2.25.2011

ILO အရာရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅

ILO အဖွဲ့၏ ဒုတိယ အထွေထွေ ဒါရိုက်တာ Mr Guy Ryder သည် ယူ၏ ခရီးစဉ်လေးရက်မြောက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီခွဲခန့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။
ထိုသို့တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင် ဆောင်ရွက်နေသည့် ကိစ္စများကို ရှင်းလင်း ပြောပြခဲ့သည်ဟု Mr Guy Ryder က သတင်းထောက်များကို ပြောပြခဲ့ပါသည်။
Mr Guy Ryder က ကျွန်တော်တို့ အချိန်တော်တော်ကြာယူပြီး မြန်မာနိုင်ငံ အလုပ်သမားတွေရဲ့ လက်ရှိအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိ ILO ရဲ့ လက်ရှိအခန်းကဏ္ဍနဲ့ ရှေ့ဆက်ပြီး ဒီမှာ မဖြစ်မနေဆောင်ရွက်ရမယ့် ကိစ္စတွေကိုလဲ ဆွေးနွေးခဲ့ကြပါတယ်။
Mr Guy Ryder က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားပေးထောက်ခံမှုကို ရတဲ့အတွက် ကျွန်တော် ဝမ်းသာရပါတယ်။ ဒီစကားတွေကြောင့် ပိုမိုကောင်းမွန်အောင် ကြိုးစားဆောင်ရွက် သွားပါမယ်ဟု ပြောသည်။
အတင်းအဓ္ဓမ နိုင်းစေမှုများနှင့် ပါတ်သက်သော မေးမြန်းချက်များကို ဖြေကြားရာတွင် ကျွန်တော်တို့အနေနဲ့ အချို့ ကိစ္စတွေကို အရေးယူဆောင်ရွက် နေတာတွေ ရှိနေပြီး လုပ်ဆောင်သွားရမယ့် ကိစ္စတွေလဲ ကျန်နေပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအနေနဲ့ ILO အရာရှိတွေကို အခုလိုလာရောက်ခွင့် ပြုခဲ့တဲ့အတွက်လဲ ဝမ်းသာရပါတယ်။ Mr Guy Ryder နဲ့ စကားပြောခွင့်ရတဲ့အတွက် မြန်မာနိုင်ငံ အလုပ်သမားတွေရဲ့ အခြေအနေတွေ ပိုမိုတိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ILO အနေနဲ့ ရှေ့ဆက်ပြီး ထပ်မံဆောင်ရွက်ခွင့် များပိုမို ရရှိလာနိုင်မည်ဟု ထင်မြင်ကြောင်း ပြောဆိုခဲ့ပါသည်။

Mr Guy Ryder သည် လွန်ခဲ့သော အင်္ဂါနေ့က ရောက်ရှိလာခဲ့ပြီး အလုပ်သမား ဝန်ကြီးဦးအောင်ကြည်နှင့် နေပြည်တော်တွင် မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အလုပ်သမား ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှုနှင့် ပါတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းမှုကို Mr Guy Ryder ကျွန်တော်တို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ အတည်ပြုချက်တွေ အများကြီး ရခဲ့ပါတယ်။ အားလုံးခြုံပြီး ပြောရမယ်ဆိုရင် အလုပ်သမား အရေးနဲ့ ပါတ်သက်ပြီး နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီး ရှိပါသေးတယ် ဟုပြောသည်။

သံတမန် သတင်းရပ်ကွက်မှ ပြောဆိုရာတွင် Mr Guy Ryder သည် နောက်ထပ် ၁၂ လ သက်တမ်းအတွက် မြန်မာစစ်အုပ်စုနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ILO ရုံးသည် နောက်ထပ် ၁၂လ ဆက်လက်ရှိနေပြီး အတင်းအကြ် ခိုင်းစေမှုများ အပါအဝင် အလုပ်သမား အရေး ကိစ္စများကို ဆက်လက်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။