11.12.2010

ဒေါ်အောင်ဆန်းစုကြည် မလွတ်သေး(ရွေဝါရောင်သတင်းလွာ၏ ပြည်တွင်းသတင်းထောက်၏ သတင်းပေးပို့ချက် )

Photobucket
Photobucket
Photobucket
Photobucket
ကျွန်တော်တို့ ဝက်ဆိုက်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီဟု ဗီဒီယိုသတင်း တစ်ခုအပေါ် အခြေပြု၍ ပေးပို့ချက်ကို ရွှေဝါရောင်သတင်းလွှာ၏ ပြည်တွင်း သတင်းထောက်မှ အတည်ပြုချက်မပေးပဲ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်သေးဟု သတင်း ပေးပို့ခဲ့ပါသည်။ 
ပြည်တွင်းသတင်းထောက်၏ သတင်းပေးပို့ချက်အရ ယနေ့ ညနေ ၈နာရီအထိ ပြည်သူလူထုများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက အင်းလျှားလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် စောင့်ဆိုင်းနေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးခြင်း မရှိခဲ့သည့် အတွက် NLD ဒုဥက္ကဌ ဦးတင်ဦးမှ ယနေ့ည ၈နာရီက ပြည်သူများကို ဖျောင်းဖျ၍ ပြန်ခိုင်းခဲ့ရသည်ဟု ဆိုပါသည်။ 
ကျွန်တော်များ၏ သတင်းဌာနအနေနှင့် ပြည်တွင်းသတင်းထောက်များ၏ အတည်ပြုချက်မရသေးပဲ ဆန္ဒစောစွာ သတင်းထုတ်ပြန်မိခြင်းအတွက် သတင်းလွှာဖတ်သူများကို အနူးအညွှတ် တောင်းပန် ပါကြောင်းနှင့် ပြည်တွင်းသတင်းထောက်မှ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် စောင့်ဆိုင်း နေသော ပြည်သူများ၏ ပုံကို တင်ပြပေးလိုက်ပါသည်။
ဆန္ဒစောပြီး သတင်းထုတ်ပြန်မိသည့် အတွက် ပြည်သူလူထုများအားတောင်းပန်အပ်ပါသည်။
ဓါတ်ပုံများကို ရွှေဝါရောင်သတင်းလွှာ၏ ပြည်တွင်း သတင်းထောက်မှ ပေးပို့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် တကယ်ပြန်လွတ်လာပါပြီ ဗီဒီယိုကြည့်ရန်

Military authorities in Myanmar have reportedly signed an order for the release of opposition leader Aung San Suu Kyi.
Detained for 15 of the past 21years, the Nobel peace prize laureate’s latest spell of house arrest expires tomorrow.
According to a source in her National League for Democracy, the green light has been given for her liberation.
Suu Kyi voiced opposition to Myanmar’s first election in 20 years, held last Sunday, and easily won, as expected, by a party set up by the military.