7.07.2009

Burma’s News World’s News

U.S. President Barack Obama delivers remarks during the New Economic School graduation ceremony in Moscow, 07 July 2009
Tue. 07 Jul 2009 0607 UTC

Obama Reaches Out to Russians in Moscow Speech

Addressing students from Moscow’s New Economic School, Mr. Obama said the issue of nuclear proliferation is the ‘core of the nuclear challenge in the 21st century’

Full Story » | Listen Audio clip available

Iranian reformist presidential candidate Mir Hossein Mousavi during a press conference after polls closed in Tehran, 12 June 2009

Iran Opposition Calls for Release of Detainees

Call was issued by defeated presidential candidates Mir Hossein Mousavi and Mahdi Karroubi as well as former president Mohammad Khatami following meeting late Monday

People shop at Hong Kong store, 7 Jul 2009

China Now Allowing Some Companies to Settle Trade in Yuan Audio Clip Available

New program allows some importers, exporters to trade in Chinese currency, beginning this week

Lee Myung-bak delivers speech to nation at Presidential House in Seoul, 22 May 2008

South Korea’s President Donates Personal Assets to Charity Audio Clip Available

President Lee Myung Bak is standing by his 2007 campaign promise to give his wealth to charity after taking office

An Uighur woman protests before a group of paramilitary police in Urumqi, capital of northwest China's Xinjiang Uygur Autonomous Region, 07 July 2009

Chinese Crack Down on Xinjiang Protesters

Hundreds of Uighur protesters clashed with anti-riot police two days after ethnic unrest there left more than 150 people dead and nearly 1,000 others injured

— UN Secretary-General Ban Ki-moon

Ban Warns Junta of Costly Isolation

By LALIT K JHA
The failure of Ban Ki-moon’s visit to Burma highlights the need to rethink policy.

NEWS ANALYSIS –>

Despite Humiliation, Ban Irked the Generals

By WAI MOE
Local reporters who covered the fruitless two-day visit to Burma by UN Secretary-General Ban Ki-moon say that although he was humiliated by junta leader Snr-Gen Than Shwe, his candid message to the generals would have irked them.

Suspected North Korean Ship Returns Home

By ARKAR MOE
Japan aims to tighten sanctions as suspected North Korean vessel is thought to have docked in North Korea on Monday.

Burmese Refugee Numbers Swell in Thailand

By CAROLINE STAUFFER
As the 50,000th Burmese refugee to be resettled abroad recently left Thailand for the United States, thousands of others fled their military-ruled homeland to seek shelter under tarps and in temples along the Thai-Burmese border.

UN Security Council Condemns NKorea Missiles

By RON DePASQUALE
The UN Security Council on Monday condemned North Korea’s recent firing of seven ballistic missiles on US Independence Day, the reclusive country’s biggest display of firepower in three years.

Resolution in Congress to Renew Import Restrictions on Junta

By LALIT K JHA
Senior US officials are calling for the renewal of the Burmese Freedom and Democreacy Act of 2003.

Renew import ban on Burma, AAFA tells US

The US Congress has been urged by the American Apparel & Footwear Association (AAFA) on Monday to renew the Burmese Freedom and Democracy Act of 2003, which imposes a ban……

Editorial, Opinion and Analysis

Time to rethink multilateralism?

(Commentary) Much has been made in recent weeks of Burma’s burgeoning relationship with North Korea – illicit arms trafficking, assistance in obtaining “the b…

Foreign investments soar in Burma despite economic sanctions

Economic sanctions imposed by the West – United States and the European Union – notwithstanding, foreign investments in Burma, since 1988, accounts for a total of,…

