin, the US national who is being subjected to a “military dog confinement” in Insein Prison.

Burma's State Media Finally Reports on EU-Nyan Win Talks

By WAI MOE
The New Light of Myanmar has reported on a meeting in Copenhagen between Foreign Minister Nyan Win and his Swedish and Danish counterparts—one week after it occurred.

Revival of delta mangroves begins

Dec 23, 2009 (DVB)–In a bid to rejuvenate Burma’s cyclone-stricken Irrawaddy delta, a Burmese environmental group is replanting swathes of mangrove forests and boosting the breeding of salt water fish. - more


Suu Kyi’s brother lodges house complaint

Dec 23, 2009 (DVB)–Burma opposition leader Aung San Suu Kyi’s proposal to renovate her Rangoon house-cum-prison has been met with resistance from her estranged brother, who claims part-ownership. - more


Russia to deliver 20 fighter jets to Burma

Dec 23, 2009 (AFP)–Russia has signed a contract to deliver 20 MiG-29 fighter planes to military-run Burma, the Russian daily Kommersant reported Wednesday. - more


Pro-junta activists hospitalized after attack

Dec 23, 2009 (DVB)–Five members of a pro-government political group in Rangoon have been hospitalized after an attack by another proxy government organization, with both sides now pressing charges. - more

သူခိုးသုံးပါးရောစပ်ထား နအဖစစ်ဗိုလ်များ

အောင်ကျော်ခင်
၂၄ ဒီဇင်ဘာ ၂၀၀၉

ရှမ်းပြည်နယ်မှာတာဝန်ကျတဲ့ နအဖတပ်တိုင်း မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းကြပါ။ ကြည့်ပါဦး။ ရှမ်းပြည်နယ်မှာစခန်းချတဲ့ နအဖတပ်ရင်း (၁၂၈) ရင်းထဲမှာ တပ်ရင်း (၉၃) ရင်းဟာ မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းဘူးလို့ သိရတယ်။ စစ်ဆေးရေးစခန်းတွေကို ဖြတ်သန်းခွင့်ပြုမှု၊ သယ်ဆောင်ပေးမှု၊ ဆေးချက်စက်ရုံကို ကာကွယ်မှု၊ ဘိန်းစိုက်သူကို ဆက်ကြေးကောက်မှု၊ ဘိန်းစိုက်ပျိုးခွင့်ပြုမှု၊ စိတ်ကြွဆေးထုတ်ခွင့်ပေးမှု၊ ဘိန်းစိုက်ပျိုးဖို့ ငွေရင်း ထုတ်ပေးမှု စတာတွေမှာ နအဖ စစ်တပ်ပါဝင်နေတယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာန ၂၀၀၇ က ထုတ်ဝေတဲ့ Hand in Glove (၆၄) မျက်နှာစာတမ်းမှာ ဖော်ပြတယ်။

လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ တြိဂံတိုင်းမှာ ၁၉၉၆-၂၀၀၁ တိုင်းမှူးလုပ်စဉ်က ၀ခေါင်းဆောင် ဝေဆုခိုင်ကို မိတ်ဆွေစစ်မိတ်ဆွေမှန်လို့ ၂၀၀၁ မေလ (၉) ရက်နေ့က ပြောခဲ့တယ်။ ဗိုလ်ချုပ်သိန်းစိန်က ၀စစ်ဗိုလ်စိုင်းမြကို တာချီလိတ်မြောက်ပိုင်းမှာ မြေ (၁၀) ဧက ပေးတယ်။ အဲဒီမြေမှာ စိုင်းမြက စိတ်ကြွဆေးစက်ရုံ တည်ဆောက်တယ်။ ကျေးဇူးဆပ်တဲ့အနေနဲ့ သိန်းစိန်ကို ကားမျိုးစုံ (၄၅) စီး စိုင်းမြ ဆက်သတယ်တဲ့။ သူ့အရင်က လုပ်သွားတဲ့ ဗိုလ်ကျော်ဝင်းကလည်း မူးယစ်ဆေးမှောင်ခိုနဲ့ ပုလင်းတူဘူးဆို့ လုပ်ခဲ့တာမို့ သိန်းစိန်ရဲ့လုပ်ရပ်ဟာ မထူးဆန်းပါ။ ဒု-ဗိုလ်ချုပ်ကြီး မောင်အေးရဲ့တပည့် မြင့်လှိုင်ဟာ လားရှိုးမှာ တိုင်းမှူးလုပ်တုန်း မူးယစ်ဆေး မှောင်ခိုကို လက်သပ်မွေးတယ်။ ထောက်လှမ်းရေးခင်ညွန့်ကလည်း ဖုန်ကြားရှင်နဲ့ ရောင်းရင်းမိတ်ဆွေ ဖြစ်ခဲ့ဖူး တယ်လေ။

