5.04.2008

Hollywood Actors partispated in Burma"s affair

မြန်မာ့အရေး ဟောလီးဝုဒ် သရုပ်ဆောင်များပါဝင်လာ
ကိုစိုး | မေ ၂၊ ၂၀0၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအဝင် မြန်မာနိုင်ငံသားများအားလုံး စစ်အစိုးရ၏ ဖိနှိပ်မှုဒဏ်ခံနေရခြင်းအား ကမ္ဘာက ပိုမိုသိရှိနိုင်ရန်အတွက် အမေရိကန် ဟောလီးဝုဒ် သရုပ်ဆောင် များစွာ ပါဝင်သည့် အချိန် တလ ကြာ ပြုလုပ်မည်ဖြစ်သော ဗီဒီယိုလှုပ်ရှားမှုကို ယမန်နေ့ က စတင်လိုက်သည်။

အဆိုပါ လှုပ်ရှားမှုကို သရုပ်ဆောင် ဝေလ် ဖာရေးလ်နှင့် စတင်လိုက်ပြီး နာမည်ကြီး သရုပ်ဆောင်မင်းသား ဆီးလ်ဗက်စတား စတောလုံး အပါအဝင် သရုပ်ဆောင် ဂျက်နီဖာ အန်နစ် စတန်၊ အယ်လန် ပေ့ခ်ျ၊ ဆာရာ့ စီလ်ဗာမန်၊ အန်ဂျယ်လီကာ ဟပ်စတန်၊ ဝူဒီ ဟာရယ်လ်ဆန်၊ ဂျု အပတ်တိုး စသည့် ဟောလီးဝုဒ် သရုပ်ဆောင် ၃၀ ခန့် ပါဝင်မည့် ယင်း ဗီဒီယိုလှုပ်ရှားမှုကို အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(US Campaign for Burma-USCB)က ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုမှာ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အဓိက ဖော်ပြခြင်းဖြစ်ပြီး ဟောလီးဝုဒ် သရုပ်ဆောင်များ၏ ပြောကြားချက် ဗီဒီယို ကို အင်တာနက် စာမျက်နှာတွင် တင်ထားမည်ဖြစ် ကြောင်း၊ ယခုလှုပ်ရှားမှုတွင် USCB အဖွဲ့အား ကမ္ဘာ့ပြည်သူ သန်းနှင့်ချီ၍ ပါဝင်ဆက်သွယ်ရန် ရည်ရွယ်ကြောင်း သိရှိရသည်။ (ယင်း အင်တာနက် စာမျက်နှာကိုကြည့်ရန် ဤနေရာတွင် နှိပ်ပါ)

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၈ နှစ်ကစတင်၍ စစ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်မှုများကို အကြိမ်ကြိမ် ခံခဲ့ရရာ ယခုမေလ ၂၇ ရက်ဆိုလျင် နေအိမ်အကျယ်ချုပ်ဖြင့် နေရချိန် ၁၂ နှစ်ရှိပြီဖြစ်သည်။ ထို့ကြောင့် ယခု နှစ်ပတ်လည်တွင် စစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်းထပ်မတိုးရန်လည်း ယင်း ဗီဒီယိုလှုပ်ရှားမှု၏ ရည်ရွယ်ချက်တွင် ပါဝင်သည်ဟု ဆိုသည်။

ဟောလီးဝုဒ် သရုပ်ဆောင် ဝေလ် ဖာရေးလ်က“ကမ္ဘာကြီးရဲ့အပြောင်းအလဲတခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွဲသတ္တိ ကို ဂုဏ်ပြုတဲ့အနေနဲ့၊ သူမကို စာနာရိုင်းပင်းတဲ့အနေနဲ့ သင်လည်း ဆက်သွယ် ပါဝင်လိုက်စမ်းပါ၊ သူမဟာ ကမ္ဘာ့ကြီးရဲ့စံပြုဖွယ် တဦးတည်းသော အကျဉ်းစံ အမျိုးသမီးဖြစ်ပါတယ်”ဟု ပြောဆိုသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်တို့ လွတ်မြောက်ရေးအတွက် အမေရိကန် အထက်လွှတ်တော်အမတ်များဖြစ်သည့် ဒိုင်လန် ဖိုင်းစတိုင်း နှင့် ရစ်ချတ် ဒါဘင်တို့ကလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး လူးဝစ် အာဘာတို့သို့ ဧပြီ ၃၀ ရက်စွဲဖြင့် လိပ်မူ၍စာတစောင်ပေးပို့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းမဂ္ဂဇင်းကလည်း ယခုနှစ် ကမ္ဘာ့ သြဇာအလွှမ်းဆုံး လူ ၁၀၀ ထဲတွင် ထည့်သွင်း ဖော်ပြထားသည်။

