10.10.2008

အသက် ၁၄ နှစ်အရွယ် လူငယ် တဦးကို စစ်တပ် စုဆောင်းရေးတွင် လက်ခံထား

10/10/2008

ရခိုင်ပြည်နယ် စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်အပိုင် အကွက် (၃)မှ အသက် ၁၄ နှစ်အရွယ်ရှိသူ မောင်တင်ဝင်းနိုင်အား အတင်းအဓမ္မ စစ်သား စုဆောင်းရေး တွင် စစ်သားလုပ်ရန်အတွက် စုဆောင်းထားကြောင်း သူ၏ဆွေမျိုးတဦးက ပြောသည်။

သူက“သူအဖေနဲ့ ကျနော်အတူသွားပြီး စုဆောင်းရေးဗိုလ်ကြီးကို ခလေး အသက်မပြည့်သေးတဲ့အတွက် ပြန်ပို့ပေးဖို့ပြောတယ်။ အရေးတောင်မစိုက်ဘူး။ သူဟာသူ ၀င်ချင်လို့ဝင်တာ ခင်ဗျားတို့နဲ့ဘာဆိုင်လဲဆိုပြီး ပြောလွှတ်လိုက်ပါတယ်။” ဟုပြောသည်။

မောင်တင်ဝင်းနိုင်မှာ စက်တင်္ဘာလ ၄ ရက်နေ့က ဖခင်ဖြစ်သူမှ ဆဲဆိုကြိမ်းမောင်းရာမှ အိမ်မပြန်ဘဲ လမ်းပေါ်တွင် သွားလာနေစဉ် စစ်သားများက ဖျားယောင်း ခေါ်ဆောင်ပြီး စုဆောင်းရေးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

သူ့အား စုဆောင်းထားသော စစ်သားစုဆောင်းရေးမှာ တပ်မတော်တပ်ထိန်း စုဆောင်းရေးဖြစ်ပြီး ခလရ (၂၀) လက်အောက်တွင်ရှိကာ လက်ဝဲသလုံး တော်ဓါတ်အနီးတွင် တည်ရှိသည်။

မောင်တင်ဝင်းနိုင်၏ မိဘများမှာ အဖ ဦးမောင်တင်အောင်နှင့် အမိ ဒေါ်ရုပ်ဆိုးမတို့ဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်တွေ မင်းဗာကြီးလမ်းမှ အသက် ၁၄ နှစ်သာ ရှိသေးသည့် ဦးမောင်လုံး၏သားကိုလည်း စစ်တပ်မှအတင်း တပ်ထဲတွင်သွင်းရန်အတွက် စုဆောင်းရေးတွင် စုဆောင်းထားကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဒေသအတွင်းရှိစစ်သားများက ရာထူးတက်ရေးနှင့် ပင်စင်ယူသောအခါ လွယ်လင့်တကူ ပင်စင်ယူနိုင်ရေးအတွက် အသက်မပြည့်သူ ကလေးများအား ဖျားယောင်းသိမ်းသွင်းပြီး စစ်တပ်ထဲ့ကို သွင်းနေသဖြင့် စစ်တွေတွင် သားယောင်္ကျားရှိသူ မိဘများက အထူးစိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

Tay Za Joined Maung Aye on Visit to Bangladesh

The Burmese tycoon Tay Za, head of the Htoo Trading Company, accompanied the junta’s number two, Vice Snr-Gen Maung Aye, on his recent three-day visit to Bangladesh, according to business sources in Rangoon.

The sources, close to the Htoo Trading Company, said Tay Za led a Burmese business team, which had talks with the Federation of Bangladesh Chambers of Commerce and Industry (FBCCI) on improving trade between the two countries, included launching direct shipping lines between Bangladesh and Rangoon.

Burmese tycoon Tay Za (Photo: AFP)
Tay Za’s presence in the Burmese delegation that visited Bangladesh was not mentioned in reports on the trip carried by state-run newspapers.

The delegation reportedly travelled to Bangladesh aboard an aircraft of Tay Za’s company Air Bagan.

Tay Za, who enjoys close business ties with the military regime, plans to transfer control of Htoo Trading Company to his elder son, Phyo Tay Za, according to one source.

The Burmese delegation also discussed with their Bangladesh hosts the purchase of 100,000 tons of rice from Burma, besides energy cooperation, the construction of a trans-border road and the delimitation of maritime boundaries.

A report by the Reuters news agency, quoting a Bangladesh energy official, said the Burmese delegation agreed to supply natural gas to Bangladesh to help it produce fertilizer for use in both countries.

