1.09.2010

Burma's News World's News

FROM BBC SPORT >>
Togo pull out of the Africa Cup of Nations as the death toll from the gun attack on their team bus reportedly rises to three.

'CIA bomber' vowed revenge
Video purportedly of a man who killed CIA agents in Afghanistan shows him vowing revenge for a Pakistani Taliban chief's death.
Indian man attacked in Australia
An Indian man is attacked and set alight in the Australian city of Melbourne, a week after an Indian student there was killed.
QUOTE OF THE DAY
I have urged them [Burmese military leaders] to first of all make it clear about all the electoral systems, and there should be clearly set deadlines for the election.
— UN Secretary-General Ban Ki-moon

Fake 5,000-kyat Notes Seized in Pegu

By ZARNI MANN
Police arrest a man in the second reported case of counterfeiting since the new banknote was introduced late last year.

New Enemies of the State in Burma

By WAI MOE
In Burma, anyone suspected of sharing information that the authorities deem sensitive risks being sent to prison, or worse.

Weekly Business Roundup (January 09, 2010)

By WILLIAM BOOT
The two Indian state-owned companies involved in developing Burma’s massive offshore gas reserves in the Bay of Bengal are planning to invest more than US $250 million in a 1,000-kilometer pipeline to ferry the fuel into China.

Election to be Held in October?

By WAI MOE
One of Japan's leading dailies, citing a Burmese military source, says this year's election is slated take place on October 10.

Another Medical Malpractice Death in Rangoon

By ARKAR MOE
A 59-year-old woman, Kyi Lay, dies while undergoing a hip operation at Aung Yadana Medical Center in Rangoon.
100 Factory Workers Strike in Rangoon
By THE IRRAWADDY
About 100 female workers from a shrimp processing factory in Rangoon's Hlaing Tharyar Township have gone on strike.

State secrets in Burma are no secret for 2010 election
(Commentary) These days death sentences come from China and Burma. The coincidence is ...
Burmese form part of missing children in Thailand
Thai social workers have urged the government to find a solution for a large number of ...
Activist sentenced to 71 years in prison
Fifteen political activists from three townships in Mandalay Division, who were held in ...
Junta allows KIO to wear uniforms at Manau festival
Junta’s Northern Command Commander has allowed the Kachin Independence ...
Burma elections to be held ‘in October’

Jan 8, 2010 (DVB)–Elections in Burma could be held in October this year, according to information leaked from a meeting between the head of a Japanese charity and Burma’s agriculture minister. - more


Trade unions attack Burma wage rise

Jan 8, 2010 (DVB)–A salary increase for civil service workers in Burma is necessary but will severely strain the country’s budget and “damage the public”, a Burmese trade union coalition has said. - more


UN defends hiatus on Burma envoy

Jan 8, 2010 (DVB)–The United Nations has said that it continues to be closely engaged with Burma after accusations that it has been lax in appointing a successor to former envoy Ibrahim Gambari. - more


Death sentence for Burmese whistleblowers

Jan 8, 2010 (DVB)–Two Burmese government officials accused of leaking sensitive information about secretive diplomatic trips to Russia and North Korea are to be executed, a Rangoon court has announced. - more

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Mae La refugees camp

ထိုင်း၊ မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းက မြန်မာစစ်ပြေးဒုက္ခသည် ၃၀ ကို ဂျပန်နိုင်ငံက ပထမဦးဆုံး အကြိမ်အဖြစ် ဒီနှစ်အတွင်းမှာ စတင်ခေါ်ယူတော့မှာ ဖြစ်ပါတယ်။

Major Win Naing Kyaw-Photo-Irrawaddy Online

Burmese people voting at the 1990 elections in Burma.

၅၀၀၀ ကျပ်တန် အတု ကိုင်ဆောင်သူတဦး ပဲခူးတွင် အထိန်းသိမ်းခံရဟုဆို

၅၀၀၀ ကျပ်တန် အတု ကိုင်ဆောင်သူတဦး ပဲခူးတွင် အထိန်းသိမ်းခံရဟုဆို

အတုဟု ယူဆရသော ၅၀၀၀ ကျပ်တန် ကိုင်ဆောင်မှုဖြင့် အသက် ၄၀ ကျော်အရွယ် ရဲဝန်ထမ်းဟောင်း အမျိုးသား တဦးကို ပဲခူး မြို့မ ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
အမျိုးသမီး လူရွှင်တော်များဖြင့် ချိုးလင်းပြာ အငြိမ့်တင်ဆက်

အမျိုးသမီး လူရွှင်တော်များဖြင့် ချိုးလင်းပြာ အငြိမ့်တင်ဆက်

အမျိုးသမီးလူရွှင်တော်များ ပါဝင်ကပြသည့် ချိုးလင်းပြာ အငြိမ့်ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၁၅ နှစ်ပြည့် အခမ်းအနားတွင် တင်ဆက်ခဲ့ရာ တက်ရောက်သူများ နှစ်ခြိုက်အားပေးကြသည်ကို တွေ့ရသည်။

ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမများ စိုးရိမ်ဖွယ်ရာအခြေအနေနှင့်ကြုံနေရ

ဂျော်ဒန် နိုင်ငံ မြို့တော် အမ္မန်မြို့အနီးရှိ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ၏ စတင်ရန်ရှာမှုနှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားရာမှ ဆန္ဒပြခဲ့သည့် မြန်မာ အလုပ်သမ ၆၀၀ ကျော်သည် ဖိအားပေးအကျပ်ကိုင်မှုများ၊ စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သတင်း ရရှိသည်။