AAPP Chronology June 2009 [Eng

ဖိအားပေါင်းစုံအကြားမှာ နအဖအစိုးရဟာလည်း ဆူးကြား ဘူးသီးသလို ဖြစ်နေတယ်

ရဲဘော်ဖိုးသံချောင်း ၆ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တပ်ခေါက်သွားပြီ။ တပ်လန်ပြီး ဆုတ် သွားရတယ်ဆိုရင် ပိုမှန်မလားပဲ။
သူတပ်လန်သွားတယ်ဆိုတဲ့အတွက် နအဖဗိုလ်ချုပ်တွေ နိုင်လိုက်တယ်လို့ဆိုနိုင်မလား။ စစ်ဆိုတာ တဖက်ကလန်ထွက် သွားတာနဲ့ ကိုယ်က နိုင်လိုက်ရောလို့ မပြောနိုင်ပါဘူး။ ကိုယ့်ဘက်မှာ သေကျေကျန်ရစ်တာ၊ နောက်တပွဲတိုက်စရာ အင်အား မကျန်တာ စတဲ့ အချက်တွေဟာ နိုင်တဲ့လက္ခဏာမဟုတ်ပါဘူး။ အလွန်ဆုံးအားဖြင့် တကွေ့တော့ ကျော် သွား ပါပကောလို့သာ ပြောနိုင်ပါတယ်။

အခုလည်း မစ္စတာဘန်ကီမွန်းပြောသွားတဲ့ နောက်ဆုံးမှတ်ချက်စကားကို နားထောင်ကြည့်ပါ။ “သိပ်စိတ်ပျက်ရတယ်” တဲ့။ နောက်ပြီး “သူတို့ (နအဖအစိုးရ) နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ရဖို့အတွက် အခွင့်အရေးကောင်းတခု လွတ်သွားပြီ” တဲ့။ ငယ်တုန်းကသမိုင်းစာအုပ်ထဲမှာပါတဲ့ ကျန်စစ်သားက စောလူးမင်းကိုပြောတဲ့ “ခွေးသေ ဝက်သေ သေရစ်” ဆိုတဲ့စကားကို သတိရစရာပါပဲ။ ဒီတပွဲမှာ နအဖလည်း မနိုင်လိုက်တာ သေချာပါတယ်။ ဒါဟာ နအဖအဖို့ နောက်ဆုံးရထားကို လွတ်သွားတာလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မစ္စတာဘန်ကီးမွန်း ရောက်လာတာ၊ နအဖဗိုလ်ချုပ်တွေနဲ့ စကားပြောတာ၊ ပြန်သွားတာ စတဲ့ကမ္ဘာကအာရုံစိုက်တဲ့ ဖြစ်စဉ်ကြီး ဖြစ်ပေါ်နေတာနဲ့ တချိန်တည်းမှာပဲ ဗမာပြည်မှာ လူအများအာရုံစိုက်ရတဲ့ အဖြစ်အပျက်တခုဟာလည်း တရွေ့ရွေ့လှုပ်ရှားပြီး ပုံပီပြင် လာနေပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းချုပ်ပြီး ရုံးတင် တရားစွဲနေတဲ့အမှုပါပဲ။ စကာစတုန်းက ဖုတ်ပူမီးတိုက် နောက်ကကျားလိုက်နေသလို စစ်ဆေးခဲ့တဲ့အမှုဟာ အခုတလောမှာ ရုံးချိန်တွေ ရွှေ့ပြီးရင်းရွှေ့ နေတာကို သတိပြု မိကြမယ်ထင်ပါတယ်။ သေချာနေတာကတော့ နအဖစစ်ဗိုလ်တွေဟာ အကြံပုပ် ဉာဏ် ယုတ်တွေ ထုတ်နေကြပြန်ပါပြီ။ သူတို့အချိန်ဆွဲတဲ့ နည်းပရိယာယ်ကို ပြန်သုံးနေပါတယ်။ ဒီအမှုကို အချိန်ဆွဲချင်နေကြပါတယ်။ ဒါ ဘာကြောင့်ဖြစ်နိုင်ပါသလဲ။