Reuters said Bangladesh will establish a urea-manufacturing factory in its Chittagong region, near the Burma border, with an annual production capacity of 600,000 tonnes, using up to 200 million cubic feet of gas daily.

Tay Za is among a number of Burmese military officials and businessmen on a US sanctions list that freezes any of their US assets.

The sanctions have reportedly hit Tay Za’s businesses, including those with Singapore links—Pavo Trading Pte Ltd, Air Bagan Holdings Pte Ltd and Htoo Wood Products Pte Ltd. Pavo Trading is a sister company of the Htoo group of companies run by Tay Za.


PROTESTATION AGAINST Gen. Moung Aye’s ARRIVAL IN DHAKA.ဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလာခရီးစဉ်ကို မြန်မာ့အတိုက်ခံများ ဆန့်ကျင်ဆန္ဒပြ

This is an email forwarded news.

PROTESTATION AGAINST Gen. Moung Aye’s ARRIVAL IN DHAKA.

7th October ,2008, Dhaka.

General Maung Aye, the 2nd head of Burmese military regime, is still arriving in Dhaka now to arbitrarily sell the State-owned resources for the self-interest of his family only. Maung Aye, one of the brutal lackeys of late Gen.New Win, is a wicked perpetrator of Burmese military junta, State Peace and Development Council (SPDC) that is brutally ruling Burma and its people without any of constitution and legislative law at all.


Aftermath of bloody coup led by Gen.Ne Win on 2nd March, 1962, Burma has been stumbling under the reign of terror of military regimes without constitution for 28 years of Dark-Age in First Phase. As the people could not endure under Ne Win’s autocratic anarchy, the democratic uprising was overwhelmingly brought out against New Win’s regime in 1988. After the uprising was brutally struck down by a bloody coup on 18/9/88 led by the barbarous Generals named Saw Maung, Than Shwe and Maung Aye; refusing to hand over the power to the winning party i.e. NLD led by Nobel Peace Laureate Aung San Suu Kyi in 1990 General Election, SPDC led by Than Shwe and Maung Aye has been barbarously ruling Burma without any of law and constitution entrenching the reign of terror of military regime seemed as autocratic anarchy.

Gen. Maung Aye and a clique of brutal criminals have been complicating with the offences of money laundries, stagflation, drug and human trafficking, child soldiers, civil war, extra juridical persecutions, political prisoners, illegal land and property confiscations, forced labors, forced relocation, racial and religious discriminations, corruptions, rape and prostitutions, refugee influxes, thefts of natural resources such as gas/ minerals/ hydropower/timbers and crops, illegal atomic plant-construction, annulations of systemic educational studies and healthcare for the people, destructions of historical heritages / monuments and antiquities including Buddhist Temples/Churches and Mosques etc.

SPDC has been stupidly spending only 0.4% and 0.5% of National Budget (NB) for educational and health sectors while ministry of defense has been spending 47% of NB. There is no detail estimated expenses for military polices at all that are stolen from NB without any of account.

Aftermath of SPDC led by Than Shwe and Maung Aye has barbarously ruled Burma for 20 yrs, Burma has also been converted into a nation of devilries mixing with the above mentioned cases and the innocent people have also been deeply drowning in the woe like inferno-beings sadly.

The saffron revolution for human rights led by thousands of Buddhist monks was also struck down in September 2007 barbarously. The victims of Nargis , drastic cyclone in delta area of Burma on 2nd May 2008, have been given no help by SPDC. Over 130,000 people were died of Nargis while 2.4 million people have been suffering from homelessness and various diseases, and over 50,000 acres of cultivated land has been blanked and destroyed by the salty sea-water-deluge.

Now Maung Aye is arriving in Dhaka to deal with road construction between Bangladesh and Burma and to rent thousands acres of the cultivated lands of Burma which have been confiscated by force and any compensation or price has never been paid to the farmers ,the owners of lands. Hundreds farmers and local civilians have also been detained in the various jails because of their protestation against unlawful land-confiscation along the road-area being proposed.

At present, all motion of Maung Aye and his lackeys, butchers, is tending to become a perilous climax in Burma and neighboring countries. Burmese regime is actually threatening against the regional peace and tranquility because the brutal Generals of SPDC are in ready positions to commit everything wrong and evil struggling for their criminal lives alive.

Therefore the dignitaries of UN, democratic governments including the government of Bangladesh, NGOs and human rights defenders of international would fervently be requested to refrain from any dealing of cooperation and relationship in all round spheres with the brutal Generals of Burmese military regime at present.