မနောပွဲသို့ စစ်ဝတ်စုံဖြင့် တက်ရောက်ခွင့်ပြု
၆၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲ အခမ်းအနားပွဲသို့ ကချင်အမျိုးသား ...
ကချင်မနောပွဲ စည်းကမ်းများ ကြိုတင်သတ်မှတ်
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ကျင်းပနေသည့် ၆၂ နှစ်မြောက် ကချင်ပြည်နယ် ...
တက်ကြွသူများ ထောင်ဒဏ် ၇၁ နှစ်အထိ အမြင့်ဆုံး ကျခံရ
မန္တလေး အိုးဖိုထောင်တွင် ၃ လခန့် အချုပ်ခံထားရသည့် မန္တလေးတိုင်း မြို့နယ် ၃ မြို့နယ်...

နိုင်ငံရေးအဖွဲ့ အလှူမလုပ်ရဟုဆို
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၉၊ ၂၀၁၀ ရန်ကုန်မြို့၊ အလုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့မှ ပဒေသာပင်။ အလုံမြို့နယ် NLD အဖွဲ့ဝင်များ၏ လှူဒါန်းငွေ ကျပ် ငါးသောင်းဖြင့် ပြင်ဆင်ထားသည့် ထိုပဒေသာပင်ကို အလုံနယ်လုံးဆိုင်ရာ သာသနာ့နုဂ္ဂဟ ဆွမ်းလောင်း အသင်း၏ ဆွမ်းလောင်းမဏ္ဍပ်များမှတဆင့် လှူဒါန်းရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ဒေသခံ ဂေါပက အဖွဲ့က နိုင်ငံရေးပါတီများ ပါဝင်လှူဒါန်းရန် ခွင့်မပြုကြောင်း တားမြစ်ခဲ့သည်ဟု ဆိုသည်။ မိုးမခ


more


more


more


more


more


more


more

မြန်မာ့ ရွေးကောက်ပွဲအခြေအနေ ကုလသမဂ္ဂ စောင့်ကြည့်မည်
၅၀၀၀ကဵပ်တန် ငွေအတုများပဲခူးတွင် ဖမ်းဆီးရမိ
ကချင်ပြည်နယ်နေႛနှင့် မနောပွဲ လုံခြုံရေးတင်းကျပ်
ဝန်ထမ်းအဆင့်အားလုံး လစာအူပင် နေႛစားလုပ်ခတွေပၝ တိုးပေး
မန္တလေးတိုင်းယာဉ်ထိန်းရဲများက ဒဏ်ရိုက်္ဘပီး ငွေရှာနေ
ရန်ကုန်တိုင်း လယ်သမားများကို လယ်သိမ်းရုံမက္ဘခိမ်းခြောက်နေ

မြန်မာ စစ်အုပ်စုက လစာတိုးရေး အမိန့်ကို ၂၀၀၉ ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့