The collection News about after Cyclone Nargis Slammed into Burma



240 People Dead; Number of Dead, Injured Expected to Climb


By THE IRRAWADDY AND AGENCIES Sunday, May 4, 2008

E-MAIL
PRINT

Burma's junta declared five disaster zones on Sunday—Rangoon, Irrawaddy, Pegu divisions as well as Karen and Mon states—after devastating cyclone Nargis slammed into mainland Burma on Saturday.

Rangoon's Traders Hotel is seen in the background as a vehicle carrying men drives past a damaged billboard in the former capital on May 4, a day after Rangoon was hit by a cyclone. (Photo: Reuters/DVB/Handout)
At least 240 people have died across Burma, authorities said. The number of injured was not available, but it is believed to be high.

"According to the latest information we have, altogether 19 people were were killed in Rangoon Division, and then about 222 people were killed in Irrawaddy Division," an Information Ministry official told Agency France Press.

The number of dead and injured is expected to climb as local officials and media-shy authorities slowly make contact with outlying towns and villages along the coast and in central Burma.

The overseas Burmese community has been searching for information about relatives and loved ones, further clogging Burma’s telecommunication system, which is barely functioning, if at all, in many cities.

Cyclone Nargis—rated a Category 3 storm—ripped through the Irrawaddy delta and Rangoon on Saturday morning, tearing off roofs, uprooting trees and knocking out electricity with wind speeds reaching 190 kilometers per hour (120 mph).

Therje Skavdal, the Bangkok-based regional head of the UN office for the Coordination of Humanitarian Affairs (UNOCHA), told Reuters: "It's early, and it will take a few days before we get an overview of the damage."

Residents walk past fallen trees on a street in Rangoon, Burma's largest city on Saturday. Tropical Cyclone Nargis ripped through Rangoon early Saturday, tearing off roofs, uprooting trees and knocking out electricity. (Photo: Xinhua)
An estimated 7.03 million people were affected by the storm. In addition, an estimated 1.82 million people who live in coastal areas below 5 meters could have been hard hit by a surge of water up to 12 feet (3.5 meters), according to the Global Disaster Alert and Coordination System.

Structures have been damaged or collapsed in towns throughout the Irrawaddy delta, where the massive cyclone hit on Friday night having gathered power in the tropical waters of the Bay of Bengal. Three out of four buildings were collapsed in Laputta and Kyaik Lat, state media reported.

Official media said seven vessels sank in the Rangoon harbor.

The Rangoon Airport has been closed. All incoming domestic flights were diverted to Mandalay, the country’s second largest city, in the middle of Burma. Thai Airways in Bangkok said its flights would not resume before Monday.

Meanwhile, the junta formed a national central committee for natural disasters, with Prime Minister Gen Thein Sein as chairman, to coordinate relief and aid efforts.

Some police and army personnel have been deployed throughout the worst hits areas to start the clean-up operation, said AFP.

Military personnel attempt to remove fallen trees from a road in Burma after a cyclone in this television grab May 4. (Photo: Reuters/MRTV)
However, Rangoon residents who are experienced with natural disasters are already complaining bitterly about the slow response from the military government.

"Where are all those uniformed people who are always ready to beat monks and civilians?" one woman asked. "They should come out in full force and help clean up the area and restore electricity."

A 35-year-old resident in Kyaukpadaung Township in Mandalay division asked where are the Union Solidarity and Development Association members.

ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းရှိ မြို့များ မုန်တိုင်းဒဏ်ကြောင့် ပျက်စီး
ဧရာဝတီ | မေ ၃၊ ၂၀၀၈

ယနေ့နံနက် အစောပိုင်း တိုက်ခတ်သော မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းရှိမြို့များ ထိခိုက် ပျက်စီးမှု ကြီးမားကြောင်း စုံစမ်းသိရှိရသည်။ တိုက်ခတ်သော မုန်တိုင်းမှာ ၁ နာရီ မိုင် ၁၂၀ နှုန်း ရှိသည်။


နာဂစ်မုန်တိုင်း မြန်မာပြည်သို့ ဝင်ရောက်တိုက်ခတ်နေစဉ် (Photo: US Navy)

ကုလသမဂ္ဂ သတင်းရပ်ကွက်များ၏ အဆိုအရ နာဂစ်အမည်ရှိ မုန်တိုင်းသည် သောကြာနေ့ ညလယ်အချိန်တွင် မြန်မာပြည် ကမ်းရိုးတမ်းရှိ လပွတ္တာမြို့သို့ စတင်ဝင်ရောက်ခဲ့ပြီး နံနက် ၅ နာရီခွဲတွင် အပြင်းထန်ဆုံး အရှိန်အဟုန်ဖြင့် ရန်ကုန်မြို့သို့ တိုက်ခတ်ခဲ့သည်။

“မုန်တိုင်းက မနေ့ည ၁၁ နာရီက စတိုက်တယ်၊ ၁ နာရီက စပြီး ပြင်းပြင်းထန်ထန်တိုက်တာ အပြင်းဆုံးအချိန်ကတော့ မနက် ၅ နာရီ၊ ၆ နာရီ ထင်တာပဲ၊ အိမ်တအိမ်လုံးရေတွေထဲ မှာ၊ မနက် ၇ နာရီ လောက်မှာ သွပ်မိုး လန်သွားတာ၊ တညလုံးလည်း မအိပ်ရဘူး၊ စလောင်းတွေ အားလုံးလည်း လွင့်၊ ကားတွေက လမ်းမကြီးတွေမှာ တောင် ရှောင်သွားနေရတယ်၊ သစ်ပင်တွေ လည်းကျိုး၊ သစ်ပင်တွေကုန်ပြီ၊ လူအသေ အပျောက်ကတော့ အတိ အကျ မသိနိုင်သေးဘူး၊ မနက် ၁၁ နာရီခွဲလောက်မှာ တော့လေရပ်သွားတယ်” ဟု ရန်ကုန်မြို့ ဗိုလ်တထောင်မြို့ နယ်တွင် နေထိုင်သည့် သတင်းထောက် တဦးက ပြောသည်။

ယခုအချိန်အထိ အသေအပျောက် စာရင်းအတိအကျကို မသိရှိရသေးသော်လည်း အေပီ သတင်း တပုဒ်၏ အဆိုအရ ရန်ကုန်မြစ်ကို ဖြတ်ကူးသော အမျိုးသမီး ၃ ဦး လေပြင်းမုန်တိုင်းဒဏ်ကြောင့် လှေမှောက်သေဆုံးသည် ဟု သိရသည်။

ဆင်ဟွာ သတင်း တပုဒ်က ရန်ကုန်မြို့တဝန်း သစ်ပင်ကြီးများ ပြိုလဲမှုကြောင့် လမ်းများ ပိတ်ကုန်ပြီး လမ်းများပေါ်တွင်ရပ် ထားသော ကားများစွာမှာလည်း သစ်ပင်များ ပိလျှက်ရှိကြောင်း၊ လျှပ်စစ်မီးနှင့် တယ်လီဖုန်း လိုင်းများ ပြတ်တောက်ကုန် ကြောင်း၊ မိုဘိုင်း လက်ကိုင် ဖုန်းများလည်း ဆက်သွယ်၍မရတော့ကြောင်း၊ ကြော်ငြာဆိုင်းဘုတ် များနှင့် ဂြိုဟ်တုစလောင်း များ အားလုံးနီးပါးမှာ ပြိုကျ ပျက်စီးကုန်ကြောင်း ဆိုသည်။