Absolutely we, Democratic Activists of Burma, believe that international relationship and diplomatic ties are actually required to build our world of humanity and peace. But protocol communication to Burma would be constructed whenever a democratic government is in Burma.

Democratic Activists of Burma

Dhaka, Bangladesh.

88+01817078133

မောင်အေး(နိရဉ္စရာ) ယနေ့ စတင်သော မြန်မာနအဖ ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သုံးရက်ကြာ ဘင်္ဂလာခရီးစဉ်ကို မြန်မာ့အတိုက်အခံ အင်အားစုများက ကန့်ကွက်ဆန္ဒပြ၍ ဆန့်ကျင်ခဲ့ကြသည်။

ဆန္ဒပြပွဲအား စီစဉ်သူတဦးဖြစ်သည့် ကိုကျော်မြင့်က “ဗိုလ်ချုပ်မောင်အေး ဒက္ကားမြို့ကို ရောက်ရင်ရောက်ချင်း နိုင်ငံခြားရေးရုံးရှေ့မှာရှိတဲ့ တရားရုံးချုပ်ဘေးကိုသွားပြီး ကျွန်တော်တို့ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။” ဟုပြောသည်။

ဆန္ဒပြပွဲကို ယနေ့နံနက် ၁၁ နာရီခွဲတွင် စတင်ခဲ့ပြီး အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားသူ ၄၀ ခန့် တက်ရောက်ခဲ့သည်။

ဦးဆောင် လှုပ်ရှားသူ နောက်တဦးဖြစ်သည့် ကိုဇော်လင်းက “ကျွန်တော်တို့ မနက်ကိုးနာရီကတည်းကစပြီး မြန်မာ့စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖေါက် နေတာတွေကို ဘင်္ဂလာပြည်သူ တွေသိအောင်ရေးသားပြီး သတင်းစာတိုက်၊ ကားဂိတ်တွေမှာ ဖြန့်ဝေပါတယ်။ ၁၁ နာရီခွဲမှာစတင်ပြီး ဆန္ဒပြတယ်။ နာရီဝက်လောက်အကြာမှာ ဘင်္ဂလာရဲတွေ ရောက်ရှိလာပြီး ၀င်ရောက်ဟန့်တားရာကနေ နည်းနည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့မှာပါတဲ့ ပိုစတာတွေဆိုင်းဘုတ်တွေ၊ ကြေငြာချက်တွေကိုလည်း သူတို့အကုန်လုံး လုယူဆုတ်ဖြဲပစ် လိုက်ပါတယ်ဟု” ပြောသည်။

ဆန္ဒပြပွဲတွင် လူသတ်ကောင်မောင်အေးပြန်လား၊ ဗိုလ်ချုပ်မှူးကြီး မောင်အေးပြန်လား၊ ၂၀၁၀ ရွေးကောက်ပွဲအလိုမရှိ၊ နအဖစစ်အစိုးရကို မဆက်ဆံနှင့်ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ပြီး ဆန္ဒပြကြသဖြင့် လမ်းသွားလမ်းလာသူအများအပြားက လာရောက် ကြည့်ရှု့ ခဲ့သည်။

ဆန္ဒပြသူများကို ဘင်္ဂလားအာဏာပိုင်များက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း ဆန္ဒပြသူများက ဖမ်းဆီးခံရန် အဆင်သင့်ရှိကြောင်း ပြောဆိုသောအခါ နောက်ပိုင်းတွင် ဘင်္ဂလာရဲက ဆန္ဒပြသူများကို ဘစ်ကားတစီပေါ်အတင်း ဆွဲတင်ပြီး သူတို့နေထိုင်ရာ ရပ်ကွက်သို့ ပြန်ပို့ခဲ့သည်။

ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးဆောင်သူကိုကျော်မြင့်က “အခုလို ဆန္ဒပြရတာက ဒီမိုကရေစီနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအနေနဲ့ ရဟန်းရှင်လူ ပြည်သူမြောက်များစွာကို သတ်ဖြတ်နေတဲ့ မြန်မာနအဖကို စီးပွားရေးအရ ဆက်ဆံတာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့ဆန္ဒပြရတာဖြစ်ပါတယ်။ နောက်ပြီး အိမ်နီးချင်းကောင်းပီပီ မြန်မာနိုင်ငံ မှာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်အောင် ဘင်္ဂလာအစိုးရအနေနဲ့ ကူညီပေးဖို့ကိုလည်း ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။”ဟု ပြောသည်။