ဘိန်းမှောင်ခိုခွန်ဆာရဲ့ မော်ထိုင်းတပ်ဖွဲ့ဝင်ဟောင်း နော်ခမ်းနဲ့ နအဖစစ်မှုထမ်းဟောင်း မောင်တင့်တို့ ဦးဆောင်တဲ့ မူးယစ်ဆေးမှောင်ခို (၂၀) ကျော် ဒီနှစ်အစောပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ အဖမ်းခံရတယ်။ မောင်တင့်ဟာ နအဖတပ်က အငြိမ်းစားယူပြီး မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုလုပ်နေသူတဲ့။ ဒေသဆိုင်ရာ တိုင်းမှူး၊ တပ်မှူးတွေဟာ နော်ခမ်းနဲ့မောင်တင့် ပေးတဲ့ ဆက်ကြေးကို ယူတယ်။ နော်ခမ်းနဲ့ မောင်တင့်တို့က အာဏာပိုင်ကို လာဘ်ထိုးတော့ လွတ်သွားတယ်။ မောင်တင့်တို့က တဦးကို ကျပ်ငွေသိန်း (၂၀၀) စီ လာဘ်ပေး လိုက်ရတယ်လို့ ၂၀၀၉ မေလ (၁၃) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြတယ်။ နော်ခမ်းနဲ့ တာချီလိတ်က နအဖဗျူဟာမှူးတဦဟာ ပုလင်းတူဘူးဆို့ ဖြစ်ခဲ့တယ်တဲ့။

မြန်မာစစ်သူခိုးနဲ့ မူးယစ်ဆေး/ကျောက်မျက်ရောထွေးယှက်တင်ဖြစ်နေတာ ဗိုလ်နေ၀င်းခေတ်ကတည်းကပါ။ ဗိုလ်နေ၀င်းက မြန်မာ့ကျောက်မျက်ရတနာ နိုင်ငံခြားယူသွားပြီး ရောင်းစားတယ်။ သူ့တပည့် ထောက်လှမ်းရေး တွေက ဆွစ်ဇာလန်မှာ ဆိုင်ထိုင်လုပ်တယ်။ သန်းရွှေ၊ မောင်အေး၊ ခင်ညွန့်တို့အုပ်စုကတော့ ဗိုလ်နေ၀င်းထက် အဆပေါင်းများစွာ ခိုးထားတာမို့ ရန်ကုန်မှာမနေရဲဘူး။ ကြပ်ပြေးကို ပြေးကြတယ်။

ဗိုလ်နေ၀င်းတယောက် အမြဲတွေးကြောက်ပုံကို ပြောပါရစေ။ လီကွမ်ယူးဟာ ၁၉၆၅ ခုနှစ် မေလ အိန္ဒိယကအပြန် ရန်ကုန်ဝင်တော့ ဗိုလ်နေ၀င်းနဲ့ ဒညင်းကုန်းမှာ ဂေါက်သီးကစားကြတယ်။ ဗိုလ်နေ၀င်းဟာ သံခမောက် ဆောင်းပြီး ဂေါက်သီးရိုက်တယ်လို့ “တတိယကမ္ဘာမှ ပထမကမ္ဘာသို့” (From Third World to First) ဆိုတဲ့ ကိုယ်ရေးမှတ်တမ်းမှာ လီကွမ်ယူးက ရေးထားတယ်။ ဗိုလ်နေ၀င်းအိမ်ပတ်လည်မှာ လက်နက်ကိုင် စစ်သားနဲ့ တင့်ကားတွေ ပတ်လည်ဝိုင်းနေတာ တွေ့ရလို့ အံ့သြတုန်လှုပ်မိတယ်တဲ့။ နေ၀င်း တကယ်ကြောက်သလား၊ တမင်ခြောက်ပြတာလား မပြောနိုင်ဘူး။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး ဦးသော်ကောင်းနဲ့ နှစ်ယောက် တည်း စကားပြောတဲ့အခါမှာတောင် ပစ်စတိုသေနတ်ဘေးမှာ ချထားတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေ တဦးက ပြန်ပြောလို့သိရတယ်။

သူခိုးဆိုတော့ လူကောင်းမှန်သမျှကို တွေးကြောက်နေတာပေါ့။ နိုင်ငံရေးသူခိုး၊ စီးပွားရေးသူခိုးနဲ့ ဘာသာရေး သူခိုးဆိုတဲ့ သူခိုးသုံးပါး ရောစပ်ထားတာ နအဖစစ်ဗိုလ်ပဲ။ ဘာသာရေးမှာလည်း လျှို့ဝှက်လုပ်တာနဲ့ ဘုရားရုပ်ထု အပိုင်စီးတာတွေ ရှိနေလို့ ဘာသာရေးသူခိုးလို့ပြောရတာပါ။ စင်ကာပူမှာ သေသွားတဲ့ ၀န်ကြီးချုပ်စိုးဝင်း ဖွင့်လှစ်တဲ့ လားရှိုးက ရန်တိုင်းအောင်စေတီဟာ မူးယစ်ဆေးက မသမာငွေနဲ့ တည်ဆောက်တယ်ဆိုတော့ ဘာသာရေးသူခိုးပါပဲ။ ဒီလိုသူခိုးစေတီတွေ ရှိဦးမှာပေါ့။