ရိုက်တာ သတင်းကလည်း မြန်မာ့ရုပ်မြင်သံကြားနှင့် ရန်ကုန် စီးတီး အက်ဖ်အမ် ရေဒီယို ထုတ်လွှင့်မှုများ ရပ်ဆိုင်းကုန် သည်ဟု ဆိုသည်။ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ယခုအခါ ပိတ်ထားရကြောင်းလည်း သိရှိရသည်။

ယင်းမုန်တိုင်း ဒဏ်ကြောင့် လျှပ်စစ်မီးလိုင်းများနှင့် တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်ကုန် သည်ဟု အထက်ပါ ရန်ကုန်သတင်းထောက်ကလည်း ပြောသည်။

ရန်ကုန် ကမာရွတ်မြို့နယ် စံရိပ်ငြိမ် ရပ်ကွက်တွင်နေထိုင်သူ တဦးကလည်း ၎င်းတို့နေထိုင်ရာ ရပ်ကွက် တခုလုံး တွင်လည်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများရှိကြောင်း ပြောဆိုသည်။

“မုန်တိုင်းက တော်တော်ဆိုးတယ်၊ တလမ်းမှ မလွတ်ဘူး၊ မှန်တွေကွဲတယ်၊ ခေါင်းမိုးပေါ်တင်ထားတဲ့ စလောင်းတွေ လန်ကုန်ပြီ အောက်ကို ပြုတ်ကျကုန်တယ်၊ ကားတွေပေါ်သစ်ပင်ပိတယ်၊ ကျနော့်ကားလည်းပိတယ်၊ သွပ်ပြားတွေ အချပ် လိုက် လမ်းတွေပေါ်ပြေးနေတယ်”ဟု စံရိပ်ငြိမ်တွင် နေသူက ပြောသည်။

မျက်မြင်တဦးကလည်း ကမာရွတ်၊ လှိုင်၊ မြေနီကုန်း ဝန်းကျင်၊ ရွှေုဂုန်တိုင် ဝန်းကျင်နှင့် တက္ကသိုလ်ရိပ်သာလမ်း ဝန်းကျင်တို့ တွင် သစ်ပင်များလဲကျ၍ လမ်းများပိတ်နေကြောင်း ပြောပြသည်။

ရန်ကုန်လှော်ကား ဘက်တွင် ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများလဲကျပြီး အိမ်ပြိုကျမှုများရှိသည်ဟု လှော်ကားတွင် နေသူတဦးကလည်း ပြောသည်။

“အိမ်အပြင်တောင်ထွက်လို့ မရဘူး၊ လမ်းမှာ သစ်ပင်ကြီးတွေပိတ်နေတယ်၊ အိမ်အမိုးတွေလန်တယ်၊ တချို့ အိမ်ပြိုတယ်”ဟု ၎င်းက ပြောပြသည်။

“ဝေဠုဝန်တိုက်ခန်းတွေမှာ လေးခန်းတွဲ၊ သုံးထပ်တိုက် ဆယ့်ရှစ်လုံးရှိတာ အမိုးတွေအားလုံး လန်သွားတယ်။ ဟံသာဝတီ ကားပွဲစားတန်းဘက်မှာ ကုန်းကျော်လိုက်တာနဲ့ ကျွန်းတောလမ်းလောက်အထိ အပင်ကြီးတွေ လဲနေတယ်။ မီးရထားလမ်း တွေမှာလည်း သစ်ပင်တွေကျိုးပြီးပိတ်နေတယ် … သွားလို့မရဘူး၊ မီးရထားတွေ မထွက်ဘူး” ဟု စမ်းချောင်းမြို့နယ်ရှိ ဒေသခံက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းကစ၍ စမ်းချောင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁)၊ အခြေခံပညာ မူလတန်း ကျောင်း အမှတ် (၁၂) နှင့် မူးယစ်ဆေးဝါးပြတိုက်တို့တွင် လေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည် ဟုလည်း အဆိုပါဒေသခံက ဆိုသည်။

ယင်းမုန်တိုင်းသည် ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲ၊ တောင်ကုတ်၊ ဂွ တို့ကိုလည်း ညဦးပိုင်းတွင် ဖြတ်သွားပြီး အထိအခိုက် ရှိကြောင်း ဒေသခံတဦးက ပြောသည်

