10.26.2008

Security relaxed at Suu Kyi's home

October 26, 2008
Authorities in military-run Burma removed barbed wire barriers and reduced security around the Rangoon home of detained democracy leader Aung San Suu Kyi, an official from her party said.

Witnesses near the lakeside compound where the Nobel peace prize winner has been locked away for most of the past 19 years said that barricades and checkpoints preventing people from going near her house had been removed.

"We noticed this morning that the security was reduced around her house," said Nyan Win, a spokesman for the National League for Democracy (NLD) party.

"Barbed wire was removed and every vehicle can pass the road in front of her house... (but) it's still early to comment on this situation."

The gate to her compound remained closed, witnesses said.

Aung San Suu Kyi has been under detention for 13 of the past 19 years, and is only allowed sporadic visits from her doctor and lawyer.

Asian and European leaders meeting in China on Saturday urged Burma's junta to release detained opposition members, while American officials also put out a fresh plea for an end to Aung San Suu Kyi's house arrest last week.

Aung San Suu Kyi, 63, is currently appealing her detention, but the ruling generals have not yet indicated whether they will consider the case. Nyan Win said he had heard no news about her release.

The level of security in the leafy Yangon neighbourhood where Aung San Suu Kyi lives fluctuates depending on the political climate, with more barricades being erected on sensitive occasions such as the democracy leader's birthday.

Burma has been ruled by the military since 1962. The NLD won a landslide victory in 1990 elections, but the junta never allowed it to take office.

© 2008 AFP

မဆုံးသေးသည့် နောက်ဆုံးအိမ်မက်(၄)

နောက်ဆုံးအိမ်မက် အမှတ်လေးကို ဆက်ရေးဖို့ တော်တော် အားမွေးခဲ့ရပါသည်။ အဟောင်းတွေ အသစ်ပြန်ဖြစ်တဲ့ အခါ အဲဒီအချိန်တုံးကလိုပဲ ရင်မှာနာကျင်စွာ ပြန်ခံစားရပါသည်။ အတွေးတွေ တဆက် တစပ်တည်း ရှိနေတုန်းမှာ (အရှိန်လေးရှိနေတုန်းမှာ) မဖြစ်မနေ ဆက်ရေးရဦးမည်။ အဖြစ်တွေက အတော်ပင် ဆင်တူရိုးမှား နိုင်ပါသည်။

ကျွန်တော်ရဲ့ ဆောင်းပါး တတိယပိုင်းမှာ ရေးသလို သံသရာက လည်လွန်းပါသည်။ ကျွန်တော်တို့တုန်းက ၁၉၈၈ကုန်ခါနီး။ ၁၉၉၀မှာ ရွေးကောက်ပွဲကျင်းပတော့မည်။ အခု ကျွန်တော် ဆောင်းပါးရေးနေတဲ့ အချိန်က ၂၀၀၈ကုန်ခါနီး၊ ၂၀၁၀မှာ ပြည်သူတွေ သဘောတူတူ မတူတူ သူတို့စိတ်တိုင်းကျ ရေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေပြုလို့ သူတို့စိတ်တိုင်းကျ ရွေးကောက်ပွဲ ပြုလုပ်တော့မှာပါ။

၁၉၈၈တုန်းက လူ့ဘောင်သစ်ပါတီက ရွေးကောက်ပွဲမဝင်ပါလို့ တရားဝင် ကြေညာခဲ့သည်။ အခု ၂၀၀၈မှာတော့  NLDပါတီက ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဟု တရားဝင်ငြင်းဆန်ခဲ့ပြီ။ ဒါဆိုလျှင် ၁၉၈၈ တုန်းက လူဘောင်သစ်ပါတီ ကြုံခဲ့သည့် အဖြစ်များသည် တပတ်ပြန် မလည်လာနိုင်ပါဟု မည်သူ ပြောနိုင်ပါ မည်နည်း။ ကျွန်တော်တို့ ကြုံခဲ့ရသည့် အဖြစ်များက လက်ရှိ တိုက်ပွဲဝင်နေသူများအတွက် သတိပြုစရာ တစုံတရာများ ပေးနိုင်ပါမည်လား။

