3.31.2010

Burma's News World's News


Haitians receive foreign aid in Port-au-Prince, 20 March
UN chief Ban Ki-moon urges donors at a major fundraising conference to help build a "better future" for quake-ravaged Haiti.
Twelve die in Dagestan bombings
Suicide attacks in Russia's Caucasus region kill 12 people, as the nation remains on alert after bombings on Moscow's Metro.
Iranian scientist 'defects to US'
An Iranian nuclear scientist who has been missing since June has defected to the United States, a media report there says.

QUOTABLE
It is political brinkmanship on the part of the NLD. Should they [NLD] succeed and people boycott the poll, it could fundamentally change the political landscape of Myanmar. But if they fail – if voters ignore the boycott and vote for other parties – then it could spell the end of the NLD as a political party.
—Benjamin Zawacki, Amnesty International's researcher on Burma

Hypocrisy Replaces Hope after the NLD Decision

By AUNG ZAW
There's no shortage of hypocrites when Burma's the subject, and recent events have given them ample room on the world stage.


Dam Work Continues on Eve of Mekong Conference

By WILLIAM BOOT
Chinese construction and electricity companies begin work on hydroelectric dams in Burma and Cambodia on the eve of a regional conference to discuss trans-boundary water resources management.

600 Karen Refugees Return to Burma

By LAWI WENG
About 600 Karen refugees returned from Thailand to Burma, despite what has been described as the “very unstable” situation there.

Burma's Press Censored on NLD Decision

By KO HTWE
The Burmese regime's censorship board is forcing newspapers and other media to publish the official line on the NLD decision not to contest the election.

Jailed Burmese MPs Remembered at Bangkok Conference

By SIMON ROUGHNEEN
The Inter-Parliamentary Union calls for free and fair elections in Burma and urges Asean member-states to take a strong stand in support of democracy in Burma.

NUP Vows to 'Serve the People'

By SAW YAN NAING
Since registering for the election on Monday, the pro-junta National Unity Party has vowed it will “serve the people” if elected.
Mixed response from India over NLD’s decision
Indian parliamentarians have applauded the National League for Democracy’s (NLD) ...Fresh crackdown likely, Win Tin warns
wintin-nld-party1sNational League for Democracy (NLD) Central Executive Committee (CEC) member U Win Tin has warned ...Security heightened for Mekong Summit
The Thai government is set to impose the Internal Security Act (ISA) during ...
200 left homeless after storm ravishes refugee camp
Ban-Don-Yang1sFifty-seven houses were destroyed and 200 people made homeless in a refugee camp on the Thai-Burma ...
Japan ‘to freeze aid’ unless Suu Kyi walks thumbnail

Japan ‘to freeze aid’ unless Suu Kyi walks

Foreign minister reasserts threats that continued aid to Burma is dependent on the release of the detained pro-democracy leader

Democratic Party registers for elections thumbnail

Democratic Party registers for elections

'Third force' party becomes the fourth group to register for polls this year despite concerns about funding for parliamentary candidates US policy ‘risks legitimising’ Burma elections thumbnail

US policy ‘risks legitimising’ Burma elections

Influential think tank warns that new US engagement with Burma could be manipulated by the junta to favour controversial elections this year

‘Frankenstein’s’ state?

JOSEPH ALLCHIN
One spectre threatens to over shadow the junta's experiment with 'democracy' and in turn the country; a spectre that threatens to dominate the nation and define power within for years to come.
Interview

စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ

(ဘာသာပြန်ဆောင်းပါး)
ဖိုးဇော်

၃၀/ မတ် ၂၀၁၀

သဟိတ်ဂ်မြို့မှာ ဘော့စနီးယားဆာ့ဘ်ခေါင်းဆောင်ဟောင်း ရာဒိုဗန်ကရာဇစ်ကို ရုံးတင်စစ်ဆေး ကြားနာနေမှုက စစ်ရာဇ၀တ်မှုဆိုင်ရာ တရားရုံးတင် စစ်ဆေးကြားနာမှုအပေါ် အာရုံစူးစိုက်မှုအသစ်တခု ပေါ်ထွက်လာစေခဲ့ပါတယ်။ ဒါပေမယ့် စစ်ရာဇ၀တ်မှုနဲ့ ပတ်သက်တဲ့ တိကျတဲ့ ဖွင့်ဆိုချက်တွေက ဘာတွေလဲ။ အဲဒီရာဇ၀တ်မှုတွေကို ဘာဥပဒေတွေနဲ့ စစ်ဆေးမှာလဲ။ အဲဒီလိုရာဇ၀တ်မှုမျိုး ကျူးလွန်တယ်လို့ သံသယရှိသူတဦးကို ရုံးတင်တရားစွဲဆိုဖို့ ဘယ်သူ့မှာ အခွင့်အရေးရှိသလဲ။
စစ်ရာဇ၀တ်မှုဆိုတဲ့ အယူအဆ ပေါ်လာတာ သိပ်မကြာသေးပါဘူး။ ဒုတိယကမ္ဘာစစ်မတိုင်မီက စစ်ရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းတဲ့ ကိစ္စတွေဟာ စစ်ပွဲတွေမှာ ပေါ်ပေါက်လေ့ရှိတဲ့ သဘာဝကျတဲ့ ကိစ္စတွေပဲလို့ ယေဘုယျလက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတပ်ဦးက အဓိကအားဖြင့် ဂျူးတွေဖြစ်ကြတဲ့ လူသန်းပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့မှု၊ ဂျပန်က စစ်သုံ့ပန်းတွေနဲ့ အရပ်သားတွေအပေါ် မတော်မတရား ပြုမူမှုတွေက အဲဒီလိုမျိုးရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သူတို့ယုံကြည်တဲ့ လူတွေကို ရုံးတင်တရားစွဲဆိုစေဖို့ မဟာမိတ်နိုင်ငံခေါင်းဆောင်တွေကို လှုံ့ဆော်ခဲ့ပါတယ်။
၁၉၄၅ နဲ့ ၁၉၄၆ မှာ ပေါ်ပေါက်လာခဲ့တဲ့ နုရင်ဘတ်ခုံရုံး စစ်ဆေးကြားနာမှုတွေက နာဇီခေါင်းဆောင် (၁၂) ဦးကို ကွပ်မျက်စီရင်တဲ့အထိ ဦးတည်သွားစေခဲ့ပါတယ်။ အလားတူ စစ်ဆေးကြားနာမှုတခု ၁၉၄၈ ခုနှစ်က တိုကျိုမှာ ပေါ်ထွက်လာခဲ့ ပါတယ်။ မဟာမိတ်ခေါင်းဆောင်တွေက ဂျပန်ဘုရင် ဟီရိုဟီတိုကို ချန်ထားခဲ့ပေမယ့် ဂျပန်စစ်ခေါင်းဆောင် (၇) ဦးကိုတော့ ကြိုးပေးကွပ်မျက်ခဲ့ကြပါတယ်။
အဲဒီကြားနာမှုတွေဟာ ဒီကနေ့ သဟိတ်ဂ်မြို့ ခုံရုံးက ကြားနာစစ်ဆေးနေတဲ့ အမှုတွေအတွက် အနှစ်သာရအားဖြင့် နမူနာတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် တရားမျှတမှုမရှိဘူးလို့ ခံစားနေကြရတဲ့ နိုင်ငံအစိုးရတွေက သူတို့နည်း သူတို့ဟန်နဲ့ ဦးဆောင်လုပ်ကိုင်ခဲ့ကြတာတွေ ရှိပါတယ်။
“စစ်ရာဇ၀တ်မှုသဘောတရားရဲ့ အချက်အချာ အယူအဆဆိုတာ နိုင်ငံတခု ဒါမှမဟုတ် အဲဒီနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေအတွက် လူတယောက်ကို တာဝန်ရှိသူအဖြစ် သဘောထား နိုင်တယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်”
အဲဒီအယူအဆနဲ့ ပတ်သက်ပြီး အထင်ရှားဆုံး အဖြစ်အပျက်က ၁၉၆၀ မှာ ဖြစ်ပျက်ခဲ့ပါတယ်။ နာဇီတွေရဲ့ သေမင်းတမန် အကျဉ်းစခန်းတွေ ထူထောင်မှုနဲ့ ဟော်လိုကော့စ် ငရဲခန်းတွေ ဖန်တီးတဲ့ မူဝါဒတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တဲ့ နာမည်ကြီး နာဇီအရာရှိတဦးဖြစ်တဲ့ အဒေါ့အိုက်ခမန်းကို အစ္စရေး လျှို့ဝှက်ထောက်လှမ်းရေးတွေက အဲဒီနှစ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကို တွေ့ရှိခဲ့ရာ အာဂျင်တီးနားနိုင်ငံထဲက ခိုးထုတ်ပြီး အစ္စရေးနိုင်ငံကို ခေါ်ဆောင်သွားကာ အဲဒီမှာ ရုံးတင်စစ်ဆေး ကြားနာပါတယ်။ နောက်ဆုံးမှာ သူကို့ ကြိုးပေးစီရင်လိုက်ပါတယ်။
အဲဒီထက်ပိုပြီး နောက်ကျတဲ့ နောက်ထပ်ဥပမာတခုကတော့ ပြင်သစ်ကို နာဇီတွေ သိမ်းပိုက်ထားတဲ့ ကာလအတွင်းက ထိပ်တန်း နာဇီခေါင်းဆောင် တဦးဖြစ်ခဲ့သူ ကလော့စ်ဘာဘီကို ၁၉၈၇ ခုနှစ်မှာ ရုံးတင်စစ်ဆေးကြားနာခဲ့မှုဖြစ်ပါတယ်။ သူ့ကို တရားရုံးက ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
စစ်ရာဇ၀တ်မှုဆိုင်ရာ ဥပဒေစု
နိုင်ငံတခု ဒါမှမဟုတ် အဲဒီနိုင်ငံက လက်နက်ကိုင်တပ်ပွဲဝင်တွေရဲ့ လုပ်ရပ်တွေအတွက် လူပုဂ္ဂိုလ် တဦးတယောက်ကို တာဝန်ရှိသူအဖြစ် သတ်မှတ်နိုင်တယ်ဆိုတဲ့ အယူအဆဟာ စစ်ရာဇ၀တ်မှု သဘောတရားရဲ့ ပင်မအချက်အခြာ အယူအဆပါ။
လူမျိုးတုံးသုတ်သင်မှု၊ လူသားဖြစ်မှုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်အတွင်း အရပ်သားတွေ ဒါမှမဟုတ် ရန်သူစစ်သားတွေအပေါ် မတော်မတရား ပြုမူဆက်ဆံမှု အဲဒါတွေအားလုံးဟာ စစ်ရာဇ၀တ်မှုဆိုတဲ့ စကားရပ်ထဲမှာ အကျုံးဝင်ပါတယ်။ အဲဒီရာဇ၀တ်မှုတွေထဲမှာ အဆိုးဆုံးက လူမျိုးတုံးသုတ်သင်မှုပါ။
စစ်ရာဇ၀တ်မှုတခုအဖြစ် အဓိပ္ပာယ်သတ်မှတ်ဖွင့်ဆိုတဲ့ ဥပဒေစုတွေကတော့ “စစ်မက်ရေးရာ ဥပဒေနဲ့ ဓလေ့ထုံးတမ်းတွေ” အဖြစ် ရည်ညွှန်းလေ့ရှိတဲ့၊ ပိုမိုကျယ်ပြန့်ပြီး ပိုမိုသက်တမ်းရင့်တဲ့ ဥပဒေတွေဖြစ်တဲ့ “ဂျီနီဗာ သဘောတူညီချက်များ” နဲ့ ယူဂိုစလားဗီးယားနိုင်ငံဟောင်းအမှုကို ကိုင်တွယ်တဲ့ သဟိတ်ဂ်မြို့က “နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICTY)” အတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေပဲ ဖြစ်ပါတယ်။
စတုတ္ထမြောက် ဂျီနီဗာသဘောတူညီချက်ရဲ့ ပုဒ်မ (၁၄၇) က စစ်ရာဇ၀တ်မှုများကို ဟောသလို ဖွင့်ဆို ထားပါတယ်။