သေချာနေတဲ့ အချက်နှစ်ချက်ရှိပါတယ်။ တချက်က နအဖစစ်အစိုးရ ဖန်တီး လိုက်တဲ့ ဒီအမှုဟာ ဆင်ကွက်မှန်း၊ လိမ်ဆင်မှန်း အထင်းသားပေါ်လွင်သွားတာပါပဲ။ ဒေါ်အောင် ဆန်းစုကြည်ကို အကျယ်ချုပ်ထားတဲ့ရက် အချိန်စေ့တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတဲ့ အမှုမို့ အမှုစကတည်းက ပြည်တွင်းပြည်ပ လူတိုင်းက သံသယရှိကြပါတယ်။ အဲဒီနောက် ဂျွန်ယက်တောက ရုံးမှာထွက်ဆိုလိုက်တဲ့အခါကျတော့ ကိစ္စအားလုံးဟာ ဗူးပေါ်သလို ပေါ်ကုန်ပါတယ်။ ဒါ့အပြင် ကြာလေပိုပေါ်လာလေလိုလည်း ဖြစ်လာနေပါတယ်။ ဒါကြောင့် လက်ရှိရုံးပေါ်က ထွက်ချက်တွေအတိုင်းသာ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဒဏ် ချရ ရင် သူတို့မတရားတာဟာ သိပ်ကို ပေါ်လွင်နေတော့မှာ ဖြစ်နေပါတယ်။

နောက်အကြောင်းတချက်က ဒီအမှုနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပရဲ့ တုံ့ပြန်မှုပါ။ တုံ့ပြန်ကြတာဟာ နအဖမျှော်လင့်မထားတဲ့ အတိုင်းအတာ ဖြစ်ပါ တယ်။ ဒါကို ခေတ်စကားနဲ့ ရှင်းအောင် ပြောရရင် နအဖဗိုလ်ချုပ်တွေ အရမ်းဖျားသွား ပါတယ်။ လုံးဝ မကျေနပ်နိုင်တဲ့ လူတွေဟာ အင်းစိန်ထောင် ဘူးဝ မှာ သာမကပဲ မြို့ပေါင်းများစွာမှာ လမ်းပေါင်း များစွာမှာ သူတို့ရဲ့ဆန္ဒတွေကို နည်းလမ်းပေါင်း များစွာနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဆက်ချမယ်လို့ တာစူနေတာတွေလည်း အမြောက် အမြား ပေါ် လာခဲ့ပါတယ်။ ဒီအခါမှာ နအဖစစ်ဗိုလ်တွေအဖို့ သူတို့ဘက်က နောက်တဆင့်လှမ်းလိုက်ရင် ဘာ ဖြစ်မယ်ဆိုတာကို တွက်ဆလို့ မရနိုင်အောင် ဖြစ်သွားပါတယ်။ တဖန်တပ်တွင်းမှာလည်း ဒီကိစ္စအပေါ် မကျေနပ်သံတွေဟာ မကြားချင် အဆုံး ကြားလာရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဥပဒေတောင် မထုတ်ပြန် နိုင်သေးဘဲ ခေါင်းခြောက်နေရတဲ့အချိန်၊ ငြိမ်းအဖွဲ့တွေကလည်း သူတို့နဲ့ ကီးမကိုက် ဖြစ်နေလို့ စိတ်ညစ်နေရတဲ့အချိန်မှာ နအဖစစ်ဗိုလ်တွေ မြို့ပေါ်၊ လမ်းမပေါ်က ပြဿနာ တွေ မပေါ်စေချင်ပါဘူး။ ဒါကပြည်တွင်းမှာပါ။

