စု၏ သဘောသဘာဝနှင့် ကြံ့ခိုင်သော စိတ်ဓါတ်တို့၏ ဇစ်မြစ်ကို လေ့လာစူးစမ်းရာတွင် ကျမ၏ရည် ရွယ်ချက်မှာ ဥပမာအားဖြင့် မြေကြီးကိုအမှီပြုကာ အလွန်ထူးဆန်းရှားပါးသော အဖူးအပွင့်ကလေးတစ်ခု ဖြစ်ပေါ် လာရသကဲ့သို့ပင် မိဘနှစ်ဦးကို အရင်းခံပြီး ဤထူးခြားပြောင်မြောက်သော ရင်သွေးတစ်ဦး ဖြစ်ထွန်းလာရပုံကို ဆက်သွယ်ကြည့်ရန်ဖြစ်ပါသည်။
“စု” နှင့် ကိုယ်ကျင့်တရား ဖြောင့်မတ်ခြင်း၊ တည့်မတ်သော ရည်ရွယ်ချက်ပန်းတိုင် ရှိခြင်း၊ မလျော့သော ဇွဲလုံ့လနှင့် စူးစူးစိုက်စိုက် ရည်မှန်းချက်သို့ရောက်အောင် ကြံဆောင်တတ်ခြင်း စသော အရည်အသွေးများသည် အခက်အခဲနှင့် ရင်ဆိုင်ရသောအခါများတွင် စိတ်ဓါတ်ကျလေ့ မရှိခြင်း၊ ဘယ်အရာကိုမဆို အကောင်းဘက်မှ ကြည့်တတ်ခြင်း၊ သူတပါး၏ ဆိုလိုရင်းကို နားလည်တတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်မှုများ ရန်မူမှုများနှင့် တွေ့ကြုံရ သောအခါ ဣနြေ္ဒမပျက်ခြင်း၊ သန္နိဌာန်ခိုင်ခြင်း စသည်တို့နှင့်လည်း အတူတွဲလျက် ရှိနေပါသည်။ သူမ အောက် စဖို့ဒ်တွင် ပညာသင်ကြားခဲ့သောနှစ်များ၊ အိမ်ထောင်ရှင်မဘဝနှင့် သူမ၏ သားနှစ်ယောက်ကို ပြုစုပျိုးထောင်ရမှု၊ အင်အားချိနဲ့သူများနှင့် သက်ကြီးရွယ်အိုများအပေါ် ဂရုစိုက် စောင့်ရှောက်တတ်မှု၊ သူမ၏ ကျယ်ပြန့်သော သူငယ်ချင်း မိတ်ဆွေအသိုင်းအဝိုင်း၊ ပိုမိုတိုးပွားလာသော သူမ၏ စိတ်ဝင်စားမှုများ၊ သူမ၏အဆိုအရ သူမခင်ပွန်းသည်ကို စံနမူနာပြု၍ အားကျအတုယူပြီး ပညာထူးချွန်အောင် လေ့လာလိုက်စားမှု၊ နောက်ပိုင်းနှစ် များတွင် ရရှိခဲ့သော အတွေ့အကြုံများ အားလုံးတို့ကို စုပေါင်းလိုက်သောအခါတွင် ရလဒ်မှာ ရင့်ကျက်မှု၊ လိုက်လျောညီထွေ ဆက်ဆံတတ်မှု အလွန်အရေးပါသော စိန်ခေါ်မှုများကို လိုလားစွာ ကိုင်တွယ်နိုင်စွမ်း ရှိလာမှုတို့ပင် ဖြစ်ပါသည်။ အတိုပြောရလျှင် “စု”သည် ဖိနှိပ်ခံနေရသော ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်ရာ၊ အားထားရာ ဖြစ်လာပါသည်။
ယခု လက်ရှိအခြေအနေတွင် သူမအတွက် အချိန်သည် ရပ်တန့်လျက် ရှိနေသကဲ့သို့ ထင်ရသော်လည်း သူမ၏ အရည်အသွေးများ ပိုမိုစူးရှတောက်ပြောင်လာမှုကို
“စု”နှင့် သူမ၏ မိသားစုတို့အကြောင်းကို အထက်ပါအတိုင်း ကျမရေးခဲ့သည်မှာ အချိန်အတော်ကြာ သွားပြီဖြစ်ပါသည်။
ဤအချိန်အတွင်း ကျွန်မတို့၏ မြန်မာပြည်သူများ မည်သို့သောအခြေအနေများ ကြုံတွေ့နေကြရပါသ လဲ။ “စု” တစ်ယောက်ရော ဘယ်မှာလဲ။ မြန်မာပြည်သူ၊ ပြည်သားများ ကောင်းစားရေးအတွက် ကြိုးပမ်းနေ သည်ဟု အသံကောင်းလွှင့်နေသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွ
ဝမ်းနဲစရာကောင်းလောက်အော
နဝတ က ၎င်းတို့၏ ကန့်သတ်ချုပ်ချယ်မှုပေါင်းများစွ