“လူတယောက်အား ဒုက္ခကြီးစွာ ခံစားရစေရန် တမင်ရည်ရွယ်၍ ပြုလုပ်ခြင်း သို့မဟုတ် လူတယောက်၏ ခန္ဓာကိုယ် သို့မဟုတ် ကျန်းမာရေးအပေါ် ပြင်းထန်သော ဒဏ်ရာအနာတရ ဖြစ်စေရန် တမင်ရည်ရွယ်ပြုလုပ်ခြင်းတို့အပါအ၀င် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် လူမဆန်စွာ ပြုမူခြင်း၊ တရားဥပဒေနှင့် မညီသော နှင်ထုတ်မှု သို့မဟုတ် လွှဲပြောင်းပေးအပ်မှု သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုပေးရမည့် သူတဦးအား တရားဥပဒေနှင့် မလျော်ညီစွာ ကန့်သတ်တားမြစ်ထားခြင်း၊ ကာကွယ်စောင့်ရှောက်မှု ပေးထားသူတဦးအား ရန်သူစစ်တပ်ဖွဲ့များတွင် အတင်းအကျပ် တာဝန် ထမ်းဆောင်စေခြင်း သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုပေးရမည့် သူတဦး၏ တရားသဖြင့် ရထိုက်သော အခွင့်အရေးများနှင့် ပုံမှန်တရားရင်ဆိုင်မှုကို ငြင်းပယ်ခြင်း” တို့ ဖြစ်ပါတယ်။
စစ်ရေးလိုအပ်ချက်ကြောင့် မဟုတ်ဘဲ ဓားစာခံဖမ်းဆီးခြင်း၊ သူတပါးပိုင် ပစ္စည်းများကို အလွန်အကျွံ ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်း၊ ယင်းလုပ်ရပ်များကို တရားဥပဒေနှင့် အညီမဟုတ်ဘဲ အကြောင်းမဲ့ သက်သက်ပြုလုပ်ခြင်း။
အထက်ပါလုပ်ရပ်များသည် အခြေခံအားဖြင့် စစ်ရာဇ၀တ်မှုမြောက်သော လုပ်ရပ်များဖြစ်သည်ဟု နိုင်ငံတကာ ရှေ့နေများက ပြောဆိုကြသည်။
၁၉၉၂ မှစ၍ ယူဂိုစလားဗီးယားနိုင်ငံဟောင်းတွင် “စစ်မက်ရေးရာ ဥပဒေသများ သို့မဟုတ် ဓလေ့ထုံးတမ်းများ” ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခံထားရသူများအဖြစ် သံသယရှိသူများအား ရုံးတင် တရားစွဲဆို စစ်ဆေးကြားနာရန် မိမိတို့တွင် အခွင့်အရေးရှိသည်ဟု သဟိတ်ဂ်မြို့ အခြေစိုက် နိုင်ငံတကာတရားရုံးက ပြောဆိုသည်။ ဤသို့သော စစ်ဥပဒေချိုးဖောက်မှုမျိုးများအတွက် ပုဒ်မ (၃) တွင် ဥပမာများပေးထားသည်။
ပုဒ်မ (၃)
- စစ်ရေးလိုအပ်ချက်အရ မြို့ရွာများကို ဖျက်ဆီးချေမှုန်းခြင်း။
- မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ အကာအကွယ်မဲ့နေသော မြို့၊ ရွာ၊ အိုးအိမ်အဆောက်အဦများအား တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း။
- ဘာသာရေး၊ ပရဟိတ၊ ကျန်းမာရေး၊ အနုပညာနှင့် သိပ္ပံဆိုင်ရာ အဆောက်အဦများ၊ သမိုင်းဝင် အထိမ်းအမှတ် အဆောက်အဦများနှင့် အနုပညာလက်ရာပစ္စည်းများကို သိမ်းပိုက်ခြင်း သို့မဟုတ် တမင်သက်သက် ဖျက်ဆီးခြင်း။
- ပြည်သူပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ပစ္စည်းများကို လုယူခြင်း။
စစ်ပွဲအတွင်းဖြစ်သော်လည်း အရပ်သားများအား ပစ်မှတ်ထား ကျူးလွန်ကြသော ရာဇ၀တ်မှုများကို လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအဖြစ် ခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်သည်။ ယင်းနှင့် ပတ်သက်သော ဥပမာများကို ပုဒ်မ (၅) တွင် အောက်ပါအတိုင်း ထပ်မံဖော်ပြထားသည်။
- လူသတ်မှု၊ မျိုးဖြုတ်မှု၊ ကျွန်ပြုမှု၊ နှင်ထုတ်မှု၊ အကျဉ်းချမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မကျင့်မှု၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအကြောင်းအပေါ် မူတည်၍ သတ်ဖြတ်မှု။
- နိုင်ငံသားတစု၊ မျိုးနွယ်စုတစု၊ လူမျိုးစုတစု သို့မဟုတ် ဘာသာဝင်တစုအား ယင်းတို့ အားလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော လုပ်ရပ်များအား လူမျိုးတုံး သုတ်သင်မှုအဖြစ် ခုံရုံးက ဖွင့်ဆိုသတ်မှတ်သည်။
သို့သော် စစ်ရာဇ၀တ်မှုဆိုင်ရာ ဥပဒေမှာ အဆက်မပြတ် ဖြစ်ပေါ်တိုးတက်နေသည်။ ၂၀၀၁ ဖေဖော်ဝါရီတွင် သဟိတ်ဂ်မြို့ ခုံရုံးက အမျိုးသမီးများအား အစုလိုက်အပြုံလိုက် စနစ်တကျ အဓမ္မပြုကျင့်မှုနှင့် စစ်ဖြစ်နေစဉ် အမျိုးသမီးများအား လိင်ကျွန်ပြုခြင်းတို့သည် စစ်ရာဇ၀တ်မှုမြောက်သည်ဟု ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်မှစ၍ အမျိုးသမီးများအား အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းအား စစ်လက်နက်တခုအဖြစ် အသုံးပြုခြင်းတို့သည် စစ်၏ ဓလေ့ထုံးတမ်းများကို ချိုးဖောက်မှုတခုအဖြစ်မှ လူမျိုးတုံးသုတ်သင်မှုပြီးလျှင် ဒုတိယအကြီးဖြစ်သော စစ်ရာဇ၀တ်မှုတခုအဖြစ်သို့ ရောက်ရှိခဲ့သည်။
စစ်ရာဇ၀တ်မှုတခုကိုရှာဖွေခြင်း
စစ်ရာဇ၀တ်တခုကို ရှာဖွေရန်မှာ အမြဲတမ်းလွယ်ကူသော အလုပ်တခုမဟုတ်ပေ။
စစ်တပ်တခုက မိမိရန်သူဘက်မှ အရပ်သားများအား အတင်းအကျပ် နေရာရွှေ့ပြောင်းစေခြင်းမှာ အမြဲတမ်းတော့ စစ်ရာဇ၀တ်မှုတခုမဟုတ်ပေ။ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှုပေးရန် ရွှေ့ပြောင်းခိုင်းခြင်းဖြစ်သည်ဟု စောဒကတက်နိုင်သည်။ ယင်းလုပ်ရပ်သည် လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုတည်းဟူသော စစ်ဆင်ရေးကြီး၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း သို့တည်းမဟုတ် အရပ်သားများ အစုလိုက်အပြုံလိုက် အပြစ်ပေးအရေးယူရန် ရည်ရွယ်ကြောင်း သက်သေပြနိုင်မှသာ ယင်းလုပ်ရပ်သည် စစ်ရာဇ၀တ်မှုတခုဖြစ်လာမည် ဖြစ်သည်။