စစ်အာဏာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရမှုများ အကြိမ်မြောက်များစွာ ဖြစ်ခဲ့ရသည်။ ၁၉၈၉ခုနှစ် ဇူလိုင်လတွင် အပြင်းထန်ဆုံးဖြစ်ခဲ့ပါသည်။ ပါတီ၏ လှုပ်ရှားမှုများသာမက ကျောင်းသားသမဂ္ဂများ၏ လှုပ်ရှားလှုံ့ဆော်မှုများသည် အရှိန်အမြင့်ဆုံး ဖြစ်လာသည်။

တဖက်မှ မဟာမိတ်ပါတီဖြစ်သော NLDပါတီမှလည်း မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဟူသည့် ဆောင်ပုဒ်ဖြင့် တိုက်ပွဲရေချိန် အမြင့်ဆုံးဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်က လာမည့်ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့ကို မိမိတို့ NLDပါတီ၏ အစီအစဉ် ဖြင့်သာ တက်ရောက်အလေးပြု ပန်းခွေချမည်ဟု ကြေညာခဲ့သည်။ ဇူလိုင်လ(၁၆)ရက်နေ့တွင် အာဇာနည်နေ့အကြို ဟောပြောပွဲအဖြစ် အင်းစိန်မြို့နယ် NLDရုံးတွင် NLDနှင့် လူ့ဘောင်သစ်ပါတီတို့ ပူးတွဲ
ကျင်းပခဲ့ကြသည်။

ထောင်နှင့်သောင်းနှင့်ချီသော လူထုကြီးက သူတို့၏ လူထုခေါင်းဆောင် ဟောပြောခြင်းကို တခဲနက် လာရောက် အားပေးခဲ့ကြသည်။ လူ့ဘောင်သစ်ပါတီနှင့် ကျောင်းသားသမဂ္ဂများမှ ခေါင်းဆောင်အချို့လည်း ထိုနေ့တွင် ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် စိတ်ဓါတ်တက်ကြွနေသော လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ကားနောက်မှ ကြွေးကြော်သံများ ကြွေးကြော်ကာ လိုက်လံ ပို့ဆောင်ပေးခဲ့ကြသည်။ ထိုပွဲသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခြင်း မခံရခင် နောက်ဆုံးတရားပွဲပင် ဖြစ်တော့သည်။ ထိုအချိန်ကတော့ လူထုကြီးလဲမသိ၊ ကျွန်တော်တို့လည်း မသိခဲ့ပါ။

ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့တွင် စုရပ်ဖြစ်သော ရွှေဂုံတိုင်လမ်းဆုံသို့ ကျောင်းသားများ၊ ပြည်သူလူထုများ၊ လူ့ဘောင်သစ်ပါတီဝင်များသည် ပန်းခြင်းပန်းခွေများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ပုံကားချပ်များ ကိုင်ဆောင်၍ စုရုံးရောက်ရှိနေခဲ့ကြသည်။ ဦးဆောင် ချီတက်မည့် ဒေါ်အောင်ဆန်းစုကြည် ကတော့ ထွက်မလာနိုင်ရှာတော့။

"ကျမတို့ဟာ ကျမတို့ တိုင်းပြည်မှာနေပြီး အကျဉ်းသားတွေ ဖြစ်နေရတာ ကမ္ဘာက သိပါစေ"ဟူသည့် ကြေငြာချက် အတိုလေးတစောင်သာ ထွက်လာနိုင်ခဲ့တော့သည်။ (နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်ခြင်း၊ တောထဲမှာ ငှက်ဖျားရောဂါ အကြိမ်ကြိမ်နှိပ်စက်ခံခဲ့ရခြင်းနှင့် ငတ်မွတ်ခက်ခဲ ကြမ်းတမ်းစွာ ဖြတ်သန်းလာခဲ့ရသည့် အကြောင်းများကြောင့် တခါတရံ စကားလုံးအနည်းငယ် လွဲချော်မှုများရှိခဲ့ပါလျှင် သည်းခံခွင့်လွှတ် ပေးပါရန်။) ကျွန်တော်အပါအဝင် စုရုံးရောက်ရှိ နေသူများအားလုံး ယူကြုံးမရ ဒေါသဖြစ်ကြရသည်။