ကျောက်မျက်စစ်သူခိုးလည်း ရှိသေးတယ်။ မိုးကုတ် ဖားကန့်နဲ့မိုင်ရှုးမှာ ဒီလို စစ်သူခိုးတွေရှိတယ်။ တောင်ကြီးအရှေ့မြောက် မိုင်(၂၀၀) နီးပါးက မိုင်းရှုးဟာ ကျောက်မျက်နယ်မြေဖြစ်လာတယ်။ ဇူလိုင်လ (၂၂) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့် သတင်းအရဆိုရင် ဗိုလ်ချုပ်မြင့်လှိုင်၊ တိုင်းမှူးမောင်ဘို၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ဘော်ဒါ အောင်ကိုဝင်းတို့ဟာ ကျောက်မျက်သူခိုးအဖြစ် ထင်ရှားတယ်။ ၂၀၀၆ ခုက ပဲခူးအခြေစိုက် တောင်ပိုင်းတိုင်းရဲ့တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဆိုသူဟာ မူးယစ်ဆေးမှောင်ခိုဆီက ဆက်ကြေးမှန်မှန်ရဖူးသူဖြစ်တယ်။ တာချီလိတ်မှာ တာဝန်ကျစဉ်က ဘတ်ငွေ (၃) သောင်း လစဉ်ဆက်ကြေးမှန်မှန် ရခဲ့သူဖြစ်တယ်။ မူးယစ်ဆေး မှောင်ခို နော်ခမ်းနဲ့ရင်းနှီးတဲ့ နအဖဗိုလ်ချုပ်ဖြစ်တယ်။ သူ့လက်အောက်က ဒု-ဗိုလ်မှူးကြီးအေးဇော်ကတော့ ရိုးပြီး အထက်ကို လာဘ်မထိုးတတ်တော့ ရာထူးမတက်ဘူး။ တာချီလိတ်နယ် ခမရ (၃၃၁) တပ်ရင်းမှူးအဖြစ်နဲ့ရော ၁၉၉၅ က ၂၀၀၁ အထိ အမှုထမ်းခဲ့သူ ဒု-ဗိုလ်မှူးကြီးအေးဇော်ဟာ နအဖတပ်ကိုစိတ်ကုန်ပြီး တောင်ငူမှာ သင်္ကန်း ၀တ်နေတယ်လို့ သျှမ်းသံတော်ဆင့်ရဲ့ Hand in Glove စာတမ်းမှာ ဖော်ပြထားတယ်။

ဒီအထဲမှာ အရှေ့တောင်ပိုင်းတိုင်းမှူး မြင့်အောင်ဟာ နာမည်အပျက်ဆုံးဖြစ်လို့ ၂၀၀၁ မှာ အငြိမ်းစားယူခိုင်းလိုက်ရတယ်။ ခြေလျင်တပ် (၆၅) ရဲ့ တပ်ရင်းမှူးဘ၀ကတည်းက မူးယစ်ဆေး မှောင်ခို လုပ်ငန်းမှာ ပါဝင်လာတာဖြစ်တယ်။ သူ့နေရာကို ဒု-ဗိုလ်မှူးကြီးတွေဖြစ်တဲ့ မြင့်ဆွေနဲ့ လှမြင့်က ဆက်ခံတယ်။ ခင်ညွန့်ကောင်းစားတုန်း (၁၉၈၉-၂၀၀၄) သူဌေးဖြစ်ကုန်တဲ့ စစ်ဗိုလ်ထဲမှာ မြင့်အောင်လည်းပါတယ်။ စစ်ဗိုလ်တွေက အများကြီးဆိုတော့ စစ်တမ်းကောက်ရင် ဆုံးနိုင်မှာမဟုတ်ဘူး။ မူးယစ်ဆေးမှာ စစ်ဗိုလ်တွေ ပါလာတဲ့အတွက် နောက်ဆုံးမှာ စစ်ခေါင်းဆောင်ကြီးရဲ့မိသားစုပါ ဆေးမိသွားတဲ့ ဥပမာတွေ ရှိတယ်။ ဗိုလ်ချုပ်နေ၀င်းရဲ့သား ငွေစိုးနဲ့ဇနီးသည် ဘိန်းဖြူစွဲသွားတာ လူသိများတယ်။

အခုလည်း ကြပ်ပြေးကြီးရဲ့မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် (ခေါ်) မြောက်မူးလဲ မူးယစ်ဆေး စားသုံးတာကို ကြပ်ပြေးကြီး သိသွားတဲ့အတွက် မူးယစ်ဆေးဖြန့်ဝေသူ မောင်ဝိတ်နဲ့သယ်ဆောင်ပေးသူ အောင်ဇော်ရဲမြင့်ကို ၂၀၀၈ မေလမှာ ဖမ်းလိုက်ရတယ်ဆိုပဲ။ အောင်ဇော်ရဲမြင့်ဆိုတာ အထူးစစ်ဆင်ရေး အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့သားပဲ။ ဒါကြောင့် မောင်ဝိတ် ထောင် (၁၅) နှစ်ကျပြီး အောင်ဇော်ရဲမြင့် ကတော့ နာလန်ထစခန်းမှာ နေခွင့်ရသွားတယ်။ စစ်တက္ကသိုလ်အမှတ်စဉ် (၅၂) သင်တန်းဆင်းပွဲမှာ ဗိုလ်လောင်းတွေ ဆလံပေးရတဲ့ ပုဂ္ဂိုလ်ထဲမှာ မြောက်မူးလဲပါနေတာကို ဒီဇင်ဘာ (၁၂) ရက်ထုတ် နအဖ သတင်းစာတွေမှာ ဖော်ပြတယ်။ ဗိုလ်လောင်းတွေ ဗိုလ်ဖြစ်လာရင် ခိုးကြ၀ှက်ကြမှာ သေချာတယ်။ စစ်တပ်ထဲ ၀င်တာ အခွင့်ထူးခံစားချင်လို့ပါပဲ။ ရရှိတဲ့အခွင့်ထူးက ခိုင်းဝှက်ပိုင်ခွင့်ဖြစ်တယ်။