အလားတူပင် မိမိအား ဆန့်ကျင်ဝါဒဖြန့်ချိနေသော ရန်သူ၏ ရုပ်မြင်သံကြားအသံလွှင့်ရုံတခုအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို စစ်ရာဇ၀တ်မှုတခုဟု အဓိပ္ပာယ်သတ်မှတ်မည်လား။
ဂျီနီဗာကွန်ဗင်းရှင်းအရ ယင်းသည် စစ်ရာဇ၀တ်မှုတခုမဟုတ်ပေ။ အကယ်၍ ရန်သူက ၎င်းတို့အား စစ်ရေးရည်မှန်းချက်အရ အသုံးပြုနေသည်ဆိုလျှင် ရန်သူနိုင်ငံမှ လမ်း၊ တံတား၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ စက်ရုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ စစ်ရာဇ၀တ်မှုမမြောက်ပေ။ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော ရန်သူအရပ်သားများ ထိခိုက်ပျက်စီးမှုများသည် တိုက်ခိုက်သူက ရရှိသော စစ်ရေး အကျိုးအမြတ်နှင့် နှိုင်းယှဉ်လျှင် လွန်လွန်ကဲကဲ မမျှမတဖြစ်လောက်သည့် အတိုင်းအတာအအထိ ရောက်ရှိခဲ့မှသာလျှင် ယခင်တိုက်ခိုက်မှုများအား စစ်ရာဇ၀တ်မှုများအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
လူသားထုအပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တညီတညွတ်တည်းဖြစ်သော ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစနစ်တခု ပေါ်ထွက်လာရေးကို နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုများက တောင်းဆိုနေကြသည်မှာ ကြာပြီဖြစ်သည်။
ယူဂိုစလားဗီးယားနိုင်ငံဟောင်းတွင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို ကြားနာစစ်ဆေးစီရင်ရန် ၁၉၉၃ မေတွင် နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့၌ တည်ထောင်ဖွင့်လှစ်ခဲ့သည်။ “ယူဂိုစလားဗီးယား နိုင်ငံဟောင်းဆိုင်ရာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအပြင် ရ၀မ်ဒါနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော လူမျိုးတုံး သန့်စင်မည့် ရာဇ၀တ်မှုများကို ကြားနာစစ်ဆေးရန် တန်ဇန်နီးယာနိုင်ငံ အရူရှာမြို့တွင်လည်း နိုင်ငံတကာခုံရုံးတခုကို ၁၉၉၄ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် အိမ်နီးချင်း ဆီရာလီယွန်နိုင်ငံ ပြည်တွင်းစစ်အတွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများအတွက် လိုက်ဘေးရီးယား သမ္မတဟောင်း ချာစ်တေလာကိုလည်း ခုံရုံးတခုဖွဲ့ စစ်ဆေးနေသည်။
ဤဖြစ်ရပ်များက စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသူများအား တရားဥပဒေရှေ့မှောက် အရောက်ပို့ရန် ကြိုးပမ်းရာတွင် ထူးခြားအရေးပါသော နောက်ထပ်ခြေလှမ်းဖြစ်သော်လည်း ထိုကိစ္စများသည် နုရင်ဘတ်နှင့် တိုကျိုစစ်ခုံရုံး စစ်ဆေးကြားနာမှုများကဲ့သို့ပင် စစ်ပွဲဟုခေါ်ဆိုနိုင်သော ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများအား ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းသော ဖြစ်ရပ်များသာဖြစ်သည်။
လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် လူပုဂ္ဂိုလ်များအား ရုံးတင်တရားစွဲဆိုမည့် အမြဲတမ်းခုံရုံးတခုအဖြစ် ၂၀၀၂ တွင် ထူထောင်ခဲ့သော နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) သို့ ၂၀၀၈ ဇူလိုင်လတွင် ဆူရီနမ်နိုင်ငံက (၁၀၇) နိုင်ငံမြောက် နိုင်ငံအဖြစ် ၀င်ရောက်ပူးပေါင်းပါဝင်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စုက ထိုတရားရုံးသည် နိုင်ငံရေးသဘောပါသော ရုံးတင်တရားစွဲမှုများ ပြုလုပ် လာနိုင်သည်ဟု အကြောင်းပြပြီး ခုံရုံးနှင့် ပါဝင်ပတ်သက်ရန် ငြင်းဆိုခဲ့သည်။ ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ကလည်း အလားတူငြင်းဆိုခဲ့ကြသည်။ ယူဂိုစလားဗီးယားသမ္မတဟောင်း မီလိုဘိုဒန်မီလိုစီးဗစ် ကဲ့သို့သော တရားခံများ စောဒကတက်ခဲ့ကြသကဲ့သို့ ထိုသို့သော တရားရုံးမျိုးများသည် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်နေသလောဆိုသည့် မေးခွန်းမှာ အားလုံးသော တရားဥပဒေဆိုင်ရာ အဖွဲ့အစည်းများ တ၀ိုက်တွင် ရစ်ဝဲနေသော မေးခွန်းဖြစ်သည်။
ထိုတရားရုံးများ လုပ်ငန်းမစတင်ခင် ၎င်းတို့ကို ထူထောင်ရန်နှင့် ၎င်းတို့အား ရန်ပုံငွေထောက်ပံ့ရန်မှာ နိုင်ငံတကာ၏ နိုင်ငံရေးဆန္ဒဖြစ်သောကြောင့် ထိုရှုထောင့်တခုတည်းမှ ကြည့်လျှင် ထိုတရားရုံးများမှာ နိုင်ငံရေးသဘောပါသည်ဟု ပြောနိုင်သည်။
မည်သည့်နိုင်ငံက ကျူးလွန်သည်ဖြစ်စေ စစ်ရာဇ၀တ်မှုအားလုံးတို့အား တခုတည်းသော နိုင်ငံတကာခုံရုံး၏ တရားဥပဒေရှေ့မှောက်သို့ အရောက်ပို့နိုင်မှသာလျှင် တရားစီရင်ရေးသည် စစ်မှန်သော တရားဝင်မှု ရှိလိမ့်မည်ဟု နိုင်ငံတကာတရားရုံးများအား ဝေဖန်နေသူများက ပြောဆိုနေကြသည်။ ။
မှတ်ချက်။ ။အထက်ဖော်ပြပါဆောင်းပါးသည် ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၂၁) ရက်တွင် ဘီဘီစီ သတင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည့် What is a war crime? ခေါင်းစဉ်ဖြင့် Tarik Kafala ရေးသားသော ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