သွေးဆူနေကြသော ကျောင်းသားများသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ချီတက်၍ ဒေါ်အောင်ဆန်းစုကြည်ကိုြ ပန်လုရန် စိုင်းပြင်းလာကြသည်။ တယောက်နှင့် တယောက် အမျိုးမျိုးချော့မော့ ဖြောင်းဖျ ထိန်းသိမ်းရင်းမှ နောက်ဆုံးတွင် ကျွန်တော်တို့၏ လူထုခေါင်းဆောင် ဦးမဆောင်နိုင် တော့သော်လည်း သူဆုံးဖြတ်ခဲ့သည့် အတိုင်း အာဇာနည်ကုန်းသို့ ငြိမ်းချမ်းစွာ ချီတက်ပန်းခွေချ အလေးပြုရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြသည်။ ငြိမ်းချမ်းရေးကို မြတ်နိုးသော အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ ကျွန်တော်တို့ကို တလျှောက်လုံး ခေါင်းဆောင်မှုပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို တုန့်ပြန်ဂုဏ်ပြုရန် ထိုတလမ်းတည်းသာ ရှိသည်ဟု ကျွန်တော်တို့ယုံကြည်ခဲ့ကြသည်။

ထိုကြောင့် အားလုံးကို ငြိမ်းချမ်းစွာချီတက်ရန်၊ မည်သို့ပင်ဖြစ်စေ ဒေါသနှင့် မတုန့်ပြန်ရန် အားလုံးကို မေတ္တာရပ်ခံ၍ အာဇာနည်ဗိမာန်သို့ ချီတက်ခဲ့ကြပါသည်။ ထိုအာဇာနည်ကုန်းသို့ ရောက်လျှင်လည်း သူတို့ခွင့်ပြုသည့် အစီအစဉ်အတိုင်းသာ အစဉ်အလိုက် ပန်းခွေချမည်၊ အလေးပြုကြမည်ဟု ရည်စူးထား ခဲ့ကြပါသည်။

သို့ရာတွင် ရေခဲဆိုင်မှတ်တိုင် မရောက်ခင် ဘက်နှစ်ဘက်လုံး အုတ်တံတိုင်းများ ကာရံထားသော တနေရာတွင်ကျွန်တော်တို့အား ပိတ်ဆို့တားဆီးခြင်း ခံရပါတော့သည်။ ရုန်းရင်းဆန်ခတ်ဖြစ်ရန် ဆန္ဒမရှိ သော ကျွန်တော်တို့အနေဖြင့် အေးဆေးပြေလည်စွာ ညှိနိုင်းရန်ကြိုးစားခဲ့ပါသေးသည်။ သို့ရာတွင် ကျွန်တော်တို့သည် သားစားကျူးသော ဘီလူးတို့ကို လူဟု ထင်မှတ်မှားခဲ့ပါပြီ။ ရှေ့မှ ပန်းခွေ၊ ပန်းခြင်းကိုင် အမျိုးသမီးငယ်များကို ထိုင်ခိုင်းလိုက်ပြီး ကျွန်တော်တို့ သွားရောက်ညှိနိုင်း ဆွေးနွေးနေစဉ်မှာပင် နှစ်ဘက်ညှပ်၍ ရိုက်နှက်ခြင်း ခံရပါတော့သည်။

ဘေးဘက်သို့ ပြေးရန်နေရာမရှိခြင်း ရှေ့နှင့်နောက်နှစ်ဘက် ပြေးပေါက်မရှိအောင် ရှေ့နောက်ပိတ်ပြီး ဘက်နှက်များဖြင့် ထိုးခြင်း၊ ရာဘာတုတ်များဖြင့် ရိုက်နှက်ခြင်းကြောင့် အထိနာကြရပါသည်။

အထူးသဖြင့် အုတ်တံတိုင်းနှင့် ခြံစည်းရိုးများကို ကျော်မပြေးနိုင်ရှာသဖြင့် အမျိုးသမီးများ ပို အထိနာကြပါသည်။ ကျွန်တော်မှတ်မိသမျှ သုံးယောက်သေပြီး၊ ၁၈ယောက်ဒဏ်ရာရကာ ၈၂ယောက်အဖမ်းခံရပါသည်။ အများစုမှာ လူ့ဘောင်သစ်ပါတီဝင်များ ဖြစ်ကြသည်။