နယ်ဘက်မှာတော့ နအဖစစ်မှုထမ်းတွေကိုယ်တိုင် ဘိန်းစိုက်နေကြောင်း ၂၀၀၇ ဇွန်လထုတ် သျှမ်းသံတော်ဆင့် သတင်းလွှာမှာ ဖော်ပြတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်မုန့်အခြေစိုက် ခမရ (၅၆၉) က ဗိုလ်ကြီးအဆင့် တပ်ခွဲမှူးတဦးနဲ့ လားဟူနွယ်ဖွား တပ်ကြပ်ကြီး ဂျိုးဆက်ဖ်တို့ပေါင်းပြီး ဘိန်းစိုက်တယ်လို့ဆိုတယ်။ ဘိန်းစိုက်သူကို ဆက်ကြေးကောက်ရုံနဲ့ အားမရတော့လို့ ကိုယ်တိုင်စိုက်ကြတာပါပဲ။ ဆီဆိုင်မြို့နယ် ခမရ (၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆) စစ်သားမိသားစုကလည်း ဘိန်းစိုက်ပျိုးရေးဒို့အရေး လုပ်နေကြတယ်တဲ့။ ဖယ်ခုံမြို့နယ်မှာ ဘိန်းစိုက်သူ တွေဟာ နအဖစစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်အောက်က တပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက် ရယူရတယ်။ နယ်ဘက်မှာ တာဝန်ကျတဲ့ နအဖအရာရှိတွေ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှာ ပါဝင်နေကြတယ်လို့ အမေရိကန် အစိုးရရဲ့ ၂၀၀၉ ဖေဖော်ဝါရီ (၂၇) ရက်ထုတ် မူးယစ်ဆေးအစီရင်ခံစာမှာ ဖော်ပြထားတယ်။ မူးယစ်ဆေးအမှုနဲ့ ပတ်သက် ပြီး ဗိုလ်မှူးကြီးအဆင့်နဲ့ အထက်အရာရှိတွေကို အရေးမယူဘူးလို့ဆိုတယ်။

မြန်မာပြည်မှာ အကြီးဆုံးကုမ္ပဏီက ဘိန်းမှောင်ခိုလော်စစ်ဟန်နဲ့ သားဖြစ်သူ စတင်ဗင်လော်ပိုင်တဲ့ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပဲ။ အစိုးရသတင်းစာတွေမှာ အေးရှားဝေါလ်လို့ ဖော်ပြတယ်။ စစ်တပ် ဆိုရှယ်လစ်စနစ်က စစ်တပ်ဈေးကွက်စနစ်ကို ပြောင်းတော့ အရင်းအနှီးအများဆုံးရှိတာ မူးယစ်ဆေး မှောင်ခိုတွေပဲ။ အဲဒီမှာ စစ်အုပ်စုဟာ လော်စစ်ဟန်နဲ့ ခွန်ဆာကို အားကိုးတယ်။ ကိုးကန့်တရုတ် လော်စစ်ဟန်ဟာ အပစ်အခတ်ရပ်စဲရေးမှာ ကူညီပေးသူဖြစ်လို့ နအဖရဲ့ ကျေးဇူးရှင်ဖြစ်လာတယ်။ စင်ကာပူ မှာလည်း ၀င်ဆံ့တဲ့ ဘိန်းမှောင်ခိုပဲ။ လမ်းဖောက်၊ အိမ်ဆောက်၊ ဆိပ်ကမ်းဆောက် အလုပ်ကြီးအကိုင်ကြီးမှန်သမျှ အေးရှားဝေါလ်က လုပ်ရတယ်။ ကြပ်ပြေးနေပြည်တော် တည်ဆောက်တဲ့ ကုမ္ပဏီတွေထဲမှာ အေးရှားဝေါလ်နဲ့ ထူးကုမ္ပဏီဟာ ကန်ထရိုက်အများဆုံးရတယ်။ ရန်ကုန်မှာ အေးရှားဝေါလ်ဆိပ်ကမ်းဆိုတဲ့ ဘိန်းမှောင်ခိုပိုင်တဲ့ သင်္ဘောဆိပ်ရှိတယ်။ အဲတော့ တကမ္ဘာလုံးကို မူးယစ်ဆေးဖြန့်နိုင်တာပေါ့။