မြန်မာစစ်အပ်စုက တရားဝင် ထုတ်ပြန်ကြေငြာခဲ့ခြင်း မရှိသော်လည်း လစာတိုးပေးမည့် အမိန့်ကို ပြီးခဲ့သော ၂၀၀၉ ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ ကတည်းက အတည်ဖြစ်ခဲ့ပြီး ဖြစ်ကြောင်း ထိုအမိန့်စာက ဖေါ်ပြထားသည်ဟု သိရပါသည်။
မြန်မာ့ ဘဏ္ဌာရေးနှင့် အခွန်ဝန်ကြီး ဌာနက ထိုအမိန့်ကို ထုတ်ပြန်ကြေငြာခဲ့ခြင်း ဖြစ်ကြောင်း ထိုအမိန့်စာကို လက်ခံရရှိခဲ့သော အမည် မဖေါ်လိုသူ တာဝန်ရှိသူ တဦးက ပြောပြခဲ့ပါသည်။
ဤသတင်းနှင့်ပါတ်သက်၍ ပြည်ပ သတင်းဌာနများက အောက်ခြေ အဆင့် ဝန်ထမ်းများ လခနှစ်သောင်းစီ တိုးမည်ဟု ဖေါ်ပြခဲ့ကြ သော်လည်း ထိုအမိန့်စာတွင် လစာကျပ် ၁၅ ၀၀၀ မှ လစာ ကျပ် ၁၉၀၀၀၀ အထိ ရရှိသူ ဝန်ထမ်းအားလုံးကို အဆင့် ဆယ့်နှစ်ဆင့် ခွဲခြား သတ်မှတ်ထားပြီး ထိုအဆင့်အားလုံး လစာ ကျပ်နှစ်သောင်းစီ တိုးမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။
နအဖ စစ်အုပ်စုသည် ခေါင်ခိုက်နေသော ကုန်ဈေးနှုန်းများကြောင့် လစာဖြင့် မလောက်ငှသောကြောင့် အတိဒုက္ခ ရောက်နေရသော ဝန်ထမ်းများ၏ ဆန့်ကျင် ကန့်ကွက်မှုများ မဖြစ်ပေါ်လာစေရန် အတွက် ထိုသို့ တိုးပေးခဲ့ဖြစ်နိုင် သလို ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှု တခု အနေဖြင့် တချက်ခုတ် နှစ်ချက်ပြတ် လုပ်ဆောင်မှုသာ ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေပါသည်။
ထို အမိန့်စာတွင်မူ အစိုးရ အနေဖြင့် အလုပ်သမားများ အတွက် သက်သာချောင်ချိမှု မှုရစေရေး အတွက် တိုးပေးခဲ့သည် သဘောဆောင်သော စာသားတို့ဖြင့် ဖေါ်ပြခဲ့ပါသည်။
ယခုအကြိမ်နှင့် ဆိုလျှင် ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးသည့် နောက်တွင် ၈ကြိမ်မြောက် လစာ တိုးပေးခဲ့ခြင်း ဖြစ်သလို ကုန်ဈေးနှုန်းများမှာလည်း ၁၉၈၈မှ ယခုအချိန်ထိ အဆပေါင်း မြောက်များစွာ တက်လာ ခဲ့ ပါသည်။
ပြီးခဲသော ဇန်နဝါရီလ ၁ရက်နေ့မှ စတင်၍ အတည်ဖြစ်ခဲ့သော ထိုအမိန့်အရ ခွဲခြားထားသော အဆင့် ၁၂ဆင့် တွင် နံပါတ်တစ် အဆင့် လစာ ၁၅၀၀၊ နံပါတ်နှစ် အဆင့် လစာ၂၁၀၀ ၊ နံပါတ်သုံး အဆင့် လစာ ၂၇၀၀၊ နံပါတ် လေး အဆင့် ၃၃၀၀၀ ၊ နံပါတ်၅ အဆင့် ၃၉၀၀၀ ၊ နံပါတ်၆ အဆင့် ၄၅၀၀၀ ဖြစ်ပြီး နံပါတ် ၇ အဆင့် ၈၀၀၀၀ မှ နံပါတ် ၁၂ အဆင့် ၁၉၀၀၀၀ အထိ ဖြစ်ရာ အဆင့် အသီးသီးကို ကျပ်ငွေ နှစ်သောင်းစီ တိုးပေးခဲ့ပါသည်။
သို့ရာတွင် နှစ်တိုး လစာကိုမူ နံပါတ်တစ်မှ ခြောက် အထိ ကို တနှစ် ၁၀၀၀ကျပ် သတ်မှတ်ထားပြီး နံပါတ် ၇မှ ၁၂ အထိကိုမူ တနှစ်ကို ကျပ်နှစ်ထောင် တိုးပေး ရမည်ဟု ဖေါ်ပြခဲ့ပါသည်။
ထိုသို့ လစာတိုးသော အမိန့်သည် တပ်မတော်သားများနှင့်လည်း အကြုံးဝင်ပြီး တပ်မတော်သားများ၏ လစာကိစ္စ ကို ကာကွယ်ရေးဝန်ကြီး ဌာနမှ စီစဉ်ဆောင်ရွက်ရမည်ဟု ပါရှိပါသည်။
၁၉၉၇ ခုနှစ် ကိုစံထား၍ တိုင်းတာသော အညွှန်းကိန်းများ အရ ကုန်ဈေးနှုန်းများမှာ ၉ဆ သို့ ၉၀၀ ရာခိုင်နှုန်း အထိ တက်လာခဲ့ကြောင်း ထို ပုဂ္ဂိုလ်ကပင် ပြောပြသွားခဲ့ပါသည်။
ထိုအတူ ငွေကြေး ဖေါင်းပွမှုနှုန်းမှာ ၂၀၀၄-၂၀၀၅ ခုနှစ် တွက်ချက်မှုများ အရ ၃.၇၇ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ပြီးခဲ့သော ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ၂၂.၅၀ ရာခိုင်နှုန်း အထိ မြင့်တက် လာခဲ့ပါသည်ဟု ဆက်လက် ပြောပြသွား ခဲ့ပါသည်။
ထိုသတင်း ထွက်ပေါ်လာခဲ့ခြင်းနှင့် တပြိုင်နက်တည်း လိုလိုပင် ကုန်ဈေးနှုန်းများမှာလည်း မြင့်တက်လာနေ ခဲ့ကြောင်း သိရပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

မြန်မာ့အရေး ဆွေးနွေးပွဲကျင်းပရေး အကြိုလှုပ်ရှားမှုလို့ အမည် တပ်ထားတဲ့ ထုတ်ပြန်ချက်