ထိုနှိမ်နင်းခံရမှု၏ အရှိန်သည် ရန်ကုန်မြို့တွင်းအထိ ပြန့်နှံ့သွားခဲ့ပြီး နေရာ အများအပြားတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွါးခဲ့ပါသည်။ အထူးသဖြင့် လူ့ဘောင်သစ်ပါတီ ဌာနချုပ်အနီး တဝိုက်ဖြစ်သော ရန်ကုန်မြို့လယ်တွင် ပိုမိုများပြားခဲ့ပါသည်။ ဇူလိုင်လ၂၁ရက်နေ့တွင် ထိုဖြစ်ရပ်အတွက် သတင်းစာ ရှင်းလင်းပွဲကို ကျွန်တော်တို့ ပြုလုပ်ခဲ့ပြီး မတရားမှုများကို ဖွင့်ချနိုင်ခဲ့ပါသည်။

ထို့အတွက် သူတို့၏တုန့်ပြန်မှုက လူ့ဘောင်သစ်ပါတီ ခေါင်းဆောင်များကို တဦးပြီးတဦး ဖမ်းဆီးခဲ့ခြင်းပင်ဖြစ်သည်။ ဥက္ကဌကိုအောင်ဇေယျ၊ ကိုဂျင်မီ၊ ကိုယဉ်ထွေး နောက် ရန်ကုန်တိုင်းဥက္က ကိုတင်သန်းဦး အပါအဝင်မြို့နယ် အဆင့် ခေါင်းဆောင်များပါ အဖမ်းခံကြရသည်။ ကျွန်တော်တို့ဘက် တခြမ်းသည် ရပ်တည်မရတော့အောင် ဖြိုခွဲခံခဲ့ရသည်။ အချို့ခေါင်းဆောင်များ တောထဲသို့ ထွက်ပြေးခဲ့ရပါသည်။

ယခုဖြစ်စဉ်များကို ကျွန်တော်ပြန်ရေးနေခြင်းမှာ ဆက်လက်တိုက်ပွဲဝင်နေကြသူများ နှိုင်းယှဉ်သင်္ခန်းစာ ယူနိုင်ပါရန်ဖြစ်သည်။ ယခုNLDပါတီတွင် လူငယ်အဖွဲ့ဝင်အချို့သည် ထိုစဉ်က အထက်တန်း အလယ်တန်းကျောင်းသား အရွယ်သာရှိကြပါမည်။

ယခုအခြေအနေများနှင့် ကျွန်တော်တို့ ကြုံတွေ့ခံစားခဲ့ရသည့် အခြေအနေများသည် တူညီနေသော အချက်များရှိပါသည်။ ထိုမျှမက လွတ်လပ်ရေးကြိုးပမ်းမှု ကာလက အဖြစ်များပင် ကျွန်တော်တို့ခေတ်တွင် ဆင်တူရိုးမှား ဖြစ်ခဲ့သည်များ ရှိခဲ့သည်။ ထိုစဉ်က ကွဲထွက်သွားခဲ့သော ဘက်သည်ကော ထိုဖြိုခွဲခံရသည့် အဖြစ်မှ လွတ်ပါသည်လား။

ကျွန်တော်တို့ပြီးတော့ သူတို့အလှည့်ဖြစ်သည်။ နောက်ဆုံးတွင် မတရားသင်း ကြေညာခံရသည့် အခြေအနေ ရောက်ခဲ့သည်။ ယခုလက်ရှိ လူ့ဘောင်သစ်ပါတီကို ဦးဆောင်နေသော ကိုအောင်မိုးဇော်တို့ အသိဆုံးဖြစ်သည်။ သူကတဖက်ခြမ်းတွင် ခေါင်းဆောင်တဦးဖြစ်သည်။ လက်ရှိ ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ကိုငွေလင်းသည် ထိုစဉ်က ကျွန်တော်တို့ဘက်ခြမ်းမှ ဖြစ်သည်။