US senate-burma

အမေရိကန် နိုင်ငံရေးလောကမှာ အရှိန်အ၀ါ ကြီးမားတဲ့ အထက်လွှတ်တော်အမတ် ၉ ဦးတို့က မြန်မာစစ်အစိုးရကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖိအားပေးနိုင်အောင် သမ္မတ အိုဘားမားဆီကို စာတစောင် ရေးသား တောင်းဆိုလိုက်ကြပါတယ်။
National League of Democracy headquarters in Yangon, Myanmar, Wednesday, May 27, 2009-AP
Indonesia Foreign Minister Marty Natalegawa-Nov 24, 2009-AP
NLD နိုင်ငံရေး ဆက်လုပ်မည်

NLD နိုင်ငံရေး ဆက်လုပ်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ပါတီ မှတ်ပုံမတင် သော်လည်း နိုင်ငံရေးနှင့် လူမှုရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ပါတီ၏ လက်ရှိ
ကရင်ဒုက္ခသည် ၆၀၀ ကျော် နေရပ်ပြန်

ကရင်ဒုက္ခသည် ၆၀၀ ကျော် နေရပ်ပြန်

ထိုင်း - မြန်မာ နယ်စပ် ကရင် ဒုက္ခသည် စခန်းတခုမှ ဒုက္ခသည် ၆၀၀ ကျော် နေရပ်သို့ ယနေ့ ပြန်လည် ထွက်ခွာသွား ကြကြောင်း သိရသည်။နေရပ် ပြန်သွားသည့် ဒုက္ခသည်များမှာ ထိုင်းနိုင်ငံ

နေပြည်တော် လေပြင်းကြောင့် ဝန်ထမ်းများထိတ်လန့်

နေပြည်တော်တွင် ယမန်နေ့ ညနေပိုင်းက ရုတ်တရက် တနာရီ ကျော်ကြာ မိုးသက် လေပြင်း ကျရောက်ခဲ့ရာ အစိုးရ ၀န်ထမ်းများကြား ထိတ်လန့်မှု ဖြစ်ပေါ် ခဲ့ရကြောင်း သတင်း ရရှိသည်။

သတင်း စီးဆင်းမှု ထိန်းချုပ်ရေး ကက-ကွန် ပြင်ဆင်နေ

ပြည်တွင်း သတင်း အချက် အလက်များ ပြည်ပ မီဒီယာများသို့ စီးဆင်းမှုအား အဆင့်မြင့် နည်းပညာသုံး၍ ပိုမိုထိန်းချုပ်နိုင်ရန်  တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး (ကက-ကွန်)

NLD ရှေ့ရေး ထင်ကြေး အမျိုးမျိုးပေး

ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ် ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မေလ ၇ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခြင်း မပြုပါက တရားဝင်ပါတီ

NLD ဆုံးဖြတ်ချက်ကို အမေရိကန်နှင့် ကုလ အလေးထား

ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ် လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂတို့က တနင်္လာ နေ့တွင်

NLD ဆုံးဖြတ်ချက် ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်ဟု ဂျာနယ်များတွင် ဖော်ပြခိုင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲအား အနှောင့် အယှက် ဖြစ်စေသည် ဆိုသည့် စာသားကို ပြည်တွင်း အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင်

NLD ဆုံးဖြတ်ချက်အပေါ် အမြင်ကွဲပြားနေ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲ ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ် လိုက်ခြင်းနှင့် ပတ်သက်၍ ပြည်သူလူထု ကြားတွင် အမြင်

“ဘူး” မဟာဗျူဟာ

“ဘူး” မဟာဗျူဟာ “ထီ ….”“ထီ ….”“ထီ ...”စိုးမိုးကျော်နှင့် ဝိုင်းဝိုင်းလည် ထီဆိုင် ကြော်ငြာဟု မထင်လိုက်ပါနှင့် ...။ မြရတနာနှင့် သန်းဆု ကုဋေ ကြော်ငြာလည်း မဟုတ်ပြန်ပါ။ ချိုကုပ် ဒူးကြီးနှင့် ဇနီး ဒေါ်ကွိုင်ကွိုင်တို့ တော်လှန်ရေးနေ့ ညစာစားပွဲ ခန်းဝင်တီးလုံး
ဆက်ဖတ်ရန် ...