မြန်မာ့အရေးဆွေးနွေးပွဲကျင်းပရေး ကော်မတီလို့ အမည်တပ်ဆောင်ရွက်နေသူများက လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ပြုလုပ်မယ့် သူတို့ရဲ့ အကြိုလှုပ်ရှားမှု ဆိုပြီး ဓါတ်ပုံသတင်းများနဲ့ ထုတ်ပြန်လာခဲ့ပါတယ်။
အဆာဟိရှင်ဘွန်းသတင်းစာရဲ့ ဆောင်းပါးရှင် တဦးကလဲ နအဖက လာမယ့် ၁၀ရက် ၁၀လ ၂၀၁၀ မှာ ရွေး ကောက်ပွဲ ပြုလုပ်ရန် သတ်မှတ်ပြီးကြောင်းနှင့် ရွေးကောက်ပွဲဝင်မယ့် စစ်တပ်အရာရှိကြီးများ အပြီးသတ် နှုတ် ထွက်ရမယ့် ရက်ကိုပါ ထည့်သွင်းရေးသား ခဲ့သော်လည်း နအဖဘက်မှ ငြင်းဆိုမှု မရှိခဲ့သလို အတည်ပြု ပြောဆိုမှု လည်း မပြုခဲ့ပါ။
ထို့အတူ နအဖ၏ ပါတီအဖြစ် အသုံးပြုမည်ဟု သတင်းထွက်နေသော ကြံ့ဖွံ့၏ မဲဆွယ် စည်းရုံး လှုပ်ရှားနေ မှုများကို လွန်ခဲ့သောလပေါင်းများစွာကပင် ပြုလုပ်နေခဲ့ပါသည်။ နအဖနှင့် ညှိနှိုင်း၍ ခွင်ြ့ပုချက် ရယူ ဆောင်ရွက် နေသော ကိုအေးလွင် အဖွဲ့နှင့် ယခု မြန်မာ့ အရေးဆွေးနွေးပွဲ ကျင်းပရေး ကော်မတီ တို့သည်လည်း ခြေလှမ်း သွက်စွာ လှုပ်ရှားဆောင်ရွက်မှုများကို လုပ်ဆောင်နေခဲ့ပါသည်။ ယခုဖေါ်ပြထားသော သတင်းဓါတ်ပုံများမှာ မြန်မာ့ အရေး ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုဓါတ်ပုံများတွင် ဝါရင့် နိုင်ငံရေးသမား ကြီးများနှင့် သာမက ဆရာကြီးဒဂုန်တာရာ၊ ဆရာအောင်သင်းစသော စာရေးဆရာကြီးများနှင့်ပါ ပူးတွဲ ရိုက်ထား သော ဓါတ်ပုံများကို တင်ပြထားသော်လည်း မည်သည့် နေ့ရက်က တွေ့ဆုံခဲ့သည်။ မည့်သည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြောင်းကိုမူ ဖေါ်ပြထားခြင်း မရှိပါ။
သူတို့၏ ထုတ်ပြန်ချက်ကို လေ့လာနိုင်ရန် တင်ပြပေးလိုက်ပါသည်။
Burma Forum Pre Consultation 01 ဖတ်ရှုရန် ဒီနေရာမှာနှိပ်ပါ

ထိုင်းရဲများ၏ဂုဏ်သိက္ခာမဲ့ လုပ်ရပ်အား ထိုင်းလုပ်ငန်းရှင်များ ရုတ်ချပြောဆိုကြောင်း သတင်းစာတွင်ရေးသား

ဇန္န၀ါရီ ၉။ ဒေလီနယူးသတင်းစာ

ဘာသာပြန်။ ။ ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

ဘန်ကောက်မြို့ ဖလန်းစံ အရပ်တွင် ရှိသော အိမ်တွင်းမှု အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်သည့် အလုပ်ရုံ တစ်ခုတွင် တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘ တ်) အပြ ည့်အစုံရှိသော မြန်မာ အလုပ်သမား ၄ဦးအား ဖမ်းဆီးသွားသဖြင့် ထိုင်းလုပ်ငန်းရှင်က ထိုင်းရဲများကို ရှုတ်ချပြောဆိုလိုက်သည်။

ယမန်နေ့ နံနက် ၇နာရီခန့် တွင် အလုပ်သမားများ နေထိုင်ရာ အခန်းများရှေ့တွင် နိန်ကောက်နိန်(၁၉၁) ကား ရောက်ရှိ လာပြီး အလုပ်သမားက မိမိတို့တွင် ရှိသော(ဘတ်)ကိုပြကြသော်လည်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီပိုင်ရှင် အမျိုးသမီးက “အလုပ်သမား ၀န်ကြီး ဌာနက ထုတ်ပေးထားတဲ့ စာရွက် စာတမ်းတွေကို ပြပေ မယ့် ဂရုမစိုက်ဘူး။ ဖမ်းသွားတယ်။ တစ်ရက် အလုပ်နားလိုက်ရတော့ အခြားကုမ္ပဏီကို ပေးသွင်းရမယ့် ကတိတွေ ပျက်ကုန်တာပေါ့ ၊ ဘတ်သုံးသိန်းလောက် နစ်နာပါတယ်၊ ပိုက်ဆံ တောင်းတဲ့ နေရာလည်း ကြည့်အုံး လေ၊ လူအရောက်အ ပေါက်နည်းတဲ့ တံတားအောက်၊ လှေကားအောက်ကို ချိန်းတယ်၊ အလုပ်သမား တစ်ယောက်ကို ဘတ်၂၀၀၀စီ ပေးခဲ့ရတယ်၊ တော်တော် အောက်တန်းကျတဲ့ အလုပ်ကို ထိုင်းပုလိပ်တွေ လုပ် နေကြတယ်၊ လူမြင်မကောင်း လောက်အောင် ထိုင်းပုလိပ်တွေဟာ တရားဥပဒေ အပြင်ဖက်က လုပ်နေကြတယ်။ ဒီဖြစ်ရပ်ကို ကျမ မကျေနပ်ဘူး၊ အထက်အရာရှိထိ သိအောင် ကျမ တိုင်မယ်”ဟု ပြောသည်။

အိနြေ္ဒသိက္ခာ ရှိစွာ ရဲစခန်းလို နေရာများတွင် ငွေပေးချေရခြင်း မဟုတ်ပဲ လူသူ အရောက်အပေါက် နည်းသော နေရာများတွင် ချိန်းဆိုငွေတောင်းခြင်း၊ မြန်မာ အလုပ်သမားများအား လူမြင်ကွင်းတွင် အနိုင်အထက်ပြုခြင်း၊ အလုပ်သမားများတွင် ငွေကုန်ခံပြီး နေထိုင် အလုပ်လုပ်ကိုင်ခွင့် လုပ်ထားသော်လည်း ဂရုမစိုက်ပဲ၊ ဖမ်းချင်သလို ဖမ်းပြီး လုပ်စားနေကြခြင်းကို ဖလန်းစံ ရဲစခန်းသို့ တိုင်ကြားထားကြောင်း ကုမ္ပဏီ အသိုင်းအ၀ိုင်များက ပြောဆို ကြောင်း သတင်းစာတွင် ရေးသားထားသည်။