ယခုတော့ အတူတကွတွဲ၍ တာဝန်ထမ်းဆောင်နေကြသည်။ ထိုစဉ်က ကြီးမားသော ညှိမရသော ပြဿနာကြီးသည် ယခုတော့ ဘာမျှမဟုတ်တော့ပေ။ သမိုင်းသည် ကြော့၍ကြော့၍ တပါတ်လည်နေသည်။ ဟိုယခင် မဆလ လက်ထက်ကတည်းက ထိုသွေးခွဲမှုမျိုး သူတို့ကျင့်သုံးသည်။ ယခုစစ်အာဏာရှင်များလည်း ကျင့်သုံးသည်။ ထိုသို့ပြုသမျှ အကြိမ်ကြိမ်ခံနေကြရလျှင် ထိုမျိုးဆက်သည် ညံ့ရာကျတော့မည်။ ကျွန်တော်တို့ညံ့၍ သွေးခွဲခံခဲ့ကြသည်။

ယခုမျိုးဆက်များကော ကျွန်တ်ာတို့ နောက်ကို ဆက်လိုက်မည်လော။

(ဆက်လက်ဖေါ်ပြပါမည်။)

ရွက်စိမ်း

Credential Challenge အတွက်အလားအလာများမကုန်သေးဟုဆို



NCUB၏အထွေထွေအတွင်းရေးမှူးဦးမောင်မောင်က Credential Challenge သည်ငြင်းပယ်ခံရခြင်းမဟုတ်ပဲအချက်အလက်လိုအပ်နေသေးသည့်အတွက်
ကုလသမဂ္ဂ၏ဥပဒေရေးရာဌာနတွင်ဆိုင်းငံနေရခြင်းသာဖြစ်ပြီးလာမည့်ဒီဇင်
်ဘာလ၁၄ရက်နေ့အထိဆက်လက်ဆောင်ရွက်နိုင်သောမျှော်လင့်စရာရှိသေး
သည်ဟုယနေ့ညနေကBPPU(မြန်မာနိုင်ရေးအကျဉ်းသားများသမဂ္ဂ)တွင်ပြု
လုပ်သောရှင်းလင်းပွဲတခုတွင်ပြောဆိုသွားပါသည်။

၎င်းကပြောကြားရာတွင်ထိုသို့ရပ်တန့်နေရသည့်လိုအပ်ချက်မှာNCGUB
ခေါ်အမျိုးသားညွန့်ပေါင်းအစိုးရ၏လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသည့်အချက်
သည်အဓိကဖြစ်နေသည်ဟုဆိုပါသည်။NCGUBကအဆိုပါ Credential
Challengeနှင့်ပါတ်သက်သောလှုပ်ရှားမှူကိုနိုင်ငံရေးအရထောက်ခံသည်
ဟုဆိုသော်လည်းတရားဝင်လက်မှတ်ရေးထိုးပေးခြင်းမရှိသေးပါ။

ထိုလှုပ်ရှားမှု၏ရည်ရွယ်ချက်မှာကုလသမဂ္ဂတွင်စစ်အာဏာသိမ်းအစိုးရ၏
တရားဝင်မှုကိုပယ်ဖျက်ပေးရန်ဖြစ်ပြီးလက်ရှိဆောင်ရွက်ထားမှုအခြေအနေ
များအရအောင်မြင်ရန်အခွင့်အလမ်းများရှိနိုင်သည်ဟုရှင်းလင်းပြောပြသွား
ခဲ့ပါသည်။
၎င်းကဆက်လက်ပြောဆိုရာတွင်စစ်အာဏာရှင်များကမည်သို့ငြင်းဆိုနေစေကာ
မူ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ၏ရလဒ်ယခုအချိန်အထိခိုင်မာစွာတရားဝင်နေဆဲဖြစ်
်ပြီးကုလသမဂ္ဂ၏ညီလာခံကျင်းပသည့်နှစ်တိုင်းတွင်၁၉၉၀ရွေးကောက်ပွဲ၏ရလဒ်
ကိုအမြဲအသိအမှတ်ပြုခဲ့သလိုအမေရိကန်နိုင်ငံကလည်းလက်ရှိသမ္မတဘုရှ်ကိုယ်
တိုင်၂၀၀၃ခုနှစ်ကတည်းကလက်မှတ်ရေးထိုးဥပဒေထုတ်ပြန်ပြီး၁၉၉၀ရွေး
ကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုထားပြီးဖြစ်သည်ဟုဆိုပါသည်။