ယခင်က မြန်မာအတိုက်အခံ အင်အားစုများဆန္ဒပြပွဲများကို ဘင်္ဂလာအာဏာပိုင်များ အနေဖြင့် ယခုကဲ့သို့ အားတင်ဖြိုခွဲခြင်းမရှိသော်လည်း ယခုဆန္ဒပြပွဲမှာ သူတို့အကျိုးစီးပွားကို ထိခိုက်နေသည့်အတွက်ဖြစ်ကြောင်း အထူးသဖြင့် ကြေငြာချက်များထဲတွင် ရခိုင်ပြည်သူများထံက နအဖအဓမ္မသိမ်းထားသော လယ်မြေများကို ငှားရမ်းမည့်ကိစ္စကို ကန့် ကွက်ထား၍ ဖြစ်ပုံရသည်ဟု သူကကောက်ချက်ချပြောသည်။

ဗိုလ်ချုပ်ကြီးမောင်အေးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း လည်း လိုက်ပါလာပြီး မြန်မာစီးပွားရေးသမား အများအပြားလည်း ကိုယ်စားလှယ်အဖွဲ့ထဲတွင် ပါဝင်ကြောင်း သိရှိရသည်။

သုံးရက်ကြာလည်ပတ်မည့် ဗိုလ်ချုပ်မှူးကြီး ဘင်္ဂလာခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဖြေရှင်းရန် ကျန်နေသည့် ရေပိုင်နက်အငြင်းပွားမှုကိစ္စ၊ ချစ်ကြည်ရေး လမ်းဖောက် လုပ်ရေးကိစ္စ၊ အခွန်နှစ်ထမ်းကွင်း ရှောင်ရှားရေးကိစ္စနှင့် လယ်မြေငှားရမ်းမည့်ကိစ္စများကို ဆွေးနွေးကြမည်ဖြစ်ပြီး တချို့သဘောတူညီချက်များကို လက်မှတ်ထိုးရန် အခြေအနေရှိကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် စစ်တကောင်းတောင်တန်း ဒေသရှိ သက်အမျိုးသားများ နေထိုင်သည့် ရန်ဂါမတီမြို့ကိုလည်း သွားရောက်လည်ပတ်မည်ဖြစ်ပြီး ထိုမြို့မှတဆင့် မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်သည်။

အာဏာရှင်ဆန့်ကျင်ရေး စာရွက် (၁) သိန်းကျော် ရန်ကုန်နှင့်မန္တလေးမြို့ကြီးတို့တွင် ဖြန့်ကြဲ


အာဏာရှင် စစ်အစိုးရဆန့်ကျင်ရေး လှုံ့ဆော်ရေးသားထားသည့် စာရွက်စာတမ်း (၁) သိန်းခွဲခန့်ကို ရန်ကုန်၊ မန္တလေး နှင့် အခြားနယ်မြို့တို့ရှိ လူစည်ကားရာနေရာများ၌ လူငယ်အချို့က ယမန်နေ့က ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လက်မထောင်ထားသည့် အမှတ်တံဆိပ်ပါ (၁) လက်မခွဲပတ်လည်အရွယ် စာရွက်ငယ်လေးများပေါ်၌ ‘စစ်အာဏာရှင် စနစ်အဆုံးသတ်နှစ် ၂၀၀၈’ ၊ ‘ဒီမိုကရေစီရမယ့်နှစ် ၂၀၀၈’ ၊ ‘ ဆင်းရဲတွင်းက လွတ်မယ့်နှစ် ၂၀၀၈’ ၊ ‘ဒုက္ခတွင်းက လွတ်မယ့်နှစ် ၂၀၀၈’ ဟု (၄) မျိုး ရေးသားကာ ဖြန့်ဝေခြင်းဖြစ်သည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ လှည်းတန်း၊ ဘူတာရုံလမ်း၊ သမိုင်း မြရတနာဈေး၊ ဘုရင့်နောင်လမ်းဆုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်၊ အင်းစိန်၊ မရမ်းကုန်း၊ ရွှေပြည်သာနှင့် ကမ္ဘာအေး န၀ဒေးရုပ်ရှင်ရုံ စသည့်နေရာများ၌ ဘတ်စ်ကား၊ ရထား၊ ကုန်းတံတား၊ တိုက်ခန်းများနှင့် ကျူရှင်ဘော်ဒါဆောင်များအပေါ်မှ ကြဲချခြင်းသည်။ မန္တလေးမြို့၊ ဧရာဝတီတိုင်း မအူပင်တက္ကသိုလ်၊ ရခိုင်ပြည်နယ်တောင်ကုတ်မြို့၊ ပဲခူးတိုင်း တောင်ငူနှင့်ပြည်မြို့တို့တွင်လည်း အလား တူ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဖမ်းဆီးနှိပ်ကွပ်မှုများ မည်သို့ပင်ရှိစေကာမူ အာဏာရှင်ကို ဆန့်ကျင်နေသည့်လူငယ်များ ဆက်လက်ရှိနေကြောင်း ပြသလိုသဖြင့် ယင်းသို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု စာဖြန့်ဝေသည့် လှုပ်ရှားမှုကို စီစဉ်ဆောင်ရွက်ခဲ့သည့် မျိုးဆက် သစ်လူငယ်များ အစည်းအရုံး (GW) မှ ပြောရေးဆိုခွင့်တာဝန်ခံ ကိုမိုဃ်းသွေးက ပြောသည်။