နဝတ က သူတို့ပြောသမျှကို ခေါင်းညိတ်မည့်သူများဟု ယူဆရသော နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်အချို့ကို ရွေးချယ်ခေါ်ယူပြီး အမျိုးသားညီလာခံတရပ် ကျင်းပနေပါသည်။ သူတို့က “ပါတီစုံဒီမိုကရေစီ စနစ်ကို အရင်းခံသော အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲရန်” ကြိုးပမ်းနေသည်ဟု ပြောပါသည်။ သူတို့ရွေးချယ် ခေါ်ယူထားသော “ဟုတ်ကဲ့” ဟုသာဖြေရမည်ဟု ယူဆရသည့် ပါတီကိုယ်စားလှယ်များထဲမှပင် အချို့က နောင် အနာဂတ်တွင်လည်း စစ်တပ်က ယခုလိုပင် နိုင်ငံရေးတွင် ဦးစီးဦးဆောင်ပြုသော အခန်းကဏ္ဍမှပါဝင်နိုင်ရန် အ ဆိုပြုသည်ကို ကန့်ကွက်ခဲ့ကြပါသည်။ စူးစမ်းလေ့လာသူများက ဤအမျိုးသားညီလာခံကို လက်ရှိအာဏာရှင် များအနေနှင့် အာဏာကို အချိန်အကန့်အသတ်မရှိ ဆုပ်ကိုင်ထားနိုင်အောင် အကွက်ဆင်ထားသော လုပ်ရပ်တ ခုသာဖြစ်သည်ဟု သတ်မှတ်ကြပါသည်။
နဝတ အစိုးရသည် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွ
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အဖွဲ့က ဂျီနီဗာမြို့၌ကျင်းပသော ဆွေးနွေးပွဲတွင် နိုင်ငံရေးအ ကျဉ်းသားများအား လွှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး အတိုက်အခံအဖွဲ့၏ အထင်ရှားဆုံးခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နဝတ က ဆက်၍ဖမ်းဆီးထားခြင်းကိုလည်း ရှုတ်ချခဲ့ပါသည်။ ဤကော်မ ရှင်က မြန်မာပြည်အတွင်း၌ ဆက်လက်ဖြစ်ပွားနေသော ပို၍ဆိုးဝါးလာသည့် လူ့အခွင့်အရေးချိုးဖောက်ကျူးလွ
နဝတအစိုးရသည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ တလေးတစားဆက်ဆံမှုကို ဆုံးရှုံးခဲ့ပြီး ယခု မှသာ ပြုပြင်ထားသော အသွင်တမျိုးအား ကမ္ဘာ့နိုင်ငံများကို တင်ပြရန် ကြိုးစားနေပါသည်။ အချည်နှီးပါတည်း။ ယောင်္ကျား၊မိန်းမ ကလေးများပါမကျန် ဘုန်းတော်ကြီးများအားလုံးတို့မှ
ကမ္ဘာ့နိုင်ငံများအလယ်တွင် နဝတ စစ်အစိုးရ၏ ဂုဏ်သိက္ခာမှာ ကျဆင်းခဲ့ရသ၍ “စု” မှာမူ သူမ၏ နိုင်ငံတွင်း၌သာမက တကမ္ဘာလုံး၏အမြင်တွင် ဂုဏ်ရှိန်မြင့်တက်ကျော်ဇောလျက် ရှိနေပါတော့ သည်။ သူမကို အကျယ်ချုပ်နှင့်ဖမ်းဆီးထားပြီး လူမြင်ကွင်းမှ ဖယ်ရှားထားသည့်ကြားကပင် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၁၉၉၀ မေလရွေးကောက်ပွဲတွင် လွှတ်တော်နေရာအများဆုံး အနိုင်ရခဲ့ပါသည်။ ကမ္ဘာ့နေရာအနှံ့အပြား က သူမကို ဂုဏ်ထူးများ၊ ဆုများ အမြောက်အများ အပ်နှင်းခဲ့ပါသည်။ ထိုအထဲမှ အမြင့်မားဆုံးဆုတစ်ခုမှာ သူမ ၏ အကြမ်းမဖက်သော ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် သူမ၏ ပြည်ထောင်စုသားများအတွက် လူ့ အခွင့်အရေးရရှိအောင် ရပ်တည်ချက်၊ ကြိုးပမ်းချက်များအတွက် ၁၉၉၁ခုနှစ်တွင် ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရေ
၁၉၉၃ခု နှစ်ဦးပိုင်းက တောင်အာဖရိကမှ ခရစ်ယာန်ဘုန်းတော်ကြီး ဘိရှော့တူးတူးနှင့် တိဘက်ဘုန်း တော်ကြီး ဒလိုင်လားမားတို့အပါအဝင် အခြားနိုဘဲလ်ဆုရှင်များပါဝင်သည်