တေဇဆိုသူခေါင်းဆောင်တဲ့ ထူးထောက်ပံ့ရေးကုမ္ပဏီဟာ စစ်အတွင်းကာလ မြန်မာပြည်မှာ စီးပွားရှာတဲ့ “ကာနဲမတ်ဆုဂိုရှို” ဆိုတဲ့ ဂျပန်ကုမ္ပဏီက ပေါက်ဖွားလာတဲ့ မြန်မာကုမ္ပဏီပဲ။ ထူးကုမ္ပဏီတည်ထောင်သူ ဦးဇော်ညွန့်ဆိုသူဟာ ကာနဲမတ်ဆုဂိုရှို ကုမ္ပဏီမှာ ရိုသေလေးစားခံရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဖက်ဆစ်ဂျပန်သူခိုး မြန်မာပြည်မှာကြီးစိုးတုန်း စီးပွားရေးအမြတ်ထုတ်တဲ့ ကုမ္ပဏီဖြစ်တယ်။ ပါလီမန်အစိုးရခေတ်နဲ့ မဆလခေတ်မှာ “ကာနဲမတ်ဆုဂိုရှို”က ထူးကုမ္ပဏီကို စောင်မကြည့်ရှုတယ်။ ငွေမက်တဲ့ နအဖစစ်ဗိုလ်ခေတ်မှာ ထူးကုမ္ပဏီဟာ အေးရှားဝေါလ်လိုပဲ အခွင့်ထူးခံစားရတယ်။ ဂျပန်ဖက်ဆစ်အကူအညီနဲ့ တည်ထောင်ခဲ့တဲ့ ထူးကုမ္ပဏီဟာ မြန်မာဖက်ဆစ်ခေတ်မှာ ထိပ်ဆုံးအဆင့်ကို ရောက်လာတာပဲ။ မြန်မာ့စီးပွားရေးသမိုင်းမှာ ဒီလိုကုမ္ပဏီတွေ အကြောင်းပါမှ ပြည့်စုံပါလိမ့်မယ်။ စုံစမ်းစစ်ဆေး သတင်းရေးတဲ့ဓလေ့ အားကောင်းလာရင် ဒီလိုခေတ်ပျက် သူဌေးနဲ့ စစ်သူခိုးတွေအကြောင်း မျိုးဆက်သစ်သတင်းသမားတွေက စုံစုံလင်လင် ရေးကြလိမ့်မယ်လို့ မျှော်လင့် မိတယ်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

UN-Assembly-Burma.jpg
မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက်နေတဲ့အတွက် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

President Barack Obama speaks in the State Dining Room of the White House in Washington, Thursday, Dec. 24, 2009.AP
အမေရိကန် ကျန်းမာရေး စောင့်ရှောက်မှု အထက်လွှတ်တော် အတည်ပြု Audio Clip Available

Pope





ခရစ်‌စမတ်‌‌နေ့ ကြိုဆိုပွဲကျင်းပစဉ် ပုပ်‌ရဟန်းမင်းကြီးလဲကျ

အိမ်ပြင်ခွင့် ပြန်ရရေး ဒေါ်အာင်ဆန်းစုကြည် စောင့်ဆိုင်း

အိမ်ပြင်ခွင့် ပြန်ရရေး ဒေါ်အာင်ဆန်းစုကြည် စောင့်ဆိုင်း

နေအိမ်ပြင်ဆင်နေမှုအား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ကန့်ကွက်ထားမှုကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စုံစမ်းစစ်ဆေး နေချိန်တွင် အိမ်ပြင်ဆင်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး
မြစ်ကြီးနားတွင် မနောပွဲ ကျင်းပရန် ပြင်ဆင်နေ

မြစ်ကြီးနားတွင် မနောပွဲ ကျင်းပရန် ပြင်ဆင်နေ

ကချင် တိုင်းရင်းသားများ၏ မနောပွဲတော်ကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ဇန်န၀ါရီလ ၅ ရက် နေ့မှ ၁၁ ရက်အထိ ကျင်းပရန် ပြင်ဆင်နေကြသည်။မနောအက ကို ၈ ရက် မှ ၁၁ ရက်နေ့ အတွင်း

ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်များတွင် သန်းခေါင်စာရင်း လိုက်လံကောက်ယူ

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် မကြာသေးခင်က စတင်ကာ ရန်ကုန်တိုင်း အတွင်းရှိ ဆင်ခြေဖုံး ရပ်ကွက်များတွင် မဲဆန္ဒရှင် သိရှိရန် အိမ်ထောင်စု စာရင်များ လိုက်လံ ကောက်ခံနေ
ဆက်ဖတ်ရန် ...
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
NEJ/ ၂၄ ဒီဇင်ဘာ ၂၀၀၉

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာလည်း ဒီပုဂ္ဂိုလ်ကြီးတွေက အနားယူမယ် ဆိုပြီးတော့ တရားဝင်စာတင်ခြင်းလည်း မရှိပါဘူး။ ကျနော်တို့က လက်ရှိ စီအီးစီ (၁၁) ဦးအပြင် နောက်ထပ် မျက်နှာသစ်တွေ ထပ်ပြီးတော့ တိုးချဲ့ဖို့ အချိန်ရောက်လာတဲ့အခါမှာ ထည့်သွင်းတိုးချဲ့ ဖွဲ့စည်း...”အပြည့်အစုံသို့
ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ကြပ်မတ်ခံနေရ