ပြည်ပမှာ နိုင်ငံတကာအဝန်းအဝိုင်းက တုံ့ပြန်မှုတွေဟာလည်း နအဖဗိုလ်ချုပ်တွေကို ဗမာပြည်သမိုင်းမှာ ဘယ်အစိုးရမှ မကြုံတွေ့ဖူးသေးတဲ့ ဆန့်ကျင်သဘောထားတွေနဲ့ ရင် ဆိုင်ရပါတယ်။ ဒါသာမက သူတို့က နအဖရဲ့ခြေလှမ်းကို စောင့်ကြည့်နေ ဦးမယ်၊ ဆက် အရေးယူတန်တာ ယူဦးမယ်ဆိုတာကို အသံပြုလို့တမျိုး၊ အသံမပြုဘဲတနည်း အမျိုးမျိုး ဖော်ပြခဲ့ကြပါတယ်။ တင်းတင်းမာမာ သတိပေးခဲ့တဲ့ အစိုးရတွေရှိသလို ဘာကြိတ် ပြောလိုက်မှန်းမသိရတဲ့ တရုတ်လိုအစိုးရတွေလည်း ရှိနေပါတယ်။

ကုလသမဂ္ဂခန်းမထဲမှာ ဗမာပြည်ရဲ့အရေး ရောက်သွားတယ်ဆိုတာဟာ သမိုင်းမှာ အရင် က တခါတည်းရှိခဲ့ဖူးပါတယ်။ အဲဒါက ၅ဝ စုနှစ်များ အစောပိုင်းတုန်းက ဗမာပြည်ကို တရုတ်ဖြူ (ကေအမ်တီ) တွေ ကျူးကျော်တဲ့ကိစ္စတုန်းကပါ။ သတိထားသင့်တာက အဲဒီ တုန်းက ဗမာပြည်အစိုးရဟာ တရားလိုပါ။ အခုတော့ နအဖ ဗိုလ်သန်းရွှေတို့ လက်ချက်ကြောင့် ဗမာပြည်ဟာ တရားခံ အဖြစ်နဲ့ ဝက်ခြံထဲမှာ ရောက်နေရပါတယ်။ နောက်ပြီး သူတကာလက်ညှိုးငေါက်ငေါက်ထိုးတာလည်း ခံနေရပါတယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ဘယ်တုန်းကမှ အခုကာလလောက် မကျဆင်းခဲ့ဖူးပါဘူး။

နောက် ထောက်ပြသင့်တဲ့တချက်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို ဗိုလ်သန်းရွှေတယောက် လက်ခံ တွေ့ဆုံတယ်ဆိုတာဟာ တခြားတနိုင်ငံက နားချ လို့ဖြစ်တယ်ဆိုတဲ့ကိစ္စပါ။ ဒီအချက်ကိုထောက်ရင် ပြည်တွင်းမှာမောက်မာလှတဲ့ စစ်ဗိုလ် ချုပ်တွေဟာ ပြည်ပမှာကျတော့ အမြီးကုပ်ခေါင်းငုံ့နေရတာကို ဖော်ပြနေပါတယ်။ ဗမာ ပြည်ကို နိုင်ငံတကာအသိုင်း အဝိုင်းက ပုံမှန်ချဉ်းကပ်လို့၊ ဆက်ဆံလို့မရတဲ့ နိုင်ငံတခု အဖြစ် သဘောထားခံရတာကို ဒင်းတို့တတွေ ဂုဏ်ယူစရာလို့ အောက်မေ့နေသလား လည်း မပြောတတ်ပါ။