ထိုအပြင်နအဖစစ်အာဏာသိမ်းအစိုးရ၏လူ့အခွင့်အရေးချိုးဖေါက်မှုမတရား
ဖမ်းဆီးချုပ်နှောင်မှုများနှင့်လုပ်ကြံသတ်ဖြတ်ရန်ကြံစည်ခဲ့မှုများကိုလည်း
နိုင်ငံတကာတရားရုံးတွင်တရားစွဲဆိုသွားရန်ပြင်ဆင်နေသည်ဟုလည်း
ပြောပြသွားခဲ့ပါသည်။

၎င်းတို့ထံတွင်ခိုင်မာသောသက်သေအထောက်အထားများရရှိထားပြီးဖြစ်ပြီး။
တရားနည်းလမ်းတကျသာရင်ဆိုင်ရန်အခွင့်အရေးရှိလျှင်မည်သည့်နိုင်ငံတကာ
တရားရုံးတွင်မဆိုရင်ယှဉ်ပြိုင်သွားရန်အသင့်ရှိကြောင်းနှင့်တွေ့ဆုံဆွေးနွေး
အဖြေရှာသည့်နည်းလမ်းကိုနအဖတို့ငြင်းပယ်နေသမျှဆက်လက်ပြီးနည်းလမ်း
ရှာဖိအားပေးဆောင်ရွက်သွားမည်ဟုပြောဆိုသွားခဲ့ပါသည်။

မြန်မာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အာရှ နဲ့ ဥရောပ ခေါင်းဆောင်တွေ တောင်းဆို



26 October 2008


ဥရောပနဲ့ အာရှ နိုင်ငံပေါင်း ၄၀ ကျော်က ခေါင်းဆောင်တွေ မြန်မာစစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိဖို့၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာစေဖို့အတွက် သက်ဆိုင်တဲ့ သူတွေ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖော်ဆောင်သွားဖို့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့ မှာ ကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီး အစည်းအဝေး မှာ အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဥရောပ မြန်မာရုံး ညွှန်ကြားရေးမှုး ဦးဟန်ယောင်ဝေ ကို VOAမှမညိုညိုလွင်၏ မေးမြန်းချက်......

“ကျနော့်အမြင်ကတော့ အာရှနဲ့ ဥရောပနိုင်ငံတွေက ဒီလိုမြင်တယ်ဆိုတော့ မြန်မာပြည်အတွက်ကတော့ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခုလက်ရှိ စစ်အစိုးရကလည်း သူ့အနီးအနား နိုင်ငံတွေကလည်း ဒီလို မြင်ပါတယ် ဆိုရင် သူကလည်း ငြင်းပယ်လို့ မရဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီအခုလိုမျိုး အကြံပေးတဲ့နေရာမှာကလည်း ဒီ ၂၀၁၀ လာမယ့် ရွေးကောက်ပွဲမှာ နအဖ ကတော့ သူ လိုလားတဲ့ အခြေခံဥပဒေနဲ့ သူ သွားချင်တဲ့လမ်းနဲ့ သူ သွားမယ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေ ပြောနေတာကတော့ တကယ် ဒီမိုကရေစီလိုလားရင် ရွေးကောက်ပွဲ တခုတည်းနဲ့ လုပ်လို့မရဘူး။ ရွေးကောက်ပွဲ ဆိုရင်လည်း လူထု ပါဝင်ရမယ်။ အတိုက်အခံတွေလည်း ပါဝင်ရမယ်။ လူတိုင်းပါမှ တကယ် ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ပြောချင်တာ ဖြစ်လိမ့်မယ်။ ပြီးတော့မှ ဒီ ပြန်လည် သင့်မြတ်ရေး ရှိသင့်တယ်၊ အဲဒီလိုမျိုး မရှိရင်လည်း ဒီရွေးကောက်ပွဲက အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး ဆိုတဲ့သဘော ဖြစ်ပါတယ်။”