ဤသတင်းမှာ ယမန်နေ့ ထုတ်သတင်းစာတွင်ထည့်သွင်း ဖေါ်ပြထားသော်လည်း အဖြစ်အပျက်မှာ နှစ်သစ်ကူး ကာလက ဖြစ်ကြောင်း ရှင်းလင်းဖေါ်ပြထားသည်။ ဤဖမ်းဆီးမှုမှာ အနီး ပတ်ဝန်းကျင်တို့က အလုပ်သမားများ တွင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် မရှိသော လူများရှိကြောင်း တိုင်တန်းခြင်း ဖြစ်နိုင်ကြောင်း ကုမ္ပဏီ အသိုင်းအ ၀ိုင်းက ပြောသည် ။

ယာယီပတ်စပို့ ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား အချို့ကို ထိုင်းရဲများငွေညှစ်

ဇန္န၀ါရီ ၁၀

ယာယီပတ်စပို့ ကိုင်ဆောင်ထားသည့်မြန်မာအလုပ်သမားထံမှ ငွေညှစ်သည့် ထိုင်းရဲနှစ်ဦးအား နယ်မြေ ပြောင်းရွေ့  ပြစ်ဒဏ် ချမှတ်လိုက်ပြီး၊ ငွေပေးခဲ့ရသည့် အလုပ်သမားတစ်ဦးကို နယ်မြေရဲမှူးကြီးမှ ငွေပြန်လည် ပေးချေ ခဲ့သည်။

ဘန်ကောက်မြို့ နှင့် မဟာချိုင်နယ်မြေ အစပ် အုန်းနွဲ့ ဂုံးကျော်တံတား အောက်တွင်ရှိသော ထိုင်းရဲကင်း တာဝန်ကျ ရဲနှစ်ဦးက ယာယီပတ်စပို့ ကိုင်ဆောင်ထားသော မြန်မာအလုပ်သမား ၂ဦးထံမှ ငွေကြေး တောင်းခံ ခဲ့ခြင်း ဖြစ်သည်။

တောင်းရမ်းခံခဲ့၇သည့် ဘတ်ငွေ တစ်သောင်းကို ပြန်လည်ရရှိခဲ့သူဖြစ်သည့် ကိုကျော်ကျော်က “ ဇန္န၀ါရီ ၆ ရက်နေ့ မနက်ပိုင်းကပါ၊ မြ၀တီကို ပတ်စပို့ သွားလုပ်မယ့် ကရင်ပြည်နယ် ဘားအံက သူငယ်ချင်း သုံးယောက်ပါ၊ သူတို့ကို အဲဒီရဲကင်းက ဖမ်းပါတယ်။ အဲဒါကို ကျနော့်ကို အကူအညီတောင်းတဲ့အတွက် ကျနော်သွားခဲ့ပါတယ်။ ကျနော်သွားလိုက်တော့ ပုလိပ်က ကျနော့်ကိုမေးပါတယ်။ ကျနော်က ယာယီပတ်စပို့ကို ထုတ်ပြပါတယ်။ ပတ်စပို့ ကို ကြည့်ပြီးတော့ ကျနော့်ကို ထိုင်ခိုင်းထားပါတယ်။ သူငယ်ချင်းတွေကို တစ်ယောက်ကို ဘတ်၂၀၀၀စီ တောင်းပြီးတော့ ပြန်လွှတ်လိုက်ပါတယ်။ သူတို့ နယ်စပ်ကို ပတ်စပို့လုပ်ဖို့ သွားနေကြပါပြီ်။ ပြီးတော့မှ ကျနော့်ကို ပုလိပ်က“ဘာလဲ…မင်းက ပတ်စပို့ရှိလို့ မကြောက်ဘူးလားလို့ မေးပါတယ်၊ ကျနော်က ပြန်ပြောပါတယ်၊ သူငယ်ချင်းတွေမို့လို့ အကူအညီ ပေးချင်လို့ လာတာလို့ ပြောပါတယ်။အစတုန်းက ကျနော့်ယာယီပတ်စပို့ကို ကြည့်ပြီးပြီ။ ခုကြည့်တဲ့အချိန်မှာ ပုလိပ်က ကျနော့်ကို ၂ လက္မပတ်လည်လောက်ရှိတဲ့စာရွက်မှာ ရက်စွဲလည်း မပါပဲ ဂဏန်းသုံးလုံး ရေးပြီးတော့ ညှပ်လိုက်ပါတယ်။ ပြီးတော့မှ ကျနော့်ကို ဘတ် ၅၀၀၀ ထောင်ပေးရမယ်လို့ ပြောပြီး လက်ထိပ်လည်း ခတ်လိုက်ပါတယ်”ဟု ပြောသည်။ အဆိုပါနေရာတွင် မြန်မာအလုပ်သမားများကို ပြ၍ ထိုင်းရဲများနှင့် ပူးပေါင်းငွေတောင်းသည့် အလုပ်ကိုလုပ်စား နေသည့် မြန်မာနိုင်ငံသား အသက်သုံးဆယ် ၀န်းကျင် အရွယ် ကုလားတစ်ဦး ရောက်ရှိလာခဲ့သည်။

