12.21.2010

အိန္ဒိယ- မြန်မာ ရေကြောင်း ကုန်စည်ကူးသန်းရေးစာချုပ်

ရန်ကုန် ၊ဒီဇင်ဘာ ၂၀။
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ် တစ်ခုကို စစ်တွေမြို့တွင် မနေ့က ချုပ်ဆိုခဲ့သည်ဟု သိရပါသည်။ ထိုစာချုပ်ကို မြန်မာဘက်မှ အဆင့်မြင့်အရာရှိကြီးများနှင့် အိန္ဒိယနိုင်ငံ ESSAR projects (India) Co.Ltd ၏ ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ ဥက္ကဌအပါအဝင် အိန္ဒိယ အဆင့်မြင့် အရာရှိများ တက်ရောက်ကြပါသည်။ ထိုစာချုပ်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ စစ်တွေမြို့တို့ ကုလားတန်မြစ်ကို ဖြတ်၍ အပြန်အလှန် ကုန်ပစ္စည်းများ တင်ပို့ရန် သဘောတူညီ ရေးထိုးသော စာချုပ်ဖြစ်ပါသည်။
၁၉၆၅ ကီလိုမီတာ ရှည်လျှားသော ကုလားတန်မြစ်၏ အစိတ်အပိုင်းအတွင်း Kolkata ၊ မီဇိုရမ်နှင့် အနောက်ဘင်ဂေါ ပြည်နယ်တို့ကို ဖြတ်သန်းသွားသော ရေကြောင်းဖြင့် ကုန်ပစ္စည်းများ တင်ပို့ နိုင်မည်ဖြစ်ပါသည်။ ထို့အတူ ကားနှင့် မီးရထားလမ်းများ ၆၇၃ ကီလိုမီတာလည်း ပါဝင်ပါသည်။ ၁၂၉၄ ကီလိုမီတာ အရှည်ရှိ ထိုမြစ်၏ အစိတ်အပိုင်းသည် ရခိုင်ပြည်နယ် အနောက်ပိုင်းမှ ဖြတ်သန်းသွားပါသည်။
မြန်မာ အဆင့်မြင့် အရာရှိတစ်ဦးက အလွန်အားရစရာကောင်းသော ထိုစီမံကိန်းသည် ၂၀၁၃ နှစ်ကုန်တွင်မှ ပြီးဆုံးမည်ဟု ပြောပါသည်။
၂၀၀၈ ခုနှစ် ဧပြီလ ၂ရက်နေ့ နအဖ ဒုဥက္ကဌ ဗိုလ်ချုပ်မောင်အေး၏ အလည်အပတ် ခရီးစဉ်အတွင်း ချုပ်ဆိုခဲ့သော Indo-Myanmar Framework သဘောတူစာချုပ်သည် အမေရိကန်ဒေါ်လာ ၁၁၇ မီလျှံ ကုန်ကျမည်ဖြစ်ပြီး ထိုစီမံချုက်ကမူ အိန္ဒိယ နိုင်ငံတွင် စတင်မည် ဖြစ်ပါသည်။
ယခုစီမံကိန်းမှာမူ စစ်တွေမှ ပလက်ဝအထိ ၁၅၈ ကီလိုမီတာ ရှည်လျှားသော ရေကြောင်းသွားလာရေး လမ်းကြောင်းကို ဖေါ်ထုတ်မည်ဖြစ်ပြီး ၆၈.၂၄ မီလျှံ ကုန်ကျမည် ဖြစ်ပါသည်။
တွက်ချက်မှုများအရ ပလက်ဝမြို့မှ မြန်မာ-အိန္ဒိ နယ်စပ်သို့ ဖေါ်လုပ်မည့် ၆၂ ကီလိုမီတာ အရှည်ရှိ ကားလမ်းမှာမူ ၄၉.၁၄ မီလျှံ ကုန်ကျမည်ဟု ဆိုပါသည်။
အိန္ဒိယနိုင်ငံ၏ ပြင်ပဆက်ဆံရေး ဝန်ကြီးဌာနက ထိုစီမံကိန်းများကို IWAI ခေါ် Inland Waterway Authority of India က စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး အတိုင်ပင်ခံ (PDC) အဖြစ် ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။
နောက်ပိုင်တွင်း Kolkata မှ တန်ချိန် ၆၀၀၀ အထိရှိသော ကုန်စည်သင်္ဘော များသည် စစ်တွေရှိ ရေနက် ဆိပ်ကမ်းသစ်တွင် လာရောက်ဆိုက်ကပ်နိုင်လိမ့်မည်ဟု လည်း ဆိုပါသည်။