မျိုးချစ်သူ/ ၂၄ ဒီဇင်ဘာ ၂၀၀၉
“အဆိုပါ စည်းမျဉ်းများတွင် ဆရာဝန်ကျင့်ဝတ်သိက္ခာ ကျင့်စဉ် များကို လိုက်နာ ....” အပြည့်အစုံသို့
လိုင်စင်မလုပ်သည့် ဆိုင်ကယ်များ ဒဏ်ကြေးငွေ ပေးဆောင်ရမည်

တက်လူ/ ၂၄ ဒီဇင်ဘာ ၂၀၀၉
“လူတွေက စားဖို့သောက်ဖို့တောင် အနိုင်နိုင်ခေတ်မှာ အခုလို အတင်း အကျပ် ...”အပြည့်အစုံသို့


ကားတင်သွင်းခွင့် ပေးသည်ကို ဟိုတယ်လုပ်ငန်းရှင်များ မကျေနပ်

စိုးမိုး/ ၂၄ ဒီဇင်ဘာ ၂၀၀၉ “တကယ်က အလုပ်မဖြစ်တဲ့ မူဝါဒတွေ၊ လျှော့ပေးရမယ့် ကိစ္စတွေကို တင်ပြရင် သူတို့ဖြေရှင်းပုံက ကားပါမစ် ပေးလိုက်မယ်။ လိုအပ်တဲ့ ပစ္စည်းကို အခွန်...”အပြည့်အစုံသို့
နိုင်ငံအ၀ှမ်း ကုန်စည်စီးဆင်းမှုပမာဏ လျော့ကျ
စိုးမိုး / ၂၄ ဒီဇင်ဘာ ၂၀၀၉ “လမ်းကြေးတွေ (၂) ဆ တက်သွားတဲ့အတွက် အမှန်မှာက ကုန်ခကို တိုးကောက်ရမှာ။ အခုတော့ ကုန်မရတော့ ရှမ်းပြည်ဘက်က ကုန်ခကို တိုးလို့....”အပြည့်အစုံသို့

“မီဒီယာကိုဒီမိုကရေစီဇာတ်သွင်းခြင်း”
စိုးနေလင်း
Friday, December 25, 2009

အဲဒီ မီဒီယာထုက်လုပ်မှုပုံစံသာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကျော်ကရှိနေခဲ့ရင် Flow:for love of water ကို ရိုက်ကူးခဲ့တဲ့ သူနဲ့ဆာလီနာ (Salina) တို့ အနေနဲ့ အင်ဒိုနီးရှား၊ အန္ဒိယ၊ တောင်အာဖရိက၊ ဘိုလီဗီယာနဲ့ တခြားနေရာဒေသတွေကို ခရီးထွက်ပြီး ၅ နှစ်လောက် အချိန်ကုန်ခံနေစရာလိုမယ် မဟုတ်ဘူးလို့... အပြည့်အစုံသို့

မဲဆောက်မြို့TOP FORM ဇာဘော်လီစက်ရုံမှ မြန်မာအလုပ်သမားများ ဆန္ဒပြပွဲ (၁၉ ရက်နေ့နှင့် ၂၁ ရက်နေ့ ဒီဇင်ဘာလ)ဗီဒီယိုမှတ်တမ်း (နေ့သစ်မှ ကူးယူဖေါ်ပြပါသည်)

နိုင်ငံရေးပါတီပြောင်းရေး ကြံ့ဖွံ့ ၁၆ နှစ် နှစ်ပတ်လည် ၌ လျှို့ဝှက်ဆွေးနွေး

နိုင်ငံရေးပါတီပြောင်းရေး ကြံ့ဖွံ့ ၁၆ နှစ် နှစ်ပတ်လည် ၌ လျှို့ဝှက်ဆွေးနွေး ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေးပါတီအဖြစ်ပြောင်းရန် ၁၆ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး၌ သီးသန့်လျှို့ဝှက်ဆွေးနွေးခဲ့သော်လည်း တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိဟု ပြည်တွင်းသတင်းရပ် ကွက်က ပြောပါ သည်။

မြန်မာမှတ်ပုံတင်ရှိမှ ကိုးကန့်များ တရုတ်ပြည်ထဲဝင်ခွင့်ရ

ကိုးကန့်ဒေသအား နအဖ စစ်တပ်ဝင် ရောက်သိမ်းပိုက်ပြီးနောက်ပိုင်း ဒေသခံတိုင်းရင်းသားများ မြန်မာမှတ်ပုံတင်ရှိမှ နယ်ခြားဂိတ်ဖြတ်သန်းခွင့်ရကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက်ပြောပါသည်။

နယ်ခြားစောင့်တပ် နောက်ဆုံး သတ်မှတ်ရက် ထပ်ရွှေ့နိုင်

နအဖစစ်တပ်က ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA အပေါ် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စ နောက်ဆုံး သတ်မှတ်ချက်အား ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိကြောင်း လေ့လာသူများ သုံးသပ်ကြသည်

