8.29.2010

သန်းရွှေ ၊ မောင်အေးနှင့် စစ်တပ်ခေါင်းဆောင်များ နှုတ်ထွက်ကြပြီ

ရန်ကုန် သြဂုတ် ၂၉ ။
မြန်မာစစ်အုပ်စု၏ အမြင့်ဆုံးအာဏာပိုင်များ ဖြစ်ကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(၇၈)နှစ်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (၇၃) နှစ်တို့သည် သူတို့၏ စစ်ဘက်ရာထူးများက နှုတ်ထွက်သွားခဲ့ပြီ ဟု စစ်ဘက် အရာရှိတစ်ဦးက ပြောခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နှုတ်ထွက်သွားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်း ပြောဆိုနေကြခြင်းများ ရှိနေပါသည်။
ထုတ်ဖေါ်ပြောပြသူကမူ ထိုကဲ့သို့ နှုတ်ထွက်ခြင်းသည် ဟုတ်မှန်သည်ဟု အတည်ပြု ပြောကြားခဲ့သော်လည်း
နိုင်ငံရေးကပါ အနားယူသွားမသွားကိုမူ သူတို့လဲ ရေရာစွာ မသိရှိဟု ဆိုပါသည်။
ရွေးကောက်ပွဲ ကော်မရှင်တွင် ကိုယ်စားလှယ်လောင်းများ တင်သွင်းရမည့် နောက်ဆုံးရက်ကို ယခုလ ၃၀ရက်နေ့ နောက်ဆုံးထား တင်သွင်းရန် သတ်မှတ်ထားပါသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲဝင်ရန် စာရင်းပေးသွင်းခဲ့လျှင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေငြာ လိမ့်မည်ဟု အထက်ပါ အရာရှိက ပြောပါသည်။
စစ်အုပ်စုက ကြောထောက်နောက်ခံ ပြုထားသော ကြံဖွ့ပါတီသည် လက်ရှီ အခြေအနေတွင် အင်အား အကြီးဆုံး ပါတီ အဖြစ်ရပ်တည်နေသလို  ဝန်ကြီးချုပ်ဟောင်း သိန်းစိန်နှင့် အခြားဝန်ကြီး၊ ဒုဝန်ကြီး ဟောင်းများက ဦးဆောင်လျှက်ရှိပါသည်။
ထိုအရာရှိကပင် ဆက်လက်ပြောပြရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေရာကို စစ်ရေးချုပ် သူရမြင့်အောင် က လည်းကောင်း ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို စစ်ဆင်ရေး အထူးအဖွဲ့(၃) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ကလည်းကောင်း ပြောင်းလဲ တာဝန်ယူကြသည်ဟု သိရပါသည်။
ထိုအတူ အခြား အဆင့်မြင့် အရာရှိများစွာလဲ နှုတ်ထွက်ခဲ့ကြရာ ဗိုလ်ချုပ် သူရရွှေမန်း၏ နေရာ ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး ကြည်း ရေ လေ အဖြစ် ယခင် စစ်ဆင်ရေး အထူးအဖွဲ့ (၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လည်းကောင်း၊ ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦး၏ နေရာကို နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဝေလွင်က လည်းကောင်း ဗိုလ်ချုပ် ရဲမြင့်၏ နေရာကို အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေနှင့် ဗိုလ်ချုပ် စိုးမောင်နေရာကို ဗိုလ်ချုပ်၇ာပြည့်က အသီးသီး ပြောင်းလဲ ရယူခဲ့ကြပါသည်။
ရွေးကောက်ပွဲရန် ရည်ရွယ်ချက်ဖြင့် သက်ကြီးအဆင့်မြင့် အရာရှိများ နှုတ်ထွက် သွားကြသဖြင့် လူငယ် အရာရှိများသည် ရာထူး အခွင့်အလမ်းများ ပေါ်ပေါက်လာသဖြင့် ပျော်ရွှင်နေကြသည်ဟု အဆိုပါ အရာရှိကပင် ဆက်လက်ပြောပြသွားပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