ဘာမှမလိုချင်ဘူး ...

E-mail Print
အန်အယ်လ်ဒီ၏ မူလနိုင်ငံရေးမပျက် ဆက်လက်လုပ်ဆောင်မည်ဟု ဦးဝင်းတင် ပြောကြား
  NEJ/ ၃၁ မတ် ၂၀၁၀
“ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ ကျနော်တို့ အန်အယ်လ်ဒီပေါ် ကြီးမားစွာပဲရှိတယ်လို့ ယုံတယ်။ ကျနော်တို့ဟာ ပြည်သူတွေရဲ့ အရေးတွေကို စောင့်ရှောက်ရမယ်၊ ကြည့်ရမယ်၊ ကြားနာရမယ်၊ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တုံ့ပြန်ရမယ်ဆိုတဲ့ဟာ ရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ခွင်ထဲမှာလည်း လှုပ်ရှားသွားမှာပဲ ဖြစ်ပါတယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး ....” အပြည့်အစုံသို့
နိုင်ငံရေးပါတီများ ရေးသားထုတ်ဝေခွင့်ကို စည်းကမ်းချက်များဖြင့် ကန့်သတ်ထား
မျိုးဝင်းဇော်/ ၃၁ မတ် ၂၀၁၀
“ကျနော်တို့က အစိုးရရဲ့ မှားယွင်းတဲ့ ပေါ်လစီတွေ၊ လုပ်ရပ် တွေကို ဝေဖန်နိုင်ဖို့ ဝေးလို့ ရပ်ကွက်အဆင့်တွေကိုတောင် ဝေဖန်လို့ မရဘူးဆိုတာ ...” အပြည့်အစုံသို့
ရန်ကုန်မြို့လယ်ခေါင် ဘားလမ်း၌ မာဆတ်နှင့်ပြည့်တန်ဆာခန်း များပြား
အောင်ထက်/ ၃၁ မတ် ၂၀၁၀ “ဘားလမ်းထဲဝင်လာတဲ့ ကားတွေ၊ လူတွေအနား ပြေးကပ်လာပြီး အလုပ်လုပ်မလား၊ မာဆတ်ရှိတယ်၊ မာစွပ်ရမယ် ဆိုပြီး ..” အပြည့်အစုံသို့အမေရိကန်သံတမန်များ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာ

ရဲရင့်/ ၃၁ မတ် ၂ဝ၁ဝ
“ဒုက္ခသည်တွေကို မေးတော့ ဒုက္ခသည်အများစုက မြန်မာ ဘက်ကို ...” အပြည့်အစုံသို့နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ နအဖနှင့် ၀တပ်ဖွဲ့ မနက်ဖြန် တွေ့ဆုံမည်
ပေါက်ပေါက်/ ၃၁ မတ် ၂၀၁၀
“မိုင်းလားတပ်ဖွဲ့ကို ရာဇသံပေးလိုက်သလို ဧပြီ (၂၈) ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်လက်ခံဖို့၊ မဟုတ်ရင် မတရားအသင်း ကြေညာမယ်ဆိုတာပဲ ...” အပြည့်အစုံသို့
အန်အယ်လ်ဒီပါတီ မှတ်ပုံမတင်သည့်အပေါ် ပြည်တွင်းပြည်ပမှ အတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ
NEJ/ ၃၀မတ် ၂၀၁၀ (တွေ့ဆုံမေးမြန်းခန်း)

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အညွှန်းအရဆို ဘယ်လိုပဲ ဖျက်ဖျက် ပါတီမပျက်ဘူး။ ကျနော်တို့နိုင်ငံရေးမပျက်ပါဘူး။ နိုင်ငံရေးဆိုတာ ဒီမိုကရေစီနိုင်ငံရေးပဲ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီတည်ထောင်ဖို့၊ လူ့အခွင့်အရေးတွေ ပြည့်ဝဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ထွန်းကားဖို့ အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားဖို့ဆိုတဲ့ ကျနော်တို့ရဲ့ မူလနိုင်ငံရေးတွေက မပျက်ပါဘူး။ ကျနော်တို့ရဲ့ အသည်းနှလုံးထဲ၊ ခေါင်းထဲမှာ ဒီနိုင်ငံရေးတွေရှိနေရင် ... ” အပြည့်အစုံသို့
တိုင်းပြည်နဲ့ ပြည်သူလူထုအတွက်အရေးကြီးတဲ့ အခြေအနေတခုနဲ့ ကြုံတွေ့ရလို့ ပြည်သူလူထုကြီးတရပ်လုံးက ယုံ ကြည်အပ်နှံခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆုံးဖြတ်ချက်ချခဲ့တာနဲ့ ပတ်သက်လို့... အပြည့်အစုံသို့
စစ်အစိုးရဟာ ပါတီအားလုံးပါဝင်တဲ့ ပွင့်လင်းမြင်သာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပ ပေးဖို့ တောင်းဆိုချက်ကို လျစ်လျုရှုလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့... အပြည့်အစုံသို့
“ဟေ့ ဟေ့.. ။ နေအုံးကွ။ မင်းတို့တော့ သေလို့မဖြစ်ဖူး။ ကြေဖို့လဲ မလိုဘူး။ ရှင်ဖို့လိုတယ်။ ဒါကြောင့် ဒီ မစ်ရှင်ကို သူသေ ကိုယ်ရှင်တိုက်ပွဲဝင်လို့ နာမည်ပေးကွာ” ဆရာက ပြောလဲပြီးရော... အပြည့်အစုံသို့
“ဘယ်သူ့မှာ တာဝန်ရှိသလဲ” ... ခင်ငြိမ်းသစ် ... Tuesday, March 30, 2010
တနေ့တော့ အဲဒီ ပါတီရဲ့ ခု ဒု ဥက္ကဋ္ဌ ဦးခွန်ရဲနောင်ကို ကျမ စိတ်ထဲက မကျေနပ်ချက်ကို ဖွင့်မေးခဲ့ ပါတယ်။ “အန်ကယ် ကျမတို့တွေအားလုံး လုံးဝပါတီမဖွဲ့ဘဲနဲ့ ကြားဖြတ်အစိုးရကိုပဲ... အပြည့်အစုံသို့
၂၀၁၀ မတ်လ ၃၀ အင်္ဂါနေ့ မေ ၃၀ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး ၈၂ လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်တောင်းဆိုဆန္ဒပြပွဲကို ဂျပန်နိုင်ငံရှိ စစ်အစိုးရ အခွန်ရုံးရှေ့တွင်... အပြည့်အစုံသို့
လုံခြုံရေးကြောင့် သွားလာရေး ပိတ်သည့်အတွက် တောင်ငူ ဒေသခံများ စီးပွားရေးထိခိုက်
Wed, 31/03/
လုံခြုံရေးကြောင့် သွားလာရေး ပိတ်သည့်အတွက် တောင်ငူ ဒေသခံများ စီးပွားရေးထိခိုက်
မတ်လ ၃၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ပဲခူးတိုင်း တောင်ငူခရိုင်အတွင်း၌ ပြီးခဲ့သည့်ရက်အနည်းငယ်က နယ်မြေခံ စစ်အစိုးရတပ်များ၏ ကားလမ်း သွားလာရေး ပိတ် ပင်ထားမှုကြောင့် ထိုဒေသရှိ ဥယျာဉ်ခြံစိုက်ပျိုးသူများမှာ စီးပွားရေး ထိခိုက်ရသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
အူးသူးထာ့စခန်းမှ စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ကုန်ပြီ
Wed, 31/03/
မတ်လ ၃၁ရက်၊ စောသိန်းမြင့် (ကေအိုင်စီ)
ထိုးစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည့် အူးသူးထာ့ကျေးရွာရှိ စစ်ပြေးဒုက္ခသည်များသည် ယနေ့ နေရပ် သို့ ပြန်ကြကုန်ပြီဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
လူထုအပေါ် ဒီကေဘီအေ၏ အနိုင်ကျင့်မှု ပိုများလာ
Tue, 30/03/
မတ်လ ၃၀ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေခီးဂွင်၌ အခြေချလှုပ်ရှားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့ဝင်များသည် ယခုနှစ်ဆန်းပိုင်းမှစ၍ လူထုအပေါ် အကြောင်းမဲ့ အနိုင်ကျင့်မှုများ ပို၍လုပ် ဆောင်လာသည်ဟု ဒေသခံရွာသားများက ပြောသည်။