ကိုကျော်ကျော်က ဆက်လက်ပြောပြ ရာတွင် “နာမည်တော့ ကျနော်မသိဘူး၊ ကုလားတစ်ယောက် ရောက်လာတယ်၊ မင်း ချဲစာရွက်နဲ့ ဖမ်းမိတာမလွယ်ဘူး၊ ထောင်ကျနိုင်တယ်၊ သူတို့ တောင်းသလောက် မြန်မြန် ပေးလိုက်၊ ဒီကိစ္စက ဘယ်သူမှကယ်လို့ မရဘူးလို့ ၀င်ပြီးတော့ ခြိမ်းခြောက်ပါတယ်။ ကျနော် သူ့ ဖုန်းနဲ့ အမေ့ကို ဖုန်းဆက်လိုက် ပါတယ်၊၊ ဒီကုလားက လမ်းသွား လမ်းလာ မြန်မာတွေကို ပုလိပ်ရုံးထဲ ကနေပြီးတော့ မြန်မာတွေ လို့ ခန့် မှန်းရသူတွေကို ပုလိပ်ကို လက်ညှိုးထိုးပြတယ်၊ ဖမ်းတဲ့ ဗမာတွေကို ၀င်ပြီးတော့ ခြိမ်းခြောက်ပေးတယ်၊ ဘာသာပြန် ပေးတယ်၊ ဒီလို လုပ်စားနေတာ”ဟု ပြောသည်။

အဆိုပါ ရဲနှစ်ယောက်က တောင်းရမ်းသော ငွေကို ချက်ခြင်း ရောက်မလာသဖြင့် ဘတ်၁၀၀၀၀ ပေးရမည်ဖြစ် ကြောင်း ထပ်မံပြောဆိုလာသဖြင့် နောက်ဆုံးတွင် ဘတ်တစ်သောင်းပေးမှလွတ်မြောက်လာခဲ့သည်။

ကိုကျော်ကျော်သည် ထိုင်းရဲဖမ်းဆီးငွေညှစ်သော နေရာနှင့်အနီးငယ်သာအလှမ်းဝေးသော ကြက်သားကြော် ကုမ္ပဏီ တစ်ခုဖြစ်သည့် Leam Thong food products Co,Ltd တွင် အ လုပ်လုပ်နေသူ ဖြစ်သည်။ ကျော်ကျော်က မိမိငွေကြေးပေးဆောင်ခဲ့ရသည့်အကြောင်းကို အလုပ်သမားအဖွဲ့ တစ်ခုသို့ အကြောင်းကြားခဲ့ သကဲ့သို့  မိမိအလုပ်ရုံမှ အလုပ်သမားခေါင်းဆောင် (၀ဏ္ဏ) ကိုအထွန်းအား တိုင်ပင်ခဲ့သည်။

့ဇန္န၀ါရီလ ၈ ရက်နေ့ က လုပ်ငန်းရှင် သူဌေးကိုယ်တိုင် ဦးဆောင်၍ အလုပ် လက်ထောက်မန်နေဂျာ မြန်မာ အလုပ်သမားခေါင်းဆောင် ကိုအထွန်းနှင့် ငွေညှစ်ခံခဲ့ရသူ ကျော်ကျော်တို့ နံနက်၈နာရီခန့်တွင် နယ်မြေ ရဲစခန်းဖြစ်သော မဟာချိုင်နယ်မြေ ကထုန်ဘန် ရဲစခန်းသို့  အမှုဖွင့်တိုင်ကြားရန် သွားခဲ့ကြ သည်။

ညနေ ငါးနာရီကျော်တွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း ပြောပြသည်။ ကိုအထွန်းက “ကျနော် ဘန်ကောက် မြန်မာ သံရုံးက သံအမတ်ကြီးကို ဖုန်းဆက်ပါတယ်၊သူက ထိုင်းရဲချုပ်ကို ဖုန်းဆက်ပါတယ်။ ထိုင်းရဲချုပ်က တစ်ခါ သူ့အောက်က ရဲအရာရှိကြီးတွေကို ဆက်ပါတယ်။ ကျနော်ကိုမေးတော့ ကျနော်ကဖြစ်စဉ်ကို ပြောပြပါတယ်။ ရဲမှူးကြီးက ငါတို့တော့ အရှက်ကွဲပါပြီတဲ့၊ ၀င်ပြီးတော့ ညှိပေးတယ်၊ ကျော်ကျော်ဆီက တောင်းယူထားတဲ့ ငွေတစ်သောင်းကို ပြန်ပေးတယ်၊ အဲဒီရဲ၂ ယောက်ကို ခွင့်လွှတ်ပေးဖို့ ကြားက တောင်းပန်တယ်၊ ငွေညှစ်တဲ့ ပုလိပ်တွေကို အလုပ်ဖြုတ်လိုက်ရင် သူတို့ မိသားစုတွေ ဒုက္ခရောက်နိုင်တယ်၊ လာမယ့် တနင်္လာနေ့ ကျရင် နယ်ပြောင်းပေးမယ်၊ အဲဒီ အုန်းနွဲ့ က ထုန်ဘန်နယ်မြေမှာ ဒါမျိုး နောက်မဖြစ်စေရဘူးလို့  ကျနော်တို့ သူဌေးကို ဂတိပေး ပါတယ်။ ကျနော်က ပြောပြတယ်။ ကျနော်တို့ မြန်မာ ပြည်မှာ အိမ်ရှိတယ်၊ လယ်ရှိတယ်၊ ကိုယ့်တိုင်းပြည်မှာ အလုပ်အကိုင် ရှားပါးလို့ လာလုပ်ကြတာဖြစ်တယ်။ ထိုင်းမှာ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်သူတွေ ဖြစ်တယ်။ ခု ချဲ စာရွက်မို့ တော်သေးတယ်၊ မူးယစ်ဆေး (ယာဘ)ကို ညှပ်ပြီး ယာယီ ပတ်စ်ပို့ စာအုပ်ကြားမှာ တွေ့ ပါတယ်လို့  လုပ်ရင် မခက်ဘူးလားလို့ ပြောလိုက်ပါတယ်။ ဘာပဲပြောပြော ကျနော်တို့  အတွက် သတိထားစရာ သင်ခန်းစာတော့ ရလိုက်တာပေါ့” ဟု ပြောဆိုသွားသည်။