အခု နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်လိုက်တဲ့အတွက် ဒီလို ပြည်တွင်းပြည်ပက ဆန့်ကျင်မှုတွေ အုံကြွ ပေါ်ပေါက်လာတာကို အာရုံလွှဲဖို့၊ အေးသွား၊ ငြိမ်သွားအောင်လုပ်ဖို့ နည်းနာပေါင်းစုံရှာနေပါတယ်။ ဘော့လုံးပွဲတွေထဲ၊ ချဲထီတွေ၊ နှစ်လုံးထီ၊ သုံးလုံးထီတွေထဲ အာရုံပြောင်းသွားအောင် လုပ်နေပါတယ်။ အဲဒီလို တနပ်စား နည်းပရိယာယ်တွေထဲမှာ အမှုကို အချိန်ဆွဲပြီး အကြာကြီးစစ်ဆေးတာလည်း ပါတယ်လို့ ပြောလို့ရပါပြီ။ ဒီအချက်ကိုကြည့်လိုက်ရင်ပဲ ဒီအမှုဟာ အစကနေ အဆုံး ရာဇဝတ်မှု မဟုတ်ဘဲ နိုင်ငံရေး လုပ်ကြံမှုတရပ် ဖြစ်တယ်ဆိုတာ ထင်ရှားသထက်၊ ထင်ရှားလာနေ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးတာကို ပြည်တွင်းပြည်ပက အပြင်းအထန် တုံ့ပြန်လာမှာစိုးလို့ အချိန်ဆွဲနေတာဆိုရင် သူတို့က ဘယ်လိုပြစ်ဒဏ်ချမှာမို့လဲလို့ မေးစရာဖြစ်လာပါတယ်။ ပြစ်ဒဏ်အကြီးကြီးပေးဖို့ ကြံစည်ထားတာမို့ ဒီလိုအကြီးအကျယ် စိုးရိမ်ကြောင့်ကြနေတာလား၊ လွှတ်ပေးမှာဆိုရင် ဘာမှကြောက်နေစရာ မလိုဘူး မဟုတ်လားလို့ စောဒက တက်စရာရှိပါတယ်။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဒီအမှုဟာ နိုင်ငံရေးအမှုဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ နိုင်ငံရေးဖြစ်ပေါ်မှုတွေနဲ့ ဆက်နေမယ်လို့ ဆိုရပါမယ်။ သူတို့ဟာ ပြစ်ဒဏ်မချခင် ပြည်တွင်းပြည်ပ အနေအထားတွေကို ထည့်သွင်း သုံးသပ်တာ မလုပ်ဘဲနေလို့မရပါဘူး။

ဒီလိုဆိုတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဒီအမှုကိုနအဖက အမြန်စစ်ပါ၊ တရားစီရင်ပါလို့ တောင်းဆိုလို့မဖြစ်ပါဘူး။ ဒီအမှုဟာ မတရားဆင်ထားတဲ့ အမှုဖြစ်တဲ့အတွက် “ရုံးတင် စစ်ဆေးနေတာတွေကို ချက်ချင်းရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချက်ချင်းလွှတ်ပေးရမယ်” ဆိုတာကနေ တပြားမှလျှော့လို့ မဖြစ်ပါဘူး။ ဒီအတိုင်းပဲ အစ အဆုံးရပ်တည်ရမှာပါ။ ဒီအတောအတွင်းမှာ နအဖက အချိန်ဆွဲနေတာဟာ ကိုယ့်ဘက်က ပြင်ဆင်ရမှာတွေကို ပြင်ဆင်ဖို့အတွက် အချိန်ရတာပဲလို့ သဘောထားပြီး ပြင်ဆင်မှုတွေ လုပ်ကြရပါမယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဘီလူးစည်း လူစည်း ကွဲတော့မှာဖြစ်တဲ့အတွက် အဲဒီအတွက် ပြင်ဆင်တာလည်း တပါတည်း ဖြစ်သွားနိုင်ပါတယ်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Presidents Barack Obama (l) and Dmitri Medvedev at a joint news conference in Moscow, 06 Jul, 2009

အမေရိကန် နဲ့ ရုရှားနိုင်ငံဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုနဲ့ ဒုံးလက်နက် အစီအစဉ်တွေကို သိသိသာသာ လျော့ချကြဖို့ အမေရိကန် သမ္မတ ဘရက် အိုဘားမား နဲ့ အမေရိကန် သမ္မတ ဒင်မင်ထရီ မက်ဗီးယားဒက်ဖ် တို့ တနင်္လာနေ့က ရုရှားနိုင်ငံမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရွှေဂုံတိုင်ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်းဖြစ်ဟု