ရခိုင် လူငယ်၁၁ ဦး အမှုကို ကြားနာခွင့် ရရန် တရားရုံးထံ မိသားစုဝင်များ လျှောက်ထား တောင်းဆို

၃၊၃၀၊၂၀၁၀
ခိုင်ခိုင်စံ(နိရဉ္စရာ)
အင်းစိန်ထောင်တွင် စစ်ဆေးခံနေသော ရခိုင်လူငယ် ၁၁ဦး၏ မိသားစုများမှ အမူစစ်ဆေးရာတွင် တက်ရောက် ကြားနာခွင့် မရဘဲ ဖြစ်နေသဖြင့် သူတို့အား တက်ရောက်ကြားနာခွင့် ပြုရန် တရားရုံးထံ တင်ပြ တောင်းဆိုလိုက်သည်ဟု သတင်း ရရှိသည်။
အပြည့်အစုံသို့

နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား ခိုင်ကျော်ခိုင်၏ အမြင်

စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးက အစ နေရာတိုင်းမှာ အခက်အခဲ အမျိုးမျိုးနဲ့ တွေ့ကြုံ နေကြရတာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ အနေနနဲ့ ဒီရွှေးကောက်ပွဲဆိုင်ရာ ဥပဒေကို မဆန့်ကျင် မကန့်ကွက်ဘူး ဆိုလို့ရှိရင် ကျွန်တော်တို့ သားစဉ်မြေးဆက် စစ်ကျွန်ဘ၀က လွှတ်မြှောက်တော့မှာ မဟုတ်ပါဘူး။ အပြည့်အစုံသို့

ဝ နယ်သို့ ဆန် နှင့် စားနပ်ရိက္ခာတင်ဆောင်ခွင့်ပိတ်ပင်

နတလ ၀န်ထမ်း နှင့် NGO ၀န်ထမ်းများ ခွင့်ရက်ရှည်ပေး၍ နေရပ်ပြန်ရန် နအဖ အာဏာပိုင်များညွှန်ကြားလိုက် ပြီးနောက် ပိုင်း ၀ နယ်သို့ စားနပ်ရိက္ခာတင်ဆောင်ခွင့်ကိုပါ ပိတ်ပင်လိုက်သည်ဟု စုံစမ်းသိရှိရသည်။

SSA နှင့် ဝ နယ်မြေ အနီးရှိ ဗမာတပ် မိသားစုဝင်များ အရေးပေါ် စစ်သင်တန်းတက်

သျှမ်းပြည် (မြောက်ပိုင်း) အပစ်ရပ် SSA နှင့် UWSA ထိန်းချုပ်နယ်မြေ အနီးရှိ တန့်ယန်း မိုင်းရယ်မြို့များ တွင်အခြေစိုက် ထားသော မြန်မာစစ်တပ်များမှ မိသားစုဝင်များသည် မတ်လဆန်းမှစ၍ ယနေ့အထိအရေးပေါ် အခြေခံ စစ်သင်တန်း တက်ရောက်လျှက်ရှိကြောင်း သိရသည်။

လားဟူပြည်သူ့စစ်ကို နယ်ခြားစောင့်တပ်ရင်းအဖြစ်တိုးမြှင့်သည့် အခမ်းအနား ဗိုလ်ရဲမြင့်တက်ရောက်

ထိုင်း - သျှမ်းနယ်ခြားအခြေစိုက် လားဟူပြည်သူ့စစ်တပ်ဖွဲ့အား ယမန်နေ့နယ်ခြားစောင့်တပ်ရင်းအဖြစ် အသွင်ပြောင်း အခမ်းအနားသို့ စရဖအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် သျှမ်းပြည်တိုင်းချုပ် တို့တက်ရောက်ဖွင့်လှစ် တာဝန်အပ်နှင်း ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