အဆိုပါအလုပ်ရုံမှ မြန်မာ အလုပ်သမား လေးရာကျော်မှာ လာမည့် ရက်ပိုင်းအတွင်း ယာယီပတ်စပို့ လုပ်ရန် နယ်စပ်သို့ သွားမည် ဖြစ်သည်။ လက်ရှိ ယာယီပတ်စပို့ လုပ်ပြီးသူ ငါးဆယ်နီးပါး ရှိပြီးဖြစ်ကြောင်း ပြောပြကြ သည်။

ငွေပြန်ရလာသော ကိုကျော်ကျော်က “ အယင်က ဘတ်ရှိရှိ/မရှိရှိ ဖမ်းနေတာ အဲဒါကို လွတ်မယ်ထင်လို့ မဖမ်းတော့ဘူးထင်လို့  ကျနော်ပိုက်ဆံ မတတ်နိုင်ပေမယ့် မဖြစ်ဖြစ်အောင် လုပ်တာပါ။ ခု ချဲပေါင်ချာညှပ်ပြီး ဖမ်းတယ် ဆိုတော့ ပတ်စ်ပို့ရှိတယ်ဆိုပေမယ့် ကျနော်တော့ လုံခြုံမှုမရှိသလို ခံစားရတယ်။ ခုဟာက ကျနော်တို့ သူဌေး ကိုယ်တိုင် လိုက်ပေးတယ်၊ မြန်မာသံမှူးကြီးက ထိုင်းရဲချုပ်ကို အလေးတယူ ဖုန်းဆက်ပြီးတော့ ကူညီပေး တာတွေကို အထူးကျေးဇူးတင်ပါတယ်ဗျာ။ နောက်တစ်ခုက အယင် ဒီပုလိပ်ရုံးမှာ လုပ်စားနေခဲ့တဲ့ မွန်လူမျိုး ဇာနည် အဖမ်းခံထားရလို့ နဲနဲအေးချမ်းနေတာ ခု ဗမာကုလားတစ်ယောက် လက်ထောက်ချ လုပ်စားနေတယ်၊ ကျနော်ကို ဖမ်းတဲ့နေ့ က သူလည်းရှိတယ်၊ ခု ရဲစခန်းမှာ သူကိုလည်း ကျနော်တို့ တိုင်ခဲ့တယ်”ဟု ပြောသည်။

၂၀၀၉ ခု နိုဝင်ဘာ၁၈ ရက်နေ့ က အဆိုပါနယ်မြေ ၆ထပ်တွင် မြန်မာကုန်ပစ္စည်းများ ရောင်းချသည့်ဈေးသည် ကိုအောင်ဇော်လင်းလည်း အုန်းနွဲ့ တံတားအောက် ရဲကင်းတွင် ယာယီပတ်စပို့ ကိုင်ဆောင်ထားသော်လည်း ငွေညှစ် ခံခဲ့ဖူးကြောင်း ပြောသည်။

“ကျနော် ဈေးဝယ်ပြီး ပြန်လာတယ်၊ မြန်မာကောင်မလေး ၂ ယောက်ကို ဖမ်းပြီးေ ငွတောင်းနေတာကို ကျနော် လှည့်ကြည့်ခဲ့တယ်၊ ခဏကြာတော့ ကျနော့်နောက်ကို အဲဒီ ပုလိပ် ၂ ယောက် ကျနော့်ရှေ့က ရပ်ပြီး ဘတ်ရှိလားလို့ မေးတယ်၊ ကျနော်က ယာယီပ တ်စပို့ကို ပြတော့ တံတားအောက်က သူတို့ ရဲကင်းကို ခေါ်သွား ပါတယ်၊ ပြီးတော့ ကျနော့်ကို အလုပ် လုပ်လို့မရဘူး။ ဈေးရောင်းလို့ မရဘူး၊ အလည် ပတ်စပို့ လို့ ပြောပါတယ်၊ ကျနော်က သူဌေးဆီမှာ ဈေးရောင်းတဲ့ အလုပ်ကိုလုပ်နေတဲ့ အလုပ်သမားလို့ ပြောပါတယ်။