သတင်းစာဆရာကြီး ဦးဝင်းတင်ပြောကြား
မင်းနိုင်သူ / ၇ ဇူလိုင် ၂၀၀၉

“အခု မစ္စတာဘန်ကီမွန်း လာပြီးတောင်းဆိုတာတွေကလည်း အန်အယ်လ်ဒီရဲ့ တောင်းဆိုချက်တွေနဲ့ အခြေခံမူအားဖြင့် အတူတူပဲ။ ဒါ့ကြောင့် သူ့ခရီးစဉ်အတွင်းမှာ အစိုးရဘက်က အားရကျေနပ် လောက်ဖွယ်ကောင်းတဲ့ လိုက်လျောမှုတွေ မရှိဘူးဆိုတော့ အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ …” အပြည့်အစုံသို့

ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံနေ့ ကျင်းပ

NEJ / ၇ ဇူလိုင် ၂၀၀၉ “၁၉၆၂ ခု ဇူလိုင်လ (၇) ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို အဲဒီတုန်းက….”အပြည့်အစုံသို့

ဘောလုံးကလပ်အသင်းများ ပြန်ခေတ်စား

ဘောလုံးကလပ်အသင်းများ ပြန်ခေတ်စား

စစ်အစိုးရနှင့် ပေါင်းသင်း စီးပွားရှာသဖြင့် လူထုမနှစ်သက်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ယခုအခါ ဘောလုံးကလပ် အသင်းပိုင်ရှင်များ အဖြစ် လူထုက အပြစ်မြင်မှု လျော့ကျလာသည်ဟု ကြားသိရသည်။

Kang Nam 1 သူ့နိုင်ငံဆိပ်ကမ်းကို ပြန်ရောက်သွားပြီ

မြန်မာနိုင်ငံသို့ တရားမ၀င် လက်နက်ပစ္စည်းများ တင်ဆောင်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော မြောက် ကိုရီးယား Kang Nam 1 သင်္ဘောသည် ၎င်းနိုင်ငံရှိ နမ်ပိုဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိသွားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ စစ်အစိုးရကို အထီးကျန် ဖြစ်မည်ဟု မစ္စတာ ဘန်ကီမွန်း သတိပေး

မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကို အလေးမထားဘဲ မိမိတို့၏ မူဝါဒများကို တရားသေ ဆက်လက် ဆုပ်ကိုင်ထားမည်ဆိုပါက ပိုမို အထီးကျန်လာမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းအရေးမှူး မစ္စတာဘန်ကီမွန်းက ယမန်နေ့က သတိပေးလိုက်သည်။

ဘန်ကီမွန်း မိန့်ခွန်း အစိုးရ မီဒီယာတွင် မဖော်ပြ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မကြာသေးခင်က သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့သော မိန့်ခွန်းကို အစိုးရ သတင်းစာ

7th July အထိမ်းအမှတ်ပွဲများ ထိုင်းနိုင်ငံတွင် ကျင်းပ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ၄၇ နှစ်မြောက် 7th July ကျောင်းသား အရေးတော်ပုံ အထိမ်းအမှတ်ပွဲများကို မြို့တော် ဘန်ကောက်နှင့် နယ်စပ်ရှိ မဲဆောက်မြို့တွင် ယနေ့ ကျင်းပကြ…

အဲမန္တလေး မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပြန်လည်ပျံသန်းမည်

အဲမန္တလေး လေကြောင်းလိုင်းသည် ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အကြား အသွားအပြန် ခရီးစဉ်ကို လာမည့် သြဂုတ်လဆန်းမှစ၍ ပြန်လည်ပျံသန်းတော့မည်ဖြစ်ကြောင်း အဲမန္တလေး လေကြောင်းလိုင်းက ပြော ……