နာဂစ် မုန်တိုင်းသည် ဧရာဝတီ တိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကျုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင်၊ သာယာဝတီ၊ ဂွ မြို့တို့ကိုလည်း ဝင်ရောက် တိုက်ခတ်ရာ အပျက်အစီး များကြောင်း သိရှိရသည်။ အသေးစိတ် ကိုမူ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

မုန်တိုင်းဒဏ်ကြောင့် လူ ၂၄၀ ကျော်သေဆုံး
ဧရာဝတီ | မေ ၄ ၊ ၂၀၀၈

မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်အစိုးရက ပြည်နယ်နှင့်တိုင်း ၅ ခုကို မုန်တိုင်းဒဏ်အခံရဆုံး ဒေသများအဖြစ် ကြေညာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူ ၂၄၀ ကျော် သေဆုံးကြောင်း သိရသည်။

မုန်တိုင်း ဒဏ်သင့် ရန်ကုန်မြို့လယ်မြင်ကွင်း (Photo: Reuters/DVB/Handout)

နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်တွင် လူ ၁၉ ယောက် သေဆုံးပြီး ဧရာဝတီတိုင်းတွင် လူ ၂၂၂ ယောက်သေဆုံးကြောင်း အမည် မဖော်လိုသူ ပြန်ကြားရေးဝန်ကြီးဌာန အရာရှိ တဦးက ပြောကြားသည်ကို အေအက်ဖ်ပီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ထိခိုက်အနာတရ ရရှိသူစာရင်းကိုမူ အတိအကျမသိရှိရသေးသော်လည်း များပြားနိုင်သည်ဟု မျှော်လင့်ရသည်။

မုန်တိုင်းကြောင့် အပျက်အစီးများစွာရှိခဲ့သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို မုန်တိုင်းဒဏ်အခံရဆုံး ဒေသများအဖြစ် အာဏာပိုင်များက ရုပ်မြင်သံကြားမှ ယမန်နေ့က ကြေညာခဲ့သည်။

စနေနေ့နံနက် အစောပိုင်း တိုက်ခတ်သော ယင်းမုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းရှိမြို့များ ထိခိုက် ပျက်စီးမှုကြီးမားကြောင်း စုံစမ်းသိရှိရသည်။ တိုက်ခတ်သော မုန်တိုင်းမှာ ၁ နာရီ မိုင်၁၂၀ နှုန်း ရှိသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေး ဒေသ ဆိုင်ရာအကြီးအကဲ ထာဂျီ စကက် ဒဲလ်က“ပျက်စီးဆုံးရှုံးရမှုအားလုံး ကျနော်တို့ သိရဖို့အတွက် ရက်အနည်း ငယ်ကြာလိမ့်ဦးမှာဖြစ်ပါတယ်”ဟု ဆိုသည်။

ကမ္ဘာ့ မုန်တိုင်း သတိပေးချက် နည်းစနစ် ဝက်ဘ်ဆိုက်၏ တွက်ချက်မှုအရ လူပေါင်း ၇.၀၃ သန်း မုန်တိုင်းဒဏ် ခံရနိုင်ဖွယ် ရှိကြောင်း၊ ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတွင် နေထိုင်သော လူဦးရေ ၁.၈၂ သန်းသည် လည်း မုန်တိုင်းကြောင့်ဖြစ်သော လှိုင်းကြီးမှုဒဏ်ကို ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

သစ်ပင်ကြီးများ လေပြင်းဒဏ်ကြောင့် အမြစ်မှ ကျွတ်ထွက် လဲပြိုကုန်ကြ (Photo: Xinhua)

မြန်မာစစ်အစိုးရ၏ တရားဝင် ကြေညာချက်အရ ဧရာဝတီတိုင်းရှိ လပွတ္တာနှင့် ကျိုက်လတ်မြို့များသည် ၄ ပုံ ၃ ပုံ ခန့် ပျက်စီးသွားကြောင်း သိရသည်။

ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကိုလည်း ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် တယ်လီဖုန်း ဆက်သွယ်ရေး လိုင်းများလုံးဝနီးပါး ပြတ်တောက်နေ သောကြောင့် ရန်ကုန်အပါအဝင် မုန်တိုင်း ဒဏ်သင့်ဒေသများရှိ ၎င်းတို့၏ မိသားစုဝင်များအား အလွန်အမင်း စိတ်ပူပန်နေရကြောင်းလည်း သိရသည်။

မြန်မာအစိုးရ အနေဖြင့် မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး လုပ်ငန်များ လုပ်ဆောင် နိုင်ရန် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော ကော်မတီတခုကို ဖွဲ့စည်းခဲ့ကြောင်း မြန်မာ့အသံမှ ကြေညာသွားသည်။

ရန်ကုန်မြို့လမ်းမများအား ပိတ်ဆို့နေသော ပြိုလဲကျနေသည့် သစ်ပင်ကြီးများကို ရှင်းလင်းရန် စစ်တပ်နှင့် ရဲတပ် ဖွဲ့များ စတင်ထားရှိသည်ကို တွေ့မြင်ရသော်လည်း ရန်ကုန်မြို့ခံများကမူ စစ်အစိုးရ၏ ကယ်ဆယ်ကူညီရေးမှာ နှောင့်နှေးကြန့်ကြာနေကြောင်း ဝေဖန်ကြသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ရှင်းလင်းရေး စတင်နေသော်လည်း ရန်ကုန်မြို့ခံများက အင်မတန် နှေးကွေးကြောင်း ဝေဖန်နေကြသည် (Photo: Reuters/MRTV)

“အင်္ကျီအပြာမှာ ရဲ တံဆိပ်တွေနဲ့ တွေ့တယ်၊ စွမ်းအားရှင်လို့ပြောတာပဲ၊ လမ်းပေါ်မှာ ဟေးလားဝါးလားနဲ့၊ အမှိုက် ရှင်းမလိုလို လုပ်နေကြတယ်၊ အဲဒါတွေကို နိုင်ငံတော်က လုပ်ပေးရမှာ၊ ဘာမှလည်း မလုပ်ပေးဘူး၊ မသိသလို နေနေကြတယ်၊ မနေ့က ရဲ တွေ သွားတာ လိုက်ကြည့်တော့၊ လွှတ်တော်ရှေ့က သစ်ပင်တွေကို သွားရှင်းတာ၊ သူတို့ လက်ထဲမှာ သစ်ပင်ခုတ်ဖို့ ဓားမပါဘူး၊ ဒိုင်းတွေ တုတ်တွေ သေနတ်တွေပဲပါတယ်၊ သစ်ကိုင်းတွေကို လက်နဲ့ချိုးတယ်”ဟု ရန်ကုန်မြို့ခံတဦးက ပြောပြသည်။

ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးနှင့် သောက်သုံးရေ ယခုအချိန်အထိ ပြတ်လပ်နေဆဲဖြစ်ပြီး လမ်းပန်းဆက်သွယ် ရေးများလည်း ပြတ်တောက်နေဆဲဖြစ်သည်။

ယနေ့တွင် ရန်ကုန်မြို့ရှိလူများမှာ ပျက်စီးသွားသော အိမ်ရာများကို ပြုပြင်ရန် ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူ နေကြကြောင်း သိရှိရသည်။ ဓာတ်ဆီဈေးမှာလည်း တရှိန်ထိုး တက်သွားပြီး တဂါလန် ၇၅၀၀ ကျပ် ပေါက်ဈေး ရှိကြောင်း သိရှိရသည်။

ယခု မုန်တိုင်း ဒဏ်ကြောင့် လာမည့် စနေနေ့တွင် ကျင်းပမည့် အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်း နိုင်ဖွယ်ရှိကြောင်း ရန်ကုန် စာနယ်ဇင်းအသိုင်းအဝန်းက သုံးသပ်နေကြသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ပံ့ရေး အေဂျင်စီများအနေဖြင့် အကူအညီများ ပေးရန် အဆင်သင့် ရှိနေသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း မြန်မာစစ်အစိုးရ က အကူအညီတောင်းခံမှု မပြုလုပ်သေးချေ။