ဘတ်သံဒေါင့်လုပ်ထားလို့ ၊ လုပ်ငန်းရှင်သူဌေးရှိလို့  ဒီယာယီ ပတ်စပို့ လုပ်လို့ ရတာလို့  ပြောတယ်၊ ကျနော့် ပိုက်ဆံ အိတ်ကို တောင်းကြည့်တယ်၊ ကျနော့်မပေးဘူး၊ ဖွင့်တော့ပြလိုက်တယ်၊၊ သူတို့  မကျေနပ်ဘူး ကျနော် သူဌေးကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်၊ သူဌေးရောက်လာတယ်၊ ပုလိပ်ရုံးကို မ၀င်ရဘူး။ ပုလိပ်တွေ ကျနော် ၀ယ်လာတဲ့ ၁၀၀ တန် ဖုန်းကဒ် ၃ခုကို ယူထားလိုက်တယ်။ အခြားဟာတွေတော့ မယူဘူး။ ကျနော့်ကို မဟာချိုင်က ထုန်ဘန်ရဲစခန်းကို ခေါ်သွားပြီးတော့ အ ချုပ်ထဲကို ထည့်လိုက်တယ်၊ ကျနော့်ကို ဘတ် တစ်သောင်း တောင်းတယ်၊ ကျနော့်ပတ်စပို့ ကို ရဲအရာရှိက သိမ်းထား လိုက်ပါတယ်။ သူဌေး ရောက်လာပြီးတော့ ဘတ် ၃၀၀၀ ပေးခဲ့ရတယ်”ဟု ပြောသည်။

ကိုအောင်ဇော်လင်းကို နေထိုင် အလုပ်လုပ်ကိုင်ခွင့် လုပ်ပေးထားသည့် သူဌေးတူဖြစ်သူမှာ ဥပဒေ အကြံပေး အရာရှိ တစ်ဦးဖြစ်သည်။ နံနက် ၇နာရီတွင် စတင်ဖမ်းဆီးခံခဲ့ရသော ကိုအောင်ဇော်လင်းမှာ ညဥ့် ၉နာရီခွဲ တွင် လုပ်ငန်းရှင် ကိုယ်တိုင် ဘတ်သုံးထောင်ပေးပြီး ရွေးထုတ်ခဲ့မှ လွတ်မြောက်လာခဲ့သည်။

ထိုင်းရဲများ ဖမ်းဆီး ငွေညှစ်ခြင်းကို ခံခဲ့ရသော်လည်း ဤအဖြစ်အပျက်ကို လူအများအား မပြောကြားခဲ့ကြောင်း ခု နိုဝင်ဘာ၁၉ ရက်နေ့ က ဘန်ကောက်မြို့ စာထွန်လမ်းမကြီးတွင် ရှိသော မြန်မာ သံရုံးသို့ သွားရောက်တိုင် ကြားခဲ့သည်။ သံရုံးဝန်ထမ်း အမျိုးသားတစ်ဦးက အဖြစ်အပျက်များကို ရေးသားဖြည့်စွက်ပြီ တင်ပြ ပြောဆိုခဲ့ သော်လည်း ယနေ့တိုင် မည်သို့သော အရေးယူ ဆောင်ရွက်မှုမျိုး မရှိခဲ့ကြောင်း ကိုအောင်ဇော်လင်း က ပြောသည်။

၂၀၀၉ အကုန်ရက်ပိုင်းတွင် မြန်မာသံရုံးသို့ တယ်လီဖုန်းဖြင့် အခြေအနေကို ဖုန်းဆက်မေးမြန်းခဲ့ရာ ထိုင်း ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ကူညီပေးရန် စီစဉ်ထားကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

သူယာယီ ပတ်စပို့ လုပ်စဉ်က ဘတ်ငွေ ၇၃၀၀ ကုန်ကျခဲ့ပြီး အလုပ်လုပ်ကိုင်ခွင့် ပါမစ်အတွက် ၃၇၀၀ဘတ် ပေးရပြီး အသက် အာမခံအတွက် ဘတ် ၆၀၀ ပေးသွင်းထားရပြီး သွေးစစ်ခအတွက် မပါဝင်သေးကြောင်း ပြောဆို သွားသည်။

ယာယီ ပတ်စပို့ လုပ်ကိုင်သဖြင့် ထိုင်းအလုပ်သမားများ နည်းတူ အခွင့်အရေး တန်းတူ ရရှိမည်ဖြစ်ပြီး နေရာ တိုင်းသို့ လွတ်လပ်စွာ သွားလာခွင့်ရရှိမည် ဖြစ်ကြောင်း၊ ထိုင်း အစိုးရ၊ မြန်မာအစိုးရ အပြင် ထိုင်းကုမ္ပဏီနှင့် မြန်မာ ပတ်စပို့ ပွဲစားများက ပြောဆိုခဲ့သော်လည်း ယာယီပတ်စပို့ လုပ်ကိုင်ပြီး လပိုင်းသာရှိသေးသော မြန်မာ အလုပ်သမားများအား ထိုင်းရဲများက မတရားအနိုင်ကျင့်နေသဖြင့် အထူးစိတ်ညစ်နေကြရသည်။

နှစ်နိုင်ငံအစိုးရတို့ သဘောတူ ဆောင်ရွက်နေသော တရားဝင်အလုပ်သမား ခန့်ထားရေး လုပ်ငန်းစဉ်အတွင်း ထိုင်းအစိုးရက ထိုင်းလုပ်ငန်းရှင်များကို ပြင်ထန်သောဖိ အားပေးမှုတို့ကြောင့် မြန်မာ အလုပ်သမားများက ငွေအမြောက်အများ အကုန်အကျခံပြီး ယာယီပတ်စပို့ကို လုပ်ကိုင်နေကြဆဲ ဖြစ်သည်။ ယခုကဲ့သို့ ထိုင်းရဲများ အနိုင်အထက် ပြုကျင်နေခြင်းကို ခံနေရသဖြင့် ယာယီပတ်စပို့ကို ကိုင်ဆောင်ထား သော်လည်း အကာအကွယ်မဲ့ သလို ခံစားနေရကြောင်း ငွေညှစ်ခံခဲ့ရသူနှစ်ဦးတို့က ပြောပြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။