နောက်ပြီးတော့ ဒီကြေညာချက် ထုတ်တဲ့နေရာမှာ အစည်းအဝေးကိုလည်း တရုတ်နိုင်ငံမှာ လက်ခံကျင်းပခဲ့တယ်။ တရုတ်အစိုးရက မြန်မာအစိုးရကို အမြဲတမ်း နောက်ကနေ အားပေးနေတဲ့ အစိုးရတရပ်လို့လည်း အားလုံး သိပြီးသား ဖြစ်ပါတယ်။ အဲတော့ ဒီကြေညာချက် ထုတ်တဲ့နေရာမှာ တရုတ်နိုင်ငံကလည်း ပါဝင်နေတယ် ဆိုတော့ ဒီတရုတ်နိုင်ငံက မြန်မာ ဒီမိုကရေစီရေး ပြောင်းလဲရေးမှာ စိတ်ပြောင်းသွားပြီလား လို့ရော ဦးဟန်တို့အနေနဲ့ ယူဆပါသလားရှင်။ -

“တရုတ်အနေနဲ့ကတော့ ကျနော်တို့ ပြည်ထောင်စုထဲမှာ ဖြစ်နေတဲ့ ပြည်တွင်းပြဿနာကို ၀င်မရှုပ်ဘူး။ ဒါပေမယ့် တိုင်းပြည်ကောင်းဖို့ကတော့ သူတို့ ကြိုးစားမယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျနော်တို့ ပြည်ထောင်စုမှာ စစ်အစိုးရ ဖြစ်စေ၊ ဘယ်အစိုးရ တက်လာသည် ဖြစ်စေ၊ မြန်မာပြည်နဲ့ တရုတ်ပြည် ကတော့ ပူးပေါင်းပြီးတော့မှ မိတ်ဆွေအနေနဲ့ နေသွားရမယ်ဆိုတဲ့ သဘော ရှိပါတယ်။ အဲဒါကြောင့်လည်း သူတို့က ဒီအချိန်မှာ နအဖ က လုပ်မယ့် ရွေးကောက်ပွဲက တကယ် အလုပ်ဖြစ်မယ် ဆိုရင် သူတို့ အတွက်လည်း ကောင်းမယ်။ မြန်မာပြည်အတွက်လည်း ကောင်းမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။”

ဟုတ်ကဲ့။ ဒါပေမယ့် ဒီကြေညာချက်ထဲမှာ ပါတာက ရွေးကောက်ပွဲအကြောင်း မဟုတ်ဘဲနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ နိုင်ငံရေး ပါတီတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးဖို့ ဆိုတဲ့ အကြောင်းအရာတွေ ဖြစ်နေတော့ တရုတ်အနေနဲ့က ဒီအကြောင်းအရာတွေအပေါ်မှာ လိုက်နာမှု ရှိလာမယ် လို့ရော ယူဆပါသလားရှင့်။ -

“ရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခု ရွေးကောက်ပွဲအကြောင်း မပြောပေမယ့် ပြန်လည်သင့်မြတ်ရေး မရှိရင် ရွေးကောက်ပွဲက အဓိပ္ပါယ် မရှိဘူး။ ဆိုတော့ သူတို့အနေနဲ့ ပြောချင်တာကတော့ အခုကနေ စပြီးတော့မှ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြန်လည်သင့်မြတ်ရေး လုပ်ကြပါ။ ပြန်ဆွေးနွေးကြပါ။ ဖမ်းထားတဲ့ ပုဂ္ဂိုလ်တွေလည်း လွှတ်ပေးပါ။ တကယ် နိုင်ငံရေး အဖြေရှာတဲ့ နည်းလမ်း ဖြစ်လာမယ် ဆိုတာ ကျနော်တို့ အဲဒီလိုမျိုး နားလည်ပါတယ်။”