၎င်းက “ ၈၈မျိုးဆက်တွေနဲ့ တခြားအင်အားစုတွေ အများကြီး အဖမ်းခံထားရတယ်။ ဖိနှိပ်မှုတွေ ဘယ်လောက်ပဲများ နေနေ၊ ဘယ်သူတွေကိုပဲ ဖမ်းထားဖမ်းထား လူငယ်တွေမှာ မျိုးဆက်ဆိုတာရှိတယ်။ လူတွေကိုပဲ ဖမ်းလို့ရမယ် မျိုးဆက်တခုလုံးကိုတော့ ဘယ်လိုမှဖမ်းလို့မရဘူး။ တော်လှန်နေတဲ့မျိုးဆက်က အမြဲရှင်သန်နေတယ်ဆိုတာ ပြချင် တာရယ်၊ နောက်တခုက နအဖအနေနဲ့ ဘယ်လိုနည်းနဲ့မှ မျိုးဆက်ကြီးတခုလုံးကို နှိပ်ကွပ်လို့မရဘူးဆိုတာ ပြချင် တာရယ်ကြောင့်ပါ။ ဘယ်လောက်ပဲ ဖိနှိပ်ဖမ်းဆီးနေပစေ အာဏာရှင်ကို ရဲရဲဝံ့ဝံ့ဆန့်ကျင်နေတဲ့ လူငယ်တွေရှိတယ်။ လူထုအနေနဲ့ မျှော်လင့်ရာမဲ့မဟုတ်ဘူး။ ထောက်ခံပူးပေါင်းပေးဖို့ပဲလိုတယ်။ အဲ့ဒီရည်ရွယ်ချက်နဲ့ GW ရဲ့ (၁) နှစ် မြောက်နေ့မှာ ခုလို လူထုကို အသိပေးလိုက်တာပါ” ဟု ပြောသည်။

စာဖြန့်ဝေမှုနှင့်ပတ်သက်၍ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသူ ယခုအချိန်အထိ မရှိသေးကြောင်းနှင့် ပြန့်ကြဲနေ သည့် စာရွက်ငယ်လေးများကို လမ်းသွားလမ်းလာများက ကောက်ယူကြည့်ရှုခဲ့ကြပြီး အချို့က မကောက်ယူရဲသဖြင့် မကောက်ယူကြကြောင်း သိရသည်။

GW အဖွဲ့ကို ယမန်နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီး၌ တက္ကသိုလ်ကျောင်းသားအချို့အပါအ၀င် တက်ကြွသော လူငယ်များဖြင့် ဖွဲ့စည်းထားပြီး စည်းရုံးလှုံ့ဆော်စာများ၊ နိုင်ငံရေးသီချင်းများ၊ ကြေညာချက်များ ဖြန့်ချိခဲ့ပြီး ဆေးနီပက်ဖြန်းခြင်း၊ ဖယောင်းတိုင်ထွန်းဆုတောင်းမေတ္တာပို့ခြင်း၊ Vote No ကြက်ခြေခတ် ကမ်ပိန်း များလည်း ပြုလုပ်ခဲ့သည်။ ထိုလှုပ်ရှားမှုများနှင့်ဆက်စပ်၍ GW အဖွဲ့မှ ဇေယျာသော် (အက်စစ် ဟစ်ဟော့ တေးဂီတအဖွဲ့)၊ အောင်ဇေဖြိုး၊ အာကာဗို၊ သီဟ၀င်းတင် အပါအ၀င် (၁၀) ဦးထက် မနည်းဖမ်းဆီး ခံနေရသည်။