ဟင့်အင်းကိုကျော်ဖြတ်ခြင်း(အပိုင်း-၂ )

(စ) အချိန်ယူ၍စဉ်းစားပါ ကစားကွက်ကိုအမည်တပ်ပေး၍ လက်ငင်းတုံ့ပြန်မှုကိုရှောင်ပြီးသော် နောက်တဆင့်မှာ စဉ်းစားရန်အချိန် ယူခြင်းဖြစ်သည်။ တနည်းအားဖြင့် ပွဲကြည့်စင်မြင့်သို့တက်ရန်ဖြစ်သည်။ (စ - ၁) ခေတ္တရပ်လိုက်ပါ...
ဆက်ဖတ်ရန်.
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ကြောင်း အန်အယ်ဒီ ပြောဆို
နေအိမ် အကျယ်ချုပ် ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင် ...
နိုင်ငံရေး အကျဉ်းသူ ထောင်တွင်း၌ ကွယ်လွန်
၂၀၀၇ ခုနှစ် သံဃာများ လမ်းလျှောက် မေတ္တာပို့ပွဲတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းကျခံရသည့် ...
ခရစ်စမတ် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ကျင်းပမည်
ခရစ်စမတ်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ ယုဇနဂါးဒင်း ဟိုတယ်က လူငယ်ထု ...
ခရစ်စမတ်နေ့ အတွေး
ဂေါ်ရှယ်
ဒီဇင်ဘာ ၂၅၊ ၂၀၀၉
သင်တန်းတက်စဉ် ရွှေဂုံတိုင်မိဘမဲ့ဂေဟာမှာ လက်တွေ့ဆင်းခဲ့ရတယ်။ အဲဒီအချိန်တုန်းက ရွှေဂုံတိုင်မိဘမဲ့ဂေဟာမှာ မွေးကင်းစကလေးအရွယ်ကစပြီး အသက်လေးနှစ်အရွယ်အထိ သူ့အရွယ်အလိုက် အတန်းခွဲထားပေးတယ်။ မိဘမဲ့ဂေဟာက ကလေးတွေဟာ ပုံစံအမျိုးမျိုးးနဲ့ ရောက်ခဲ့ကြတယ်။ မိဘရှိရက်နဲ့ အခြေအနေအမျိုးမျိုးကြောင့် ကလေးကို သွားပစ်ထားခဲ့တာတွေ၊ ဖခင်က ဘယ်သူမှန်းမသိဘဲ မိခင်က အမျိုးသမီးထိန်းသိမ်းရေးကျောင်းမှာရှိနေပြီး ရောက်လာတဲ့ ကလေးတွေ ရှိသလို၊ အမှန်တကယ် မိဘမရှိတာတွေ၊ ရင်နင့်သနားဖွယ်ရာ ကလေးငယ်တွေ အများကြီးတွေ့ခဲ့ရပါတယ်။
အျပည့္အစုံသိုႛ ...

ပြည်တွင်း သတင်းဂျာနယ်များ `မီးစိမ်းပြ´မှုခင်းသတင်းများသာ ထည့်ခွင့်ရ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၂၅၊ ၂၀၀၉
ပြည်တွင်း သတင်းဂျာနယ်များတွင် ပြည်တွင်းမှုခင်းသတင်းများနှင့် ပတ်သက်လျင် မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်သည့်သတင်းများကို ရရှိပေမယ့် ရေးသားခွင့်မရှိဘဲ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပေးသည့် `မီးစိမ်းပြ´ သတင်းများကိုသာ ထည့်သွင်းဖေါ်ပြခွင့်ရပါတော့တယ်။
အျပည့္အစုံသိုႛ ...


ဆက်ခွပ်လိုက်ပါ ဆရာကြီးကွေး
မိုးခို
ဒီဇင်ဘာ ၂၅၊ ၂၀၀၉
ကိုယ့်ဘာသာကိုယ် ကလိထိုးပြီး (တမင်တကာ) မရယ်ရ ရယ်ရအောင် နသားပါယား ဟီးဟီးဟားဟားတွေ ထည့်ရေးနေကြတဲ့ ဒီနေ့ခေတ် (ဟာသလိုင်း) စာရေးဆရာတွေရဲ့ စာရှည်တွေ ဖတ်ရတော့ (သွားလေသူ) ‘ဆရာကြီးကွေး’ ကို ပိုပြီး လွမ်းမိပါသေးတယ်။
အဴပည့္အစုံသိုႛ ...