မိုင်းလားတပ်ဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ပဉ္စမအကြိမ် နောက်ဆုံးဒက်လိုင်းရာဇသံထပ်ပေး

မိုင်းလားတပ်ဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ပဉ္စမအကြိမ် နောက်ဆုံးဒက်လိုင်းရာဇသံထပ်ပေးနယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် မိုင်းလားတပ်ဖွဲ့အား နအဖ၏ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် ခေါ်ယူတွေ့ဆုံ၍ ဧပြီလနောက်ဆုံးပတ်သတ်မှတ်ရက် အဖြေပေးရန်၊ သို့မဟုတ်လျှင် မတရားအသင်းဖြစ်မည်ဟု ဖိအားပေးခဲ့ကြောင်း ကျိုင်းတုံ - ပန်ဆန်း သတင်းရပ်ကွက်ကဆိုသည်။

ကိုးကန့်ဒေသ၌ ပြောက်ကျား (၇) ဦး လက်နက်နှင့်အတူ ဖမ်းမိဟုဆို

နယ်ခြားစောင့်တပ် အသွင်ပြောင်းထားသော သျှမ်းပြည် (မြောက်ပိုင်း) ကိုးကန့် အထူးဒေသ (၁) လောက်ကိုင်မြို့ ၌ ကိုးကန့်လက်နက်ကိုင် ပြောက်ကျား (၇) ဦး မတ် ၂၇ ရက်နေ့က ဖမ်းဆီးခံရကြောင်း ကိုးကန့်အဖွဲ့နှင့် နီးစပ်သူများထံမှ တဆင့်သိရသည်။

၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံရှိ နေအိမ် ၅၉ လုံး ဖယ်ရှားခံရ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုံ အတွင်းရှိ မိုင်းယုကျေးရွာမှ နေအိမ် ၅၉ လုံး အား မတ်လကုန် နောက်ဆုံးထား ဖယ်ရှားရန် ဒေသအာဏာပိုင်များ ညွန်ကြားလိုက်ပြီးနောက် အဆိုပါနေအိမ်များဖျက်သိမ်း နေရကြောင်း သိရသည်။

" လေးစားပါသည် NLD "

**ပြည်သူ့ ပါတီ NLD
ပြည်သူ့ အရေးဆောင်ရွက်သည်။

**ခွပ်ဒေါင်းသွေးမို့ ရဲရဲနီ
မတရားအမိန့် ဟူသမျှဆန့် ကျင်မည်။

**၂၀၁၀ ရွေးကောက်ပွဲတံခါး
သွေးစွန်းလက်နဲ့ ဖွင့် လှစ်ထား။

**စစ်ကျွန်သက်မရှည်ရေးတွေးဆညီ
NLD ကဆန့် ကျင်ပြီ။

**ပြည့် သူ့ ပါတီပီသသည်
လေးစားပါသည် NLD။ ။

***မင်းသွေးသစ်***
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ

မြန်မာအစားအစာများတင်ဆောင်လာသည့်ကားအားထိုင်း၇ဲဂိတ်မှဖမ်းဆီး

**(မတ်လ ၃၀၊ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)**
မဲဆောက်မှ မဟာချိုင်သို့ မြန်မာအအစားအစာများတင်ဆောင်လာသည့်ကုန်တင်ကားအား၊ကန်ဖေဗစ်ရဲဂိတ်
တွင်ဖမ်းဆီးလိုက်သည်။
ယမန်နေ့ ညနေ ၅နာရီခန့် ကမြန်မာအစားအစာများကာလတန်ဖိုးဘတ်ငွေငါးသိန်းဖိုး တင်ဆောင်လာသည့်82-4895
ဟ:ီနိုး၆ဘီး ကားတစ်စီးအား ထိုင်းရဲများကသိမ်းဆည်းလိုက်သည်။
ထိုင်းရဲများက ကန့် သတ်ကုန်ပစ္စည်းများနှင့် အခွန်မဲ့ ပစ္စည်းများအဖြစ်ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုင်းရပ်သတင်းစာတွင်ဖေါ်ပြထားသည်။

မဲဆောက်အထွက်တွင် သက်ဆိုင်ရာ ဂိတ်က စစ်ဆေးလိုက်သော်လည်း ကားတစ်စီးလုံးကို မိုးကာဖျင်များ
ဖြင့် သေချာစွာစည်းနှောင်ထားသည်။ သင်္ကာမကင်းသဖြင့် ကန်ဖေဗစ်၇ဲဂိတ်သို့ အကြောင်းကြားခဲ့သည်။
ကားမောင်းသူ၏ထွက်ဆိုချက်အရ တစ်လကို ၂ကြိမ်စီမဲဆောက်သို့ သွားရောက်ပြီးမြန်မာအစားအစာများ
တင်ဆောင်လေ့ရှိကြောင်း၊ ကားမောင်းခအဖြစ် တစ်ခေါက်ကိုဘတ်ငွေ၁၅၀၀ စီရကြောင်းပြောသည်။
မြန်မာအစားအစာများတင်ဆောင်လာသည့်ကားနှင့်ကားပေါ်တွင်ပါလာသည့် ပစ္စည်းများအပြင်ကားမောင်သူကို
ပါ ကန်ဖေဗစ်ရဲစခန်းတွင်ဖမ်းဆီးထားကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံအတွင်သန်းချီရှိသော မြန်မာအလုပ်သမားအရေအတွက်၏စားသောက်ကုန်လုပ်ငန်းဈေးကွက်
မှာသေးငယ်သောအလုပ်တော့မဟုတ်ချေ။တရားဝင်ရောင်းချခွင့်မရှိသော်လည်း မြန်မာများနှင့်မြန်မာအစား
အစာများမှာ ထိုင်းနိုင်ငံအနှ့ံ နေရာတိုင်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်သည်။ထိုင်းတနိုင်ငံလုံးရှိ မြန်မာ
ဈေးဆိုင်ရောင်းသူတို့ မှာ နယ်မြေထိုင်း၇ဲများအားလစဉ် တရားမ၀င်ကြေးများပေးသွင်းပြီးမှရောင်းချကြ
ရကြောင်း မြန်မာဈေးဆိုင်ပိုင်ရှင်များကပြောသည်။



Read More...

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more