သစ္စာဝါဒီ

စုလွှတ်တွေ့နဲ့ရံသုံးရံကိုဝန်းရံကြ

အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး

မနေ့က အမေရိကန် အစုရှယ်ယာဈေးကွက် ဒေါင်းဂျုန်းစ် (Dow Jones) အညွန်းကိန်း
၇% အထိ ကျဆင်းခဲ့သလို ဥရောပဈေးကွက် ပိတ်ချိန်မှာလည်း ၂.၅% အထိ ရှယ်ယာ
ဈေးတွေ ကျဆင်းခဲ့ပါတယ်။

ဒီလို စီးပွားရေးအခြေအနေ ကမောက်ကမဖြစ်နေတာကြောင့် သမ္မတဘုရှ်က ဒီနေ့
ကြေညာချက်တစောင် ထုတ်ပြန်ဖို့ရှိပါတယ်။

ဘဏ္ဍာရေးစနစ်ကြီးတည်ငြိမ်အောင် စီးပွားရေးရာ တာဝန်ခံတွေက ဖိဖိစီးစီး အရေး
တယူ ဆောင်ရွက်နေကြတာမို့ အမေရိကန်လူထုအနေနဲ့ ယုံကြည်မှု ရှိသင့်ကြတဲ့
အကြောင်း၊ ငွေချေးစနစ် အကျပ်အတည်းလျော့အောင် ဘဏ္ဍာရေးဌာနက အမြန်ဆုံး
လှုပ်ရှားနေပြီဖြစ်ကြောင်း သမ္မတဘုရှ်က လူထုကို စိတ်ချရအောင် ရှင်းပြရမှာဖြစ်တယ်
လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဒေနာ ပရီနို (Dana Perino) က ပြောဆိုလိုက်
ပါတယ်။

အိုင်အမ်အက်ဖ်ခေါ် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ဒေါမနစ် စထရပ်စ်
ခန်း (Dominique Strauss-Kahn) ကလည်း ကမ္ဘာကြီးဟာ စီးပွားရေး ကျဆင်းလုနီးပါး
အခြေစိုက်နေပေမယ့် ၂၀၀၉ ခု နှစ်ကုန်ပိုင်းမှာ ပြန်ပြီး နာလန်ထူလာလိမ့်မယ်လို့
မနေ့က ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို ထိန်းဖို့အတွက် နိုင်ငံအားလုံး အတူတကွ ပူးပေါင်းကြဖို့
လိုကြောင်း ဒီသီတင်းပတ်ထဲမှာ ကမ္ဘာ့ဗဟိုဘဏ်ကြီးတွေက အတိုးနှုန်းလျှော့ချတာကို
ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြတာဟာ နမူနာကောင်းတခုဖြစ်တယ်လို့
အိုင်အမ်အက်ဖ် ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ စောင့်ရှောက်ခံ ဒုက္ခသည် သုံးပုံတပုံ အခြေခံလိုအပ်ချက် မပြည့်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ယူစောင့်ရှောက်တဲ့
မြန်မာနိုင်ငံအပါအ၀င် ဒုက္ခသည်တွေနဲ့ တခြားသူတွေရဲ့ သုံးပုံတပုံလောက်ဟာ သူတို့မှာ
တကယ်လိုအပ်နေတဲ့ အခြေခံထောက်ပံ့မှုတွေကို မရရှိကြတာ တွေ့ရှိတယ်လို့ အစီရင်
ခံစာ ပေါ်ထွက်လာပါတယ်။
ဒီနှစ်ထဲမှာ နိုင်ငံ ၈ နိုင်ငံဖြစ်တဲ့ ကင်မရွန်း၊ အီကွေဒေါ၊ ဂျော်ဂျီယာ၊ ရ၀မ်ဒါ၊ ထိုင်း၊
တန်ဇန်းနီးယား၊ ယီမင်နဲ့ ဇမ်ဘီယာနိုင်ငံတွေမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီး (ယူအန်အိတ်ခ်ျစီအာ) ရုံးက သွားရောက်ကွင်းဆင်း လေ့လာပြီးမှ ဒီအစီ
ရင်ခံစာကို ပြုစုခဲ့တာလို့ ဗွီအိုအေသတင်းထောက် လီဆာ ရှလိုင်းက ပြောပါတယ်။