KIO က နယ်ခြားစောင့်တပ်အရေး ထပ်မံ ဆွေးနွေးမည်

ကချင်လွတ်မြောက်ရေးအဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်မြို့တော် မြစ်ကြီးနား၌ မနက်ဖြန်တွင် ထပ်မံ ဆွေးနွေးသွားမည်ဟု သိရ …

ရခိုင်ပြည်နယ်တွင် ဝါဆိုမည့် သံဃာစာရင်း ကောက်ခံ

ရခိုင်ပြည်နယ် မြို့နယ်များရှိ ဘုန်းကြီးကျောင်းများ၌ ဝါတွင်း ၄ လပတ်အတွင်း သတင်းသုံးနေထိုင်မည့် သံဃာစာရင်းကို အာဏာပိုင်များက ကောက်ခံနေကြောင်း ဒေသတွင်း သတင်းများက ဆို ……

ကျောင်းသားသမဂ္ဂ မရှိသဖြင့် ဆုံးရှုံးမှုများစွာ ရင်ဆိုင်ခဲ့ရ

လွတ်လပ်သော ကျောင်းသားသမဂ္ဂများ မရှိသဖြင့် ပညာရေး အာမခံချက် မရှိနိုင်သလို၊ ဘဝပေါင်းများစွာ ပေးဆပ်ရကာ ဆုံးရှုံးနစ်နာမှု မြောက်မြားစွာ ဖြစ်ပေါ်ခဲ့ရသည်ဟု…

သမိုင်းရေးသူများ

မိုးချိုသင်း

ဇူလိုင် ၇၊ ၂၀၀၉

အဲဒီအချိန်တုန်းက ကိုယ် ၃နှစ်သမီး လောက် ဖြစ်လိမ့်မယ်။
လမ်းကို တောက်တက် တောက်တက် လျှောက်ပြီး အိမ်ထဲမှာ လျှောက်သွားနေတာ။ ကလေးပီပီ လူကြီးတွေ လုပ်သမျှ လိုက်စူးစမ်း လိုက် မှတ်နေချိန်ပေါ့။

ကလေးဆိုတော့လဲ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေတာတွေ လိုက်ပြောနေတော့တာလေ။ အဲဒီတုန်းက နားမလည် ပါးမလည် ဆိုဆိုနေတာက …

“ဦးသန့် ဗိမ္မာန် တည်ဆောက်ရေး ဒို့အရေး ဒို့အရေး” တဲ့။

ကိုယ် ဒီလို အော်လိုက်တိုင်း ကိုယ့်ကိုထိန်းတဲ့ အမကြီးက လူကြားထဲကနေ ကိုယ့်ကို ပွေ့ချီသွားရတာ။ ကိုယ်က ယက်ကန် ယက်ကန်နဲ့ ပါသွားရင်း အော်နေသေးတာ တဲ့။ အမေက ပြုံးရင်း နောင်တော့ ပြန်ပြောပြတယ်။