၂၀၀၉ အတွင်း အကျဉ်းထောင်တွင်း နိုင်ငံရေးသမားတဦး တတိယမြောက် သေဆုံး
မိုးမခအထောက်တော် ၀၀၃
ဒီဇင်ဘာ ၂၄၊ ၂၀၀၉
ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ မြန်မာနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ အမျိုးသမီးနိုင်ငံရေးအကျဉ်းသား မတင်တင်ထွေး ခေါ် မပု ဒီဇင်ဘာ ၂၃ ရက်နေ့က အင်းစိန်ထောင်တွင် အစာအိမ်ပေါက်ပြီး ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
၂၀၀၇ စက်တင်ဘာ ၂၆ - သံဃာအရေးတော်ပုံမှာ အခြားနိုင်ငံရေးလှုပ်ရှားသူ ၁၄ ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး နိုဝင်ဘာ ၂၄ မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ၃ လ ချမှတ်ခြင်း ခံခဲ့ရရပါတယ်။ မကွယ်လွန်မီ သာယာဝတီအကျဉ်းထောင်မှာ အစာအိမ်ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရလို့ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
အဴပည့္အစုံသိုႛ ...


more
မြန်မာနိုင်ငံ တိုးတက်ဖိုႛ ချေးငွေစနစ်ကို ပြောင်းလဲရမည်
ဆန္ဒပြမြန်မာအလုပ်သမားများ အလုပ်ဖြုတ်ခံနေရ
ကံ့ခိုင်ဖွံ့္ဘဖိုးရေးအသင်း၏ အကြမ်းဖက်မှုများကို ရှေ့နေများကောင်စီ ကန်ႛကွက်
ဒေၞအောင်ဆန်းစုကြည်နှင့်ရှေႚနေများ တွေႚဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြုပြင်ခြင်း ရပ်ဆိုင်းရန် တားမြစ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြုပြင် နေခြင်းလုပ်ငန်း အရပ်ရပ်ကို နောက်ထပ် အမိန့်တစုံတရာ မရမခြင်း ရပ်ဆိုင်းထားရန် မနေ့က နံနက် ၁၀နာရီ ခန့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စာပေးပို့ တားမြစ်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် ပြင်ဆင်ရန် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သူ ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။
ထိုအမိန့်စာအရ အင်ဂျင်နီယာနှင့် အလုပ်သမား အားလုံးကို ပြန်လွှတ်ခဲ့ရ သလို ပြုပြင်လက်စ အပြီးမသတ် ရသေးသော ပြူတင်းပေါက်နှင့် တံခါးပေါက်များရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြသွားပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ပြုပြင်ခွင့်ကို ခွင့်ပြုခဲ့၍ ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ ပြန်လည်တားမြစ်ခဲ့ရခြင်းမှာ သူမ၏ အကို အမေရိကန် နိုင်ငံသား အဖြစ် ခံယူထားသူ ဦးအောင်ဆန်းဦး၏ ရှေ့နေက ကန့်ကွက်ခဲ့သောကြောင့် ဖြစ်သည်ဟု သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ပြုပြင်မပြီးသေးသည့် တံခါးပေါက်နှင့် ပြူတင်းပေါက်များ ရှိနေသည့် လုံခြုံမှု မရှီတော့သည့် နေအိမ်တွင် နေထိုင်နေရ၍ သူမ၏ လုံခြုံမှုအတွက် လက်ရှိတာဝန်ရှိသူများ၏ တာဝန်သာ ဖြစ်ကြောင်း သူ့ကို ပြောပြ ခဲ့သည်ဟုလည်း ဦးဥာဏ်ဝင်းက ပြောပါသည်။
သူ့အနေဖြင့် စည်ပင်သာယာ၏ အလျှင်စလို တားမြစ်မှုကို နားလည်နိုင်အောင် ဖြစ်ရကြောင်းနှင့် ထိုအမိန့် စာတွင် စုံစမ်း စစ်ဆေးမှုများ မပြီးမချင်းရပ်ဆိုင်းထား ရမည်ဟု ပါရှိသဖြင့် အချိန်ကာလ မည်မျှကြာအောင် စောင့်ရမည်ဟု မသိနိုင်ကြောင်း ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။
၁၉၃၀ ခုနှစ်က တည်ဆောက်ခဲ့သော အင်္ဂလိပ်ခေတ်ပုံစံ အဆောက်အဦးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခုနှစ် ဧပြီလ ၂ရက်နေ့ ကတည်းက စတင်နေထိုင်ခဲ့ပြီး မြေအခွန်အခများကိုလည်း ပေးဆောင်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် သေဆုံးသည့် ၁၉၈၈ ခုနှစ်တွင် အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ထိုနေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိသမျှ နေထိုင်ခွင့် ရှိကြောင်းနှင့် အကယ်၍ ရောင်းချ မည်ဆိုပါက ရောင်းရငွေကို တဝက်စီခွဲယူရန်ရန် သဘောတူညီကြောင်း စာချုပ်တွင် လက်မှတ်ရေးထိုး ပေးထားခဲ့ပါသည်။
ဦးအောင်ဆန်းဦးက ထိုအိမ်ကိစ္စ အတွက် ရန်ကုန်တိုင်းတရားရုံးတွင် ပိုင်ဆိုင်ခွင့် ကိစ္စနှင့် ပါတ်သက်၍ ၂၀၀၁ ခုနှစ်ကတည်းက ဦးတိုက်လျှောက်ထားခဲ့ရာ ယခု အချိန်အထိ ထိုအမှုမှာ ပြီးပြတ်ခြင်း မရှိသေးကြောင်း ကိုလည်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြ သွားပါသည်။

ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)