ဒုက္ခသည်စခန်းထဲမှာ နေထိုင်တဲ့သူတွေ၊ ဒုက္ခသည်စခန်းမှာ စာရင်းသွင်းပြီး မြို့ပေါ်မှာ
နေထိုင်နေကြတဲ့သူတွေ အပါအ၀င် နိုင်ငံမဲ့နေသူတွေ၊ နိုင်ငံရင်းကနေ အိုးပစ်အိမ်ပစ်
ထွက်ပြေးနေကြသူတွေအားလုံးကို စုံစမ်းမေးမြန်းတဲ့အခါ ဒုက္ခသည် ကူညီ
စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ဆောင်ရွက်နေကြသူတွေဟာ သူတို့တွေ့ကြရ
မယ့်၊ ကြုံကြရမယ့်ကိစ္စတွေအတွက် တအံ့တသြ ဖြစ်ကြပြီး အဲဒီအတွက် သူတို့မှာ
ပြင်ဆင်ထားတာ မရှိကြဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
ပြောခွင့်ရအမျိုးသမီး ဂျနီဖာ ပါဂိုနစ် (Jennifer Pagonis) က ပြောပါတယ်။

"ဒုက္ခသည်တွေ တကယ်လိုအပ်နေတဲ့အရာ ၃၀% လောက်ကို မရရှိဘူးဆိုတာ ကျမ
သိလိုက်ရတော့ တော်တော်လေး အံ့သြ တုန်လှုပ်ခဲ့ရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊
နေ့စဉ် ကိုယ်လက်သန့်ရှင်းမှု၊ အညစ်အကြေးစွန့်မှုအတွက် လိုအပ်သမျှတွေပေါ့။
ဒီလောက် အခြေခံကျတဲ့ ကိစ္စလေးတွေတောင်မှ အထောက်အပံ့မရကြတော့ ဒုက္ခသည်
တွေရဲ့ဘ၀ဟာ သိပ်ကို ဆိုးဝါးလှပါတယ်။"

မြို့ပေါ်က ဒုက္ခသည်တွေထက်စာရင် စခန်းတွေမှာနေထိုင်ကြတဲ့ ဒုက္ခသည်တွေမှာ ပိုပြီး
လုံခြုံတဲ့ ပတ်ဝန်းကျင်အနေအထား ရှိတယ်လို့လည်း မစ္စပါဂိုနစ်က ဆိုပါတယ်။
ဒါပေမယ့်လည်း မြို့ပေါ်မှာနေကြတဲ့ ဒုက္ခသည်တွေအပေါ် စိုးရိမ်ပူပန်ရမှုတွေကတော့
တမျိုးတဘာသာပါ။ ဒီဒုက္ခသည်တွေဟာ တိုက်ခန်းနဲ့ဘာနဲ့ နေကြရတာတော့ အမှန်ပါ။
ဒါပေမယ့် တရားဝင်နေထိုင်ကြတာမဟုတ်လို့ သက်ဆိုင်ရာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး
အာဏာပိုင်တွေရဲ့ အဖမ်းအဆီးခံကြရမှာ၊ နေရင်းနိုင်ငံတွေကို ပြန်ပို့ခံကြရမှာတွေကို
အမြဲပူပန်နေရပြီး မြို့ပြမှာနေတဲ့ ဒုက္ခသည်တွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) ရဲ့ တရားဝင် အကာအကွယ်ပေး စောင့်ရှောက်
မှု ပိုပြီးလိုအပ်နေပါတယ်လို့လည်း မစ္စပါဂိုနစ်က ရှင်းပြပါတယ်။

၁၉၉၀ ခုနှစ်တွေထဲက ဂျော်ဂျီယာရဲ့ ခွဲထွက်ဒေသတွေဖြစ်တဲ့ တောင်အိုဇက်စတီးယားနဲ့
အက်ဘ်ခါဇီးယား နယ်မြေတွေက ဒုက္ခသည်တွေ၊ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြ
ရသူတွေ သိန်းနဲ့ချီရှိနေပြီး ဒီဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းရယ်လို့ ကျကျနနမရှိဘဲ
ဒုက္ခသည်စုဆောင်းရေးဌာနတွေမှာ အခုထိနေထိုင်နေကြရပုံကိုလည်း မစ္စပါဂိုနစ်က
အခုလို ဆက်ပြောပြပါတယ်။