အျပည့္အစုံသိုႛ …
MoeMaKa Basic Facts

မိုးမခ နေ့စဉ်သတင်းလွှာကို စကရစ်ဘ်ဝက်ဆိုက်တွင် မျှဝေခြင်း စတင်ခဲ့

မိုးမခ

ဇူလိုင် ၇၊ ၂၀၀၉

မိုးမခ မီဒီယာက ၎င်းထုတ်လွှင့်မှုများ၊ ထုတ်လုပ်မှုများကို ၎င်းကိုယ်ပိုင်ဝက်ဆိုက်များတွင် တင်ဆက်နေခြင်းသာမက အများနှင့်သက်ဆိုင်သည့် အခမဲ့အင်တာနက်စာမျက်နှာများတွင်လည်း မိတ္တူပွားတင်ဆက်နေခြင်းများကို ၂၀၀၇ နှစ်ဆန်းက စတင်၍ ပြုလုပ်နေခဲ့ရာ ယခု ၂၀၀၉ နှစ်လည်ကစပြီး စကရစ်ဘ်အမည်ရ အီးစာအုပ်စာတမ်းများ အခမဲ့တင်ဆက်နေသည့် ၀က်ဆိုက်တခုတွင် ၎င်းနေ့စဉ်တင်ဆက်သည့် သတင်း၊ ဆောင်းပါးအားလုံးကို နေ့စဉ်သတင်းလွှာအဖြစ် စုစည်းပြီး အီး-ပီဒီအက်ဖ် သတင်းစာပုံစံဖြင့် တင်ဆက်ခြင်း၊ သိမ်းဆည်းခြင်းများကို ပြုလုပ်နေပြီ ဖြစ်သည်။

အျပည့္အစုံသိုႛ …

တက္ကသိုလ်မှာကြွေတဲ့နှင်း
အောင်သာငယ်

ဇူလိုင် ၇၊ ၂၀၀၉

“နှင်း”ရေ့
မင်းဟာ
ဖောက်ခွဲခံရလို့သာ
ပေါက်ကွဲခဲ့တာပါ…
ဒါပေသည့်
ပူဖေါင်းတလုံးမဟုတ်
ဗုံးတလုံးကွယ့် …

အျ့ပည့္အစုံသိုႛ …

“အသံညီပြီး အလုပ်တူဖို့” အတွက် အမြင်တူပြီး အတွေးညီကြပါစို့

အပိုင်း – ၃

မောင်ရွှေ

ဇူလိုင် ၆၊ ၂၀၀၉

၄၃။ ယခုဆောင်းပါးရဲ့ ပထမပိုင်းကတော့ လူထုအားကို အသုံးပြုပြီး အာဏာရှင်စနစ်ကို တော်လှန်ကြရာမှာ အဆင့်(၃) ဆင့်ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်ကြောင်းနဲ့ ယနေ့အချိန်အထိ အာဏာရှင်စနစ်ကို ဖြုတ်မချနိုင်ရတဲ့ အကြောင်းအရင်းများကို လေ့လာတင်ပြခဲ့ပါတယ်။ နိုင်ငံ့အရေး၊ ဒီမိုကရေစီအရေးများမှာ တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြဖို့၊ လူထုရဲ့ စိုးရိမ်ကြောင့်ကြမှုများကို လျော့ချနိုင်ဖို့၊ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု ရယူနိုင်ဖို့၊ စသည့်ကဏ္ဍများရဲ့ အရေးကြီးပုံများကို အဓိကထား တင်ပြခဲ့ပါတယ်။

ဆောင်းပါး ဒုတိယအပိုင်းမှာတော့ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းတစ်ခုလုံးကို အတွေးပုံစံတစ်ခုနဲ့ ခင်းကျင်းတင်ပြခဲ့ပြီး မြန်မာ့နိုင်ငံရေးလောကရဲ့ ပြင်ပ ရပ်ဝန်းက နိုင်ငံပြုပြင်ပြောင်းလဲရေး တွန်းအားတွေ၊ မြန်မာ့နိုင်ငံရေး လောကထဲက Players အသီးသီးအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လူထုတော်လှန်ရေး ဖြစ်စဉ်အဆင့် (၂)နဲ့ (၃)အတွက် အကျိုးရှိစေရန်၊ အဟန့်အတား မဖြစ်စေရန်၊ လေ့လာ တင်ပြခဲ့ပါတယ်။

အျပည့္အစုံသိုႛ …


more

သံဃာမဵားက ဒေၞအောင်ဆန်းစုကြည် လွတ်မြောက်ရေး ရွှေတိဂုံမှာဆုတောင်း

စစ်အာဏာရှင် ဆက်လက်ဆန်ႛကျင်ရေး တိုက်ပွဲခေၞသံထုတ်ပြန်

ဆဲဗင်းဂျူလိုင် အမှတ်တရများ