အဲဒီတော့ တရုတ်အနေနဲ့ကတော့ ဒီကြေညာချက်မှာ ပါတဲ့အတိုင်းပေါ့နော်။ မြန်မာစစ်အစိုးရအပေါ်မှာ ပိုပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်လာမယ် လို့ရော ယူဆပါလား။ -

“ဟုတ်ကဲ့။ ကျနော် နားလည်တာကတော့ အခုမှ မဟုတ်ပါဘူး။ ဒါ သူတို့ကတော့ တိုက်တွန်းနေတာကတော့ တနှစ် နှစ် နှစ်လောက် ရှိပါပြီ။ အခု ကုလသမဂ္ဂ ကြိုးစားထားတဲ့ ဂမ်ဘာရီ ခရီးစဉ်တို့မှာလည်း တရုတ်အကူအညီ ပါပါတယ်။ နိုင်ငံတကာက တောင်းဆိုချက်တွေကို တရုတ်က လက်ခံတယ်။ ဆိုတော့ သူတို့ကတော့ ဆက်ပြီးတော့မှ ကြိုးစားမယ်လို့ ကျနော် ယူဆပါတယ်။ ဒီ နအဖ ကိုတော့ သူတို့က ဖိအားပေးမှာတော့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံလိုမျိုး ဖိအားပေးမယ်၊ မကောင်းကြောင်း ပြောမယ်ဆိုရင် သူတို့ကတော့ မလုပ်ဘူးလို့ ကျနော် မြင်ပါတယ်။”

ဟုတ်ကဲ့။ နောက်တချက်က တရုတ်အစိုးရကိုရော ဥရောပ သမဂ္ဂနိုင်ငံတွေက မြန်မာပြည်ပြောင်းလဲရေးမှာ ပိုပြီး လုပ်ဆောင်ပါ ဆိုတဲ့ ဖိအားပေးမှုမျိုး ဖြစ်လာနိုင်ပါလားရှင်။ -

“ကျနော် နားလည်သလောက်ကတော့ တရုတ်မကဘူး။ တရုတ်ရော အိန္ဒိယ နိုင်ငံရော၊ အာဆီယံ ဖြစ်တဲ့ အနီးအနား နိုင်ငံတွေကိုရော သူတို့က တိုက်တွန်းနေတာ ကြာပြီ။ အခုလိုမျိုး အကောင်အထည် ပေါ်လာတယ် ဆိုတာ ဒါ ကောင်းတယ် လို့ ကျနော် မြင်ပါတယ်။”

ဥရောပ မြန်မာရုံးညွှန်ကြားရေးမှုး ဦးဟန်ယောင်ဝေ ပြောဆိုသွားတာပါ၊ အခုလို ကြေညာချက် မထွက်လာမီ ရက်ပိုင်းတွေမှာပဲ ကုလသမဂ္ဂ အပါအ၀င် အမေရိကန်၊ ဥရောပသမဂ္ဂ တို့ကလည်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ ဖြစ်ပေါ်လာစေနိုင်ဖို့ အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ကို တချိန်တည်း တောင်းဆိုလိုက်ကြတာကြောင့် မြန်မာနိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ဖို့ဟာ ဖမ်းဆီး ထိန်းသိမ်းခံထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ လွတ်မြောက်လာဖို့ဟာ အဓိက ကျတယ်လို့ မြင်နိုင်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ သတင်းစာတွေထဲမှာတော့ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တရုတ်ပြည်သူ့ သမတ နိုင်ငံ နန်နင်း မြို့မှာ ကျင်းပတဲ့ (၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ (၅) ကြိမ်မြောက် တရုတ် အာဆီယံ စီးပွားရေးနဲ့ ရင်းနှီမြှပ်နှံမှု ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ အောက်တိုဘာလ ၂၀ ရက်နေ့က သွားရောက်ခဲ့တဲ့ သတင်းနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိတဲ့အကြောင်း တွေကိုပဲ ဖော်ပြထားတဲ့ အတွက် ပြီခဲ့တဲ့ ၂၄ နေ့ နဲ့ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီးညီလာခံကို မြန်မာစစိအစိုးရ ကိုယ်စားပြု ဘယ်သူ တက်ရောက်ခဲ့သလဲ ဆိုတာကိုတော့ မသိရပါဘူး။