အင်းလျားကန်ဘေးမှ သူမ၏ နေအိမ်အတွင်း တဦးတည်း အချိန်ကြာရှည်စွာ ချည်နှောင်မှုခံနေရသည် မှာ ယခုဆိုလျှင် ငါးနှစ်တာကာလအတွင်း ဝင်ရောက်လာပြီဖြစ်သော “စု” အကြောင်းကို ကျမတွေးနေမိပါသည်။ ဤသို့သော ဆိုးဝါးလှသည့် အခြေအနေမျိုးကို ရင်ဆိုင်နိုင်အောင် ဘယ်အရာကများ သူမကို စွမ်းဆောင်ပေးနေ ပါလိမ့်။
သူမအကောင်အထည်ဖေါ် ကြံဆောင်လျက်ရှိသည့် ရည်မှန်းချက်မှာ အထူးမွန်မြတ်လှပြီး မလွဲမသေမု ချ အောင်မြင်ရလိမ့်မည်ဟူသော မည်သို့မျှ ယိုင်နှဲ့ဖျက်ဆီးပစ်၍ မရနိုင်သည့် ခိုင်မာသောယုံကြည်ချက်တစ်ခု သူမတွင် ရှိပါလိမ့်မည်။
ဒီမိုကရေစီနှင့် မြန်မာပြည်သူအပေါင်းအတွက် လူ့အခွင့်အရေများရရှိအောင် ကြိုးပမ်းချက်များအပေါ် တွင်လည်း “စု” က သူမ၏ မိသားစုထံမှ အဆုံးစွန်သော ယုံကြည်မှု၊ နားလည်မှုနှင့် ထောက်ခံအားပေးမှုများကို ရထားပါသည်။ “စု” ထံတွင် ပင်ကိုယ်စွမ်းရည်သတ္တိများ ရှိထားပြီးဖြစ်ပါသည်။ စူးရှထက်မြက်သော စိတ်စွမ်း အားနှင့် အသိဥာဏ်၊ အလိမ္မာများလည်း ပြည့်စုံပြီးဖြစ်ပါသည်။ စည်းစနစ်လည်းကျပြီး သူမ၏ဘဝကို ပညာဗဟု သုတရှာဖွေခြင်းနှင့် ဗုဒ္ဓဘာသာတရားတော်များကို လေ့လာကျင့်ကြံခြင်းအားဖြင့် ဖြည့်ဆည်းတတ်ပါသည်။
သူမ၏ဖခင် ဗိုလ်ချုပ်၏ စွမ်းဆောင်ချက်များ၊ မြန်မာပြည်သူလူထုအပေါ်ထားသော ဗိုလ်ချုပ်၏ မေတ္တာ စေတနာနှင့် လူထုတရပ်လုံးကလည်း ဗိုလ်ချုပ်ကို လေးစားချစ်ခင်စွာ သတိရလျက်ရှိနေကြောင်းများကို “စု” အ မြဲစဉ်းစားနေလိမ့်မည်ဟု ကျမထင်ပါသည်။
သူမက အမျိုးသားပြန်လည်စည်းလုံးညီညွှတ်
“စု” သည် ကျမတို့၏ မြင်ကွင်းများမှ ပျောက်နေသော်လည်း ကျမတို့၏ အတွေးများထဲမှ မည်သည့်အခါ မှ ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ပါ။ မြန်မာပြည်သူပြည်သားများရော၊ ပြည်ပတွင်ရောက်နေသူ မြန်မာတိုင်း ရင်းသားများပါ အားလုံးက “စု” ကိုသတိရနေပြီး၊ “စု” အကြောင်းကို တွေးတောလျက် ရှိနေကြပါသည်။ ကမ္ဘာ ကလည်း “စု” လွတ်မြောက်လာမည့်နေ့ကိုလည်း စောင့်မျှော်လျှက်၊ မြန်မာပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်မှုမှ လွတ်မြောက်အောင် လမ်းပြခေါ်ဆောင်ရမည့် သူမ၏ ကံကြမ္မာကို သူမဖြည့်ဆည်းခွင့်ရတော့မည့် ထိုအချိန်အခါ ကို စောင့်ကြည့်နေကြပါသည်။ “စု” သည် ပြည်သူလူထုနှင့်အတူ ရှိနေပါသည်။ “စု” သည် ပြည်သူလူထုဘက်မှ သာ ရပ်တည်ပါသည်။မြန်မာပြည်သူလူထု၏ ယုံကြည်မှုနှင့် မျှော်လင့်ချက်များကို “စု” ကဖြည့်စွမ်းပေးမည်ဆို သည်ကို စိုးစဉ်းမျှပင် သံသယမဖြစ်မိပါ။
”စု” လွတ်မြောက်လာမည့်နေ့ကိုသာ ကျမတို့အားလုံး မျှော်လင့်တကြီး စောင့်စားနေမိကြပါတော့သည်။
မသန်းဧ
၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