လူကုန်ကူးခံရသည့် မြန်မာအလုပ်သငယ်အား ၂နိုင်ငံအထူးတပ်ဖွဲ့တို့ က စုပေါင်းကယ်တင်

သြဂုတ် ၂၇
ထိုင်းဘာသာပြန်၊ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
မြန်မာအစိုးရ၏ နယ်စပ်ဒေသ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက်လှမ်းရေးအဖွဲ့မှ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့သို့ သတင်းပေးပို့ အကူညီတောင်းခံမှုကို ထိုင်းတာဝန်ရှိသူများက အရေးတယူ ချက်ခြင်း ဆောင်ရွက်ခဲ့သဖြင့် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးငယ်တစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းTV 3 လိုင်းမှ ယမန်နေ့ နှင့် ယနေ့ တွင် ထုတ်လွှင့်ပြသွားသည်။
လူကုန်ကူးခြင်းခံရသော အသက် ၂၇နှစ်အရွယ် မဖြူဖြူ၏ ဓါတ်ပုံနှင့် သတင်းအချက်အလက်များအား မြန်မာ
လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ က ထိုင်းဘက်အခြမ်းသို့ ပေးပို့ ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းအစွန်ဆုံး ချမိုင်ကိုလုတ်ဘူတာတွင် ကိုနိုင်ဆိုသူုကလာကြိုပြီး၊ ဘန်ကောက်သို့ တက်မည့် အမြန်မီးရထားတွဲ အမှတ်၁၇၁တွင် စီးနင်းလိုက်ပါလာကြောင်း ထိုင်းလူကုန်ကူးသူများ ကွန်ယက်ဖြန့်ကျက် လိုက်လံရှာဖွေခဲ့သည်။ တွေ့ရှိစဉ် ဖြူဖြူမှာ မူးဆေးထိ၍ မူးဝေနေကြောင်း တိုင်းခရိုင်၊ နယ်မြေ၉ အထူးထောက်လှမ်းရေးများက သက်ဆိုင်ရာနယ်မြေရဲဌာနများသို့ အကြောင်းကြားခဲ့သည်။ နယ်မြေရဲဌာနများကလည်း မီးရထားတွဲလုံခြုံရေးရဲများသို့ ဖြူဖြူနှင့်ပါတ်သက်သည့် သတင်း အချက် အလက်များအား အကြောင်းကြားခဲ့သည်။
ဆေးမူးနေသော ဖြူဖြူကို ရထားပေါ်တွင် ထိန်းသိမ်းနိုင်ခဲ့ပြီး လူကုန်ကူးခံရသူများအား ပြုစု စောင့်ရှောက်သည့် စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။ တိုင်းခရိုင်နယ်မြေ ၉ အထူးထောက်လှမ်းရေးတပ်ဖွဲ့က ဇွန်လက မြန်မာအမျိုးသမီး ၅ဦးအား လူကုန်ကူးမှုမှ ကူညီပေးခဲ့ကြောင်း များမကြာမီ အချိန်အတွင်းကလည်း အသက်၁၅နှစ်အရွယ် မြန်မာမိန်းကလေးငယ် တစ်ဦးအားအား ကူညီပေးခဲ့ကြောင်းဖေါ်ပြသွားသည်။
လူကုန်ကူးသည့်အဖွဲ့ များသည် ခွဲခြားမရနိုင်လောက်အောင် စာရွက်စာတမ်း အတုများအား လုပ်ဆောင်ပြီး ထိုင်းနိုင်ငံအတွင်းသို့ လူကုန်ကူးနေကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးများလည်း သယ်ဆောင်နေကြောင်း၊ ထိုသို့ အတုလုပ်ပေးသည့် နေရာဌာနတို့အား အထူးစုံစမ်းလေ့လာနေကြောင်း အထူးတပ်ဖွဲ့ကို ကိုးကား၍ TV3 က ထုတ်လွှင့်ပြသသွားသည်။