"ဒုက္ခသည်စုဆောင်းရေးဌာနတွေမှာ နေမှုထိုင်မှု အခြေအနေတွေဟာ အံ့သြဖို့ကောင်း
လောက်အောင်ကို တုန်လှုပ်ချောက်ချားစရာ အခြေအနေတွေလို့ပဲ ပြောပါရစေတော့
ရှင်။ အခြေခံအကျဆုံး လူတယောက်အတွက် လိုအပ်ချက်ဖြစ်တဲ့ သောက်ရေ၊ သုံးရေ
မရှိ၊ မိလ္လာစနစ်ဆိုတာကတော့ ဝေလာဝေး၊ နေကြထိုင်ကြရတာကလည်း တကယ့်ကို
ကျင်းခလုပ်တွေပါ။

"အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ သားသမီး၊ မြေးတွေအားလုံး အခန်းလေးတခုထဲမှာ စုပြီး
တော့ ပြွတ်သိပ်နေကြရပါတယ်။ အကျိုးဆက်အဖြစ် အခန်းကျဉ်းလေးထဲမှာ မျိုးဆက်
သုံးစုစာ မိသားစုမှာ အချင်းချင်းတင်းမာမှုတွေ ပိုများလာပါတယ်။ ကလေးတွေက
ကျောင်းမသွားကြဘူး၊ ရေမရှိလို့၊ ညစ်ပတ်လို့ ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေက
လည်း ရှင်းလို့ကို မနိုင်နိုင်အောင်ပါပဲ။"

ပြီးခဲ့တဲ့ဇွန်လကမှ အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့ကို
ရောက်ရှိလာခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် အုန်းဖျန် ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရသူ
ကိုနေကော်က နာဂစ်မုန်တိုင်းအပြီး ဒုက္ခသည်တွေ သူတို့စခန်းကို ရောက်လာတဲ့
အတွက် ကြုံရတဲ့ အတွေ့အကြုံကိုလည်း ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"မြစ်ဝကျွန်းပေါ် နာဂစ်မုန်တိုင်းနဲ့ပတ်သက်ပြီး လူသစ်တွေ တော်တော်များတယ်။
သူတို့က မြစ်ဝကျွန်းပေါ်မှာ လုံးဝ အခြေချနေထိုင်လို့ မရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့
ထွက်လာကြတာပဲ။ ပျှမ်းမျှခြင်း ထောင်ဂဏန်းတော့ ကျော်မယ်ထင်တယ်။
ရောက်တော့လည်း ပလာက အရမ်းအ၀င်မခံဘူး၊ ထိုင်းလုံခြုံရေးပေါ့၊ ပုလိပ်ခေါ်မယ်
ထင်တယ်။

"ယူအန်အိတ်ခ်ျစီအာကတော့ ချပေးတဲ့ပမာဏအပေါ်မှာ နည်းနည်းတော့ အခက်အခဲ
ရှိတယ်။ ကျနော်တို့က စာပြန်တင်ရတယ်၊ အဆင့်ဆင့်ပေါ့။ ရုံးအဆင့်ဆင့်တင်တဲ့နေရာ
မှာ အပေါ်ကိုမရောက်တော့ လောလောဆယ် ရောက်လာတဲ့လူသစ်တွေက နည်းနည်း
တော့ အခက်အခဲရှိတာပေါ့။"

ဒုက္ခသည်တွေအနေနဲ့ သူတို့ ဒုက္ခသည်အဖြစ် ရပ်တည်ရေး နိုင်ငံရေးခိုလှုံခွင့်စနစ်တွေ၊
ဒုက္ခသည်မှတ်ပုံတင်ရေးလုပ်ငန်း၊ စာရွက်စာတမ်း ပြုစုရေးလုပ်ငန်းနဲ့ နယ်စပ်တွေမှာ
စောင့်ကြည့်ရေးလုပ်ငန်းတွေပါ ပါဝင်ပြီး ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်
ဖို့နဲ့ အမျိုးသမီးတွေအပေါ် လိင်မှုဆိုင်ရာ အကြမ်းဖက်မှု အပါအ၀င် တခြား အကြမ်းဖက်
တာတွေ မကျရောက်ရအောင် စွမ်းအားမြှင့်လုပ်ဆောင်ရမယ်လို့ မစ္စပါဂိုနစ်က ပြောပြ
သွားပါတယ်။
နိုင်ငံတကာဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ယူအန်အိတ်ခ်ျစီအာ
အနေနဲ့ အလှူရှင်နိုင်ငံကြီးတွေထံမှာ အမေရိကန်ဒေါ်လာ ၆၃ သန်း ၅ သိန်းကို တင်ပြ
တောင်းခံထားတယ်လို့ မစ္စပါဂိုနစ်က ပြောပြသွားပါတယ်။